ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်ပိုးနဲ့ပတ်သက်တဲ့ အလွဲတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး

မျိုးပွားကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံက လူတွေဆီမှာ ဗဟုသုတ တော်တော်နည်းလွန်းပါတယ်။ သူများနိုင်ငံတွေမှာလို ဆယ်ကျော်သက်အရွယ်မှာ လိင်ကျန်းမာရေးနဲ့ မျိုးပွားကျန်းမာရေးအကြောင်း ကျောင်းတွေ၊ မိဘဆွေမျိုးတွေက မသင်ပေးကြတာကြောင့်လည်း ပါတာပေါ့။ ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါ၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လူတွေသိထားကြတဲ့ အလွဲတွေကို ဖြေရှင်းပေးဖို့ ဒီနေ့မှာ သုက်ပိုးတွေရဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ၁။ သုက်ပိုးက မမျိုးဥဆီကို တည့်တည့်သွားတာမဟုတ်ပါဘူး။ ကျန်းမာတဲ့ သုက်ပိုးဟာ မမျိုးဥဆီသို့ လျင်မြန်စွာကူးခတ်သွားနိုင်ပြီး မျိုးအောင်နိုင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ထင်ထားသလိုမျိုး မိန်းမကိုယ်အတွင်း သုက်လွှတ်ပြီးတာနဲ့ သူ့လမ်းကြောင်းအတိုင်း မမျိုးဥဆီသို့ အတည့်သွားတာမဟုတ်ဘဲ များသောအားဖြင့် ကွေ့ကောက်ပြီးသွားတတ်ကြပါတယ်။ မကျန်းမာတဲ့ သုက်ပိုးတွေဆိုရင် သုက်ရည်အထဲဝင်သွားတဲ့တိုင်အောင် သုက်ပိုးတွေက ရွေ့လျားနိုင်ခြင်းမရှိဘဲ သူ့နေရာမှာပဲ ဒီအတိုင်းတည်ရှိနေတတ်ပါတယ်။ မအင်္ဂါလမ်းကြောင်းရဲ့ ချုံ့နိုင်၊ ချဲ့နိုင်အား၊ နံရံအနေအထားတွေမှာ မူတည်ပြီးတော့လည်း သုက်ပိုးကောင်တွေရဲ့ ရွေ့လျားတဲ့လမ်းကြောင်းက […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန် ဒါတွေ လုပ်ဖို့ မမေ့ပါနဲ့

လူရယ်လို့ဖြစ်လာပြီဆိုရင် နေ့စဉ်ဘဝမှာ လိင်မှုကိစ္စဆိုတာ မပါမဖြစ်ပဲမလား။ အဲ့တော့ ချစ်တဲ့သူနှစ်ဦး ချစ်တင်းနှောပြီးတဲ့အချိန်တိုင်း လုပ်မိတတ်တဲ့ အမှားလေးတွေနဲ့ ဘာတွေကို အဓိကထားပြီး လုပ်သင့်လဲဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ခုဆောင်းပါးလေးမှာ ပြောပြပေးလိုက်ချင်ပါတယ်။ ၁။ သန့်ရှင်းရေးလုပ်ပါ။ သန့်ရှင်းရေးလုပ်တယ်ဆိုတာ ရေအမြန်ချိုးခိုင်းတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ လိင်ဆက်ဆံတယ်ဆိုတာ သာယာမှုနဲ့ ချစ်ကြည်နူးမှုတွေ ပြည့်ဝနေတယ်ဆိုပေမယ့် သူ့နောက်ကွယ်မှာ မမြင်ရတဲ့ ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေဆိုတာ ကပ်ပါလာနိုင်တယ်ဆိုတာ မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် ကာမဆက်ဆံပြီးတိုင်း ခဏလောက်နားပြီးတာနဲ့ အမြန်သန့်စင်ပေးပါ။ ယောက်ျားလေးဆိုရင် လိင်အင်္ဂါတစ်ဝိုက်နဲ့ ထိပ်အရေပြားကို အောက်လှန်ဆွဲချပြီး သန့်စင်ပါ။ မိန်းကလေးဆိုရင်လည်း မိန်းမကိုယ် အစပ်နားလောက်ကို ဆပ်ပြာနဲ့ ရေနွေးနဲ့ သန့်စင်ပေးပါ။ ပြီးရင် လက်ကိုလည်း သေချာဆပ်ပြာနဲ့ ဆေးကြောဖို့ မမေ့ပါနဲ့။ ဒါတွေကိုတော့ ဦးစားပေးပြီး သန့်ရှင်းရေးလုပ်ပေးနိုင်ရင် ရပါတယ်။ ၂။ အတင်းကာရော တိုက်ချွတ်ဆေးကြောစရာမလိုပါဘူး။ ဒါကတော့ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

