ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

Chalamydia ပိုးဝင်ခြင်း

ကလာမိုင်းဒီးယားရောဂါအကြောင်း သိကောင်းစရာများ

ကလာမိုင်းဒီးယား (chlamydia) ဆိုတာ လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ ပျောက်ကင်းအောင်ကုသဖို့ လွယ်ကူပေမယ့် မကုသဘဲထားမယ်ဆိုရင် ရောဂါပိုးရှိသူ အမျိုးသမီးတွေကို ကိုယ်ဝန်မရအောင် အနှောင့်အယှက်ပေးနိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ကလာမိုင်းဒီးယားရောဂါဆိုတာ ဘာလဲ ကလာမိုင်းဒီးယားရောဂါဆိုတာ ကျားမမရွေး ဖြစ်ပွားနိုင်ပြီး လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဟာ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါအဖွဲ့အစည်းကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေပြီး နောက်ဆုံးရလဒ်အနေနဲ့ ရောဂါပိုးရှိသူ အမျိုးသမီးကို ကိုယ်ဝန်မဆောင်နိုင်တော့တဲ့အထိ ဖြစ်သွားစေပါတယ်။ ဒါ့အပြင် ကလာမိုင်းဒီးယားရောဂါဟာ လူ့အသက်ကိုပါ ခြိမ်းခြောက်နိုင်တဲ့ နေရာလွဲမှားသန္ဓေတည်ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် အထူးသတိထားသင့်တဲ့ ရောဂါတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ကလာမိုင်းဒီးယားရောဂါဟာ ဘယ်လိုကူးစက်ပျံ့နှံ့တတ်သလဲ ရောဂါပိုးရှိသူနဲ့ မိန်းမကိုယ်၊ စအို၊ ပါးစပ်တို့မှာ လိင်ဆက်ဆံရာကတဆင့် ကလာမိုင်းဒီးယားရောဂါ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူ အမျိုးသားအဖော်က သုတ်လွှတ်သည်ဖြစ်စေ မလွှတ်သည်ဖြစ်စေ သင့်ဆီကို ရောဂါကူးစက်နိုင်ပါတယ်။ အကယ်၍ သင်ဟာ ကလာမိုင်းဒီးယားရောဂါ ဖြစ်ခဲ့ဖူးပြီး ကုသပျောက်ကင်းသွားပြီဆိုပေမယ့် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပရောပရည်လုပ်ခြင်းလား လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်းလား

အမျိုးသမီးဝါဒ ပေါ်ထွန်းလာခြင်းနဲ့အတူ ပရောပရည်လုပ်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်းရဲ့ မတူကွဲပြားမှုကို လူအများက အာရုံစိုက်လာကြပါတယ်။ လူတွေဘယ်လိုပဲ ထပ်တလဲလဲပြောဆိုနေကြပါစေ ဒီအကြောင်းအရာနှစ်ခုဟာ ရှင်းရှင်းလင်းလင်း ကွဲပြားခြားနားတာကို သိမြင်နိုင်ပါတယ်။ ရုပ်ရည်ချောမောပြေပြစ်ခြင်းမရှိသူ အမျိုးသား အမျိုးသမီး အများစုက လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်းကို ပရောပရည်လုပ်ခြင်း ခေါင်းစဉ်အောက် ထည့်သွင်းတတ်ကြပေမယ့် ဘယ်ဟာက လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးလုပ်ခြင်းဖြစ်ပြီး ဘယ်ဟာက ပရောပရည်လုပ်ခြင်းဖြစ်သလဲဆိုတာကိုတော့ သင်ကိုယ်တိုင်သာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။   ဘယ်အရာတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်းအဖြစ် သတ်မှတ်မလဲ အချို့သော ရုပ်ပုံ၊ ဟာသ၊ စကားအသုံးအနှုန်းနဲ့ ထိတွေ့မှုတွေကို “မလျော်ကန်မသင့်တင့်ဘူး” လို့ သတ်မှတ်နိုင်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အပြုအမူနဲ့ တုံ့ပြန်မှုတွေဟာ သင့်ကို ကသိကအောက်ဖြစ်စေတယ် စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင် ဒါဟာ လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်း ဒါမှမဟုတ် နိုင့်ထက်စီးနင်းပြုလုပ်ခြင်း ဖြစ်နေနိုင်တဲ့အတွက် သင်ယုံကြည်ရတဲ့ အရွယ်ရောက်ပြီးသူ တစ်ယောက်ယောက်ကို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်စွဲလမ်းမှုအကြောင်း သိကောင်းစရာများ

