ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism)

လူတော်တော်များများမှာ Fetish လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ လိင်စိတ်တွေ ရှိတတ်ကြပါတယ်။ ကိုယ့်မှာရှိမှန်း သိတဲ့သူနဲ့ မသိတဲ့သူဆိုပြီးတော့ပဲ ကွာသွားတာပါ။ ဒီနေ့ပြောပြပေးမှာကတော့ ပုံမှန်မဟုတ်တဲ့ လိင်စိတ်တွေထဲကမှ ချွန်ထက်တဲ့ အရာဝတ္ထုတွေနဲ့ အသားနာအောင် ထိုးဆွမှ လိင်စိတ်ဆန္ဒအမြင့်ဆုံးရောက်တဲ့သူတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ Piquerism ဆိုတာဘာလဲ။ လိင်ဆက်ဆံတဲ့အခါ ကိုယ့်ရဲ့အဖော်ကို နှိပ်စက်ညှင်းပန်းလိုတဲ့ ဆန္ဒနဲ့ လုပ်တဲ့အပြုအမူပဲဖြစ်ပါတယ်။ ပုံမှန်မဟုတ်ဘူးလို့လည်း ဆိုနိုင်သလို ပြင်းထန်လွန်းတဲ့ လိင်စိတ်ဖြေဖျောက်ခြင်းမှာ ပါဝင်ပြီး တစ်ဖက်သားကိုပါ အသက်အန္တရာယ်ပေးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဘယ်လိုအရာဝတ္ထုတွေကို အဓိကအသုံးပြုလဲ။ ချွန်ထက်တဲ့ အရာဝတ္ထုတိုင်းကို အသုံးပြုနိုင်ပါတယ်။ အပ်၊ လက်သည်း၊ ဓား၊ သင်တုန်းဓား၊ တွယ်ချိတ်၊ ကပ်ကြေး၊ ဘောပင်၊ ခဲတံစတာတွေကို အများဆုံးအသုံးပြုတတ်ကြပါတယ်။ အသားကို ဖြည်းဖြည်းချင်းလှီးရတာ၊ သွေးထွက်အောင် လုပ်တာ၊ နာကျင်အောင် ထိုးဆွနေရင် လိင်စိတ်ထကြွလာပါတယ်။ ဘယ်နေရာတွေကို အများဆုံးထိခိုက်ကြလဲ။ လိင်စိတ်ဖြေဖျောက်တဲ့ အမူအကျင့်ဖြစ်တာကြောင့် အမျိုးသား လိင်အင်္ဂါ၊ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အရင်တုန်းကလောက် ချစ်တင်းနှောဖို့ စိတ်မပါတော့တာ ဘာကြောင့်လဲ

Inhibited Sexual Desire (ISD) ဆိုတာ လိင်စိတ်ဆန္ဒကို အောက်ဆုံးအခြေအနေထိ လျော့နည်းသွားစေတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ Low Libido - လိင်စိတ်ဆန္ဒလျော့နည်းလာခြင်းနဲ့ Asexual Orientation - မွေးကတည်းက လိင်မှုကိစ္စကို စိတ်မပါဝင်စားခြင်း၊ လိင်စိတ်တိမ်းညွတ်မှုမရှိခြင်းနဲ့ လက္ခဏာချင်းဆင်တူပေမယ့် အနည်းငယ်ကွဲပြားမှုတွေတော့ ရှိနိုင်ပါတယ်။ ISD ဘယ်နှစ်မျိုးရှိသလဲ။ အခြေအနေနဲ့ ဝေဒနာရှင်ပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာတော့ လိင်စိတ်မဖြစ်ပေါ်ဘဲ တခြားသူတွေနဲ့သာ လိင်ဆက်ဆံလိုစိတ် ပြင်းပြတာ ဘယ်သူ့အပေါ်ကိုမှ လိင်စိတ်ဆန္ဒ ဖြစ်ပေါ်ခြင်းမရှိတာ အိမ်ထောင်ကျကာစမှာ မကြာခဏချစ်တင်းနှောတတ်ပြီး နောက်ပိုင်းမှာ အသားတောင်အထိမခံချင်တော့အထိ ဖြစ်တာ အိမ်ထောင်ဖက်နှစ်ဦးမှာ တစ်ဦးက လိင်မှုကိစ္စဘက်ကို အလွန်အမင်းအားသန်ပြီး ကျန်တဲ့တစ်ယောက်က ချစ်သူလိုအင်ကို နည်းနည်းမှ ဖြည့်ပေးဖို့ စိတ်မပါဝင်စားတာ အစရှိသဖြင့် ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်။ ဘယ်လိုအချိန်တွေမှာ လိင်ဆက်ဆံချင်စိတ် နည်းသွားနိုင်လဲ။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် […]


