အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) ရဲ့ လက္ခဏာနှင့် အဆင့်များ

COPD ခေါ် နာတာရှည် လေပြွန်ကျဉ်းရောဂါရဲ့ လက္ခဏာတွေဟာ အဆုတ်ထိခိုက်ပျက်စီးမှု အတိုင်းအတာပေါ်မူတည်ပြီး အမျိုးမျိုးရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒီရောဂါရဲ့ လက္ခဏာတွေဟာ နှစ်နဲ့ချီပြီး ဖြည်းဖြည်းချင်း ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ရောဂါအခြေအနေဆိုးရွားလာမှသာ သတိပြုမိကြတာများပါတယ်။ ရောဂါလက္ခဏာတွေက တသမတ်တည်းရှိမနေဘဲ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေနိုင်ပြီး ပြင်းထန်မှုအတိုင်းအတာလည်း ကွဲပြားနိုင်ပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) လူနာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေက ဘာတွေလဲ နာတာရှည် ချောင်းဆိုးခြင်း တကယ်တော့ ချောင်းဆိုးခြင်းဆိုတာ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်မှာရှိတဲ့ ချွဲသလိပ်၊ အရည်တွေနဲ့ အခြားအနှောင့်အယှက်ပေးနိုင်တဲ့ အရာတွေကို ခန္ဓာကိုယ်က ရှင်းထုတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ချွဲသလိပ်မှာ အရောင်မရှိပေမယ့် COPD ဝေဒနာရှင်တွေရဲ့ ချွဲသလိပ်ကတော့ အဝါရောင်ဖြစ်နေတတ်ပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) လူနာတွေဟာ မနက်ပိုင်းမှာ ချောင်းပိုဆိုးလေ့ရှိပြီး လေ့ကျင့်ခန်းလုပ်ချိန်နဲ့ ဆေးလိပ်သောက်ချိန်တွေမှာလည်း ပိုဆိုးတတ်တယ်။ […]


အသက်ရှူလမ်းကြောင်းကျန်းမာရေး

နာတာရှည်အဆုတ်ရောဂါ (COPD) လူနာများအတွက် ဆေးငွေ့ရှူစက် (nebulizer) အသုံးပြုနည်း

ဆေးငွေ့ရှူစက် (nebulizer) ဆိုတာတာ ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည်အဆုတ်ရောဂါ (COPD) စတဲ့ အဆုတ်ရောဂါတွေကို ကုသရာမှာ အသုံးဝင်တဲ့စက်တစ်မျိုး ဖြစ်ပါတယ်။ ဒီစက်ဟာ လူနာရှူရမယ့် ဆေးအရည်ကို အငွေ့ပုံစံပြောင်းလဲပေးမှာဖြစ်ပြီး ရှူဆေးဘူး (inhaler) တွေမှာ ပါဝင်တဲ့ဆေးအမျိုးအစားကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုအတွက် (အထူးသဖြင့် ကလေးငယ်တွေအတွက်) nebulizer ဟာ inhaler ထက် အသုံးပြုရပိုမိုလွယ်ကူတဲ့ ကိရိယာတစ်ခုပဲ ဖြစ်ပါတယ်။ စားပွဲပေါ်တင်ထားနိုင်တဲ့ nebulizer အကြီးနဲ့ အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ nebulizer အသေးဆိုပြီး nebulizer နှစ်မျိုးရှိပါတယ်။ နှစ်မျိုးလုံးက အရွယ်အစားကွာခြားရုံကလွဲပြီး ပါဝင်တဲ့ပစ္စည်းအားလုံး အတူတူပဲဖြစ်ပါတယ်။ Nebulizer မှာ လေဖိအားပေးကိရိယာ၊ ဆေးရည်ထည့်ဖို့ခွက်၊ ၎င်းတို့ကြားဆက်သွယ်ပေးထားတဲ့ ပြွန်ငယ်နဲ့ ဆေးရှူဖို့ကိရိယာ တစ်ခုစီ ပါဝင်ပါတယ်။ အချို့ကတော့ nebulizer ထက် […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည်အဆုတ်ရောဂါနဲ့ အောက်ဆီဂျင်ကုထုံးအကြောင်း

