ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

ကိုယ်ဝန်ဆောင်နေစဉ် ART ဆေး သောက်သင့်လား

HIV နဲ့ပတ်သက်ပြီး ဘာတွေ သိထားသင့်လဲ။ HIV ပိုးဆိုတာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးဖြစ်ပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း ရောဂါပိုးရှိသော သွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ အရည်တွေဟာ သွေးလမ်းကြောင်းထဲ ဝင်ရောက်ရာမှ ကူးစက်တာမျိုးလည်း ရှိသလို ရောဂါပိုးရှိသူ အမျိုးသမီး ကိုယ်ဝန်ဆောင်နေစဉ်၊ မိခင်နို့တိုက်နေစဉ် ကိုယ့်ရဲ့ကလေးကို ကူးစက်နိုင်ပါတယ်။ HIV ပိုးကို လက်ရှိမှာ အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးဝါးတွေ မပေါ်ထွက်သေးပါဘူး။ Antiretroviral Therapy (ART) ဆေးဝါးဖြင့်သာ သွေးထဲမှာ ရှိတဲ့ HIV ပိုးကို ထိန်းပေးထားပြီး တခြားသူကို ကူးစက်နိုင်ခြေ လျော့နည်းစေနိုင်ပါတယ်။ ART ဆေးကို နေ့စဉ်ပုံမှန်သောက်ပေးပြီး ကျန်းမာရေးကို သေချာဂရုစိုက်သွားမယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ကြာစွာ နေထိုင်သွားနိုင်ပါတယ်။ HIV ပိုးရှိနေရင် ကိုယ်ဝန်ဆောင်လို့ ရလား။ ရပါတယ်။ […]


သားဆက်ခြားခြင်း

ဘယ်အကာအကွယ်ပစ္စည်းကို သုံးပြီး လိင်ဆက်ဆံသင့်သလဲ(အမျိုးသမီးသုံး သားအိမ်ကာပစ္စည်းနှင့် အမျိုးသားသုံး ကွန်ဒုံးများ)

အကာအကွယ်ဆိုသည်မှာ လိင်ဆံဆက်စဉ်တွင် သုတ်ကောင်နှင့်မျိုးဥများကို မထိတွေ့မိစေရန် ကာထားသော ပစ္စည်းများကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုနည်းများကို နှစ်ပေါင်းများစွာကတည်းက သုံးလာခြင်းဖြစ်ပါသည်။ အကာအကွယ်ပစ္စည်းများ သုံးမျိုးရှိပါသည်။ အမျိုးသားသုံး ကွန်ဒုံးများ အမျိုးသားများသုံးသည့် ကွန်ဒုံးများကို ရာဘာဖြင့် ပြုလုပ်ထားပြီး ယင်းကို လိင်မဆက်ဆံမီတွင် လိင်ထံထိပ်တွင် စွပ်ရပါသည်။ ရာဘာပစ္စည်းများနှင့် ဓါတ်မတည့်သူဖြစ်ပါက ပိုလီရူလီသိန်းနှင့် ပြုလုပ်ထားသော ကွန်ဒုံးများကို အသုံးပြုနိုင်ပါသည်။ အမျိုးသားများသည် ကွန်ဒုံးကို စနစ်တကျအသုံးပြုပါက ကလေးရနိုင်ချေကို ၉၈% ကာကွယ်ပေးပါသည်။ ယင်းသည် လိင်မှတဆင့်ကူးစက်သောရောဂါများကိုလည်း ကာကွယ်ပေးပါသည်။ ကွန်ဒုံးပေါက်ပြဲခြင်းကို ကာကွယ်ရန် ရေဓါတ်အခြေခံထားသော ချောဆီများကို အသုံးပြုပြီး စွပ်သင့်ပါသည်။ ထို့ပြင် ကွန်ဒုံးများကို ပိုက်ဆံအိတ်များ၊ အိတ်ကပ်များတွင် သိမ်းဆည်းခြင်းဖြင့် အပူနှင့် ထိတွေ့ကာဓါတ်ပြယ်သွားနိုင်ပါသည်။ ကွန်ဒုံးသုံးတော့မည်ဆိုလျှင် ရက်လွန်ခြင်းရှိမရှိ စစ်ဆေးပြီးမှ အသုံးပြုသင့်ပါသည်။   အမျိုးသမီးသုံး ကွန်ဒုံးများ အမျိုးသမီးသုံး ကွန်ဒုံးများသည် ဆလင်ဒါပုံရှိသော ပိုလီရူလီသိန်းနှင့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံခြင်း အကြောင်းရင်း အခု (၂၀)

