သားဆက်ခြားခြင်း

သားဆက်ခြားတာက ကိုယ်ဝန်ရရှိမှုကို ကာကွယ်ဖို့ အဓိကထား ပြုလုပ်ထားတဲ့ နည်းလမ်းတစ်ရပ်ပါ။ ဒါဆို ဘယ်လို သားဆက်ခြားနည်းတွေရှိလဲ။ ဘယ်နည်းလမ်းက အဆင်ပြေမလဲဆိုပြီး သိချင်နေပြီလား။ သားဆက်ခြားနည်းများနှင့်ပတ်သက်ပြီး သိလိုသည့် အချက်များကို ဒီနေရာတွင် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သားဆက်ခြားခြင်း

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘာတွေများလဲ.......

သားဆက်ခြားတာက အိမ်ထောင်ရှင်လေဒီလေးတွေအတွက် အရေးပါတဲ့ ကိစ္စတစ်ရပ်ပါ။ ဒီလို သားဆက်ခြားနည်းတွေထဲမှာ သန္ဓေတားဆေးသောက်တာ၊ ဆေးထိုးတာ၊ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ( IUD ) ထည့်တာ၊ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ထည့်တာ၊ ကွန်ဒုံးသုံးတာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ဒီလို နည်းလမ်းတွေထဲမှာမှ နေ့တိုင်း ဆေးသောက်ရတာကို မေ့သွားမှာ စိုးလို့၊ ဆေးထိုးရမှာ ရက်ကျော်သွားမှာစိုးလို့ ရေရှည်ခံတဲ့ သားဆက်ခြားနည်း တစ်ခုခုကိုပဲ သုံးချင်တယ်။ ဒီလို ရေရှည်ခံတဲ့ သားဆက်ခြားနည်းတွေထဲမှာမှ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant)ကိုပဲ အသုံးပြုချင်တယ်ဆိုတဲ့ လေဒီလေးတွေ ရှိလား ....... ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant)ဆိုတာ ဘာလဲ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းဆိုတာ မီးခြစ်တံအရွယ်အစား ရှိတဲ့ ပျော့ပျောင်းတဲ့ ပစ္စည်းလေးပါ။ ထုံဆေးပေးပြီး လက်မောင်းရဲ့ အရေပြားအောက်ကို ထည့်သွင်းပေးရပါမယ်။ […]

သားဆက်ခြားခြင်း ကို ရှာဖွေမည်။

သားဆက်ခြားခြင်း

အလုပ်များတဲ့ အမျိုးသမီးများအတွက် အသင့်တော်ဆုံး သားဆက်ခြားနည်း IUD

ဇနီးမယားဆိုတဲ့ ဂုဏ်ပုဒ်ကို စတင်ခံယူလိုက်တယ်ဆိုရင် အိမ်မှုကိစ္စတွေ၊ လင်သားလိုအပ်ချက်တွေဖြည့်ဆည်းပေးရတာနဲ့ တခြားအမျိုးမျိုးသော အိမ်ထောင်မှုကိစ္စရပ် တွေကို နိုင်နင်းအောင်ဆောင်ရွက်ရတာက မြန်မာအမျိုးသမီးတိုင်းတွေ့ကြုံရတတ်တဲ့ ကိစ္စတစ်ခုပါပဲ။ ယနေ့ခေတ်မှာဆိုရင် အမျိုးသမီးတွေက အိမ်ထောင်မှုလုပ်ငန်းတွေ၊ မိခင်တာဝန်တွေကိုသာမက တစ်ဖက်တစ်လမ်းကနေ ဝင်ငွေတိုးအောင်ဆောင်ရွက်လာ တာကြောင့် အားလပ်ချိန်နည်းလာကြပါတယ်။ ဒီကြားထဲ ကလေးယူဖို့ အဆင်သင့်မဖြစ်သေး တာကြောင့် အလုပ်များတဲ့အမျိုးသမီးတွေအတွက် အချိန်ကုန်သက်သာပြီး လွယ်ကူတဲ့ သန္ဓေတားနည်းတွေကို စဉ်းစားရှာဖွေရတာကလည်း အလုပ်တစ်လုပ်ပါ။ဆေးထိုး၊ ဆေးသောက်လိုမျိုး သန္ဓေတားနည်းတွေက မေ့လျော့သွားမယ်ဆိုရင် ကလေးရသွားနိုင်တာကြောင့် အလုပ်များတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက် အသင့်တော်ဆုံး သန္ဓေတားနည်းတစ်ခုကို ညွှန်းပေးချင်ပါတယ်။ အဲဒါကတော့ သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်း ကြေးနီ IUD ပါ။ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း ကြေးနီ IUD ဆိုတာ ဘာလဲ ။ သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်းကြေးနီ IUD သားအိမ်ရဲ့ ၄ ပုံ ၁ပုံ […]


