ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အနမ်းတစ်ပွင့်ရဲ့အစွမ်း

အနမ်းတစ်ပွင့်ရဲ့အစွမ်း ချစ်သူနှစ်ဦးအကြား အနမ်းချင်း ဖလှယ်ကြတယ်ဆိုတာဟာ ထူးဆန်းလှတဲ့ အပြုအမူတစ်ခုတော့မဟုတ်ပါဘူး။ လိင်စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ်၊ ချစ်ခင်မြတ်နိုးမှုကို ပြသလိုတဲ့ စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ် အနမ်းတွေ ဖလှယ်ကြတယ်မဟုတ်လား။ တကယ်တော့ နမ်းရှုံ့တယ်၊ အကြင်နာပေးတယ်၊ Kissing ပေးတယ်ဆိုတာတွေဟာ အချစ်ကို ကိုယ်စားပြုရုံတင်မဟုတ်ပါဘူး။ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေနဲ့ လူနှစ်ဦးအကြားက ခိုင်မြဲတဲ့ ဆက်ဆံရေးတွေအပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ အနမ်းတစ်ပွင့်ရဲ့အစွမ်း ....... ဘာတွေများလဲ သိပ္ပံနည်းကျလေ့လာမှုတွေအရ အနမ်းဟာ လူတွေရဲ့ ကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်တဲ့။ ဘယ်လို အကျိုးပြုသလဲ ကြည့်ကြရအောင် … ၁။ အနမ်းဟာ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ် - နမ်းရှုံ့ကြတဲ့အခါ "The Love Hormone" လို့ လူသိများကြတဲ့ Oxytocin နဲ့ Vasopressin တွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ နောက်ပြီး Endogenous Opioids၊ Dopamine နဲ့ […]


HIV နှင့် AIDS ရောဂါ

HIV ပိုးမှ AIDS ရောဂါဆီသို့ ကူးပြောင်းပုံ အဆင့်ဆင့်

HIV ပိုးဆိုတာ ကိုယ်ခံအားစနစ်ကို အဓိက ပစ်မှတ်ထားပြီး ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အမြစ်ပြတ်ကုသဖို့ရာ ဆေးမရှိသေးပေမဲ့ ပိုးကို ဆက်မပြန့်သွားစေအောင်၊ ကိုယ်ခံအားစနစ်ကို မထိခိုက်စေအောင် ထိန်းထားပေးတဲ့ ဆေးတွေတော့ ပေါ်နေပါပြီ။ HIV ပိုးကူးစက်ခံရသူအနေနဲ့ ပိုးထိန်းဆေး ART ဆေးကိုသာ မသောက်ဘူးဆိုရင်တော့ AIDS ကိုရောက်သွားနိုင်တဲ့ အဆင့် ၃ဆင့်ကို မလွဲမသွေကျော်ဖြတ်ရနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ဒီအဆင့်တွေကတော့ • အစောပိုင်းကာလ အဆင့် (Acute Stage) • ကြားကာလ အဆင့် (Chronic Stage) • နောက်ဆုံး အဆင့် (AIDS Stage/ Final Stage) ဆိုပြီး ၃ဆင့် ရှိပါတယ်။ ဒီအဆင့်တွေနဲ့ပတ်သက်ပြီးတော့ တွေ့ကြုံရတတ်တဲ့ လက္ခဏာတွေနဲ့ ရောဂါရဲ့ သက်တမ်းအကြောင်းကိုပါ ပြောပြချင်ပါတယ်။ ၁။ အစောပိုင်းကာလအဆင့် (Acute […]


HIV နှင့် AIDS ရောဂါ

သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load)