လူတွေမှာ လိင်ဆက်ဆံမှုကိုလိုအပ်ရခြင်းရဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံတဲ့ အမူအကျင့်တိုင်းမှာ လူတစ်ယောက်ချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာနဲ့ နောက်ဆုံးဘာသာရေးပိုင်းဆိုင်ရာအဓိပ္ပာယ်တွေအထိရှိနေတတ်ပါတယ်။ လေ့လာမှုတစ်ခုမှာ လိင်မှုဆိုင်ရာ ကျွမ်းကျင်သူတွေကလိင်ဆက်ဆံခြင်းရဲ့ အကြောင်းရင်းတွေကိုဖော်ပြခဲ့ပါတယ်။ လိင်ဆက်ဆံမှုအတွက် အလိုလိုပါရှိလာတဲ့ဆန္ဒ လူတွေရဲ့ ခန္ဓာကိုယ်ဟာ ဒီလိုလုပ်ရမယ်ဆိုတာ ညွှန်ကြားထားပြီးဖြစ်ကာ ဦးနှောက်ကလဲ ဒီလိုအမူအကျင့်ပြုမူအောင် လှုံ့ဆော်တတ်ပါတယ်။ လိင်ဆက်ဆံမှုဆိုတာဦးနှောက်ရဲ့ လှုံ့ဆော်မှုကြောင့် ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ခန္ဓာကိုယ်ဟာ အားအင်ပြည့်ဝဖို့ အာဟာရတွေကို လိုအပ်သလို ဆင့်ကဲဖြစ်စဉ်တွေအတွက်လည်း လိင်ဆက်ဆံမှုကိုလိုအပ်ပါတယ်။ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ကျွမ်းကျင်သူတွေက လူတွေရဲ့ အသက်ရှင်နေထိုင်မှုအတွက် လိင်ဆက်ဆံချင်တဲ့ ဆန္ဒဟာလူတွေ ကိုယ်ထဲမှာ ပါပြီး ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ရည်ရွယ်ချက်ကဘာလဲ။ UT- Austin မှာ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေဟာ ကျောင်းသား၁၅၀၀ကို သူတို့ရဲ့ လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့ သဘောထားတွေ၊ အတွေ့အကြုံတွေနဲ့ အရင်းခံအကြောင်းအရင်းတွေကိုမေးမြန်းခဲ့ကြပါတယ်။ အဖြေတွေကိုတော့ လေးအုပ်စုခွဲခြားနိုင်ပါတယ်။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံးအသုံးပြုစဉ် မှားတတ်တဲ့အမှားငါးခု