အောက်ဆီဂျင်ကုထုံးဆိုတာ ဘာလဲ အောက်ဆီဂျင်ကုထုံးဆိုတာ လုံလောက်တဲ့အောက်ဆီဂျင်ရဖို့ ခက်ခဲသူတွေ၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျဆင်းနေသူတွေအတွက် အသုံးပြုတဲ့ ကုထုံးဖြစ်ပါတယ်။ အဆုတ်ရောဂါ ခံစားနေရသူတွေဟာ အောက်ဆီဂျင်ရရှိအောင် အလွန်အမင်းအားစိုက်ကြရတဲ့အတွက် အောက်ဆီဂျင်ဖြည့်ထားတဲ့ စလင်ဒါ ဒါမှမဟုတ် container ကတဆင့် အောက်ဆီဂျင်ရယူရတဲ့ အခြေအနေအထိ ရောက်လာတတ်ပါတယ်။ Container ထဲမှာရှိတဲ့ အောက်ဆီဂျင်ကို အောက်ဖော်ပြပါ ကိရိယာတစ်ခုခုအသုံးပြုပြီး ရယူနိုင်ပါတယ်။ Nasal cannula - နှာဝတစ်ဖက်စီမှာ တပ်ဆင်ဖို့ prongs အမည်ရှိ ပလပ်စတစ်ပြွန်ငယ်လေးတွေ ပါဝင်တဲ့ ကိရိယာဖြစ်ပါတယ်။ Face mask - လူနာရဲ့နှာခေါင်းနဲ့ပါးစပ်ကို အုပ်ထားနိုင်တဲ့ ကိရိယာဖြစ်ပါတယ်။ အသက်ရှူပိုက် - လူနာရဲ့ လည်ပင်းအရှေ့ပိုင်းကို ခွဲကြောင်းအနည်းငယ်ပေးပြီး လေပြွန်မကြီးထဲ တိုက်ရိုက်ထည့်သွင်းရတဲ့ ပိုက်ငယ်တစ်ခု ဖြစ်ပါတယ်။ ဒီကုထုံးကို Transtracheal oxygen therapy လို့ […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) ရဲ့ ဇီဝကမ္မဖြစ်စဉ်များ

COPD လို့ အတိုကောက်ခေါ်ဝေါ်တဲ့ နာတာရှည် လေပြွန်ကျဉ်းရောဂါဟာ သင့်ရဲ့အဆုတ်တွေနဲ့ အသက်ရှူနိုင်စွမ်းကို ထိခိုက်စေပြီး အသက်ကိုပါခြိမ်းခြောက်နိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီရောဂါရဲ့ ဇီဝကမ္မဖြစ်စဉ်အကြောင်း ပြောရရင် အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်အတွင်းက လေအိတ်ငယ်တွေ ထိခိုက်ပျက်စီးရာကနေ အစပြုတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီနောက်မှာတော့ ချွဲသလိပ်တွေထွက်ပြီး ချောင်းဆိုးခြင်း၊ ရောဂါဆိုးရွားလာတာနဲ့အမျှ အသက်ရှူရခက်ခဲခြင်း စတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ COPD ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အဆုတ်တွေဟာ မူလအခြေအနေအတိုင်း ပြန်ကောင်းလာတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်တားဆီးခြင်းအားဖြင့် COPD ဖြစ်နိုင်ချေကို လျော့ချနိုင်ပါတယ်။ COPD ရဲ့ မူလအစ COPD ဆိုတာ နာတာရှည် လေပြွန်ကျဉ်းရောဂါပေါင်းများစွာထဲက တစ်ခုကို အမည်ပေးထားတာ ဖြစ်ပါတယ်။ COPD ရဲ့ အဓိကရောဂါအခြေအနေနှစ်ခုကတော့ chronic bronchitis ခေါ် […]