Viral Load ဆိုတာ ဘာလဲ။ HIV ပိုးရှိတဲ့သူတွေမှာ သူတို့သောက်နေတဲ့ ဆေးဝါးတွေ အာနိသင်ရှိမရှိ၊ သွေးထဲမှာ ပိုးကောင်ရေ ဘယ်လောက်ကျန်သေးလဲ၊ HIV အခြေအနေ စတာတွေကို စစ်ဆေးဖို့အတွက် သွေးဖောက်ကြည့်ရပါတယ်။ ဒီလိုစစ်ဆေးခြင်းကို HIV Viral Load တစ်နည်းအားဖြင့် သွေးထဲမှာ ရှိတဲ့ HIV ပိုးကောင်ရေ ပမာဏကို စစ်ဆေးခြင်းလို့ ခေါ်ပါတယ်။ အဓိကကတော့ ပိုးကောင်ရေနည်းလေလေ HIV ပိုးရှိသူတွေအတွက် အခြေအနေကောင်းလေလေပါပဲ။ ဒါကြောင့်လည်း HIV ပိုးထိန်းဆေးကို သောက်ပြီး ၆လပြည့်တာနဲ့ သွေးထဲက ပိုးကောင်ရေပမာဏကို အမြဲစစ်နေဖို့ အရေးကြီးပါတယ်။ CD4 ဆဲလ် ပမာဏစစ်ဆေးခြင်း ဒါကတော့ HIV ပိုး ရှိတယ်လို့ စစချင်း ဆေးစစ်ချက်ထွက်လာတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ထဲမှာ ရှိတဲ့ CD4 ဆဲလ်ပမာဏ ဘယ်လောက်ရှိလဲဆိုတာကို […]


HIV နှင့် AIDS ရောဂါ

HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေ

HIV/ AIDS နဲ့ ပတ်သက်ပြီး ယခုချိန်ထိကို လူမှုပတ်ဝန်းကျင်က မှားယွင်းစွာ နားလည်လက်ခံထားကြတဲ့ အကြောင်းအရာတွေ အများကြီး ရှိပါတယ်။ လူတွေ သိထားကြတဲ့ အလွဲတွေနဲ့ ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ဒီဆောင်းပါးလေးကို မျှဝေပေးလိုက်ချင်ပါတယ်။ HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေ HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေက ဘာတွေများလဲ။ ၁။ HIV နဲ့ AIDS ဆိုတာ ရောဂါ ၂မျိုးလား။ တူညီတဲ့ ရောဂါလား။ HIV ဆိုတာ ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ CD4 cell တွေကို ဖျက်စီး ပစ်တဲ့ ရောဂါပိုး ဖြစ်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုးရှိသူနဲ့ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ရောဂါပိုးရှိတဲ့ မိခင်မှ သန္ဓေသားကို […]


သားဆက်ခြားခြင်း

အရေးပေါ်သန္ဓေတားဆေး ကိုပဲ အားမကိုးစေလိုတဲ့ အကြောင်းအရင်း

ကလေးမလိုချင်သေးဘူး။ ဒါကြောင့် တားဆေးစားတယ်။ အမြဲတမ်းသောက်ရတဲ့ သန္ဓေတားဆေးတော့မဟုတ်ဘူး။ အမြဲသောက်ဖို့ကျမေ့နေမှာစိုးလို့လေ။ ကွန်ဒုံးကျတော့လည်း မသုံးချင်ဘူး။ ဒါနဲ့ပဲ အလွယ်တကူဖြစ်တဲ့ အရေးပေါ်သန္ဓေတားဆေး ကိုပဲ သောက်နေမိတယ်ဆိုတဲ့သူတွေရှိနေသေးလား။ ဒါဆိုရင်တော့ ခဏခဏမသောက်ပါနဲ့လို့ပြောပါရစေ။ အရေးပေါ်သန္ဓေတားဆေး က ဘယ်လိုသောက်ရတာလဲ...... အရေးပေါ်သန္ဓေတားဆေး က အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းမှာသောက်ရတာပါ။ တကယ်လို့ ၇၂ နာရီကျော်သွားရင် အကျိုးမရှိပါဘူး။ ၇၂ နာရီအတွင်းသောက်ပေမယ့်သောက်ပြီး နာရီဝက် တစ်နာရီအတွင်းမှာ  ပြန်အန်တာမျိုးဖြစ်ခဲ့မယ်ဆိုရင် ထပ်သောက်ဖို့ လိုပါမယ်။ အရေးပေါ်သန္ဓေတားဆေးက တစ်လုံးတည်းပါတဲ့ ဆေးရှိသလို  ၂ လုံးပါတဲ့ဆေးလည်းရှိပါတယ်။ သားဆက်ခြားဖို့ အရေးပေါ် သန္ဓေတားဆေးပဲရှိတာလား...... သားဆက်ခြားနည်းကရွေးချယ်စရာတွေအများကြီးပါ။ အရေးပေါ်သန္ဓေတားသောက်ဆေး ပုံမှန်သန္ဓေတားသောက်ဆေး သားအိမ်တွင်းထည့်ပစ္စည်း (IUD) လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) သားဆက်ခြား ထိုးဆေး ကွန်ဒုံး ဆိုပြီး အမျိုးမျိုးရှိပါတယ်။ အရေးပေါ်တားဆေး ခဏခဏသောက်တာကောင်းလား........... သားဆက်ခြားနည်းအများကြီးထဲကမှ အရေးပေါ်သန္ဓေတားဆေးကိုပဲ ခဏခဏသုံးမိနေတယ်ဆိုရင် ဒီအချက်လေးတွေကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားများ နောက်တစ်ကြိမ် သုက်လွှတ်ဖို့ ဘယ်လောက်ကြာတတ်လဲ

ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် ယောက်ျားတွေ တစ်ယောက်နဲ့တစ်ယောက် လိင်အင်္ဂါ အရွယ်အစား၊ လုံးပတ်ချင်း မတူကြသလိုပါပဲ၊ သုက်လွှတ်ပြီး နောက်ထပ်တစ်ကြိမ် ဆန္ဒပြီးမြောက်နိုင်ဖို့အတွက် ကြာချိန်ဟာလည်း တစ်ယောက်နဲ့တစ်ယောက် တူညီနိုင်မှာ မဟုတ်ပါဘူး။ တစ်ကြိမ်သုက်လွှတ်ပြီးနောက် မိနစ်အနည်းငယ်အတွင်း လိင်တံထောင်မတ်လာပြီး နောက်တစ်ကြိမ်ဆက်ဆံကာ သုက်လွှတ်နိုင်တာလည်း ရှိသလို တစ်နေ့ကို တစ်ကြိမ်လောက်ပဲ သုက်လွှတ်နိုင်တဲ့သူတွေလည်း ရှိပါတယ်။ လိင်စိတ်ဆန္ဒ အရမ်းပြင်းလွန်းပြီး စိတ်သွားတဲ့နောက် လိုက်နိုင်တဲ့ အမျိုးသားတွေမှာ တစ်ခါတည်းနဲ့ ၅ကြိမ်ထက်မနည်း ဆက်တိုက်သုက်လွှတ်နိုင်တာမျိုးလည်း တွေ့ရပါတယ်။ ဆက်တိုက်သုက်လွှတ်ခြင်းဟာ ကျန်းမာရေးအတွက် ရေရှည်ကောင်းနိုင်ရဲ့လား။ တော်တော်များများ ထင်တတ်ကြတာက တစ်နေ့ကို တစ်ကြိမ်ပဲ သုက်လွှတ်ရမယ်၊ အကြိမ်ရေ အရမ်းများသွားရင် မျိုးမအောင်နိုင်တော့ဘူး၊ သုက်ရည်တွေကုန်ခမ်းသွားမယ်၊ ပန်းသေသွားမယ်၊ ဝက်ခြံတွေ အများကြီးပေါက်လာမယ် အစရှိသဖြင့်ပေါ့။ တကယ်တော့ ယောက်ျားတွေမှာလည်း ကိုယ်တတ်စွမ်းနိုင်တဲ့ အတိုင်းအတာ (Limit) ဆိုတာ ရှိပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်ကြွဆေးများ အသုံးပြုပြီး လိင်ဆက်ဆံခြင်း

