ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများကို သိထားခြင်းဖြင့် ကျန်းမာသော ကလေးလေးကို မွေးဖွားနိုင်ရန် များစွာ အထောက်အကူပြုမည် ဖြစ်သည်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

စိတ်ဖိစီးမှုတွေ က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သလား၊၊

စိတ်ဖိစီးမှုတွေ က ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားပြီးမှာ ဖြစ်မှာပါ၊၊ ဒါတင်မက စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ သုက်ကောင်တွေနဲ့ သုက်ရည်အပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာပါပြီ၊၊ တစ်နည်းအားဖြင့်တော့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနေပါပြီ၊၊ စိတ်ဖိစီးမှုတွေ နဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်း ၂၀၁၄ခုနှစ်က စိတ်ဖိစီးမှုနဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်၊၊ ဒီလေ့လာချက်မှာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ အသက် ၃၈နဲ့ ၄၉နှစ်ကြား အမျိုးသား ၁၉၃ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်၊၊ ဒီလေ့လာချက်မှာ လုပ်ငန်းခွင် ဖိစီးမှု၊ စိတ်ဖိစီးစရာ အဖြစ်အပျက်တွေနဲ့ ကြုံရတာ၊ စိတ်ဖိစီးမှုကို လက်ခံနိုင်စွမ်း စတာတွေကို ထည့်သွင်းလေ့လာခဲ့ပါတယ်၊၊ တွေ့ရှိချက်ကတော့ တစ်နှစ်မှာ စိတ်ဖိစီးစရာ အဖြစ်အပျက် ၂ခုနဲ့အထက် ခံစားခဲ့ရတဲ့ […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ ကို ရှာဖွေမည်။

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

မျိုးအောင်နိုင်စေမယ့် အာဟာရဓါတ်များ

ဆေးဝါးနည်းပညာတွေအပြင် သင့်ရဲ့ မျိုးအောင်နိုင်စွမ်းကို တိုးတက်စေမယ့် အကောင်းဆုံးနည်းလမ်းကတော့ စားသောက်မှုပုံစံပြောင်းလဲခြင်းပါပဲ။ စားနေကျ အစားအသောက်တွေကို အနည်းငယ်ပြောင်းလဲပြီး နေ့စဉ်နေ့တိုင်းဖြည်းဖြည်းချင်း တစ်ဆင့်ချင်းစီပြောင်းလဲပါ။ ဒီနောက်မှာတော့ ကိုယ်ဝန်ရနိုင်မယ့်အခွင့်အရေးတွေ အများကြီးတိုးလာပါလိမ့်မယ်။ သင့်ရဲ့ အစားအသောက်တွေထဲမှာ မရှိမဖြစ်ထည့်ထားရမယ့် ပစ္စည်း ၅မျိုးရှိပါတယ်။ ဒီအရာတွေက သင့်ကို အာဟာရတန်ဖိုးမြင့်စေပြီး မျိုးအောင်နိုင်စွမ်းကို တိုးမြှင့်ပေးမယ့် စွမ်းအင်ရင်းမြစ်ကြီးပါပဲ။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ဗီတာမင် D : နောက်ဆုံးလေ့လာချက်တွေမှာတော့ မျိုးမအောင်တဲ့အမျိုးသမီး ၆၇ယောက်မှာ ၇%ကသာ ဗီတာမင် D လယ်ဗယ်ပုံမှန်ဖြစ်နေပါတယ်။ မျိုးဥကြွေခြင်းကို ထိန်းချုပ်ပေးတဲ့ sex hormones တွေကို သင့်ခန္ဓါကိုယ်က ဖန်တီးပေးဖို့အတွက် ဗီတာမင် D ကို လိုအပ်ပါတယ်။ ဗီတာမင် E : သူကတော့ သုက်ပိုးတွေရဲ့ကျန်းမာရေးနဲ့ လှုပ်ရှားရွေ့လျားနိုင်စွမ်းကို တိုးတက်စေပါတယ်။ ဒါက သုက်ပိုးနဲ့ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်မဆောင်ခင် ဘာကာကွယ်ဆေးတွေ ထိုးဖို့လိုသလဲ

