သားဆက်ခြားခြင်း

သားဆက်ခြားတာက ကိုယ်ဝန်ရရှိမှုကို ကာကွယ်ဖို့ အဓိကထား ပြုလုပ်ထားတဲ့ နည်းလမ်းတစ်ရပ်ပါ။ ဒါဆို ဘယ်လို သားဆက်ခြားနည်းတွေရှိလဲ။ ဘယ်နည်းလမ်းက အဆင်ပြေမလဲဆိုပြီး သိချင်နေပြီလား။ သားဆက်ခြားနည်းများနှင့်ပတ်သက်ပြီး သိလိုသည့် အချက်များကို ဒီနေရာတွင် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သားဆက်ခြားခြင်း

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘာတွေများလဲ.......

သားဆက်ခြားတာက အိမ်ထောင်ရှင်လေဒီလေးတွေအတွက် အရေးပါတဲ့ ကိစ္စတစ်ရပ်ပါ။ ဒီလို သားဆက်ခြားနည်းတွေထဲမှာ သန္ဓေတားဆေးသောက်တာ၊ ဆေးထိုးတာ၊ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ( IUD ) ထည့်တာ၊ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ထည့်တာ၊ ကွန်ဒုံးသုံးတာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ဒီလို နည်းလမ်းတွေထဲမှာမှ နေ့တိုင်း ဆေးသောက်ရတာကို မေ့သွားမှာ စိုးလို့၊ ဆေးထိုးရမှာ ရက်ကျော်သွားမှာစိုးလို့ ရေရှည်ခံတဲ့ သားဆက်ခြားနည်း တစ်ခုခုကိုပဲ သုံးချင်တယ်။ ဒီလို ရေရှည်ခံတဲ့ သားဆက်ခြားနည်းတွေထဲမှာမှ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant)ကိုပဲ အသုံးပြုချင်တယ်ဆိုတဲ့ လေဒီလေးတွေ ရှိလား ....... ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant)ဆိုတာ ဘာလဲ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းဆိုတာ မီးခြစ်တံအရွယ်အစား ရှိတဲ့ ပျော့ပျောင်းတဲ့ ပစ္စည်းလေးပါ။ ထုံဆေးပေးပြီး လက်မောင်းရဲ့ အရေပြားအောက်ကို ထည့်သွင်းပေးရပါမယ်။ […]

သားဆက်ခြားခြင်း ကို ရှာဖွေမည်။

သားဆက်ခြားခြင်း

နို့တိုက်မေမေတွေအတွက် သားဆက်ခြား နည်း

နို့တိုက်နေတာက အကောင်းဆုံး သားဆက်ခြားနည်း လို့ပြောကြပါတယ်။ ဒါကို အမေတိုင်းသိကြပါတယ်။ ဒါက မှန်သင့်သလောက်ပဲ မှန်ပါတယ်။ နို့တိုက်ရင် ကလေးမရဘူးဆိုတာက အမေက ကလေးကို နို့ချည်းပဲ တိုက်နေမှပါ။ ဒါကလည်း မွေးပြီး၆လအထိပဲ အဆင်ပြေပါတယ်။ အောင်အောင်မြင်မြင် သားဆက်ခြား နိုင်ဖို့အတွက် နေ့ဘက်မှာ ၄နာရီခြား၊ ညဘက်မှာ ၆နာရီခြား တိုက်ရပါမယ်။ မိခင်နို့ကလွဲပြီး တခြားဘာမှမတိုက်ရပါဘူး။ နို့တိုက်နေတုန်းမှာ မျိုးဥကြွေတယ်။ ကိုယ်ဝန်မရဘူးဆိုရင် ၂ပတ်လောက်ကြာတဲ့အခါ ရာသီလာပါတယ်။ ရာသီလာမှ မျိုးဥကြွေတာကို ပြန်ပြောင်းသိရတာ ဖြစ်တဲ့အတွက် ဒီအချိန်အတွင်းမှာ အတူနေမိရင် ကိုယ်ဝန်ရနိုင်ပါတယ်။  ဘယ်လမှာပဲ ဖြစ်ဖြစ် နို့တိုက်ရင်း ရာသီပြန်လာပြီဆိုရင် တခြားသားဆက်ခြားတဲ့ နည်းလမ်းတစ်ခုခုကို သုံးရတော့မှာပါ။ အများစုကတော့ ၆လကျော်မှ သားဆက်ခြား ကြပါတယ်။ အကြောင်းက ၆လအထိ အမေနို့တိုက်လို့ပါ။ ဒါပေမယ့် နို့တိုက်နည်းမမှန်လို့ ၆လမတိုင်ခင်မှာ သားဥကြွေတဲ့အခါ […]