ရေယုန်

နမ်းရုံနဲ့ အလွယ်တကူ ကူးစက်နိုင်တဲ့ ရေယုန်ဗိုင်းရပ်စ်

များသောအားဖြင့် ရေယုန်ဆိုတာ လိင်အင်္ဂါတစ်ဝိုက်မှာ ပေါက်တတ်ပြီး HSV-1 နဲ့ HSV-2 ရေယုန်ဗိုင်းရပ်စ်ပိုး ၂မျိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗိုင်းရပ်စ်ပိုးတွေဟာ လိင်အင်္ဂါမှာသာမက တခြားအရေပြားပေါ်မှာလည်း ကူးစက်နိုင်ပါတယ်။ HIV နဲ့ မတူဘဲ တံတွေးကတစ်ဆင့် ကူးစက်နိုင်တဲ့အတွက် ရေယုန်ပေါက်နေတဲ့ သူနဲ့ နမ်းမိတာ၊ လိင်အင်္ဂါကို ပါးစပ်နဲ့ နှိုးဆွပေးတဲ့အခါ ရေယုန်ဗိုင်းရပ်စ်က တံတွေးကနေ ကိုယ်ထဲကိုကူးစက်ပြီး နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ပေါက်လာစေပါတယ်။ တခြားရော ဘယ်ကနေတစ်ဆင့် ကူးစက်နိုင်လဲ။ ရေယုန်ဗိုင်းရပ်စ်ပိုးကို ရောဂါပိုးရှိသူနဲ့ ပါးစပ်၊ မိန်းမကိုယ်၊ စအိုအတွင်း ထိုးသွင်းဆက်ဆံခြင်း၊ တံတွေးချင်း ဖလှယ်မိခြင်း၊ နမ်းခြင်း၊ မုန့်တစ်ခုတည်းကို မျှစားခြင်း၊ ပိုက်၊ ဇွန်းစတာတွေကို အတူသုံးစွဲခြင်း စတဲ့နည်းလမ်းတွေနဲ့ ကူးစက်ပါတယ်။ တံတွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ ဆင်းသောအရည်၊ အနာ၊ အနာပေါက်သွားတဲ့အခါ ထွက်လာတဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

