သားဆက်ခြားခြင်း

သားဆက်ခြားတာက ကိုယ်ဝန်ရရှိမှုကို ကာကွယ်ဖို့ အဓိကထား ပြုလုပ်ထားတဲ့ နည်းလမ်းတစ်ရပ်ပါ။ ဒါဆို ဘယ်လို သားဆက်ခြားနည်းတွေရှိလဲ။ ဘယ်နည်းလမ်းက အဆင်ပြေမလဲဆိုပြီး သိချင်နေပြီလား။ သားဆက်ခြားနည်းများနှင့်ပတ်သက်ပြီး သိလိုသည့် အချက်များကို ဒီနေရာတွင် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သားဆက်ခြားခြင်း

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘာတွေများလဲ.......

သားဆက်ခြားတာက အိမ်ထောင်ရှင်လေဒီလေးတွေအတွက် အရေးပါတဲ့ ကိစ္စတစ်ရပ်ပါ။ ဒီလို သားဆက်ခြားနည်းတွေထဲမှာ သန္ဓေတားဆေးသောက်တာ၊ ဆေးထိုးတာ၊ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ( IUD ) ထည့်တာ၊ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ထည့်တာ၊ ကွန်ဒုံးသုံးတာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ဒီလို နည်းလမ်းတွေထဲမှာမှ နေ့တိုင်း ဆေးသောက်ရတာကို မေ့သွားမှာ စိုးလို့၊ ဆေးထိုးရမှာ ရက်ကျော်သွားမှာစိုးလို့ ရေရှည်ခံတဲ့ သားဆက်ခြားနည်း တစ်ခုခုကိုပဲ သုံးချင်တယ်။ ဒီလို ရေရှည်ခံတဲ့ သားဆက်ခြားနည်းတွေထဲမှာမှ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant)ကိုပဲ အသုံးပြုချင်တယ်ဆိုတဲ့ လေဒီလေးတွေ ရှိလား ....... ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant)ဆိုတာ ဘာလဲ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းဆိုတာ မီးခြစ်တံအရွယ်အစား ရှိတဲ့ ပျော့ပျောင်းတဲ့ ပစ္စည်းလေးပါ။ ထုံဆေးပေးပြီး လက်မောင်းရဲ့ အရေပြားအောက်ကို ထည့်သွင်းပေးရပါမယ်။ […]

သားဆက်ခြားခြင်း ကို ရှာဖွေမည်။

သားဆက်ခြားခြင်း

အသုံးများသော ကိုယ်ဝန်တားနည်း ၅မျိုး

သန္ဓေတားခြင်း ဆိုတာ အစီအစဉ်မချဘဲ ကိုယ်ဝန်ရသွားမည်ကို ကာကွယ်ချင်သောကြောင့် ကိုယ်ဝန်တားခြင်းကို ဆိုလိုပါတယ်။ ကိုယ်ဝန်တားနည်း များစွာရှိပါတယ်။ ဆေးသောက်ခြင်း၊ ကိုယ်ဝန်တားသည့် ပစ္စည်းများကို ထည့်၍ ကိုယ်ဝန်တားခြင်း သို့မဟုတ် အသေးစားခွဲစိတ်မှု များပြုလုပ်ခြင်း စသဖြင့် အမျိုးမျိုးရှိပါတယ်။ သင့်ရဲ့အသက်အရွယ်၊ ကိုယ်အလေးချိန်၊ နောက်ပိုင်းလိုချင်သော ကလေးအရေအတွက်၊ သင့်ရဲ့ ကျန်းမာရေး အခြေအနေနှင့် အခြားသောအချက်များအပေါ် မူတည်ပြီး သင့်ရဲ့လိင်မှု ကိစ္စဆိုင်ရာ အတွက်ထောက်ပံ့ပေးနိုင်မယ့် ကိုယ်ဝန်တား နည်းလမ်းတစ်မျိုး သို့မဟုတ် နှစ်မျိုးပေါင်းပြီး ရွေးချယ်နိုင်ပါတယ်။ အောက်ပါတို့ဟာ အသုံးများသော ကိုယ်ဝန်တားနည်း ၅မျိုးအကြောင်းကို ဖော်ပြပေးထားပါတယ်။ အသုံးများသော ကိုယ်ဝန်တားနည်း ၅မျိုး အသုံးများသော ကိုယ်ဝန်တားနည်း တွေကတော့ ကိုယ်ဝန်တားဆေးများ သင့်ရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး ဒီဆေးတွေ မသောက်ခင်မှာ သင့်ရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင် သင့်ပါတယ်။ ကိုယ်ဝန်တားဆေးသောက်တဲ့ […]