သားဆက်ခြားခြင်း

အရေးပေါ်သန္ဓေတားဆေး ကိုပဲ အားမကိုးစေလိုတဲ့ အကြောင်းအရင်း

ကလေးမလိုချင်သေးဘူး။ ဒါကြောင့် တားဆေးစားတယ်။ အမြဲတမ်းသောက်ရတဲ့ သန္ဓေတားဆေးတော့မဟုတ်ဘူး။ အမြဲသောက်ဖို့ကျမေ့နေမှာစိုးလို့လေ။ ကွန်ဒုံးကျတော့လည်း မသုံးချင်ဘူး။ ဒါနဲ့ပဲ အလွယ်တကူဖြစ်တဲ့ အရေးပေါ်သန္ဓေတားဆေး ကိုပဲ သောက်နေမိတယ်ဆိုတဲ့သူတွေရှိနေသေးလား။ ဒါဆိုရင်တော့ ခဏခဏမသောက်ပါနဲ့လို့ပြောပါရစေ။ အရေးပေါ်သန္ဓေတားဆေး က ဘယ်လိုသောက်ရတာလဲ...... အရေးပေါ်သန္ဓေတားဆေး က အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းမှာသောက်ရတာပါ။ တကယ်လို့ ၇၂ နာရီကျော်သွားရင် အကျိုးမရှိပါဘူး။ ၇၂ နာရီအတွင်းသောက်ပေမယ့်သောက်ပြီး နာရီဝက် တစ်နာရီအတွင်းမှာ  ပြန်အန်တာမျိုးဖြစ်ခဲ့မယ်ဆိုရင် ထပ်သောက်ဖို့ လိုပါမယ်။ အရေးပေါ်သန္ဓေတားဆေးက တစ်လုံးတည်းပါတဲ့ ဆေးရှိသလို  ၂ လုံးပါတဲ့ဆေးလည်းရှိပါတယ်။ သားဆက်ခြားဖို့ အရေးပေါ် သန္ဓေတားဆေးပဲရှိတာလား...... သားဆက်ခြားနည်းကရွေးချယ်စရာတွေအများကြီးပါ။ အရေးပေါ်သန္ဓေတားသောက်ဆေး ပုံမှန်သန္ဓေတားသောက်ဆေး သားအိမ်တွင်းထည့်ပစ္စည်း (IUD) လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) သားဆက်ခြား ထိုးဆေး ကွန်ဒုံး ဆိုပြီး အမျိုးမျိုးရှိပါတယ်။ အရေးပေါ်တားဆေး ခဏခဏသောက်တာကောင်းလား........... သားဆက်ခြားနည်းအများကြီးထဲကမှ အရေးပေါ်သန္ဓေတားဆေးကိုပဲ ခဏခဏသုံးမိနေတယ်ဆိုရင် ဒီအချက်လေးတွေကို […]


