ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

တစ်ပတ်မှာ ဘယ်နှစ်ကြိမ် လိင်ဆက်ဆံသင့်သလဲဆိုတာ အဖြေရှာကြမယ်

လူအတော်များများဟာ လိင်ဆက်ဆံမှု နဲ့ပတ်သက်ပြီး မသိစိတ်မှာ ကြိတ်စိုးရိမ်နေကြတာတွေရှိတတ်ပါတယ်။ ဖြစ်သင့်တဲ့ ပုံမှန်ပမာဏအတွင်း ဆက်ဆံနေမိရဲ့လား၊ ကိုယ့်လိင်စိတ်ဟာ အရမ်းနည်းနေသလား၊ အရမ်းများနေသလား စသဖြင့် အစုံတွေးမိတတ်ကြပါတယ်။ ဒီတော့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ် လိင်ဆက်ဆံသင့်သလဲဆိုတာ အဖြေရှာကြမယ်။ တကယ်တော့ ဒါတွေအားလုံးဟာ စိုးရိမ်စရာ အကြောင်းအချက်တွေမဟုတ်ပါဘူး။ လိင်ဆက်ဆံခြင်းဟာ မိမိနဲ့ မိမိ လက်တွဲဖော်ပေါ်မှာသာ လုံးလုံးလျားလျားမူတည်နေတာမို့လို့ မိမိတို့နှစ်ဦးစလုံးအဆင်ပြေနေသရွေ့ ဘယ်ရွေ့ဘယ်မျှပမာဏလိင်ဆက်ဆံတယ်ဆိုတာ ထည့်သွင်းစဉ်းစားနေစရာအကြောင်းတစ်ခုမဟုတ်ပါဘူး။ အသက်အရွယ်ဘယ်လောက်ပဲဖြစ်ဖြစ် လူတစ်ဦးနဲ့တစ်ဦးဟာ လိင်စိတ်လိုအင်၊လိုအပ်ချက်နဲ့ လိင်ပိုင်းဆိုင်ရာပျော်ရွှင်မှုတွေ ရယူတဲ့နေရာမှာ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။ ဒါကြောင့် မိမိနဲ့ မိမိ partner ပျော်ရွှင်ကျေနပ်နေသရွေ့ လိင်ကိစ္စကို တစ်ပတ်မှာအကြိမ်ပေါင်းများစွာ ဆောင်ရွက်သည်ဖြစ်စေ၊ လုံး၀မဆောင်ရွက်ဘူးဖြစ်စေ ပြဿနာမဟုတ်ပါဘူး။  ဒါပေမယ့် လူအတော်များများကတော့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ်လောက် အခြားသူတွေရဲ့ လိင်ဆက်ဆံတဲ့နှုန်းကို သိချင်ကြပါတယ်။အသက်အရွယ်ဟာ လိင်ဆက်ဆံတဲ့အကြိမ်ရေကို ဘယ်လိုပြောင်းလဲစေသလဲလည်း သိချင်ကြပါတယ်။   အသက်အရွယ်ရလာတာနဲ့အမျှ လူအများစုဟာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မျိုးဆက်ပွားကျန်းမာရေးနှင့် ဝှေးစေ့အရွယ်အစား