ရာသီတုပ်ကွေး

အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာ ဘယ်လိုကွာလဲသင်သိပါသလား

ရာသီ အကူးအပြောင်းမှာ ဖျားကြနာကြတယ်နော်။ ဖျားတာက အကြောင်းအရင်းမရှိဘဲ ဖျားတာမျိုးတော့မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ကိုယ်ခံအားစနစ် အားနည်းသွားတာကြောင့် ပြင်ပကဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်တွေကို မတိုက်ထုတ်နိုင်တဲ့အခါ ဖျားတာနာတာ ဖြစ်လာတာပါ။ ဖျားတဲ့အခါ စကားတိုတိုတုတ်တုတ်နဲ့ နေထိုင်မကောင်းဘူးလို့ အလွယ်တကူသုံးလိုက်ကြပေမယ့် ဖျားတဲ့အခါ အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာ ဆိုပြီး ကွဲပြားပါတယ်။ ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ချင်း မတူသလို ကုသရတဲ့ ပုံစံချင်းလည်း ကွာခြားပါတယ်။ အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာ လက္ခဏာတွေ ဘယ်လိုကွာ အအေးမိတာဆိုရင် နှာစေးမယ် နှာခေါင်းပိတ်မယ် လည်ချောင်းနာမယ် ချောင်းဆိုးမယ် ခေါင်းကိုက်မယ် ကိုယ်လက်တွေကိုက်ခဲမယ် ခန္ဓာကိုယ်ထဲမှာ အားကုန်နေသလို ခံစားရမယ်။ တုပ်ကွေးဖြစ်တာဆိုရင် ချောင်းခြောက်ဆိုးမယ် အဖျားနည်းနည်းရှိနေမယ် လည်ချောင်းနာမယ် ကြွက်သားတွေနဲ့ တစ်ကိုယ်လုံးမှာ နာကျင် ကိုက်ခဲတာတွေဖြစ်မယ် ခေါင်းကိုက်မယ် နှာရည်ယိုမယ် သီတင်းပတ် (၂) ပတ်လောက်အထိ နေလို့မကောင်းဖြစ်နေမယ် မအီမသာဖြစ်မယ်၊ […]