လိင်စွဲလမ်းမှုပြဿနာ ရှိသူတွေဟာ သူတို့မထိန်းချုပ်နိုင်တဲ့ ကာမဆန္ဒနှိုးဆွမှုတွေကို ခံစားကြရတာ ဖြစ်ပါတယ်။ လိင်စွဲလမ်းမှုပြဿနာ ရှိသူတွေဟာ လိင်ကိစ္စကို ပြင်းပြင်းထန်ထန် စိတ်ဝင်စားသူတွေသာဖြစ်တယ်ဆိုတဲ့ အပေါ်ယံယူဆချက်ဟာ တကယ်တော့ တိကျမှုမရှိပါဘူး။ ဒီပြဿနာရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ခြင်း မလိုလားအပ်သည့် လိင်ဆိုင်ရာအပြုအမူများကို မပြုလုပ်မိအောင် ကြိုတင်ကာကွယ်သော်လည်း မအောင်မြင်ခြင်း အနုတ်သဘောဆောင်သည့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်း၊ စိုးရိမ်ပူပင်ခြင်း၊ စိတ်ကျခြင်း၊ ဥပဒေရေးရာ ပြဿနာများနှင့် ရင်ဆိုင်ရခြင်း လိင်စွဲလမ်းမှုနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာအချက်အလက် များစွာရှိပါတယ်။ စိတ်ကြွစိတ်ကျရောဂါရှိသူအများစုဟာ စိတ်ကြွနေတဲ့အခြေအနေမှာ အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှုတွေ ပြုလုပ်မိတတ်ပါတယ်။ Borderline Personality Disorder အမည်ရှိ ပင်ကိုယ်ဗီဇဆိုင်ရာ စိတ်ရောဂါရှိသူတွေဟာ ယေဘုယျအားဖြင့် မိမိကိုယ်ကိုယ်ထိခိုက်အောင် ပြုမူတတ်ကြပြီး အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှုတွေကိုလည်း ပြုလုပ်တတ်ကြပါတယ်။ မိမိတို့ရဲ့ ကျား၊မ လိင်စိတ်နဲ့ပတ်သက်ပြီး […]


