ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မုဒိမ်းမှုနဲ့ မှုခင်းဆရာဝန်

သိပ်မကြာသေးခင်က နာမည်ကြီးခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတခုမှာ မုဒိမ်းမှုဖြစ်ကြောင်း (ကာမစပ်ယှက်မှုရှိခဲ့ကြောင်း) အတော်လေး သိသာထင်ရှားတဲ့ အချက်တွေ ရှိနေလျက်နဲ့ မှုခင်းဆရာဝန်က တရားခွင်မှာ ထွက်ဆိုတဲ့အခါ အမျိုးသမီးရဲ့ မိန်းမကိုယ်အတွင်းမှာ သုတ်ရည်မတွေ့ရှိကြောင်း အစစ်ခံခဲ့တာနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပြစ်တင်ဝေဖန်ကြ၊(ထုံးစံအတိုင်း)ဆဲကြဆိုကြနဲ့ အတော်လေး သောသောညံခဲ့ပါတယ်။ ဒါဟာ သာမန်ပြည်သူတွေအနေနဲ့ ဥပဒေကို တိတိပပ မသိနားမလည်ခြင်းနဲ့ မှုခင်းဆရာဝန်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ကို မသိရှိတာကြောင့် ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဥပဒေပိုင်းနဲ့ ပတ်သက်ပြီး သုံးသပ်မှာ မဟုတ်ဘဲ မှုခင်းဆရာဝန်နဲ့ ပတ်သက်တဲ့ အပိုင်းတွေကိုပဲ ဆေးပညာရှုထောင့်က မျှဝေဆွေးနွေးသွားမှာ ဖြစ်ပါတယ်။   မှုခင်းဆရာဝန်ဆိုတာ ဘာလဲ။ သူ့ရဲ့ တာဝန်ကရော ဘာတွေလဲ   မှုခင်းဆရာဝန်အကြောင်း မပြောခင် ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း က မှာ သင်ရတဲ့ မှုခင်းရေးရာဆေးပညာ (Forensic […]


သားဆက်ခြားခြင်း

အလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသန္ဓေတားနည်းများ

လူရယ်လို့ဖြစ်လာရင် လုပ်စရာအလုပ်တွေကတော်တော်လေးတော့များသား။နေ့စဉ်လုပ်နေကျအလုပ်တွေနဲ့ ရှုပ်နေတာနဲ့တင် သားဆက်ခြားမယ့်ကိစ္စကိုတွေးဖို့ဆိုတာအချိန်မရှိနိုင်အောင်ပါ။ အိမ်မှုကိစ္စတွေကို လုပ်နေရတာနဲ့တောင်တော်တော်အလုပ်များနေရတဲ့အထဲ အိမ်ထောင်ဝင်ငွေအတွက်ပါ မိမိတတ်သိထားတဲ့ ပညာနဲ့တစ်ဖက်တစ်လမ်းက ဝင်ငွေရှာဖွေနေတဲ့လေဒီတွေအတွက်ကတော့နေ့စဉ်အားတဲ့အချိန်ရယ်လို့သိပ်တောင်မရှိဘူးဆိုတာ ကိုယ်ချင်းစာနိုင်ပါတယ်။ အခုတစ်ခေါက်တော့ဒီလိုအလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းလေးအကြောင်းပြောပြချင်ပါတယ်။ အမျိုးသမီးေတာ်တော်များများက သားဆက်ခြားနည်းရွေးချယ်စရာများပေမယ့် သားဆက်ခြားနည်းတစ်မျိုးထဲကိုပဲ စွဲစွဲမြဲမြဲသုံးလေ့ရှိကြပါတယ်။ အခုဆိုရင် သားဆက်ခြားနည်းတွေက အများသားပါ။ အသင့်တော်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကို တတ်သိနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး အလွယ်တကူအသုံးပြုလို့ရနေပါပြီ။ အလွယ်ဆုံးပြောပြရမယ်ဆိုရင် သားဆက်ခြားနည်းကို အဓိကအားဖြင့် ကာလတိုသားဆက်ခြားနည်းနဲ့ ကာလရှည်သားဆက်ခြားနည်းဆိုပြီး ခွဲခြားလို့ရပါတယ်။ သားဆက်ခြားနည်းရွေးချယ်မယ် သားဆက်ခြားနည်းရွေးတဲ့အခါ ကိုယ့်ရဲ့မိသားစုေနထိုင်မှုပုံစံပေါ်မှာ အခြေခံပြီးရွေးချယ်တာကအကောင်းဆုံးပါ။ အလုပ်များတဲ့ အမျိုးသမီးတွေအနေနဲ့ တစ်နေ့တစ်လုံးပုံမှန်သောက်ရတဲ့ သန္ဓေတားသောက်ဆေး (OCPs) ၊ ၃ လခံထိုးဆေး၊ ၆ လခံထိုးဆေးတွေလိုမျိုး သန္ဓေတားနည်းတွေကရေရှည်မှာ အဆင်မပြေလောက်ပါဘူး။နောက်တစ်ချက်က လိင်ဆက်ဆံတဲ့အခါတိုင်းမှာ ကွန်ဒုံးသုံးတာ၊ အမျိုးသမီးကွန်ဒုံးနဲ့ သားအိမ်ထဲထည့်တဲ့ ကွင်းလိုမျိုးအရာတွေကို အမြဲအသုံးပြုမိနိုင်ဖို့ဆိုတာကလည်း မလွယ်ပြန်ပါဘူး။ ဒီတော့ ဘယ်လိုသန္ဓေတားနည်းကို သုံးမလဲလို့မေးစရာလေးတွေရှိလာနိုင်ပါတယ်။ ဒီပြဿနာတွေနဲ့ကင်းဝေးချင်တဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

