ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ချစ်တင်းနှောအပြီးမှာ ဆောင်ရန်၊ရှောင်ရန်များ

ချစ်တင်းနှောအပြီးမှာ ဆောင်ရန်၊ရှောင်ရန်များ ချစ်တင်းနှောခြင်းဆိုတဲ့ လိင်မှုကိစ္စဟာ လူအများစု မကင်းနိုင်တဲ့ အရာပါ။ ဘယ်အရာမဆို အဆုံးသတ်ကောင်းမှ အားလုံးကောင်းပါတယ်ဆိုတဲ့ သိုးဆောင်းစကားပုံလေးလည်း ရှိပါသေးတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ချစ်တင်းနှောပြီးတဲ့အချိန်မှာ သင်ရော၊သင့်အဖော်အနေနဲ့ပါ ဆောင်ရန်၊ရှောင်ရန် အချက်လေးတွေကို မျှဝေပေးသွားမှာပါ။ ၁။ ရေနဲ့ဆေးကြောသန့်စင်ပါ။ ဒီလိုပြောလို့ ကိစ္စပြီးတာနဲ့ အိပ်ရာထဲက ခုန်ထွက်ပြီး ရေချိုးခန်းထဲ ပြေးဝင်ဖို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ချစ်ကြည်နူးခဲ့တဲ့ အချိန်လေးတွေကို စားမြုံ့ပြန်ရင်း အိပ်ရာထဲမှာ သင့်ချစ်သူနဲ့ နှစ်ကိုယ့်တစိတ် နွေးနွေးထွေးထွေး ပွေ့ဖက်ပြီး နေလို့ရပါသေးတယ်။ ပြီးရင်တော့ အမျိုးသားရော၊ အမျိုးသမီးပါ မိမိတို့ရဲ့ လိင်အင်္ဂါတွေကို ရေနွေးနွေးနဲ့ ပြောင်စင်အောင် ဆေးကြောသန့်စင်ပေးဖို့ လိုမှာပါ။ ဒီလို သန့်စင်ပေးခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကဲ့သို့သော ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဆန္ဒရှိရင် ဆပ်ပြာပျော့ပျော့လေးတွေကို သုံးစွဲနိုင်တယ်ဆိုပေမယ့် ထိရှလွယ်တဲ့ အရေပြားပိုင်ရှင်တွေအတွက်တော့ အဆင်ပြေမှာ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

အဖြစ်များတဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါ (၁၄) မျိုးအကြောင်း သိကောင်းစရာ

လိင်မှ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဆိုတာ လိင်မှုကိစ္စလုပ်နေတဲ့ သူတိုင်း၊ လိင်မှု ကိစ္စလုပ်ဆောင်ဖို့ စဉ်းစားနေတဲ့ လူတိုင်း သိသင့်တဲ့ ရောဂါတွေပါ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံလို နိုင်ငံမှာ ဒီရောဂါတွေ ဖြစ်ပွားလာရင် လူအများက ကုသဖို့ ရှက်ကြောက်တတ်ကြပါတယ်။ ဒါ့အပြင် STD တချို့က ဆေးဝါးနဲ့ လုံးဝပျောက်ကင်းအောင်ကုသလို့မရပါဘူး။ ဒါ့ကြောင့် ရောဂါတွေကို သေချာသိရှိပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ပြီးမှ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုကို ပြုလုပ်သင့်ပါတယ်။ ဒီလို အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှု ပြုလုပ်နိုင်ဖို့အတွက် Hello sayarwon ပရိတ်သတ်ကြီးအတွက် အတွေ့ရများတဲ့ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD) ၁၄ မျိုးအကြောင်းဖော်ပြပေးလိုက်ပါတယ်။ ၁။ လိင်အင်္ဂါ အသားပို (HPV) လိင်အင်္ဂါ အသားပို ကိုဖြစ်စေတဲ့ Human […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံပြီးနောက် ဆောင်ရန်၊ရှောင်ရန် အချက် (၁၁) ချက်

