သားဆက်ခြားခြင်း

သားဆက်ခြားတာက ကိုယ်ဝန်ရရှိမှုကို ကာကွယ်ဖို့ အဓိကထား ပြုလုပ်ထားတဲ့ နည်းလမ်းတစ်ရပ်ပါ။ ဒါဆို ဘယ်လို သားဆက်ခြားနည်းတွေရှိလဲ။ ဘယ်နည်းလမ်းက အဆင်ပြေမလဲဆိုပြီး သိချင်နေပြီလား။ သားဆက်ခြားနည်းများနှင့်ပတ်သက်ပြီး သိလိုသည့် အချက်များကို ဒီနေရာတွင် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သားဆက်ခြားခြင်း

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘာတွေများလဲ.......

သားဆက်ခြားတာက အိမ်ထောင်ရှင်လေဒီလေးတွေအတွက် အရေးပါတဲ့ ကိစ္စတစ်ရပ်ပါ။ ဒီလို သားဆက်ခြားနည်းတွေထဲမှာ သန္ဓေတားဆေးသောက်တာ၊ ဆေးထိုးတာ၊ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ( IUD ) ထည့်တာ၊ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ထည့်တာ၊ ကွန်ဒုံးသုံးတာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ဒီလို နည်းလမ်းတွေထဲမှာမှ နေ့တိုင်း ဆေးသောက်ရတာကို မေ့သွားမှာ စိုးလို့၊ ဆေးထိုးရမှာ ရက်ကျော်သွားမှာစိုးလို့ ရေရှည်ခံတဲ့ သားဆက်ခြားနည်း တစ်ခုခုကိုပဲ သုံးချင်တယ်။ ဒီလို ရေရှည်ခံတဲ့ သားဆက်ခြားနည်းတွေထဲမှာမှ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant)ကိုပဲ အသုံးပြုချင်တယ်ဆိုတဲ့ လေဒီလေးတွေ ရှိလား ....... ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant)ဆိုတာ ဘာလဲ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းဆိုတာ မီးခြစ်တံအရွယ်အစား ရှိတဲ့ ပျော့ပျောင်းတဲ့ ပစ္စည်းလေးပါ။ ထုံဆေးပေးပြီး လက်မောင်းရဲ့ အရေပြားအောက်ကို ထည့်သွင်းပေးရပါမယ်။ […]

သားဆက်ခြားခြင်း ကို ရှာဖွေမည်။

သားဆက်ခြားခြင်း

တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

သားဆက်ခြားနည်းတစ်ခုဖြစ်တဲ့ တားဆေးကပ်ခွာ အသုံးပြုတော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်လေးတွေနဲ့ အမေးများတဲ့ မေးခွန်းတွေကို ပြောပြပေးချင်ပါတယ်။ တားဆေးကပ်ခွာသုံးပြီး သန္ဓေတားနည်းက နည်းလမ်းမှန်မှန်သုံးမယ်ဆို ၉၉% အထိ သန္ဓေတားနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ တစ်ပတ်ကိုတစ်ကြိမ်ပဲ လဲလှယ်ဖို့လိုတာမို့ သုံးရတာရိုးရှင်းပြီး  ထိရောက်မှုလည်း အားကောင်းတဲ့အတွက် အတော်များများသုံးလာကြပါပြီ။ ဒါပေမဲ့ တားဆေးကပ်ခွာကို မှန်မှန်ကန်ကန်သုံးတတ်မှ ထိရောက်တာကြောင့် ဒီဆောင်းပါးလေးမှာ အသုံးပြုနည်းအသေးစိတ်နဲ့ တစ်ခုခုမှားယွင်းသွားရင် လုပ်ဆောင်ရမှာလေးတွေကို ပြောပြ ပေးပါ့မယ်။ တားဆေးကပ်ခွာ ကို ဘယ်နေရာမှာကပ်မလဲ အရေပြားကသန့်ရှင်းမှုရှိမယ်၊ ဒဏ်ရာအနာတရမရှိဘူး၊ အမွေးအမျှင်မထူတဲ့ နေရာဖြစ်မယ်ဆိုရင် ကြိုက်တဲ့နေရာ ကပ်လို့ရပါတယ်။ ဒါပေမဲ့ ရောင်ရမ်းနီရဲနေတဲ့နေရာ၊ အဝတ်အစားနဲ့ တစ်ချိန်လုံး ပွတ်တိုက်မိနေနိုင်တဲ့နေရာ၊ ရင်သား စတဲ့နေရာတွေမှာတော့ မကပ်သင့်ပါဘူး။ တားဆေးကပ်ခွာ က ကပ်လိုက်တာနဲ့ အာနိသင် ချက်ချင်းပြနိုင်သလား ရာသီစလာတဲ့ ပထမဆုံးနေ့ကစပြီး ငါးရက်မြောက်အထိ ဘယ်နေ့မှာကပ်လိုက်သည်ဖြစ်စေ ကပ်ပြီးတာနဲ့ ချက်ချင်းသန္ဓေတားနိုင်စွမ်းရှိပါတယ်။  တခြားရက်တွေမှာကပ်ရင်တော့ […]