HD တွေ ထွက်ကုန်ပြီလား

HD တွေ ထွက်ကုန်ပြီလား ........ HD ဆိုတဲ့ စာလုံးဟာ လူမှုကွန်ယက်နဲ့ မရင်းနှီးသူ ဒါမှမဟုတ် တခြားနိုင်ငံသားတွေအတွက် High-definition (ဝါ) ကြည်လင်ပြတ်သားပြီး အရည်အသွေးကောင်းမွန်တဲ့ ရုပ်သံဖိုင်တခုဆိုတဲ့ အဓိပ္ပာယ်ဆောင်မှာ ဖြစ်ပေမယ့် လူမှုကွန်ယက်နဲ့ အကျွမ်းတဝင်ရှိတဲ့ မြန်မာနိုင်ငံသားတွေအတွက်တော့ ဒီစာလုံးဟာ အဓိပ္ပာယ်တမျိုး သက်ရောက်ပါတယ်။ အားလုံးပဲ သိတော်မူကြတဲ့အတိုင်း HD ဆိုတာဟာ စုံတွဲတတွဲ လိင်ဆက်ဆံနေကြတာကို (အဆိုပါ စုံတွဲထဲက တယောက်ယောက် သို့မဟုတ် အခြားသူတယောက်ယောက်က) ခိုးရိုက်ထားတဲ့ ရုပ်သံဖိုင် သို့မဟုတ် မိမိတို့စုံတွဲကိုယ်တိုင် အလိုတူအလိုပါ ရိုက်ထားပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ပျံ့နှံ့သွားတဲ့ ခပ်ပြာပြာ ရုပ်သံဖိုင်တွေကို ဆိုလိုတာပါ။ အင်တာနက်နဲ့ ဖုန်းဟာ လက်တကမ်းဆိုတာထက် ပိုနီးစပ်လာတဲ့ အခြေအနေမှာ သင့်ရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေဟာ တမဟုတ်ချင်းမှာပဲ […]


လိင်အင်္ဂါကြွက်နို့များ

သင့်ကလေးငယ်ရဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်မယ့် လက်တစ်စုံက သင်ကိုယ်တိုင်ပါ

