အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

ရာသီတုပ်ကွေး

အအေးမိတုပ်ကွေးသက်သာစေမယ့် သဘာဝနည်းလမ်း (၇) ခု

အအေးမိတုပ်ကွေးြဖစ်နေချိန်တော့ တကယ်ကိုခံရခက်တဲ့လက္ခဏာတွေပါပဲ။ ကိုယ်ပူတာ၊လည်ချောင်းနာတာ၊ နှာစေးနှာပိတ်၊ ကိုယ်လက်ကိုက်ခဲမှုနဲ့ ချမ်းတုန်တာတွေ စုံလို့ပါပဲ။ ဆရာဝန်ပြပြီးဆေးကုသမှုခံယူထားတယ်ဆိုပေမယ့်လည်း အအေးမိခြင်းရဲ့သဘာဝအရ သူ့ကာလအတွင်းမှာတော့ နှာစေး၊ချောင်းဆိုး စတဲ့လက္ခဏာတွေခံစားရဦးမှာဖြစ်ပါတယ်။ ဒါတွေသက်သာဖို့၊ ကုသမှုကို ထိရောက်အောင်ပံ့ပိုးနိုင်ဖို့ ကူညီပေးမယ့်နည်းလမ်းတွေရှိပါတယ်။ အအေးမိဝေဒနာ သက်သာစေမယ့်နည်းလမ်းတွေက ဘာတွေများလဲ။ (၁)ရေ သို့မဟုတ် အရည်သောက်ပါ ဖျားပြီဆိုတာနဲ့ ခန္ဓါကိုယ်ကေရဓါတ်လျော့ကျလာနိုင်ပါတယ်။ အထူးသဖြင့် ပျို့အန်တာ၊ ဝမ်းလျှောတာပါဖြစ်ရင်ပေါ့။ ဒါ့ကြောင့်ရေဓါတ်လုံလောက်အောင်ဂရုစိုက်ပါ။ရေ၊ အသီးဖျော်ရည်၊ဓါတ်ဆားရည်၊ ဒါမှမဟုတ် စွပ်ပြုတ်သောက်လို့ရပါတယ်။ရေဓါတ်ပြည့်လား၊ လျှော့နည်းနေလားသိချင်ရင် ဆီးအရောင်ကိုကြည့်ပါ။ဖျော့လွန်းတဲ့အဝါရောင်ဖြစ်နေရင်ရေဓါတ်လုံလောက်လို့၊ ဆီးအရောင်ရင့်နေရင်ရေဓါတ်နည်းနေလို့ဖြစ်ပါတယ်။ (၂) ကြက်စွပ်ပြုတ်သောက်ပါ နေမကောင်းဖြစ်ပြီဆိုတာနဲ့ ကြက်စွပ်ပြုတ်တိုက်တာ အိမ်မှာအမေပြုစုပေးတဲ့မိရိုးဖလာနည်းတစ်ခုပါ။ နေမကောင်းဖြစ်လာရင် စွပ်ပြုတ်ပူပူလေးသောက်ခိုင်းတာပဲ။ ဒီနည်းက တကယ်မှန်ပါတယ်။ ကြက်စွပ်ပြုတ်က အအေးမိဝေဒနာနဲ့အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကိုဝေဒနာသက်သာလျော့ပါးစေနိုင်ပါတယ်။ (၃)ငြိမ်ငြိမ်သာနေပါ ခန္ဓါကိုယ်က အချက်ပြတဲ့အတိုင်းသာနေလိုက်ပါ။ခြေလက်မသယ်ချင်၊ မလှုပ်ချင်ဖြစ်နေရင် နားနေလိုက်ပါ။ တစ်နေကုန်အိပ်ရာထဲ လှဲနေချင်တယ်ဆိုရင် လှဲပြီးအနားယူပါ။ အတင်းထပြီးမလှုပ်ရှားပါနဲ့။ အအေးမိတုပ်ကွေးဖြစ်နေချိန်မှာ အလုပ်တွေအတင်းတွန်းလုပ်နေတာမျိုးက ကိုယ်ခံအားကျစေလို့ ဝေဒနာပိုဆိုး၊ ပိုတာရှည်စေနိုင်ပါတယ်။ပြီးတော့ အိပ်ရေးပျက်မခံပါနဲ့။ အိပ်ရေးဝမှ ကိုယ်ခံအားစနစ်ကကောင်းကောင်းအလုပ်လုပ်နိင်မှာမို့ […]