ရာသီတုပ်ကွေး

အအေးမိတုပ်ကွေးရောဂါတွေကို အမြစ်ပြတ်ဖယ်ရှားပေးမယ့်လျှို့ဝှက်ချက်

ရာသီဥတုအပြောင်းအလဲဖြစ်တဲ့အခါ အအေးမိတုပ်ကွေးဖြစ်တာက မဖိတ်ခေါ်ဘဲနဲ့ကိုရောက်လာတတ်တဲ့အရာပါ။ အအေးမိတာ တုပ်ကွေးဖြစ်တာတွေဖြစ်တဲ့အခါ ခန္ဓါကိုယ်မှာ မအီမသာခံစားရတာတွေရှိနိုင်သလို နှာရည်တရွှဲရွှဲ၊ အသက်ရှူမရပြုမရနဲ့ အလုပ်အကိုင်တွေလည်းပျက်၊ အိပ်ရေးပျက်လူပင်ပန်းဖြစ်ရပါတယ်။ စိတ်ညစ်စရာပေါ့။ ဒီတစ်ခေါက်တော့ အအေးမိဖျားနာတာဖြစ်ခဲ့တဲ့အခါ မြန်မြန်ဆန်ဆန်နဲ့ပဲအဖျားတာတိုအောင် လုပ်နိုင်တဲ့ လူသိနည်းသေးတဲ့ နည်းလမ်းတစ်ခုအကြောင်းပြောပြချင်တယ်။ လျှို့ဝှက်ချက်တစ်ခုဆိုကြပါစို့။ အအေးမိတာနဲ့တုပ်ကွေးဖြစ်တာ ဆိုတာက အအေးမိတာနဲ့တုပ်ကွေးဖြစ်တာက တစ်ခုနဲ့တစ်ခု မတူပါဘူး။ ရိုးရိုးလေးတွေးရင်တော့ ခန္ဓါကိုယ်မှာနေထိုင်မကောင်းတာချင်းက အတူတူပဲလို့ထင်စရာရှိပါတယ်။ လည်ချောင်းနာတာ၊ နှာခေါင်းပိတ်တာ၊နှာချေတာ၊ချောင်းဆိုးတာ၊ခေါင်းကိုက်တာလိုမျိုး လက္ခဏာတွေက အတူတူပဲဆိုပေမယ့် တုပ်ကွေးြဖစ်တဲ့အခါ ခံစားရတဲ့ဝေဒနာတွေက အအေးမိတဲ့အခါခံစားရတာထက် ပိုပြင်းထန်ပြီးရောဂါတိုးတက်မှုနှုန်းကတော့မြန်ပါတယ်။ တုပ်ကွေးဖြစ်တဲ့အခါ အဖျားတက်တာ၊ ကြွက်သားတွေနာကျင်ကိုက်ခဲတာ၊ချွေးထွက်တာ၊ခြေကုန်လက်ပန်းကျတာ၊ချောင်းခြောက်ဆိုးတာနဲ့ နှာမွှန်တာတွေပိုလာနိုင်ပါတယ်။ အအေးမိတဲ့အခါ လှုပ်ရှားသွားလာနိုင်သေးပေမယ့် တုပ်ကွေးဖြစ်တဲ့အခါ လှုပ်ရှားသွားလာနိုင်ဖို့မဖြစ်နိုင်သလို အိပ်ရာထဲက ထနိုင်ဖို့တောင်မလွယ်ကူပါဘူး။ နှာချေလိုက်တဲ့အခါ တုပ်ကွေးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေ က လေထဲမှာပြန့်နှံ့ပြီး အခြားသူတွေကိုကူးစက်စေနိုင်ပါတယ်။ ကိုယ်တိုင်တင်မကဘဲ မိသားစုဝင်တွေနဲ့ အခြားသူတွေကိုပါ ကူးစက်စေနိုင်တဲ့ အအေးမိ၊တုပ်ကွေးဗိုင်းရပ်စ်တွေကို အမြစ်ပြတ်ဖယ်ရှားနိုင်မယ့် လူသိနည်းသေးတဲ့ နည်းလမ်းလေးတစ်ခုကိုပြောပြမယ်။ ယေဘူယျအားဖြင့်တော့ […]


ရာသီတုပ်ကွေး

အအေးမိနဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေကို ရှင်းလင်းဖို့အတွက် အစွမ်းအထက်ဆုံး နည်းလမ်းတစ်ခု