မိဘရယ်လို့ဖြစ်လာပြီဆိုရင်မဖြစ်မနေလုပ်ဆောင်ရမှာကကလေးကိုကျန်းမားပျော်ရွှင်နေအောင်ပျိုးထောင်ပေးဖို့ပါ။မိဘတိုင်းကသားသမီးတွေကိုကျောသားရင်သားမခွဲခြားဘဲချစ်နိုင်ကြတဲ့သူတွေပေါ့။ ဒါပေမယ့်သားလေးတွေကိုအုပ်ထိန်းစောင့်ရှောက်ပေးတဲ့ပုံစံနဲ့သမီးလေးတွေကိုအုပ်ထိန်းစောင့်ရှောက်တဲ့ပုံစံချင်းကတော့မတူနိုင်ဘူးပေါ့။အားလုံးလိုလိုလက်ခံထားတဲ့ဒီသဘောတရားကမှန်ကန်တယ်လို့မဆိုနိုင်ပါဘူး။ HPVခံစားရတဲ့အခြေအနေမှာဆိုရင်သားမို့အုပ်ထိန်းစောင့်ရှောက်ပုံတစ်မျိုးဖြစ်နေတာ၊သမီးမို့အုပ်ထိန်းစောင့်ရှောက်ပုံတစ်မျိုးဖြစ်နေတာတွေကမဖြစ်သင့်ဘူးလို့ပြောပါရစေ။သားယောက်ျားလေးဖြစ်ဖြစ်၊သမီးမိန်းကလေးဖြစ်ဖြစ် HPVကာကွယ်မှုကိုတော့တန်းတူညီမျှရရှိနိုင်ဖို့လိုပါမယ်။ HPVဆိုတာဘာလဲ၊ HPVက ရင်သွေးလေးတွေကိုဘယ်လိုထိခိုက်မှုတေွြဖစ်စေနိုင်လဲ Human papillomavirusလို့သိထားကြတဲ့ HPVဗိုင်းရပ်စ်ကလိင်ဆက်ဆံမှုကနေတဆင့်အများဆုံးကူးစက်တတ်တဲ့ရောဂါတွေထဲကတစ်ခုပါ။ HPVဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေမှာလိင်အင်္ဂါကြွက်နို့တွေဖြစ်နိုင်သလိုလိင်တံကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊ပါးစပ်၊လည်ချောင်းနဲ့လည်ပင်းအနောက်ဘက်ပိုင်းတွေမှာကင်ဆာဖြစ်တာတွေလိုမျိုးသေစေနိုင်တဲ့အနေအထားမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ လူတော်တော်များများကHPVဗိုင်းရပ်စ်ကအမျိုးသမီးတွေရောအမျိုးသားတွေမှာပါကူးစက်ဖြစ်ပွားနိုင်တယ်ဆိုတာကိုမသိကြပါဘူး။လူအများကလက်ခံယုံကြည်ထားတဲ့အယူအဆကအပြည့်အဝမမှန်ပါဘူး။ HPVဗိုင်းရပ်စ်ကအမျိုးသမီးတွေပဲကူးစက်ဖြစ်ပွားတာမဟုတ်ပါဘူး။အမျိုးသားတွေနဲ့ဆယ်ကျော်သက်ကောင်လေးတွေမှာလည်းHPVဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။အချို့သောHPVဗိုင်းရပ်စ်တွေကအမျိုးသားတွေမှာပိုအဖြစ်များပါတယ်။ သိထားသင့်တဲ့HPV အန္တရာယ် HPV ကရင်သွေးလေးတွေကိုကင်ဆာဖြစ်စေနိုင်လား HPVဗိုင်းရပ်စ်ကြောင့်သားအိမ်ခေါင်းကင်ဆာ၊သားအိမ်ကင်ဆာ၊မွေးလမ်းကြောင်းကင်ဆာ၊လိင်တံကင်ဆာနဲ့စအိုကင်ဆာလိုမျိုးရောဂါတွေအပါအဝင် လျှာရင်းပိုင်းနဲ့အာသီးကင်ဆာရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။HPVဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါကင်ဆာတင်ဖြစ်စေနိုင်တာမဟုတ်ပါဘူး။လိင်အင်္ဂါကြွက်နို့ကိုဖြစ်စေနိုင်ပါသေးတယ်။လိင်အင်္ဂါကြွက်နို့ကယောက်ျားလေးမှာရောမိန်းကလေးတွေမှာပါဖြစ်နိုင်ပါတယ်။ HPVဗိုင်းရပ်စ်ကူးစက်ခံရမှုကအလွယ်တကူဖြစ်နိုင်တာကြောင့်သေသေချာချာသတိထားဖို့တော့လိုပါမယ်။ဂရုမပြုမိတဲ့အခိုက်အတန့်တစ်ခုမှာရောဂါကူးစက်ခံလိုက်ရတာမျိုးမဖြစ်စေဖို့အတွက်ပါ။ HPVကူးစက်ခံရတာကြောင့် ဖြစ်လာတဲ့ရောဂါလက္ခဏာတွေကိုအချိန်ယူပြီးသေသေချာချာကုသလို့ရတယ်ဆိုပေမယ့် HPVဗိုင်းရပ်စ်ကမကုသဘဲပျောက်ကင်းတယ်လို့တော့မရှိပါဘူး။ HPVဗိုင်းရပ်စ်ကတစ်ခါကူးစက်ခံရပြီဆိုရင် ခန္ဓါကိုယ်ထဲမှာရှိနေပြီးတစ်ခါခါမှာပြန်ပေါ်လာတတ်ပါတယ်။ဆိုလိုတာကတော့တစ်ခါကူးစက်ခံရပြီးဆိုရင်အမြဲတမ်းရှိသွားတာဖြစ်နိုင်ပါတယ်။သင့်ကလေးငယ်အနေနဲ့လိင်ဆက်ဆံမှုကနေတင့်အခြားသူတစ်ဦးထံကနေHPVရောဂါပိုးကိုကူးစက်ခံရနိုင်ပါတယ်။များသောအားဖြင့်ကတော့ HPVဗိုင်းရပ်စ်ကိုလိင်ဆက်ဆံမှုကနေတဆင့်ကူးစက်ခံရတာပါ။လိင်ဆက်ဆံမှုဆိုတာမှာပါးစပ်နဲ့လိင်ဆက်ဆံမှုကနေလည်းကူးစက်နိုင်ပါတယ်။ လိင်ဆက်ဆံဖော်မှာHPVဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့လက္ခဏာမရှိရင်တောင်မှရောဂါပိုးရှိနေမယ်ဆိုရင်လိင်ဆက်ဆံမှုကနေတဆင့် HPVဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပါတယ်။ရောဂါပိုးရှိနေသူနဲ့လိင်ဆက်ဆံမိခဲ့ပြီးနှစ်တော်တော်ကြာမှရောဂါလက္ခဏာပေါ်လာတာမျိုးဖြစ်နိုင်ပါတယ်။လူတော်တော်များများကသူတို့ကိုယ်တိုင် HPVဗိုင်းရပ်စ်ကူးစက်ခံထားရတာကိုမသိကြပါဘူး။သူတို့ကိုယ်တိုင်ရောဂါရှိနေတာကိုမသိတာကြောင့်သူတို့ရဲ့လက်တွဲဖော်တွေဟာသူတို့ကြောင့်ရောဂါပိုးကူးစက်ခံကြရတယ်ဆိုတာကိုမသိကြပါဘူး။ ဘာကြောင့်ရင်သွေးလေးတွေကိုHPVကာကွယ်ဆေးထိုးနှံပေးသင့်တာလဲ HPVဗိုင်းရပ်စ်ကူးစက်ခံထားရလားဆိုတာကိုမြင်ရုံနဲ့မသိနိုင်ပါဘူး။ HPVဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါကင်ဆာနဲ့အခြားသောကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ကိုယ်ခံအားနည်းနေတဲ့သူတွေ (အထူးသဖြင့်ခုခံအားကျဆင်းမှုကူးစက်ရောဂါခံစားနေရသူတွေ)ဟာHPVဗိုင်းရပ်စ်ကိုခုခံနိုင်စွမ်းနည်းကြပါတယ်။ကိုယ်ခံအားနည်းနေတဲ့သူတွေမှာရောဂါခံစားရနိုင်ခြေကပုံမှန်ထက်ပိုများနေနိုင်ပါတယ်။ HPVဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ကင်ဆာရောဂါတွေကရောဂါအခြေအနေဆိုးရွားတဲ့အဆင့်မရောက်ခင်အထိသတိပြုမိဖို့ခက်ခဲကြပါတယ်။ရောဂါကတော်တော်လေးပြင်းထန်ချိန်မှသိရတဲ့အတွက်ကုသဖို့ကတော်တော့်ကိုခက်ခဲနိုင်ပါတယ်။ ဒါကြောင့် HPVဗိုင်းရပ်စ်ကိုမကူးစက်ခံရခင်ကကြိုတင်ကာကွယ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒါကြောင့်ရင်သွေးလေးကသားသားလေးဖြစ်ဖြစ်မီးမီးလေးဖြစ်ဖြစ်ကျန်းမာပျော်ရွှင်စွာကြီးပြင်းနိုင်စေဖို့အတွက် HPVကိုကာကွယ်ပေးထားတာအကောင်းဆုံးဖြစ်မှာပါ။ ကလေးကအသက်၉နှစ်လောက်ကနေစပြီးHPVကာကွယ်ဆေးကိုထိုးနှံပေးပါ။HPVကာကွယ်ဆေးကိုယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အသက် ၉ နှစ်ကနေစပြီးကာကွယ်ဆေးထိုးပေးလို့ရပါပြီ။ကလေးကလူပျိုဖော်ဝင်ချိန်အပျိုဖော်ဝင်ချိန်ထိစောင့်နေစရာမလိုပါဘူး။ကလေးကအရွယ်မရောက်ခင်မှာကာကွယ်ဆေးကိုစတင်ထိုးပေးတာကထိရောက်မှုပိုကောင်းပါတယ်။ HPVကာကွယ်ဆေးကကင်ဆာနဲ့လိင်အင်္ဂါကြွက်နို့တွေမဖြစ်အောင်ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ပါတယ်။ HPVကာကွယ်ဆေးတွေကစိတ်ချရသလိုထိရောက်မှုရှိပြီး၁၀ နှစ်လောက်အထိကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။လိင်ဆက်ဆံမှုလုံးဝမလုပ်ဆောင်ရသေးတဲ့အရွယ်မှာကာကွယ်ဆေးထိုးတာကအထိရောက်ဆုံးဖြစ်တာကြောင့်ဆရာဝန်နဲ့တိုင်ပင်ပြီးတတ်နိုင်သမျှမြန်မြန်ကလေးကိုHPVကာကွယ်ဆေးထိုးပေးလိုက်ပါ။ Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။ ယခုဆောင်းပါးကို လင်းရောင်ခြည်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ရောဂါရှာဖွေရေးစင်တာမှ စစ်ဆေးအတည်ပြုထောက်ခံပေးထားခြင်းဖြစ်ပါသည်။