သားဆက်ခြားခြင်း

သန္ဓေတားဆေးရဲ့တခြားကျန်းမာရေးအကျိုးကျေးဇူးများ

သန္ဓေတားဆေးတွေက ကိုယ်ဝန်မရအောင်တားပေးနိုင်တယ်လို့ သိထားကြပြီးဖြစ်ပါတယ်။ ထိုးဆေးနဲ့သောက်ဆေးရှိကြတဲ့အထဲမှာသောက်ဆေးတွေက တခြားကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေနိုင်သေးတယ်ဆိုတာ သင်သိရဲ့လား။ သန္ဓေတားခြင်းထက် ကုသရေးလိုမျိုး တခြားအကြောင်းရင်းတွေအတွက်လည်း သန္ဓေတားဆေးတွေကို အသုံးပြုကြပါတယ်။ ဒါဆို စိတ်ချလုံခြုံရတဲ့လိင်ဆက်ဆံမှုအတွက် အပြင် သန္ဓေတားဆေးကို ဘာလို့သောက်ကြတာလဲ။ အဓိကအားဖြင့် အက်စထရိုဂျင်နဲ့ ပရိုတက်စတင်ဟော်မုန်းတွေပါဝင်တဲ့ နှစ်မျိုးစပ်သောက်ဆေးနဲ့ ဟော်မုန်းတစ်မျိုးတည်းပါတဲ့ ပရိုဂျက်စတင်သီးသန့်သောက်ဆေး ဆိုပြီးသန္ဓေတားဆေးအမျိုးအစားနှစ်မျိုးရှိပါတယ်။ သန္ဓေတားဆေးတွေက အမျိုးသမီးရဲ့သားဥအိမ်ကနေ မမျိုးဥထွက်မလာအောင် တားဆီးပေးတာဖြစ်ပြီး သားအိမ်နံရံကအကျိအချွဲတွေကို ထူစေတဲ့နည်းနဲ့ ကိုယ်ဝန်မရအောင် ကာကွယ်ပေးပါတယ်။ ဓမ္မတာလာချိန်နာကျင်ကိုက်ခဲမှုသက်သာစေဖို့ ဆရာဝန်ဆေးညွှန်းပေးတာရှိသလို ရာသီသွေးပေါ်ချိန်မှန်စေဖို့လည်းသုံးကြပါတယ်။ တားဆေးမှာ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေလို့ပါ။ပေါင်းစပ်သန္ဓေတားဆေးနဲ့ ပရိုဂျက်စတင်သန္ဓေတားဆေးနှစ်မျိုးလုံးက ရာသီလာစဉ်နာကျင်ကိုက်ခဲမှုတွေကိုလျော့ပါးစေပြီးသွေးဆင်းများခြင်းကို ထိန်းပေးနိုင်သလို သားအိမ်ပြင်ပသန္ဓေတည်ခြင်း(ectopic pregnancy)ဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။ ဒါ့အပြင် - ဝက်ခြံ အရိုးပါးခြင်း ရင်သားနဲ့သားအိမ်အတွင်းအကျိတ်ဖြစ်ခြင်း မျိုးဥအိမ်ကင်ဆာ သားအိမ်၊သားဥပြွန်၊မျိုးဥအိမ်တို့မှာပြင်းထန်တဲ့ရောဂါပိုးဝင်ခြင်း သံဓါတ်အားနည်းခြင်း(သွေးအားနည်းခြင်း) PMS ( ရာသီမလာခင် ခံစားရတဲ့လက္ခဏာများ) ကို ကာကွယ်တားဆီးပေးပါတယ်။   သန္ဓေတားဆေးတွေက ဘယ်လိုရောဂါအခြေအနေတွေအတွက် အကျိုးအာနိသင်ရှိသလဲ သန္ဓေတားဆေးတွေကိုရောဂါအခြေအနေအတော်များများကိုကုသရာမှာအသုံးပြုကြပါတယ် - (၁) Polycystic […]