သားဆက်ခြားခြင်း

ကျွန်မ မနေ့က ဆေးမသောက်မိဘူး ဆရာမ

'ကျွန်မ မနေ့က ဆေးမသောက်မိဘူး ဆရာမ' ဒါမျိုးက ခဏခဏ ကြုံရတဲ့ ပြဿနာပါ။ မနေ့ကလေ ကျွန်မ အလုပ်ရှုပ်နေလို့ ဆရာမရယ်။ အဲ့ဒါဆေးသောက်ဖို့ မေ့သွားတာ။ တော်ကြာ ကလေးရနေမှာစိုးလို့ ဆိုပြီး လာတိုင်ပင်တဲ့ အမျိုးသမီးတွေ မကြာမကြာတွေ့ရတတ်ပါတယ်။ တစ်ခါတစ်ခါ တားဆေးသောက်နေရဲ့သားနဲ့ ကလေးရသွားတယ်ဆိုတာ ဒီလိုမျိုး သောက်ဖို့ မေ့သွားတာကြောင့်လည်း ပါပါတယ်။ သန္ဓေတားတဲ့ နည်းလမ်းတွေ အများကြီးရှိတဲ့ထဲမှာမှ ဆေးသောက်တဲ့ နည်းလမ်းက လူသုံးအများဆုံးပါပဲ။ အရပ်အခေါ်တော့ လက်ညိုးသောက်တယ် ပြောတာပေါ့။ ကျွန်မ လက်ညိုးသောက်နေတာဆိုတာ ပေါင်းစပ်သန္ဓေတားဆေး အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း နှစ်မျိုးပေါင်းထားတာကို ပြောတာပါ။ တချို့က ၃လခံဆေး မထိုးချင်ဘူးဆရာမ။ သူကဝတယ်မလား။ ဒါမှမဟုတ် သားအိမ်ထဲတော့ အဲ့ဒီပစ္စည်းမထည့်ပါရစေနဲ့ ဆရာမရယ်။ လက်မောင်းအောက်ထဲမှာ အဲ့အချောင်း၂ချောင်း ရှိနေမှာလား ဆရာမ။ ကွန်ဒုံးကျတော့ အမျိုးသားက […]


သားဆက်ခြားခြင်း

ကွန်ဒုံးကြားက အမှန်၊ အမှားများ

ခုချိန်အထိ ကွန်ဒုံးလို့ပြောလိုက်ရင် ဟင်ခနဲ့ဖြစ်ပြီး မျက်နှာမဲ့သွားမယ့်လူတွေ ရှိနေကြဆဲပါ။ ကွန်ဒုံးဟာ လိင်ဆက်ဆံရာမှာ မလိုအပ်တဲ့ ပစ္စည်းတစ်ခုလို တွေးမြင်နေကြတာတွေ၊ ကွန်ဒုံးကို လူမြင်သူမြင်ဝယ်ယူရမှာကို ရှက်ရွံ့နေကြတာတွေလည်း ရှိနေတုန်းပါပဲ။ မြန်မာ့ လူမှုအသိုင်းအဝိုင်းမှာ လိင်ကိစ္စနဲ့ ပတ်သက်တာတွေဟာ လူကြားသူကြား၊ လူမြင်သူမြင်မှာ မပြုမူ မပြောဆိုသင့်တာတွေလို့ လက်ခံထားကြတာကြောင့် ကွန်ဒုံးအသုံးပြုတာ၊ ဝယ်ယူတာတွေ၊ ကွန်ဒုံးအကြောင်းပြောဆိုတာတွေကလည်း သိသာသိစေ မမြင်စေနဲ့ဆိုသလို အခြေအနေမျိုး ဖြစ်စေဆဲလို့ ဆိုရမှာပါပဲ။ ကွန်ဒုံးတွေက မလိုလားအပ်ပဲ ကိုယ်ဝန်ရတာနဲ့ STD (sexually transmitted diseases) လို့ခေါ်တဲ့ လိင်ဆက်ဆံရာမှတဆင့် ဖြစ်ပွားတဲ့ ရောဂါတွေကို တားဆီးနိုင်ဖို့ အကူအညီပေးပါတယ်။ ဒါကို လူတိုင်း မဟုတ်ရင်တောင်မှ လူအများစု သိနေကြပါပြီ။ အရင်ခေတ်ကလို ကွန်ဒုံးသုံးနည်း ပညာပေးတဲ့ ကျန်းမာရေးဆရာလေးက ကွန်ဒုံးဆိုတာ ဒီလိုစွပ်ရတယ်ဆိုပြီး ရွာထိပ်က ဘူးစင်က ဝါးလုံးတန်းမှာ […]


