ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်ကောင်ရေတိုးပြီး မျိုးအောင်စေမယ့် သဘာဝနည်းလမ်းတွေ

အမျိုးသားတွေအတွက် လိင်မှုဘဝဆိုတာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အိမ်ထောင်ရေးသုခပြီးပြည့်စုံမှုအပြင် ကျန်းမာဖွံ့ဖြိုးတဲ့ ရင်သွေးငယ်လေး ဖွားမြင်နိုင်ဖို့ အမျိုးသားတွေရဲ့ သုက်ကောင်တွေဟာ ကျန်းမာနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သုက်ပိုးအကောင်ရေနဲ့ ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ မျိုးအောင်ဖို့အတွက် သုက်ကောင်ရေ ပမာဏ များရမယ်။ သုက်ပိုးတွေ ကျန်းမာရမယ်။ ဒါဆိုရင် အမျိုးသားတွေ မျိုးအောင်ဖို့ ဘာတွေ လုပ်သင့်လဲ။ သုက်ကောင်ရေပမာဏတိုးစေဖို့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေနဲ့ သဘာဝနည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ ၁။ လေ့ကျင့်ခန်းလုပ်ပါ။ စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါမှာ ကျန်းမာပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး၊ လိင်မှုဘဝကို ပိုင်ဆိုင်ကြတဲ့ အမျိုးသားတွေဟာ လေ့ကျင့်ခန်း နေ့စဉ်ပုံမှန်လုပ်ကြတာကို တွေ့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စိတ်ကို ပျော်ရွှင်လန်းဆန်းစေတယ်။ လုပ်ငန်းခွင်မှာ အာရုံစူးစိုက်နိုင်စေတယ်။ မိမိကိုယ်ကို ယုံကြည်မှုတိုးစေတယ်။ ကျားဟော်မုန်းပိုမိုထုတ်လွှတ်ပေးနိုင်တယ်။ ပြီးပြည့်စုံတဲ့ ကာမသုခကိုလည်း […]


သားဆက်ခြားခြင်း

အလုပ်များတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေအတွက် လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း