ရာသီတုပ်ကွေး

နေမကောင်းဖြစ်တာနဲ့ ပဋိဇီဝဆေး သောက်ဖို့လိုသလား

ပဋိဇီဝပိုးသတ်ဆေးေတွဆိုတာရောဂါပိုးတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ပြင်းဆေးဝါးတွေအဖြစ် အများစုက နားလည်ထားကြတယ်။ ဒါပေမယ့် သိပ်မသိတာတစ်ခုက ပဋိဇီဝဆေးတွေဟာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါတွေကိုပဲ ကုသပေးနိုင်တယ်ဆိုတာပါပဲ။ ရောဂါဖြစ်စေနိုင်တဲ့ပိုးတွေထဲမှာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယား ကွဲပြားသလို သူတို့ကို နှိမ်နင်းကုသရာမှာလည်းဆေးဝါးတွေမတူ၊အာနိသင်တွေမတူကြတာ သိထားသင့်တဲ့အချက်ပါ။ ဘာဝေဒနာဖြစ်လာလာ ပဋိဇီဝဆေး(antibiotics)တွေသောက်ပစ်လိုက်တာပဲဆိုရင်တော့ အနာတခြားဆေးတခြား အဖြစ်တွေနဲ့ရောဂါတာရှည်ပြီး အားပိုနည်းလာတာပဲ အဖတ်တင်ပါလိမ့်မယ်။ဆေးရဲ့ဘေးထွက်ဆိုးကျိုးကိုရောပေါ့။ နေမကောင်းတာ ဗိုင်းရပ်စ်ကြောင့်လား၊ ဘက်တီးရီးယားကြောင့်လားဆိုတာ ဆရာဝန်က ရောဂါရှာဖွေစစ်ဆေးပေးပါလိမ့်မယ်။ အရေးကြီးတာက ပဋိဇီဝဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မဆင်မခြင်မသောက်ဖို့ပါပဲ။ လေပြွန်ရောင်ခြင်း၊ နားပိုးဝင်ခြင်း၊ နမိုးနီးယား စတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေအတွက်ပဲ ပဋိဇီဝဆေးတွေကိုသောက်ဖို့လိုတာဖြစ်ပါတယ်။ အအေးမိတိုင်း တုပ်ကွေးမဟုတ် လူတွေက အအေးမိဝေဒနာခံစားနေရတဲ့အချိန် ငါတော့တုပ်ကွေးမိပြီလို့ပြောလေ့ရှိကြတယ်။ အအေးမိတုပ်ကွေးဝေဒနာ ဘာညာရောပြောလေ့ရှိတာကြောင့် အတူတူပဲလို့ အမှတ်မှားကောင်းမှားနိုင်ပါလိမ့်မယ်။ တကယ်တော့ မတူပါဘူး။ အအေးမိတယ်ဆိုတာ ပိုအဖြစ်များပြီး ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တာပါ။ သာမန်အအေးမိလက္ခဏာတွေက အန္တရာယ်ပြင်းထန်တာမျိုးဖြစ်ခဲပါတယ်။ တုပ်ကွေးကတော့ influenza ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာဖြစ်ပြီး ပိုပြင်းထန်နိုင်သလို ကလေးငယ်တွေ၊အသက်ကြီးသူတွေနဲ့ ကိုယ်ခံအားမကောင်းသူတွေမှာဆို […]