စုံတွဲတွေအနေနဲ့ ပုံမှန်လိင်ဆက်ဆံမှု ဘယ်နှစ်ကြိမ် ပြုလုပ်သင့်လဲ

ကြင်စဦးဇနီးမောင်နှံတွေအနေနဲ့ မကြာခဏ လိင်ဆက်ဆံမှုပြုတာ သဘာဝပဲဆိုပေမယ့် အချိန်အတိုင်းအတာတစ်ခုအထိ ပေါင်းသင်းနေထိုင်ပြီးတဲ့ စုံတွဲတွေမှာတော့ ညားကာစလောက်တော့ လက်ပွန်းတသီးနေတာမျိုး သိပ်မရှိတော့ဘူးပေါ့။ ဒါပေမယ့်လည်း ဇနီးမောင်နှံရယ်လို့ ဖြစ်လာတဲ့အခါ လုံးဝလိင်မှုကိစ္စကို ရှောင်တာမျိုးထက် အကြိမ်ရေ သတ်မှတ်ထားတာတော့ ပိုကောင်းပါတယ်။ ဘယ်နှစ်ကြိမ်လိင်ဆက်ဆံတာက ပုံမှန်လဲ။ ပြောကြတာကတော့ အမျိုးမျိုးပါပဲ။ တစ်ပတ်တစ်ကြိမ် လိင်ဆက်ဆံတာက အကောင်းဆုံး၊ တစ်လကို တစ်ကြိမ်ဆက်ဆံတာက ပုံမှန်ဖြစ်တယ် အစရှိသဖြင့်ပေါ့။ တကယ်တမ်းမှာ အိမ်ထောက်ဖက် တစ်ဦးနဲ့ တစ်ဦး လိင်မှုကိစ္စမှာ စိတ်ပါပုံချင်း၊ စွမ်းဆောင်ပုံချင်းက မတူညီတာကြောင့် ပုံမှန်လိင်ဆက်ဆံတဲ့ အကြိမ်ရေကို တိတိကျကျ တွက်ဆလို့ မရပါဘူး။ ညားကာစမှာဖြစ်စေ၊ နောက်ပိုင်းအသားကျသွားတဲ့အခါမှာဖြစ်စေ လင်နဲ့ မယား လိင်ဆက်ဆံဖို့ ရက်ကို သေချာညှိနှိုင်းပြီး သတ်မှတ်တာက အကောင်းဆုံးပါပဲ။ လိင်မှုကိစ္စကို ရပ်လိုက်တဲ့အခါ ဘာဖြစ်သွားနိုင်လဲ။ လူရယ်လို့ ဖြစ်လာပြီဆိုရင် ကာမကိစ္စသည် မပါမဖြစ် လုပ်ငန်းဆောင်တာထဲမှာ […]


သားဆက်ခြားခြင်း

ပုရိသတို့ သားကြောဖြတ်ပြီးဘယ်လောက်အကြာ လိင်ဆက်ဆံလို့ရပြီလဲ

သားကြောဖြတ်ခြင်း (Vasectomy) ဆိုတာ သုက်ရည်ထဲသို့ သုက်ပိုးများဝင်ရောက်လာအောင် ပို့ဆောင်ပေးတဲ့ ပြွန်ကို ဖြတ်တောက်ခြင်းဖြစ်ပါတယ်။ သုက်ရည်ထဲမှာ သုက်ပိုးများ မပါရှိတော့တာကြောင့် သုက်လွှတ်ပြီးနောက်မှာလည်း ကိုယ်ဝန်ရနိုင်ခြေ မရှိတော့ပါဘူး။ ဒီနည်းလမ်းဟာ အမျိုးသားတွေအတွက် အထိရောက်ဆုံး သန္ဓေတားနည်းဆိုလည်း မမှားပါဘူး။ ခုဆောင်းပါးမှာတော့ အမျိုးသားတွေ အမေးများတဲ့ သားကြောဖြတ်ခြင်းနှင့် လိင်မှုဘဝ သက်ရောက်မှုအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ သားကြောဖြတ်ပြီးနောက် ဘယ်လောက်ကြာမှ လိင်ဆက်ဆံနိုင်မှာလဲ။ သားကြောဖြတ်ဖို့ ခွဲစိတ်ထားတဲ့ နေရာမှာ အနာမကျက်မချင်း လိင်ဆက်ဆံမှုကို ရှောင်ဖို့ လိုအပ်ပါတယ်။ ခွဲစိတ်ပြီး အနည်းဆုံး တစ်ပတ်အထိ သို့မဟုတ် ခွဲထားတဲ့နေရာမှာ ရောင်နေတာ၊ နာကျင်နေတာမျိုး လုံးဝမခံစားရတော့တဲ့အချိန်မှ လိင်ဆက်ဆံမှု ပြန်စတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ခွဲစိတ်မှု ပြီးပြီးချင်း လိင်ဆက်ဆံတဲ့အခါ ချုပ်ထားတဲ့ချုပ်ရိုးတွေက ပြန်ပြည်ပြီး ဘက်တီးရီးယားပိုးတွေ ဝင်သွားနိုင်တာကြောင့်ပါပဲ။ လိင်ဆက်ဆံတဲ့အခါ နာကျင်မှုဖြစ်နိုင်လား။ လိင်ဆက်ဆံနေစဉ် […]