တစ်နေ့တာမှာလုပ်စရာတွေများလွန်းလို့ ကိုယ့်ကိုကိုယ်တောင်ဂရုစိုက်မကြည့်မိဘူး။ မိုးလင်းတာနဲ့ ချက်ရပြုတ်ရ၊ ရှင်းလင်းရနဲ့ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ တာဝန်တွေထမ်းဆောင်ရတယ်။ ပြီးရင် ပြင်ဆင်ပြီး ရုံးသွားလို့ ရုံးဝန်ထမ်းအဖြစ် တစ်နေ့တာကို ကုန်ဆုံးရပြန်တယ်နော်။ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင်သရုပ်ဆောင်ရင်းပေါ့။ ဒီနေ့ခေတ်မှာဆိုရင် အမျိုးသမီးတွေက အရင်တုန်းကလို အိမ်မှာနေ၊ကလေးထိန်း အိမ်မှုကိစ္စလုပ်ရုံတင်မဟုတ်တော့ဘဲ အပြင်ထွက်အလုပ်လုပ်ရတဲ့အတွက် အလုပ်ပိုများလာတာတော့အမှန်ပါပဲ။ ဒီလိုအလုပ်များတဲ့လေဒီတွေအနေနဲ့ အဆင်သင့်မဖြစ်ခင်မှာ ကလေးရသွားတဲ့အခါ တစ်ပူပေါ်တစ်ပူဆင့် အလုပ်ပိုများလာမှာဖြစ်တာကြောင့် မအားတဲ့ကြားထဲကနေပဲ သားဆက်ခြားဖို့ကိုလည်း လုပ်ရပြန်ပါသေးတယ်။ သားဆက်ခြားနည်းအမျိုးမျိုးကို သုံးရပြီလေ။ အလုပ်များတဲ့အမျိုးသမီးတွေအတွက် သားဆက်ခြားနည်းတွေကို ထပ်သုံးရတာကလည်း နောက်ထပ်အလုပ်ပိုတစ်ခုပါ။ လေဒီတို့ရွေးချယ်နိုင်တဲ့သားဆက်ခြားနည်းတွေက အမျိုးသားသုံးကွန်ဒုံး (သို့မဟုတ်) အမျိုးသမီးသုံးကွန်ဒုံး သန္ဓေတားသောက်ဆေး (mini-pill) သန္ဓေတားထိုးဆေး လက်မောင်းတွင်းထည့်ပစ္စည်း သားအိမ်တွင်းထည့်ပစ္စည်း (IUD)ထည့်တာရော အမျိုးမျိုးပါပဲ။ အလုပ်များတဲ့သူတွေအတွက် ရွေးချယ်စရာနည်းလမ်းနှစ်ခု။ ဒီနည်းလမ်းတွေက တစ်မျိုးစီမှာအားသာချက်တွေအသီးသီးရှိကြပေမယ့် အချိန်ပေးရတာကတော့အမှန်ပါပဲ။ဆေးသောက်မယ်ဆိုရင်လည်း တစ်ရက်မပျက်သောက်ရမှာဖြစ်သလိုဆေးထိုးမယ်ဆိုရင်လည်း သတ်မှတ်ရက်မှာ ဆရာဝန်ဆီသွားပြီး ရက်အတိအကျနဲ့ဆေးထိုးရမှာပါ။ ကွန်ဒုံးဆိုရင်လည်း ဆက်ဆံမှုပြုတိုင်းမှာ သတိထားပြီး […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ ကူးစက်နိုင်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ။

လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါ (STDs) တော်တော်များများက လိင်အင်္ဂါမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့် ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံး (သို့မဟုတ်) dental dam လို့ခေါ်တဲ့ ၆ လက်မ ပတ်လည်ခန့် စတုရန်းပုံ ရော်ဘာ အပြားလေးတွေလို အကာကွယ် နည်းလမ်းသုံးခြင်းက လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါကူးစက်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ တခြား လိင်ဆက်ဆံမှု ပုံစံတွေထက် HIV ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ နည်းတယ်ဆိုပေမဲ့ မကြာခဏ အကာကွယ်မဲ့ဆက်ဆံမိနေရင် ကူးစက်နိုင်ခြေကို ပိုများလာစေနိုင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ ပါးစပ်၊ နှုတ်ခမ်းနဲ့ လျှာတို့ကို အသုံးပြုပြီး လိင်တံကို လှုံဆော်ပေးခြင်း (fellatio) နဲ့ အမျိုးသမီး အင်္ဂါကို လှုံ့ဆော်ပေးခြင်း (cunnilingus) နဲ့ စအိုကို လှုံ့ဆော်ပေးခြင်း (anilingus) တို့ပါဝင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ လိင်ပိုင်းဆိုင်ရာ […]


သားဆက်ခြားခြင်း

သားကြောဖြတ်တာနဲ့ ပက်သက်လို့ လေဒီတို့ အမေးများတဲ့ မေးခွန်းများ ။ ။

သားဆက်ခြားတဲ့ နည်းတွေထဲမှာ သားကြောဖြတ်တဲ့ နည်းဟာ နာမည်ကြီးတဲ့ သားဆက်ခြားနည်းတစ်ခုပါ။ ကလေး မလိုချင်လို့သာ လုပ်လိုက်ရပေမယ့် သားကြောဖြတ်တာနဲ့ ပက်သက်လို့ မရှင်းတာတော်တော်များများရှိကြပါတယ်။ လေဒီတို့ စိတ်ထဲ မရှင်းလို့ မေးချင်နေကြတဲ့ မေးခွန်းတွေက ဘာများပါလိမ့်။ ။ ၁။ သားကြောဖြတ်တယ်ဆိုတာ ဘာလဲ ။ ။ သားကြောဖြတ်တယ်ဆိုတာ ကလေးယူဖို့ အစီအစဉ် မရှိတော့တဲ့ အမျိုးသမီးတွေမှာ သားဥဆင်းတဲ့ လမ်းကြောင်းဖြစ်တဲ့ သားဥပြွန်ကို ချည်တဲ့နည်းနဲ့ ကိုယ်ဝန် မရတော့အောင် လုပ်ပေးတဲ့ သားဆက်ခြားနည်းတစ်ခုပါ။ ဒါမှသားအိမ်ထဲ သားဥ မဆင်းတော့၊ သုက်ပိုးလည်း သားဥနဲ့ မတွေ့တော့လို့ ကိုယ်ဝန် တစ်ခုဖြစ်မလာတော့ပါဘူး။ ၂။ သားကြောဖြတ်ပြီး ကလေးပြန်ယူလို့ရသေးလား။ ။ သားကြောဖြတ်တယ်ဆိုတာ သားဥပြွန်ကို ချည်လိုက်တာဆိုတော့ ချည်ထားတာကို ပြန်ဖြည်လိုက်ရင် ကလေးပြန်ယူလို့ ရတယ်လို့ထင်တတ်ကြပါတယ်။ တကယ်က မရတော့ပါဘူး။ သားကြောဖြတ်တယ်ဆိုတာ […]


HIV နှင့် AIDS ရောဂါ

ကိုယ့်မှာ HIV ပိုးရှိမှန်း သိပြီးသွားရင် ဘာဆက်လုပ်မလဲ

HIV ဆိုတာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးဖြစ်ပြီး ကိုယ်ခံအားကို အဓိကထား တိုက်ခိုက်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။ မိခင်မှတစ်ဆင့်၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲရာမှ ဖြစ်စေ၊ ရောဂါပိုးရှိသူရဲ့ သုက်၊ သွေးကို ထိတွေ့မိရာကနေ ကူးစက်ပါတယ်။ HIV ပိုးဟာ ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ CD4 လို့ ခေါ်တဲ့ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ပါတယ်။ သေချာမကုသတဲ့အခါမှာ ကိုယ်ခံအားစနစ်ဟာ ကျဆင်းလာပြီး တခြားရောဂါတွေ အလွယ်တကူဝယ်လာနိုင်ပါတယ်။ နောက်ဆုံးမှာ ခုခံအားကျဆင်းမှုရောဂါ AIDS အခြေအနေထိ ဖြစ်လာနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သွေးစစ်ကြည့်လိုက်တယ်။ ကိုယ့်မှာ HIV ရောဂါပိုးရှိတယ် ဆိုတဲ့ ဆေးစစ်ချက်ထွက်လာတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာအရ ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ၊ ရှေ့ဆက် ဘာတွေ ဆက်လုပ်သင့်လဲဆိုတာ ပြောပြပေးမယ်နော်။ ၁။ ART ဆေး စတင်သောက်ပါ။ လက်ရှိမှာတော့ […]