သားဆက်ခြားခြင်း

အလွှာခြားမလား ကမ္ဘာခြားမလား

ခေါင်းစဉ်ကိုမြင်တာနဲ့ ကျွန်တော်ဘာရေးတော့မယ်ဆိုတာ အများစုရိပ်စားမိကြမှာပါ။ မှန်ပါတယ်။ ဒီနေ့ခေတ်လူငယ်လူရွယ်အများစုကို အန္တရာယ်အပေးနိုင်ဆုံးရောဂါအုပ်စုတစ်ခုဖြစ်တဲ့  လိင်ဆက်ဆံတာကနေတဆင့်ကူးစက်တဲ့ရောဂါတွေအကြောင်း ဦးတည်ပြောပြချင်လို့ ဒီခေါင်းစဉ်လေးပေးထားတာဖြစ်ပါတယ်။ လိင်ဆက်ဆံရာကနေတစ်ဆင့်ကူးစက်တဲ့ ရောဂါလို့ပြောလိုက်တာနဲ့ လူ၁၀၀ မှာ ၉၀ လောက်က အေအိုင်ဒီအက်စ်၊ အိပ်ချ်အိုင်ဗီ ဒီလိုစကားလုံးတွေကိုပဲ တန်းစဉ်းစားမိကြမှာပဲ။ အမှန်ကတခြားရောဂါတွေ အများကြီးရှိပါသေးတယ်။ ဂနိုရောဂါ၊ လိင်အင်္ဂါရေယုန်ရောဂါ၊ ဆစ်ဖလစ် (ခေါ်) ကာလသားရောဂါ၊ Chlamydia စတဲ့ရောဂါတွေဆိုပြီး အများကြီးရှိပါတယ်။ ဒါပေမဲ့ မိတ်ဆွေတွေးတာလည်း မမှားပါဘူး။ အပေါ်ကရောဂါတွေထဲကမှ အိပ်ချ်အိုင်ဗီက အဆိုးဆုံး၊ အကြမ်းဆုံး လိုဖြစ်နေတော့ ထိပ်ဆုံးကဆရာကြီးကိုမှ မျက်စိထဲတန်းမြင်မိသလို ဖြစ်နေတာပေါ့။ အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် လို့ပြောလိုက်ရင်လူတွေက “ကုရာနတ္တိ ဆေးမရှိ” ဆိုတဲ့စကားနဲ့ တွဲပြီးကြားဖူးကြပါတယ် (အရပ်အဆို အေကိုက်တယ်ပေါ့)။ ဒါလည်းမှန်ပါတယ်၊ ဒီရောဂါက လုံးဝပျောက်ကင်းအောင်ကုသလို့မရနိုင်ပါဘူး။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါမို့ ဗိုင်းရပ်စ်ပိုးကောင်ရေ ပွားမလာအောင်နှိမ်ထားပြီး အချိန်ဆွဲထားလို့ပဲရပါတယ်။ နောက်ပြီး တစ်ခါတည်းပြောရရင် […]


သားဆက်ခြားခြင်း

မိမိနှင့် သင့်တော်သော သားဆက်ခြားနည်း ရွေးချယ်ခြင်း

ကိုယ်ဝန်မရှိလိုသေးသူတစ်ဦးသည် ကိုယ်ဝန်တားနည်း များအကြောင်းပြည့်စုံစွာ သိရန် လိုအပ်သည့်အပြင် သုံးစွဲရန်လည်း လက်လှမ်းမီမှု ရှိရမည်။ သားဆက်ခြားနည်း ရွေးချယ်သုံးစွဲမှုများသည် သက်ဆိုင်ရာ အမျိုးသမီး၏ အသက် အမူအကျင့်နှင့် လူမှုရေးဆိုင်ရာအချက်များ ရွေးချယ်ရန် အခွင့်အရေး လက်လှမ်းမီမှု သင့်တော်သော ပညာပေး နှစ်သိမ့်ဆွေးနွေးခြင်း ကုန်ကျစရိတ် စသည့်အချက်များပေါ်တွင် မူတည်သည်။ ဥပမာ အိမ်ထောင်ရှိ ကလေးမိခင်တစ်ဦး ကိုယ်ဝန်တားနည်း ရွေးချယ်ပုံ နှင့် အိမ်ထောင်မရှိသူ လိင်ဆက်ဆံဖော် တစ်ဦးမကရှိသူ မိန်းကလေးတစ်ဦး ကိုယ်ဝန်တားနည်း ရွေးချယ်ပုံသည် များစွာကွဲပြားမှုရှိမည် ဖြစ်သည်။ ကျန်းမာရေးအခြေအနေအရ သားဆက်ခြားနည်း လတ်တလောကိုယ်ဝန်ရှိသူ သုံးစွဲရန်မလို။ ရောဂါမကူးစက်ရန် ကွန်ဒုံးသုံးနိုင်။ကွန်ဒုံးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားပေးသည့် အပြင် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများကိုပါ ကာကွယ်ပေးသည်။ နို့တိုက်မိခင် ဟော်မုန်းပါသားဆက်ခြားနည်းကို တတ်နိုင်သမျှ(ကလေး၆ပတ် မကျော်မီ) မသုံးရန်။ သို့သော် progestrone ပါသော ဆေးကဒ်သုံးနိုင်။ ကွန်ဒုံးသုံးနိုင်။ estrogen ဟော်မုန်းသည် နို့ထွက်နည်းစေသောကြောင့်ဖြစ်သည်။ […]


