အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

ရာသီတုပ်ကွေး

နေမကောင်း ဖြစ်နေတာလား။ မြန်မြန်သက်သာအောင် ဒါလေးတွေလုပ်နော်

နေမကောင်းဖြစ်တာက အပြင်ရုပ်ပိုင်းဆိုင်ရာကိုတင်မက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။ ဘယ်သူကတော့နေမကောင်း အကြာကြီးဖြစ်ချင်မလဲနော်။ မြန်မြန်ပြန်ပျောက်ချင်တာပေါ့။ ဒါကြောင့် ကိုယ်နေမကောင်းဖြစ်ရင် သိသင့်တဲ့ အချက်တွေ သိထားပြီး လိုက်နာရင်တော့ ကိုယ်လည်းမြန်မြန်ပြန်ကျန်းမာ၊ ကိုယ်ချစ်တဲ့ သူတွေကိုလည်း နေမကောင်းဖြစ်တာ မကူးတော့ဘူးပေ့ါ။ ဖျားနာရင်ဆေးသောက်တာနဲ့တင် မပြီးပါဘူး။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကလည်း အရေးကြီးပါတယ်။ တုပ်ကွေးက ကူးစက်တာမြန်တတ်လား။ ။ တုပ်ကွေးက လေကတစ်ဆင့် ကူးစက်တာ အပြင် ရောဂါရှိတဲ့သူဆီက ထွက်တဲ့ တံထွေး၊ နှာရည်တွေကို ထိမိကိုင်မိတာကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ အိမ်မှာ တစ်ယောက် တုပ်ကွေးဖြစ်ပြီဆိုတာနဲ့ အိမ်သားအားလုံး ကူးစက်နိုင်ခြေရှိပါတယ်။ ကိုယ်ကြောင့် သူများနေမကောင်းဖြစ်သွားရင် အားနာနေရတဲ့ ခံစားမှုကြီးက မကောင်းပါဘူး။ ဒါကြောင့်ကိုယ့်တုပ်ကွေး သူများဆီ မရောက်ဖို့ နဲ့ ကိုယ်လည်း မြန်မြန်ပြန်ကောင်းအောင် လိုက်နာလုပ်ဆောင်ရမယ့် ကိစ္စလေးတွေ ရှိပါတယ်။ ကိုယ့်ဆီမှာ တုပ်ကွေးဖြစ်နေပြီဆို ဘယ်လိုအချက်တွေ […]


ရာသီတုပ်ကွေး

အအေးမိ တုပ်ကွေး မှားယွင်းနေတဲ့အထင်အမြင်များ

တုပ်ကွေးရာသီရောက်ပြီဆိုတာနဲ့ရှေ့ဆုံးကဖျားတတ်နာတတ်လွန်းလို့ စိတ်ညစ်နေသူတစ်ယောက်အဖို့ကတော့ မဖျားအောင် ဒါလေးတွေလုပ်ပါဆိုပြီး အသိမိတ်ဆွေတွေဆွေမျိုးတွေကပြောတာတွေကို လိုက်လုပ်မိနေတော့မှာအသေအချာပဲလေ။ ကိုယ်တိုင်တောင်တစ်ခါတစ်ခါ လုပ်မိနေတတ်သေးတာလေ။ ဒါပေမယ့် သူတို့ကစေတနာနဲ့ပြောတာဆိုပေမယ့် အယူအဆတွေကမှားနေမယ်ဆိုရင် အထောက်အကူမပြုနိုင်မှာတော့ အသေအချာပဲလေ။ ဒီတော့ တုပ်ကွေးနဲ့ပတ်သက်ပြီး လုပ်မိနေတဲ့ အယူအဆအမှားတွေ ကိုယ်တိုင်ရောလုပ်မိနေလားဆိုတာကို ဒီဆောင်းပါးလေးဖတ်ရင်း ဆန်းစစ်ကြည့်လိုက်နော်။ တုပ်ကွေးနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆအမှားတွေ ဆံပင်ရေစိုနဲ့လေတိုက်တိုက်မှာ ထိုင်မိတာကိုး - ကြားဖူးတယ်မှတ်လား။ခေါင်းလျှော်ပြီးရေမခြောက်ခင် အပြင်ထွက်သွားတာကိုး။ အခုတော့ဖျားပြီလေဆိုတာမျိုးပေါ့။ ဟုတ်များဟုတ်နေလားလို့တွေးမိမှာပေါ့။ တကယ်တော့ ဒါကတိုက်ဆိုင်သွားတဲ့ အကြောင်းအရာတစ်ခုပေါ့။ တကယ်တော့ အအေးမိတုပ်ကွေးြဖစ်တယ်ဆိုတာက ဗိုင်းရပ်စ်ကြောင့်ပါ။ ဆံပင်ကိုခြောက်အောင်သုတ်သင့်တာကမှန်ပေမယ့် ဆံပင်ရေစိုနဲ့ အပြင်ထွက်လို့တော့ တုပ်ကွေးမဖြစ်ပါဘူး။ ရာသီဥတုေအးနေတာကို အနွေးထည်မဝတ်ဘဲ အပြင်ထွက်တယ် -အေးနေတာကို အနွေးထည်ခပ်ပါးပါးတစ်ထည်လောက်တော့ ဝတ်ဦးမှပေါ့။ အအေးမိမယ်လေလို့ ကိုယ့်ကိုချစ်တဲ့သူကလှမ်းမှာတာကြားဖူးကြမှာပေါ့။မေမေ့ဆီက အများဆုံးကြားရနိုင်ပါတယ်။မေမေတွေက သားသမီးတွေကို အမြဲမပြတ်ဂရုစိုက်နေတတ်ကြသူတွေပါ။မေမေက ဂရုဏာမေတ္တာနဲ့ မှာတာကို လျစ်လျူမရှု့ဖို့ပြောချင်ပါတယ်။ ဒါပေမယ့် အနွေးထည်မဝတ်လို့ ခန္ဓါကိုယ်မှာ ပိုအေးသွားတာတော့ဖြစ်နိုင်ပေမယ့် […]