သားဆက်ခြားခြင်း

အရေးပေါ်တားဆေးနဲ့ ပတ်သက်လို့ သိသင့်သမျှ

အရေးပေါ်တားဆေးကို အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုပြီးတဲ့နောက် ဒါမှမဟုတ် ပုံမှန်သုံးနေကျ သန္ဓေတားနည်းက တစ်ခုခု ချို့ယွင်းသွားလို့ (ဥပမာ ကွန်ဒုံးပေါက်သွားတာမျိုး) ဒါမှမဟုတ် တစ်နေ့တစ်လုံးသောက်နေကျ သောက်ဆေးသောက်ဖို့ မေ့သွားတဲ့အခါမျိုးမှာ သုံးလို့ ရပါတယ်။ အရေးပေါ်သန္ဓေတားနည်းအနေနဲ့ သောက်ဆေးနဲ့ အရေးပေါ်သားအိမ်အတွင်းထည့်နည်းဆိုပြီး နှစ်မျိုးရှိပေမယ့် အသုံးများတာက သောက်ဆေးဖြစ်တဲ့အတွက် သောက်ဆေးအကြောင်းကိုပဲ ပိုဆွေးနွေးလိုပါတယ်။ အရေးပေါ်တားဆေးနဲ့ ပတ်သက်လို့ သိသင့်သမျှ အကြောင်းအရာလေးတွေကို ပြောပြပေးသွားပါမယ်။ အရေးပေါ်တားဆေးနဲ့ ပတ်သက်လို့သိသင့်သမျှ အရေးပေါ်တားဆေးနဲ့ ပတ်သက်လို့ သိသင့်သမျှ အကြောင်းအရာလေးတွေကို လေ့လာလိုက်ရအောင်နော်။ အရေးပေါ်တားဆေးကို အကာအကွယ်မဲ့လိင်ဆက်ဆံပြီး နောက် သုံးရက် (တချို့ဆေးတွေက ငါးရက် ) အတွင်း သောက်လို့ ရပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံမှု ပြီးပြီးချင်း စောစောသောက်လေ ပိုသန္ဓေတားနိုင်လေဖြစ်ပြီး ပိုစိတ်ချရပါတယ်။ နောက်ကျလေ သန္ဓေတားနိုင်စွမ်း ပိုနည်းပါးလေဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းကိုက်ခြင်း  ဗိုက်အောင့်ခြင်း မအီမသာဖြစ်ခြင်း  ပျို့အန်ခြင်းတွေ […]


သားဆက်ခြားခြင်း

တခြားသန္ဓေတား နည်းလမ်းတွေထက် ပိုကောင်းမွန်တဲ့ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း

အိမ်ထောင်ပြုပြီးခါစ အမျိုးသမီးတိုင်း ခေါင်းစားကြတဲ့ကိစ္စတစ်ခုရှိပါတယ်။ ကိုယ်ဝန်တန်းယူမှာလား၊ ကြားထဲမှာ ကိုယ်ဝန်မရအောင်သားဆက်ခြားရမလား ဆိုတဲ့ ကိစ္စကြီးပါ။ အိမ်ထောင်ကျသွားလို့ ကိုယ်ဝန်ရတာ သဘာဝဖြစ်စဉ်ဖြစ်တဲ့အတွက် ကိုယ်ဝန်တန်းယူတာနဲ့ ပက်သက်လို့ အထွေအထူးပြောစရာတော့ မရှိပါဘူး။ ဒါပေမယ့် သဘာဝဖြစ်စဉ်ကို ဆန့်ကျင်တဲ့ ကိုယ်ဝန်ကိုတားဖို့ အတွက်ကတော့ အနည်းငယ် ခေါင်းစားပါလိမ့်မယ် ။ ကိုယ်နဲ့ ဘယ်သားဆက်ခြားနည်းကသင့်တော်တာလဲ။ ကိုယ်သုံးမယ့်သားဆက်ခြားနည်းတွေမှာ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိလဲ။ စတာတွေပေါ့။ သားဆက်ခြားနည်းတွေထဲမှာ အထိရောက်ဆုံးနဲ့ ဘေးထွက်ဆိုးကျိုးလည်း နည်းတဲ့ သားဆက်ခြားနည်းရှိလား။ ။ ရှိပါတယ်။ ကိုယ်ဝန်ကိုလည်း အမှန်တကယ်ထိထိရောက်ရောက်တားပေးပြီး ဘေးထွက်ဆိုးကျိုးလည်း နည်းတဲ့ သန္ဓေတားနည်းရှိပါတယ်။ ခုဆောင်းပါးလေးထဲမှာအကောင်းဆုံး သန္ဓေတားနည်းတွေထဲက တစ်ခုဖြစ်တဲ့ လက်မောင်းတွင်းထည့်သန္ဓေတားပစ္စည်းအကြောင်းကို ပြောပြပေးသွားမှာပါ ။ သူက ကိုယ်ဝန်ကို ဘယ်လိုတားပေးလဲ ။ တစ်ခြား သန္ဓေတားနည်းတွေထက် ဘာကြောင့်ပိုကောင်းရလဲဆိုတာတွေကိုလည်း ပြောပြပေးမယ်နော်။ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းဆိုတာ ဘာလဲ။ ။ လက်မောင်းတွင်းထည့်သန္ဓေတား […]