လိင်အင်္ဂါကြွက်နို့များ

သင့်ကလေးကို HPV ကာကွယ်ဆေးထိုးနှံခြင်းနဲ့ပတ်သက်ပြီး သိသင့်သမျှ

Human papillomavirus (HPV)ဆိုတာဘာလဲ HPVဆိုတာhuman papillomavirusရဲ့အတိုကောက်ဖြစ်ပါတယ်။ HPVဟာ ဗိုင်းရပ်စ်ပေါင်း၁၅၀ကျော်ပါဝင်တဲ့ ဗိုင်းရပ်အုပ်စုတစ်ခုဖြစ်ပါတယ်။ အဲဒီအုပ်စုထဲက HPVဗိုင်းရပ်စ်တစ်မျိုးချင်းစီဟာ သူ့အမျိုးအစားအလိုက် နံပါတ်တစ်ခုစီရှိပါတယ်။ HPVအမျိုးအစားတချို့ကြောင့်ဖြစ်လာစေတဲ့ ကြွက်နို့ (papillomas)တွေကြောင့် အမည်ပေးထားတာဖြစ်ပြီး တခြားအမျိုးအစားတွေကတော့ကင်ဆာဖြစ်စေနိုင်ပါတယ်။ HPVကြောင့် အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ခံတွင်းသို့မဟုတ် လည်ချောင်းကင်ဆာနဲ့ စအိုသို့မဟုတ် စအိုလမ်းကြောင်းကင်ဆာတွေ ဖြစ်စေနိုင်တယ်။ အမျိုးသားတွေမှာ လိင်တံကင်ဆာ၊ အမျိုးသမီးတွေမှာ သားအိမ်ခေါင်း၊ မိန်းမကိုယ်လမ်းကြောင်း၊ မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် HPVကူးစက်မှုကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေရှိပါတယ်။   ကမ္ဘာမှာ HPVကူးစက်ခံရသူ သန်း၆၃၀ခန့်ရှိနေပြီဖြစ်ပါတယ်။ သားအိမ်ခေါင်းကို ကူးစက်မှုအများစုက လက္ခဏာမပြကြသလို ရောဂါတွေ့ရှိသူ၉၀%ကျော်ဟာ၂နှစ်အတွင်း ပျောက်ကင်းသက်သာသွားကြတာဖြစ်ပါတယ်။ ရောဂါကူးစက်ခံရပြီး အလိုအလျောက်ကာကွယ်နိုင်စွမ်းနဲ့ ခုခံနိုင်စွမ်းက ဘယ်အတိုင်းအတာထိရှိနိုင်လဲဆိုတာအတိအကျမသိရသေးပါဘူး။ HPVကူးစက်မှုအတွက် ကုသနိုင်တဲ့ဆေးမရှိပေမယ့် ကာကွယ်ဆေးနဲ့တော့ ကာကွယ်တားဆီးနိုင်ပါတယ်။ ကမ္ဘာအနှံ့မှာဖြန့်ချီထားတဲ့ HPVကာကွယ်ဆေးနှစ်မျိုးရှိပြီး ထိရောက်မှုလည်းရှိပါတယ်။ ဒီကာကွယ်ဆေးကြောင့် ရောဂါပိုးကူးစက်မှု ၈၆%ကျဆင်းသွားတယ်လို့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အိပ်နေစဉ်မှာ လိင်ဆက်ဆံခြင်း (Sleep Sex) ဆိုတာဘာလဲ