လိင်မှုကိစ္စဆိုတာ တခြားကိုယ်လက်လှုပ်ရှားမှု ကိစ္စတွေထက် ရောဂါ ကူးစက်နိုင်ခြေ မြင့်မားပါတယ်။ ဒါ့ကြောင့် လိင်မဆက်ဆံခင်ကတည်းက သင့်အနေနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါ (STD) တွေနဲ့ သန္ဓေတားဖို့အတွက် ကြိုတင်ပြင်ဆင်ထားသင့်သလို လိင်ဆက်ဆံအပြီးမှာလည်း ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။ အခုဒီမှာတော့ Hello ဆရာဝန် ပရိတ်သတ်ကြီးအတွက် လိင်ဆက်ဆံပြီးနောက် လုပ်သင့်တဲ့ အရာတွေနဲ့ ရှောင်သင့်တဲ့ အရာ (၁၁) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဆေးကြောပါ။ လိင်ဆက်ဆံပြီးတာနဲ့ ချက်ခြင်း ရေချိုးခန်းကို သွားပြီး ဆေးကြောစရာတော့ မလိုအပ်ပါဘူး။ ဒါပေမဲ့ လိင်ဆက်ဆံပြီးနောက် လိင်အင်္ဂါတွေကို ဆေးကြောပေးခြင်းဟာ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (UTIs) တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုဆေးကြောတဲ့ အခါမှာလည်း လိင်အင်္ဂါနားတစ်ဝိုက် (အတွင်းကို မဟုတ်ပါ) နေရာတွေကို ရေနဲ့ ဆေးကြောပေးလို့ရပါတယ်။ ဆပ်ပြာ အပျော့စားလေးတွေကိုလည်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံပြီးနောက် သွေးထွက် တာက သဘာဝပဲလား

ဝ.၇ မှ ၉ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ လိင်ဆက်ဆံပြီးရင် သွေးထွက် တတ်ကြပြီး အဓိကအားဖြင့် အပျိုမြှေးမှ သွေးထွက်တာ ဖြစ်ပါတယ်။ လိင်ဆက်ဆံပြီး သွေးထွက်ခြင်းဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး အမျိုးသမီးတစ်ယောက်က ဓမ္မတာ လာနေဆဲဖြစ်သလားဆိုတဲ့ အပေါ်လည်း မူတည်ပါသေးတယ်။ တကယ်လို့ လိင်ဆက်ဆံပြီး အမျိုးသမီး မွေးလမ်းကြောင်းမှ သွေးထွက်ခြင်းက ဓမ္မတာလာခြင်းနဲ့ ပတ်သတ်နေမယ်ဆိုရင် ဒီလို သွေးထွက်ခြင်းကို လိင်ဆက်ဆံပြီး သွေးထွက်ခြင်းလို့ မသတ်မှတ်ပါဘူး။ လိင်မှုကိစ္စ လုပ်တဲ့ ဘယ်သူမဆို လိင်ဆက်ဆံပြီး သွေးထွက်နိုင်ပါတယ်။ လိင်ဆက်ဆံပြီးနောက် သွေးထွက် ရခြင်း အကြောင်းရင်းများ။ လိင်ဆက်ဆံပြီးနောက် သွေးထွက်ခြင်းရဲ့ အကြောင်းရင်းများကတော့ ဒဏ်ရာ။ လိင်ဆက်ဆံချိန်မှာ ပွတ်တိုက်ခြင်းကြောင့် အထိအခိုက်လွယ်တဲ့ လိင်အင်္ဂါ တစ်ရှူးတွေကို ပွန်းပဲ့ဒဏ်ရာများ ဖြစ်စေနိုင်ပါတယ်။ ကလေးမွေးဖွားတဲ့အခါမှာလည်း မွေးလမ်းကြောင်းတွေ ပိုချဲ့ကားရပြီး ဒဏ်ရာများကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် […]