ဒီလို လိင်ဆက်ဆံတဲ့ အပြုအမူမျိုးကို ChemSex လို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် ကာမစိတ်ကို နိုးကြားစေတဲ့ မူးယစ်ဆေးဝါးကဲ့သို့ ဆေးတွေ၊ ဓာတုဗေဒပစ္စည်းတွေကို အသုံးပြုပြီး အချိန်ကြာမြင့်စွာ လိင်ဆက်ဆံတာလို့လည်း သိကြပါတယ်။ ဒီအပြုအမူတွေကို အမျိုးသားတွေ အထူးသဖြင့် လိင်တူ သို့မဟုတ် လိင်တူလိင်ကွဲ ၂မျိုးလုံး ဆက်ဆံသော အမျိုးသားတွေ၊ နာရီ၊ ရက်ပေါင်းများစွာ လိင်စိတ်ကြွစေလိုတဲ့အခါ၊ အုပ်စုဖွဲ့ လိင်ဆက်ဆံခြင်း ပြုတဲ့အခါမျိုးမှာ လုပ်တတ်ကြပါတယ်။ မြန်မာနိုင်ငံမှာရော ဒီလိုလိင်ဆက်ဆံခြင်း အလေ့အထတွေ ခေတ်စားနေပြီလား။ လိင်တူဆက်ဆံသော အမျိုးသားတွေ၊ ပုံမှန်အတိုင်း လိင်ဆက်ဆံရမှာကို မနှစ်သက်တဲ့ အမျိုးသားတွေကြားမှာ ဒီအပြုအမူဟာ သိပ်ကို ရေပန်းစားပါတယ်။ မြန်မာနိုင်ငံမှာလည်း ထိုနည်းတူပါပဲ။ လူသိနည်းကြပေမယ့် ကြားဖူးနားဝရှိတတ်တာကြောင့် ဒီလို လိင်ဆက်ဆံရတာကို သဘောကျနှစ်ခြိုက်တဲ့သူတွေ ရှိသလို အပြစ်တင်ရှုံ့ချပြီး လုံးဝဆန့်ကျင်တဲ့သူတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် […]


သားဆက်ခြားခြင်း

အလွှာခြားမလား ကမ္ဘာခြားမလား

ခေါင်းစဉ်ကိုမြင်တာနဲ့ ကျွန်တော်ဘာရေးတော့မယ်ဆိုတာ အများစုရိပ်စားမိကြမှာပါ။ မှန်ပါတယ်။ ဒီနေ့ခေတ်လူငယ်လူရွယ်အများစုကို အန္တရာယ်အပေးနိုင်ဆုံးရောဂါအုပ်စုတစ်ခုဖြစ်တဲ့  လိင်ဆက်ဆံတာကနေတဆင့်ကူးစက်တဲ့ရောဂါတွေအကြောင်း ဦးတည်ပြောပြချင်လို့ ဒီခေါင်းစဉ်လေးပေးထားတာဖြစ်ပါတယ်။ လိင်ဆက်ဆံရာကနေတစ်ဆင့်ကူးစက်တဲ့ ရောဂါလို့ပြောလိုက်တာနဲ့ လူ၁၀၀ မှာ ၉၀ လောက်က အေအိုင်ဒီအက်စ်၊ အိပ်ချ်အိုင်ဗီ ဒီလိုစကားလုံးတွေကိုပဲ တန်းစဉ်းစားမိကြမှာပဲ။ အမှန်ကတခြားရောဂါတွေ အများကြီးရှိပါသေးတယ်။ ဂနိုရောဂါ၊ လိင်အင်္ဂါရေယုန်ရောဂါ၊ ဆစ်ဖလစ် (ခေါ်) ကာလသားရောဂါ၊ Chlamydia စတဲ့ရောဂါတွေဆိုပြီး အများကြီးရှိပါတယ်။ ဒါပေမဲ့ မိတ်ဆွေတွေးတာလည်း မမှားပါဘူး။ အပေါ်ကရောဂါတွေထဲကမှ အိပ်ချ်အိုင်ဗီက အဆိုးဆုံး၊ အကြမ်းဆုံး လိုဖြစ်နေတော့ ထိပ်ဆုံးကဆရာကြီးကိုမှ မျက်စိထဲတန်းမြင်မိသလို ဖြစ်နေတာပေါ့။ အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် လို့ပြောလိုက်ရင်လူတွေက “ကုရာနတ္တိ ဆေးမရှိ” ဆိုတဲ့စကားနဲ့ တွဲပြီးကြားဖူးကြပါတယ် (အရပ်အဆို အေကိုက်တယ်ပေါ့)။ ဒါလည်းမှန်ပါတယ်၊ ဒီရောဂါက လုံးဝပျောက်ကင်းအောင်ကုသလို့မရနိုင်ပါဘူး။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါမို့ ဗိုင်းရပ်စ်ပိုးကောင်ရေ ပွားမလာအောင်နှိမ်ထားပြီး အချိန်ဆွဲထားလို့ပဲရပါတယ်။ နောက်ပြီး တစ်ခါတည်းပြောရရင် […]


