ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

Trichomoniasis ရောဂါပိုးဝင်ခြင်း

Trichomoniasis ရောဂါအကြောင်း သိကောင်းစရာ

Trichomoniasis ဆိုတာ လိင်ကတဆင့်ကူးစက်တဲ့ ကပ်ပါးကောင်တစ်မျိုးကြောင့် ဖြစ်ရတဲ့ရောဂါ ဖြစ်ပါတယ်။ ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံပြီး ဘယ်လောက်အကြာမှာ ရောဂါကူးစက်ခံရမယ်ဆိုတာနဲ့ ပတ်သက်ပြီး တိတိကျကျ မသိရသေးပေမယ့် ၅ရက်ကနေ ၂၈ရက်ကြား ဖြစ်လိမ့်မယ်လိုတော့ အကြမ်းဖျင်းခန့်မှန်းထားပါတယ်။ ရောဂါကူးစက်ခံထားရသူ အမျိုးသမီးတွေမှာ မိန်းမကိုယ်မှ အနံ့နံတဲ့အရည် ဆင်းခြင်း၊ မိန်းမကိုယ်ယားယံခြင်း၊ ဆီးသွားလျှင်နာကျင်ခြင်း စတဲ့ လက္ခဏာတွေ ပြလေ့ရှိပြီး အမျိုးသားတွေမှာတော့ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒီရောဂါကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ လမစေ့ဘဲ ကလေးမွေးဖွားနိုင်ခြေ များပါတယ်။ Trichomoniasis ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ ဒီရောဂါကူးစက်ခံရသူ အများစုမှာ ရောဂါလက္ခဏာမပြတတ်ပေမယ့် အမျိုးသမီးတွေအနေနဲ့ အောက်ဖော်ပြပါ လက္ခဏာများရှိမရှိ မိမိကိုယ်ကိုယ် သတိပြုစစ်ဆေးသင့်ပါတယ်။ မိန်းမကိုယ်မှ အဖြူရောင်၊ မီးခိုးရောင်၊ အဝါရောင် သို့မဟုတ် အစိမ်းရောင် အနံ့ဆိုးဆိုးအရည် အများအပြားဆင်းခြင်း မိန်းမကိုယ်တဝိုက် နီရဲခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ […]


သားဆက်ခြားခြင်း

လိင်ကိစ္စနဲ့သားဆက်ခြားခြင်းကိစ္စများအတွက် မိမိကိုယ်တိုင်တွင် ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်