အမျိုးသားများတွင်တွေ့ရတဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါလက္ခဏာများ

လိင်အပျော်အပါးလိုက်စားတာ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲတာ၊ လိင်ဆက်ဆံဖော် တစ်ယောက်ထက်ပိုတာ စတာတွေကြောင့် STD လို့ခေါ်တဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။ အလွယ်တကူကုသလို့ရတဲ့ ရောဂါတွေရှိတဲ့တိုင်အောင် HIV လိုမျိုး ရောဂါပိုးကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးဘဲ မပြန့်ပွားအောင်သာ ထိန်းပေးနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အမျိုးသားတွေမှာ လိင်မှတစ်ဆင့်ရောဂါတွေ ကူးစက်ခံရတဲ့အခါ ကိုယ်ခန္ဓာက ဘယ်လိုလက္ခဏာတွေပြလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ၁။ ခလက်မီးဒီးယားရောဂါ (Chlamydia) ရောဂါပိုးရှိသူရဲ့ ပါးစပ်၊ မိန်းမကိုယ်၊ စအိုအတွင်းသို့ အကာအကွယ်မသုံးဘဲ ထိုးသွင်းဆက်ဆံစဉ် ဘက်တီးရီးယားပိုးကူးစက်ခံရတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာ အလွယ်တကူမပြတာကြောင့် ကိုယ့်မှာပိုးရှိနေမှန်း မသိတာမျိုးတွေလည်း ရှိပါတယ်။ ကူးစက်ခံရပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ဆီးသွားစဉ်နာကျင်ခြင်း လိင်တံမှ ပုံမှန်မဟုတ်တဲ့ အရည်များ ယိုစိမ့်ခြင်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံတဲ့အချိန် ဘာ့ကြောင့် ဗိုက်အောင့်ရတာလဲ ။ ။

အမျိုးသားနဲ့ အတူနေတဲ့အခါ မိန်းမကိုယ် နာကျင်တာမျိုးတွေက ဖြစ်လေ့ရှိတဲ့ အရာတစ်ခုဆိုပေမယ့် လိင်ဆက်ဆံတဲ့အချိန် ဗိုက်အောင့်တာမျိုးတွေကတော့ ပုံမှန်ဖြစ်လေ့ဖြစ်ထ မရှိတဲ့အရာတစ်ခုပါ။ ဒါပေမယ့် တချို့ဒီလို အတူနေချိန် ဗိုက်အောင့်တတ်တဲ့သူတွေရှိကြပါတယ်။ ဘာ့ကြောင့် လိင်ဆက်ဆံတဲ့အချိန် ဗိုက်အောက်ပိုင်း အောင့်တာတွေဖြစ်ရတာလဲ ။ ။ အနေအထားမမှန်တာကြောင့်ပါ။ လိင်ဆက်ဆံတဲ့အချိန် တချို့ ဆက်ဆံတဲ့အနေအထားတွေက မိန်းမကိုယ်ထဲ လိင်တံပိုဝင်သွားစေတဲ့အတွက်ကြောင့် ဗိုက်အောင့်တာမျိုးတွေပိုဖြစ်စေတတ်ပါတယ်။ ဒီလို အခါမျိုးတွေမှာဆိုရင်တော့ နောက်တစ်မျိုး ဆက်ဆံတဲ့ ပုံစံကို ပြောင်းလိုက်သင့်ပါတယ်။ အထူးသဖြင့် အပေါ်ကနေပြီး ဆက်ဆံတဲ့အခါမျိုးမှာ အောင့်တာတွေပေါ့ ။ သားအိမ်စောင်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သားအိမ်ခေါင်းနဲ့ယှဉ်လိုက်ရင် သားအိမ်က ရှေ့ကို အနည်းငယ်ရောက်နေရမှာပါ။ ဒါပေမယ့် နောက်ဘက်ကို သားအိမ်က ရောက်နေပြီဆိုရင်တော့ သားအိမ်စောင်းနေတာဖြစ်နိုင်ပါတယ်။ သားအိမ်စောင်းနေတဲ့ပြဿနာဟာ မိန်းကလေး ၄ ယောက်မှာ ၁ ယောက်လောက်ဖြစ်တတ်တဲ့ပြဿနာတစ်ခုပါ။ သူ့ဘာသာရှိနေရင် ဘာပြဿနာကိုမှ မဖြစ်စေပေမယ့် […]