အအေးမိတုပ်ကွေးကြောင့် အလုပ်ပျက်အကိုင်ပျက်တွေဖြစ်နေပြီလား။ နှာတွေချေ၊ချောင်းတွေဆိုး၊ခေါင်းမူးခေါင်းကိုက်ပြီး တစ်ကိုယ်လုံးမအီမသာနဲ့ ခံစားရခက်နေရပြီလား။ ဒီဝေဒနာတွေကို အမြန်ဆန်ဆုံးသက်သာပျောက်ကင်းသွားစေမယ့် အစွမ်းထက်နည်းလမ်းတစ်ခုတော့ရှိပါတယ်။ တစ်နေ့တာလှုပ်ရှားသွားလာနေတဲ့ ပတ်ဝန်းကျင်မှာမျက်စိနဲ့အလွယ်တကူမမြင်တွေ့နိုင်တဲ့ ဘက်တီးရီးယားတွေကတော်တော်လေးများပါတယ်။ တစ်နေ့တာအတွင်းထိတွေ့နေတဲ့အရာတွေမှာရော အရေပြားနဲ့ လက်ချောင်းလေးတွေမှာတောင် မမြင်ရတဲ့ ပိုးမွှားတွေကတော်တော်များတာပါ။ ကိုယ်ခံအားကောင်းနေချိန်မှာ ဒီရောဂါပိုးတွေက ကျန်းမာရေးကို မထိခိုက်စေနိုင်ပေမယ့် ခန္ဓါကိုယ်မှာ အားနည်းလာတဲ့အခါ အအိပ်အစားမမှန်တဲ့အခါ အအေးမိဖျားနာတာတွေဖြစ်လာပါတော့တယ်။ အအေးမိဖျားနာဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ရာသီဥတုနဲ့အခြားသောအကြောင်းအရင်းတွေကြောင့်မဟုတ်ဘဲ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ အအေးမိဖျားနာဖြစ်တဲ့အခါ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့လိုအပ်ပါတယ်။ အအေးမိဝေဒနာဖြစ်စေနိုင်တဲ့ရောဂါပိုးမွှားတွေကို ဘယ်လိုဖြေရှင်းမလဲ အအေးမိဝေဒနာဖြစ်တဲ့အခါ ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ပဋိဇီဝဆေးတစ်ခုခုသောက်မှာလား၊ ဒါမှမဟုတ်၊ရေနွေးနဲ့ရေချိုးတာ၊ ပတ်ဝန်းကျင်မှာ အစိုဓါတ်ရှိအောင်လုပ်ပေးပြီး အဖျားသက်သာအောင်လုပ်မှာလား၊ အိပ်ရေးဝအောင်အိပ်ပြီး အာဟာရပြည့်ဝအောင်စားမှာလား စသဖြင့် အမျိုးမျိုးပေါ့။ ဒီထဲမှာမှ လူသိနည်းသေးတဲ့ အစွမ်းထက်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုက nasal spray အသုံးပြုတာပါ။ nasal spray ကနှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။ မကြာသေးခင်ကလေ့လာမှုတွေအတွင်းnasal spray မှာ […]


အအေးမိဖျားနာခြင်း

အအေးမိဖျားနာခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ

ချောင်းတွေဆိုးပြီး လည်ချောင်းကလည်းနာ နှာရည်တွေလည်းယိုတဲ့အခြေအနေမျိုးများဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဖျားနေပြီလို့ပြောပါရစေ။ တစ်ပတ်လောက်ကြာတဲ့အထိ နှာလေးတရှုံ့ရှုံ့က မပျောက်ဘဲဖြစ်နေရင်တော့ အအေးမိဖျားနာတဲ့အခြေအနေက ပိုဆိုးလာတဲ့သဘောပါ။ သာမန် အအေးမိဖျားနာတာဆေးသောက်စရာမလို ၊ဆေးခန်းပြစရာမလိုဘဲ အိမ်တွင်းကုထုံးလေးတွေလုပ်ပေးရုံနဲ့သက်သာသွားနိုင်ပေမယ့် အခန့်မသင့်တဲ့အခါမျိုးမှာတော့ ပြင်းထန်တဲ့နောက်ဆက်တွဲဝေဒနာတွေခံစားရတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားစနစ် အားနည်းတဲ့သူတွေမှာ အအေးမိဖျားနာတာကြောင့် နောက်ဆက်တွဲဝေဒနာတွေ အဖြစ်များပါတယ်။ တကယ်လို့ သင့်အနေနဲ့ အအေးမိဖျားနာဝေဒနာက ၁၀ ရက်ကျော်တဲ့အထိမသက်သာဘူးဆိုရင်တော့ အခြေအနေက ပိုဆိုးလာဖို့ပဲရှိတယ်ဆိုတာ သိထားဖို့လိုပါမယ်။ ဒီအခြေအနေက နောက်ဆက်တွဲဝေဒနာတွေကို ဖြစ်စေနိုင်မယ့်အခြေအနေတစ်ရပ်ပါ။ ဆရာဝန်နဲ့ပြသပြီး သင့်တော်တဲ့ ကုသမှုခံယူသင့်ပါတယ်။ ဒီလက္ခဏာတွေရှိနေပြီဆိုရင် အအေးမိဖျားနာနေပါပြီ အအေးမိဖျားနာတဲ့လက္ခဏာကိုတော့ တော်တော်များများက ကောင်းကောင်းသိထားပြီးပါပြီ။ အအေးမိဖျားနာတဲ့လက္ခဏာဆိုတာက ခန္ဓာကိုယ်က အအေးမိတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို တိုက်ထုတ်တာကြောင့်ဖြစ်လာတဲ့လက္ခဏာပါ။ အအေးမိဖျားနာရင် ဘာလက္ခဏာတွေဖြစ်နိုင်မလဲ လည်ပင်းထဲမှာ ခြောက်ကပ်ကပ်ဖြစ်မယ် လည်ချောင်းနာမယ် ချောင်းဆိုးမယ် ကိုယ်အပူချိန်တက်မယ် နှာစေးမယ် အသံဝင်မယ် နှာခေါင်းပိတ်မယ် ခေါင်းကိုက်မယ် ကြွက်သားတွေ […]


