ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများကို သိထားခြင်းဖြင့် ကျန်းမာသော ကလေးလေးကို မွေးဖွားနိုင်ရန် များစွာ အထောက်အကူပြုမည် ဖြစ်သည်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

စိတ်ဖိစီးမှုတွေ က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သလား၊၊

စိတ်ဖိစီးမှုတွေ က ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားပြီးမှာ ဖြစ်မှာပါ၊၊ ဒါတင်မက စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ သုက်ကောင်တွေနဲ့ သုက်ရည်အပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာပါပြီ၊၊ တစ်နည်းအားဖြင့်တော့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနေပါပြီ၊၊ စိတ်ဖိစီးမှုတွေ နဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်း ၂၀၁၄ခုနှစ်က စိတ်ဖိစီးမှုနဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်၊၊ ဒီလေ့လာချက်မှာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ အသက် ၃၈နဲ့ ၄၉နှစ်ကြား အမျိုးသား ၁၉၃ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်၊၊ ဒီလေ့လာချက်မှာ လုပ်ငန်းခွင် ဖိစီးမှု၊ စိတ်ဖိစီးစရာ အဖြစ်အပျက်တွေနဲ့ ကြုံရတာ၊ စိတ်ဖိစီးမှုကို လက်ခံနိုင်စွမ်း စတာတွေကို ထည့်သွင်းလေ့လာခဲ့ပါတယ်၊၊ တွေ့ရှိချက်ကတော့ တစ်နှစ်မှာ စိတ်ဖိစီးစရာ အဖြစ်အပျက် ၂ခုနဲ့အထက် ခံစားခဲ့ရတဲ့ […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ ကို ရှာဖွေမည်။

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရှိမရှိ အဖြေထုတ်ပေးတဲ့ hCGဟော်မုန်း ဆိုတာဘာလဲ ။ ။

ကိုယ်ဝန် ရှိမရှိသိဖို့ဆို အိမ်မှာ ဆီးစစ်ကြည့်လေ့ရှိတယ်မလား။ အဲဒီမှာ ၂ ကြောင်းပေါ်ရင် ကိုယ်ဝန်ရှိတယ်။ တစ်ကြောင်းတည်းပေါ်ရင် ကိုယ်ဝန် မရှိဘူးဆိုတဲ့ အဖြေတွေထုတ်ပေးတယ်လေ။ ဒီလို ကိုယ်ဝန်ရှိမရှိ ဆီးစစ်တာနဲ့တင် အဖြေတွေထုတ်နိုင်အောင် လုပ်ပေးနေတဲ့ နောက်ကွယ်က ဇာတ်လိုက်တစ်ယောက်ရှိပါတယ်။ သူကတော့ hCGဟော်မုန်း ပဲ ဖြစ်ပါတယ်။ hCG ဟော်မုန်းဆိုတာ ဘာလဲ ။ ။ hCG ရဲ့ အရှည်ကောက်က Human chorionic gonadotropin ဟော်မုန်းဖြစ်ပြီး beta human chorionic gonadotropin (b-HCG)လို့လည်း သိကြပါတယ်။ သူက ကိုယ်ဝန်ရှိကြောင်း မရှိကြောင်းကို အဖြေထုတ်ပေးနိုင်တဲ့ ဟော်မုန်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ hCG ဟော်မုန်းကို ကိုယ်ဝန်ရှိမှ ဖြစ်တည်လာတဲ့ အချင်းက ထုတ်ပေးတဲ့ အတွက်ကြောင့်ပါ။ hCG ကို ဘယ်အချိန်မှာ စစ်ကြည့်လို့ရလဲ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