သားဆက်ခြားခြင်း

အသင့်တော်ဆုံး သားဆက်ခြားနည်း ရွေးချယ်မယ်

အဆင်သင့်မဖြစ်သေးခင်မှာ ကိုယ်ဝန်မရရှိစေဖို့အတွက် သန္ဓေတားနည်းအမျိုးမျိုးကို အသုံးပြုပြီး သန္ဓေတားလို့ရပါတယ်။ သန္ဓေတားခြင်းက မိသားစုစီမံကိန်းချခြင်းနဲ့ မိသားစုတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအရာရာအဆင်ပြေနေဖို့အတွက် အထူးအရေးကြီးပါတယ်။ သန္ဓေတားနည်းတွေမှာ ကွန်ဒုံး၊IUD၊သန္ဓေတားဆေးတွေ၊ ရက်တွက်နည်း၊ အမျိုးသား သားကြောဖြတ်ခြင်း နဲ့ အမျိုးသမီးသားကြောဖြတ်တဲ့ နည်းလမ်းတွေအပါအဝင် နည်းလမ်းအမျိုးမျိုးကိုသုံးပြီး သန္ဓေတားလို့ရပါတယ်။ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ကိုယ်စီရှိတဲ့ သန္ဓေတားနည်းပေါင်းများစွာရှိတဲ့အတွက် ကိုယ့်လိုအပ်ချက်တွေနဲ့ကိုက်ညီတာကို ရှာဖွေရတာဟာ မလွယ်ကူပါဘူး။ ဒါဟာ ဘာကြောင့် သားဖွားမီးယပ်ဆရာဝန်တွေ အကြံပြုတဲ့ဆေးကိုပဲ သုံးဖို့ပိုလွယ်ကူရိုးရှင်းရသလဲဆိုတာရဲ့ အဓိကအဖြေပါပဲ။ အမျိုးသမီးတိုင်းဟာနေထိုင်မှုပုံစံနဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံချင်းမတူညီကြတာကြောင့် တစ်ဦးနဲ့တစ်ဦး သင့်တော်တဲ့သားဆက်ခြားနည်းချင်းလည်းကွဲပြားနိုင်ပါတယ်။အောက်ဖော်ပြပါတွေကတော့ သင်သိထားသင့်တဲ့ ဈေးကွက်မှာ ဝယ်ယူရရှိနိုင်တဲ့ ထင်ရှားတဲ့ သန္ဓေတားနည်းအမျိုးအစားတွေဖြစ်ပါတယ်။ ဒါတွေကိုသိထားခြင်းဖြင့် သင့်အတွက် ရွေးချယ်ရပိုလွယ်ကူမှာပါ။ ဘယ်တစ်ခုက ကိုယ့်အတွက် အသင့်တော်ဆုံးလဲဆိုတာကို ဒီထက်ပိုပြီးသိနိုင်ဖို့အတွက်ကတော့ ဆရာဝန်နဲ့ ဆက်လက်တိုင်ပင်တာ အကောင်းဆုံးဖြစ်မှာပါ။ ကွန်ဒုံး Latex ဒါမှမဟုတ် […]