ရာသီတုပ်ကွေး

ဆောင်းတွင်းမှာ တုပ်ကွေးဘာလို့ အဖြစ်များတာလဲ

ရာသီဥတုအေးလာပြီဆို နှာလေးချေလိုက်ရမှ။ ရာသီဥတုအပြောင်းအလဲကို အရင်ဆုံးအချက်ပြလာတာက နှာရည်ကျလာတာပါပဲ။ တချို့ကျတော့ ဒီလောက်နဲ့မရပ်သွားဘဲ အအေးမိ၊တုပ်ကွေးတွေအထိဖြစ်လာတယ်။ ဟိုလူဖျား၊ ဒီလူဖျားနဲ့နေမကောင်းဖြစ်သူတွေ ပတ်လည်ဝိုင်းလာတဲ့အထိပြန့်ပွားလာတတ်ပါတယ်။ အေးတဲ့ရာသီမှာရောဂါပိုးပြန့်ပွားမှုနှုန်း ဘာလို့ပိုမြန်ရတာလဲ၊ ဘာလို့အဖြစ်များတာလဲ ဆိုတော့ ဗိုင်းရပ်စ်ကြောင့်ပါ။ အအေးမိနဲ့ တုပ်ကွေးြဖစ်စေတဲ့ဗိုင်းရပ်စ်တွေက အေးပြီးခြောက်သွေ့တဲ့ လေထုထဲမှာ ပိုပြီးကြာကြာအသက်ရှင်နိုင်တာကြောင့် ဒီရာသီနဲ့ကွက်တိပါပဲ။ အအေးမိနဲ့တုပ်ကွေးဗိုင်းရပ်စ်တွေက အသက်ရှူလမ်းကြောင်းကတဆင့် ခန္ဓါကိုယ်ထဲကို ဝင်ရောက်လေ့ရှိတယ်။ နှာခေါင်းလမ်းကြောင်းနံရံအမြှေးတွေကလည်း ရောဂါဖြစ်စေနိုင်တဲ့ပိုးမွှားတွေကိုကာကွယ်နိုင်တဲ့လုပ်ဆောင်ချက်တွေပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် နှာခေါင်းက ရှူရှိုက်လိုက်တဲ့လေအေးတွေကြောင့် ချွဲသလိပ်ရှင်းလင်းနိုင်စွမ်းကိုနှေးကွေးစေပါတယ်။ အဲဒီမှာ ဗိုင်းရပ်စ်တွေက ပိုကြာကြာကပ်တွယ်ခွင့်ရသွားပြီး ခန္ဓါကိုယ်ထဲ ဝင်ရောက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။ နေမကောင်းဖြစ်တဲ့လူက နှာချေလိုက်တိုင်း၊ချောင်းဆိုးလိုက်တိုင်းလေထဲကို အမှုန်စက်လေးတွေပျံ့နှံ့သွားပြီး တွေ့ထိမိတဲ့ မျက်နှာပြင်တစ်နေရာရာမှာ ကပ်တွယ်သွားမယ်၊ ဒါမှမဟုတ် အနီးတဝိုက်လေကြောင်းသင့်တဲ့နေရာက လူတစ်ယောက်ရဲ့ အသက်ရှူလမ်းကြောင်းထဲ ပါသွားမယ်ဆိုရင်ရောဂါကူးပြီလေ။ တုပ်ကွေးဗိုင်းရပ်စ်က စိုထိုင်းဆလျော့နည်းပြီး အပူချိန်လျော့နေတဲ့အခြေအနေမှာပိုကပ်တွယ်နိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ရာသီဥတုအေးနေချိန်အတွင်း အအေးမိတုပ်ကွေး ကူးစက်ပြန့်ပွားမှုပိုများတာဖြစ်ပါတယ်။တုပ်ကွေးေရာ၊ အအေးမိေရာ ကူးစက်လွယ်တဲ့ရောဂါတွေချည်းဆိုပေမယ့် အအေးမိက ပိုအဖြစ်များပြီး […]


