ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကိုလက်စထရောတက်ခြင်းနှင့် လိင်မှုဘဝ

Cholesterol မြင့်မားခြင်း Cholesterol မြင့်မားခြင်းကို hypercholesteremia ဟုခေါ်ပြီး ယင်းမှာ ရောဂါမဟုတ်ပါ။ သို့သော် သွေးကြောများ ထူလာနိုင်ပြီး အသက်အန္တရာယ်ရှိသော ကျန်းမာရေး ပြဿနာများ ဖြစ်သော နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းနှင့် သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်စေပါသည်။ Cholesterol များပြားခြင်းကို သွေးစစ်ဆေးခြင်းဖြင့်သာ သိရှိနိုင်ပြီး အများအားဖြင့် မည်သည့်ရောဂါ လက္ခဏာမှ ပြသလိမ့်မည်မဟုတ်ပါ။ Cholestrol မြင့်မားခြင်းသည် မျိုးရိုးလိုက်တတ်ပြီး မျိုးဗီဇသည်လည်း အရေးကြီးသော နေရာတွင် ပါဝင်ပါသည်။ မမေ့ရန်မှာ သင့်၏ စားသောက်နေထိုင်မှုပုံစံသည် အရေးကြီးဆုံးဖြစ်ပြီး နေ့စဉ်လှုပ်ရှားမှု၊ အစားအသောက်ပုံစံနှင့် ကိုယ်အလေးချိန်တို့သည် သင်၏ Cholestrol အပေါ်များစွာ မှိခိုနေပါသည်။ Cholesterol မြင့်မားခြင်းနှင့် လိင်မှုဘဝ Cholestrol မြင့်မားခြင်းသည် ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သည့်အပြင် သင်၏ လိင်မှုဘဝကိုလည်း ထိခိုက်နိုင်ပါသည်။ သွေးကြောကျဉ်းခြင်းကြောင့် လိင်အင်္ဂါသို့ ရောက်သောသွေးနည်းလာပြီးနောက် […]


HIV နှင့် AIDS ရောဂါ

HIV/AIDS နဲ့ ပတ်သတ်ပြီး လူတွေ မှားယွင်းစွာ လက်ခံထားကြတဲ့ အချက်များနဲ့ ချေပရှင်းလင်းချက်

HIV/ AIDS ဟာ လူအများစု ရောထွေးစွာ နားလည်ထားကြတဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ အခြေခံအချက်တွေက စရှင်းရမယ်ဆိုရင် HIV ဟာ ဗိုင်းရပ်စ်ပိုးဖြစ်ပြီး AIDS ကတော့ ရောဂါ အမည်ဖြစ်ပါတယ်။ HIV ရဲ့ အရှည်ကောက်ဟာ human immunodeficiency virus ဖြစ်ပြီး ဒီဗိုင်းရပ်စ်က သွေးဖြူဆဲလ်တွေကို ဖျက်ဆီးပြီး ကိုယ်ခံအား စနစ်ကို ထိခိုက်စေပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ HIV ဗိုင်းရပ်စ်ဟာ ခန္ဓါကိုယ်ရဲ့ CD4 ဆဲလ်တွေလို့ခေါ်တဲ့ ကိုယ်ခံအားစနစ် ထိန်းသိမ်းရာမှာ အရေးကြီးဆုံးဆဲလ်တွေကို တိုက်ခိုက်လိုက်ပါတော့တယ်။ အဲ့ဒီအချိန် ခန္ဓါကိုယ်ထံ ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်လာပါတော့တယ်။ HIV ဗိုင်းရပ်စ် ကူးစက်ခံရတာ ကြာပြီး မကုသဘဲ ထားမယ်ဆိုရင် AIDS ရောဂါ ဖြစ်လာပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