သားဆက်ခြားခြင်း

ကွန်ဒုံးကို ဘယ်လိုသိမ်းရပါ့

ကြင်သူနှစ်ဦးအကြား ချစ်ခရီးကလည်း နှင်ချင်၊ ကိုယ်ဝန်ကလည်း မရချင်သေးဘူးဆိုရင် အရင်ဆုံး စဉ်းစားမိမှာက ကွန်ဒုံး သုံးဖို့ဖြစ်ပါလိမ့်မယ်။ ကွန်ဒုံးတွေက ကိုယ်ဝန်ရတာတွေနဲ့ STIs လို့ခေါ်တဲ့ လိင်ကနေဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ၉၈% လောက် တားဆီးပေးနိုင်ပါတယ်။ ကွန်ဒုံးတွေဟာ သုတ်ရည်နဲ့ တခြားခန္ဓာကိုယ်က အရည်တွေကို အမျိုးသမီးလိင်အင်္ဂါ၊ စအိုနဲ့ ပါးစပ်တွေဆီ မရောက်အောင် အတားအဆီးတစ်ခုအဖြစ် လုပ်ဆောင်ပေးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ရော ကွန်ဒုံးတွေအမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလို့မရပါဘူး။ နှစ်ခုလုံးတစ်ပြိုင်နက်တည်း အသုံးပြုမယ်ဆိုရင် နှစ်ခုက သွားကပ်နေပြီး တခြားတစ်ခုကို နေရာကနေ လွဲအောင်လုပ်လိုက်တာမျိုး၊ ပြဲစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ တန်ဖိုးလည်း သိပ်မကြီးကြတဲ့ ကွန်ဒုံးတွေကို အလွယ်တကူ ဝယ်ယူလို့ရနိုင်တာကြောင့် တချို့က ကြိုတင်ဝယ်ယူ ဆောင်ထားတတ်ကြသလို တချို့ကတော့လည်း အလိုရှိမှ လက်လှမ်းမှီရာကနေ ဝယ်ယူပြီး အသုံးပြုတတ်ကြပါတယ်။ ကွန်ဒုံးကို […]