လေပြွန်ရောင်ရောဂါ

လေပြွန်ရောင်ခြင်း

လေပြွန်နဲ့ပတ်သတ်ပြီးရောင်ရမ်းခြင်းတွေထဲမှာ လေပြွန်ရောင်ခြင်းဟာ လတ်တလောအဖြစ်အများဆုံးဖြစ်တယ်။ လေပြွန်နံရံမှာရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်ရတယ်။ လေပြွန်ရောင်ပါက အဆုတ်ဆီအောက်ဆီဂျင်ရောက်ရန်ခက်သွားတာကြောင့် အသက်ရှူမဝခြင်းများဖြစ်တတ်ပါတယ်။ မညစ်ညမ်းသောလေနဲ့ အန္တရာယ်များတဲ့ကယ်မီကယ်တွေ တာရှည်ထိတွေ့ရှူရှိုက်ခြင်းဟာ လေပြွန်ရောင်စေတဲ့အချက်တွေဖြစ်တယ်။ လေပြွန်ရောင်ခြင်းဆိုတာဘာလဲ ရုတ်တရတ်ဖြစ်တာလည်းဖြစ်နိုင်သလို၊ နာတာရှည်လည်းဖြစ်နိုင်တယ်။ ရုတ်တရတ်လေပြွန်ရောင်ခြင်းက ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ အအေးမိခြင်းတို့နဲ့ ဆက်နွယ်နေတတ်ပြီး ရုတ်တရတ်ဖြစ်လာတယ်။ လက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ သလိပ်ထွက်ခြင်း၊ ရင်ဘက်အောင့်ခြင်း၊ တခါတရံအသက်ရှူမဝခြင်း စသည်ဖြင့် သာမန်လောက်နေ ပြင်းပြင်းထန်ထန်ထိအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ရုတ်တရတ်လေပြွန်ရောင်ခြင်းဟာ ရက်အနည်းငယ် သို့ ရက်သတ္တပတ်အနည်းငယ်အကြာမှာကောင်းသွားတတ်ပြီး နာတာရှည်ကတော့ ပိုပြင်းထန်တာ လနဲ့ ပိုဆိုးပါက နှစ်နဲ့ချီကြာတတ်ပါတယ်။ အချိန်ကြာချွဲထခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ရောင်ခြင်းတို့ခံစားရတတ်ပြီး တခါတလေမှာ ချဲွသလိပ်အထွက်များတတ်ပါတယ်။ အသက်ရှူရလည်းခက်နိုင်တယ်။ အဆုတ်ရေဝင်ပြီး လေပြွန်ရောင်ပါက COPD ခေါ် နာတာရှည်အသက်ရှူလမ်းကြော်ငးရောဂါဖြစ်သွားနိုင်ပါတယ်။ အကြောင်းအရင်းများ ယေဘုယျအားဖြင့်တော့ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ တခြားအချက်တွေကြောင့်လေပြွန်ရောင်နိုင်တယ်။ အတိအကျဆိုရပါက ရုတ်တရတ်လေပြွန်ရောင်ခြင်းဟာ ဘတ်တီးရီးယားပိုးဝင်ခြင်း သို့ တစ်ခုခုနဲ့ထိတွေ့ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေသူကို ပြုစုနည်း