လိင်ကျန်းမာရေးနဲ့ မျိုးဆက်ပွားကျန်းမာရေးအကြောင်း မစတင်ခင်မှာ အမျိုးသားတွေရဲ့ လိင်အင်္ဂါနဲ့ ဆက်စပ်နေတဲ့ ဝှေးစေ့ရဲ့ လုပ်ဆောင်ပုံအကြောင်းကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။ ဝှေးစေ့သည် အမျိုးသားအတွက် မရှိမဖြစ်လိုအပ်တဲ့ တက်စတိုစတီရုန်း ကျားဟော်မုန်း (Testosterone) အပြင် သုက်ပိုးကောင်တွေကိုပါ သိုလှောင်သိမ်းဆည်းထားပေးပါတယ်။ ဒါကြောင့်လည်း တချို့သောအမျိုးသားတွေအနေနဲ့ ဝှေးစေ့အရွယ်အစားသေးငယ်နေတဲ့အခါ ကိုယ့်ရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်လားဆိုပြီး မေးခွန်းတွေ မေးစရာဖြစ်လာပါတယ်။ ဝှေးစေ့အနေအထား အမျိုးသားလိင်အင်္ဂါရဲ့ အနောက်ဘက်ခြမ်းမှာ ရှိနေတဲ့ ကပ္ပာယ်အိတ်အတွင်းမှာ ဘယ်ဘက်တစ်လုံး၊ ညာဘက်တစ်လုံး အနေနဲ့ တည်ရှိပါတယ်။ ပုံမှန်အားဖြင့် ဘယ်ဘက်ဝှေးစေ့သည် အောက်ကို ပိုတွဲကျနေတတ်ပြီး ညာဘက်ဝှေးစေ့က အပေါ်နားနည်းနည်းရောက်ပြီး ပိုကြီးနေတတ်ပါတယ်။ တချို့အမျိုးသားတွေမှာတော့ ဒီအနေအထားနဲ့ ဆန့်ကျင်ဘက်ဖြစ်တတ်ပါတယ်။ ဒါကတော့ ပြဿနာမဟုတ်ပါဘူး။ အရွယ်အစားဟာ အရေးကြီးလား။ ဝှေးစေ့သည် သုက်ပိုးတွေကို သိုလှောင်သိမ်းဆည်းထားတယ်ဆိုတာ မှန်ပေမဲ့ ဝှေးစေ့ပိုကြီးခြင်းကြောင့် မျိုးအောင်နိုင်စွမ်း ပိုကောင်းတယ်ဆိုတာတော့ မဟုတ်ပါဘူး။ မျိုးရိုးဗီဇ၊ လူတစ်ယောက်ရဲ့ နေထိုင်စားသောက်မှုပုံစံ၊ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

သတို့သားလောင်း၊သတို့သမီးလောင်းတို့ ရွှေလက်မတွဲခင် ဘာတွေပြင်ဆင်ကြမလဲ။

ဝါကျွတ်ပြီဖြစ်တဲ့အတွက် လက်ထပ်ကြတော့မယ့် ကိုကိုမမတို့အားလုံးရင်ခုန်နေကြပြီထင်ပါတယ်။ မင်္ဂလာဆောင်အတွက် နှစ်ယောက်လုံး လုံးပန်းပြင်ဆင်နေရင်း တကယ်အရေးကြီးတဲ့ ကျန်းမာရေးစစ်ဆေးတာတွေ၊ သွေးစစ်တာတွေ၊ ကာကွယ်ဆေးထိုးရမှာတွေကို မေ့လျော့နေကြပြီလား။ ဒါဆိုရင် မင်္ဂလာဆောင်ခင် အနည်းဆုံး ကျန်းမာရေးအတွက် လုပ်သင့်၊ စစ်သင့်တာလေးတွေကိုဖော်ပြလိုက်ပါတယ်။ ၁။ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများအတွက် စစ်ဆေးမယ်။ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ အိပ်ဂျ်အိုင်ဗီပိုး၊ ကာလသားရောဂါ စသဖြင့် လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများအတွက် နှစ်ယောက်လုံး စစ်ဆေးဖို့လိုပါတယ်။ ကိုယ့်ချစ်သူကို အကြွင်းမဲ့ယုံကြည်ပါတယ်ဆိုရင်တောင် ဒီလိုရောဂါတွေဟာ လိပ်ဆက်ဆံခြင်းကနေသာ ကူးစက်နိုင်တာ မဟုတ်ဘဲ မသန့်တဲ့သွေးသွင်းမိတာတွေ၊ အလှပြင်ဆိုင်က မသန့်တဲ့ခြေသည်းညှပ်၊ ဆံပင်ညှပ်ဆိုင်က ဘရိတ်ဓား၊ တက်တူးထိုးတာတွေကနေ ကူးစက်နေနိုင်တာကြောင့် လက်မထပ်သေးခင် စစ်ဆေးထားပြီး လိုအပ်တဲ့ကုသမှုတွေခံယူထားတာအကောင်းဆုံးပါ။ ၂။ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးထားမယ်။ (က)အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး အသည်းရောင်အသားဝါ ဘီပိုးအတွက် ကာကွယ်ဆေးဟာ ကလေးဘဝထဲက အပြည့်ထိုးရပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတဲ့ချိန်မှာလည်း ဘီပိုးကာကွယ်ဆေး ပြန်ထိုးဖို့လိုပါတယ်။ မထိုးခင်မှာ […]