သားဆက်ခြားခြင်း

သန္ဓေတားဆေးများ အကြောင်း သိကောင်းစရာ

သန္ဓေတားဖို့အတွက် အမျိုးသားတွေ အတွက်ရော၊ အမျိုးသမီးတွေ အတွက်ရော နည်းလမ်း အများအပြားရှိပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ ဟော်မုန်းဆိုင်ရာ သန္ဓေတားနည်း တစ်ခုဖြစ်တဲ့ ဆေးတောင့်တွေ ဖြစ်ပါတယ်။ ဒီ သန္ဓေတားဆေးတွေကိုတော့ သောက်သုံးရတာ ဖြစ်ပြီး မှန်မှန်ကန်ကန် အသုံးပြမယ်ဆိုရင်တော့ ၉၉.၉ ရာခိုင်နှုန်း အထိ ထိရောက်မှု ရှိပါတယ်။ ဒါပေမဲ့ ဒီ သန္ဓေတားဆေးတွေ ဟာ လိင်မှ တစ်ဆင့် ကူးစက်တဲ့ AIDS လို ရောဂါမျိုးကို မကာကွယ်နိုင်ပါဘူး။ ဒါ့ကြောင့် လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD) တွေကို ကာကွယ်လိုတယ်ဆိုရင်တော့ အမျိုးသားသုံး ကွန်ဒုံးတွေကို အသုံးပြုသင့်ပါတယ်။ သန္ဓေတားနည်းတွေထဲမှာတော့ အီစရိုဂျင် (estrogen) နဲ့ ပရိုဂျက်စတင် (progestin) ဟော်မုန်းတွေ ပါဝင်တဲ့ သန္ဓေတားနည်းတွေ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ကိစ္စ က သင့်ကျန်းမာရေးအတွက် ကောင်းသလား ဆိုးသလား

လိင်ကိစ္စ က သင့်ကျန်းမာရေးအတွက် ကောင်းသလား ဆိုးသလား လိင်ကိစ္စ ဆိုတာ တကယ်တော့ ကျေနပ်သာယာမှူကိုပေးစွမ်းနိုင်ရုံသာမက.....အန္တရာယ်ကင်းတဲ့ sex ဆိုရင် သင့်ကျန်းမာရေးအတွက် ကောင်းကျိုးတွေအများကြီးပေးတယ်ဆိုရင် အံ့သြသွားမလား.... အောက်မှာ ဖော်ပြပေးမှာကတော့ သင့်ကျန်းမာရေးအတွက် sex က ဘယ်နည်းဘယ်ပုံအကျိုးပြုတယ်ဆိုတာပါပဲ.... (1) ကိုယ်ခံအားကို တိုးတက်ကောင်းမွန်စေတယ် လိင်ကိစ္စ ဆောင်ရွက်သူတွေဟာ မဆောင်ရွက်သူတွေထက် ဗိုင်းရပ်စ် ဘက်တီးရီးယားနဲ့ အခြားရောဂါပိုးမွှားတွေကို ခုခံနိုင်စွမ်းအရမ်းနည်းပါတယ်...ရောဂါပိုးဝင်လာရင် တိုက်ခိုက်နိုင်တဲ့ ပဍိပစ္စည်း ထုတ်လုပ်နိုင်စွမ်းလည်း နည်းတယ်လို့် သုတေသနတွေက ဆိုပါတယ်..... (2) အမျိုးသမီး တွေမှာ ဆီးမထိန်းနိုင်တာကို လျော့ကျစေတယ် တင်ပဆုံကြွက်သားတွေ သန်မာခြင်းက သင့်ကို.... ဆီးမထိန်းနိုင်ခြင်းကနေ တားဆီးပေးနိုင်မှာဖြစ်ပါတယ်... လိင်ဆက်ဆံခြင်းဟာ သင့်တင်ပဆုံကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးနေတာနဲ့ အတူတူပါပဲ... (3) သွေးပေါင်/သွေးဖိအားကိုကျစေတယ် သုတေသနတွေက ဖော်ပြထားတာကတော့... လိင်ဆက်ဆံခြင်းနဲ့ သွေးကြောတွင်းဖိအားကျတာဟာ ဆက်စပ်မှူ ရှိတယ် ဆိုတာပါပဲ.... အထူးသဖြင့် အပေါ်သွေးလို့ အလွယ်ခေါ်ကြတဲ့ systolic […]