သားဆက်ခြားခြင်း

ဘယ်ကိုယ်ဝန်တားနည်းက သင့်အတွက် သင့်လျော်ပါသလဲ။

ဘယ်ကိုယ်ဝန်တားနည်းက သင့်အတွက် သင့်လျော်ပါသလဲ။ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ကိုယ်စီပါရှိတဲ့ ကိုယ်ဝန်တားနည်းပေါင်းများစွာရှိတဲ့အတွက် သင့်လိုအပ်ချက်တွေနဲ့ကိုက်ညီတာကို ရှာဖွေရတာဟာ မလွယ်ကူပါဘူး။ ဒါဟာ ဘာကြောင့် သားဖွားမီးယပ်ဆရာဝန်တွေ အကြံပြုတဲ့ဆေးကိုပဲ သုံးဖို့ပိုလွယ်ကူရိုးရှင်းရသလဲဆိုတာရဲ့ အဓိကအဖြေပါပဲ။ အောက်ဖော်ပြပါတွေကတော့ သင်သိထားသင့်တဲ့ ဈေးကွက်မှာ ဝယ်ယူရရှိနိုင်တဲ့ ထင်ရှားတဲ့ ကိုယ်ဝန်တားဆေးအမျိုးအစားတွေဖြစ်ပါတယ်။ ဒါတွေကိုသိထားခြင်းဖြင့် သင့်အတွက် ရွေးချယ်ရပိုလွယ်ကူမှာပါ။   ကွန်ဒုံး Latex ဒါမှမဟုတ် ပလပ်စတစ်နဲ့လုပ်ထားတဲ့ အလွှာလေးဖြစ်ပြီးတော့ လိင်တံတစ်လျှောက်မှာ ဆန့်ထုတ်ပြီး သုံးစွဲရတာဖြစ်ပါတယ်။ အမျိုးသမီး ကွန်ဒုံးကိုတော့ သုတ်ပိုးနဲ့ လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါပိုးတွေကို ကာကွယ်ဖို့ အသုံးပြုပါတယ်။ အမျိုးသားသုံး ကွန်ဒုံးဟာ ၈၂% ထိရောက်မှု ရှိပြီးတော့ အမျိုးသမီးသုံး ကွန်ဒုံးကတော့ ၇၆% ထိရောက်မှု ရှိပါတယ်။   မိန်းမကိုယ်တွင်းထည့် ပစ္စည်း လိပ်ခုံးပုံ စီလီကွန်ခွက်ဟာ စားပွဲတင်ဇွန်းတစ်ဇွန်းစာ သုတ်ပိုးသတ်ဆေးတွေနဲ့ ပြည့်နှက်နေပြီးတော့ မိန်းမကိုယ်ထဲကို ထည့်သွင်းအသုံးပြုရတဲ့ အရာဖြစ်ပါတယ်။ ဒီကိရိယာကတော့ […]


သားဆက်ခြားခြင်း

သားဆက်ခြားခြင်းအကြောင်း သိကောင်းစရာများ

သားဆက်ခြားဖို့ အသုံးပြုလို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အရေးပေါ်ကိုယ်ဝန်တားဆေး၊ ကာလတိုနည်းတွေ ဖြစ်တဲ့ နေ့စဉ်သောက်ဆေးကဒ်၊ ထိုးဆေး၊ ကာလရှည်နည်းတွေ ဖြစ်တဲ့ လက်မောင်းတွင်းထည့်ပစ္စည်း၊ သားအိမ်တွင်းထည့်ပစ္စည်း၊ နောက်ပြီး သားကြောဖြတ်ခြင်း၊ ကိုယ်ဝန်ကိုရော၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါများကိုပါ ကာကွယ်ပေးနိုင်တဲ့ ကွန်ဒုံးနဲ့၊ တခြား သဘာဝနည်းလမ်းတွေလည်း ရှိပါတယ်။ သင့်အတွက် မှန်ကန်တဲ့ သားဆက်ခြားနည်းတစ်ခု ရွေးချယ်နိုင်ဖို့ တကယ်လို့ သင်ဟာ ကိုယ်နဲ့ သင့်တော်တဲ့ သားဆက်ခြားနည်းတစ်ခုကို ရွေးချယ်နေတယ်ဆိုရင် သင့်မှာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရဖို့နဲ့ သင့်အဖော်နဲ့ ပွင့်လင်းစွာ တိုင်ပင်ဖို့ အရေးကြီးပါတယ်။ နည်းလမ်းတစ်ခုချင်းစီဟာ ဘယ်လိုအလုပ်လုပ်တယ်၊ ဘေးထွက်ဆိုးကျိုး ဘာတွေ ရှိတယ်၊ ဘယ်လိုအလွယ်တကူ အသုံးပြုလို့ရတယ်၊ ဘယ်လောက်ကုန်ကျနိုင်တယ် ဆိုတာတွေကို သိထားဖို့ လိုပါတယ်။ နောက်ပြီး သင့်ရဲ့ ကျန်းမာရေးအခြေအနေ၊ ဘဝနေထိုင်မှု၊ […]


