ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

သုက်ပိုးတွေ ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာ အသက်ရှင်နိုင်လဲ

အမျိုးသားရဲ့ လိင်အင်္ဂါက လိင်စိတ်ဆန္ဒပြီးမြောက်ပြီးနောက် သုက်လွှတ်ပါတယ်။ သုက်ပိုးတွေ ခန္ဓာကိုယ်ပြင်ပမှာ နေရာဒေသနဲ့ အခြေအနေပေါ် မူတည်ပြီး ပြင်ပက လေနဲ့ ထိတွေ့မိတဲ့အခါ အနှေးနဲ့ အမြန် သေဆုံးပါတယ်။ လေထုဟာ သုက်ပိုးတွေကို ခြောက်သွေ့စေတဲ့ အကြောင်းရင်းကြောင့် အဓိက သေဆုံးရခြင်း ဖြစ်ပါတယ်။ သုက်ပိုးတွေ ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာ အသက်ရှင်နိုင်လဲ တစ်ကိုယ်ရေ အာသာဖြေပြီးနောက် အဝတ်အစား သို့မဟုတ် အရာဝတ္ထု တစ်ခုခုပေါ် သုက်လွှတ်လိုက်တဲ့အခါ သုက်ရည်ခြောက်သွားတာနဲ့ သုက်ပိုးတွေသေသွားနိုင်ပါတယ်။ အမျိုးသမီးရဲ့ ယောနိ အင်္ဂါထဲ သုက်လွှတ်ပြီးနောက် သုက်ပိုးတွေဟာ သားအိမ်အတွင်းမှာ ၃-၅ရက်ထိ ကြာအောင် အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် ရာသီလာနေစဉ် အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ ကိုယ်ဝန်ရနိုင်ခြေ ရှိတယ်လို့ ဆရာဝန်တွေက ပြောကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် ရာသီစက်ဝန်းတိုတဲ့သူတွေမှာ ရာသီလာပြီးတဲ့နောက် မျိုးဥကြွေတဲ့အခါ မသေသေးတဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စနှင့် ပတ်သက်ပြီး သိသင့်တဲ့ အချက် ၁၄ ချက်

လိင်မှုကိစ္စနှင့် ပတ်သက်ပြီး သိသင့်တဲ့ အချက် ၁၄ ချက် လိင်မှုကိစ္စနှင့် ပတ်သက်ပြီး သိသင့်တဲ့ အချက် တွေက ဘာတွေများလဲ။ ၁။ ပထမဆုံးအကြိမ် အတူနေရုံနဲ့ ကိုယ်ဝန်ရနိုင်ပါတယ်။ မိန်းကလေးတစ်ယောက်က ပထမဆုံးအကြိမ် ချစ်တင်းနှောရုံနဲ့ ကိုယ်ဝန်မရနိုင်ဘူးလို့ သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ အမှန်ကတော့ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အကာအကွယ်မသုံးရင်တော့ ပထမဆုံးအကြိမ်မှာတင် ကိုယ်ဝန်ရနိုင်ပါတယ်။ ယောက်ျားလေးတစ်ယောက်က သူ့ရဲ့ပထမအကြိမ် အတူနေရုံနဲ့ မိန်းကလေးအား ကိုယ်ဝန်ရစေနိုင်ပါတယ်။ မိန်းကလေးအတွက်က ပထမအကြိမ် ဓမ္မတာလာပြီးသည့်အချိန်မှစ၍ ကိုယ်ဝန်ဆောင်နိုင်ပါပြီ။ ရာသီစက်ဝန်း ကို လေ့လာကြည့်ပါ။ တားဆေးသုံးခြင်းက မလိုချင်သော ကိုယ်ဝန်ရရှိခြင်းကို တားဆီးပေးပါတယ်။ ကွန်ဒုံး ကို အသုံးပြုမယ်ဆိုရင်တော့ လိင်ကြောင့်ကူးစက်တတ်တဲ့ရောဂါ တွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ အတူမနေခင်မှာ သင့်အဖော်နဲ့ ဘယ်လိုအကာအကွယ်သုံးမလဲဆိုတာ တိုင်ပင်ပြီး သေချာအသုံးပြုသင့်ပါတယ်။ အသုံးပြုသင့်တဲ့ တားဆေးတွေ၊ ကွန်ဒုံး တွေအကြောင်းကို လေ့လာကြည့်ပါ။ ၂။ […]