ရာသီတုပ်ကွေး

သင်ဟာ တခြားသူတွေထက်ပိုပြီး မကြာခဏဖျားနာတတ်တဲ့သူလား။ ဒါတွေကြောင့်ဖြစ်မှာပါ

ငယ်ငယ်ကကျောင်းပြေးချင်လွန်းလို့ ဖျားချင်ခဲ့ဖူးတယ်ဟုတ်။ ကလေးဘဝတုန်းကတော့ ဖျားပြီဆိုရင် အိမ်မှာနေရမယ်၊ဖေဖေမေမေကို ကပ်ချွဲပြီး လိုချင်တာလေးဝယ်ခိုင်းတယ်၊ စားချင်တာလေး ဝယ်ကျွေးခိုင်းလို့ရလို့ ဖျားချင်ခဲ့ဖူးကြတယ်လေနော်။ဖေဖေမေမေတွေကချီပြီးဆေးခန်းလိုက်ပို့ပေးလို့ ခဏခဏကိုဖျားချင်ခဲ့တာပါ။ ဒါပေမယ့် အရွယ်ရောက်လာတော့ အအေးမိတုပ်ကွေးဖြစ်ရင်ခံစားရတာက မသက်သာလွန်းလို့ မဖျားချင်တော့ပါဘူး။ ဖျားရင်တောင်မြန်မြန်သက်သာချင်တဲ့ဆန္ဒက စဖျားကတည်းကကိုဖြစ်နေတာလေ။ ဒီတော့ ဘယ်အချက်တွေက တုပ်ကွေးဖြစ်ဖို့ အားပေးရာရောက်နေလဲဆိုတာကို သိထားမယ်ဆိုရင် ဆင်ခြင်သင့်တာ ဆင်ခြင်ပြီး တုပ်ကွေးနဲ့ ခပ်ကင်းကင်းနေလို့ရတာပေါ့။ဖြစ်နိုင်တာကို ဆင်ခြင်လို့ရအောင် ဒီဆောင်းပါးလေးထဲက အကြံဉာဏ်ကိုရယူလိုက်ပါနော်။ တုပ်ကွေးဆိုတာ တုပ်ကွေးဆိုတာက အသက်ရှုလမ်းကြောင်း အထက်ပိုင်းမှာ ပိုးဝင်ကူးစက်တဲ့ ဖျားနာမှုတစ်မျိုးပါ။ တုပ်ကွေးရောဂါပိုးက နှာခေါင်းကနေတဆင့် အသက်ရှုလမ်းကြောင်းတလျှောက် လည်ချောင်းနဲ့ အဆုတ်အထိဝင်ရောက်ကူးစက်တာပါ။ တုပ်ကွေးက တစ်ခါတလေမှာ အအေးမိဖျားနာတာနဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။ ဒါပေမယ့် တုပ်ကွေးဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးကနောက်ဆက်တွဲရောဂါတစ်သီကြီးနဲ့အတူရောက်လာတတ်တာပါ။ တုပ်ကွေးဖြစ်ပြီဆိုရင် ချောင်းခြောက်ဆိုးမယ် အဖျားနည်းနည်းရှိနေမယ် လည်ချောင်းနာမယ် ကြွက်သားတွေနဲ့ တစ်ကိုယ်လုံးမှာ နာကျင် ကိုက်ခဲတာတွေဖြစ်မယ် ခေါင်းကိုက်မယ် […]