ပန်းနာရင်ကျပ်ရောဂါသည် အချိန်မရွေး၊ နေရာမရွေး ပြန်ထ နိုင်သော ရောဂါဖြစ်ပါသည်။ ရက်ပေါင်း၊ လပေါင်း များစွာ ငြိမ်နေရာမှ ရုတ်တရက် မွန်းကျပ်သော ဝေဒနာကို ရုတ်တရက် ခံစားရနိုင်ပါသည်။ စတင်၍ ချောင်းဆိုးမည်၊ နှာချေမည် ထို့နောက်တွင်မူ ရုတ်တရက် မွန်းကျပ်လာပါမည်။ အဘယ့်ကြောင့်ဆိုသော် အသက်ရှူ လမ်းကြောင်းတစ် လျောက် တွင်ရှိသော ကြွက်သားများ တင်လွန်းသွားပြီး အတွင်းနံရံ တစ်လျောက်တွင်မူ ဖူးယောင်လာသည့် အတွက် လေပြွန်ထဲသို့ လေဝင်နည်း လာပါလိမ့်မည်။ ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေခြင်းကို ဘယ်လိုသိနိုင်သလဲ။ အကယ်၍ ပန်းနာရင်ကျပ် ရောဂါ အခံရှိသူ တစ်ယောက်သည် မစားနိုင်၊ မအိပ်နိုင်၊ စကားပင် မပြောနိုင် လောက်အောင် ရင်ကျပ်နေပြီ ဆိုလျင်၊ အသက်ရှူရ ခက်ခဲနေပြီဆိုလျင်၊ လေမှုပ်အား တိုင်းတာချက် နဂိုထက် လျော့နည်းလာပြီ ဆိုလျင် […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ်ရှိသူများ ရှောင်ကြဉ်သင့်သည့် အလုပ် ၅ မျိုး

ပန်းနာရင်ကြပ်ဆိုသည်မှာ အသက်ရှူလမ်းကြောင်းကို ရောင်ရမ်းပြီး ကျဉ်းစေသော နာတာရှည် အဆုတ်ရောင်ရမ်း ခြင်းဖြစ်သည်။ ပန်းနာရင်ကြပ်ရှိသူများသည် နေ့စဉ်ဘဝတွင် ပြဿနာမျိုးစုံကို ရင်ဆိုင်ရသည်။ သူငယ်ချင်းများနှင့် ပျော်ပွဲ စားထွက်သည်မှစပြီး အားကစားလုပ်သည်အထိ ပြဿနာများ နှင့် ရင်ဆိုင်ရသည်။ ပန်းနာရင်ကြပ်ရှိသူများ မလုပ်သင့်သော အလုပ် ၅ ခုကို အောက်တွင် ဖော်ပြထားပါသည်။   လေ့ကျင့်ခန်းလုပ်ခြင်း ကျွန်တော်တို့ နေ့စဉ်ဘဝတွင် အသက်ရှူရန် နှာခေါင်းကို သုံးကြသည်။ လေသည် နှာခေါင်းလမ်းကြောင်းထဲ ဖြတ်သွား သောအခါ ပူနွေးပြီး စိုစွတ်လာသည်။ သို့သော်လည်း ဘောလုံး သမား ကဲ့သို့ လေ့ကျင့်ခန်းလုပ်ရသော လူများသည် ပါးစပ် ဖြင့် လေရှူသွင်းသည်။ ပန်းနာရင်ကြပ်ရှိသူများ၏ အသက်ရှူ လမ်းကြောင်းသည် စိုထိုင်းမှုနှင့် အပူချိန်ကို တုံ့ပြန်မှုအလွန် များသည်။ ရုတ်တရက် ပြောင်းလဲပါက အသက်ရှူ လမ်းကြောင်း […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းဆိုးခြင်း ၇မျိုးနှင့် သူတို့ဆိုလိုသည့်အရာ