HIV နှင့် AIDS ရောဂါ

HIV ပိုး ကူးစက်ခံရပြီးနောက် ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲသွားလဲ

ယနေ့ခေတ်မှာ HIV ဆိုတဲ့ စကားလုံးက လူငယ်၊ လူကြီးမရွေး ရင်းနှီးနေကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း တော်တော်များများက အခုထိ HIV နဲ့ AIDS ရဲ့ ကွာခြားပုံတွေ၊ HIV ပိုးရဲ့ ကိုယ်ခန္ဓါအပေါ် သက်ရောက်မှု၊ ကျန်းမာရေးကို ဘယ်လိုထိခိုက်စေလဲ၊ ရောဂါပိုးကရော ဘယ်လိုကူးစက်လဲ စတာတွေနဲ့ ပတ်သက်ပြီး သေချာသိနားလည်ခြင်း မရှိကြသေးပါဘူး။ ဒီဆောင်းပါးမှာ HIV ပိုး ကူးစက်ခံရပြီးနောက် ကိုယ်ခန္ဓါအတွင်းမှာ ဘာတွေပြောင်းလဲသွားလဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ HIV ပိုးဟာ ဘာတွေကို အရင်ဆုံးတိုက်ခိုက်လဲ။ အခြေခံသဘောတရားအရ HIV ပိုး ကိုယ်ခန္ဓါထဲ ဝင်ရောက်လာတဲ့အခါ ရောဂါတွေကိုတိုက်ထုတ်ပေးနိုင်တဲ့ CD4+ ဆဲလ်တွေကို တိုက်ဖျက်ပါတယ်။ ဒီဆဲလ်တွေ နည်းလာတာနဲ့အမျှ ကိုယ်ခံအားစနစ်ဟာ ကျဆင်းပြီး တခြားရောဂါပေါင်းစုံ ဝင်လာဖို့ တံခါးဖွင့်လိုက်သလို ဖြစ်သွားပါတယ်။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ဆီးလမ်းကြောင်းပိုးဝင် နေစဉ် လိင်ဆက်ဆံလို့ရသလား

ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ကျား၊ မ မရွေး ဖြစ်ပွားတတ်ပြီး အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ ရောဂါလက္ခဏာတွေ စောစောသိပြီး ကုသမှုခံယူမယ်ဆိုရင် ပျောက်ကင်းဖို့ လွယ်ကူတဲ့ရောဂါတွေထဲမှာ ပါဝင်ပါတယ်။ များသောအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန်မှာ လိင်ဆက်ဆံခြင်းကို ခေတ္တရပ်ထားဖို့ ဆရာဝန်တွေက ညွှန်ကြားတတ်ကြပေမယ့် လူတွေဆိုတာကလည်း ကာမဆန္ဒကို ထိန်းချုပ်ရခက်ခဲတတ်ကြတာမလား။ ဒီတော့ ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန် လိင်ဆက်ဆံခြင်း ပြုသင့်၊ မပြုသင့်နဲ့ အကယ်လို့ ဆက်ဆံမယ်ဆိုရင်ရော ဘာတွေကို ပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်နေချိန် လိင်ဆက်ဆံသင့်လား။ ဆက်ဆံသင့်၊ မဆက်ဆံသင့်ဆိုတာကို မပြောခင် ဘာတွေဖြစ်နိုင်လဲဆိုတာကို အရင်ရှင်းပြပေးချင်ပါတယ်။ ၁။ ရောဂါဖြစ်နေချိန်မှာ ဆီးလမ်းကြောင်းအတွင်းမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေက အတွင်းနံရံတစ်ရှူးတွေကို ယားယံစေပြီး ထိခိုက်ပွန်းပဲ့မှုပိုဖြစ်စေနိုင်ပါတယ်။ ဒီအခါ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဝင်ရောက်လာဖို့ အခွင့်အလမ်း ပိုများသွားပါတယ်။ ၂။ ရောဂါရှိနေသူက အမျိုးသမီးဆိုရင် မိန်းမကိုယ်အတွင်းသို့ […]