အအေးမိဖျားနာခြင်း

ဖျားတိုင်းဆေးထိုးဖို့ လိုသလား

“ဆရာ လူနာတစ်ယောက် ရှော့နဲ့ လာပါတယ်ဆရာ” သူနာပြုဆရာမလေး၏ ခေါ်သံကြောင့် ဒေါက်တာကျော်တစ်ယောက် ဆရာဝန် နားနေခန်းမှ ထွက်လာခဲ့သည်။ “ဖျားနေတာ ၂ ရက် ရှိပြီဆရာ၊ ဒီနေ့ပဲ ဆေးခန်းမှာ ဆေးသွားထိုးခဲ့သေးတယ်။ အဲ့ဒါ အိမ်ပြန်ရောက်ကတည်းက ချွေးစီးတွေ အရမ်းပြန်ပြီး မူးလာတယ်ဆိုတာနဲ့ ခေါ်လာတာ” လူနာ့ အမေက ပြောပြနေသည်။ သွေးပေါင်ချိန်က ၈၀/၅၀။ သွေးခုန်နှုန်းက ၁၄၀ လောက်ရှိသည်။ မေးမြန်းစမ်းသပ်စရာများရှိသလောက် လုပ်ပြီး လူနာက အစားနည်းနေသည့် အပြင် အဖျားကျဆေးကြောင့် ချွေးထွက်များက သွေးပေါင်ကျခြင်းဖြစ်နိုင်သည် ဟု ဒေါက်တာကျော် သုံးသပ်လိုက်သည်။ “အစားနည်းပြီး ချွေးထွက်များသွားလို့ သွေးပေါင်ကျသွားတာပါ။ ပုလင်းကြီးချိတ်ပေးထားပါတယ်။ သက်သာသွားမှာပါ။” “ဒီတစ်လုံးပြီးရင် သွေးပေါင်ပြန်တိုင်းပေးဦးနော်၊ အကိုကို့ပြန်လာပြောပေးဦး” အလုပ်သင်ဆရာဝန်လေးကို မှာခဲ့ပြီး ဒေါက်တာကျော် တစ်ယောက် ဂျူတီခန်းတွင် လူနာမှတ်တမ်းကို ပြန်ဖြည့်ရင်း အတွေးနယ်ချဲ့မိနေတော့သည်။ မြန်မြန်သက်သာဖို့နှင့် […]


တီဘီရောဂါ

Tuberculosis Of The Genitourinary System (ဆီးလိင်လမ်းကြောင်းတီဘီ)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဆီးလိင်လမ်းကြောင်းတီဘီ ဆိုတာ ဘာလဲ။ ဆီးလမ်းကြောင်းတစ်လျှောက်နဲ့ မျိုးပွားအင်္ဂါအဖွဲ့အစည်းမှာဖြစ်တဲ့ အဆုတ်ပြင်ပတီဘီကို ဆီးလိင်လမ်းကြောင်းတီဘီလို့ ခေါ်ပါတယ်။ ဆီးလိင်လမ်းကြောင်းတီဘီဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အဆုတ်ပြင်ပတီဘီအားလုံးရဲ့ ၁၅ရာခိုင်နှုန်းဟာ ဆီးလိင်လမ်းကြောင်းတီဘီဖြစ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများဆီးလိင်လမ်းကြောင်းတီဘီရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဆီးလိင်လမ်းကြောင်းတီဘီရှိသူ ၂၀ရာခိုင်နှုန်းမှာ သိသာထင်ရှားတဲ့ ရောဂါလက္ခဏာ ပြလေ့မရှိပါဘူး။ ဒီရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဆီးလမ်းကြောင်းအောက်ပိုင်း ပိုးဝင်သည့်လက္ခဏာများ ခါးနာခြင်း ဆီးထဲသွေးပါခြင်း သွေးလွှတ်ကြောတွင်း သွေးဖိအားမြင့်တက်ခြင်း သုတ်ပို့ပြွှန်ရောင်ရမ်းခြင်း ကပ်ပယ်အိတ်ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ နာကျင်ခြင်း သန္ဓေမအောင်ခြင်း အဖြစ်နည်းတဲ့ လက္ခဏာတွေကတော့ လိင်တံပိုးဝင်ပြီး အနာဖြစ်ခြင်း လိင်တံအရေပြားပိုးဝင်ခြင်း (Lupus vulgaris) အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ ဖြစ်ပွားမှုအကြောင်းရင်းများဘာတွေက ဆီးလိင်လမ်းကြောင်းတီဘီ ဖြစ်ပွားစေသလဲ။ တီဘီရောဂါဖြစ်ပွားစေတဲ့ အဓိကတရားခံက Mycobacterium […]