သားဆက်ခြားခြင်း

သန္ဓေတားသောက်ဆေးအကြောင်း သိထားသင့်သမျှ

တိုးတက်လာတဲ့ခေတ်နဲ့အညီ အမျိုးသမီးတွေလည်း အမျိုးသားတွေနည်းတူ အိမ်ထောင်မှုတာဝန်တွေကို နိုင်တဲ့ဘက်ကနေ လုပ်ဆောင်နေကြရပါတယ်။ ဒီလိုမျိုးအလုပ်များတဲ့ အိမ်ထောင်ရှင်မတွေအတွက် အဆင်သင့်မဖြစ်သေးချိန်မှာ ကလေးရရှိသွားတာမျိုးမဖြစ်စေဖို့ သန္ဓေတားနည်းတွေက အမျိုးမျိုးရှိပါတယ်။ ဒီထဲမှာမှ အခုတစ်ခေါက်တော့ Hello ဆရာဝန်ရဲ့ အမျိုးသမီးပရိသတ်ကြီးအတွက် သန္ဓေတားသောက်ဆေးနဲ့ပတ်သက်လို့ သိသင့်တာလေးတွေပြောပြပေးပါမယ်နော်။ သန္ဓေတားသောက်ဆေးက ဘာတွေလုပ်ပေးလဲ သန္ဓေတားနည်းကဆေးထိုးရတာနဲ့ သားအိမ်တွင်းထည့်ပစ္စည်း (IUD)၊ လက်မောင်းတွင်းထည့်ပစ္စည်း (implant) တို့ကို မနှစ်သက်တဲ့အမျိုးသမီးတွေ အဖို့တော့သောက်ဆေးရှိပါတယ်နော်။နေ့တိုင်းပုံမှန်သောက်ရတာဖြစ်ပြီး ကိုယ်ဝန်မရရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ သန္ဓေတားဆေးထဲမှာပါတဲ့ဟော်မုန်းက သားဥတွေကို သားဥအိမ်ထဲကနေထွက်မသွားအောင်တားဆီးပေးပါတယ်။ သားဥအိမ်ထဲကနေ မျိုးဥတွေကို ထွက်မသွားစေဘူးဆိုမှတော့ မျိုးအောင်နိုင်ခြေက မရှိတော့ဘူးလေ။ ဒီတော့ မထင်မှတ်ဘဲ ကိုယ်ဝန်ရရှိတာမျိုးမရှိတော့ဘူးပေါ့။ သန္ဓေတားဆေးသောက်တဲ့အခါ သတိထားရမယ့်အချက်တွေက နေ့တိုင်း အချိန်မှန်သောက်ပေးတာက ဆေးအာနိသင်ကို ပိုထိရောက်စေပါတယ်။ ဆေးက နေ့တိုင်းသောက်ပေးမယ်ဆိုရင် ထိရောက်မှုကအမြင့်ဆုံးမှာရှိနေမှာဖြစ်ပြီး တစ်ရက်လောက် အချိန်နောက်ကျပြီးမှာသောက်မိမယ်ဆိုရင်တော့ ဆေးရဲ့ ထိရောက်မှုက ၉၉ ရာခိုင်နှုန်းကနေ ၉၁ […]