ချောင်းဆိုးခြင်းသည် အပြင်ဘက်မှအရာများ ဝင်ရောက် ခြင်းကို ခန္ဓါကိုယ်မှ ပုံမှန်တုံ့ပြန်ခြင်း ဖြစ်သည်။ ၎င်းသည် သင့်ကျန်းမာရေးတွင် တစ်ခုခုမှားနေပြီဆိုသော သတိပေး သော လက္ခဏာတစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း လူ များစွာသည် ချောင်းဆိုးခြင်းနှင့် ၎င်းနှင့်အတူဖြစ်သော လက္ခဏာများကို လျော့တွက်ကြသည်။ ဤဆောင်းပါးတွင် ချောင်းဆိုးခြင်း ၇မျိုးအကြောင်း နှင့် ၎င်းတို့ အမှန်တကယ် ဘာကိုဆိုလိုသလဲကို ဖော်ပြသွားပါမည်။   ချောင်းဆိုးခြင်းဆိုတာ ဘာလဲ။ လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်းတွင် ပြင်ပ အမှုန်များ၊ ရောဂါပိုးမွှားများ၊ ယားယံစေသော အရာများ၊ အရည်များ အကျိအချွဲများ ရှိပါက ရှင်းလင်းသွားစေရန် ချောင်းဆိုးကြသည်။ သို့သော်လည်း ပြင်းထန်ပြီး ဆက်တိုက် ချောင်းဆိုးနေပါက ၎င်းသည် ရှုပ်ထွေးသော ကျန်းမာရေး အခြေအနေများ၏ လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ ချောင်းဆိုးခြင်း ဖြစ်စဉ်တွင် အဓိက အဆင့် ၃ဆင့် […]


ပန်းနာရင်ကျပ်

သင့်၏ပန်းနာရင်ကြပ်ဝေဒနာများကို လျော့ပါးသက်သာစေနိုင်သည့် ပြောင်းလဲကျင့်သုံးရမည့် အမူအကျင့် ၅ ခု

ပန်းနာရင်ကြပ်ထဖောက်လိုဖောက်ငြား သင်သည် အရေးပေါ်ကုသမှုအား တတ်နိုင်သလောက်မြန်မြန်ရှာဖွေထားရန်လိုအပ်သည်။ ကံမကောင်းစွာဖြင့် ပန်းနာရင်ကြပ်သည် အကြိမ်ကြိမ်ရုတ်တရက်ထဖြစ်နိုင်ပြီး ထိုအချိန်တွင် ဆရာဝန်အားဆက်သွယ်ရန်မှာ ခက်ခဲတတ်သည်။ သို့သော်လည်း သင့်၏အပြုအမူအနေအထိုင်ပြောင်းလဲမှုအချို့သည် ပန်းနာရင်ကြပ်ထဖောက်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ညွှန်ကြားထားသည့်အတိုင်း သင့်ဆေးများကို သောက်သုံးပါဆရာဝန်ညွှန်ကြားချက်များနှင့်အကြံပေးချက်များကို လိုက်နာရန်ခက်ခဲတတ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ ဝေဒနာရှင်အများစုသည် ညွှန်ကြားထားသည့်အတိုင်း ဆေးများကို မသောက်သုံးနိုင်ကြပါ။ ထိုသို့ဖြစ်ရခြင်းမှာ ဆေးညွှန်းသည်အလွန်ရှုပ်ထွေးများပြားခြင်း၊ဆေးပေးသည်အချိန်ကာလသည် အလွန်ကြာမြင့်ခြင်း၊ဈေးအလွန်ကြီးခြင်း(သို့)ဆေးများကို အချိန်မှီသောက်သုံးရန် မေ့လျော့တတ်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။ သို့သော်သင့်တွင်ပြဿနာတစ်ခုခုရှိပါက ထိုပြဿနာကို ပြုပြင်ပြောင်းလဲလိုက်ပါ။ သင့်အားညွှန်းထားသောဆေးများကိုသေချာလိုက်နာသောက်သုံးမှုရှိမရှိသည် သင့်၏ ပန်းနာရင်ကြပ်ရလဒ်တွင်အရေးကြီးသည့်နေရာမှပါဝင်သည်။ သင့်၏ထိုဆေးများသည် သင့်၏ပန်းနာရင်ကြပ်ရောဂါအားထိန်းချုပ်နိုင်ရန် ကူညီပြီး ပိုမဆိုးဝါးသွားစေရန်လည်း ကာကွယ်ပေးသည်။ အချို့သောအခြေအနေများတွင် သင့်ကိုယ်သင်ကောင်းနေပြီ၏ဟု ယူဆ၍ သင်သည်ဆေးများသောက်ရန်မေ့နေတတ်သည်။ သို့သော် သင့်တွင်ရင်ကြပ်ဝေဒနာ မဖြစ်သေးခြင်းသည်ရင်ကြပ်ဝေဒနာ သင့်တွင်ဖြစ်မလာနိုင်တော့ဟု မဆိုလိုပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ လေ့ကျင့်ခန်းပုံမှန်လုပ်ပါက သင့်ကျန်းမာရေးအတွက်ကောင်းပါသည်။ သင့်တွင် ပန်းနာရင်ကြပ်ရှိပါက သင်သည်လှုပ်လှုပ်ရှားရှားနေနိုင်ပါသည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်သင့်နှလုံးနှင့်အဆုတ်များကို သန်မာစေပါသည်။ […]