ဆစ်ဖလစ်ပိုးဝင်ခြင်း(ကာလသားရောဂါ)

ကာလသားရောဂါနဲ့ပတ်သက်ပြီး သိထားသင့်သမျှ

ကာလသားရောဂါနဲ့ပတ်သက်ပြီး သိထားသင့်သမျှ အချက်တွေက ဘာတွေလဲ။ Syphilis - ဆစ်ဖလစ်ရောဂါ (ကာလသားရောဂါ) ဆိုတာ Treponema pallidum ဆိုတဲ့ ဘက်တီးရီးယားပိုးဝင်ရောက်မှုကြောင့် ဖြစ်တဲ့ရောဂါပါ။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး ကူးစက်ဖို့ လွယ်ကူတဲ့ ရောဂါဆိုလည်း မမှားပါဘူး။ လိင်အပျော်အပါးလိုက်စားတာ၊ ပေါက်ပြဲနေတဲ့ အရေပြားကနေတဆင့် ဝင်ရောက်တတ်ပါတယ်။ တစ်ခါတလေ ရောဂါလက္ခဏာတွေတောင် မပြတာမျိုးလည်း ရှိနိုင်တဲ့အတွက် ကိုယ့်မှာရောဂါပိုးရှိနေမှန်း နှစ်အတော်ကြာသည်အထိ မသိဘဲ ရောဂါမွေးထားသလို ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကာလသားရောဂါပိုးရှိတဲ့အခါ ကလေးကို ကူးစက်နိုင်သလို ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေဖြစ်နေတာ၊ ကလေးအသေမွေးတဲ့အထိပါ ဖြစ်နိုင်ပါတယ်။ ကာလသားရောဂါနဲ့ပတ်သက်ပြီး သိထားသင့်သမျှ ဒါဆို ကာလသားရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲ။ ကာလသားရောဂါမှာ အဆင့် ၃ဆင့် ရှိပါတယ်။ ၁။ အစောပိုင်းကာလ ကာလသားရောဂါ အဆင့် ကိုယ်ခန္ဓာနေရာအနှံ့မှာ အနီစက်တွေ၊ အင်ပျဉ်တွေ ထမယ်။ လိင်အင်္ဂါတစ်ဝိုက်နဲ့ […]


သားဆက်ခြားခြင်း

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း နေရာမှားရောက်နေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။ ။

အိမ်ထောင်ပြုပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန် မလိုချင်တဲ့ သူတွေအတွက် သန္ဓေတားနည်းတွေအများကြီးပါ။ တားဆေးသောက်မလား ၊ထိုးဆေးထိုးမလား၊ လက်မောင်းထဲ ပစ္စည်းထည့်မလား သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ထည့်မလား စသဖြင့်ပေါ့။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း ဟော်မုန်းပါတဲ့ တားဆေးတို့ ထိုးဆေးတို့က ရာသီမမှန်တာ၊ ကိုယ်အလေးချိန်တက်လာစေတာ အသားမဲတာတွေ ဖြစ်စေတယ်ဆိုတော့ ဒီ ဘေးထွက်ဆိုးကျိုးတွေ မခံစားချင်တဲ့သူတွေအတွက် ဟော်မုန်း မပါတဲ့ IUD ( သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း) က အကောင်းဆုံး အားကိုးရာ သန္ဓေတားနည်းဖြစ်နေတော့တာပေါ့။ ဒီတော့ ကိုယ်ဝန်မလိုချင်သေးတာကြောင့် IUD နဲ့ သန္ဓေတားဖို့ပြင်ဆင်နေတဲ့သူတိုင်း၊ IUD သုံးထားတဲ့သူတိုင်း သိထားသင့်တဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။ IUD ဆိုတာ ဘာလဲ။ IUD ဆိုတာ ဟော်မုန်းမပါတဲ့ သန္ဓေသားပစ္စည်းလေတစ်မျိုးဖြစ်ပြီး Y ပုံ သဏ္ဍန်ရှိပါတယ်။ သားအိမ်ရဲ့ ၄ ပုံ ၁ပုံ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ဘယ်လောက်ကြာရင် သွေးစစ်မလဲ