သားဆက်ခြားခြင်း

အရေးပေါ်သန္ဓေတားနည်းနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ

အရေးပေါ်သန္ဓေတားနည်းဆိုတာဘာလဲ အရေးပေါ်သန္ဓေတားနည်းဆိုတာ လိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်ရမသွားစေဖို့ အသုံးပြုနိုင်တဲ့ သားဆက်ခြားနည်းလမ်းတွေဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို ၅ ရက်အတွင်းအသုံးပြုလို့ရတယ်လို့ အကြံပြုထားပေမယ့် လိင်ဆက်ဆံပြီးမြန်မြန်အသုံးပြုနိုင်လေ ထိရောက်လေဖြစ်ပါတယ်။ ဘယ်သူတွေအသုံးပြုနိုင်သလဲ၊ ဘယ်လိုအခြေအနေမျိုးမှာသုံးကြသလဲ ပျမ်းမျှအားဖြင့် အသက် ၁၅ နှစ်အရွယ်ကနေ ၄၄ နှစ်အတွင်းအမျိုးသမီးတွေ ကိုယ်ဝန်မရအောင်တားလိုတဲ့အခါ သုံးကြပါတယ်။ အရေးပေါ်သားဆက်ခြားနည်းကိုအသုံးပြုဖို့ အသက်ကန့်သတ်ချက်မရှိပါဘူး။ အရေးပေါ်သန္ဓေတားနည်းတွေကို လိင်ဆက်ဆံပြီးနောက် အခြေအနေအမျိုးမျိုးမှာ အသုံးပြုကြပါတယ် - သန္ဓေတားဆေးမသုံးထားခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊ ပုံမှန်သားဆက်ခြားနည်းလမ်းတွေမှာ အမှားအယွင်း သို့မဟုတ် ချွတ်ယွင်းမှုရှိတဲ့အခါမျိုး၊ ကွန်ဒုံးပေါက်ပြဲခြင်း၊ ချော်ထွက်ခြင်း၊အသုံးပြုပုံမမှန်ကန်ခြင်း၊ သန္ဓေတားသောက်ဆေးတွေကို သောက်သုံးဖို့ ၃ ရက်နဲ့အထက် ရက်ကျော်ခြင်း၊ သားအိမ်ဝအဖုံး(diaphragm )သို့မဟုတ် သားအိမ်ဝအပိတ် (cervical cap) အနေအထားမမှန်ခြင်း၊ ပျက်စီးခြင်း၊ပေါက်ပြဲခြင်း၊ ထွက်ကျခြင်း(expulsion) ရက်တွက် သန္ဓေတားနည်းမှာ ရက်အတွက်မှားခြင်း၊ သားအိမ်တွင်းထည့်ပစ္စည်း (IUD)သို့မဟုတ် အရေပြားအောက် ထည့်သွင်းရတဲ့သန္ဓေတားပစ္စည်း ကိုထုတ်လိုက်ပြီးတဲ့အချိန်တွေမှာ […]