မနက်ပိုင်းတွင် လိင်ဆက်ဆံခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

မနက်ပိုင်းမှာ လိင်ဆက်ဆံတာ ပိုကောင်းလား၊ ညနေပိုင်းမှာ လိင်ဆက်ဆံတာက ပိုကောင်းလားဆိုတဲ့ အငြင်းအခုံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီလို အငြင်းအခုံဟာ အမျိုးသားနဲ့အမျိုးသမီးတွေရဲ့ သဘာဝတရားကြောင့် ဖြစ်နေတာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမျိုးသားတွေအတွက် မနက်ခင်းဟာ လိင်စိတ် အတက်ကြွဆုံးအချိန်ဖြစ်ပြီး အမျိုးသမီးတွေကျတော့ ညနေပိုင်း အိမ်ထောင်မှု ကိစ္စတွေ အားလုံးအပြီး အနားယူရတဲ့အချိန်ကို ပိုသဘောကြတတ်ကြပါတယ်။ ဒီလို အချိန်ခြားနားမှု ဘာကြောင့် ဖြစ်နေရတာလဲ။ ပထမအချက်ကတော့ တက်စတိုစတီရုန်း ဟော်မုန်းခြားနားမှု။ တက်စတို စတီရုန်းဟာ ယောက်ျားလေးတွေမှာပဲ ရှိတာ မဟုတ်ဘဲ အမျိုးသမီးတွေမှာလည်း တက်စတို စတီရုန်း ဟော်မုန်းရှိပါတယ်။ တက်စတိုစတီရုန်းနဲ့ အီစထရိုဂျင်ဟော်မုန်းတွေကို အမျိုးသမီး မျိုးဥအိမ်တွေမှ ထုတ်လုပ်ပေးတဲ့အပြင် ခန္ဓာကိုယ်ရဲ့ အဆီတစ်ရှူးကနေလည်း အီစထရိုဂျင် ဟော်မုန်းထွက်ရှိပါသေးတယ်။ ဒီဟော်မုန်းတွေကအမျိုးသမီးတွေရဲ့ ကြီးထွားမှု၊ မျိုးပွားတစ်ရှူးများကို ပြုပြင်ထိန်းသိမ်းခြင်းနဲ့ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေ […]


သားဆက်ခြားခြင်း

စိတ်အချရဆုံးသော သန္ဓေတားသောက်ဆေး

ခေတ်စနစ်တွေတိုးတက်လာမှုနဲ့အတူဆေးပညာနယ်ပယ်မှာလည်း တိုးတက်မှုတွေအတော်လေးများလာနေပါတယ်။ ဒီလိုတိုးတက်လာတဲ့ဆေးပညာတွေထဲမှာ ကုသမှုနည်းလမ်းတွေပါဝင်နေသလို ကာကွယ်တဲ့နည်းလမ်းတွေလည်းပါဝင်လို့နေပါတယ်။ တိုးတက်လာမှုထဲမှာ အိမ်ထောင်သည်အမျိုးသမီးတွေအတွက် အဓိကကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်လို့ဆိုရမယ့် သားဆက်ခြားနည်းတွေပါ ပါဝင်နေပါတယ်။ သန္ဓေတားသောက်ဆေး အကြောင်းတစေ့တစောင်း သန္ဓေတားသောက်ဆေး (OCP) က ကိုယ်ဝန်မရရှိအောင်ကာကွယ်ပေးတဲ့ဆေးဝါးတစ်မျိုးပါ။ သန္ဓေတားသောက်ဆေးတွေမှာ အက်စထရိုဂျင်ဟော်မုန်းပါဝင်တဲ့ သန္ဓေတားသောက်ဆေးရှိသလို ၊ အက်စထရိုဂျင်ရော ပရိုဂျက်စတင်ပါပါဝင်နေတဲ့ သန္ဓေတားသောက်ဆေးလည်းရှိပါတယ်။ သန္ဓေတားသောက်ဆေးတွေကိုသေသေချာချာသောက်သုံးမယ်ဆိုရင် မမျှော်လင့်ဘဲကိုယ်ဝန်ရရှိတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ သန္ဓေတားသောက်ဆေးကို ၁၉၆၀ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအတည်ပြုပေးခဲ့တာဖြစ်ပြီး သန္ဓေတားသောက်ဆေးက လူကြိုက်အများဆုံး သားဆက်ခြားနည်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အခုလက်ရှိ ကမ္ဘာတစ်လွှားက အမျိုးသမီး သန်း ၁၀၀ကျော်က သန္ဓေတားသောက်ဆေးကို အသုံးပြုနေကြပါတယ်။ ၂၀၁၂ ခုနှစ်ကကောက်ယူခဲ့တဲ့ စာရင်းတွေအရ အမေရိကန်ပြည်ထောင်စုက အမျိုးသမီး ၁၆ ရာခိုင်နှုန်းက သန္ဓေတားသောက်ဆေးကိုသောက်သုံးနေကြပြီး အသက် ၁၆ နှစ် ကနေ ၄၉ နှစ်ကြားအရွယ်ရှိတဲ့ ယူကေအမျိုးသမီး ၃ ပုံ […]