သားဆက်ခြားခြင်း

မိသားစုတစ်ခု ထူထောင်တော့မယ်သူတိုင်း စဉ်းစားသင့်တဲ့ အချက် ၆ ချက် ။ ။

မိသားစုတစ်ခု ထူထောင်တယ်ဆိုတာ အပျော်တမ်းမဟုတ်တာကြောင့် ကိုယ်အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်ဆိုရင် ကြိုတွေးထားသင့်တဲ့ အချက်တွေရှိပါတယ်။ အဲဒီအထဲမှာ အဓိကကတော့ နောက်ပိုင်းကျ ကလေးယူမယ်၊ကလေး မလိုချင်ဘူးစတဲ့ ခေါင်းခြောက်စရာ အတွေးတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်မိသားစုတစ်ခုကို မတည်ထောင်ခင် ခုပြောမယ့် အချက် ၆ ချက်လောက် ကြိုစဉ်းစားထားစေချင်ပါတယ်။ ( ၁) အိမ်ထောင်ပြုပြီးရင် ကလေးယူမှာလား။ ဘယ်နှစ်ယောက်လောက်ယူမှာလဲ။ ဒီ မေးခွန်းရဲ့ အဖြေကို အရင်မစဉ်းစားချင် ကိုယ်တကယ်ကလေးယူချင်လားကို အရင်စဉ်းစားလိုက်ပါ။ မလိုချင်ဘူးဆိုရင် ကလေးမယူလိုက်ရုံပါပဲ။ လိုချင်တယ်ဆိုရင်တော့ ဘယ်နှစ်ယောက်လိုချင်တာလဲကို စဉ်းစားရပါတော့မယ်။ ဥပမာ ၃ ယောက်လောက်လိုချင်တယ်ဆိုရင် ကိုယ့်လက်ရှိအသက်နဲ့ ပြန်ချိန်ဆပြီး တစ်ယောက်ဆီ ဘယ်နှစ်နှစ်လောက်ခြားပြီး မွေးမယ်ဆိုတာမျိုးတွေကို စဉ်စားသင့်ပါတယ်။ ကိုယ့်ကလေးနဲ့ ကိုယ့်အသက်နဲ့ကလည်း အဖွားနဲ့ မြေးအရွယ် ဖြစ်မနေဖို့လည်း လိုသေးတာကြောင့် အရွယ်ရှိတုန်းလေး အိမ်ထောင်ပြု စေချင်ပါတယ်။ ( […]


သားဆက်ခြားခြင်း

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း နေရာမှားရောက်နေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။ ။

အိမ်ထောင်ပြုပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန် မလိုချင်တဲ့ သူတွေအတွက် သန္ဓေတားနည်းတွေအများကြီးပါ။ တားဆေးသောက်မလား ၊ထိုးဆေးထိုးမလား၊ လက်မောင်းထဲ ပစ္စည်းထည့်မလား သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ထည့်မလား စသဖြင့်ပေါ့။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း ဟော်မုန်းပါတဲ့ တားဆေးတို့ ထိုးဆေးတို့က ရာသီမမှန်တာ၊ ကိုယ်အလေးချိန်တက်လာစေတာ အသားမဲတာတွေ ဖြစ်စေတယ်ဆိုတော့ ဒီ ဘေးထွက်ဆိုးကျိုးတွေ မခံစားချင်တဲ့သူတွေအတွက် ဟော်မုန်း မပါတဲ့ IUD ( သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း) က အကောင်းဆုံး အားကိုးရာ သန္ဓေတားနည်းဖြစ်နေတော့တာပေါ့။ ဒီတော့ ကိုယ်ဝန်မလိုချင်သေးတာကြောင့် IUD နဲ့ သန္ဓေတားဖို့ပြင်ဆင်နေတဲ့သူတိုင်း၊ IUD သုံးထားတဲ့သူတိုင်း သိထားသင့်တဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။ IUD ဆိုတာ ဘာလဲ။ IUD ဆိုတာ ဟော်မုန်းမပါတဲ့ သန္ဓေသားပစ္စည်းလေတစ်မျိုးဖြစ်ပြီး Y ပုံ သဏ္ဍန်ရှိပါတယ်။ သားအိမ်ရဲ့ ၄ ပုံ ၁ပုံ […]