HIV နှင့် AIDS ရောဂါ

ကိုယ့်မှာ HIV ရောဂါပိုးရှိကြောင်း ဖွင့်ပြောတော့မယ်ဆိုရင်

HIV ရောဂါပိုး ရှိကြောင်း ဖွင့်ပြောဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကိုယ့်မှာ ရောဂါပိုးရှိမှန်း သိလိုက်ရတဲ့အခါ စိတ်ပိုင်းဆိုင်ရာမှာ ကြီးမားတဲ့ ပြောင်းလဲမှု၊ တုန်လှုပ်ခြောက်ခြားမှု များစွာ ဖြစ်နိုင်တာ သဘာဝပါပဲ။ ရှေ့ဆက် ဘာတွေ လုပ်မလဲဆိုတာ အစီအစဉ်ပြန်ချရမယ်။ မိသားစုတွေနဲ့ သူငယ်ချင်း၊ ချစ်သူတွေကို ဖွင့်ပြောပြရမယ်။ သူတို့တွေဆီကလည်း ဘယ်လိုတုံ့ပြန်မှုမျိုးတွေ ပြန်လာမလဲ၊ ကိုယ့်ရဲ့ အခြေအနေကို လက်သင့်ခံနိုင်ပါ့မလားဆိုပြီး စိတ်ပူရင်း ဖုံးကွယ်ထားမိတာ ဖြစ်တတ်ပါတယ်။ HIV ရှိကြောင်း ဖွင့်ပြောသင့်လား။ ရောဂါပိုးရှိသူတွေအတွက် စိုးရိမ်ထိတ်လန့်မှု၊ ကြောက်လန့်မှု၊ စိတ်အားငယ်မှု၊ သိမ်ငယ်စိတ် ဖြစ်နိုင်တာ သဘာဝပါပဲ။ ကိုယ် သိထားရမှာက ကိုယ့်ရဲ့ အခြေအနေကို နားလည် လက်ခံပေးမယ့်သူရှိသလို ကဲ့ရဲ့အပြစ်တင်မှုတွေလည်း ရှိလာနိုင်တယ်ဆိုတာပါပဲ။ ဒါပေမယ့်လည်း တစ်ယောက်တည်း ကြိတ်မှိတ် ခံစားနေရတာထက်စာရင် ဖွင့်ပြောပြလိုက်တာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ချစ်သူများနေ့နဲ့ လိင်မှုကိစ္စ

ချစ်သူများနေ့နဲ့ လိင်မှုကိစ္စ ဆိုလို့ ခေါင်းစဉ်ကြည့်ပြီးတာနဲ့ ဆဲဖို့ ပြင်နေလောက်ပြီဆိုတာကို သဘောပေါက်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီဘူး။ လူငယ်တွေအတုယူမှားအောင်လုပ်နေတယ် စသဖြင့် ဘယ်လိုပဲပြောပြော ချစ်သူများနေ့အလေ့အထက မြန်မာနိုင်ငံမှာ တစ်နှစ်ထက်တစ်နှစ်ပိုမိုတွင်ကျယ်လာနေတာ ငြင်းမရနိုင်တဲ့ကိစ္စပါ။ ခေတ်ရဲ့ပုံစံအရဖြစ်လာတဲ့ကိစ္စအပေါ် မသိဘူး မရှိဘူး ဖြစ်မနေဘူးဆိုပြီး မျက်စိပိတ်နားပိတ်လုပ်ပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ်တဲ့ ကိုယ်ဝန်ဖျက်ချတာ ရောဂါပိုးတွေကူးစက်ခံရတာတွေ ပိုမိုမြင့်တက်လာနေစေမယ့်အစား အစကတည်းက ဖြစ်လာနိုင်တဲ့ပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်အောင် ပြင်ဆင်ပညာပေးတာက အများကြီးပိုကောင်းပါတယ်။ ကိလေသာကုန်ခမ်းနေတဲ့သူတွေမဟုတ်တော့လည်း လိင်မှုကိစ္စ ဆိုတာက မပါမဖြစ်ပါနေတာပဲပေါ့။ ဒီဆောင်းပါးမှာ ချစ်သူများနေ့မှာ ဘေးကင်းစိတ်ချရပြီး နောက်ဆက်တွဲဆိုးကျိုးတွေကင်းတဲ့ လိင်မှုကိစ္စဖြစ်အောင်ဘာတွေ ဆောင်ရရှောင်ရမလဲဆိုတာကို ပြောပြပေးပါ့မယ်။ အပျိုဘဝကိုထိန်းသိမ်းပါ လူပျိုဘဝကိုထိန်းသိမ်းပါဆိုတဲ့ အလုပ်မဖြစ်တော့တဲ့ ဆုံးမစကားတွေအစား လိုရင်းကိုပဲသွားရအောင်။ ချစ်သူများနေ့မှာ ဘေးကင်းပြီး နောက်ဆက်တွဲမလိုလားအပ်တဲ့ဆိုးကျိုးတွေကင်းတဲ့ လိင်မှုကိစ္စ ဖြစ်ဖို့အတွက် အချက်နှစ်ချက်ကို သတိထားရပါမယ်။ ပထမအချက်က လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါပိုးတွေဖြစ်ပြီး ဒုတိယအချက်ကတော့ မလိုလားအပ်တဲ့ကိုယ်ဝန်ဖြစ်ပါတယ်။ လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေမဖြစ်အောင် ဆောင်ရန်ရှောင်ရန်များ။ လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါဆိုတာ […]