HIV နှင့် AIDS ရောဂါ

HIV ပိုး ကူးစက်ခံရတာ သိနိုင်မယ့် ရှေ့ပြေးလက္ခဏာတွေ

HIV ဟာ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ ခန္ဓါကိုယ်ကို ကျန်းမာစေဖို့နဲ့ ရောဂါတွေ အလွယ်တကူ ဖြစ်မလာအောင် ခုခံတားဆီးပေးနိုင်တဲ့ CD4 ဆဲလ်တွေကို အဓိက ဖျက်ဆီးပါတယ်။ တခြားသော ရောဂါပိုးတွေနဲ့ မတူပဲ HIV ဗိုင်းရပ်စ်ပိုးကို ကိုယ်ခံအားစနစ်က တိုက်ဖျက်လို့ မရပါဘူး။ HIV ပိုးဟာ သွေးကနေ တစ်ဆင့် ကူးစက်နိုင်သလို၊ ရောဂါပိုးရှိတဲ့ မိခင်ကနေလည်း ကလေးကို ကူးစက်နိုင်ပါတယ်။ အများဆုံး ကူးစက်နိုင်တဲ့ နည်းလမ်းကတော့ ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကနေ သုက်၊ သွေးတွေဟာ ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီး ကူးစက်နိုင်ပါတယ်။ HIV ပိုးကူးစက်ခံရပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။ ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေဟာ လူတစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ပါဘူး။ တချို့တွေမှာ ရောဂါလက္ခဏာတွေ အမျိုးမျိုး ပြနိုင်သလို လက္ခဏာလုံးဝမပြတဲ့ သူတွေလည်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ခါးနာရှိသောသူတွေအတွက် လိင်ဆက်ဆံနိုင်မည့် ခန္ဓါကိုယ်အနေအထားများ

နာတာရှည်ခါးနာခြင်းက လိင်မှုကိစ္စတွေမှာ အနှောက်အယှက်ပေးနိုင်ပါတယ်။ နာကျင်ကိုက်ခဲနေတဲ့အချိန်မှာ ဖီးလ်တက်ဖို့ ခက်ခဲပါတယ်။ လိင်မှုကိစ္စဟာ အချစ်ရေးအချစ်ရာရဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုပါပဲ။ ခါးနာတာလေးနဲ့ သာယာမှုကို အဖျက်စီးမခံလိုက်ပါနဲ့။ ဒါတွေကတော့ ခါးနာတဲ့လူတွေအတွက်လိင်ဆက်ဆံရာမှာ အဆင်ပြေစေမယ့် ကိုယ်နေကိုယ်ဟန်တွေပဲ ဖြစ်ပါတယ်။ ၁။ mQUAD1 mQUAD 1 က အနောက်ဘက်ကနေ လိင်ဆက်ဆံတာပါ။ ဒေါ်ဂီစတိုင် လို့သိကြပါတယ်။ အမျိုးသမီးက ဒူးထောက်ထားရမှာပါ။ ထိုကိုယ်နေကိုယ်ဟန်က ခါးကုန်းရတဲ့အခါ သို့မဟုတ် အကြာကြီးထိုင်ရတဲ့အခါ ခါးအရမ်းနာတတ်တဲ့ ယောက်ျားတွေ အတွက် သင့်တော်ပါတယ်။ ၂။ mQUAD 2 ဒေါ်ဂီစတိုင်နောက်တစ်မျိုးပါပဲ။ mQUAD 1 နဲ့ mQUAD 2 နဲ့ ကွဲပြားတာက အမျိုးသမီး လက်ထောက်ခြင်းနဲ့ မထောက်ခြင်းပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ ထိုကိုယ်နေကိုယ်ဟန်က ကျောရိုးပေါ်မှာ ဖိအားအနည်းငယ်ပဲ သက်ရောက်တယ်လို့ သိရပါတယ်။ ၃။ mMISS 1 mMISS […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း