သားဆက်ခြားခြင်း

ပုရိသတို့ သားကြောဖြတ်ပြီးဘယ်လောက်အကြာ လိင်ဆက်ဆံလို့ရပြီလဲ

သားကြောဖြတ်ခြင်း (Vasectomy) ဆိုတာ သုက်ရည်ထဲသို့ သုက်ပိုးများဝင်ရောက်လာအောင် ပို့ဆောင်ပေးတဲ့ ပြွန်ကို ဖြတ်တောက်ခြင်းဖြစ်ပါတယ်။ သုက်ရည်ထဲမှာ သုက်ပိုးများ မပါရှိတော့တာကြောင့် သုက်လွှတ်ပြီးနောက်မှာလည်း ကိုယ်ဝန်ရနိုင်ခြေ မရှိတော့ပါဘူး။ ဒီနည်းလမ်းဟာ အမျိုးသားတွေအတွက် အထိရောက်ဆုံး သန္ဓေတားနည်းဆိုလည်း မမှားပါဘူး။ ခုဆောင်းပါးမှာတော့ အမျိုးသားတွေ အမေးများတဲ့ သားကြောဖြတ်ခြင်းနှင့် လိင်မှုဘဝ သက်ရောက်မှုအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ သားကြောဖြတ်ပြီးနောက် ဘယ်လောက်ကြာမှ လိင်ဆက်ဆံနိုင်မှာလဲ။ သားကြောဖြတ်ဖို့ ခွဲစိတ်ထားတဲ့ နေရာမှာ အနာမကျက်မချင်း လိင်ဆက်ဆံမှုကို ရှောင်ဖို့ လိုအပ်ပါတယ်။ ခွဲစိတ်ပြီး အနည်းဆုံး တစ်ပတ်အထိ သို့မဟုတ် ခွဲထားတဲ့နေရာမှာ ရောင်နေတာ၊ နာကျင်နေတာမျိုး လုံးဝမခံစားရတော့တဲ့အချိန်မှ လိင်ဆက်ဆံမှု ပြန်စတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ခွဲစိတ်မှု ပြီးပြီးချင်း လိင်ဆက်ဆံတဲ့အခါ ချုပ်ထားတဲ့ချုပ်ရိုးတွေက ပြန်ပြည်ပြီး ဘက်တီးရီးယားပိုးတွေ ဝင်သွားနိုင်တာကြောင့်ပါပဲ။ လိင်ဆက်ဆံတဲ့အခါ နာကျင်မှုဖြစ်နိုင်လား။ လိင်ဆက်ဆံနေစဉ် […]


သားဆက်ခြားခြင်း

ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင်

ကွန်ဒုံး အရပ်အခေါ်အရဆိုရင် ဦးထုပ် သို့မဟုတ် အကာအကွယ်ပေါ့ဗျာ။ သူ့ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ မလိုအပ်တဲ့ ကိုယ်ဝန်ကို ထိရောက်စွာ တားဆီးပေးနိုင်တယ်။ လိင်မှတစ်ဆင့် ရောဂါတွေ ကိုယ့်ဆီကိုရော၊ ကိုယ့်အဖော်ဆီကိုပါ မကူးစက်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ဒီတော့ အဖက်ဖက်ကနေ အသုံးဝင်တဲ့ ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့၊ အသုံးပြုတဲ့နည်းလမ်းကို ပုရိသတို့အနေနဲ့ သိထားဖို့ လိုအပ်ပါတယ်။ ကွန်ဒုံးကို ဘယ်အချိန်မှာ အသုံးပြုဖို့ လိုအပ်လဲ။ ထိုးသွင်းမှု ပါတဲ့ လိင်ဆက်ဆံမှုတိုင်းမှာ ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုပေးရပါမယ်။ ထိုးသွင်းဆက်ဆံမှုလို့ ဆိုရာမှာ အမျိုးသား လိင်တံနဲ့ ဆက်ဆံဖော်ရဲ့ ပါးစပ်၊ မိန်းမကိုယ်၊ စအိုဝအတွင်းသို့ ထိုးသွင်းဆက်ဆံခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ပါးစပ်နဲ့ ဆက်ဆံတဲ့အခါ HIV အပြင် ကာလသားရောဂါ၊ ရေယုန် အစရှိတဲ့ ရောဂါတွေ ကူးစက်ဖို့ […]