မတော်တဆ ကိုယ်ဝန်ရ သွားနိုင်တဲ့ လမ်းကြောင်းအသွယ်သွယ်

အိမ်ထောင်ပြုပီးသား စုံတွဲတွေ၊ ကလေးလိုချင်တဲ့ စုံတွဲတွေ အတွက်ကတော့ ကိုယ်ဝန်ဆိုတာ ဘုရားက ပေးတဲ့ လက်ဆောင်တစ်ခုပါ။ ဒါပေမယ့် သမီးရည်းစား ဘဝမှာတင် မရည်ရွယ်ဘဲ ကိုယ်ဝန်ရ သွားပြီဆိုရင်တော့ ပတ်ဝန်းကျင်က ရှုံ့ချတာ ခံရမယ့်အပြင် ကိုယ့်ဘဝတက်လမ်းကိုပါ ရိုက်ချိုးသလိုဖြစ်သွားတတ်ပါတယ်။ ဒီလိုနဲ့ တရားမဝင် ကိုယ်ဝန်တွေ ဖျက်ချကြပြီး အသက်ဆုံးရှုံးကြတာတွေဖြစ်လာပါတယ်။ ဒါတွေ အားလုံးရဲ့ တရားခံကတော့ လိင်မှုကိစ္စနဲ့ ပက်သက်ပြီး လူငယ်တွေ သိပ်ဗဟုသုတ မရှိတာကို လက်ညှိုးထိုးစရာရှိပါတယ်။ အရှက်အကြောက်ကြီးပြီး လိင်ကိစ္စတွေကို ကလေးတွေကို ပေးမသိဘူးဆိုတဲ့ အသိုင်းအဝိုင်းက ဆင်းသက်လာကြတော့ ကလေးတွေမှာ လိင်မှုဆိုင်ရာ ဗဟုသုတတွေ အရမ်းနည်းနေကြပါတယ်။ လိင်ကိစ္စနဲ့ ပက်သက်လို့ ၊ ကိုယ်ဝန်ရ ခြင်း မရနိုင်ခြင်းနဲ့ ပက်သက်လို့ အမေးများတဲ့ မေးခွန်းများ တစ်ခုကောင်းတာက အရင်တုန်းကထက် ပိုပြီးပွင့်လင်း မြင်သာရှိလာတဲ့ အခုခေတ်ကြီးမှာ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရစေရန် အစာအာဟာရထဲ ပါဝင်သင့်သည့် အချက် (၄) ချက်

စုံတွဲများသည် ကိုယ်ဝန်ရရှိနိုင်ရန် ကြိုးစားနေကြလျှင် အနှေးနှင့် အမြန် ကိုယ်ဝန်ရရန် မျှော်မှန်းကြပေသည်။ ကိုယ်ဝန်ရစေရန် ကြိုတင်ပြင်ဆင်ရာတွင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ လိင်ဆက်ဆံသည့် အချိန်၊ ကျန်းမာသည့် သန္ဓေသားဖွံ့ဖြိုးစေမည့် ကျန်းမာသည့် အစာအာဟာရ စသည့် များစွာသော အရာများကို သတိထားမိသည်။ ကိုယ်ဝန်ရစေရန် အစာအာဟာရထဲ ပါဝင်သင့်သည့် အချက် (၄) ချက် ကိုယ်ဝန်ရစေရန် အစာအာဟာရထဲ ပါဝင်သင့်သည့် အရာများကတော့ ဖောလစ်အက်စစ် (Folic Acid) ဖောလစ်အက်စစ်ကို အစားအစာများတွင် ဖောလိတ် (Folate )ဟုလည်း သိကြပြီး ဗိုက်တာမင် ဘီ အုပ်စုထဲတွင် ပါဝင်သည်။ Neural Tube Defect ဟုခေါ်သော ဦးနှောက်နှင့် အာရုံကြောမကြီးတွင် ဖြစ်ပွားသော မွေးရာပါ ချို့ယွင်းချက်များကို ကာကွယ်ပေးနိုင်သည်။ Neural Tube Defect သည် သန္ဓေအောင်ပြီး […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