လူကိုမြင်တာနဲ့ ဘယ်တော့အိမ်ထောင်ပြုမှာလဲ၊ အိမ်ထောင်ကျသွားရင်လည်း ဘယ်တော့ကလေးယူမှာလဲ မေးရင်းနှုတ်ဆက်တတ်ကြတာ မြန်မာ့ပတ်ဝန်းကျင်ရဲ့ဓလေ့တစ်ခုလိုဖြစ်နေပါတယ်။ ချစ်သူရည်းစားထားရင်းအချိန်ကြာလာလို့ မယူသေးရင် ပတ်ဝန်းကျင်အမြင်ကမကောင်းဘူး၊ အိမ်ထောင်ကျပြီး နှစ်လေးစွန်းလာလို့ ကလေးမယူသေးရင်ပဲကလေးမရနိုင်တဲ့ချို့ယွင်းချက်ရှိသူလိုလို၊ စရိတ်မတတ်နိုင်သလိုလိုပတ်ဝန်းကျင်ရဲ့ထင်ကြေးတွေကိုစိုးထိတ်နေကြသူတွေရှိပါတယ်။ အဲဒီလိုပတ်ဝန်းကျင်ရဲ့သက်ရောက်မှုတွေအပြင် မိသားစုရဲ့ဖိအားတွေကိုပါရင်ဆိုင်လာရတဲ့ အမျိုးသမီးတွေဟာကိုယ်ရည်မှန်းထားတဲ့အနေအထားအထိမပြင်ဆင်ရသေးခင် အိမ်ထောင်ပြုလိုက်ရတာ၊ ကလေးယူလိုက်ရတာတွေဖြစ်လာတာပေါ့။ ရလဒ်ကျ ဘာဖြစ်လာလဲဆိုတော့ တစ်ပါးသူတွေရဲ့လွှမ်းမိုးမှုနဲ့ရှေ့ဆက်ရင်းဘဝမှာတိုးတက်အောင်မြင်ဖို့၊ သာယာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့၊ စနစ်တကျထက်မြက်တဲ့သားသမီးတွေကိုပျိုးထောင်နိုင်ဖို့လမ်းကမှုန်ဝါးလာနိုင်ပါတယ်။ အဆင်သင့်မဖြစ်သေးဘဲလက်ခံလိုက်ရတဲ့ ဘဝရဲ့ပင်ပန်းမှုတွေကြားရုန်းကန်လှုပ်ရှားရင်းပေါ့။ ဥပမာတစ်ဦးနဲ့တစ်ဦးနားလည်မှု၊သံယောဇဉ်မခိုင်မာသေးခင်ပြုလိုက်ရတဲ့ အိမ်ထောင်ရဲ့အဆင်မပြေမှုတွေ၊ အသက်ငယ်ငယ်နဲ့ကလေးယူလိုက်ပြီးနောက် မိခင်တာဝန်ကျေပွန်နိုင်အောင် အသိပညာမပြည့်စုံတဲ့အခက်အခဲတွေလိုမျိုး။ အမှန်တော့ အမျိုးသမီးတစ်ယောက်ဟာဘယ်နေရာမှာပဲနေနေ၊ ဝင်ငွေဘယ်လောက်ပဲရှိနေပါစေ၊ ဘာလူမျိုးပဲဖြစ်ဖြစ် သူ့ရဲ့ခန္ဓာကိုယ်နဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးဘာမဆိုကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိပါတယ်။ ဒါဟာလိင်ကိစ္စနဲ့မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအခွင့်အရေး(SRH Rights) လို့ခေါ်တဲ့ အမျိုးသမီးတွေရဲ့အခြေခံကျတဲ့လူ့အခွင့်အရေးပါ။ လိင်မှုကိစ္စနဲ့သားဆက်ခြားကျန်းမာရေးဆိုင်ရာအခွင့်အရေးတွေကိုသိရှိနားလည်ထားတဲ့အမျိုးသမီးငယ်တွေဟာအိမ်ထောင်ရေးကိစ္စနဲ့ သားသမီးယူရေးကိစ္စတွေမှာကိုယ်တိုင်ဆုံးဖြတ်နိုင်ပြီးပညာရေးဆုံးခန်းတိုင်အောင်ရှေ့ဆက်မလား၊ အလုပ်ဆက်လုပ်မလားစသည်ဖြင့် ကိုယ့်ဘဝအတွက်လုပ်ပိုင်ခွင့်တွေကိုအသုံးချနိုင်လာပါလိမ့်မယ်။ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ပဲအရာရာစိတ်ကိုလျှော့ပြီးကိုယ့်ဆုံးဖြတ်ပိုင်ခွင့်ကိုလက်မလွှတ်လိုက်ပါနဲ့။ အိမ်ထောင်ပြု၊သားမွေးဆိုတဲ့အတိုင်းမိန်းကလေးတွေရဲ့ဘဝပေးတာဝန်လို့ သတ်မှတ်ပြီးခင်ပွန်းသို့မဟုတ် မိသားစုရဲ့တိုက်တွန်းမှုအရသားသမီးယူလိုက်ကြတာများပါတယ်။ သားဆက်ခြားနည်းလမ်းတစ်ခုခုကျင့်သုံးခြင်းကမတော်တဆကိုယ်ဝန်ရခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းတွေကို ဖြစ်နိုင်ခြေလျော့နည်းစေမယ့် အဖြေဖြစ်ပါတယ်။ သားဆက်ခြားနည်းတွေရဲ့ ဘေးကင်းမှုနဲ့ပတ်သက်ပြီးအမှားတွေသိထားတာ၊ ဗဟုသုတနည်းပါးတာတွေကအမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်မှာအနှောင့်အယှက်တွေဖြစ်စေတဲ့အချက်တွေထဲပါဝင်ပါတယ်။ အဲ့ဒီအခါ သားဆက်ခြားခြင်းအတွက်ကတစ်ဦးတည်း၊တစ်ဖက်တည်းသဘောမဟုတ်ဘဲခင်ပွန်းနဲ့ဇနီးကြားညှိနှိုင်းမှုတွေလိုအပ်သလိုအမျိုးသမီးဘက်ကလည်းကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိရပါမယ်။ သားဆက်ခြားနည်းရွေးချယ်တဲ့အခါ လက်ရှိကိုယ့်အနေအထားနဲ့ သင့်တော်မယ့် နည်းလမ်းကိုစဉ်းစားရွေးချယ်ရမှာပါ။ ဥပမာ -အလုပ်တစ်ဖက်နဲ့အမျိုးသမီးတွေဆိုသားအိမ်တွင်းထည့်ပစ္စည်း IUD […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပါးစပ်နဲ့ လိင်ဆက်ဆံရာမှာ ဘာတွေ သတိထားသင့်သလဲ