သားဆက်ခြားခြင်း

ကွန်ဒုံးတော့ သုံးပါရဲ့ ၊ ဒါပေမယ့် …

သားဆက်ခြားဖို့၊ ပဋိသန္ဓေတားဖို့နဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့အတွက် ကွန်ဒုံး ကို အသုံးချတာက နည်းလမ်းကောင်းတစ်ခုဆိုတာကို လူတိုင်းနီးပါး သိနားလည်နေကြပါပြီ။ ဒါပေမယ့် သိထားနားလည်ထားရုံသက်သက်နဲ့တော့ အရာရာအဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ တချို့က သိနားလည်ထားတယ်၊ ဒါပေမယ့် နည်းမှန်လမ်းအမှန်အသုံးမချတတ်ကြတာမျိုးလည်း ရှိပါရဲ့။ ကွန်ဒုံးတော့ သုံးပါရဲ့၊ ဒါပေမယ့် … ကွန်ဒုံးတော့ သုံးပါရဲ့ ၊ ဒါပေမယ့် … တချို့များဆို ကွန်ဒုံး ဖြစ်ရင်ပြီးရော သုံးလိုက်ကြတယ်။ ပြီးတော့ မထင်မှတ်ထားတဲ့ ပြဿနာတွေ ဖြစ်လာချိန်မှာ မရှူနိုင် မကယ်နိုင်တွေ ဖြစ်ကြပါလေရော။ ကွန်ဒုံးတော့ သုံးပါရဲ့ ကိုယ်ဝန်ရလာတယ်တို့၊ ရောဂါကူးသွားတယ်တို့ ဆိုတာမျိုးတွေပေါ့။ ဒီလိုတွေဖြစ်ရတဲ့ အကြောင်းအရင်းက အသုံးပြုရာမှာ မှားယွင်းစွာ သိနားလည်ထားတဲ့ အချက်တွေနဲ့ အသုံးပြုပုံ အမှားတွေ၊ ပေါ့လျော့မှုတွေကြောင့်ပါပဲ။ ဘယ်အချက်တွေကြောင့် ခုလိုပြဿနာတွေဖြစ်လာရတာလဲဆိုတာကို သိနားလည်ထားရင် ကိုယ်လည်း မမှားမိအောင် ရှောင်ကြဉ်လို့ရတာပေါ။ ကဲ […]


သားဆက်ခြားခြင်း

သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ

တစ်နေ့တစ်လုံး သောက်ရတဲ့ ဟော်မုန်းနှစ်မျိုးပါဝင်သော သားဆက်ခြား စားဆေးတွေဟာ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်ပြီး ဆေးရုံဆေးခန်းသွားစရာ မလိုတဲ့အတွက် အမျိုးသမီးတော်တော်များများ သုံးစွဲကြပါတယ်။ အဓိကကတော့ ကိုယ်ဝန်တားဖို့အတွက် သောက်သုံးကြတာဖြစ်ပေမဲ့ ရာသီမမှန်တဲ့ ပြဿနာ‌တွေ၊ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းတွေကို ကုစားဖို့အတွက်ပါ သုံးကြပါတယ်။ ‌ ဘယ်အရာတွေက ရာသီမှန်အောင် ပြုလုပ်ပေးနေတာလဲ သားဆက်ခြားစားဆေး ၂မျိုးရှိတဲ့အနက် ဟော်မုန်း ၂မျိုးပါဝင်တဲ့ သောက်ဆေးကပဲ အထက်ပါ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်တာဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ အီစထရိုဂျင် နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ကနေ ထုတ်လုပ်တဲ့ မဟော်မုန်းတွေနဲ့ အလားသဏ္ဍာန်တူပါတယ်။ ရာသီမှန်မှန်လာအောင် ဘယ်လိုလုပ်ပေးတာလဲ လွယ်လွယ်ပြောရရင် ဟော်မုန်းပါတဲ့ ကိုယ်ဝန်တားနည်းတိုင်းဟာ သားဥကြွေတာကို ပိတ်ပင်တားဆီးလိုက်တဲ့အတွက် ရာသီလာခြင်းကိုပါ ရပ်တန့်သွားစေပါတယ်။ ဒါပေမဲ့ ဟော်မုန်း၂မျိုးပါတဲ့ သောက်ဆေးမှာတော့ ထူးဆန်းစွာပဲ ပုံမှန်ရာသီလာသကဲ့သို့ တစ်လတစ်ခါ သွေးဆင်းပါတယ်။ […]