သားဆက်ခြားခြင်း

ဆယ်ကျော်သက်လူငယ်တွေအတွက် ဘယ်လိုသန္ဓေတားနည်းက အကောင်းဆုံးလဲ။

ခေတ်ကြီးက တိုးတက်လာတာနဲ့အမျှ လူငယ် အများစုက လိင်မှု ကိစ္စတွေကို လုပ်လာတတ်ကြပါတယ်။ ဒီလို လိင်မှု ကိစ္စတွေကို လုပ်တဲ့ အခါမှာလည်း လူငယ်အများစု ကတော့ ကွန်ဒုံးနဲ့ အရေးပေါ် သန္ဓေတားဆေး (EC ) တို့ကိုသာ သုံးစွဲကြပါတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်အများစုက ဒီလို အသုံးများတဲ့ သန္ဓေတားနည်းတွေကို အချိန်တိုင်းသုံးလေ့ မရှိတဲ့အပြင် မှန်မှန်ကန်ကန်လည်း မသုံးစွဲတတ်ကြတဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။ ကျွန်တော် အခု ဒီဆောင်းပါးလေးထဲမှာတော့ ဆယ်ကျော်သက်လူငယ်တွေ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်တာဝန်ကို အချိန်မတန်ဘဲ မထမ်းကြရစေဖို့ ဘယ်လို သန္ဓေတားနည်းတွေက အကောင်းဆုံးလည်း ဆိုတာကို Hello ဆရာဝန်ပရိတ်သတ်ကြီး အတွက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ စိတ်အချရဆုံး သန္ဓေတားနည်းက ဘာလဲ။ ဆယ်ကျော်သက်တွေအတွက် စိတ်ချရဆုံး သန္ဓေတားနည်းကတော့ Abstinence […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံချိန်မှာ နာကျင်နေပါသလား

လိင်ဆက်ဆံချိန်နာကျင်နေမယ်ဆိုရင် သင်လည်း လိင်ဆက်ဆံချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ နာကျင်ခြင်းဟာ လိင်စိတ်ဆန္ဒကို နည်းပါးသွားစေပါတယ်။ ခန့်မှန်းခြေ အရတော့ အမျိုးသမီး ၂၀ ရာခိုင်နှုန်းခန့်ဟာ မွေးလမ်းကြောင်းဆိုင်ရာ နာကျင်ခြင်းကို ကိုယ်လက်မနှီးနှောမီ နမ်းရှုပ်တဲ့ အချိန်မှာပဲ ဖြစ်ဖြစ်၊ ကိုယ်လက်နှီးနှောတဲ့ အချိန်မှာ ပဲဖြစ်ဖြစ် ခံစားကြတယ် လို့သိရပါတယ်။ ရံဖန်ရံခါ နာကျင်တာပဲ ဖြစ်ဖြစ်၊ နာတာရှည်နာကျင်တာပဲ ဖြစ်ဖြစ် ဒီလို လိင်ဆက်ဆံချိန် နာကျင်ခြင်းဟာ ကူးစက်ရောဂါ၊ မှိုရောဂါ၊ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ ( STD) ၊ ဓါတ်မတည့်တဲ့ ဝေဒနာ၊ အာရုံကြောများ ပျက်စီးနေတဲ့ လက္ခဏာနဲ့ နာတာရှည်ရောဂါတို့ကြောင့် ဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ အမျိုးသမီး အများစုကတော့ လိင်ဆက်ဆံချိန်နာကျင်ခြင်းကို အရှက်တရားကြောင့်၊ စိတ်ပိုင်းဆိုင်ရာဝေဒနာကြောင့်၊ ခံစားမှုကြောင့် နာကျင်တယ် လို့ထင်တတ်ကြပါတယ်။ တကယ်တမ်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ဝှေးစေ့ တစ်လုံးနဲ့ တစ်လုံးမညီတာ သဘာဝပဲလား