သားဆက်ခြားခြင်း

တားဆေးထိုးဆေးအကြောင်းသိကောင်းစရာများ

ခုလတ်တလောအနေနဲ့ ကလေးလည်းမလိုချင်သေး၊ ဒါပေမယ့် ကွန်ဒုံးလည်းမသုံးချင်၊ ခန္ဓာကိုယ်အတွင်း ပစ္စည်းထည့်သွင်းခြင်း၊ ခွဲစိတ်ခြင်းများလည်း မလုပ်ဆောင်ချင် ဖြစ်နေပါသလား။ ထိုအချိန်မျိုးမှာ တားဆေးထိုးဆေးသုံးဖို့ စဉ်းစားကြည့်နိုင်ပါတယ်။ ဒါပေမယ့် ထိုနည်းကိုမသုံးခင်မှာ အောက်ပါအခြေခံအချက်အလက်လေးတွေကိုတော့ သေချာဖတ်ထားသင့်ပါတယ်။ တားဆေးထိုးဆေးဆိုတာဘာလဲ ဒတ်ပို လို့အလွယ်ခေါ်နေကြတဲ့ တားဆေးထိုးဆေးဟာ progestogen လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးပါသော Medroxyprogesterone ထိုးဆေးဖြစ်တယ်။ တားဆေးနှစ်မျိုးရှိပါတယ်- Depo-Provera နဲ့ Depo-Ralovera တို့ဖြစ်တယ်။ တားဆေးထိုးဆေးတွေက ဘယ်လိုအလုပ်လုပ်တာလဲ သင့်ခန္ဓာကိုယ်ထဲကို ဆေးထိုးလိုက်ခြင်းက လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းအသုံးပြုထားခြင်းလိုပဲ ပုံစံတူအလုပ်လုပ်ပါတယ်။ ထိုးဆေးကို ဆရာဝန်မှ ကိုယ်ဝန်မရှိကြောင်းအတည်ပြုပြီးပါက အချိန်မရွေးထိုးလို့ရတယ်၊ ၁၂ ပတ်မှ ၁၄ ပတ်လောက်ထိခံပါတယ်။ အောက်ပါတို့ကိုလုပ်ဆောင်ခြင်းဖြင့် အာနိသင်ရှိတယ်- • လစဉ်သားဥကြွေခြင်းကို တားဆီးခြင်း • သားအိမ်အဝမှ အကျိအချွဲများကို ထူစေခြင်းဖြင့် သုက်ပိုးများ သားအိမ်တွင်းဝင်ကာ သားဥနဲ့တွေ့ဆုံခြင်းကို တားဆီးပါတယ်။ • သားအိမ်နံရံများကိုပါးခြင်းဖြင့် မျိုးအောင်သွားသော သားဥများတွယ်ကပ်နိုင်ခြင်းကို တားဆီးပါတယ်။ ရာသီသွေးစချိန် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေရှိလား

ကြားဖူးနေကြ မေးခွန်းဟောင်းတစ်ခုကတော့ ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေရှိလား ဆိုတာပါပဲ။ အဖြေကတော့ yes ပါပဲ။ ဒါပေမယ့် ဖြစ်နိုင်ခြေတော့ နည်းပါတယ်။ ကိုယ်ဝန်ကိုရှောင်လွှဲဖို့ အကောင်းဆုံး နည်းလမ်းကတော့ အတူနေချိန်မှာ အကာအကွယ် သုံးဖို့ပါပဲ။ ကိုယ်ဝန်ရဖို့ဆိုရင် မျိုးဥဟာ သုက်ပိုးနဲ့တွေ့ပြီး သန္ဓေအောင်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် သုက်ရည်ဟာ မိန်းမကိုယ်ထဲကို ဝင်ရောက်သွားချိန်မှာ သန္ဓေအောင်နိုင်ပါတယ်။ အမျိုးသား သုက်ရည်မှာ သုက်ပိုးပေါင်း သန်းနဲ့ချီ ပါဝင်ပြီး သန္ဓေအောင်ဖို့ အတွက်တော့ သုက်ပိုးတစ်ကောင်ပဲ လိုအပ်ပါတယ်။ ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေရှိလား ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းကနေ ကိုယ်ဝန်ရနိုင် မရနိုင်နဲ့ ပတ်သက်ပြီး ယုံတမ်းစကား အချို့ရှိပါတယ်။ တစ်ခုပြီးတစ်ခု လေ့လာကြည့်ရအောင်။ ယုံတမ်းစကား ၁။ သုက်ရည်အပြီးမထွက်ခင်လာတဲ့ အရည်ကြည်များကနေ ကိုယ်ဝန်ရနိုင်တယ်။ သုက်ရည် ပန်းမထွက်ခင်မှာ ယောက်ျားတန်ဆာကနေ pre-cum လို့ခေါ်တဲ့ အရည်ကြည်လေးများ […]


သားဆက်ခြားခြင်း

အရေးပေါ်ကိုယ်ဝန်တားဆေးများဟာ ကိုယ်ဝန်ကို ဘယ်လိုတားဆီးပေးသလဲ

အရေးပေါ်ကိုယ်ဝန်တားဆေးများဟာ အတူနေချိန်မှာ အကာအကွယ်သုံးဖို့ မေ့နေခဲ့ခြင်း၊ မှန်ကန်စွာ မသုံးမိခြင်း၊ ကွန်ဒုံးပေါက်ပြဲခြင်း စတာတွေနဲ့ ကြုံရတဲ့အခါ ကိုယ်ဝန်ကို အရေးပေါ်ကာကွယ်ဖို့ နည်းလမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အရေးပေါ် ကိုယ်ဝန်တားခြင်း ယေဘုယျအားဖြင့် အတူနေပြီး ၃ရက်အတွင်း အရေးပေါ်ကိုယ်ဝန်တားဆေးသောက်ရင် ကိုယ်ဝန်ရနိုင်ခြေ လျော့နည်းစေပါတယ်။ ၂၄နာရီအတွင်း သောက်မယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေက ၁%၊ ၂%လောက်ပဲ ရှိတာမို့ စိတ်အချရဆုံး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဆေးတွေကို ကိစ္စပြီးလို့ မနက်မှာသောက်တဲ့ဆေး (morning after pill)လို့ ညွှန်းကြပါတယ်။ ၄-၅ရက်လောက်နေမှ သောက်ရင် သိပ်မထူးပါဘူး။ ဘယ်လိုအာနိသင်ရှိသလဲ အရေးပေါ်ဆေးများဟာ ဟော်မုန်းများကတဆင့် ကိုယ်ဝန်ကို တားဆီးပေးပါတယ်။ အထူးသဖြင့် အောက်ပါ သက်ရောက်မှုများကို ဖြစ်ပေါ်စေပါတယ်။ - မျိုးဥကြွေခြင်းကို တားဆီးခြင်း - သုက်ပိုးကို သန္ဓေမအောင်စေရန် တားဆီးပေးခြင်း - သန္ဓေအောင်ပြီးမျိုးဥကို သားအိမ်တွင် တွယ်ကပ်မှု မရှိစေခြင်း။ ကိုယ်ဝန်ရသွားပြီးချိန် သောက်ရင်တော့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိမ်ထောင်ရေး သုခကိုပြည့်စုံစေနိုင်မည့် လေ့ကျင့်ခန်း ၁၀ မျိုး