နှစ်ကိုယ်တူ သဘောမျှပြီး ချစ်ပွဲဝင်ကြရာမှာ ဘာလုပ်လုပ်တင့်တယ် ဆိုသလိုပါပဲ။ အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါတယ်။ လိင်ဆက်ဆံရာမှာ အဓိက ကြောက်ကြတာက မလိုချင်တဲ့ ကိုယ်ဝန်ရှိလာမှာကို ဆိုပေမယ့် တကယ်တမ်း ကြောက်သင့်တာက လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ။ ဒီရောဂါတွေဟာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးမွှားတွေကြောင့် ဖြစ်ပေါ်လာနိုင်ပါတယ်။ ယေဘုယျအားဖြင့် ယောနိ၊ စအို၊ လိင်အင်္ဂါတွေရဲ့ အရေပြား စတဲ့ နေရာတွေကတဆင့် ရောဂါပိုးတွေ ကူးစက်တယ်ဆိုပေမယ့် ပါးစပ်နဲ့ လိင်ဆက်ဆံရာမှာ လည်း ရောဂါတွေ ကူးစက်နိုင်ပါတယ်။ ယောနိ သို့မဟုတ် စအိုနဲ့ လိင်ဆက်ဆံသလောက် ကူးစက်နှုန်း မများသည့်တိုင် ကံကိုယုံပြီး ဆူးပုံသွားနင်းလို့ မရပါဘူး။ အများသိကြတဲ့အတိုင်း ကွန်ဒုံးစွပ်တာက အကောင်းဆုံးဆိုပေမယ့် ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါဒီလိုမျိုး ကွန်ဒုံးစွပ်ဖို့ကို အတော်များများက လက်ရှောင်ကြပါတယ်။ ဒါပေမယ့် အခြားသော […]


လိင်အင်္ဂါကြွက်နို့များ

လိင်မှတဆင့်အများဆုံးကူးစက်သောရောဂါအကြောင်း ကျွန်တော်လူတွေကို အသိပညာပေးပါတယ်

ကလေးသူငယ်များ HPV(လေးမျိုးစပ်ကာကွယ်ဆေး)မထိုးရသေးခြင်းသည်မိဘများကိုယ်တိုင် မသိသေးသောကြောင့်ဖြစ်နိုင်ပါသည်။ ဆယ်ကျော်သက်များ ကာကွယ်ဆေးထိုးဖြစ်ရန်ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဆရာဝန်များ၏ အကြံပြုချက်သည် အဓိက အခန်းမှ ပါဝင်သည်ဟုယူဆရသည့် အချက်အလက်များရှိသည်။ HPV ကာကွယ်ဆေးထိုးခြင်းကို မသိရှိရခြင်း၏ အဓိကအကြောင်းရင်းမှာ ဆယ်ကျော်သက်လေးတို့ရဲ့ ဆရာဝန်များ သူနာပြုများက ကာကွယ်ဆေးထိုးဖို့ရန် အကြံမပေးသောကြောင့်ဖြစ်သည်။ လူတွေသတိမထားမိသော အချက်ကတော့ ေယာက်ျားလေးများလည်း မိန်းကလေးများလို HPV ရောဂါပိုး ကူးစက်နိုင်သည်။ ထို့ကြောင့် ဆရာဝန်တစ်ယောက်အနေဖြင့် HPV ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုးများအား ရှင်းပြခြင်းဖြင့် ထိုးသင့်သော အသက်အပိုင်းအခြားရောက်နေသောသူတိုင်း ကာကွယ်ဆေးထိုးပြီးသားဖြစ်ရန်အတွက် အကောင်းဆုံး လုပ်သင့်ပါသည်။ မိဘများအား HPV ဗိုင်းရပ်စ်ရောဂါပိုးအကြောင်းနှင့် ကာကွယ်ဆေးအကြောင်းဘယ်လိုရှင်းပြသင့်သနည်း။ ဆရာဝန်များအနေဖြင့် ကလေးတိုင်း ထိုးသင့်သောကာကွယ်ဆေးများအကြောင်း မိဘများအားရှင်းပြလျှင် HPV ကာကွယ်ဆေးအကြောင်းလည်း ထည့်ပြောသင့်ပါသည်။ ထိုအခါ မိဘများဘက်မှ မေးလာမည့် ကာကွယ်ဆေးအကြောင်းနှင့် ဆေး၏ကောင်းကျိုးများအား ပြန်လည်ရှင်းပြရန် အတွက် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကလေးမရနိုင်ခြင်းနဲ့ လိင်တံအရွယ်အစား ဆက်စပ်မှု ရှိသလား