သားဆက်ခြားခြင်း

သားဆက်ခြားဖို့ ဘာကြောင့်အရေးကြီးတာလဲ

ရင်သွေးလေးမပိုင်ဆိုင်ချင်တဲ့ အိမ်ထောင်စုံတွဲရယ်လို့ သိပ်မရှိလောက်ပါဘူး။ ရင်သွေးလေးတွေကို အိမ်ရဲ့ ဆည်းလည်းလေးတွေလို့တောင် တင်စားကြတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေက မိသားစုကိုချစ်မြတ်နိုးမှုကြီးမားကြပါတယ်။ သားသမီးလေးတွေကိုပြည့်စုံတဲ့ ဘဝတစ်ခုကိုပေးချင်တဲ့ဆန္ဒက မိဘတိုင်းမှာရှိကြမှာပါ။ပြည့်စုံနေတဲ့အချိန်မှာဘေဘီလေးတစ်ယောက် ကိုယ်တွေဘဝထဲကိုရောက်လာတာကပျော်စရာကောင်းပေမယ့် မပြည့်စုံခင်မှာမျှော်လင့်မထားဘဲရောက်လာခဲ့ရင် ဝမ်းသာရပေမယ့် လိုအပ်ချက်တွေရှိနေတဲ့ အနေအထားကြောင့် အပြည့်အဝတော့ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ လိုအပ်ချက်နည်းပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ဖို့ဆိုရင် အရင်ဆုံးလုပ်ရမယ့် အလုပ်တစ်ခုက မိသားစု အစီအစဉ်ဆွဲတာပါ။နေထိုင်ရေး၊စားသောက်ရေးကစလို့ ကျန်းမာရေးအထိမကျန်အကုန်လုံးကိုထည့်စဉ်းစားဖို့လိုပါမယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဘယ်နှစ်နှစ်ခြားမယ်၊ ဆိုတဲ့အချက်ကလည်းမေ့ထားလို့မဖြစ်ပြန်ပါဘူး။ ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာခြားထားတဲ့ကာလက ဘာလို့အရေးကြီးတာလဲ မိခင်နဲ့ကလေးမှာ ကျန်းမာရေးပြဿနာတွေမဖြစ်စေဖို့အတွက် ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အချိန်ကာလအပိုင်းအခြားတစ်ခုထားရှိဖို့က အရေးကြီးပါတယ်။ သုတေသနပြုမှုတွေအရ ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ၂ နှစ်လောက်မခြားဘဲ မွေးဖွားတဲ့အခါ - ကလေးကပေါင်မပြည့်တာ သန္ဓေသားဖွံ့ဖြိုးမှုအားနည်းတာ လမစေ့ဘဲ ကလေးမွေးဖွားတာ မွေးကင်းစအရွယ်မှာ ကလေးသေဆုံးတာ သားအိမ် ကွဲတာလိုမျိုး ကျန်းမာရေးပြဿနာတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။   ကျန်းမာရေးပြဿနာတွေတင်မကပါဘူး ကလေးတစ်ယောက်နဲ့တစ်ယောက်ကြား အချိန်အပိုင်းအခြားတစ်ခု မစီစဉ်ထားဘဲမွေးဖွားခြင်းက ကလေးနဲ့ မိခင်အတွက် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အတွေ့ရများတဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ မေးခွန်းလေးတွေ

အတွေ့ရများတဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ မေးခွန်းလေးတွေ ဟိုတလောက ကာလသားတွေရဲ့ လွဲလွဲလေးတွေကို ဖော်ပြပေးခဲ့ပါတယ်။ ဒီတခါလည်း အွန်လိုင်းပေါ်မှာ အတွေ့ရများတဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ စိတ်ဝင်စားဖွယ်(အယူအဆ မှားယွင်းဖွယ်) မေးခွန်းလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ တချို့မေးခွန်းလေးတွေဟာ ရုတ်တရက် စဉ်းစားရင် သိသလို မသိသလို ဖြစ်နေပြီး ဆေးပညာနဲ့ ရင်းနှီးမှုမရှိတဲ့သူတွေအဖို့ အမှတ်မှားနိုင်စရာတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးဟာ အတိုင်းအတာတခုအထိ အယူအဆမှားတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။   ၁။ အမျိုးသားတွေရော သွေးဆုံးတတ်လား။ ဒီမေးခွန်းလေးက ပြုံးချင်စရာ ကောင်းသလို မေးသင့်တဲ့ ပေါက်ပေါက်ရှာရှာ မေးခွန်းလေးလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေ သွေးဆုံးသလို အမျိုးသားတွေရော သွေးဆုံးတတ်ပါသလား။ အဖြေကတော့ မှန်ပါတယ်၊အမျိုးသားတွေလည်း သွေးဆုံးတတ်ပါတယ်။ သို့သော် ... အမျိုးသမီးတွေလို သိသိသာသာ ထင်ထင်ရှားရှားကြီးတော့ မဟုတ်ဘူးပေါ့လေ။ အမျိုးသမီးတွေမှာဆိုရင် အသက် ၁၁-၁၂-၁၃ အပျိုဖော်ဝင်စအရွယ်ကနေ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပွင့်သောပန်းတိုင်း မညှိုးရအောင်