အိပ်နေစဉ်မှာ လိင်ဆက်ဆံခြင်း (Sleep Sex) ဆိုတာဘာလဲ အိပ်နေစဉ်မှာ လမ်းလျှောက်ခြင်း၊ အိပ်နေစဉ်မှာ စကားပြောခြင်းနဲ့ အိပ်ပျော်နေစဉ် ကားမောင်းခြင်းတွေဆိုတာ အဖြစ်များတဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေပါ။ သင့်အနေနဲ့ ဒီလို ဝေဒနာတွေကို ကြားဖူးကောင်းကြားဖူးလိမ့်မယ်။ ဒါမှမဟုတ် ကြုံဖူးကောင်း ကြုံဖူးပါလိမ့်မယ်။ ဒါဖြင့်ရင် အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေ ဆိုတာ ဘာကိုခေါ်တာလဲ။ အိပ်စက်ဆိုင်ရာ ပြဿနာတွေဆိုတာ ပုံမှန်ကောင်းကောင်းမွန်မွန် အိပ်ပျော်နေတဲ့ အချိန်မှာ ကောင်းကောင်း မအိပ်စက်နိုင်တဲ့ ဝေဒနာ တွေကိုခေါ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်တတ်သလို စိတ်ဖိစီးမှု များတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။ လူအများစုဟာ ဒီလို အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို စိတ်ဖိစီးတဲ့အခါ၊ အလုပ်တွေ အရမ်းများတဲ့အခါ၊ တစ်ခြားသော ပြင်ပ အကြောင်းရင်းများနဲ့ ကြုံတွေ့ရတဲ့အခါမှာ တစ်ခါတစ်ရံ ခံစားရလေ့ရှိပါတယ်။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း မိန်းကလေးတစ်ယောက် လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်သွားတယ် ဒါမှမဟုတ် ယောက်ျားလေးအုပ်စုထိုင်နေတဲ့ နေရာရှေ့က ဖြတ်သွားတယ်။ ဒါဆိုရင် 'ဟေ့ အသည်းလေး ဘယ်သွားမလို့လဲ'၊'ရွှတ် ရွှတ်' ဆိုတဲ့ အဆင့်ကနေ 'ဆော်ကြီးက မိုက်လိုက်တာကွာ၊xxxxx လိုက်ရရင်တော့ ရှယ်ပဲ' အစရှိတဲ့ ညစ်ညစ်ညမ်းညမ်း စကားလုံးတွေအထိ တိုးတိုးတစ်နည်း၊ကျယ်ကျယ်တစ်ဖုံ ပြောကြတာကို မြင်ဖူးတွေ့ဖူးကြမှာပါ။ ဘတ်စ်ကားစီးတယ်ဆိုရင်လည်း မိန်းကလေးရဲ့ ကျော၊တင်ပါး စတာတွေကို အမျိုးသားရဲ့ မတော်ရာနဲ့ လိုက်ထိနေတာစသဖြင့် ရှိတတ်ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ အဝေးပြေးကားပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးရဲ့ တင်ပါးကို အနောက်ကနေ ခြေထောက်နဲ့ မထိခလုတ်၊ထိခလုတ် ထိုးနေတာကြောင့် ပြဿနာဖြစ်တာကို ကြားလိုက်ကြဦးမှာပါ။ ဒါတွေဟာ အနိုင်ကျင့်တယ်ဆိုတဲ့ အတိုင်းအတာ မကတော့ပါဘူး။'လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း'ဆိုတဲ့ အဆင့်ကို ရောက်သွားပါပြီ။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဟာ ကျား၊ မကြီးငယ်မရွေး ကလေးလူကြီးမဟူ တွေ့ကြုံရနိုင်ပေမယ့် […]