အမျိုးမျိုးသော အကြောင်းများကြောင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အားအင်များကို ပြည့်ဝစေခြင်း၊ စိတ်တက်ကြွစေခြင်းနှင့် အိမ်ထောင်ရေး သုခတို့ကိုပြည့်စုံစေခြင်းတို့ ဖြစ်စေနိုင်ပါသည်။ အိမ်ထောင်ရေး သုခကိုပြည့်စုံစေနိုင်မည့် လေ့ကျင့်ခန်း ၁၀ မျိုး အိမ်ထောင်ရေး သုခကိုပြည့်စုံစေနိုင်မည့် လေ့ကျင့်ခန်း ၁၀ မျိုးရှိပါသည်။ 1. ကီဂဲလေ့ကျင့်ခန်း ထိုလေ့ကျင့်ခန်းသည် အမျိုးသားများအတွက် ကောင်းမွန်ပါသည်။ ကီဂဲလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဆီးခုံနှင့် မြီးညှောင့်ရိုးကြွက်သားများ၊ ပေါင်ခွရှိကြွက်သားများကို သန်မာစေပြီး ခံနိုင်ရည်ရှိစေပါသည်။ ပြုလုပ်ပုံ ဆီးသွားသည့်အခါ ဆီးအောင့်သည့်ပုံစံ ပြုလုပ်ခြင်းဖြင့် ဆီးခုံနှင့် မြီးညှောင့်ရိုးကြွက်သားများကို သန်မာစေပါသည်။ အသက်မအောင့်ထားပါနှင့်၊ ထိုသို့ပြုလုပ်နေချိန် ဗိုက်ကိုအားပြုပြီး ညှစ်ထားပါ။ 2. ကြမ်းပြင်တွင် ကိုယ်ကိုရေပြင်ညီအနေအထားအတိုင်းဖြစ်အောင် ထောက်ထားခြင်း ထိုသို့ ပြုလုပ်ခြင်းဖြင့် ကာမဆက်ဆံသည့်အနေအထားတွင် သို့မဟုတ် အပေါ်စီးအနေအထားမျိုးတွင် လက်မောင်းသားများကို သန်မာစေပါသည်။ ပြုလုပ်ပုံ ခန္ဓါကိုယ်နှင့်ကြမ်းပြင်ကို လေးထောင့်ပုံစံဖြစ်အောင် လက်များကိုထောက်ထားပါ။ ခြေများကိုလည်းကော့ပြီးထောက်ထားပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၂၀ နေပါ။ ထို့နောက်ခြေဖနောင့်ကို အခြားခြေဖျားများပေါ်တင်ပြီး […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ပန်းရောင် ဗိုင်ရာဂရာ နဲ့ ပတ်သက်ပြီး သိဖို့လိုအပ်တဲ့ အချက် ၅ ချက်

