ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

စိတ်ကျရောဂါနှင့် လိင်မှုကိစ္စ

စိတ်ကျန်းမာရေးနဲ့ လိင်မှုဘဝ သာယာမှုဆိုတာ အမြဲဆက်စပ်နေတဲ့ အရာတွေပါ။ စိတ်သွားမှ ကိုယ်ပါမယ်။ ကိုယ့်ရဲ့ စိတ်က ကျန်းမာနေမှ ကိုယ်ခန္ဓာက ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ စိတ်ခွန်အားတွေ ဖြစ်စေမယ်။ ဘဝက ပျော်ရွှင်သာယာနေတဲ့အချိန်မှာ လိင်မှုဘဝ သာယာဖို့အတွက် ကြိုးပမ်းနိုင်တာပေါ့။ စိတ်ကသာ ပြိုလဲပြီဆိုရင် အရာရာက ပြိုလဲရတော့တာပါပဲ။ အထူးသဖြင့် စိတ်ကျရောဂါတွေ၊ စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့အခါ ဘယ်လိုမှ လိင်စိတ်ဆန္ဒ ဖြစ်လာတော့မှာ မဟုတ်သလို ကိုယ့်ချစ်သူ၊ အိမ်ထောက်ဖက်ကိုလည်း စိတ်တိုင်းကျစေဖို့ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာ စိတ်ကျရောဂါကြောင့် ကိုယ့်ရဲ့ လိင်မှုဘဝကို ဘယ်လိုထိခိုက်စေနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ စိတ်ကျရောဂါဆိုတာ ဘယ်လိုမျိုးလဲ။ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပုံမှန်အခြေအနေမျိုးမှာ မရှိတဲ့ စိတ်ရောဂါ တစ်မျိုးပါ။ အမြဲတမ်း ဝမ်းနည်းပူဆွေးနေတဲ့ ခံစားချက်မျိုး၊ ကိုယ့်ဘဝနဲ့ ပတ်ဝန်းကျင်အပေါ်မှာ စိတ်ဝင်စားမှု မရှိတော့ပဲ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အနောက်တံခါးထဲ ချစ်သူကိုပေးမဝင်ခင် ဘာတွေပြင်ဆင်ထားမလဲ

မိန်းကလေးတွေအတွက်တော့ လိင်မှုကိစ္စဆောင်ရွက်ရဖို့ အမြဲစိုးရိမ်နေရတာ၊ စဉ်းစားတွေးတောစရာတွေ များတာ သဘာဝပါပဲ။ ချစ်သူ၊ လင်မယားရယ်လို့ ဖြစ်လာပြီဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ရှက်နေလို့တော့ ဘယ်ဖြစ်မလဲ။ သိထားဖို့ လိုအပ်တာကတော့ လိင်မှုကိစ္စဆိုတာ လူသားတိုင်းရဲ့ ဘဝမှာ မရှိမဖြစ် ပါဝင်သင့်တဲ့ အရေးကြီးဆုံး အရာတွေထဲက တစ်ခုဆိုတာပါပဲ။ ဒါပေမဲ့လည်း ကိုယ်က ဒီလို ကိစ္စတွေ ဆောင်ရွက်ဖို့ကို အဆင်သင့်ဖြစ်နေမှ၊ စိတ်ပါနေမှ အဆင်ပြေမှာပါ။ အထူးသဖြင့် ပုံမှန်လိင်ဆက်ဆံမှုမျိုးမှာတောင် တွေဝေနေတတ်တဲ့ မိန်းမသားတွေအတွက် အနောက်တံခါးထဲ (စအိုဖြင့်) လိင်ဆက်ဆံရမှာကို ပိုပြီးတောင် စိုးရိမ်ပူပန်နေမှာပါ။ ဒီဆောင်းပါးလေးမှာတော့ စအိုဖြင့် လိင်ဆက်ဆံခြင်းမပြုမီ ဘာတွေသိထားသင့်လဲ၊ ဘာတွေကို ကြိုပြီး ပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အနောက်တံခါးထဲ ချစ်သူကိုပေးမဝင်ခင် ဘာတွေပြင်ဆင်ထားမလဲ ၁။ အရင်ဆုံး ကိုယ့်ချစ်သူနဲ့ သေချာတိုင်ပင်ကြည့်ပါ။ ဘယ်သူ့ရဲ့ ဆန္ဒကြောင့်ပဲဖြစ်ပါစေ ဒီလိုအပြုအမူအတွက် ၂ဦး၂ဖက် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ငိုကြွေးသံကိုသာယာတဲ့ လွဲမှားသောလိင်စိတ် (Dacryphilia)

ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ထံမှ မျက်ရည်၊ ငိုသံ ကြားတဲ့အခါ လိင်စိတ်ထကြွပြီး လိင်ဆက်ဆံလိုစိတ် ပြင်းထန်လာခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ များသောအားဖြင့် တခြားသူတွေ ငိုနေတဲ့အခါမှာ လိင်စိတ်ဖြစ်ပေါ်တတ်ပြီး တချို့သူတွေမှာလည်း ကိုယ်တိုင်ငိုနေတဲ့အချိန်မှာ ရုတ်တရက် လိင်စိတ်ထကြွမှု အခြေအနေမျိုး ဖြစ်လာတတ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှု (Fetish) အမျိုးအစားတွေထဲမှာ ပါဝင်ပြီး တခြားသော Fetish တွေလို ခန္ဓာကိုယ်အစိတ်အပိုင်း၊ ရုပ်ဝတ္ထုပစ္စည်းတွေကို မဟုတ်ဘဲ လိင်နဲ့ မသက်ဆိုင်တဲ့ စိတ်ခံစားမှုအပေါ် လိင်စိတ်ဖြစ်ပေါ်လာတဲ့ စွဲလမ်းမှုလက္ခဏာ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်လဲ။ ရက်စက်မှုကို သာယာခြင်း (Sadism) စွဲလမ်းမှုစိတ်ရှိတဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်။ မိမိကိုယ်ကိုယ် သခင်အဖြစ်ခံယူပြီး ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကို ညှင်းပန်းနှိပ်စက်ရတာကို သဘောကျတတ်တယ်။ မိမိကြောင့် တခြားသူ ငိုနေတဲ့အခါ၊ ငိုသံကို ကြားရတဲ့အခါ၊ မျက်ရည်တွေကို မြင်တွေ့၊ ထိမိတဲ့အခါ […]


သားဆက်ခြားခြင်း

ကိုယ်ဝန်မလိုချင်တဲ့သူတွေ သိထားသင့်တဲ့ သားဥကြွေချိန်ကို တွက်ချက်ခြင်း။ ။

သားဥကြွေတယ်ဆိုတာဘာလဲ ။ ။ ကိုယ်ဝန်လိုချင်ရင် သားဥနဲ့ သုက်ကောင်နဲ့တွေ့ရမယ်။ သားဥအိမ်ဆိုတာ အမျိုးသမီးတွေမှာရှိတယ်။ သူကနေ သားဥတွေထုတ်ပေးတယ်။ ဒီလို သားဥတွေထုတ်ပေးတဲ့ဖြစ်စဉ်ကို သားဥကြွေတယ်လို့ခေါ်တယ်။ ဒါတွေ အပြင် သားဥကြွေတာနဲ့ ပက်သက်ပြီး သင်မသိသေးတဲ့ အချက်တွေရှိပါသေးတယ် ။ ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။ သားဥကြွေတဲ့ ဖြစ်စဉ်နောက်က လုပ်ငန်းစဉ်များ ။ ။ သားဥအိမ်ကနေ သားဥထုတ်တဲ့ ဖြစ်စဉ်ကို သားဥကြွေတယ်လို့ ခေါ်လို့ရပေမယ့် နောက်ကွယ်မှာ သူ့ထက် ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေ ရှိပါသေးတယ်။ သင့်ရာသီ စက်ဝန်းရဲ့ ပထမ ၁၄ရက်မှာ သားဥအိမ်ထဲ multiple follicles လို့ခေါ်တဲ့ အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ သားဥတွေ စတင် ကြီးလာပါတယ်။ တဖြည်းဖြည်းနဲ့ Dominant egg လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီး […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှု

လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် လူတော်တော်များများရင်ထဲမှာ သဘောကျပေမဲ့ မြိုသိပ်ထားတဲ့ အရာလေးတွေ ရှိမှာပါ။ တင်ပါးလှလှလေး၊ မျက်နှာချောချောလေး မြင်ရင် သဘောကျတယ်ဆိုတာကတော့ ပုံမှန်လူတိုင်းမှာ ရှိတဲ့ လိင်စိတ်စွဲလမ်းမှု ပါပဲ။ ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းခြင်း (Fetish) ဆိုတာကတော့ လိင်မှုကိစ္စနဲ့ မသက်ဆိုင်တဲ့အရာတွေ ဥပမာ ခြေထောက်၊ ချိုင်းသား အစရှိတဲ့ ကိုယ်လက်အင်္ဂါတွေ မြင်ရင်၊ မလျှော်ထားတဲ့ ခြေအိတ်၊ စွပ်ကျယ်၊ အတွင်းခံ အစရှိတဲ့ အဝတ်အစားတွေကို မြင်နေရတဲ့အခါ၊ နမ်းရှိုက်လိုက်တဲ့အခါ လိင်စိတ်ထကြွခြင်းမျိုးကို ဆိုလိုပါတယ်။ ဒီလိုအပြုအမူတွေဟာ ကျား၊ မ အသက်အရွယ်မရွေး ရှိနေပြီး အမျိုးသားတွေမှာ ပိုပြီး အတွေ့များပါတယ်။ ပုံမှန်အားဖြင့် အန္တရာယ်မရှိတဲ့ အပြုအမူလို့ ယူဆထားကြပေမယ့် ဒီလိင်စိတ်စွဲလမ်းမှုကြောင့် ကိုယ့်ရဲ့ ဘဝနဲ့ လူမှုရေးကိစ္စတွေမှာ ပြဿနာနဲ့ ကြုံလာရပြီဆိုရင်တော့ လိင်မှုကိစ္စဆိုင်ရာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ

လိင်မှုကိစ္စဆိုတာ ရှက်စရာ ရွံ့စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ အိပ်၊ စား၊ ကာမ ၃မျိုးလုံးဟာ လူသားတွေရဲ့ နေ့စဉ်ဘဝအတွက် မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် ကွန်ဒုံးကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ ။ လူတော်တော်များများက ကွန်ဒုံးဝယ်ရမှာကို ရှက်ရွံ့ကြတယ်။ လိင်မှုကိစ္စအကြောင်း ပြောတော့မယ်ဆိုရင် ဟာသ တစ်ခုလို မြင်တတ်တယ်။ အပြစ်ကြီး တစ်ခုလုပ်သလို စိတ်ထဲမှာ ခံစားရတယ်။ ဒါဟာလည်း ပတ်ဝန်းကျင်၊ ဘာသာရေးအယူအဆတွေရဲ့ ရိုက်ခတ်မှုကြောင့်လည်း ဖြစ်မှာပါ။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ လူတော်တော်များများက လိင်ဆက်ဆံတဲ့အချိန်မှာ ကွန်ဒုံးကို မသုံးတတ်ကြဘူး။ တချို့ကလည်း မေ့သွားလို့၊ တချို့ကလည်း ကွန်ဒုံးသုံးရတာ မကြိုက်လို့ အစရှိတဲ့ အကြောင်းပြချက် မျိုးစုံပါပဲ။ တကယ်ကတော့ လိင်ဆက်ဆံတိုင်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ဗိုက်တစ်လုံးခြား ဆက်ဆံရေး