HIV နှင့် AIDS ရောဂါ

HIV နှင့် သတိပြုဖွယ်များ

HIV နှင့် သတိပြုဖွယ်များ “ကျွန်တော်ပြောရတာတော့စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့ဆေးစစ်ကြည့်တာတွေ အရတော့အကို့မှာ HIV ပိုးရှိနေပါတယ်။” “ဟုတ်ရဲ့လား ဆရာ၊ သေချာရဲ့လား” “ဆရာတို့ဘက်က သေချာအောင်သုံးကြိမ်စစ်ထားပါတယ်။ သေချာပါတယ်” “တကယ်လား ဆရာရယ်၊ ကျွန်တော်ဘဝမှာ မကောင်းတာဆိုလို့တစ်ကြိမ်လောက်ပဲ အပျော်အပါးလိုက်စားဖူးတာပါ။ ကောင်မလေးပုံစံကလည်းသန့်သန့်လေးပါ” “HIV ပိုးက တစ်ကြိမ်တည်းနဲ့လည်းကူးနိုင်ပါတယ်၊ ရောဂါပိုးရှိမရှိဆိုတာကလည်း အပေါ်ယံကြည့်ရုံနဲ့မသိနိုင်ပါဘူး။ သွေးစစ်ကြည့်မှသေချာတာဆိုတော့၊ အဲ့တုန်းက ကွန်ဒုံးတော့မသုံးလိုက်ဘူးမဟုတ်လား” “ကျွန်တော့အမျိုးသမီးကိုတော့အသိမပေးပါနဲ့ဆရာရယ်၊ သူကျွန်တော့ကိုစိတ်ဆိုးမှာ” “မဟုတ်သေးဘူးအကို၊ သူ့မှာလည်း ရောဂါပိုးကူးစက်ခံထားရနိုင်တယ်၊ သူ့ကိုသေချာနားလည်အောင်ပြောပြပြီး သွေးစစ်ခိုင်းဖို့လိုပါတယ်” HIV ပိုးရှိမှန်း အခုမှတွေ့ရှိသွားသူနှင့်သူ၏ဆရာဝန်တို့ပြောနေကြခြင်းဖြစ်သည်။ HIV ရောဂါကူးစက်ခံရခြင်း အားလုံးသိပြီးသားအတိုင်းပင်၊ HIV ရောဂါပိုးသည် • လိင်တူလိင်ကွဲ အကာအကွယ်မဲ့ဆက်ဆံခြင်း • ရောဂါပိုးရှိသော သွေးကိုသွင်းမိခြင်း • ရောဂါပိုးရှိသူသုံးပြီးသား အပ်ကိုထပ်မံသုံးစွဲမိခြင်း • ရောဂါပိုးရှိသူမိခင်မှသားသမီးထံသို့ကူးစက်ခြင်း စသည့်နည်းလမ်းများဖြင့်အဓိက ကူးစက်ပါသည်။ ရောဂါပိုးသည်သွေးနှင့်ကိုယ်ခန္ဓါမှထွက်သော အရည်များတွင်ပါဝင်တတ်သောကြောင့်တစ်ယောက်နဲ့တစ်ယောက်ထိုသို့အရည်များထိတွေ့နိုင်သော တခြားနည်းလမ်းများဖြင့်လည်းကူးနိုင်ပါသည်။ ရောဂါပိုးသည်အနာမရှိသော အရေပြားကိုမဖောက်ဝင်နိုင်သော်လည်း ပွန်းပဲ့နေသော အရေပြားကို ဖြတ်သန်းဝင်ရောက်နိုင်ပါသည်။ ရောဂါပိုးရှိသူ၏ သွေးပေနေသော ဓါးဖြင့်နောက်တစ်ယောက်ရှမိပါက ကူးစက်နိုင်ပါသည်။ထို့ကြောင့်လည်း ဆံပင်ညှပ်ရာတွင်တစ်ခါသုံးဓါး သုံးစွဲစေရန်အရေးကြီးသလိုတစ်ယောက်နှင့်တစ်ယောက်မုတ်ဆိတ်ရိတ်ဓါး သွားတိုက်တံစသည်မျှဝေမသုံးစွဲသင့်ချေ။တစ်ခါတစ်ရံတွေ့ရှိရသည်မှာ HIV […]