သားဆက်ခြားခြင်း

ဟော်မုန်းမပါတဲ့ သားဆက်ခြားနည်း များ

အိမ်ထောင်ကျလို့ သားဆက်ခြားနည်း သုံးတော့မယ်ဆိုရင် ခုခေတ်မှာက အမျိုးအစားအစုံ ရှိပါတယ်။ အမျိုးသား သုံးလား။ အမျိုးသမီးသုံးလား။ သောက်ဆေးလား၊ ထိုးဆေးလား၊ သားအိမ်ထဲထည့်မှာလား၊ လက်မောင်းအောက်ထဲ ထည့်မှာလား စသဖြင့် အမျိုးအစား စုံပါတယ်။ သားဆက်ခြားနည်းက နှစ်ယောက်လုံးအတွက် ရှိပေမယ့် တကယ်တမ်း အမျိုးသမီးတွေကပဲ သုံးတာများပါတယ်။ သူတို့သုံးတဲ့ထဲမှာ အများစုက ဟော်မုန်းနဲ့ သားဆက်ခြားတဲ့ နည်းက ပိုများပါတယ်။ ဒါပေမယ့် တချို့သော အမျိုးသမီးတွေက ဟော်မုန်းပါတာတွေကို သိပ်မကြိုက်ကြပါဘူး။ ရာသီပုံမှန်မလာလို့၊ ဝလာလို့၊ အသားအရည်တွေ ညစ်လာလို့ စတဲ့ အကြောင်းပြချက် မျိုးစုံနဲ့ပါ။ တစ်ဆက်တည်းမှာပဲ သူတို့တွေ မေးကြတာက ဟော်မုန်းမပါတဲ့ သားဆက်ခြား နည်းလမ်းတွေ မရှိဘူးလား ဆိုတာပါပဲ။ သိပ်ရှိတာပေါ့။ ဟော်မုန်းမပါဘဲလည်း သားဆက်ခြားလို့ ရတာပေါ့။ ဒါတွေက ဘာနည်းလမ်းတွေလဲ ဆိုတာကို […]


သားဆက်ခြားခြင်း

သားအိမ်ထဲမှာ ကြိုး ပျောက်နေပြီဆိုရင်

သားအိမ်ထဲ ပစ္စည်းထည့်တဲ့သူတွေ သိပါတယ်။ ဒီပစ္စည်းလေးရဲ့ နောက်မှာ အမြီးလိုမျိုး ကြိုး လေးပါတာကိုပေါ့။ ဒီအမြီးလေးက ဘာအတွက်လဲဆိုရင် သားအိမ်ထဲ ထည့်တဲ့ ပစ္စည်းလေး နေရာကျရဲ့လား။ အပြင်ကို ထွက်သွားပြီလားဆိုတာ သိဖို့အတွက်ပါ။ တစ်ခါတစ်လေ ဒီကြိုးလေးကို စမ်းမမိတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါသင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လေ့လာချက်တွေအရ သားအိမ်ထဲ ပစ္စည်းထည့်တဲ့သူတွေရဲ့ ၁၈ရာခိုင်နှုန်းက ကြိုးကို စမ်းမမိတတ်ပါဘူးတဲ့။ ကြိုးပျောက်ရတဲ့ ဒါမှမဟုတ် ကြိုးစမ်းမမိတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပေမယ့် အများစုကတော့ သိပ်စိုးရိမ်စရာ မလိုတဲ့ အချက်တွေပါ။ ဘာဖြစ်လို့ ကြိုးကို စမ်းမမိရတာလဲ။ ဘယ်လိုလက္ခဏာတွေက အရေးကြီးလဲ၊ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြရမလဲဆိုတာ ဆက်ကြည့်ရအောင်။ ဘာလို့ ကြိုး ကို စမ်းမမိတာလဲ။ သားအိမ်ထဲကို ပစ္စည်းထည့်တဲ့အခါမှာ ပစ္စည်းလေးရဲ့ အဆုံးမှာ ၂လက်မလောက် ကြိုးလေး […]