HIV နှင့် AIDS ရောဂါ

လိင်တူဆက်ဆံတဲ့အမျိုးသားတွေ မှာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ

Hello ဆရာဝန် ပရိတ်သတ်တွေထဲက လိင်တူချင်းဆက်ဆံမိလို့ HIV ကူးစက်ခံရပြီလားလို့ လာမေးကြတဲ့ အမျိုးသားတွေ အရမ်းများလာတာကို သတိထားမိတယ်ခင်ဗျ။ ဒါကြောင့် အခုဆောင်းပါးမှာတော့ ဘာကြောင့် လိင်တူဆက်ဆံခြင်းဟာ HIV ကူးစက်နိုင်ခြေပိုများစေတာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အရင်ဆုံးသိထားရမှာက HIV ပိုးသည် လိင်တူဆက်ဆံတာတင်မကဘဲ လိင်ကွဲဆက်ဆံတာနဲ့လည်း ကူးစက်နိုင်ပါတယ်။ အဓိကကတော့ ရောဂါပိုးရှိတဲ့သူနဲ့ အကာအကွယ် (ကွန်ဒုံး) အသုံးမပြုဘဲ လိင်ဆက်ဆံလို့ပါ။ ၁။ စအိုဖြင့် လိင်ဆက်ဆံခြင်း အမျိုးသားချင်း လိင်ဆက်ဆံတဲ့အခါ စအိုအတွင်းသို့ ထိုးသွင်းဆက်ဆံခြင်းကတော့ အမြဲတမ်းလိုလို ပါတတ်ပါတယ်။ မိန်းမကိုယ်နဲ့ မတူဘဲ စအိုအတွင်းက နံရံတွေက သဘာဝချောဆီထွက်တာမျိုးလည်း မရှိသလို ပွန်းပဲ့ထိခိုက်ဖို့ အရမ်းလွယ်ကူတဲ့အတွက် ပိုးကူးစက်ခံရနိုင်ခြေ ပိုများတာပဲဖြစ်ပါတယ်။ ၂။ လိင်ဆက်ဆံပုံ တစ်မျိုးတည်းမဟုတ်ခြင်း လိင်ကွဲဆက်ဆံတဲ့အခါ များသောအားဖြင့် ထိုးသွင်းဆက်ဆံမှုကို ချက်ချင်းစတတ်ကြပေမယ့် လိင်တူဆက်ဆံကြတဲ့ အမျိုးသားအများစုသည် နည်းလမ်းပေါင်းစုံနဲ့ ဆက်ဆံလေ့ရှိကြပါတယ်။ […]