မျိုးဥကြွေခြင်း ဆိုတာဘာလဲ

ကျန်းမာသော အမျိုးသမီးတိုင်းသည် တစ်လ တစ်ခါ မျိုးဥကြွေကြပါသည်။ မျိုးဥကြွေခြင်းသည် အမျိုးသမီးများ၏ကိုယ်ထဲတွင်ဖြစ်သော သဘာဝဖြစ်စဉ်များထဲမှ တစ်ခုဖြစ်ပါသည်။ သို့သော် လူအတော်အများသည် မျိုးဥကြွေခြင်းနှင့် ပတ်သက်ပြီး မသိကြသလို ယင်းဖြစ်စဉ်သည် လူသားများကို ဘယ်လို ကူညီပေးသလဲ အများစုက သေချာစွာ မသိကြပါ။ မျိုးဥကြွေခြင်း ဆိုတာဘာလဲ။ မျိုးဥကြွေခြင်း သည် အမျိုးသမီးများတွင် ဓမ္မတာလာခြင်းဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ မျိုးဥကြွေနေချိန်တွင် မျိုးအိတ်ထဲမှ မ မျိုးဥကလေးသည် ထွက်ကျလာပြီး သားဥပြွန်တလျှောက်ဆင်းသွားကာ သနေ္ဓတည်ရန်အဆင်သင့်အနေအထားဖြစ်နေပါသည်။ ဘယ်အချိန်မှာ မျိုးဥကြွေခြင်း ဖြစ်သလဲ။ အများစုသော မိန်းကလေးများသည် အသက် ၉ နှစ်နှင့် ၁၅နှစ်ကြားတွင် ရာသီလာကြပါသည်။ ထိုအချိန်မှ စပြီး ကိုယ်ဝန်ဆောင်နိုင်လာပါသည်။ အမျိုးသမီးတစ်ဦးသည် မျိုးပွားသည့်အရွယ်အတွင် စမ္မတာပေါ်နေစဉ် ၁၀ ရက်မြောက်နေ့နှင့် ၁၉ ရက်မြောက်နေ့အတွင်းတွင် မျိုးဥကြွေပါသည်။ ဓမ္မတာလာချိန်တွင် ပထမဦးဆုံးရက်မှ စပြီး […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

မမျှော်လင့်ထားသောကိုယ်ဝန်က သင့်ကိုအံ့သြသွားစေမလား

အမျိုူသမီးအများစုသည် ကိုယ်ဝန်ဆောင်မည်ကို လများစွာကြိုတင်ပြီး စီစဉ်ထားလေ့ရှိကြပါသည်။ သို့သော် တစ်ချို့တွင် လိင်သဘာဝနှင့် သားဆက်ခြားဆိုင်ရာ အခြေခံအသိများ နားလည်လွဲသွားခြင်းကြောင့် မလိုအပ်သည့် ကိုယ်ဝန်မျိုး ရလာနိုင်ပါသည်။ ထို့ကြောင့် တစ်ရက်ရက်မှာ မမျှော်လင့်သောကိုယ်ဝန်မျိုး သင်ရလာနိုင်မလားဆိုတာကို တွေးတောဖူးပါသလား သို့မဟုတ် သင်လိုချင်သည့်အချိန်မှပဲ ရလိမ့်မည်ဟု ယုံကြည်ချက်ရှိပါသလား။ သားဆက်ခြားခြင်းအကြောင်း သင်ဘယ်လောက်ထိ သိထားသလဲ။ ကွန်ဒုံး၊ တားဆေး၊ သားအိမ်တွင်းပစ္စည်းထည့်ခြင်း စသည်ဖြင့် သားဆက်ခြားနည်း အမျိုးမျိုးရှိပါသည်။ ၎င်းတို့သည် ၉၀% နီးပါးထိ အောင်မြင်နိုင်သောနည်းများ ဖြစ်ပါသည်။ ထို့အတူ အမျိုးသမီးသားကြောဖြတ်ခြင်း သို့မဟုတ် အမျိုးသားသာကြောဖြတ်ခြင်းတို့ မအောင်မြင်သည်လည်း ရှားပါသည်။ သို့သော် သားဆက်ခြားနည်းများကိုသုံးနေရင်းပင် မတော်တဆဆိုတာ ဖြစ်လာနိုင်ပါသည်။ ဒါဆို ဘာကြောင့် ဖြစ်ရမလဲ။ သားဆက်ခြားဆေးများကို မှားယွင်းစွာသုံးနေပါက ကလေးရနိုင်ချေ များပါသည်။ ဥပမာအားဖြင့် သင်ပါ့တနာမှ ကွန်ဒုံးသုံးသည်ဆိုပါစို့။ ကွန်ဒုံးတွင် အပေါက်သေးသေးလေး […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