သားဆက်ခြားခြင်း

သဘာဝနည်းအတိုင်း သားဆက်ခြားမယ်

ဒီနည်းလမ်းတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ သဘာဝ လုပ်ငန်းဆောင်တာတွေအပေါ်မူတည်ပြီး လတစ်လရဲ့ ဘယ်ရက်တွေဟာ ကိုယ်ဝန်ရနိုင်ချေ အများဆုံးလဲဆိုတာကို ဆုံးဖြတ်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒါကို သဘာဝနည်းအတိုင်း သားဆက်ခြားခြင်းလို့လည်း ခေါ်ပါသေးတယ်။ ရက်ရှောင်နည်း၊ ခန္ဓာကိုယ်ရဲ့ အနည်းဆုံးအပူချိန်၊ သားအိမ်ခေါင်းအကျိအချွဲပေါ်မူတည်တဲ့ နည်း အစရှိတာတွေကို ပေါင်းစပ်အသုံးပြုပြီး သင့်ခန္ဓာကိုယ်ဟာ ဘယ်အချိန်တွေမှာ မျိုးအောင်နိုင်ချေ အများဆုံးလဲဆိုတာကို သိရှိစေပါတယ်။   ရက်ရှောင်နည်း (ပြက္ခဒိန်တွက်နည်း) သင့်ခန္ဓာကိုယ်ရဲ့ သားဥကြွေချိန်နဲ့ မျိုးအောင်နိုင်တဲ့အချိန်တွေကို သိရှိမယ်ဆိုရင် အဆိုပါ အချိန်တွေမှာ လိင်ဆက်ဆံမှုကို ရှောင်ရှားခြင်း ဒါမှမဟုတ် အကာအကွယ်သုံးပြီး လိင်ဆက်ဆံခြင်းတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံးလုပ်ရမယ့်အချက်က သင့်ရာသီစက်ဝန်းအကြောင်း တိတိပပသိရှိရမှာဖြစ်ပြီး မျိုးအောင်နိုင်မယ့်ရက်တွေ၊ ကိုယ်ဝန်မရနိုင်မယ့် ရက်တွေကို သိထားဖို့ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ရာသီစက်ဝန်းဟာ ၂၂ရက်ကနေ ၃၅ရက် အတွင်း ကြာမြင့်တတ်ပါတယ်။ သင့်ရာသီစက်ဝန်းကို ခန့်မှန်းတွက်ချက်နိုင်ဖို့အတွက် ပုံမှန်ဓမ္မတာစက်ဝန်းမှာ ဖြစ်ပေါ်လေ့ရှိတဲ့ […]


သားဆက်ခြားခြင်း

တားဆေးဖြတ်ပြီးရင် ကလေးရဖို့ ခက်သွားနိုင်တယ်ဆိုတာ တကယ်လား

ပဋိသန္ဓေတားဆေးတွေ နဲ့ပတ်သက်ပြီး ပြောကြဆိုကြတဲ့ အရပ်စကားတွေက အများကြီးပါ။ ဒီအထဲကမှ အန်တီကြီးတွေ ပြောလေ့အရှိဆုံးစကားကတော့ တားဆေး တွေကို ကာလတခုကြာအောင်သောက်ပြီး ဖြတ်လိုက်တဲ့အခါ နောင်တချိန်မှာ ကလေးရဖို့ ခက်သွားနိုင်တယ်ဆိုတာပါပဲ။ တားဆေးဖြတ်ပြီးရင် ကလေးရဖို့ ခက်သွားနိုင်တယ်ဆိုတာ တကယ်လား တားဆေးဖြတ်ပြီးရင် ကလေးရဖို့ ခက်သွားနိုင်တယ်ဆိုတာ တကယ်လား ဆိုတော့ ဒါဟာ အင်မတန် ဒွိဟပွားစရာ စကားပါ။ ဒီအဆို မှန်၊မမှန် သိရအောင် ဆောင်းပါးလေးကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။ ပဋိသန္ဓေတားဆေးတွေက ဘယ်လိုအလုပ်လုပ်သလဲ။ ဒီဆေးတွေဟာ ဟော်မုန်းဆေးတွေဖြစ်ပြီး ကိုယ်ဝန်ရှိလာခြင်းမှ ကာကွယ်ဖို့အတွက် နေ့စဉ်ပုံမှန် သောက်ပေးရကာ မှန်ကန်စွာ သုံးစွဲမယ်ဆိုရင် ၉၉.၉% အထိ အာနိသင်ထိရောက်ပါတယ်။ သားဥအိမ်ကနေ ကြွေကျလာတဲ့ မမျိုးဥလေးဟာ အဖိုရဲ့သုတ်ကောင်တကောင်နဲ့ပေါင်းပြီး သန္ဓေသားဖြစ်လာမယ့် ဆဲလ်လုံးလေး အဖြစ် သားအိမ်မှာသွားရောက်ကပ်တွယ်ကာ ကလေးလေးအဖြစ် တဖြည်းဖြည်း ကြီးထွားဖွံ့ဖြိုးလာပါတယ်။ သားဥအိမ်ကနေ မမျိုးဥကြွေကျတာကို သားဥကြွေခြင်းလို့ ခေါ်ပြီး […]