လိင်ဆက်ဆံစဉ် ကွန်ဒုံးအသုံးပြုခြင်းဟာ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ၊ HIV နဲ့ တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းကို အမှန်တကယ် လိုက်နာကျင့်သုံးတဲ့သူတွေက ၁၀၀ မှာ တစ်ယောက်လောက်ပဲ ရှိပါတယ်။ အဲ့တော့ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတိုင်း ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စောစီးစွာ သိနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဘယ်လိုလူမျိုးတွေ သွေးစစ်သင့်လဲ။ အကောင်းဆုံးကတော့ လူတိုင်း ပုံမှန်သွေးစစ်သင့်ပါတယ်။ အထူးသဖြင့် အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံသူတွေ လိင်အပျော်အပါး လိုက်စားသူတွေ လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုများသူတွေ ဆေးပညာရေးနယ်ပယ်မှာ အလုပ်လုပ်နေသူတွေ လိင်တူဆက်ဆံသူတွေအနေနဲ့ ပိုပြီး သွေးစစ်ဖို့ လိုအပ်ပါတယ်။ လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားတဲ့ ဖြစ်စဉ်ဆိုရင်လည်း အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းလို့ သတ်မှတ်လို့ရပါတယ်။ ဘယ်အချိန်မှာ သွေးစစ်မလဲ။ HIV နဲ့ ကာလသားရောဂါတွေအတွက် အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ၆လအကြာမှာ သွေးစစ်သင့်ပါတယ်။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား ဖို့ လိုအပ်လား

လူတော်တော်များများက လိင်ဆက်ဆံပြီးတာက အလျင်စလို ဆီးသွားတတ်ကြပါတယ်။ အများစုကတော့ ကိုယ်ထဲမှာကျန်နေတဲ့ အညစ်အကြေးတွေ၊ အရည်တွေ၊ ပိုးမွှားတွေကို ဆီးနဲ့အတူ ပါသွားအောင်ဆိုတဲ့ စိတ်နဲ့ပေါ့။ တကယ်တော့ လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား ဖို့ အလျင်လိုစရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အထဲမှာ သုက်ရည်စွန့်ထုတ်လိုက်တဲ့အခါ ဆီးသွားရုံနဲ့ သန့်ရှင်းသွားအောင် လုပ်ပေးနိုင်တာ မဟုတ်လို့ပါ။ ဒါဆိုရင် လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား တာက ဘာအကျိုးမှမရှိတော့ဘူးလား။ ထိုးသွင်းဆက်ဆံနေချိန်မှာ အကာအကွယ်မသုံးထားရင် တစ်ယောက်မှာရှိတဲ့ ပိုးမွှားတွေဟာ နောက်တစ်ယောက်ကို အလွယ်တကူကူးစက်ဖို့ လွယ်ကူပါတယ်။ လိင်ကိစ္စအပြီး ဆီးသွားလိုက်တဲ့အခါ ဘက်တီးရီးယားပိုးတချို့က ဆီးနဲ့အတူ အပြင်ကိုပါလာပါတယ်။ ဒီအခါ ဆီးလမ်းကြောင်းပိုးဝင်ပြီး ရောင်တာတွေ၊ မဖြစ်စေတော့ပါဘူး။ ဒီအချက်ဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့ အမျိုးသားရော၊ အမျိုးသမီးတွေအတွက်ပါ အကျိုးရှိပါတယ်။ ထိုးသွင်းဆက်ဆံမှုမရှိရင်ရော ဆီးသွားဖို့လိုအပ်လား။ တစ်ယောက်ကို တစ်ယောက် လက်နဲ့ပဲ အာသာဖြေတာဆိုရင်တော့ ဆက်ဆံခြင်းပြီးတာနဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင် ဘာလုပ်မလဲ