HIV နှင့် AIDS ရောဂါ

သုက်ရည်ကို မျိုချမိတဲ့အခါ HIV ပိုး ကူးစက်ခံရနိုင်လား

HIV ပိုးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတာတော့ လူတော်တော်များများ သိကြမယ် ထင်ပါတယ်။ လိင်တူဖြစ်စေ၊ လိင်ကွဲဖြစ်စေ အကာအကွယ် (ကွန်ဒုံး) အသုံးမပြုပဲ လိင်ဆက်ဆံရင် HIV ပိုး ကူးစက်နိုင်ခြေ ပိုများပါတယ်။ လူသိအများဆုံးသော လိင်ဆက်ဆံခြင်းနည်းလမ်းများ ၁။ ပါးစပ်၊ လျှာဖြင့် လိင်တံ၊ မိန်းမကိုယ်ကို နှိုးဆွခြင်း၊ စုပ်ယူခြင်း (Oral Sex) ၂။ လိင်တံဖြင့် မိန်းမကိုယ်ထဲသို့ ထိုးသွင်းဆက်ဆံခြင်း (Vaginal Sex) ၃။ လိင်တံဖြင့် စအိုအတွင်းသို့ ထိုးသွင်းဆက်ဆံခြင်း (Anal Sex) ဆိုပြီး ၃မျိုး ရှိပါတယ်။ ဘယ်လိုလိင်ဆက်ဆံခြင်းက HIV ပိုး ကူးစက်နှုန်း အမြင့်ဆုံးလဲ။ ကွန်ဒုံးအသုံးမပြုပဲ စအိုအတွင်း ထိုးသွင်းဆက်ဆံခြင်းဟာ ကူးစက်နိုင်ခြေအမြင့်ဆုံး ဖြစ်ပြီး ဒုတိယနေရာမှာတော့ ကွန်ဒုံးမပါပဲ မိန်းမကိုယ်တွင်း ထိုးသွင်းဆက်ဆံခြင်းကြောင့် ကူးစက်နိုင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံတာကိုတော့ […]


HIV နှင့် AIDS ရောဂါ

HIV နဲ့ ပတ်သက်ပြီး လူတိုင်းသိထားသင့်တဲ့ အချက်တွေ

HIV နဲ့ AIDS ဆိုတာ လူတော်တော်များများနဲ့ ပတ်ဝန်းကျင်က ကြောက်လန့်တတ်တဲ့ ရောဂါအခြေအနေထဲမှာ ပါပါတယ်။ ဒါပေမယ့် ကင်ဆာရောဂါတွေလို မဟုတ်ပဲ ဆေးကို ပုံမှန်သောက်သုံးမယ်၊ ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်မယ်၊ နေ့စဉ် စားသောက်နေထိုင်မှုပုံစံကို ပြင်ဆင်ပြောင်းလဲမယ်ဆိုရင်တော့ ပုံမှန်လူတစ်ယောက်လိုပဲ သက်တမ်းစေ့ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ HIV နဲ့ ပတ်သက်ပြီး လူတွေအမေးများကြတဲ့ မေးခွန်းတွေ၊ သိထားသင့်တဲ့ အရာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ ၁။ HIV ဘယ်လိုကူးစက်တတ်လဲ။ လူတွေ ထင်ထားသလို တံတွေးကနေတစ်ဆင့်၊ အသားချင်း၊ ပစ္စည်း အသုံးအဆောင် မျှဝေသုံးစွဲရုံနဲ့ မကူးစက်နိုင်ပါဘူး။ အဓိက သွေး၊ လိင်အင်္ဂါမှ ထွက်တဲ့အရည်ဟာ ကိုယ်ခန္ဓါ သွေးလမ်းကြောင်းထဲ ဝင်မှသာ ကူးစက်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ပိုးရှိတဲ့ မိခင်မှတစ်ဆင့် […]