လိင်တံအရွယ်အစားဆိုတာဟာ အမျိုးသားတွေကြားမှာ ဘယ်တော့မှ မရိုးနိုင်တဲ့ ဆွေးနွေးစရာ တခု ဖြစ်ပါတယ်။ ဒါဟာ ယောက်ျားပီသမှု၊လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတခုအဖြစ် အဓိက ဆွေးနွေးခဲ့ကြတာပါ။ ဒါပေမယ့် လေ့လာချက်အသစ်တခုအရတော့ လိင်တံအရွယ်အစားဟာ ဒီထက်အများကြီး အဓိပ္ပါယ်ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကတော့ ကလေးမရနိုင်ခြင်းနဲ့ လိင်တံအရွယ်အစားဟာ ဆက်စပ်မှုရှိကောင်းရှိနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။   ယေဘုယျအားဖြင့် အမျိုးသားတဦးရဲ့ မျိုးအောင်နိုင်စွမ်း (ကလေးရနိုင်ချေ ရှိမရှိ)ကို အတိအကျ သိဖို့ဆိုရင် သုတ်ကောင်တွေရဲ့ အရေအတွက်၊အရည်အသွေး စတာတွေကို ဓါတ်ခွဲခန်းမှာ စနစ်တကျ စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် University of Utah က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုအရ ပျမ်းမျှ လိင်တံအရွယ်အစားထက် ပိုသေးတဲ့ အမျိုးသားတွေဟာ မျိုးအောင်နိုင်ချေနည်းတယ်လို့ သိရှိခဲ့ရပါတယ်။   ဘယ်သူတွေကို လေ့လာခဲ့သလဲ   ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဆေးရုံဆေးခန်းတွေဆီ ရောက်လာခဲ့ကြတဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားတွေမှာ ကြုံတွေ့ရတတ်တဲ့ လိင်စိတ်ဆန္ဒ လျော့နည်းလာမှု ပြဿနာ

လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ အအိပ်၊ အစား၊ ကာမဆိုတဲ့ အရာ၃မျိုးလုံးက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေအတွက်တော့ ကာမသုခပြီးပြည့်စုံမှသာ တစ်နေ့တာ လုပ်ငန်းဆောင်တာ အခက်အခဲတွေကို ဖြေရှင်းကျော်လွှားသွားနိုင်မှာပါ။ ကာမသုခပြီးမြောက်ဖို့ စွမ်းဆောင်ရည်ကောင်းဖို့ လိုတယ်၊ ကာမစွမ်းဆောင်နိုင်ဖို့ လိင်စိတ်ဆန္ဒ မြင့်တက်နေဖို့ လိုပါတယ်။ လိင်စိတ်ဆန္ဒမြင့်တက်ဖို့အတွက် ကိုယ့်ရဲ့ နေ့စဉ်နေထိုင်စားသောက်တဲ့ ပုံစံဟာ မှန်ကန်နေဖို့ သိပ်ကို အရေးကြီးပါတယ်။ တကယ်တော့ ဒီလိင်စိတ်ဆန္ဒ လျော့နည်းလာတဲ့ပြဿနာဟာ ယောက်ျားလေးတော်တော်များများမှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာမျိုးပါ။ ပတ်ဝန်းကျင်က ကိုယ့်ကို ယောက်ျားမပီသတော့ဘူးလို့ ထင်သွားမှာ ကြောက်ရွံ့တာ၊ ရှက်ရွံ့တာကြောင့် အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် သေချာမကုသဖြစ်ပဲ ပစ်ထားလိုက်ရာကနေ အခြေအနေတွေဟာ ပိုဆိုးသွားနိုင်ပါတယ်။ ဘာကြောင့် ယောက်ျားတွေမှာ လိင်စိတ်ဆန္ဒလျော့နည်းလာရတာလဲ…??? အကြောင်းရင်းတွေက အများကြီးပါပဲ။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာရော၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကြောင့်ပါ ဖြစ်နိုင်ပါတယ်။ […]


သားဆက်ခြားခြင်း

သင့်အမျိုးသားကို သားဆက်ခြားခြင်းနည်းလမ်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုပြောမလဲ

ခိုင်မာတဲ့ ဆက်ဆံရေးတစ်ရပ်တည်ဆောက်တဲ့နေရာမှာ နားလည်မှုရှိဖို့နဲ့ ပွင့်လင်းမှုရှိဖို့ကတော်တော်လေးအရေးကြီးပါတယ်။ပေါင်းသင်းဆက်ဆံရေးမှာရော အိမ်ထောင်ရေးမှာပါ ဒီအချက်တွေကအရေးပါတာပါ။ ကျွန်မတို့မြန်မာအမျိုးသမီးတော်တော်များများက ငယ်စဉ်ပျိုးထောင်ကတည်းက စည်းကမ်းတင်းကျပ်လွန်းစွာကြီးပြင်းခဲ့ရတာကြောင့် ကိစ္စတော်တော်များများကို ဖွင့်ထုတ်မတိုင်ပင်ရဲကြတာများပါတယ်။ အထူးသဖြင့် အိမ်ထောင်မှုရေးရာနဲ့ လိင်မှုကိစ္စတွေကိုပေါ့။ အိမ်ထောင်တစ်ခုကို ထူထောင်တဲ့အခါမြန်မာအမျိုးသမီးအများစုက လင်ယောက်ျားကို အိမ်ထောင်ဦးစီးဆိုပြီးလေးစားကြတာက မမှားပေမယ့် ကိစ္စတိုင်းကိုတော့ တစ်ဦးတည်းသဘောနဲ့ လိုက်လုပ်နေစရာမလိုပါဘူး။ လူတိုင်းမှာ အခွင့်အရေးကိုယ်စီရှိတာမို့ အချို့ကိစ္စတွေမှာ သူဖြစ်ချင်တာ ကိုယ်ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး ညှိနှိုင်းကြည့်ဖို့ပြောပါရစေ။ ဘယ်အချိန်မှာ ကလေးယူမယ်၊ ကလေးဘယ်နှယောက်ယူမယ်ဆိုတာနဲ့ ဘယ်လိုသားဆက်ခြားနည်းက အဆင်ပြေဆုံးဖြစ်မလဲဆိုတာတွေကို နှစ်ဦးသားပွင့်ပွင့်လင်းလင်းဆွေးနွေးမှုကနေတဆင့် အကောင်းဆုံးအဖြေထုတ်နိုင်ပါတယ်။ မိမိလက်တွဲဖော်နဲ့ သားဆက်ခြားနည်းအကြောင်းတိုင်ပင်တဲ့အခါ သားဆက်ခြားနည်းက အရေးကြီးတာကြောင့် မိမိရဲ့လက်တွဲဖော်နဲ့တိုင်ပင်ဖို့ကို အားနာတာရှက်ရွံ့တာတွေမလုပ်ပါနဲ့။ သားဆက်ခြားနည်းကိုသေသေချာချာရွေးချယ်တာက နှစ်ယောက်စလုံးအတွက် အကျိုးရှိစေမှာ အသေအချာပါပဲ။ လက်တွဲဖော်နဲ့ သားဆက်ခြားနည်းပြောရတာက အခက်အခဲရှိနိုင်ပေမယ့် မပြောလို့မဖြစ်တဲ့ အရေးကြီးတဲ့ကိစ္စပါ။ ကျွန်မတို့မြန်မာအမျိုးသမီးအများစုက သားဆက်ခြားနည်းရွေးချယ်တဲ့အခါ အိမ်ထောင်ဘက်နဲ့ မဆွေးနွေးမိဘဲ မိခင် ဒါမှမဟုတ် အမလိုမျိုးဆွေမျိုးရင်းချာတွေနဲ့ […]


လိင်အင်္ဂါကြွက်နို့များ

HPVနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်များ

HPV ( Human Papilloma Virus )ဆိုတာ ဘာလဲနဲ့ အရွယ်ရောက်ပြီးသား ယောက်ျားလေးနဲ့ မိန်းကလေးတိုင်းဘာကြောင့်သတိထားသင့်သလဲ။  HPV (သို့မဟုတ် ) Human Papilloma Virusသည် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်သည်။ ရောဂါကူးစက်ခံရသောသူများသည် လိင်အင်္ဂါတစ်ဝိုက်တွင် ကြွက်နို့များပေါက်ခြင်းနဲ့ သေစေနိုင်လောက်သည်အထိ ပြင်းထန်သော ကင်ဆာများဖြစ်သည့် လိင်တံကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊မိန်းမကိုယ်လမ်းကြောင်းကင်ဆာ၊ မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာ၊ စအိုကင်ဆာ၊ လည်ချောင်းကင်ဆာ၊ လျှာကင်ဆာနှင့် အာသီးကင်ဆာများ ဖြစ်နိုင်သည်။ လူတော်တော်များများက HPVသည် ယောက်ျားမိန်းမမရွေးဘဲ ကောင်းကောင်းဒုက္ခပေးနိုင်သည်ဆိုတာ သတိမမူမိကြပေ။ HPVသည် အမျိုးသမီးတွေကိုပဲ ရွေးဝင်တာမဟုတ်ဘဲ အမျိုးသားများဆီတွင်လည်း ရှိနေတတ်ပါသည်။ HPVသည် ကင်ဆာရောဂါကို မဖြစ်စေနိုင်တောင်မှ လိင်အင်္ဂါတစ်ဝိုက်တွင် ကြွက်နို့များပေါက်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ထိုကြွက်နို့များ ပေါက်နေလျှင် စိတ်အနှောင့်အယှက် ဖြစ်စေပါသည်။ ကြွက်နို့များ ပေါက်ခြင်းသည် လိင်ဆက်ဆံရာတွင် […]