သားဆက်ခြားခြင်း

အမျိုးသားတွေအတွက် သန္ဓေတားရန် နည်းလမ်း (၄) ချက်

မလိုအပ်တဲ့ ကိုယ်ဝန်တွေမရစေဖို့အတွက် အမျိုးသမီးတွေမှာ လိင်မဆက်ဆံခင်နဲ့ လိင်ဆက်ဆံအပြီး သောက်ရတဲ့ အရေးပေါ်ကိုယ်ဝန်တားဆေးတွေ၊ လက်မောင်းတွင်း ထိုးဆေးတွေ အသုံးပြုရပါတယ်။ ဒီတော့ သန္ဓေတားဖို့အတွက် အမျိုးသမီးတွေမှာပဲ တာဝန်ရှိတာလားဆိုပြီး မေးစရာက ပေါ်လာပါတယ်။ တကယ်တော့ နှစ်ဦးနှစ်ဖက် သဘောတူလိင်ဆက်ဆံကြရာမှာ အမျိုးသားတွေဘက်ကလည်း မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မရစေဖို့ တစ်ဖက်တစ်လမ်းကနေ တားပေးနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာမေ့မထားသင့်ဘူးနော်။ ၁။ ကွန်ဒုံးအသုံးပြုခြင်း မကြာခဏ ကြားဖူးနားဝရှိပေမယ့် တော်တော်များများက ကွန်ဒုံးအသုံးပြုဖို့ကို လက်တွန့်ကြပါတယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန်သာမက တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ တားဆီးပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ကွန်ဒုံးအသုံးပြုခြင်းပါပဲ။ အမျိုးသမီးသုံး ကွန်ဒုံးတွေထက် အမျိုးသားတွေအတွက် ထုတ်ထားတဲ့ ကွန်ဒုံးအစွပ်ကို စနစ်တကျ အသုံးပြုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကွန်ဒုံးကို ဝယ်တဲ့အခါ သတ်မှတ်ရက်ထက် ရက်လွန်နေလားဆိုတာကို အရင်ဆုံးစစ်ဆေးပါ။ ပြီးရင်တော့ ကိုယ့်ရဲ့ […]


သားဆက်ခြားခြင်း

ကာကွယ်နိုင်စွမ်း စိတ်ချရတဲ့ အလွယ်ကူဆုံး သားဆက်ခြားနည်း

အရွယ်ရောက်လာတဲ့သူတိုင်းဟာ အိမ်ထောင်ပြုကြတာက ဘဝရဲ့ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဒါပေမယ့် အရွယ်ရောက်လို့ အိမ်ထောင်ပြုတာကဖြစ်ရိုးဖြစ်စဉ်ဆိုပေမယ့် အရာရာတိုင်းကဖြစ်ရိုးဖြစ်စဉ်အတိုင်း သွားလို့မဖြစ်ပြန်တာလည်းရှိပါတယ်။ ဒါကတော့ အဆင်သင့်မဖြစ်ခင်မှာ ကလေးရသွားတာပါ။ အဆင်သင့်မဖြစ်ခင်မှာ ကလေးရသွားတာမျိုးမဖြစ်ဖို့ဆိုရင်တော့ လုပ်ကိုင်ရမယ့်အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ သားဆက်ခြားနည်း အသုံးပြုတာပါ။ ဘယ်လိုသားဆက်ခြားမလဲ သားဆက်ခြားနည်း တွေက တိုးတက်လာတဲ့ခေတ်နဲ့အညီ အမျိုးအစားတွေကအစုံအလင်ပါပဲ။ သန္ဓေတားသောက်ဆေး ၃ လခံသန္ဓေတားထိုးဆေး ၁ လခံသန္ဓေတားထိုးဆေး လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ကွန်ဒုံး အရေးပေါ် သန္ဓေတားသောက်ဆေး ဆိုပြီး သန္ဓေတားနည်းအမျိုးမျိုးရှိပါတယ်။ ကာကွယ်နိုင်စွမ်း စိတ်ချရတဲ့ အလွယ်ကူဆုံး သားဆက်ခြားနည်း လွယ်ကူရိုးစင်းပြီး ထိရောက်အသုံးတည့်တဲ့ သားဆက်ခြားနည်း တစ်ခုရှိပါတယ်။ ဒီနည်းကရှေးကျတဲ့ သားဆက်ခြားနည်းတစ်ခုဆိုလည်းမမှားပါဘူး။ အရွယ်ရောက်သူတိုင်းအတွက်လည်း အဆင်ပြေစေမယ့် နည်းလမ်းလေးတစ်ခုပေါ့။ ဒါကတော့ ကွန်ဒုံးအသုံးပြုတာပါ။ ဒီနည်းလမ်းက အခြားသားဆက်ခြားနည်းလမ်းတွေနဲ့စာရင် အသုံးပြုရလွယ်ကူသလို ထိရောက်မှုလည်းရှိပါတယ်။ ကွန်ဒုံးအသုံးပြုမှုကနေရရှိတဲ့ကောင်းကျိုးတွေက ဒီလောက်နဲ့ မပြီးသေးပါဘူး။ ကွန်ဒုံးအသုံးပြုမှုကြောင့် မလိုလားအပ်ဘဲ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း