ပွင့်သောပန်းတိုင်း မညှိုးရအောင် အိမ်ထောင်ရှင်အမျိုးသားတဦးအတွက် လိင်မှုရေးရာ စွမ်းဆောင်ရည်ဆိုတာဟာလည်း အရေးအကြီးဆုံး မဟုတ်ရင်တောင် အရေးအကြီးဆုံးတွေထဲက တခုအဖြစ်တော့ သေချာပေါက် ပါဝင်နေပါတယ်။ အိမ်ထောင်ဦးစီး ယောက်ျားတွေအနေနဲ့ လူမှုရေး၊စီးပွားရေး အစရှိတဲ့ စိတ်ဖိစီးမှုဒါဏ်တွေကိုလည်း ခံရလေ့ရှိသေးတာမို့ အိမ်ထောင်ရေးသုခအပြည့်အဝရဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထကောင်းလေးတွေ၊အမူအကျင့်ကောင်းလေးတွေ၊ဆောင်ရန်ရှောင်ရန်လေးတွေကို သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးက သင့်ရဲ့ ပန်းဥယျာဉ်ကမ္ဘာကြီးထဲက ပန်းလေးတွေ မားမားမတ်မတ်နဲ့ လန်းဆန်းနေစေဖို့ တထောင့်တနေရာကနေ ကူညီပေးနိုင်မှာပါ။   ၁။ ကိုယ်အလေးချိန်ထိန်းပါ။ တခါတလေကျပြန်တော့ နည်းနည်းဝလာတာနဲ့ကို သင့်ရဲ့ အိပ်ယာတွင်း စွမ်းဆောင်ရည်ကို လျော့ကျစေနိုင်ပါတယ်။ အကယ်၍ သင်ဟာ အဝလွန်နေသူတဦးဖြစ်ခဲ့မယ်ဆိုရင်တော့ ကိုလက်စထရောပမာဏများပြားခြင်းဟာ ပန်းသေပန်းညှိုးပြဿနာဆီကို ဦးတည်လာနိုင်ပါတယ်။ ခါးဆိုဒ် ၄၀ ထက်ကျော်သူတွေဟာ လိင်ဆက်ဆံရာမှာ လိုသလောက် ခရီးမပေါက်တတ်ဘူးလို့ လေ့လာချက်အချို့က ညွှန်းဆိုနေတဲ့အတွက် သင့်ကိုယ်အလေးချိန်ကို ဂရုတစိုက် ထိန်းသိမ်းသင့်ပါတယ်။   ၂။ သွေးပေါင်ချိန်မှန်မှန်တိုင်းပါ။ သွေးပေါင်ချိန်တက်တဲ့အခါ သင့်ခန္ဓါကိုယ်တွင်းမှာရှိတဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အပြာစာအုပ် နဲ့ ရုပ်ရှင်တွေ က တကယ်ဟုတ်ရဲ့လား