သားဆက်ခြားခြင်း

ရာသီခွင်ဖြင့် သန္ဓေတားနည်း

Birth Control သို့ contraception ဆိုတာ ကိုယ်ဝန်ရရှိခြင်းကို ကာကွယ်ဖို့ အသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။ ကိုယ်ဝန်တားဖို့ အသုံးပြုတဲ့နည်းလမ်းတွေ အမြောက်အမြားရှိပြီး ရာသီခွင်ဖြင့် သန္ဓေတားနည်း ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရက်ရှောင်ပြီး အတူနေပေမယ့် အခန့်မသင့်ရင် ကိုယ်ဝန်ရသွားနိုင်တာမို့ စုံတွဲတွေက ဒီနည်းလမ်းအကြောင်း သေချာသိထားဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီနည်းလမ်းအကြောင်းကို သေချာစွာ သိစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ရာသီခွင်ဖြင့် သန္ဓေတားနည်း ဆိုတာ ဘာလဲ။ ပြက္ခဒိန်အခြေပြုရက်တွက်နည်း (Calendar based method) ဟာ ကိုယ်ဝန်တားဖို့အတွက် ရာသီစက်ဝန်းတလျှောက် ကိုယ်ဝန်ရရှိနိုင်ချိန်တွေကို သေချာစွာ စောင့်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ အမျိုးသမီးဟာ သူ့ရဲ့ ရာသီစက်ဝန်းကို သိရှိစေဖို့ ရာသီစက်ဝန်းကို ခြောက်လလောက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သူဟာ ရာသီလာခြင်းရဲ့ ပထမ […]


သားဆက်ခြားခြင်း

သိထားသင့်သော သန္ဓေတားနည်း အသစ်၄မျိုး

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကလေးယူဖို့ အစီအစဉ် မရှိသေးတဲ့ မိန်းမတွေနဲ့၊ ယောက်ျားတွေအတွက် သန္ဓေတားနည်းတွေလည်း အများအပြား ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဓိကအားဖြင့် မိန်းမများသာ အသုံးပြုနေတဲ့ ယခင် သန္ဓေတားဆေးတွေနဲ့ မတူတာက ဒီလို သန္ဓေတားနည်း အသစ်တွေဟာ အမျိုးသားများ အတွက်ပါ ထုတ်လုပ်ထားခြင်း ဖြစ်လို့ပါ။   ၁။ မိန်းမများ အသုံးပြုနိုင်သော ကွန်ဒုံး မိန်းမသုံး ကွန်ဒုံး ဆိုတာ ပေါ်ပေါက်ခဲ့တာ အချိန်အနည်းငယ် ကြာခဲ့ပြီးဖြစ်ပေမယ့် ယောက်ျားသုံး ကွန်ဒုံးတွေထက်စာရင် အသုံးပြုမှု နည်းနေတာ တွေ့ရပါတယ်။ မိန်းမသုံး ကွန်ဒုံးတွေဟာ ပလတ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။ အလွန်ပါးလွှာပြီး ကျုံ့နိုင် ဆန့်နိုင်စွမ်းလည်း ရှိပါတယ်။ ယောက်ျား တစ်ယောက်နဲ့ လိင်မဆက်ဆံခင်မှာ ကွန်ဒုံးရဲ့ အစိတ်အပိုင်း တစ်ခုကို သုတ်ကောင်တွေ သားအိမ်ထဲ မဝင်အောင် အတားအဆီးဖြစ်ဖို့ […]