တီဘီရောဂါ

Tuberculosis of meninges and central nervous system ( ဦးနှောက်အာရုံကြောတီဘီ )

ဦးနှောက်အာရုံကြောတီဘီ ဆိုတာ ဘာလဲ။ Mycobacterium tuberculosis ဘက်တီးရီးယားကြောင့် ဗဟိုအာရုံကြောအဖွဲ့အစည်း ထိခိုက်ပျက်စီးတဲ့ရောဂါကို ဦးနှောက်အာရုံကြောတီဘီ လို့ ခေါ်ပါတယ်။ ဒီရောဂါဟာ အဖြစ်နည်းသလောက် အလွန်ဆိုးဝါးပြင်းထန်ပြီး တီဘီကုထုံး မပေါ်သေးခင်အခါက ရာနှုန်းပြည့်သေစေနိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ဦးနှောက်အာရုံကြောတီဘီဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ခန့်မှန်းခြေအားဖြင့် တီဘီလူနာအားလုံးရဲ့ ၁ရာခိုင်နှုန်းမှာ ဦးနှောက်အာရုံကြောတီဘီ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးမှုနှုန်း၊ အာရုံကြောထိခိုက်မှုနှုန်း အလွန်မြင့်ပြီး HIV ဗိုင်းရပ်စ်ပိုးရှိသူတွေနဲ့ ကလေးငယ်တွေမှာ အဆမတန် ဆိုးဝါးပြင်းထန်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ ဦးနှောက်အာရုံကြောတီဘီရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ တီဘီဦးနှောက်အမြေးယောင်ရောဂါ အရွယ်ရောက်ပြီးသူများတွင် တွေ့ရတတ်သည့် လက္ခဏာများ ဖျားနာခြင်း ခေါင်းကိုက်ခြင်း ဇတ်တောင့်ခြင်း အာရုံကြောထိခိုက်ခြင်း အပြုအမူပြောင်းလဲခြင်း သတိကောင်းကောင်းမရခြင်း ကလေးငယ်များတွင် တွေ့ရတတ်သည့် လက္ခဏာများ ဖျားနာခြင်း ဇတ်တောင့်ခြင်း တက်ခြင်း ပျို့ခြင်း၊ အန်ခြင်း ခေါင်းကိုက်ခြင်း အားအင်ကုန်ခမ်းပြီး မလှုပ်ရှားနိုင်ခြင်း […]