သားဆက်ခြားခြင်း

ကွန်ဒုံးနဲ့ပတ်သက်ပြီး သိကောင်းစရာအချက်များ

ကွန်ဒုံးတွေက ကိုယ်ဝန်ရတာတွေနဲ့ STD (sexually transmitted diseases) လို့ခေါ်တဲ့ လိင်ဆက်ဆံရာမှ ဖြစ်ပွားတဲ့ ရောဂါတွေကို တားဆီးနိုင်ပါတယ်။ ဒါကို လူတိုင်းလည်း သိကြပါတယ်။ ကွန်ဒုံးတွေဟာ သုတ်ရည်နဲ့ တခြား ခန္ဓါကိုယ်က အရည်တွေကို အမျိုးသမီးလိင်အင်္ဂါ၊ စအိုနဲ့ ပါးစပ်တွေဆီ မရောက်အောင် အတားအဆီးတစ်ခုအဖြစ်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ရော ကွန်ဒုံးတွေအမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလို့မရပါဘူး။ နှစ်ခုလုံးတစ်ပြိုင်နက်တည်း အသုံးပြုမယ်ဆိုရင် နှစ်ခုက သွားကပ်နေပြီး တခြားတစ်ခုကို နေရာကနေ လွဲအောင်လုပ်လိုက်တာမျိုး၊ ပြဲစေတာမျိုး ဖြစ်စေနိုင်ပါတယ်။   အမျိုးသားသုံး ကွန်ဒုံးဆိုတာ ဘာလဲ။ အမျိုးသားသုံးကွန်ဒုံးဆိုတဲ့ ကြပ်အောင်ပြုလုပ်ထားတဲ့ ပလတ်စတစ်အလွှာပါး ဖြစ်ပြီး လိင်ဆက်ဆံတဲ့အချိန်အမျိုးသား လိင်အင်္ဂါမှာ တပ်ဆင်ထားရမှာ ဖြစ်ပါတယ်။ အမျိုးသားသုံးကွန်ဒုံးတွေကတော့ အမျိုးမျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ ရော်ဘာနဲ့ လုပ်ထားတဲ့ ကွန်ဒုံး၊ ပလတ်စတစ်နဲ့လုပ်ထားတဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်း

အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်း အန္တရာယ်ကင်းပြီးစိတ်ချရတဲ့ လိင်ဆက်ဆံခြင်းဆိုတာ….လိင်ဆက်ဆံမှုပြုလုပ်ပေမယ့် သင်နဲ့သင့်အဖော်ကိုလဲကာကွယ်နေသလို၊ တစ်ပြိုင်နက်တည်းမှာပဲ ….လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေနဲ့ မလိုချင်ဘဲကိုယ်ဝန်ရတာတွေကို ကာကွယ်တာလဲ ဟုတ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် တစ်ယောက်နဲ့တစ်ယောက် သုက်ရည်၊ မိန်းမကိုယ်ကထွက်တဲ့အရည်နဲ့ သွေးတွေကိုရောယှက်ခြင်း မရှိတဲ့ လိင်ဆက်ဆံခြင်းပါပဲ။ စိတ်မချရတဲ့လိင်ဆက်ဆံခြင်းကတော့…. သင်နဲ့သင့်ရဲ့ အဖော်ကို ကာလသားရောဂါလို HIV လို အသည်းရောင်အသားဝါ ဘီပိုး စီပိုးလို ဆီးပူညောင်းကျလို ရောဂါတွေ ကူးစက်စေနိုင်ရုံသာမက မလိုချင်တဲ့ ကိုယ်ဝန်ပါ ရနိုင်ပါတယ်။   စိတ်ချရတဲ့ လိင်ဆက်ဆံခြင်းနဲ့ ကွန်ဒုံး ကွန်ဒုံးတွေဟာ မှန်မှန်ကန်ကန်သာ အသုံးပြုမယ်ဆိုရင် လိင်ဆက်ဆံဖော်ကြား သုက်ရည်၊ သွေးနဲ့ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို မရောသွားအောင် နဲ့ ရောဂါပိုးတွေ ကူးစက်တာကို တားပေးနိုင်တဲ့ အကောင်းဆုံးအကာအကွယ် ပစ္စည်းပါပဲ။ ကွန်ဒုံးတွေကို အသုံးပြုမယ်ဆိုရင် သင့်အနေနဲ့ ဒါတွေကို သိထားဖို့လိုပါတယ်။ အမျိုးသားသုံးကွန်ဒုံးဟာ ရာဘာနဲ့လုပ်ထားတာဖြစ်ပြီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