ဒီမေးခွန်းရဲ့ အဖြေကို ဖြေရမယ်ဆိုရင်တော့ ဝှေးစေ့နဲ့ တစ်လုံး မတူညီကြတာ လုံးဝသာမန်ပဲ ဖြစ်ပါတယ်။ လူအများစုမှာတော့ ညာဘက်ဝှေးစေ့က အနည်းငယ် ပိုကြီးနေပြီး ဘယ်ဘက်ဝှေးစေ့ကတော့ အနည်းငယ်နိမ့်ဆင်းနေတာကို တွေ့ရမှာပါ။ ဒီလို ဝှေးစေ့ တစ်လုံးနဲ့တစ်လုံး အရွယ်အစား မတူတာက တစ်ခါတစ်ရံမှာ ရောဂါလက္ခဏာ တစ်ခုကို ညွှန်ပြနေတာဖြစ်ပေမဲ့ ဖြစ်ရပ်အများစုမှာတော့ သာမန်ပဲဖြစ်ပါတယ်။ တကယ်လို့ ဝှေးစေ့ တစ်လုံးက နာကျင်နေမယ်၊ ပုံစံပြောင်းနေမယ်ဆိုရင် လူနာအနေနဲ့ ဆရာဝန်ထံအမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကျွန်တော် Hellosayarwon ပရိတ်သတ်ကြီး အတွက် ဝှေးစေ့တစ်လုံးက နောက်တစ်လုံးထက် ကြီးနေရခြင်း အကြောင်းရင်းတွေ၊ ရောဂါတွေ၊ ကုသမှုတွေနဲ့ ကိုယ်ဝှေးစေ့က ပုံမှန်ဟုတ်ရဲ့လားဆိုတာ အိမ်မှာ မိမိကိုယ်တိုင် စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။ ဝှေးစေ့တစ်လုံးနဲ့ တစ်လုံးမတူရခြင်းအကြောင်းရင်းများ ဘာ ရောဂါမှ မရှိဘဲ ဝှေးစေ့တစ်လုံးက တစ်ခြားတစ်လုံးထက်ကြီးနေတာဟာ သဘာဝပဲဖြစ်ပါတယ်။ ဒီလို […]


HIV နှင့် AIDS ရောဂါ

HIV ပိုးရှိနေတဲ့ စုံတွဲတွေ ကလေးယူလို့ရနိုင်သေးလား

ခုခံအားကျဆင်းမှုရောဂါပိုး (HIV) ကူးစက်ခံရခြင်းဟာ သေမိန့်ကျပြီးသား ရောဂါတစ်ခုဆိုတဲ့ အယူအဆကနေ ဒါဟာ ထိန်းချုပ်နိုင်တဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်တယ်ဆိုတဲ့ ရှုထောင့်သစ်ဆီကို ပြောင်းလဲလို့ လာခဲ့ပါပြီ။ ဆေးပညာဖွံ့ဖြိုးတိုးတက်မှုက အံ့မခန်းဖြစ်တာမို့ HIV ပိုးကူးစက်ခံနေရသူတွေအနေနဲ့ မိမိရဲ့ အိမ်ထောင်ဖက် သို့မဟုတ် မွေးဖွားလာမယ့်ကလေးဆီကို ရောဂါပိုးမကူးစက်ဘဲ ကလေးယူလို့ ရနိုင်မယ့် အနေအထားတစ်ရပ်ကို ဆောင်ကြဉ်းခဲ့ပြီ ဖြစ်ပါတယ်။ HIV ပိုးကို ကုသရာမှာ တိုးတက်ဖြစ်ထွန်းထွက်ပေါ်လာတဲ့ မျှော်လင့်ချက်ရောင်ခြည်လေးကို Mount Elizabeth Novena ဆေးရုံရဲ့ ကူးစက်ရောဂါကုဆရာဝန် Dr Leong Hoe Nam က အခုလို မျှဝေပေးခဲ့ပါတယ်။ "လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျွန်တော့်ဆီကို လူနာတစ်ယာက် လွှဲလိုက်တယ်ခင်ဗျ။ သူ့နာမည်က ကိုကျော် ဆိုပါစို့ဗျာ။ ကိုကျော်က HIV ပိုး ကူးစက်ခံနေရတာ။ ထုံးစံအတိုင်းပဲပေါ့.... သူ့မှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း