ပန်းနာရင်ကျပ်

အံသြစရာကောင်းသော ပန်းနာရင်ကြပ်ရောဂါဖြစ်စေသည့် အချက်((၅)ချက်

သင့်တွင်ပန်းနာရင်ကြပ်ရှိပါက သင့်အနီးအနားရှိအရာများနှင့်ပတ် သတ်၍ဂရုစိုက်သတိထားပါ။ များပြားလှသောအရာများသည် ပန်းနာရင်ကြပ်ရောဂါအား ဖြစ်ပွားစေပါသည်။ သင်သည် ဖုန်မှုန့်များ၊မှိုများ(သို့)ဆေးလိပ်ငွေ့များကြောင့်ဖြစ်တတ်သည်ကို သိထားပြီးဖြစ်နိုင်သော်လည်း သင်သိထားရန်လိုအပ်သည့် ပို၍အံ့သြစရာကောင်းသည့်ဖြစ်ပွားစေနိုင်သောအကြောင်းအရင်း များလည်းရှိသေးပါသည်။ စိတ်ဖိစီးမှု စိတ်ဖိစီးမှုသည်သင့်အလုပ်၊သင့်ကလေးများ၊သင့်အချစ်ရေး၊ငွေရေး ကြေးရေး၊သင့်အိမ်နှင့်မိသားစု စသည်တို့မှလာနိုင်သည်။ ထိုစိတ်ဖိ စီးမှုသည် သင့်၏ပင်မအာရုံကြောစနစ်၊ခုခံအားစနစ်၊နှလုံးနှင့်သွေးကြောစနစ်၊ ကြွက်သားနှင့်အရိုးစနစ်၊အစာအိမ်နှင့်အူလမ်းကြောင်းစနစ်များကို ထိခိုက်စေနိုင်ပြီး သင့်၏ပန်းနာရင်ကြပ်ရောဂါကိုလည်း ထိခိုက်စေ နိုင်ပါသည်။ စိတ်ဖိစီးမှုသည် ပြင်းထန်သောတုံ့ပြန်မှုများကို ဖန်တီးပေးပြီး အာရုံ ကြောများကို အလုပ်လုပ်စေကာ အဆုတ်များရှိအသက်ရှူလမ်း ကြောင်းကြွက်သားများကို ကျုံ့နိုင်စေပါသည်။ ထိုကြွက်သားများ သည် မာတောင့်လာပြီး တဝှီဝှီမြည်ခြင်း၊ချောင်းဆိုးခြင်း၊ရင်ကြပ်ခြင်း နှင့် မောခြင်း စသောပန်းနာရင်ကြပ်လက္ခဏာများကို ပိုမိုဆိုးဝါးစေ နိုင်ပါသည်။ စိတ်ဖိစီးမှုသည် သင့်၏ခုခံအားစနစ်အတွင်းပြောင်းလဲမှု များကို ဖြစ်ပေါ်စေကာ သင့်၏ပန်းနာရင်ကြပ်ဝေဒနာကို ပိုမိုဆိုးဝါး စေနိုင်ပါသည်။ သို့သော် ပန်းနာရင်ကြပ်ရောဂါသည် စိတ်ပိုင်းဆိုင် ရာကြောင့်စတင် ဖြစ်ပွားစေသည့် ရောဂါမဟုတ်သောကြောင့် စိတ် ဖိစီးမှုသည် ပန်းနာရင်ကြပ်ရောဂါကို မဖြစ်ပွားစေနိုင်ပါ။ ဆိုလိုသည်မှာ သင့်တွင်ပန်းနာရင် ကြပ်မရှိပါက စိတ်ဖိစီးမှုမှတဆင့်ပန်းနာ ရင်ကြပ်ရောဂါဖြစ်ပွား မလာစေနိုင်ပါ။ သင့်တွင်ပန်းနာရင်ကြပ်ရှိပြီးသားဖြစ်ပါမှ စိတ်ဖိစီးမှု သည်သင့်ရောဂါလက္ခဏာများကို ဖြစ်ပွားစေနိုင်ပါသည်။ အော်ဟစ် ဆူပူခြင်း၊စိုးရိမ်ပူပန်ခြင်း၊ငိုကြွေးခြင်း၊ဒေါသထွက်ခြင်း(သို့)အလွန်အမင်းရယ်မောခြင်းစသော ပြင်းထန်သည့်စိတ်အခြေအနေများ သည်လည်း ရင်ကြပ်ရောဂါကို ဖြစ်ပွားစေတတ်ပါသည်။ ဆေးဝါးများ ပန်းနာရင်ကြပ်ဖြစ်စေနိုင်သည့်အချို့ဆေးများလည်းရှိသည်။ ထို့ ကြောင့်ပန်းနာရင်ကြပ်ရှိပါကအသုံးပြုသောဆေးဝါးများကို သတိ ထားပါ။ သို့သော် ဆိုလိုသည်မှာ […]