ယောကျာ်းလေးတော်တော်များများကိုကြည့်လိုက်ရင် ဘီယာဗိုက်လေးတွေကိုယ်စီနဲ့နော်။ ဗိုက်အရွယ်အစား ကြီးတာသေးတာပဲကွာတယ် အနည်းနဲ့အများတော့သောက်တတ်ကြတဲ့သူတွေချည်းပဲလေ။ ဘော်ဒါတွေဆုံကြမလား စကားလေးပြောရင်း မော့မယ်၊ အလုပ်တွေဖိစီးနေလား သွားဖြေလျှော့ကြမယ်၊သောကြာနေ့ရောက်ပြီလား TGIF ကြမယ်၊ အသည်းကွဲနေလားသောက်ရင်း ရင်ဖွင့်မယ်၊ ဘာမှအကြောင်းမရှိလည်း ဘားသွားထိုင်မယ် ဘာဖြစ်လဲ...အဲဒါမျိုးတွေဆိုတော့ ဘီယာဗိုက်ပိုင်ရှင်တွေ များလာရော။ ဘီယာဗိုက်ဆိုလို့ ဗိုက်ရွှဲနေတဲ့အဆင့်လောက်ကိုပဲရည်ရွယ်တာမဟုတ်ပါဘူး။ ဖရဲသီးဆိုဒ် မရောက်ခင် အစပျိုးကာစ သခွားမွှေးဆိုဒ်လောက် ဗိုက်အဆင့်တည်းက ကြိုတင်ကာကွယ်နိုင်ဖို့ရည်ရွယ်ပါတယ်။ ဒီဗိုက်တစ်လုံးကြောင့် လိင်ကိစ္စမှာ ထိခိုက်လာတာကိုသိရင် ကွီးတို့ ဘီယာဗိုက်ကို ဂုဏ်ယူနေမယ်မထင်တော့ပါဘူး။ ဒီတော့ ဗိုက်တစ်လုံးခြားနေတဲ့ ဆက်ဆံရေးကြောင့် စိတ်မဆင်းရဲရအောင် ကြိုတင်ကာကွယ်လိုက်ပါတော့။ လိင်ကိစ္စမှာ ဘယ်လိုထိခိုက်နိုင်မှာလဲ ပန်းသေပန်းညှိုးဖြစ်နိုင်တယ် ဗိုက်အဆီနဲ့ ပန်းသေပန်းညှိုးဖြစ်ခြင်းကြားမှာ ဆက်နွယ်မှုရှိနေတယ်လို့ သုတေသနတွေကလေ့လာတွေ့ရှိထားပါတယ်။ ဘီယာဗိုက်ကြောင့် ဘယ်လိုထိခိုက်လဲဆိုတော့ လိင်တံဆီကိုသွေးရောက်ရှိမှုနည်းစေတာကြောင့်ဖြစ်ပါတယ်။ ပုံမှန်ဆို လိင်တံဆီကိုသွေးပို့တဲ့သွေးကြောတွေက ပြန့်ကားလာတဲ့အခါသွေးတွေနဲ့ပြည့်လာပြီး လိင်တံထောင်မတ်မှုဖြစ်လာတာပါ။ ထောင်မတ်မှုအတွက် လိင်တံကသွေးတွေကို ထိန်းထားပေးရမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားတစ်ယောက်ရဲ့လိင်မှုစွမ်းဆောင်ရည်ဟာ သွေးကြောလုပ်ဆောင်ချက်စနစ်ကိုမူတည်နေတာပါ။ နောက်တစ်ချက်က သွေးကြောအားလုံးရဲ့အတွင်းဘက်မျက်နှာပြင်ဆဲလ်အမြှေးပါးလွှာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားစွမ်းဆောင်ရည်တိုးဖို့ လုပ်ဆောင်ရမယ့် အချက်(၈)ချက်

လိင်မှုကိစ္စမှာ စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ဖို့ဆိုတာ အမျိုးသားတိုင်းရဲ့ ဆန္ဒပါပဲ။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကို သာယာမှုအပြည့်အဝပေးလိုတာ ဖြစ်စေ၊ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေတဲ့ အမျိုးသားတွေမှာ ဒီလို ကာမခွန်အား မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတွေကို အမြဲရှာဖွေလေ့ရှိကြပါတယ်။ လိင်ကိစ္စမှာ သာယာမှုအပြည့်အ၀ ရဖို့ဆိုတာလည်း ကိုယ့်ရဲ့ ညီငယ် ဖွားဖက်တော်က အပြည့်အ၀ လိုအပ်ချိန်တိုင်း အဆင်သင့်ဖြစ်နေမှ အဆင်ပြေမှာပေါ့။ ဖွားဖက်တော် အားအင်ပြည့်ဝနေဖို့အတွက် နှလုံးအားကောင်းဖို့ လိုသလို သွေးလည်ပတ်မှု အားကောင်းဖို့လည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖွားဖက်တော် ထောင်မတ်နိုင်ဖို့ဆိုတာ လိင်အင်္ဂါအတွင်း သွေးကြောထဲ သွေးကောင်းစွာ စီးဆင်းနိုင်မှ ဖြစ်မှာကိုး။ အမျိုးသားတွေဆိုတာလည်း အလုပ်က စိတ်ဖိစီးမှုတွေ၊ ဆေးလိပ်၊ အရက်သောက်တာ၊ စားသောက်နေထိုင်မှုပုံစံ မမှန်တာ၊ အိပ်ချိန်မပြည့်ဝတာ၊ အဝလွန်တာ၊ ကျန်းမာရေးအခြေအနေ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် လိင်စိတ်ဆန္ဒ တဖြည်းဖြည်း နည်းပါးလာပြီး […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံခြင်းဖြင့် စိတ်ဖိစီးမှုတွေ ပြေလျော့စေနိုင်ပါတယ်