အမျိုးသမီးတွေရဲ့ ကိုယ်ခံအားစနစ်ဟာ ကိုယ်ဝန်ဆောင်ကာလမှာပုံမှန်ထက်ပိုပြီး အားနည်းနေလေ့ရှိတာကြောင့် နာမကျန်းဖြစ်မှုတွေ၊ကူးစက်ပိုးဝင်မှုတွေကိုခံစားရနိုင်ပြီး မိခင်ကိုရောဖွံ့ဖြိုးဆဲကလေးကိုပါ ထိခိုက်စေနိုင်တဲ့အတွက် ကာကွယ်ဆေးတွေ ထိုးထားခြင်းဟာဒီလိုအခြေအနေတွေ မဖြစ်ရလေအောင် ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ဖို့အစီအစဉ် ရှိတယ်ဆိုရင် ကာကွယ်ဆေးတွေအားလုံးကိုအပြည့်အစုံထိုးထားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဖြစ်ပွားလာနိုင်ပြီးကာကွယ်လို့ရတဲ့ ရောဂါတွေ ဖြစ်တဲ့ ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုးနဲ့ ရေကျောက်ကာကွယ်ဆေးတွေကို ထိုးထားသင့်ပါတယ်။ ဒါ့အပြင် သင့်သွေးထဲမှာ ဒီရောဂါတွေကိုခုခံကာကွယ်နိုင်တဲ့ ခုခံအားတွေ ရှိမရှိကိုသိနိုင်ဖို့အတွက် ကိုယ်ဝန်မရသေးခင်ကာလမှာသွေးစစ်ကြည့်ဖို့ လိုအပ်ပြီးမရှိဘူးဆိုရင်တော့ ကိုယ်ဝန်မဆောင်ခင် ကြိုတင်ပြီးကာကွယ်ဆေးတွေကို ထိုးထားနိုင်ပါတယ်။ ကာကွယ်ဆေးတွေဟာသက်ရှိ ဗိုင်းရပ်စ်တွေကနေထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် သင့်ကလေးကို ထိခိုက်စေနိုင်တာကြောင့် ကာကွယ်ဆေးထိုးပြီး တစ်လအတွင်းမှာကိုယ်ဝန်မရှိအောင် တားဆီးထားရပါမယ်။ ဒါပေမယ့် သင့်အနေနဲ့ ကိုယ်ဝန်မရှိခင်ကာလမှာဒီကာကွယ်ဆေးတွေကို မထိုးခဲ့ရဖူးဆိုရင် ကလေးမွေးပြီးတာနဲ့ တတ်နိုင်သမျှ အမြန်ဆုံးထိုးရပါမယ်။ နို့တိုက်မိခင်တွေကိုကာကွယ်ဆေးထိုးပေးနိုင်ပြီး ဒီလိုထိုးပေးခြင်းအားဖြင့် ကလေးဆီရောဂါကူးစက်နိုင်ခြေကိုလျော့နည်းစေပါတယ်။   ၁။ ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုးသုံးမျိုးစပ် ကာကွယ်ဆေး […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်း ကိုကာကွယ်ခြင်း

ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် အနေနဲ့ သူမရဲ့ ဆယ်ကျော်သက်ဘဝမှာ တွေ့ကြုံဖြတ်သန်း ဖို့စောင့်မျှော်နေတယ့် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူမဘ၀ ကိုအဆုံးထိရောက်အောင် ဆွဲချသွားနိုင်တဲ့ အမှားတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ အရွယ်မတိုင်ခင် ဆယ်ကျော်ဘဝမှာ ကိုယ်ဝန်ရှိသွားခြင်းပါပဲ။ ဒီအချက်က မိခင်သာမက ကလေးအတွက်ပါ ကြီးမားတဲ့လူမှုဆက်ဆံရေး နဲ့ပတ်သတ်တဲ့နောက်ဆက်တွဲ ပြသနာတွေ ကိုယူဆောင်လာနိုင်ရုံသာမက တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့ လူမှုဆက်ဆံရေးပြသနာတွေ ထဲက အရှုပ်ထွေးဆုံးတစ်ခုလည်း ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ဒီလို ဆယ်ကျော်သက်ကလေးတွေရဲ့ ဘဝကို အပြည့်အဝထိန်းချုပ်လို့ မရတာမှန်ပေမယ့် အရှေ့မှာပြောခဲ့သလို နောင်တရစရာ အခြေအနေတွေ ရှောင်ရှားနိုင်အောင် မိဘတွေအနေနဲ့ လုပ်နိုင်တာလေးတွေ အများကြီးရှိပါတယ်။ ၁။ လိင်မှုကိစ္စနဲ့ ပတ်သတ်တာတွေကို လုံး၀ မထုတ်ဖော် မပြောပြသင့်တဲ့ကိစ္စ အနေနဲ့ မသတ်မှတ်သင့်ပါ။ လူတစ်ယောက်ရဲ့ဘဝအတွက်အရးကြီးတဲ့ သင်ခန်းစာ တွေက ကျောင်းကပေးတဲ့ သင်ခန်းစာတွေထဲကဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ဆောင် ဆယ်ကျော်သက် သမီးငယ်ကိုကူညီပါ