HIV နှင့် AIDS ရောဂါ

HIV ပိုး သင့်မှာရှိနေနိုင်လား။ ပုံမှန်သွေးစစ်ဖို့တော့ လိုမယ်နော်

HIV ဆိုတာ ကိုယ်ခံအားစနစ်ကို အဓိကပစ်မှတ်ထားတိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ HIV ပိုးရှိတဲ့လူဦးရေ တိုးလာတာနဲ့အမျှ ကိုယ့်မှာပိုးရှိလို့ ရှိနေမှန်းတောင် မသိတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ကိုယ့်မှာ HIV ရှိမှန်းမသိတဲ့အခါ ဆေးဝါးကုသမှုမခံယူတော့ ပိုးတွေက သွေးထဲမှာ အမြဲပွားများနေမယ်။ အချိန်ကြာလာတဲ့အခါ သွေးထဲမှာရှိနေတဲ့ CD4 လို့ခေါ်တဲ့ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ဆဲလ်တွေက နည်းလာတယ်။ ကိုယ်ခံအားစနစ် ဆုတ်ယုတ်လာတဲ့အခါ ရောဂါတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတယ်။ နောက်ဆုံး AIDS ခုခံအားကျဆင်းမှုရောဂါ အခြေအနေကို ရောက်လာတဲ့အခါ လူက ပိန်ချုံးချိနဲ့ပြီး အသက်ဆုံးပါးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါဆို HIV ဆိုတာ ကိုယ့်တစ်ယောက်တည်းကိုပဲ ဒုက္ခပေးနိုင်မယ်ထင်လား။ လုံးဝမဟုတ်ပါဘူး။ လေထဲကတစ်ဆင့်၊ အသားချင်းထိရုံနဲ့ ကူးစက်နိုင်တာမျိုး မဟုတ်ပေမဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ချစ်သူ၊ […]


HIV နှင့် AIDS ရောဂါ

လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေး

PrEP နဲ့ PEP ဆေးတွေဟာ HIV ပိုး ကူးစက်ခံရခြင်း လျော့နည်းစေဖို့ ကာကွယ်ပေးတဲ့ ဆေးတွေ ဖြစ်ပါတယ်။ ကိုယ်က လိင်အပျော်အပါး မကြာခဏ လိုက်စားတဲ့သူဖြစ်စေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိတယ်ဆိုရင် ဒီဆေးတွေအကြောင်း နားလည်ထားဖို့ လိုပါတယ်။ PrEP ဆေးဆိုတာဘာလဲ။ ဆေးရဲ့ အရှည်ကောက်ကတော့ Pre-exposure prophylaxis ဖြစ်ပြီး ပုံမှန်စွဲသောက်ပေးရတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။ အဓိကကတော့ HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။ HIV ပိုးရှိသူတွေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိလို့ ကိုယ့်ဆီကို မကူးစက်စေအောင် ကာကွယ်ပေးဖို့ သောက်ပေးရတာဖြစ်ပါတယ်။ နေ့စဉ် သောက်ပေးရတဲ့ ဆေးဖြစ်ပြီး ကာကွယ်မှုအာနိသင်အမြင့်ဆုံးကို ရောက်ဖို့ ဆေးသောက်တာ အနည်းဆုံး ၇ရက် ရှိဖို့ လိုအပ်ပါတယ်။ နေ့တိုင်း PrEP […]