ကွန်ဒုံးဟာ ကိုယ်ဝန်ရရှိမှုနဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကိုကာကွယ်ဖို့အတွက် အသုံးပြုတဲ့ အဟန့်အတားတစ်ခုဖြစ်ပါတယ်။ ကွန်ဒုံးဟာ ထိရောက်မှုရှိပြီး ဈေးသက်သာတဲ့အတွက် အများအပြား အသုံးပြုကြပါတယ်။ သို့သော်လည်း သုတေသနတွေက အမျိုးသား အမြောက်အများဟာ ကွန်ဒုံး သုံးတဲ့အခါ အခက်အခဲတွေ့ရတဲ့အတွက် မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိမှုနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါများ ရရှိမှုတို့ကို ကြုံတွေ့ရတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကွန်ဒုံးအသုံးပြုစဉ် တွေ့ရတတ်တဲ့ အမှားငါးခုကိုဖော်ပြထားပါတယ်။ ကွန်ဒုံးအသုံးပြုစဉ် မှားတတ်တဲ့အမှားငါးခု ကွန်ဒုံးအသုံးပြုစဉ် မှားတတ်တဲ့အမှားငါးခုက ဘာတွေလဲဆိုတော့ မှားယွင်းတဲ့ အရွယ်အစားကိုရွေးချယ်မိခြင်း ကွန်ဒုံးတွေဟာ အရွယ်အစား အမျိုးမျိုးနဲ့ လာတတ်ပြီး သင့်လျော်တဲ့ ကွန်ဒုံးကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ သေးလွန်းတဲ့ ကွန်ဒုံးကိုအသုံးပြုခြင်းဟာ လိင်တံသွေးရောက်ခြင်းကို တားမြစ်ပြီးတော့ လိင်တံထောင်မတ်မှုကို အပြည့်အဝ မရစေပါဘူး။ ကြီးလွန်းတဲ့ ကွန်ဒုံးတွေကျတော့လဲ သူ့ရဲ့ အသုံးဝင်မှုကို လျော့ကျစေပါတယ်။ ကွန်ဒုံးဟာ ကြီးလွန်းတဲ့အတွက် ဝင်လာတဲ့ သုက်ရည်တွေကို သေချာမထိန်းသိမ်းနိုင်တော့တာမျိုးနဲ့ လိင်ဆက်ဆံစဉ် ကျွတ်ထွက်တာမျိုး […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စအပေါ် စိတ်မဝင်စားတဲ့သူတွေ လောကမှာ တကယ်ရှိနေလား

ဒီမေးခွန်းကို လူအများစုက မဖြစ်နိုင်ဘူးလို့ပဲ ဖြေကြမှာပါပဲ။ ပုံမှန် လူသားအများစုဟာ အအိပ်၊ အစား၊ ကာမ ဒီတာဝန် ၃ခုနဲ့ နေ့စဉ်ဘဝရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းတတ်ကြပေမယ့် လိင်မှုကိစ္စအပေါ် စိတ်ခံစားချက်၊ သာယာမှု မရှိတာ၊ စိတ်မဝင်စားတဲ့ လူနည်းစုဟာ အမှန်တကယ် ရှိနေပါတယ်။ လိင်မှုကိစ္စအပေါ် စိတ်မဝင်စားခြင်းဆိုတာ ဘာလဲ။ လိင်တူဖြစ်စေ၊ လိင်ကွဲဖြစ်စေ အတူနေနေရတဲ့အချိန်မှာ၊ သို့မဟုတ် ကိုယ်ချစ်ရတဲ့သူအကြောင်း တွေးမိတဲ့အခါ လိင်ဆက်ဆံလိုစိတ် မဖြစ်ပေါ်လာတာ၊ လိင်ဆက်ဆံမှု ပြုဖို့ လိုအပ်တယ်လို့ မခံစားရတာ အစရှိတဲ့ ခံစားချက်မျိုးကို လိင်မှုကိစ္စအပေါ် စိတ်မဝင်စားခြင်း (Asexuality) လို့ ခေါ်ပါတယ်။ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုမရှိခြင်းဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်ခြေရှိပြီး လက်ရှိအချိန် Asexual လူဦးရေဟာ တစ်ကမ္ဘာလုံးမှာ ၁ရာခိုင်နှုန်းလောက်သာ ရှိနေပါတယ်။ ဒါဟာလည်း ကိုယ်ပိုင် ရွေးချယ်မှုတစ်ခုမဟုတ်ဘဲ […]