အမွှာလေးမွေးစေရန် အထောက်အကူပြုမည့် အချက်များ

ချွတ်စွပ်တူသည့်အမွှာများသည် ကိုယ်ဝန်ဆောင် သုံးယောက်တွင် တစ်ယောက်မွေးနိုင်ပါသည်။ မမျိုးဥတစ်ဥတည်းမှ သဘာဝအတိုင်းဖြစ်တည်လာပြီး တခြားသောအချက်များ ဘာကြောင့်မှမဟုတ်ပါ။ သို့သော် ရုပ်မတူသည့်အမွှာ သို့မဟုတ် သုံးမွှာ တို့သည် မတူညီသော မမျိုးဥများမှဖြစ်တည်လာပြီး ဖြစ်လာရသည့်အကြောင်းရင်းများလည်း ရှိပါသည်။ ထို့ကြောင့် သင့်မိသားစုရာဇဝင်၊ သင့်အစားအသောက်၊ သင်မွေးထားသည့်ကလေးအရေအတွက်၊ မိခင်အသက်၊ သင်နေထိုင်ရာနှင့် မျိုးပွားကုထုံးများပေါ်မူတည်ပြီး နှစ်မွှာ သို့ ထိုထက်များအောင် ပြုလုပ်ရန် ဖြစ်နိုင်ပါသည်။ မိသားစုရာဇဝင် မိသားစုရာဇဝင်ဆိုသည်မှာ မိခင်ဖက်ကို ဆိုလိုသည်။ ဖခင်ဖက်မပါပါ။ သင့်အမျိုးသားဖက်မှ အမွှာရှိရှိ မရှိရှိ သင့်နှင့်မဆိုင်ပါ။ အဓိကသော့ချက်က အမျိုးသမီး၌သာရှိ၏။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးကသာ သားဥထုတ်သူမဟုတ်ပါလား။ ထို့ကြောင့် သင့်မျိုးရိုးတွင် အမွှာကိုယ်ဝန်ဆောင်ဖူးသူများရှိထားပါက သင့်မှာလဲ ကိုယ်ဝန်ဆောင်နိုင်ချေ ရှိပါသည်။ အစားအသောက် အမျိုးမျိုးသောအစားအသောက်များသည် ဟော်မုန်းအပြောင်းအလဲကို ဖြစ်စေနိုင်ပါသည်။ ဟော်မုန်းပြောင်းခြင်းသည် အမွှာရနိုင်ချေ ရှိမရှိကို တိုးစေ လျော့စေနိုင်ပါသည်။ သဘောအားဖြင့် သင်သည် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ပျက်ကျပြီး နောက် ဘယ်လိုဖြေသိမ့်ရမလဲ

ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ ကြိုသိနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ တကယ်တမ်းကြုံလာတဲ့အခါ ကိုယ့်ရင်သွေးလေးကို ဆုံးရှုံးလိုက်ရပြီဆိုတဲ့ ဝမ်းနည်းမှုအတိုင်းအတာက ထင်ထားထက်ကို ပိုနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျပြီး တဲ့အချိန်က တကယ်ကိုအရေးကြီးပါတယ်။ ဖြစ်ပြီးသွားတဲ့အရာကို ဘာမှမတတ်နိုင်တော့ဘူးဆိုပေမယ့် လက်ရှိမိခင်လောင်းရဲ့ ကျန်းမာရေးက အဓိကထားရမယ့်အချက်ပါ။ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေက ခန္ဓာကိုယ်ရုပ်ပိုင်းထက် အနာကျက်ဖို့ အချိန်ပိုကြာလေ့ရှိပါတယ်။ ဒါ့ကြောင့် ဆုံးရှုံးမှုအပေါ် ဝမ်းနည်းပူဆွေးစိတ်တွေ သက်သာအောင် ကိုယ့်ဘာသာကြိုးစားတာကပဲ အချိန်ကြာလာတာနဲ့အမျှ လက်ရှိအခြေအနေကို လက်ခံပေးနိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ ကိုယ်ဝန်က ဘယ်နှစ်လပဲဖြစ်ဖြစ် ကိုယ်ဝန်ပျက်ကျပြီးရင် အပြစ်မကင်းစိတ်တွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဝမ်းနည်းစိတ်တွေဖြစ်လာမယ့်ကာလကို ကျော်ဖြတ်ရမှာ သဘာဝပါပဲ။ ဘာ့ကြောင့်များဒီလိုဖြစ်ရတာလဲဆိုပြီး နှမျောတသစိတ်နဲ့ တွေးနေမိမှာလည်းသေချာပါတယ်။ ကိုယ်ဝန်ပျက်ကျပြီးနောက် ဖြစ်လာနိုင်ခြေရှိတဲ့ ခံစားချက်တွေက အပြစ်တင်စိတ် - ဒီလိုဖြစ်ရတာတွေက ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဆိုတာ မတွေးပါနဲ့။ လုပ်ရပ်ကိစ္စတစ်ခုခုကြောင့် ဖြစ်လာတာမျိုးက နည်းပါတယ်။ ဒေါသစိတ် -တစ်ခါတလေ ကိုယ့်အနီးအနားကသူတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေကို […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်မဆောင်ခင် ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေ

ကိုယ်ဝန်မဆောင်ခင် သင့်တော်တဲ့ ကာကွယ်ဆေးတွေ ထိုးထားခြင်းအားဖြင့် သင့်အတွက်ရော ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက်ပါ စိတ်ချရစေပါတယ်။ သင့်ခုခံအားစနစ်ဟာ သင့်ကလေးရဲ့ အကြီးဆုံးနဲ့ ပထမဆုံး ခံတပ်ကြီးဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကလေးယူတော့မယ်၊ကိုယ်ဝန်ဆောင်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ကာကွယ်ဆေးတွေကို လိုအပ်သမျှ ပြည့်စုံအောင် ထိုးထားရမှာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ကိုဒုက္ခပေးနိုင်တဲ့ အချို့သော ကူးစက်ရောဂါတွေဟာ ကြိုတင်ကာကွယ်လို့ရနိုင်ပါတယ်။ သင့်အနေနဲ့ အဆိုပါ ရောဂါတွေကို ခုခံတိုက်ထုတ်နိုင်တဲ့ ခုခံအား ရှိမရှိ သိနိုင်ဖို့အတွက် ကိုယ်ဝန်မဆောင်ခင်မှာ သွေးစစ်ဆေးမှုလေးတွေ ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ သင့်မှာ ခုခံအားမရှိသေးဖူးဆိုရင် ကာကွယ်ဆေးထိုးသင့်ပါတယ်။ ၎င်းကာကွယ်ဆေးတွေဟာ ဗိုင်းရပ်စ်အရှင်တွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ကလေးကိုထိခိုက်နိုင်တဲ့အတွက် သင့်အနေနဲ့ ဆေးထိုးပြီး တစ်လအတွင်း ကိုယ်ဝန်မရအောင် ဆင်ခြင်ရပါမယ်။   ၁။ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးကာကွယ်ဆေး ဝက်သက်ဟာ ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ဖျားနာခြင်း၊ချောင်းဆိုးခြင်း၊နှာစေးခြင်း စတဲ့ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဇီကာရောဂါ ဖြစ်ပွားနေတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်ခြင်းကို ရှောင်ကျဉ်သင့်လား