လိင်အင်္ဂါကြွက်နို့များ

သင့်လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို ဒီအရာကဖျက်ဆီးနိုင်ပါတယ်

HPVဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း-ငယ်သောအမျိုးသားနှင့်အမျိုးသမီးများတွင်အဖြစ်အများဆုံးသောကျန်းမာရေးပြဿနာတစ်ခု HPV (သို့မဟုတ် ) Human Papilloma Virusသည်အဖြစ်အများဆုံးလိင်ဆက်ဆံခြင်းမှတဆင့်ကူးစက်သောဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါကူးစက်ခံရသောသူများသည်လိင်အဂါၤတဝိုက်တွင် ကြွက်နို့များပေါက်ခြင်းနှင့် သေစေနိုင်လောက်သည်အထိပြင်းထန်သောကင်ဆာများဖြစ်သည့်လိင်တံကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊မိန်းမကိုယ်လမ်းကြောင်းကင်ဆာ၊မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာ၊စအိုကင်ဆာ၊လည်ချောင်းကင်ဆာ၊ လျှာကင်ဆာနှင့်အာသီးကင်ဆာများဖြစ်နိုင်သည်။ကင်ဆာများမဖြစ်နိုင်လျှင်တောင်ပေါက်နေသောကြွက်နို့များသည်သင့်၏လိင်ပိုင်းဆိုင်ရာဆွဲဆောင်နိုင်စွမ်းယုံကြည်ချက်ရှိမှုကိုထိခိုက်စေပါသည်။ ကြွက်နို့များသည်လိင်အဂါၤပတ်လည်တဝိုက် နှင့်စအိုတစ်ဝိုက်တွင်မနာသောအဖုလေးများအဖြစ်ပေါက်တတ်သည် ။အရွယ်အစားနှင့်ပုံစံများကွဲပြားနိုင်ပါသည်။တစ်ချို့သောကြွက်နို့များသည်ပန်းဂေါ်ဖီကဲ့သို့အဖြူဖတ်များအထပ်လိုက်ပုံစံမျိုးနှင့်ရှိနေတတ်ပါသည်။ ကြွက်နို့များသည်သင့်ကျန်းမာရေးကိုပြင်းပြင်းထန်ထန်ဒုက္ခမပေးနိုင်သော်လည်းုသင်၏စိတ်ပိုင်းဆိုင်ရာကိုတော့ထိခိုက်နိုင်ပါသည်။ HPVသည်သင်၏လိင်ပိုင်းဆိုင်ရာယုံကြည်မှုကို်ဘယ်လိုထိခိုက်နိုင်စေသနည်း။ ၁ ။ ြကွက်နို့များ လူ့အသိုင်းအဝိုင်းရဲ့လက်ခံမှုအရလိင်အဂါၤတစ်ဝိုက်တွ င် ကြွက်နို့များပေါက်နေလျှင်သင့်ကိုယ်သင်မသန့်ရှင်းဘူးဟုခံစားရပါလိမ့်မယ်။တချို့လူများကသင်သည်ကာမကိစ္စလိုက်စားသဖြင့် ကြွက်နို့ပေါက်ရခြင်းဖြစ်သည်ဟုယူဆထားကြသည် ။ မည်သို့ပင်ဖြစ်စေကာမူပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုသွားပြောနေ၍မရပေ။ချီးမွမ်း၇ရက်ကဲ့ရဲ့ ၇ရက်မဟုတ်လား။ဤသို့အပြောခံရမည်မှာထုံးစံပင် ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ထားသင့်သည်။ အကယ်၍သင့်တွင်လက်တွဲဖော်ရှိပြီးသားဖြစ်လျှ င်သင့်၏ကိုယ်ကျင့်တရားသည်သူတို့အတွက်မေးခွန်းထုတ်စရာဖြစ်နေလိမ့်မည်။သူတို့အားသင်ကလှည့်စားသည်ဟုပင်သံသယဝင်နေနိုင်သည်။သင့်တွင်သာမကသင့်လက်တွဲဖော်တွင်ပါ HIV(ခုခံအားကျဆင်းမှုကူးစက်ရောဂါ)ရှိနေလျှင်သင်သာအပြစ်တင်ခံရမည်မှာမုချဖြစ်သည်။သင်တို့၏အိမ်ထောင်ရေးလည်းပြိုကွဲသွားလိမ့်မည်။ တစ်ကိုယ်တည်းသမားဖြစ်နေလျှင်တော့လိင်အဂါၤ မှ ကြွ က်နို့များသည်သင့်အားတစ်ကိုယ်တည်းဘဝမှ ကျွတ်ရန်ပိတ်ပင်နေလိမ့်မည်။သင်ကိုယ်တိုင်လည် း ကိုယ့်ခန္ဓါအားရွံရှာနေလိမ့်မည်။လူတော်တော်များများကကြွက်နို့ပေါက်သည်ဟုသတိထားမိပြီးတာနဲ့သူတို့ကိုယ်သူတို့တောင်မကြည့်ချင်တော့ဟုပြောကြသည်။သင်အပြင်ထွက်တာနှင့်သင့်စိတ်ထဲတွင်စတင်စဉ်းစားသည်က“ငါ့မှာကြွက်နို့ရှိတာသူတို့တွေသိနေလား” “သိသွားရင်သူတို့ရွံကြမှာလား” “လက်ကောလက်ခံနိုင်ပါ့မလား”ဆိုသည့်အတွေးဖြစ်သည်။မည်သို့ပင် ဖြစ်စေကာမူကုမရသောလိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါရှိသူကိုချစ်သူတော်ရမည်မှာခက်ခဲသောအရာပင်ဖြစ်သည်။ ကြွက်နို့များအားအချိန်အတော်ကြာကုယူရမည်။ကုသတိုင်းပျောက်ချင်မှလည်းပျောက်နိုင်သည်။ထိုအခါမိမိကိုယ်ကိုအထင်အမြင်သေးမှုနှင့်ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်နိုင်သည့်ယုံကြည်မှုများတဖြည်းဖြည်းမှေးမှိန်လာပြီးစိတ်ကျရောဂါများစတင်ဝင်ရောက်လာပါတော့သည်။ ၂ ။ကင်ဆာေရာဂြါဖစ်နေလျှင် လိင်စိတ်တက်ကြွမှု နှင့်ကင်ဆာကြားတွင်ဆက်သွယ်မှုတော့သိပ်မရှိပေ။မျိုးပွားအင်္ဂါများတွင်ကင်ဆာဖြစ်နေလျှင်တော့သင့်ကိုယ်သင်သိမ်ငယ်နေမှုသည်သင့်အတွက်ထိုးနှက်ချက်တစ်ခုပင်ဖြစ်သည်။ကင်ဆာမှရသောနာကျင်မှုအပြင်သိမ်ငယ်မှုများလည်းရနိုင်ပါသည်။သင့် ၏လွတ်လပ်မှုများဆုံးရှုံးသွားပြီးသင်လုပ်နေကျအလုပ်များတွင်လည်းမပျော်မွေ့တော့ပေ။သင်စတင်ပင်ပန်းလာပြီးအရင်ကလုပ်နေကျအလုပ်များပင်သင့်အတွက်စတင်ခက်ခဲလာသည်။သင်၏အနာဂါတ်အစီအစဉ်များကိုလည်းရပ်ထားလိုက်ရပြီးသင့်ဘဝကိုသင်စိတ်တိုင်းကျဆေးခြယ်၍မရတော့ဘူးဆိုသည့်အတွေးများစတင်ဝင်ရောက်လာသည်။ဤသို့ဖြင့်သင်ဟာဘယ်သူဖြစ်တယ်သင်ဘာဖြစ်ချင်တယ်သင်လုပ်နိုင်တယ်ဆိုသည့် ယုံကြည်ချက်များလျော့ကျလာသည်။ထို့ကြောင့်သိမ်ငယ်စိတ်မဝင်ဖို့နှင့်စိတ်ဓါတ်ခိုင်မာဖို့ယုံကြည်မှုများသည်သင့်၏ဆန့်ကျင်ဘက်လိင်ဆွဲဆောင်မှုနှင့်လိင်ကိစ္စများတွင်အဓိကျသောအပိုင်းများဖြစ်လာသည်။ သင့်ရဲ့လိင်ပိုင်းဆိုင်ရာစွဲဆောင်မှုကိုHPVကာကွယ်ဆေးနှင့်ကာကွယ်ထားလိုက်ပါ။ လူအများစုသည်ဆေးထိုးခံရမည်ကိုမကြောက်ကြပေ။ဤသို့ဖြင့်သူတို့တွင် HPVကာကွယ်ဆေးထိုးပြီးကြပြီးကြွက်နို့များနှင့်ကင်ဆာများအားကာကွယ်ပြီးသားဖြစ်နေတတ်သည် ။သင်ရောဘယ်လိုလဲ။သင်နှင့်သင်ချစ်ရသောသူကိုပါရောဂါဖြစ်မှုမှကာကွယ်မည်ဆိုလျှင်သင်ကာကွယ်ဆေးထိုးမည်လား။ကာကွယ်ဆေးမထိုးဘဲကြွက်နို့များမရချင်ဘူးဆိုလျှ င်အကောင်းဆုံးမှာလိင်မဆက်ဆံဘဲနေဖို့ဖြစ်သည်.။သင် ၁၀၀%လိင်မဆက်ဆံဘူးတာသေချာနေလျှင်ကာကွယ်ဆေးထိုးခြင်းကိုဆန့်ကျင်နိုင်ပါသည်။ HPVကာကွယ်ဆေးထိုးခြင်းဖြင့် ကြွက်နို့များလိင်အင်္ဂါတွင်ပေါက်ခြင်းနှင့်ကင်ဆာများကိုဖြစ်စေတတ်သည့် HPVဗိုင်းရပ်စ်ပိုးများအားကာကွယ်ပြီးဖြစ်သည် ။ဗိုင်းရပ်စ်ပိုးနှင့်တစ်ခါမှမထိတွေ့ဖူးလျှင် (သို့မဟုတ်)လိင်တစ်ခါမှမဆက်ဆံဖူးသေးသည့်အချိန်တွင်ကာကွယ်ဆေးထိုးလျှင်ဆေးအာနိသင်အကောင်းဆုံးကိုရနိုင်သည်။သင်လူပျိုဖော်၊အပျိုဖော်ဝင်သည့်အရွယ်ရောက်သည့်အခါတွင်လည်းဆေးအာနိသင်ရှိနေတုန်းဖြစ်သည်။ကာကွယ်ဆေး၏သက်ရောက်မှုကိုအပြည့်အဝရရှိမည်ဖြစ်သည်။သင်အသက်၄၅နှစ်အောက် ဖြစ်နေသရွေ့ကာကွယ်ဆေးထိုးရန်နောက်မကျသေးပေ။ကာကွယ်ဆေးသည်သင့်အားရောဂါဖြစ်ခြင်းမှကာကွယ်ပေးနိုင်သည့် အပြင် ပြင်းထန်သောဆိုးကျိုးများလည်းမပေးနိုင်သည့်အတွက်ယခုပဲကာကွယ်ဆေးထိုးလိုက်ပါ။ Hello Health […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