HIV နှင့် AIDS ရောဂါ

HIVပိုး ရှိနေတဲ့ မေမေတွေအနေနဲ့ ဘေဘီလေးကို နို့တိုက်လို့ရလား

HIV ရောဂါပိုးကူးစက်ခံရမှုက ကုရာနတ္တိဆေးမရှိဘူး၊ဆိုတာ အားလုံးသိထားပြီးဖြစ်မှာပါနော်။ ဒီရောဂါပိုးက ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်ကိုထိခိုက်စေနိုင်သလို နောက်ဆက်တွဲရောဂါတွေဝင်လာစေပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးတာမျိုး အထိဖြစ်နိုင်ပါတယ်။ အခုနောက်ပိုင်းမှာ HIVပိုး တွေကိုတိုက်ဖျက်ဖို့အတွက် ဆေးဝါးတွေပေါ်လာပေမယ့် ပျောက်ကင်းအောင်ကုသနိုင်တာမဟုတ်ဘဲ ရောဂါအခြေအနေပိုဆိုးမသွားအောင် ထိန်းပေးနိုင်ရုံလောက်အဆင့်ပဲရှိပါတယ်။ ဘယ်သူမှတော့ ဒီရောဂါပိုးကို ကူးစက်ချင်မှာမဟုတ်ပါဘူး။ မိမိအမှားကြောင့် ဖြစ်တဲ့သူဆို ကိုယ့်အပြစ်ကြောင့် ကိုယ်ဖြစ်တာလို့ပြောလို့ရပေမယ့် အမျိုးသားရဲ့ မဆင်ခြင်မှုကြောင့် အမျိုးသမီးမှာ ကူးစက်ခံရတဲ့အခါ အရမ်းသနားစရာကောင်းပါတယ်။ မိခင်မှာတင်မဟုတ်ဘဲ မွေးဖွားလာမယ့် ကလေးကိုပါထိခိုက်စေနိုင်တာပါနော်။ မိခင်မှာ HIV ပိုးကူးစက်ခံရတဲ့အခါ မွေးလာမယ့် ကလေးမှာ ရောဂါကူးစက်ခံရနိုင်ခြေကတော်တော်လေးများပါတယ်နော်။ နောက်တစ်ချက်က ရောဂါပိုးကူးစက်ခံရတဲ့မေမေက ကလေးကိုနို့ချိုတိုက်ကျွေးလို့ရပါ့မလားဆိုတဲ့ကိစ္စပါ။ မိခင်ကနေ ကလေးဆီကို HIVပိုး ဘယ်လိုကူးစက်သလဲ HIV ပိုးရှိနေတဲ့ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်ထားရပြီ။ သူကိုယ်တိုင်ကမသိလိုက်လို့ ကိုယ်ဝန်ဆောင်လိုက်မိတာ မျိုးဖြစ်မယ်။ ဒီလိုအခြေအနေမျိုးမှာ ကလေးဆီကို ရောဂါပိုးကူးစက်နိုင်လား။ ဘယ်လိုများကူးစက်တာလဲ။ ကိုယ်ဝန်ဆောင်ကာလ […]


HIV နှင့် AIDS ရောဂါ

HIV ရောဂါပိုးနှင့် ART ဆေးအကြောင်း သိထားသင့်သမျှ

ART (Antiretroviral Therapy) ဆိုတာ သွေးနဲ့ ကိုယ်ခန္ဓာတွင်း အရည်တွေထဲမှာ ရှိနေတဲ့ HIV ရောဂါပိုးတွေကို ဆက်လက်မပြန့်ပွားအောင် ထိန်းချုပ်ပေးနိုင်တဲ့ အဓိကဆေးဖြစ်ပါတယ်။ လက်ရှိမှာ HIV ရောဂါပိုးကို အမြစ်ပျောက်အောင် ကုသနိုင်တဲ့ ဆေးဝါး မပေါ်သေးပေမယ့်လည်း ART ဆေးကို ပုံမှန်သောက်ပေးမယ်ဆိုရင် ကိုယ်ခံအားကောင်းပြီး သာမန်လူသားတစ်ယောက်လိုပဲ သက်တမ်းရှည်ကြာစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ HIV ရောဂါပိုးနဲ့ ပတ်သက်ပြီး အထွေအထူး ပြောပြစရာ လိုမယ်တောင် မထင်ပါဘူး။ အသက်အရွယ်၊ ကျား၊ မ၊ လူမျိုးမရွေး ကူးစက်နိုင်ပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ပိုးရှိသူရဲ့ သွေး၊ အရည်ဟာ ကိုယ့်ရဲ့ သွေးလမ်းကြောင်းထဲကို တစ်နည်းနည်းနဲ့ ဝင်ရောက်သွားခြင်း၊ ရောဂါပိုးရှိသူ မိခင်မှ သန္ဓေသားကို ကူးစက်ခြင်း၊ မိခင်နို့တိုက်ရာမှ […]