အကယ်၍ သင့်ရဲ့ ချစ်တင်းနှောလိုစိတ်က သိပ်မကြာခင်က စပြီး ကျဆင်းလာတယ်ဆိုရင် လိုအပ်တဲ့ အကြံပြုချက်တွေက ဒီမှာ Pink Viagra ပါ။ သင့်ရဲ့ ချစ်မှုရေးရာဘဝကို ပြန်လည်မြှင့်တင်ဖို့ ဒီနည်းလမ်းကို မသုံးခင် ဘာတွေသိထားဖို့ လိုအပ်မလဲ။ သင်ဒီနည်းလမ်းကို စမ်းကြည့်ချင်တယ်ဆိုရင် ခုအောက်မှာ ဖော်ပြထားတဲ့ ဆောင်းပါးက သင့်အတွက် လိုအပ်တဲ့ အရာ ၅ ခုကို ပေးပါလိမ့်မယ်။ Pink Viagra က FDA အသိအမှတ်ပြု ထုတ်ကုန်တစ်ခုပါ။ ဒါပေမယ့် တင်းတင်းကျပ်ကျပ် လိုက်နာရမယ့် ဘေးကင်းတဲ့ အတိုင်းအတာတွေ ရှိပါတယ်။ ဒီဆေးက အမျိုးသမီးတွေအတွက် ချစ်တင်းနှောလိုစိတ် မြှင့်တင်တာ အပြင် သွေးပေါင်ချိန်ကျခြင်း၊ မူးမိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သို့မဟုတ် ခေါင်းမူးခြင်းတို့ကို ခံစားရစေတတ်ပါတယ်။ ဒါကြောင့် ညဖက်မှာ မှီုဝဲဖို့ အကြံပေးထားတာပါ။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အိပ်နေစဉ်သုတ်လွှတ်ခြင်းအကြောင်း သိကောင်းစရာအချက်အလက်များ

မနက်အိပ်ရာထတဲ့အခါ သင့်အတွင်းခံဘောင်းဘီ ဒါမှမဟုတ် ညဝတ်ဘောင်းဘီထဲ စိုထိုင်းထိုင်း စေးကပ်ကပ်ဖြစ်နေတာမျိုး ကြုံဖူးပါသလား။ အစပိုင်းမှာ သင့်ကိုယ်သင် အိပ်ရာထဲ ဆီးပေါက်ချမိတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် သင်ဟာ လူပျိုဖော်ဝင်တဲ့အရွယ် ဒါမှမဟုတ် လူပျိုဖော်ဝင်ပြီးစအရွယ် ဖြစ်နေမယ်ဆိုရင်တော့ ဒါဟာ အိပ်နေရင်းသုတ်လွှတ်တာကို ဖော်ပြတဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ အိပ်နေရင်းသုတ်လွှတ်ခြင်းကို ဆရာဝန်တွေက “ညဘက်သုတ်လွှတ်ခြင်း” (nocturnal emission) လို့ ခေါ်ပါတယ်။ Nocturnal ဆိုတာ “ည” ကို ဆိုလိုတာဖြစ်ပြီး Emission ကတော့ “ထုတ်လွှတ်ခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။ ဒီဆောင်းပါးမှာတော့ အိပ်နေစဉ်သုတ်လွှတ်ခြင်းနဲ့ ပတ်သက်တဲ့ သိကောင်းစရာအချက်အလက်တွေနဲ့ အမေးများတဲ့မေးခွန်းတွေရဲ့ အဖြေတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အိပ်နေစဉ်သုတ်လွှတ်ခြင်းဆိုတာ ဘာကိုခေါ်သလဲ အိပ်နေစဉ်သုတ်လွှတ်ခြင်းဆိုတာ သင်အိပ်ပျော်နေစဉ် အချိန်အတွင်း လိင်တံကတဆင့် သုတ်ရည်ထုတ်လွှတ်ခြင်းကို ခေါ်ပါတယ်။ များသောအားဖြင့် လိင်ကိစ္စနဲ့ဆက်နွယ်တဲ့ အိပ်မက်မက်တဲ့အခါ သုတ်လွှတ်လေ့ရှိပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း