အပြာစာအုပ် နဲ့ ရုပ်ရှင်တွေက ပေးနေတဲ့ သတင်းအချက်အလက်တွေက မှန်ကန်ပါရဲ့လား ဆိုတာ ပြောပြချင်ပါတယ်။ လူတွေကို ခေတ်အဆက်ဆက် သတင်းမှားအပေးဆုံး ဖျော်ဖြေရေးကို ပြပါဆိုရင် အပြာဖျော်ဖြေရေးတွေကို လက်ညှိုးထိုးပြရမှာပဲ ဖြစ်ပါတယ်။ တစ်မျိုးပြန်စဉ်းစားရင် ဖျော်ဖြေရေးဆိုတာ ယုတ္တိရှိစရာမလိုဘူးလို့ ပြောလို့ရပေမယ့် တချို့တချို့သော အရာတွေဟာ ကျန်းမာရေးအသိမှားတွေနဲ့ ပြစ်မှုကျူးလွန်ခြင်းတွေဆီကိုပါ ဦးတည်လာတဲ့အခါ ပြဿနာရှိလာပါပြီ။ ဒါကြောင့် လူအတော်များများနဲ့ မကင်းနိုင်တဲ့ အပြာရောင်လွှလွှ ဖျော်ဖြေမှုတွေက ပေးနေတဲ့ သတင်းမှား၊အချက်အလက်မှားတွေကို မျှဝေပေးသွားပါမယ်။ ၁။ အမျိုးသမီးတွေဟာ အချိန်တိုင်းလိုလို လိင်စိတ်ကြွနေကြတယ်။ ဒါဟာ အပြာစာအုပ် ၊ အပြာရုပ်ရှင် တွေမှာ ပါနေကျ ဇာတ်သွားပါပဲ။ တစ်အိမ်တည်းနေတဲ့ သွေးမတော်သားမစပ် ဆန့်ကျင်ဖက်လိင်နှစ်ဦးပဲဖြစ်ဖြစ်၊ တစ်နေရာရာမှာ ခုမှစတွေ့တဲ့ အမျိုးသမီးပဲဖြစ်ဖြစ် သူတို့တွေဟာ အမြဲတမ်းလိင်စိတ်တက်ကြွနေပြီး အဆင်သင့်ဖြစ်နေသယောင် သရုပ်ဖော်ထားတတ်ပါတယ်။ ပြီးတော့ အမျိုးသားက ဇာတ်လမ်းစလာရင်လည်း အစပိုင်းသာ ဟန်ပြငြင်းဆန်ပြီး နောက်ပိုင်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကာလသားတွေရဲ့ လွဲလွဲလေးများ

ဖုန်းတွေ၊အင်တာနက်တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာနိုင်တာနဲ့အမျှ တောရောမြို့ပါမကျန် မျက်စိနားတွေ ပွင့်လာကြပါတယ်။ ဒီလို ပွင့်လာတာနဲ့အမျှ လူငယ်လူရွယ်လူလတ်တွေရဲ့ လိင်မှုရေးရာအဖြာဖြာဟာလည်း ပိုမိုပွင့်လင်းမြင်သာလို့ လာပါတယ်။ အခုဆိုရင် လက်မထပ်ခင်အတူနေကြတာ အပါအဝင် ဖိုမဆက်ဆံရေးဟာ သိပ်ထူးဆန်းတဲ့ အရာတစ်ခု မဟုတ်တော့ပါဘူး။ လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်တဲ့ ဖေ့စ်ဘုတ်အပါအဝင် ဝဘ်ဆိုက်တွေမှာလည်း အပြာရောင်လွှမ်းတဲ့ ပေ့ခ်ျတွေ၊ဆိုက်တွေ ပလူပျံလာပါတယ်။ အဓိကအားဖြင့် ကာလသားတွေရဲ့ စားကျက်ဖြစ်တဲ့ ဒီပေ့ခ်ျတွေ၊ ဝဘ်ဆိုက်တွေဆီကို ဆရာဝန် ကာလသားတစ်ဦးဖြစ်တဲ့ စာရေးသူလည်း ဘုရားဖူး၊လိပ်ဥတူးဆိုသလို အခါအားလျော်စွာ ဝင်ရောက်လေ့လာမိပါတယ်။ ဒီလို လေ့လာတဲ့အခါ စိတ်မကောင်းစရာပြောရမလား၊ ထိတ်လန့်စရာဆိုရမလား မဝေခွဲနိုင်တဲ့ အခြင်းအရာတွေကို တွေ့မြင်ရလေ့ရှိပါတယ်။ ဘာတွေလဲဆိုတော့ လိင်မှုရေးရာနဲ့ ပတ်သက်လို့ အတော်လေး အယူအဆ လွဲမှားနေတဲ့ အကြောင်းလေးတွေပါ။ အထူးသဖြင့် အမေးအဖြေပို့စ်လေးတွေမှာ ဒီလို အလွဲလေးတွေ၊ သာမန်ဗဟုသုတလေးတွေကိုတောင် မှားယွင်းစွာ ယူဆနားလည်ပြီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