စိတ်ထင်တိုင်း မသောက်သင့်တဲ့ 'ကြာဆေး'တွေ

ပုံမှန်အားဖြင့် ကိစ္စတခုခုကို ဆောင်ရွက်ရတဲ့အခါ နှောင့်နှေးကြန့်ကြာတာကို လူတွေမကြိုက်ကြပေမယ့် ကြာလေပိုကြိုက်လေဆိုတဲ့ ကိစ္စတခုလည်း ရှိနေပါသေးတယ်။ ဒါကတော့ အားလုံး သိကြတဲ့အတိုင်း ချစ်မှုရေးရာ လိင်ကိစ္စပဲ ဖြစ်ပါတယ်။ ဒီကိစ္စဟာ အစားအသောက်၊အနေအထိုင်၊လေ့ကျင့်မှု စတာတွေ အများကြီးနဲ့ သက်ဆိုင်ပေမယ့် အလွယ်ကူဆုံး နည်းလမ်းဖြစ်တဲ့ 'ကြာဆေး'တွေ သုံးစွဲခြင်းကို လူအများစုက ရွေးချယ်လိုက်ကြပါတော့တယ်။ ယေဘုယျအားဖြင့် ဒီလိုဆေးတွေဟာ ဆရာဝန်ဆေးစာပါမှ ဝယ်ယူခွင့်ရှိတဲ့ ဆေးတွေဖြစ်ပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ ကြိုက်တဲ့လမ်းဘေးဆေးဆိုင်မှာ အလွယ်တကူ ပျော်ပျော်ကြီး ဝယ်လို့ရပါတယ်။ ဒီလိုဝယ်ယူနိုင်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေ များစွာ ဖြစ်ပေါ်လာရပါတယ်။ ဘယ်လိုမျိုး ဆိုးကျိုးတွေ ပေါ်ပေါက်လာသလဲဆိုတာကို ကြည့်လိုက်ကြရအောင်။ စိတ်ထင်တိုင်း မသောက်သင့်တဲ့ 'ကြာဆေး'တွေ 'ကြာဆေး'တွေ ကို စိတ်ထင်တိုင်း မသောက်ပါနဲ့လို့ ပြောရတာက 'ကြာဆေး'တွေ ဘယ်လို အလုပ်လုပ်သလဲ ဒီဆေးတွေရဲ့ ဆိုးကျိုးအကြောင်း မပြောခင် သူတို့တွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း