တစ်ကိုယ်ရေအာသာဖြေ ခြင်းနဲ့ သိထားသင့်သောအရာများ

လူပျိုဖြစ်ပြီးချိန်မှစပြီး အသက်အရွယ်မရွေး အမျိုးသားအများစု အကျွမ်းကျင်ဆုံးအရာကတော့ တစ်ကိုယ်ရေအာသာဖြေ တာပါပဲ။ မိမိကိုယ်ကို ဖြစ်စေ၊ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုဖြစ်စေ လိင်တံကို လက်ဖြင့် ရှေ့နောက်ပွတ်ဆွဲ လှုံ့ဆော်ပြီး လိင်စိတ်ဆန္ဒပြီးမြောက်အောင် ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် တစ်ကိုယ်ရေအာသာဖြေ တာနဲ့ ပတ်သက်ပြီး အမျိုးသားတွေ မသိလောက်တဲ့အရာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ တစ်ကိုယ်ရေအာသာဖြေ ခြင်းနဲ့ သိထားသင့်သောအရာများ ၁။ လိင်ဆက်ဆံခြင်းကရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို တစ်ကိုယ်ရေအာသာဖြေ ခြင်းကနေ မရနိုင်ပါဘူး။ တစ်ကိုယ်ရေအာသာဖြေတဲ့အခါ လိင်စိတ်ပြီးမြောက်သွားတာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ပါတနာနဲ့ ထိုးသွင်းခြင်းဖြင့် လိင်ဆက်ဆံတဲ့အခါ ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကို မရနိုင်ပါဘူး။ လိင်ဆက်ဆံနေချိန်မှာ နှလုံးခုန်နှုန်းမြန်စေတယ်။ သွေးလည်ပတ်မှု အားကောင်းစေတယ်။ ဆီးကျိတ်ကင်ဆာ မဖြစ်ဖို့ ပိုပြီး ကာကွယ်ပေးနိုင်တယ်။ နာကျင်မှုတွေ ရှိမယ်။ ပင်ပန်းမှုတွေ ရှိမယ်။ အားကစားလုပ်နေရလို့ ဖြစ်တဲ့အတွက် အမောခံပြီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဟာ တကယ်ပဲ အန္တရာယ်ကင်းပြီလား

HIV ဆိုတာ လိင်ဆက်ဆံခြင်း ကနေ အများဆုံး ကူးစက်တဲ့ ရောဂါဖြစ်ပြီး လိင်အင်္ဂါကထွက်တဲ့ အရည်၊ သွေးတွေကို ထိတွေ့မိရာကနေ ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီးဖြစ်စေ၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲရာကဖြစ်စေ၊ မိခင်က သန္ဓေသားကိုဖြစ်စေ ကူးစက်ပါတယ်။ HIV နဲ့ ပတ်သက်ပြီး လူတော်တော်များများ မေးတတ်ကြတဲ့ ပါးစပ်ကနေ လိင်ဆက်ဆံပြီး HIV ပိုး ကူးစက်နိုင်လား၊ မကူးစက်နိုင်ဘူးလား ဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဆိုတာ ပါးစပ်နဲ့ လျှာကို အသုံးပြုပြီး ယောက်ျားတွေရဲ့ လိင်တံ၊ မိန်းမတွေရဲ့ ယောနိ ဒါမှမဟုတ် စအိုဝကို လှုံ့ဆော်ပေးတာဖြစ်ပါတယ်။ လိင်တူ၊ လိင်ကွဲဆက်ဆံကြတဲ့ အမျိုးသားတွေ သဘောကျနှစ်သက်ကြပြီး အမျိုးသမီးတချို့လည်း ပါးစပ်ဖြင့် လိင်ဆက်ဆံတာကို နှစ်သက်ကြပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံလို့ HIV ပိုး ကူးစက်နိုင်လား။ အတိအကျပြောလို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း