သားဆက်ခြားခြင်း

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ဆိုတာဘာလဲ

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ဆိုတာ ဘာလဲ သားအိမ်တွင်းထည့်သန္ဓေတားပစ္စည်းဆိုတာ သားအိမ်ထဲမှာ ကိုယ်ဝန်မရဖို့ထည့်ထားရတဲ့ အက္ခရာ T ပုံစံပစ္စည်းလေး ဖြစ်ပြီး အရွယ်အစားအားဖြင့်တော့ သားအိမ်ရဲ့၄ပုံ၁ပုံ အရွယ်လောက်သာ ရှိပါတယ်။ အမျိုးအစားအားဖြင့် ကြေးနီနဲ့ပြုလုပ်ထားတဲ့ အမျိုးအစားရယ်၊ ဟော်မုန်းပါဝင်တဲ့အမျိုးအစားရယ်လို့ရှိပါတယ်။ နှစ်မျိုးလုံးကို ဈေးကွက်ထဲမှာ လွယ်လွယ်ကူကူ ဝယ်လို့ရနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်တာလဲ ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းက သုက်ပိုးတွေကို မမျိုးဥဆီမရောက်အောင် တားဆီးပေးခြင်းအားဖြင့် ကိုယ်ဝန်တားပေးပါတယ်။ အဲဒီအပြင် သန္ဓေအောင်သွားခဲ့ရင်လည်း သားအိမ်ထဲမှာ သန္ဓေတည်ရခက်အောင် လုပ်နိုင်ပါတယ်။ ပရိုဂျက်စထရုန်း ပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းကတော့ သားအိမ်ခေါင်းချွဲကို ထူပျစ်စေတယ်၊ သားအိမ်အတွင်းသားနံရံတွေကို ပါးလွှာစေတယ်၊ အဲဒီအပြင် မမျိုးဥကြွေခြင်းကိုပါ တားဆီးပေးပါတယ်။ အဲဒီနည်းနဲ့ သုက်ကောင်နဲ့မမျိုးဥတွေ့ဆုံပြီး သန္ဓေအောင်ခြင်း၊ သန္ဓေတည်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ပရိုဂျက်စထရုန်း ပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းကို ရာသီလာတဲ့အခါ ကိုက်ခဲခြင်း၊ ပမာဏများများဆင်းခြင်းတို့ ကြုံတွေ့နေရတဲ့ မိန်းကလေးတွေအတွက် […]