အအေးမိဖျားနာခြင်း

အအေးမိတာ ရာသီဥတုအေးလို့လား။

နှာတွေချေပြီး လည်ချောင်းနာတာချောင်းဆိုးတာတွေဖြစ်နေလား။ ဒါတွေက အအေးမိဖျားနာတာတွေရဲ့ အစောပိုင်းလက္ခဏာတွေပါ။ ဒီလိုလက္ခဏာတွေဖြစ်တာက ရာသီဥတုအေးတာကြောင့်လို့ထင်နေပါသလား။ လူကြီးမိဘတွေကလည်းလေစိမ်းတွေ အတိုက်မခံနဲ့ အအေးမိလိမ့်မယ်၊ အအေးမခံနဲ့ အအေးမိလိမ့်မယ်ဆိုတာမျိုးတွေ မကြာခဏကြားဖူးမှာပေါ့။နေမကောင်းရင် ဖျားနာနေရင် အအေးမခံဖို့ရေမချိုးဖို့အစရှိတာတွေလည်း တားမြစ်တာခံဖူးမှာပေါ့။ ဖျားနာတာရဲ့ နာမည်ကိုယ်တိုင်ကလည်း အအေးမိဖြစ်နေတော့နေမကောင်းတာ ဖျားနာတာဟာ ရာသီဥတုအေးတာကြောင့်လို့ ထင်ကြတာ အလွန်တော့မဟုတ်ပါဘူး။ ရာသီဥတုအေးတာကြောင့် အအေးမိနိုင်လား အတိုဆုံးအဖြေကတော့ ရာသီဥတုအေးတာကြောင့် အအေးမိဖျားနာဖြစ်တာမဟုတ်ပါဘူး။ အအေးမိဖျားနာဖြစ်ရတဲ့အကြောင်းအရင်းက တစ်ခုတည်းပါ။ ဒါကတော့ ဗိုင်းရပ်စ်တစ်မျိုးမျိုးနဲ့ထိတွေ့မိတာကြောင့်ပါ။အေးနေတဲ့ရာသီဥတုအခြေအနေက ပန်းနာရင်ကျပ်လိုမျိုးအခြေအနေတွေကို ပိုဆိုးသွားစေနိုင်တာ အသေအချာပါပဲ။ ဒါပေမယ့် သာမန်ဖျားနာတာတွေနဲ့ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တဲ့ တုပ်ကွေးရောဂါတွေက ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာပါ။ လည်ချောင်းနာတာ၊နှာစေးတာ၊ ရင်ပြည့်တာ နဲ့ ချောင်းဆိုးတာတွေကိုတော့ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရတဲ့ဆေးတွေ သောက်သုံးရုံနဲ့ပျောက်ကင်းနိုင်ပါတယ်။ သာမန်ဖျားနာတာမျိုးက များသောအားဖြင့် သိပ်မပြင်းထန်တတ်ပေမယ့်ရောဂါလက္ခဏာတွေအားလုံးပျောက်ကင်းဖို့ဆိုရင် အချိန် တစ်ပတ်ကနေနှစ်ပတ်လောက် အထိကြာမြင့်နိုင်ပါတယ်။ ဒါပေမယ့် နေမကောင်းဖြစ်တဲ့အခါ အဖျားတက်တာ၊ခေါင်းကိုက်တာ၊ကြွက်သားတွေ နာကျင်တာမျိုးဖြစ်လာမယ်ဆိုရင်တော့ သာမန်အဖျားမဟုတ်တော့ပါဘူး။ […]