ယခုအခါ ကလေးယူဖို့ စိတ်ကူးရှိနေမယ်ဆိုရင် ဇီကာဗိုင်းရပ်စ်ဟာ အရေးတယူ စဉ်စားရမယ့် ကိစ္စတစ်ခုဖြစ်လာပါပြီ။ မိန်းမအများစုက ဇီကာဗိုင်းရပ်စ်ဆိုတာဘာလဲ၊ ဘယ်လိုကုသနိုင်မလဲ၊ ရောဂါလက္ခဏာတွေက ဘာတွေလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ၊ ဇီကာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်သင့်လား၊ မသင့်ဘူးလားဆိုတာကို သိချင်နေကြပါတယ်။   ဇီကာဗိုင်းရပ်စ်ဆိုတာဘာလဲ။ ဇီကာရောဂါဟာ ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရတာပါ။ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO)က ကိုယ်ဝန်ဆောင်များအတွက် ဇီကာဗိုင်းရပ်စ်နဲ့ ဇီကာရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြအနေအဖြစ် သတ်မှတ်ပြီးပါပြီ။ ထိုအခြေအနေသည် ရိုးရိုးသာမန်လူများထက် ကိုယ်ဝန်ဆောင်မိခင်တို့ဖြင့် ဆက်စပ်မှုရှိနေပါတယ်။ ဇီကာရောဂါက မွေးရာပါချို့ယွင်းချက် အများအပြားကို ဖြစ်စေပါတယ်။ ထိုဗိုင်းရပ်စ်နဲ့ ရောဂါတို့က Microcephaly လို့ခေါ်တဲ့ ဦးနှောက်ထိခိုက် ခံရနိုင်ဖွယ်ရှိသော ဦးခေါင်းသေးရင်သွေးငယ်များ မွေးဖွားလာစေပါတယ်။   ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အဖျားတက်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်ကိုက်ခဲခြင်း၊ မျက်လုံးနီခြင်းတို့လိုမျိုး လက္ခဏာတွေဟာ ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာနိုင်ပါတယ်။ ၂ရက်ကနေ ၇ရက်အထိ ကြာမြင့်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ဇီကာဗိုင်းရပ်စ် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရှိမရှိ စစ်ဆေးမှုများ : ကိုယ်ဝန်ရှိနေသော်လည်း မရှိကြောင်း အဖြေရခြင်း နှင့် ကိုယ်ဝန်မရှိသော်လည်း ရှိကြောင်း အဖြေရခြင်း

အမျိုးသမီးများသည် ရာသီသွေးမပေါ်တော့လျှင် အလွယ်နည်များဖြင့် မိမိအိမ်တွင်ပင် ကိုယ်ဝန်ရှိမရှိစစ်ဆေးကြသော်လည်း ထိုစစ်ဆေးမှုများသည် တိကျမှုမရှိကြောင်း လေ့လာမှုများအရသိရှိရသည်။ အကြောင်းမှာ ထိုနည်းများသည် လူတို့ထင်ထားသလောက်တိကျသော အဖြေကို ပေးနိုင်သော နည်းလမ်းမဟုတ်ပါ၊ ရာသီမပေါ်ပြီး ၁ ပတ်ခန့်ကြာမှ စစ်ဆေးခြင်းက ပိုပြီးစိတ်ချရပါသည်။ သို့သော်လည်း စစ်ဆေးမှုရလဓ်များသည် မှားနိုင်ချေ ၂ မျိုးရှိပါသည်။   ကိုယ်ဝန်ရှိနေသော်လည်း မရှိကြောင်း အဖြေရခြင်း ဆိုတာဘာလဲ။ ကိုယ်ဝန်ရှိနေသော်လည်း မရှိကြောင်း အဖြေရခြင်း ဆိုသည်မှာ သင့်တွင် ကိုယ်ဝန်မရှိသော်လည်း ရှိကြောင်းပြနေသော အဖြေများကို ခေါ်ပါသည်။ ထိုသို့ဖြစ်ရခြင်း အကြောင်းများမှာ သွေးဆုံးသွားခြင်း၊ နေရာမှား သန္ဓေတည်ခြင်း သို့မဟုတ် မျိုးဥအိမ်တွင် ချို့ယွင်းမှုများရှိခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်။ ထို့ပြင် မျိုးအောင်ပြီးသော မျိုးဥသည် သားအိမ်နံရံတွင် မကပ်တွယ်နိုင်ဘဲပျက်စီးသွားခြင်း၊ HCG ဟော်မုန်းပါသော မျိုးအောင်ဆေးများသောက်ပြီး ခဏအကြာတွင် ကိုယ်ဝန်ကို စစ်ဆေးမိခြင်းတို့ကြောင့်လည်းဖြစ်နိုင်ပါသည်။(HCG ဟော်မုန်းဆိုသည်မှာ မျိုးအောင်ပြီးသော ဥသည် သားအိမ်တွင်ကပ်တွယ်ပြီးနောက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း