သားဆက်ခြားခြင်း

ကွန်ဒုံးသုံးပြီး အထိရောက်ဆုံးကိုယ်ဝန်တားပါ

အရွယ်ရောက်လာသူတိုင်းရှောင်လွှဲဖို့ခက်တဲ့ အကြောင်းအရာလေးတွေရှိပါတယ်။ အဲဒီထဲမှာ လိင်မှုဆိုင်ရာ ကိစ္စရပ်တွေလည်းပါပါတယ်။ လိင်မှုဆိုင်ရာကိစ္စရပ်တွေဟာပျော်စရာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒါပေမယ့် သတိမထားဘူးဆိုရင်တော့ နောက်ဆက်တွဲအနေနဲ့ မလိုလားတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ရရှိသွားတာလိုမျိုးပေါ့။ မလိုလားအပ်တဲ့ကိုယ်ဝန်ဟာ ဘဝပေါင်းများစွာကို အန္တရာယ်ရှိသွားစေနိုင်ပါတယ်။ ဒီတော့ မကင်းနိုင်တဲ့လိင်မှုဆက်ဆံရေးမှာ ကိုယ်ဝန်မရသွားအောင် ဘယ်လိုလုပ်ဆောင်ကြမလဲ။ ဒီအတွက် နည်းလမ်းကောင်းလေး တစ်ခုကို ပြောပြချင်ပါတယ်။ ဒါကတော့ ကွန်ဒုံးသုံးပြီး အထိရောက်ဆုံးကိုယ်ဝန်တားပါ ဆိုတာပါ။ ကွန်ဒုံးသုံးပြီး အထိရောက်ဆုံးကိုယ်ဝန်တားပါ ကွန်ဒုံးသုံးပြီး အထိရောက်ဆုံးကိုယ်ဝန်တားပါ ဆိုတဲ့အကြောင်းကို မပြောခင် ကိုယ်ဝန်တားနည်းတွေကို အရင် ပြောပြပေးချင်ပါတယ်။ သားဆက်ခြားဖို့အတွက်ရွေးစရာအဖုံဖုံ သားဆက်ခြားဖို့အတွက်ရွေးချယ်စရာတွေကတော်တော်လေးများပါတယ်။ သန္ဓေတားသောက်ဆေး ၁ လခံသန္ဓေတားထိုးဆေး ၃ လခံသန္ဓေတားထိုးဆေး အရေးပေါ်သန္ဓေတားသောက်ဆေး လက်မောင်းတွင်းထည့်သန္ဓေတားပစ္စည်း သားအိမ်တွင်းထည့်သန္ဓေတားပစ္စည်း ကွန်ဒုံးဆိုပြီး အမျိုးမျိုးရှိပါတယ်။ လွယ်ကူရိုးစင်းပြီး အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ သားဆက်ခြားနည်း အသုံးပြုရတာလည်း လွယ်ကူသလို၊ စရိတ်စကကုန်ကျမှုလည်းနည်းပါးပြီး ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တဲ့ သားဆက်ခြားနည်းလမ်းတစ်ခုရှိပါတယ်။ ဒီနည်းလမ်းက ၁၆၄၂ ခုနှစ်အစောပိုင်းမှာ စတင်ထွက်ပေါ်လာခဲ့တဲ့ […]