သားဆက်ခြားခြင်း

သုက်ပိုးသတ်ဆေး

သုက်ပိုးသတ်ဆေးဆိုတာဘာလဲ သုက်ပိုးသတ်ဆေးတွေကပုံစံမျိုးနဲ့ လာပါတယ်။ ခရင်မ်၊ ဂျယ်လ်၊ ဆပ်ပြာပုံစံ၊ အရည်ကြည်၊ အတောင့်ပုံစံစသဖြင့် ရှိပါတယ်။ အများစုမှာတော့ သုက်ပိုးကိုသတ်နိုင်တဲ့ nonoxynol-9လို့ခေါ်တဲ့ဓါတုပစ္စည်း ပါဝင်ပါတယ်။ သုက်ပိုးသတ်ဆေးတွေကိုတစ်မျိုးတည်းအသုံးပြုနိုင်သလို၊ တခြားသားဆက်ခြားနည်းတခုခုနဲ့ တွဲသုံးမယ်ဆိုရင်တော့ ပိုပြီးထိရောက်ပါတယ်။ ဘယ်လိုအလုပ်လုပ်တာလဲ သုက်ပိုးသတ်ဆေးတွေဟာသုက်ပိုးကိုမလှုပ်နိုင်အောင် လုပ်ပြီးသူတို့ သားအိမ်ဆီမကူးခတ်နိုင်ခင်မှာသတ်ပစ်လိုက်ပါတယ်။ ပိုပြီးထိရောက်စေချင်ရင်တော့ မိန်းမကိုယ်အတွင်းပိုင်း၊ သားအိမ်ခေါင်းနေရာထိသုက်ပိုးသတ်ဆေးတွေကိုထည့်ထားနိုင်ဖို့ လိုပါတယ်။ ခရင်မ်၊ ဂျယ်နဲ့ ဆပ်ပြာပုံစံတွေကိုတော့ ပစ္စည်းလေးတစ်ခုသုံးပြီးထည့်နိုင်ပါတယ်။ တခြားပုံစံသုက်ပိုးသတ်ဆေးတွေကိုလက်ကိုအသုံးပြုပြီးထည့်လို့ ရပါတယ်။ သုက်ပိုးသတ်ဆေးတွေကိုလိင်မဆက်ဆံမီမှာမိန်းမကိုယ်ထဲထည့်ထားဖို့ လိုပြီးမဆက်ဆံမီဘယ်လောက်အကွာမှာထည့်ထားရင် သုံးလို့ရတယ်ဆိုတာကိုတော့ အညွှန်းစာရွက်တွေမှာ ကြည့်နိုင်ပါတယ်။ တချို့က ချက်ချင်းအကာအကွယ်ပေးနိုင်ပြီးတချို့ကတော့ မဆက်ဆံမီအနည်းဆုံး ၁၅မိနစ်ခန့် ကြိုတင်ပြီးထည့်ထားဖို့ လိုပါတယ်။ ဒါပေမယ့် ပျော်ဝင်ပြီးအာနိသင်ပြနိုင်မှာ ဖြစ်ပါတယ်။ သုက်ပိုးသတ်ဆေးတွေအားလုံးကတော့ ထည့်ပြီး ၁နာရီအထိပဲ ထိရောက်မှုရှိပါတယ်။ ၁နာရီကျော်သွားရင်တော့ ဒါမှမဟုတ် ထပ်ပြီးဆက်ဆံဦးမယ်ဆိုရင်တော့ နောက်ထပ်တစ်ခါ သုံးဖို့ လိုပါလိမ့်မယ်။ သုံးတဲ့အခါမှာမိန်းကလေးတွေအနေနဲ့ ဆက်ဆံပြီး ၆နာရီကြာတဲ့အထိ မိန်းမကိုယ်ကိုဆေးကြောပစ်တာမျိုးမပြုလုပ်သင့်ပါဘူး။ ဘယ်လိုအလုပ်လုပ်တာလဲ ဒီနည်းတစ်ခုတည်းကိုပဲသုံးတဲ့တစ်နှစ်အတွင်းအမျိုးသမီးအယောက်တစ်ရာမှာ ၂၉ယောက်ဟာ […]