ဒီလိုအဖြစ်အပျက်တွေဟာ အမြဲတမ်းဖြစ်နေကျ ကိစ္စတွေမို့ ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လူဆိုတာက တစ်ခုခု ထိတ်လန့်စရာပေါ်လာရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်တာ သဘာဝပဲလေ။ ဒါကြောင့် မတော်တဆဆိုသလို လိင်ဆက်ဆံနေတုန်း ကွန်ဒုံးပြဲသွားခဲ့ရင် ဘာလုပ်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။ အရင်ဆုံး အခြေအနေကို သေချာလေ့လာကြည့်ပါ။ ကွန်ဒုံးပေါက်ပြဲသွားတာ သိတာနဲ့ ချက်ချင်းထုတ်ပြီး အသစ်တစ်ခုလဲပါ။ ကွန်ဒုံးက လိင်တံပေါ်မှာ မကျန်နေဘဲ မိန်းမကိုယ်အတွင်းမှာ ညှပ်ကျန်နေခဲ့ရင် ဂရုစိုက်ပြီး ဆွဲထုတ်ပေးပါ။ သုက်မလွှတ်ခင် ပေါက်ပြဲသွားရင် လဲလိုက်ရုံနဲ့ အဆင်ပြေပေမယ့် သုက်လွှတ်ပြီးမှ သိတာဆိုရင်တော့ နည်းနည်းဂရုစိုက်ဖို့ လိုပါတယ်။ မိန်းကလေးအနေနဲ့ အမြန်ဆုံးလုပ်သင့်တာကတော့ အိမ်သာထဲကို အမြန်ဆုံးဝင်ပြီး ထိုင်ချလိုက်ပါ။ အထဲမှာရှိနေတဲ့ သုက်ရည်တွေ အပြင်ပြန်ထွက်လာအောင် မိန်းမကိုယ်ကြွက်သားကို ဖြည်းဖြည်းချင်းညှစ်ကြည့်ပါ။ ပြီးသွားရင် အိမ်သာမှာထိုင်နေရင်းနဲ့ပဲ ဆီးအမြန်သွားလိုက်ပါ။ အနည်းဆုံးတဲ့ မိန်းမကိုယ်မှာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား

လိင်ဆက်ဆံနေချိန်မှာတော့ ဘာကိုမှ မတွေးဘဲ ဖြစ်ချင်သလို ဖြစ်လိုက်ပေမယ့် ဆန္ဒပြီးမြောက်သွားချိန်မှာ ပုံမှန်အသိစိတ်ဝင်လာပြီး သန့်ရှင်းရေးလုပ်ဖို့ကို အရမ်းတာဆူတတ်ကြပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ အသန့် အရမ်းကြိုက်တဲ့သူတွေပေါ့။ တကယ်တော့ ဆက်ဆံပြီးတဲ့အချိန်လေးမှာ အလျင်အမြန်ထပြီး သန့်ရှင်းရေးလုပ်တာမျိုးထက် အိပ်ရာလေးမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ပွန်းတသီးနေတာ၊ အသားချင်းထိတာ၊ ပွေ့ဖက်နမ်းရှုံ့တာမျိုး လုပ်ပေးနိုင်ရင် နှစ်ဦးကြားသံယောဇဉ်ပိုတိုးစေနိုင်တယ်နော်။ ဒီတော့ ဘယ်လိုအခြေအနေမှာ သန့်ရှင်းရေးအမြန်လုပ်သင့်လဲ၊ ဘာတွေကို ဦးစားပေးမလဲ၊ လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုသင့်၊ မလိုသင့်နဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ၁။ မိန်းမကိုယ်ကို အမြန်သန့်ရှင်းရေးလုပ်ဖို့ မလိုပါဘူး။ ဥပမာ အမျိုးသားက အထဲမှာ သုက်ရည်လွှတ်လိုက်တယ်ဆိုပါတော့၊ ကိုယ်ဝန်ရသွားမှာ၊ ရောဂါပိုးကူးသွားမှာ အစရှိတဲ့အကြောင်းပြချက်တွေနဲ့ ရေချိုးခန်းကို အလျင်အမြန်သွားပြီး ဆေးကြောတတ်ကြပါတယ်။ တကယ်တော့ အထဲမှာသုက်လွှတ်ပြီးသွားဆိုရင် အမြန်ပြေးပြီး သန့်ရှင်းရေးလုပ်လို့လည်း ဘာမှမထူးတော့ပါဘူး။ စိတ်ကလောကြီးနေတာနဲ့ အထဲထိ လက်နဲ့နှိုက်ချွတ်ဆေးကြောနေရင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း