ပန်းနာရင်ကျပ်

မှိုနှင့် ဆက်နွယ်သော ရင်ကြပ်ခြင်းကို လျော့နည်းစေမည့် နည်းလမ်း ၈ ခု

မှိုသည် သင့်တွင် ရင်ကြပ်ရောဂါရှိပါက ပိုဆိုးစေပါတယ်။ ကံမကောင်းစွာဘဲ မှိုကို နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ မှိုနှင့် ဆက်နွယ်သော ရင်ကြပ်ခြင်းကို လျော့နည်းစေမည့် နည်းလမ်းရှိပါသလား။ ဟုတ်ကဲ့၊ သည်ဆောင်းပါးထဲမှာ အဖြေပါ ပါတယ်။   ဘာပဲလုပ်လုပ် အရင်စဉ်းစားပါ။ မှိုကို သင့်အိမ်၊ ဆိုင်၊ လုပ်ငန်း စသည့် နေရာတိုင်း လိုလိုမှာ တွေ့နိုင်ပါတယ်။ ဥပမာ- ပန်းဆိုင်၊လယ်ယာ၊ ပန်းခြံ၊ ရှေးဟောင်းပစ္စည်းဆိုင်၊ ချွေးထုတ်ခန်း၊ စက်ရုံ၊ ဆောက်လုပ်ရေးနေရာ စသည်တို့ဖြစ်ပါတယ်။ ထိုနေရာများတွင် အလုပ်လုပ်ရပါက နှာခေါင်းစည်း တပ်ဆင်သင့်ပါတယ်။ လိုအပ်ပါက ဓါတ်မတည့်သူများသောက်သည့် ဆေးကို သောက်သင့်ပါတယ်။ ရင်ကြပ်စေသော အရာများကို ရှောင်ပါ။ မှိုပမာဏများသော နေရာများကို မသွားပါနှင့်။ သို့မှသာ ရှူသွင်းမိသော မှိုအရေအတွက် နည်းမှာပါ။ အပင်နှုတ်ခြင်း၊ အရွက်ခူးခြင်း၊ မြက်ရှင်းခြင်းများ ပြုလုပ်ရမည်ဆိုပါက ပြုလုပ်ပြီးပြီးခြင်း ရေချိုးရပါမယ်။ မှိုမဝင်အောင် ကာကွယ်ခြင်း၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း