သားဆက်ခြားခြင်း

ခုနောက်ပိုင်း လူပြောများလာကြတဲ့ သန္ဓေတား ကပ်ခွာဆိုတာ ဘာလဲ ။ ။

တိုးတက်လာတဲ့ ဆေးပညာလောကကြီးမှာ မဖြစ်နိုင်တာ ဘာမှ မရှိတော့ပါဘူး။ တစ်နှစ်တစ်နှစ် ပိုတိုးတက်အောင် တစ်ခုထက်တစ်ခု သာအောင် ထုတ်လုပ်လာကြတဲ့ အတွက် အရင်ခေတ်တုန်းထက်စာရင် ဆေးလောကကြီးက အများကြီးတိုးတက်လာပါတယ်။ ရောဂါကို ကုသနိုင်တဲ့ဆေးတွေရော၊ ရောဂါ ရှာဖွေနိုင်တဲ့ နည်းပညာတွေရော၊ အပြင် အခြား ရောဂါ နဲ့ မသက်ဆိုင်တဲ့ လူနေမှု ဘဝမှာ ရှိဖို့လိုအပ်တဲ့ နည်းပညာတွေ အများကြီး တိုးတက်လာပါတယ်။ ဒီထဲမှာ အတိုးတက်လာဆုံးကတော့ သန္ဓေတားနည်း တွေပါ။ သောက်ဆေး၊ ထိုးဆေး၊ လက်မောင်းထဲထည့်တဲ့ ပစ္စည်းတွေအစရှိတာအပြင် ခုနောက်ဆုံး ထွက်လာတာကတော့ သန္ဓေတား ကပ်ခွာ အကြောင်းပဲ ဖြစ်ပါတယ်။ သန္ဓေတား ကပ်ခွာဆိုတာ ဘာလဲ ။ ။ သန္ဓေတား ကပ်ခွာဆိုတာ အသားရောင်ရှိတဲ့ ကပ်ခွာလေးတစ်ခုပါ။ ပါးလွှာပြီး စတုရန်းပုံစံ ပတ်လည် ၅စင်တီမီတာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုဆက်ဆံရေးမှာ အရွယ်အစားက ဘယ်လောက်အရေးပါလဲ

လိင်ဆက်ဆံတဲ့ကိစ္စနဲ့ပတ်သက်ပြီး အပြောများတဲ့အကြောင်းအရင်းတစ်ရပ်က အမျိုးသားအင်္ဂါအရွယ်အစားပဲ ဖြစ်ပါတယ်။ လေ့လာမှုတော်တော်များများနဲ့သဘောထားစစ်တမ်းကောက်ယူချက်တွေမှာ အမျိုးသားအင်္ဂါ အရွယ်အစားနဲ့ပတ်သက်ပြီး ဇနီးသည်နဲ့ ချစ်သူမိန်းကလေးတွေက အထူးတလည်သဘောထားတာမျိုးမရှိဘူး လို့တွေ့ရပါတယ်။ အရွယ်အစားက စွမ်းဆောင်နိုင်စွမ်းအပေါ်မှာလည်း သက်ရောက်မှုမရှိပါဘူး။ “ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဆက်ဆံရေးတစ်ရပ်ကို ဖန်တီးရမယ့်အစား အမျိုးသားအများစုက အရွယ်အစားအပေါ်မှာ အာရုံစိုက်လွန်းနေတာကြောင့် အမျိုးသားအင်္ဂါအရွယ်အစားက ဖြေရှင်းရခက်တဲ့ပြဿနာတစ်ရပ်လို တောင်ဖြစ်လာနေပါတယ်။” လို့ Chapman( ချပ်မန်း )တက္ကသိုလ် စိတ်ကျန်းမာရေးဌာနရဲ့ လက်ထောက်ပါမောက္ခ David Frederick (ဒေးဗစ်ဖရက်ဒရစ်ခ်) ကပြောကြားခဲ့ပါတယ်။ အမျိုးသားအင်္ဂါရဲ့အရှည်က ပျမ်းမျှအားဖြင့် ၅.၁၆ လက်မရှိတယ်လို့ဆိုပါတယ်။ မကြာသေးခင်က ယူကေကသုတေသီတွေ လုပ်ဆောင်ခဲ့တဲ့လေ့လာမှု ၂၀ မှာ အရွယ်အစားက အမျိုးသား အများစုမှာ တူညီလေ့ရှိတယ်လို့ တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေက လေ့လာမှုတွေမှာပါဝင်ခဲ့သူတွေရဲ့ အရွယ်အစားနဲ့အတိုင်းအတာတွေကိုတိုင်းတာခဲ့ပေမယ့် တစ်ဦးတစ်ယောက်မှာမှ ပုံမှန်မဟုတ်တဲ့ အနေအထားဖြစ်ပေါ်နေတာနဲ့ အရွယ်အစား အရမ်းသေးလွန်းနေတာ တွေ့ရှိရတယ်လို့ ပြောကြားခဲ့တာမျိုးမရှိပါဘူး။ အမျိုးသားတွေက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း