သားဆက်ခြားခြင်း

မိမိနှင့် သင့်တော်သော သားဆက်ခြားနည်း ရွေးချယ်ခြင်း

ကိုယ်ဝန်မရှိလိုသေးသူတစ်ဦးသည် ကိုယ်ဝန်တားနည်း များအကြောင်းပြည့်စုံစွာ သိရန် လိုအပ်သည့်အပြင် သုံးစွဲရန်လည်း လက်လှမ်းမီမှု ရှိရမည်။ သားဆက်ခြားနည်း ရွေးချယ်သုံးစွဲမှုများသည် သက်ဆိုင်ရာ အမျိုးသမီး၏ အသက် အမူအကျင့်နှင့် လူမှုရေးဆိုင်ရာအချက်များ ရွေးချယ်ရန် အခွင့်အရေး လက်လှမ်းမီမှု သင့်တော်သော ပညာပေး နှစ်သိမ့်ဆွေးနွေးခြင်း ကုန်ကျစရိတ် စသည့်အချက်များပေါ်တွင် မူတည်သည်။ ဥပမာ အိမ်ထောင်ရှိ ကလေးမိခင်တစ်ဦး ကိုယ်ဝန်တားနည်း ရွေးချယ်ပုံ နှင့် အိမ်ထောင်မရှိသူ လိင်ဆက်ဆံဖော် တစ်ဦးမကရှိသူ မိန်းကလေးတစ်ဦး ကိုယ်ဝန်တားနည်း ရွေးချယ်ပုံသည် များစွာကွဲပြားမှုရှိမည် ဖြစ်သည်။ ကျန်းမာရေးအခြေအနေအရ သားဆက်ခြားနည်း လတ်တလောကိုယ်ဝန်ရှိသူ သုံးစွဲရန်မလို။ ရောဂါမကူးစက်ရန် ကွန်ဒုံးသုံးနိုင်။ကွန်ဒုံးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားပေးသည့် အပြင် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများကိုပါ ကာကွယ်ပေးသည်။ နို့တိုက်မိခင် ဟော်မုန်းပါသားဆက်ခြားနည်းကို တတ်နိုင်သမျှ(ကလေး၆ပတ် မကျော်မီ) မသုံးရန်။ သို့သော် progestrone ပါသော ဆေးကဒ်သုံးနိုင်။ ကွန်ဒုံးသုံးနိုင်။ estrogen ဟော်မုန်းသည် နို့ထွက်နည်းစေသောကြောင့်ဖြစ်သည်။ […]


HIV နှင့် AIDS ရောဂါ

ခုခံအားကျ ဘယ်ကစ

ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ကမ္ဘာ့ခုခံအားကျရောဂါကာကွယ်ရေးနေ့ဖြစ်ပါတယ်။ ခုခံအားကျရောဂါကိုတော့ လူတိုင်းကြားဖူးကြမှာပါ၊ ဒီနေ့အချိန်ထိ ပျောက်ကင်းအောင်ကုသဖို့ဆေးရော ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးပါ မပေါ်သေးတဲ့ ကြောက်စရာရောဂါဟာ ဘယ်ကနေ ဘယ်လိုစတင်ပေါ်ပေါက်လာသလဲဆိုတာ Hellosayarwon စာဖတ်ပရိတ်သတ်တို့အတွက် ဗဟုသုတရအောင် နည်းနည်းလောက်ပြောပြချင်ပါတယ်။ ခုခံအားကျရောဂါကိုတော့ အင်္ဂလိပ်လို AIDS၊ အရှည်ကောက်ဆို Acquired Immune Deficiency Syndrome လို့ခေါ်ဆိုပါတယ်။ ရောဂါဖြစ်ရတာကတော့ HIV (Human Immunodeficiency Virus) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။ ဒါကြောင့် ရှင်းရှင်းပြောရရင် HIV ဆိုတာ AIDS ရောဂါဖြစ်စေတဲ့ပိုးဖြစ်ပြီး AIDS ဆိုတာက ရောဂါနာမည်ဖြစ်ပါတယ်။ ဒီနေ့အချိန်ထိ လူသားသန်းပေါင်း ၅၀ နီးပါးကို သေဆုံးစေခဲ့တဲ့ ဒီ HIV ရောဂါပိုးကို စတင်တွေ့ရှိခဲ့တာကတော့ ၁၉၅၉ ခုနှစ်၊ အာဖရိကတိုက်က ကွန်ဂိုသမ္မတနိုင်ငံမှာဖြစ်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း