သားဆက်ခြားခြင်း

ဆေးပညာအရ ကိုယ်ဝန်ဖျက်ချပြီးနောက်ပိုင်း ထိုက်သင့်တဲ့ကုသစောင့်ရှောက်မှုခံယူခြင်း

ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချပြီးနောက် မိသားစု အထူးသဖြင့် ကာယကံရှင်မိခင်လောင်းက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ခံစားရစမြဲဖြစ်ပါတယ်။ မိခင်လောင်းဟာ ဒီလိုဆုံးရှုံးမှု ကြုံတွေ့ရပြီးနောက်ပိုင်းမှာ အထူးစောင့်ရှောက် ကုသမှုခံယူဖို့လိုအပ်တယ်လို့ ပြောကြပါတယ်။ (မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် မရှိပါ။)   ကိုယ်ဝန်ဖျက်ချပြီးနောက် ဘယ်လိုခံစားချက်မျိုး ရှိလာနိုင်မလဲ လူတိုင်းဟာ တခြားသူနဲ့မတူတဲ့သီးခြားဖြစ်တည်မှုဖြစ်တာကြောင့် ရုပ်ရည်သွင်ပြင်နဲ့ စိတ်နေစိတ်ထားတွေလည်း မတူကြတဲ့အတွက် ဆေးပညာအရ ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချမှုခံယူပြီး နောက် ခံစားနေရတတ် သူ၊ မခံစားရသူ ဆိုပြီးရှိပါတယ်။ သင့်မှာ ခံစားချက် ပြင်းထန်တာလည်း ရှိနိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင် ကအရာဝတ္ထုတွေကို ထိတွေ့ခံစား မသိနိုင်တော့တာ၊ အာရုံ မရနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အရာအားလုံးကိုခံစားလွယ်ပြီး ဟာတာတာလည်း ခံစားနေရနိုင်ပါတယ်။ ဒေါသစိတ်၊ ဆုံးရှုံးရတဲ့စိတ်၊ အပြစ်ရှိစိတ်၊ စိတ်သက်သာမှု၊ဝမ်းနည်းစိတ် စတာတွေကိုလည်း ခံစားရနိုင်ပါတယ်။   စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေလိုအပ်လာရင် ဘာလုပ်ရမလဲ တချို့လူတွေက နောက်ဆက်တွဲခံစားချက်တွေဘာမှ […]


သားဆက်ခြားခြင်း

အမျိုးသမီးကွန်ဒုံး (Diaphragm)

အမျိုးသမီးသုံးကွန်ဒုံး (Diaphragm) ဆိုတာက ပျော့ပျောင်းပြီးလိုသလို ပုံစံချလို့ရတဲ့ ဆီလီကွန်ခွက်တစ်ခုပဲဖြစ်ပါတယ်။ ဒီအမျိုးသမီး ကွန်ဒုံး ကို လိင်မဆက်ဆံခင်မှာ သုက်ပိုး တွေနဲ့ မမျိုးဥတွေကို မထိတွေ့မိစေအောင် အကာအကွယ်ပေးဖို့အတွက် အမျိုးသမီး မျိုးပွားအင်္ဂါကို ထည့်သွင်းဖို့ အထူးထုတ်လုပ် ထားတာဖြစ်ပါတယ်။ ဒီနည်းက လူသိများတဲ့ သားဆက်ခြားနည်းတစ်ရပ်ဖြစ်ပါတယ်။   အမျိုးသမီးကွန်ဒုံး ကိုပိုပြီး ထိထိရောက်ရောက်ဖြစ်စေဖို့ အတွက်ခွက်အတွင်းနဲ့အနားဝကို သုက်သတ် ဆေး ခရင်မ် အနည်းငယ်လူးပေးပါ။ အမျိုးသမီးကွန်ဒုံး ကိုမျိုးပွားအင်္ဂါအတွင်း မထည့်ခင်မှာ လက်ကို သန့်ရှင်းအောင် ဆေးကြောပါ။ မတ်တပ်ရပ်အနေ အထား နဲ့ထည့်သွင်းနိုင်သလို ထိုင်နေတဲ့ အနေအထားမှာလည်း ထည့်သွင်းလို့ရပါတယ်။ သက်တောင့်သက်သာဖြစ်တဲ့အနေအထားမှာ လုပ်ဆောင်ပါ။ ယောနိဝကိုကျယ်အောင်လုပ်ပြီး အမျိုးသမီးကွန်ဒုံး ကိုထည့်သွင်းပါ လက်ညိုးကို အသုံးပြုပြီး အမျိုးသမီးကွန်ဒုံး ကိုခေါက်ပြီး အတွင်းထဲကိုရောက်အောင်ထည့်ပါ။ ဒီ အမျိုးသမီးကွန်ဒုံး ကသားအိမ်အဝကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း