Oral sex အကြောင်း သိကောင်းစရာ အချက်များ

Oral sex အကြောင်း သိကောင်းစရာ အချက်များ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း (Oral sex) ဆိုတာ သင့်ရဲ့ ပါးစပ်နဲ့ လျှာကိုသုံးပြီးသင်အဖော်ဖြစ်သူရဲ့ လိင်အင်္ဂါနဲ့ စအို တစ်ဝိုက် ဧရိယာကိုလှုံ့ဆော်ကာ လိင်မှုခံစားချက်ကို တိုးမြှင့်ပေးတဲ့ လုပ်ငန်း တစ်ရပ်ဖြစ်ပါတယ်။ လူအမျိုးမျိုးကတော့ နည်းအမျိုးမျိုးနဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို သူများအတွက်လည်း လုပ်ပေးချင်ကြပြီး သူတို့လည်းခံယူချင်ကြပါတယ်။ သင့်အဖော်မှာ လိင်အင်္ဂါတွေနဲ့ သင့်ပါးစပ်မှာ အနာမရှိဘူးဆိုရင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှ HIV ကူးစက်ဖို့ အခွင့်အလမ်း နည်းပါးပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ Sexually transmitted infections (STIs) တွေဖြစ်တဲ့ ရေယုန်၊ ဆီးပူညောင်းကျရောဂါနဲ့ ဆစ်ဖလစ်ရောဂါတို့ကတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင်ပါးစပ်ဖြင့် လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးပဲဖြစ်ဖြစ်၊ ခံတွင်း အတားအဆီး […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေကြားမှာ အယူအဆလွဲမှားနေတဲ့အချက်များ

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေကြားမှာ အယူအဆလွဲမှားနေတဲ့အချက်များ ကျွန်တော်တို့မြန်မာတွေဟာ ဘာသာရေးအဆုံးအမ အရရော၊ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေအရရော အင်မတန်မှ အရှက်အကြောက်ကြီးတဲ့သူတွေဖြစ်ပြီး လိင်မှုရေးရာနဲ့ ပတ်သက်လို့ လျှို့ဝှက်သိုသိပ်တတ်ကြပါတယ်။ မိဘက သားသမီးကို၊လူကြီးကလူငယ်ကို လိင်ပညာပေးလက်ဆင့်ကမ်းမှုတွေ လုံလုံလောက်လောက် မလုပ်ပေးနိုင်တာမို့ လူငယ်တွေဟာ ကာလသားကြီးတွေရဲ့အပြောနဲ့ တတ်ယောင်ကား လက်တည့်စမ်းတတ်ကြပါတယ်။ ဒီလို လက်တည့်စမ်းတဲ့အခါမှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်တဲ့ လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ၊ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရှိခြင်းများ စတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေကြားမှာ အယူအဆလွဲမှားနေတဲ့အချက်လေးတွေအကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ၁။ ပေပေတေတေ နေတတ်သူတွေ၊တွေ့ကရာလူနဲ့ အိပ်တတ်သူတွေမှာပဲ ဒီရောဂါတွေ ဖြစ်နိုင်တယ်။ မှားပါတယ်။ လူတိုင်းဟာ လိင်မှတဆင့်ကူးစက်တတ်သောရောဂါတွေကို ညီညီမျှမျှ ကူးစက်ခံရနိုင်ပါတယ်။ သင့်အနေနဲ့ ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံတာပဲဖြစ်ဖြစ်၊နည်းမှန်လမ်းမှန် မသုံးတာပဲဖြစ်ဖြစ် ဒီရောဂါတွေ ကူးစက်ခံရနိုင်ချေ ရှိနေပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း