သားဆက်ခြားခြင်း

ကွန်ဒုံး ကို ဘယ်လို စနစ်တကျ သုံးမလဲ

ကွန်ဒုံး တွေဟာ စနစ်တကျသုံးတတ်မယ်ဆိုရင် သင့်ကို မလိုချင်တဲ့ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်ရုံသာမက လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။ ကွန်ဒုံးတွေကို အရောင်စုံ၊ အနံ့စုံ၊ အရွယ်အစားအစုံရနိုင်ပြီး မိန်းမကိုယ်သာမက စအိုနဲ့ ဆက်ဆံခြင်းတွေမှာလည်း သုံးလို့ရပါတယ်။ ကိုယ်ဝန်ရနိုင်ခြေကိုလည်း 98% လောက်ထိတားနိုင်တယ် ဆိုပါတယ်။ ဒါပေမယ့် သင့်ရဲ့သုံးပုံသုံးနည်း မှန်ကန်စနစ်ကျဖို့တော့ အရေးကြီးပါတယ်။ အောက်မှာ ဖော်ပြပေးမှာကတော့ ကွန်ဒုံးတွေကို ဘယ်လိုစနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုမလဲဆိုတာပါပဲ။ ကွန်ဒုံး ကို ဘယ်လို စနစ်တကျ သုံးမလဲ  ကွန်ဒုံး အိတ်ပေါ်မှာရှိတဲ့ သက်တမ်းကုန်ဆုံးရက်နဲ့ ကွန်ဒုံးပေါ်မှာ အပေါက်အပြဲရှိမရှိသေချာစစ်ပါ၊၊ ကွန်ဒုံးအိတ် ဒါမှမဟုတ် ကွန်ဒုံးမှာ အပေါက်အပြဲအပျက်အစီးရှိနေတယ်ဆိုရင် လုံးဝမသုံးသင့်ပါဘူး။ ပျက်စီးနေတဲ့ ဒါမှမဟုတ် သက်တမ်းကုန်နေတဲ့ ကွန်ဒုံးကိုသုံးတာက မလိုချင်တဲ့ကိုယ်ဝန်နဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါဆိုးတွေကို လက်ယပ်ခေါ်နေသလိုပါပဲ။ အထုပ်ကို သေချာဖွင့်ပြီး ကွန်ဒုံးကို ထုတ်ပါ၊၊ ကွန်ဒုံးထုပ်ကို ဂရုတစိုက်ဖွင့်ပြီးတဲ့အခါ […]


သားဆက်ခြားခြင်း

ကိုယ်ဝန်မရအောင် ဘယ်လိုတားကြမလဲ

ခုခေတ်ဟာ ပွင့်လင်းပြီးလွတ်လပ်လာတာနဲ့အညီ လက်မထပ်ခင်အတူနေကြတဲ့ ယဉ်ကျေးမှုဟာလည်း ပိုပြီးထွန်းကားလာနေပါတယ်။ ဒီလိုအတူနေတာကို အရှေ့တိုင်းယဉ်ကျေးမှုအရ လက်မခံလိုသူတွေရှိသလို လက်ခံသူတွေလဲ အများကြီးရှိလာနေပါတယ်။ အတူနေခြင်း မနေခြင်းဟာ အရွယ်ရောက်ပြီး လွတ်လပ်တဲ့ သူနှစ်ဦးအဖို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ဖြစ်လာတဲ့နောက်ဆက်တွဲတွေကိုလဲ မပြုလုပ်ခင်ကတည်းက ကြိုတင်စဉ်းစားတိုင်ပင်ဆွေးနွေးထားကြဖို့လိုပါတယ်။ အရေးအကြီးဆုံးကတော့ မလိုချင်သေးဘဲ ကိုယ်ဝန်မရဖို့နဲ့ ကူးစက်ရောဂါမရဖို့ပါပဲ။ အတူအရင်နေလိုက်မယ်၊ ပြီးတော့မှ အရေးပေါ်ဆေးတိုက်လိုက်မယ်ဆိုတာ ပြည့်စုံမှန်ကန်တဲ့ တာဝန်ယူမှုမဟုတ်ပါဘူး။ အဲဒီအစား သင့်တော်မှန်ကန်တဲ့ သားဆက်ခြားနည်းတွေဟာ ဘာတွေရှိပြီး ကိုယ်နဲ့ ဘာတွေက ကိုက်ညီတယ်ဆိုတာကို အမျိုးသားရော အမျိုးသမီးကပါ သိရှိပြီး လိုက်နာကြတာ အများကြီးပိုအကျိူးရှိပါတယ်။ စနစ်တကျကိုယ်ဝန်တားနည်းကို မသိလို့ ကိုယ်ဝန်ရှိပြီးမှ ဖျက်ချတဲ့အခါ ပိုးဝင်ပြီး သွေးဆိပ်တက်တာ၊ ခွဲစိတ်ခန်းဝင်ရတာအပြင် သေဆုံးတာတွေအထိ ဖြစ်တတ်ပါတယ်။ နောက်ထပ်အရေးကြီးတာတစ်ခုက လက်ထပ်လိုစိတ်မရှိတဲ့ အမျိူးသားကို အချုပ်နှောင်တစ်ခုဖြစ်စေဖို့ တစ်ဖက်သတ်ကိုယ်ဝန်ယူခြင်းဟာလည်း ဆိုးကျိုးတွေကိုသာဖြစ်စေပါတယ်။ ဒါကြောင့် အတူမနေခင်ကတည်းက သင့်တော်တဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း