လူတိုင်းမှာ စိတ်ညစ်စရာ စိတ်ဖိစီးစရာတွေရှိတယ်နော်။ အလုပ်ခွင်ကိစ္စတွေကြောင့် စိတ်ညစ်ရတာ၊ လူမှုရေးကိစ္စေတွကြောင့်စိတ်ညစ်ရတာတွေ ရှိပါတယ်နော်။ စိတ်ညစ်တာကို အကြာကြီးမွေးထားမယ်ဆိုရင် စိတ်ညစ်စရာကနေ စိုးရိမ်စရာ စိတ်ဖိစီးစရာတွေဖြစ်လာပါမယ်။ ဒီလိုဖြစ်လာတဲ့အခါနေ့စဉ်လူနေမှုဘဝမှာ ထိခိုက်မှုဖြစ်စေပါတယ်။ စိတ်ဖိစီးမှုတွေကို မလျှော့ချနိုင်ဘူးဆိုရင်ရေရှည်မှာ ကြီးမားတဲ့နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ စိတ်ဖိစီးမှုကို အထိရောက်ဆုံးပြေလျော့စေနိုင်မယ့် နည်းလမ်းရှိပါတယ်။ အဲဒါကတော့ လိင်ဆက်ဆံခြင်းပါ။ လိင်ဆက်ဆံခြင်းဖြင့် စိတ်ဖိစိးမှုကိုဖြေလျော့ပါ။ လိင်ဆက်ဆံတာက ခံစားမှုကောင်းတာတင်မဟုတ်ပါဘူး။ ကျန်းမာစေဖို့ပါ အထောက်အကူပြုသလို စိတ်ဖိစီးမှုကိုပါကင်းစေနိုင်ပါသတဲ့။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ လိင်ဆက်ဆံတဲ့အခါ ခန္ဓာကိုယ်တွင်းက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေ ကျဆင်းသွားတာကြောင့်ပါ။ အမျိုးသားနဲ့ အမျိုးသမီးအတူနေချိန်မှာ အချစ်ဟော်မုန်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ oxytocin နဲ့ endorphinsဟော်မုန်းတို့ ထွက်လာကြပါတယ်။ ဒီလိုထွက်ရှိလာမှုက စိတ်ထဲမှာဖြစ်နေတဲ့ စိုးရိမ်မှု၊ ပူပန်မှုတွေကိုပြေလျော့သွားစေဖို့ အထောက်အပံ့ပေးပါတယ်။ စိတ်ကို တည်ငြိမ်သွားစေသလို စိတ်ခံစားမှု ကောင်းမွန်လာစေပြီး ကောင်းကောင်းအိပ်ပျော်စေဖို့လည်း ကူညီပေးပါသေးတယ်။ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ အချင်းချင်းကြားမှာ နားလည်မှုယုံကြည်မှုတွေတိုးစေတာပါ။ […]


HIV နှင့် AIDS ရောဂါ

စအိုဖြင့် လိင်ဆက်ဆံခြင်းနှင့် HIV ကူးစက်နှုန်း မြင့်မားလာခြင်း

အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းဟာ HIV ပိုးအပြင် တခြားလိင်ကတစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်ပွားဖို့ အခွင့်အလမ်းပိုများစေတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ အဓိကအားဖြင့် ရောဂါပိုးရှိသူရဲ့ သုက်ရည်၊ သွေး၊ မိန်းမကိုယ်မှ အရည်တွေဟာ သွေးကြောထဲသို့ တစ်နည်းနည်းနဲ့ ဝင်ရောက်သွားတဲ့အခါမှာ စတင်ကူးစက်သွားပါပြီ။ ဒါကြောင့် လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို မဖြစ်မနေ သုံးဖို့ အရေးကြီးပါတယ်။ လိင်ဆက်ဆံခြင်းလို့ ဆိုရာမှာ ၁။ ထိုးသွင်းဆက်ဆံမှုမရှိဘဲလက်၊ ပါးစပ်ဖြင့် လိင်တံ၊ ယောနိ၊ စအိုကို လှုံ့ဆော်ခြင်း (Masturbation, Oral Sex) ၂။ လိင်တံဖြင့် မိန်းမကိုယ်ကို ထိုးသွင်းဆက်ဆံမှု ပြုခြင်း (Vaginal Sex) ၃။ လိင်တံဖြင့် စအိုဝသို့ ထိုးသွင်းဆက်ဆံခြင်း (Anal Sex) ကို ဆိုလိုပါတယ်။ ထိုးသွင်းဆက်ဆံမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကာအကွယ်မသုံးဘူးဆိုရင် မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ ရလာနိုင်တယ်။ HIV […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း