အအေးမိဖျားနာခြင်း

နေမကောင်းဖြစ်တိုင်း အိပ်ရာထဲမှာပဲခွေနေတော့မှာလား။ ။

လူတိုင်း လူတိုင်း နေမကောင်းဖြစ်ပြီဆိုတာနဲ့ အိပ်ရာထဲမှာပဲ ခွေနေချင်ကြတာချည်းပါပဲ။ နေမကောင်းချိန် အိပ်ရာထဲမှလှဲနေတယ်ဆိုတာ တော်ရုံပဲကောင်းပါတယ်။ အဓိကကတော့ ကိုယ်ခန္ဓာက ပြောတဲ့ လက္ခဏာတွေကို နားလည်တတ်ဖို့ လိုပါတယ်။ အရမ်းပင်ပန်းနေတယ်၊ အားလည်းမရှိဘူးဆိုတဲ့ လူနာတွေကတော့ အားပြန်ပြည့်အောင် အိပ်စက်အနားယူသင့်ပါတယ်။ ဖျားတာနာတာကလည်း မပြင်းထန်ဘူးဆိုရင်တော့ အိပ်ရာထဲ တစ်ချိန်လုံး လှဲနေခြင်းဟာ သင့်ကို ပိုပြီးနုန်းခွေစေမှာပါ။ ဒါကြောင့်ခုပြောပြချင်တာကတော့ အပြင်းဖျားနေတာကလွဲလို့ တော်ရုံအဖျားဆိုရင် အပျင်းမကြီး အိပ်ရာထဲ ခွေမနေဘဲ လှုပ်လှုပ်ရှားရှားလုပ်သင့်တဲ့ အကြောင်းလေးတွေပဲဖြစ်ပါတယ်။ နေမကောင်းဘူးဆိုတာနဲ့ အိပ်ရာထဲခွေနေရင် ဘာတွေဖြစ်လာနိုင်သလဲ။ ။ ပိုပြီးနုန်းလာမယ်။ လှုပ်ရှားရှား မလုပ်တော့ ကိုယ်ခန္ဓာက လေးပင်လာပြီး ဖျားတာကြောင့် နုန်းတာ အပြင် လှဲလွန်း အိပ်လွန်းအားကြီးရင်လည်း နုန်းနိုင်ပါတယ်။ ခေါင်းကိုက်လာမယ်။ နေမကောင်းရင် ခေါင်းကိုက်တာ မဆန်းပါဘူး။ တစ်ချိန်လုံး လှဲတာကြာလာရင်လည်း ခေါင်းအုံပြီး […]


အအေးမိဖျားနာခြင်း

ကိုယ့်အဖျား သူများဆီမကူးအောင် ဒါတွေလုပ်ပါ

ဘယ်သူတစ်ဦးတစ်ယောက်မှတော့ ကိုယ့်ကြောင့် ကိုယ်ချစ်ခင်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဖျားနာတာကိုမြင်ချင်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်ဖျားနာလို့ စိတ်ညစ်ပါတယ်ဆိုမှာ ကိုယ့်ကြောင့်သူတို့တွေဖျားရင် အားနာရတဲ့စိတ်ကတော်တော်လေး စိတ်မကောင်းဖြစ်စေတယ်နော်။ ဒီလိုမျိုး အားနာစိတ်မကောင်းဖြစ်ရတာမျိုးမဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေ သိထားဖို့လိုမယ်ထင်တယ်နော်။ ဒါမှ ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့သူတွေ ဖျားနာမှုခံစားရတာကနေ ကင်းဝေးစေမှာပါ။ ရောဂါပိုးတွေက ဘယ်လိုပြန့်နှံ့တာလဲ အဓိကကတော့ လူတစ်ယောက်ဆီကနေလူတစ်ယောက်ဆီကိုချောင်းဆိုးတာ နှာချေတာတွေကနေတဆင့်ရောဂါပိုးတွေကလေထဲမှာပြန့်နှံ့သွားပြီး ကူးစက်တာပါ။ ဖျားနာနေတဲ့လူချောင်းဆိုး နှာချေမှုကြောင့် ခန္ဓါကိုယ်ြပင်ပကိုရောက်လာတဲ့ရောဂါပိုးတွေကလေထဲကနေတဆင့် လွှင့်သွားပြီး အနီးမှာရှိနေတဲ့သူတွေရဲ့ ပါးစပ်နဲ့နှာခေါင်းတွေဆီကိုရောက်ရှိသွားပြီး ကိုယ်တွင်းကို ကူးစက်ဝင်ရောက်တာပါ။ ရောဂါရှိသူရဲ့ တံတွေး၊ နှာရည်တို့ထိတွေ့ထားတဲ့နေရာတွေကို ထိတွေ့မိမှုကနေတဆင့်လည်း အဖျားကူးစက်နိုင်ပါသေးတယ်။ အအေးမိတုပ်ကွေးြဖစ်စေတဲ့ ဗိုင်းရပ်စ်တွေက တံခါးလက်ကိုင်ဖုတွေ၊ စားပွဲခုံတွေနဲ့ ထိုင်ခုံလိုမျိုးနေရာတွေမှာ ၂ နာရီကြာအထိရှင်သန်နေနိုင်ပါတယ်။ အချို့ဗိုင်းရပ်စ်တွေဆိုရင်ပြင်ပလေထုထဲမှာ အချိန် ၂ နာရီကျော်တဲ့ အထိရှင်သန်နေနိုင်ပါတယ်။ သူတစ်ပါးကို အဖျားမကူးစေဖို့အတွက် ဒါတွေကိုလုပ်ပေးပါ။ လက်တွေကို စင်ကြယ်အောင်ဆေးကြောပေးပါ - လက်ဆေးတာက တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေလိုအပ်တဲ့ […]