HIV နှင့် AIDS ရောဂါ

HIV ပိုးကူးစက်ခံရခြင်းနှင့် လူတွေသိထားတဲ့ မဟာအလွဲများ

HIV ပိုးနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိပါ လူတွေ မှားယွင်းစွာသိထားတဲ့ အလွဲတွေ အများကြီးရှိပါတယ်။ ဒီအလွဲတွေကြောင့်ပဲ HIV ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လူတွေရဲ့ အကြောက်တရားက ပိုလာသလို ပတ်ဝန်းကျင်ရဲ့ နှိမ့်ချဆက်ဆံမှုတွေဟာလည်း ဆိုးသထက် ဆိုးလာပါတယ်။ ဒီဆောင်းပါးလေးမှာ HIV ပိုးကူးစက်ပုံတွေ၊ ဒီဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လူတွေသိထားတဲ့အလွဲတွေအကြောင်း ဖြေရှင်းပေးချင်ပါတယ်။ HIV ဆိုတာဘာလဲ။ ခုခံအားစနစ်ကို အားနည်းအောင် တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပြီး သူဟာ ရောဂါတစ်ခုမဟုတ်ပါဘူး။ HIV ပိုးဟာ သွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ ထွက်တဲ့အရည်၊ မိခင်နို့ရည်မှာ တည်ရှိပြီး ဒီအရည်တွေက တခြားသူတစ်ယောက်ရဲ့ သွေးလမ်းကြောင်းထဲကို တိုက်ရိုက်ဝင်မှသာ ရောဂါပိုး ကူးစက်ခံရတာဖြစ်ပါတယ်။ HIV ပိုးဟာ ကူးစက်ပျံ့နှံ့လွယ်တယ်ဆိုပေမယ့် လူတွေသိထားသလို အသားချင်းထိလို့၊ နမ်းလို့၊ ပစ္စည်းတစ်ခုကို အတူသုံးစွဲတာ၊ တစ်အိမ်တည်း အတူနေတာနဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ

ဆန်းဆန်းပြားပြား မတော်တဆမှုတွေထဲမှာ ဒီကိစ္စဟာလည်း စုံတွဲတွေကြားမှာ တော်တော်လေး အဖြစ်များတယ်လို့ ဆိုရမှာပါ။ ကွန်ဒုံးကိုယ်တိုင်က အမျိုးသမီးတွေအတွက် ပြဿနာမရှိပေမဲ့ သူ့ထဲမှာ သိုလှောင်ထားတဲ့ သုက်ရည်တွေက အဓိကပြဿနာပါ။ ဒီသုက်ရည်ကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ေတွ၊ လိင်မှတစ်ဆင့် ရောဂါတွေ ကူးစက်နိုင်တာကိုး။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံလာခဲ့ရင် ပျာယာမခတ်ဘဲ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဒီနေ့ဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ အရင်ဆုံး ပြဿနာကို ဖြေရှင်းမယ်။ ၁။ မိန်းမကိုယ်ထဲ လက်ချောင်းအရင်ထည့်ကြည့်ပြီး ကွန်ဒုံးကျန်နေလားဆိုတာကို စမ်းပါ။ ၂။ ကွန်ဒုံးက အထဲသိပ်မရောက်နေဘူးဆိုရင် ကိုယ်တိုင် လက်မ၊ လက်ညှိုးနဲ့ ညှပ်ပြီး ဆွဲထုတ်လို့ ရမှာပါ။ ၃။ ဆွဲထုတ်လိုက်တဲ့အခါ ကွန်ဒုံးက ပေါက်ပြဲနေတာမျိုး ရှိ၊ မရှိ အရင်စစ်ကြည့်ပါ။ ၄။ ကွန်ဒုံးကို လုံးဝထုတ်ပြီးသွားတဲ့အခါမှသာ ရေပန်းနဲ့ မိန်းမကိုယ်တွင်းကို သေချာဆေးကြောပါ။ ၅။ ကိုယ်က လက်နဲ့ ဆွဲထုတ်လို့မရဘူး၊ ဒါမှမဟုတ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း