လိင်အင်္ဂါကြွက်နို့များ

သိထားသင့်တဲ့ HPV ဗိုင်းရပ်စ်ရဲ့ အန္တရာယ်ရှိ မျိုးစိတ်ကွဲတွေ။

HPV (Human papillomavirus) ဗိုင်းရပ်စပ်ကို လူတိုင်းကြားဖူးကြမှာပါ။ သားအိမ်ခေါင်းကင်ဆာနဲ့ ကြွက်နို့တွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စပ်ပိုးတစ်မျိုးဖြစ်ပြီး လူတစ်ယောက်ကနေ အခြားတစ်ယောက်ဆီကို ကူးစက်တတ်တဲ့ ရောဂါပိုးတစ်မျိုးပါ။ ဒါပေမယ့် ဒီ ဗိုင်းရပ်ပိုးကိုယ်ထဲမှာ ရှိနေတိုင်း သားအိမ်ခေါင်းကင်ဆာတွေ ကြွက်နို့တွေ ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီ ဗိုင်းရပ်စပ်ပိုးမှာ မျိုးစိတ်ကွဲတွေအများကြီးရှိလို့ပါ။ မျိုးစိတ်ကွဲမတူတဲ့အပေါ်လိုက်ပြီး ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေလည်း ကွာခြားသွားမှာ ဖြစ်ပါတယ်။ ဒီတော့ မျိုးစိတ်ကွဲ ၁၀၀ ကျော်ရှိတဲ့အထိကမှ အရေးကြီးတဲ့ လူတိုင်းသိထားသင့်တဲ့ HPV ဗိုင်းရပ်စပ်မျိုးစိတ်ကွဲတွေ အကြောင်း ပြောပြပေးတော့မှာပါ။ လူတိုင်းသိထားသင့်တဲ့ အရေးကြီး HPV ဗိုင်းရပ်စ် မျိုးစိတ်ကွဲ များ ။။ HPV ဗိုင်းရပ်စ်မျိုးစိတ်တွေထဲမှ တချို့ဆိုကုသမှု ခံယူဖို့မလိုဘဲ ခုခံအားက တိုက်ထုတ်ပေးသွားမှာဖြစ်ပြီး တချို့ မျိုးစိတ်တွေကျတော့ ကုသမှု မခံယူရင် ကင်ဆာ ရောဂါဖြစ်သွားစေတဲ့အထိတောင် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိမ်ထောင်ရေးသုခ ပြည့်ဝစေဖို့ နည်းလမ်းကောင်းများ

ကိုယ့်ချစ်သူနဲ့တွဲလာတာ ရက်ပေါင်း ၃၀ မကလို့ နှစ်ပေါင်း ၃၀ ပဲဖြစ်နေပါစေ၊ ချစ်ခြင်းမေတ္တာနဲ့ ကာမကိစ္စမှာ ရိုးမသွားဖို့ဆိုတာ အရေးကြီးပါတယ်။ အိမ်ထောင်ရေးသုခ ပြည့်ဝတဲ့စုံတွဲတွေဟာ တခြားစုံတွဲတွေထက် တစ်ယောက်အပေါ်တစ်ယောက် ပိုပြီးသံယောဇဉ်တွယ်ကာ နားလည်မှု၊ ချစ်ခြင်းမေတ္တာ ပိုပေးနိုင်သလို ဘဝမှာလည်း အောင်မြင်မှုပိုရနိုင်တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ အဲ့တော့ ချစ်ကာစအချိန်မှာ စုံတွဲတွေက လိင်ဆက်ဆံဖို့အတွက်ကို အချိန်ပေးသလောက် အိမ်ထောင်သက်တမ်းကြာလာတာနဲ့အမျှ ဒီလိင်စိတ်ဆန္ဒတွေ ပျောက်ကွယ်မသွားစေဖို့ ထိန်းသိမ်းရမှာကတော့ စုံတွဲနှစ်ဦးလုံးမှာ တာဝန်ရှိပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ အိမ်ထောင်ပြုကတည်းက ကာမသုခ အပြည့်အဝမရဘူးဆိုတဲ့ စုံတွဲတွေ၊ ညားကာစမှာတော့ အကောင်း အချိန်ကြာလာတော့မှ တစ်ယောက်အပေါ် တစ်ယောက်စိတ်မပါတော့သလို ဖြစ်နေတယ်ဆိုတဲ့ စုံတွဲတွေအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ပြီး လိင်ကျန်းမာရေး ဗဟုသုတတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။ အိမ်ထောင်ရေးသုခ အမြဲပြည့်ဝနေစေဖို့ ဘာလုပ်သင့်လဲ။ ၁။ တစ်ယောက်မှာရှိတဲ့ ပြဿနာတွေကို ရင်ဖွင့်တိုင်ပင်ပါ။ လူတော်တော်များများ လုပ်တတ်ကြတဲ့ […]