အအေးမိဖျားနာခြင်း

ဗီတာမင် C ဓါတ်ဟာ အအေးမိတုပ်ကွေးရောဂါကို အမှန်တကယ် ကာကွယ်နိုင်ရဲ့လား

လူတွေတော်တော်များများ အအေးမိပြီဆိုရင် လုပ်လေ့လုပ်ထရှိတဲ့ အရာတစ်ခုက ဗီတာမင် C ပါဝင်တဲ့ ဖြည့်စွက်စာတွေ၊ ဖျော်ရည်တွေ၊ ချောင်းဆိုးပျောက်ဆေးတွေ သောက်တာပါပဲ။ ၁၉၇၀ ခုနှစ်လောက်က ဗီတာမင် C ကို အအေးမိတုပ်ကွေး ပျောက်ဖို့အတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ ပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက်အရ ဗီတာမင် C ဟာ အအေးမိတုပ်ကွေးရောဂါကို ကုသတဲ့ နေရာမှာ အနည်းငယ်သာ ထိရောက်မှု ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဗီတာမင် C ဆိုတာ ဘာလဲ။ ဗီတာမင် C ဆိုတာ ကျွန်တော်တို့ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေပြီး ကျန်းမာစေတဲ့အပြင် သံဓါတ်ကို ကောင်းစွာစုပ်ယူပေးလို့ အရိုးနဲ့ ကြွက်သားကို ကြံ့ခိုင်သန်စွမ်းစေတယ်။ အသားအရေကိုလည်း လှပစေတယ်။ ဗီတာမင်C ဓါတ်ဟာ သဘာ၀ ဟင်းသီးဟင်းရွက်တွေနဲ့ ခရမ်းချဉ်သီး၊ […]


အအေးမိဖျားနာခြင်း

ရာသီအပြောင်းအလဲမှာ ဖြစ်ပွားတတ်တဲ့ အအေးမိရောဂါအကြောင်း တစေ့တစောင်း…

လူတိုင်းကတော့ ဘဝမှာ အနည်းဆုံး တစ်ခေါက် အအေးမိဖူးကြမှာပါ။ ရာသီအပြောင်းအလဲမှာ အအေးမိဖျားနာတာမျိုး ဖြစ်တတ်ပြီး ရောဂါလက္ခဏာ မပြင်းထန်သည့်တိုင်အောင် ခံစားရတဲ့သူအတွက်ရော အနီးပတ်ဝန်းကျင်ကလူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ရောဂါ တစ်မျိုးပါ။ အအေးမိရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အခြေခံဗဟုသုတလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ ဘယ်လိုကူးစက်တတ်လဲ။ အအေးမိတယ်ဆိုတာ Virus ပိုးကနေ တစ်ဆင့် ကူးစက်တာ ဖြစ်ပါတယ်။ ရောဂါပိုးရှိတဲ့ သူတစ်ယောက်နဲ့ ထိတွေ့ဆက်ဆံမိတဲ့အခါ၊ သူတို့ ကိုင်တွယ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုပြီး ကိုယ့်ရဲ့ နှာခေါင်းနဲ့ ပါးစပ်ကို ပြန်ထိမိတဲ့အခါ၊ မျက်နှာသုတ်ပဝါမပါဘဲ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါမှာ ရောဂါပိုးတွေဟာ လေထဲကို ပျံ့နှံ့ပြီး ကူးစက်တတ်ပါတယ်။ Virus ရောဂါပိုးက ကိုယ်ခန္ဓာထဲ ဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်က ဒီရောဂါပိုးကို တိုက်ထုတ်ဖို့အတွက် သွေးဖြူဥတွေ ထုတ်ပေးရတယ်။ အဲ့အချိန်မှာ နှာခေါင်း၊ လည်ချောင်းတွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း