ရာသီတုပ်ကွေး

တုပ်ကွေးနဲ့ အအေးမိ ဘာတွေကွာခြားလဲ

ခန္ဓါကိုယ်မှာနေထိုင်မကောင်းဖြစ်တဲ့အခါနေလို့မကောင်းဘူး၊ ဖျားချင်ချင်ဖြစ်နေပြီလို့ပြောတာကြားဖူးမှာပေါ့။ အများစုကဒီလိုအခြေအနေကိုနေမကောင်းဘူးလို့ပဲ အလွယ်တကူပြောလိုက်ကြပါတယ်။ တကယ်တော့နေမကောင်းတဲ့အခါ အဖြစ်အများဆုံးတွေက အအေးမိတာ (cold) နဲ့ တုပ်ကွေးမိတာ (flu) တို့ရှိတာကြောင့် နေမကောင်းတဲ့အခါ အအေးမိဖျားတာမျိုးရှိနိုင်သလို တုပ်ကွေးမိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဖျားနာနေတဲ့အခါ အအေးမိတာနဲ့ တုပ်ကွေးဟာ ရောဂါလက္ခဏာတွေဆင်တူလေ့ရှိပေမယ့် အကြမ်းဖျင်းတော့ ခွဲခြားလို့ရပါတယ်။ တုပ်ကွေးဖြစ်တာနဲ့အအေးမိတာက တချို့လက္ခဏာတွေ ဆင်တူနေတတ်ပါတယ်။ အိပ်ရာကနိုးတဲ့အခါ နှာချေတာ၊ချောင်းဆိုးတာ၊ခြေလက်တွေထဲက တစစ်စစ်ကိုက်တာ၊ အဖျားရှိနေတာမျိုးဖြစ်မယ်ဆိုရင်တော့ အအေးမိတာဖြစ်နိုင်သလို တုပ်ကွေးမိတာလည်းဖြစ်နေနိုင်ပါတယ်။ ဒီလက္ခဏာတွေက နှစ်ခုလုံးမှာ ဆင်တူတာကြောင့်ပါ။ ဘာတွေကွာခြားသလဲ။ အအေးမိတာ - အအေးမိတာက သိပ်မပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတစ်ခုပါ။ ခန္ဓါကိုယ်က မအီမသာဖြစ်လာမယ်။ခြေလက်တွေညောင်းလာမယ်။ နှာချေမယ်။ လည်ချောင်းနာမယ်။ နှာစေးမယ်ဆိုရင် ဒါကအဖျားသွေးရှိနေပြီလို့ပြောရပါတယ်။ အရမ်းမပြင်းထန်ပေမယ့် အဖျားသက်သာဖို့ အချိန်တော်တော်လေးတော့ယူရပါတယ်။ပြည့်ပြည့်ဝဝအနားယူပေးတာ၊ အာဟာရပြည့်ဝအောင်စားသုံးပေးလိုက်မယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန် သက်သာသွားအောင်အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ တုပ်ကွေးဖြစ်တာ -ဒါပေမယ့် နေမကောင်းဖြစ်တဲ့အခါ နှာချေချောင်းဆိုးတာနဲ့လည်ချောင်းနာတာတွေအပြင် အဖျားကြီးတက်တာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေ နာကျင်တာမျိုးဖြစ်လာမယ်ဆိုရင်တော့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း