သားဆက်ခြားခြင်း

မိသားစုတစ်ခု ထူထောင်တော့မယ်သူတိုင်း စဉ်းစားသင့်တဲ့ အချက် ၆ ချက် ။ ။

မိသားစုတစ်ခု ထူထောင်တယ်ဆိုတာ အပျော်တမ်းမဟုတ်တာကြောင့် ကိုယ်အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်ဆိုရင် ကြိုတွေးထားသင့်တဲ့ အချက်တွေရှိပါတယ်။ အဲဒီအထဲမှာ အဓိကကတော့ နောက်ပိုင်းကျ ကလေးယူမယ်၊ကလေး မလိုချင်ဘူးစတဲ့ ခေါင်းခြောက်စရာ အတွေးတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်မိသားစုတစ်ခုကို မတည်ထောင်ခင် ခုပြောမယ့် အချက် ၆ ချက်လောက် ကြိုစဉ်းစားထားစေချင်ပါတယ်။ ( ၁) အိမ်ထောင်ပြုပြီးရင် ကလေးယူမှာလား။ ဘယ်နှစ်ယောက်လောက်ယူမှာလဲ။ ဒီ မေးခွန်းရဲ့ အဖြေကို အရင်မစဉ်းစားချင် ကိုယ်တကယ်ကလေးယူချင်လားကို အရင်စဉ်းစားလိုက်ပါ။ မလိုချင်ဘူးဆိုရင် ကလေးမယူလိုက်ရုံပါပဲ။ လိုချင်တယ်ဆိုရင်တော့ ဘယ်နှစ်ယောက်လိုချင်တာလဲကို စဉ်းစားရပါတော့မယ်။ ဥပမာ ၃ ယောက်လောက်လိုချင်တယ်ဆိုရင် ကိုယ့်လက်ရှိအသက်နဲ့ ပြန်ချိန်ဆပြီး တစ်ယောက်ဆီ ဘယ်နှစ်နှစ်လောက်ခြားပြီး မွေးမယ်ဆိုတာမျိုးတွေကို စဉ်စားသင့်ပါတယ်။ ကိုယ့်ကလေးနဲ့ ကိုယ့်အသက်နဲ့ကလည်း အဖွားနဲ့ မြေးအရွယ် ဖြစ်မနေဖို့လည်း လိုသေးတာကြောင့် အရွယ်ရှိတုန်းလေး အိမ်ထောင်ပြု စေချင်ပါတယ်။ ( […]


လိင်အင်္ဂါကြွက်နို့များ

HPV ဗိုင်းရပ်စ်က သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေမှာလား။ ။

Human Papilloma Virus လို့ခေါ်တဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်ပိုးအကြောင်းကြားဖူးမှာပါ။ အရွယ်ရောက်ပြီးတဲ့သူတွေမှာ အများဆုံးတွေ့ရတတ်တဲ့ ဒီ HPV ဗိုင်းရပ်စ်ဟာ ကိုယ်ခန္ဓာရဲ့ ခံတွင်း၊ လိင်အင်္ဂါတစ်ဝိုက်နဲ့ အရေပြားတွေပေါ်မှာ အများဆုံး ရှိနေတတ်ပါတယ်။ လိင်ဆက်ဆံရာကနေ အဓိက ကူးစက်တတ်ပြီး သားအိမ်ခေါင်းကင်ဆာနဲ့ လိင်အင်္ဂါကြွက်နို့တွေကို ဖြစ်စေတဲ့အဓိက တရားခံပါ။ ဒါကတော့ ဖြစ်တဲ့သူမရှားတဲ့ HPV ဗိုင်းရပ်အကြောင်း အကျဉ်းချုံ့လေးဖြစ်ပြီးဒီနေ့ဆွေးနွေးမယ့် အကြောင်းအရာက ခုမှလာမှာပါ။ HPV ဗိုင်းရပ်စ်ပိုးဟာ သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်နိုင်လား။ သူတို့ နှစ်ခုကြား ဆက်စပ်မှုရော ရှိလား။ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတော်တော်များများက မကုသရင် (ဒါမှမဟုတ်) ရောဂါသက်တမ်းရင့်လာရင် သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေတတ်ပါတယ်။ ဒါပေမယ့် HPV ဗိုင်းရပ်စပ်ပိုးကတော့ သားအိမ်ခေါင်းကင်ဆာကိုသာ အဓိကဖြစ်စေပြီး သန္ဓေအောင်နိုင်စွမ်းအပေါ် အများကြီး သက်ရောက်မှုတော့ မရှိပါဘူး။ HPV ဗိုင်းရပ်စပ်ပိုးက သန္ဓေအောင်နိုင်စွမ်းကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း