သားဆက်ခြားခြင်း

အရေးပေါ်သားဆက်ခြားနည်း

အရေးပေါ်သားဆက်ခြားနည်းဆိုတာ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်မရစေဖို့ အမျိုးသမီးတွေအတွက် ဖြေရှင်းနည်းဖြစ်ပါတယ်။ အမည်ပေးထားတဲ့အတိုင်း ပါပဲ။ အရေးပေါ်သားဆက်ခြားနည်းကို ပေါက်ပြဲနေသော ကွန်ဒုံးများသုံးမိခြင်း၊ သားဆက်ခြားဆေး သောက်ရန်မေ့သွားခြင်း ဒါမှမဟုတ် အဓမ္မပြုကျင့်ခံရခြင်းတို့လို အရေးပေါ်အခြေအနေမျိုးတွေမှာပဲ အသုံးပြုဖို့ဖြစ်ပါတယ်။ အရေးပေါ်သားဆက်ခြားခြင်းကို သောက်ဆေးပုံစံနဲ့ ရရှိလေ့ရှိပါတယ်(Ella and Plan B One-Step)။ ဒါ့အပြင် သားအိမ်ထဲ ထည့်သွင်းထားရတဲ့ IUD လို့ခေါ်တဲ့ကိရိယာနဲ့ သုံးတဲ့နည်းလည်းရှိပါတယ်။ Plan B One-Step နည်းကတော့ ဆေးညွှန်းမလိုဘဲ ဆေးဆိုင်တိုင်းလိုလိုမှာ ဝယ်ယူလို့ရနိုင်တာကြောင့် အလွယ်ကူဆုံးနည်းလို့ ဆိုနိုင်ပါတယ်။ လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းမှာ ဆေးတစ်လုံး၊ တစ်ကြိမ်တည်းသောက်လိုက်ဖို့ပဲ လိုပါတယ်။ သောက်တာစောလေထိရောက်လေ ဖြစ်ပါတယ်။ ဟော်မုန်းမပါတဲ့သောက်ဆေးဖြစ်တဲ့ Ella ကတော့ လိင်ဆက်ဆံပြီးနောက် နာရီပေါင်း ၁၂၀ ကြာတဲ့အထိ အာနိသင်ရှိနိုင်ပါတယ်။ ဒါပေမယ့် […]


သားဆက်ခြားခြင်း

IUD ဖယ်ပြီးတဲ့အခါ

အိမ်ထောင်သည်ဘဝကိုရောက်ရှိတဲ့အခါနေရေးထိုင်ရေး၊ စားရေးသောက်ရေးအပြင် စဉ်းစားဖို့ထပ်လိုမှာက အဆင်သင့်မဖြစ်သေးခင်ဘေဘီလေးရရှိသွားနိုင်တဲ့ အခြေအနေကို ကာကွယ်ဖို့ပါ။ ဒီလိုကာကွယ်တဲ့နေရာမှာ သားဆက်ခြားနည်းတွေက အမျိုးမျိုးရှိနေပါတယ်။ ဒီအထဲမှာမှ အလုပ်များတဲ့ အိမ်ထောင်ရှင်လေဒီလေးတွေအတွက် အဆင်ပြေစေမယ့် သားဆက်ခြားနည်းလေးတစ်ခုဖြစ်တဲ့ IUD နဲ့ပတ်သက်ပြီးပြောပြပေးချင်ပါတယ်။ ဒီတစ်ခေါက်တော့ IUD ထည့်ထားပြီးပြန်ထုတ်ဖို့ စဉ်းစားနေတဲ့လေဒီလေးတွေအတွက် သိထားဖို့လိုမှာလေးတွေကိုပြောပြပေးချင်ပါတယ်နော်။ IUD (သားအိမ်တွင်းထည့်ပစ္စည်းဆိုတာ ဘာလဲ) သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်းကြေးနီ IUD ဆိုတာက သားအိမ်ရဲ့ ၄ ပုံ ၁ပုံ အရွယ်အစားရှိတဲ့ ပလတ်စတစ်ချောင်းလေးရဲ့ ကိုယ်ထည်မှာကြေးနီရစ်ပတ်ထားတဲ့ သားဆက်ခြားပစ္စည်းလေးတစ်ခုပါ။ နှစ်ရှည်ခံတဲ့ သားဆက်ခြားနည်းတစ်မျိုးပေါ့။ အလုပ်များတဲ့ အိမ်ထောင်ရှင်လေဒီတွေ၊ဆေးသောက်ရမှာကိုမေ့နေတတ်တဲ့လေဒီလေးတွေအတွက် တကယ့်ကို အဆင်ပြေစေမယ့် သားဆက်ခြားနည်းလမ်းတစ်ခုပေါ့။ ဘယ်လိုအလုပ်လုပ်တာလဲ ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းက သုက်ပိုးကို မမျိုးဥဆီမရောက်အောင်ခင် ရစ်ပတ်ထားတဲ့ ကြေးနီတွေကတားဆီးပေးခြင်းအားဖြင့် ကိုယ်ဝန်ကိုတားပေးပါတယ်။ IUD ရဲ့အားသာချက်တွေက ………….. သားအိမ်တွင်းထည့်ပစ္စည်းက တစ်ခါထည့်ပြီးရင် နှစ်ရှည်ခံတယ်ဆိုတော့ အလုပ်များတဲ့အမျိုးသမီးတွေ သန္ဓေတားဖို့အတွက် စိတ်ချလက်ချယုံကြည်လို့ရပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း