HIV နှင့် AIDS ရောဂါ

Post-exposure prophylaxis သို့မဟုတ် PEP

Post-exposure prophylaxis သို့မဟုတ် PEP လွန်ခဲ့တဲ့ တပတ်လောက်က အလုပ်သင်ဆင်းနေတဲ့ တပည့်လေးတယောက် HIV positive လူနာကို ထိုးထားတဲ့ အပ်စူးမိလို့ ဆေးသောက်နေရတဲ့အကြောင်း ကျွန်တော့်ကို လှမ်းပြောပါတယ်။ သူသောက်နေရတဲ့ ဆေးကုထုံးကို Post-exposure prophylaxis သို့မဟုတ် PEP လို့ခေါ်ပါတယ်။Exposure ဆိုတဲ့အဓိပ္ပါယ်က တစုံတခု/တစုံတယောက်နဲ့ ထိတွေ့ခြင်းဖြစ်ပြီး 'post' ကတော့ 'ပြီးနောက်' လို့ အဓိပ္ပါယ်ရပါတယ်။'Prophylaxis' ကတော့ 'ကြိုတင်ကာကွယ်ခြင်း'လို့ အဓိပ္ပါယ်ထွက်တဲ့အတွက် အားလုံးကို ခြုံငုံပြီး ဘာသာပြန်လိုက်ရင် တစုံတခု/တစုံတယောက်နဲ့ ထိတွေ့အပြီး ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်ခြင်းလို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာတော့ HIV ပိုးမကူးအောင် ကြိုတင်ကာကွယ်တာပေါ့။ ယေဘုယျအားဖြင့် ဒီကုထုံးမှာ ဆေးနှစ်မျိုး/သုံးမျိုးခန့် ပါဝင်တတ်ပြီး မှန်မှန်ကန်ကန် သောက်သုံးမယ်ဆိုရင် (အကယ်၍ မတော်တဆ ကူးခဲ့သည်ရှိသော်) ဗိုင်းရပ်စ်ပိုးကို ရပ်တန့်တားဆီးဖို့အခွင့်အလမ်း […]


သားဆက်ခြားခြင်း

မျိုးဆက်ပွားကျန်းမာရေးရဲ့ ကောင်းကျိုးဆိုးပြစ်များ

မျိုးဆက်ပွားကျန်းမာရေးတဲ့ လိင်ပညာပေးတဲ့ နာမည်ကြားတာနဲ့ စိတ်ထဲတစ်မျိုးတစ်မည်ဖြစ်ချင်သလိုလို။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုတွေ၊ သက်ငယ်မုဒိမ်းတွေ၊လက်တည့်စမ်းရင်းကနေ HIV ပိုးကူးသွားတာတွေ စတဲ့ပြဿနာတွေ တစ်စထက်တစ်စ ပိုမိုများပြားလာတာနဲ့အမျှ မျိုးဆက်ပွားကျန်းမာရေးရဲ့ အခန်းကဏ္ဍက ပိုပိုပြီး အရေးကြီးလာပါပြီ။ ရှေးရိုးဆန်သူတွေရဲ့ အမြင်မှာတော့ မျိုးဆက်ပွားကျန်းမာရေး၊ လိင်ပညာပေးဆိုတာ ကလေးတွေကို အရွယ်မတိုင်ခင် ဖိုမကိစ္စတွေ သိသွားအောင်၊စိတ်ဝင်စားလာအောင် သွေးဆောင်ဖြားယောင်းခြင်းတစ်မျိုးလို့ ယူဆကြတဲ့အတွက် ဒါကို ကန့်ကွက်ကြ၊မနှစ်မြို့ကြပါဘူး။ ကျောင်းတွေမှာ သင်ရိုးတစ်ခုအဖြစ် ထည့်သွင်းခြင်းကိုလည်း သဘောမတွေ့ကြပါဘူး။ တကယ်က လိင်မှုကိစ္စဆိုတာ အရွယ်ရောက်သူမှန်သမျှ ရှောင်လွှဲလို့ မရနိုင်တဲ့ကိစ္စဖြစ်တာမို့ သူတို့စိတ်နဲ့သူတို့ လက်တည့်စမ်းကြ၊အတွေ့အကြုံရှာကြတဲ့အခါ မျိုးဆက်ပွားကျန်းမာရေးအကြောင်း နားလည်သဘောပေါက်ထားတဲ့ ဆယ်ကျော်သက်တွေဟာ အများကြီးတပန်းသာတာကို တွေ့မြင်ရပါလိမ့်မယ်။ ဒါကြောင့် အခြေခံပညာကျောင်းတွေမှာ မျိုးဆက်ပွားကျန်းမာရေးပညာပေးကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မျိုးဆက်ပွားကျန်းမာရေးပညာပေးခြင်းရဲ့ ကောင်းကျိုးဆိုးပြစ်နှစ်ထွေကို တင်ပြဆွေးနွေးပေးသွားပါမယ်။ ကောင်းကျိုးများ မျိုးဆက်ပွားကျန်းမာရေးကို အခြေခံပညာကျောင်းတွေမှာ သင်ကြားပေးခြင်းအားဖြင့် မိမိတို့ရဲ့ ဘဝနေထိုင်မှုအပေါ်မှာ 'လိင်မှုကိစ္စ'က […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း