ကိုယ်ဝန်ဆောင်ရခြင်းဟာ အမျိုးသမီးတစ်ယောက်အတွက် အခက်ခဲဆုံးအတေ့ွအကြုံဖြစ်ရပ်ပါ။ ထိုမိခင်လောင်းဟာ ဆယ်ကျော်သက်ဆိုရင် ပိုခက်ခဲတာပေါ့။ တကယ်လို့ သင့်ဆယ်ကျော်သက်သမီးငယ်ဟာ ထိုကဲ့သို့အခက်အခဲကို ရင်ဆိုင်နေရတယ်ဆိုရင်တော့ သင့်ဆီကနေ မေတ္တာတွေ အားပေးမှုတွေ နင့်နေအောင်လိုအပ်ပါလိမ့်မယ်။ အမြဲသူ့အတွက်ရှိနေပေးပါ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ရခြင်းဟာ ထိုကာယကံရှင်မိန်းကလေးနဲ့ သူ့မိသားစုအတွက်သာမက သက်ဆိုင်တဲ့ကောင်လေးအတွက်ပါ အိပ်မက်ဆိုးတစ်ခုပါ။ ဒေါသတွေ၊ အပြစ်တင်စိတ်တွေအပြီးမှာ သင့်သမီးငယ်ဟာ စိတ်ဓါတ်ကျမှုနဲ့ စိုးရိပ်ကြောင့်ကြမှုတွေ ကြုံနေရမှာပါ။ ဒါကြောင့် သူ့ကိုစကားပြောကြည့်ပြီး သူ့ရွေးချယ်မှုကို နားလည်ကူညီပေးဖို့ အရေးကြီးပါလိမ့်မယ်။ ထိုကိုယ်ဝန်နဲ့ပတ်သက်လို့ဘာလုပ်နိုင်မလဲ •ကလေးကိုပျိုးထောင်ခြင်း ဆယ်ကျော်သက်မိခင်အများစုဟာ သူတို့ကလေးကို ဆက်လက်ပျိုးထောင်တတ်ပါတယ်။ တချို့က ကလေးဖခင်နဲ့ လက်ထပ်လိုက်ကြသော်လည်း တချို့ကတစ်ဦးတည်းအဖြစ်သာ ရပ်တည်ပါတယ်။ သင်ရော၊ သင်တို့မိသားစုရော သမီးဖြစ်သူကို ကူညီနိုင်မယ်ဆိုရင်တောင်မှ ကလေးတစ်ယောက်ကို ပျိုးထောင်ရင်း ကျောင်းပြီးအောင်တက်ဖို့၊ အလုပ်ကောင်းကောင်းရဖို့ဆိုတာ ဘယ်လိုမှမလွယ်ပါဘူး။ ဒါကြောင့် သမီးဖြစ်သူက ကလေးကိုမွေးမြူမယ်လို့ ဆုံးဖြတ်မယ်ဆိုရင် ဘာတွေတွေ့ကြုံလာရမယ်၊ ဘာတွေကစောင့်ကြိုနေမယ်ဆိုတာ အရင်သိပါစေ။ •မွေးစားဖို့ ပေးလိုက်မယ် ကလေးကိုမွေးစားဖို့ ပေးပစ်လိုက်မှာက နောက်ထပ်ရွေးစရာတစ်ခုပါ။ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု မြင့်တက်လာခြင်း

လတ်တလော စစ်တမ်းများအရ ဆယ်ကျော်သက်တွေကြားက ကိုယ်ဝန်ဆောင်မှုပြဿနာဟာ စိုးရိမ်ဖွယ်ရာအရှိန်နှုန်းနဲ့ တရှိန်ထိုးမြင့်တက်လျက်ရှိတယ်။ ၂၀၁၂ မှာ တကမ္ဘာလုံးဆိုင်ရာကျောင်းက စုံစမ်းလိုက်ရာမှာတော့ အင်တာဗျူးလာရောက်ဖြေဆိုသော ဆယ်ကျော်သက်တွေမှာ အသက် ၁၃ နှင့် ၁၇ ကြားမှာရှိပါတယ်။ အနှီစစ်တမ်းက နိုင်ငံသားတွေကို မထင်ထားတဲ့ရလဒ်တစ်ခုပေးခဲ့ပါတယ် ဒါကတော့ အင်တာဗျူးလာဖြေတဲ့ ဆယ်ကျော်သက်တွေဟာ သူတို့ ၁၄ နှစ်မပြည့်သေးခင်မှာတင် လိင်ဆက်ဆံခဲ့ကြပါတယ်လို့ ဝန်ခံခဲ့ကြခြင်းဖြစ်ပါတယ်။ အဆိုပါ ပြဿနာအပေါ်တွင် မိဘတို့၏တာဝန် ၎င်းပြဿနာဟာ အစိုးရက ကျောင်းတွေ၊ အထူးသဖြင့် အလယ်တန်းကျောင်းတွေမှာ ပြည့်စုံကျယ်ပြန့်တဲ့ လိင်ပိုင်းဆိုင်ရာကျန်းမာရေးအသိပေးဖို့နောက်ကျတာကြောင့် ဆိုပြီး အစိုးရကိုအပြစ်တင်စောလို့မရပါဘူး။ ပထမဆုံးနဲ့ အဓိကတာဝန်က မိဘတွေဆီမှာပါ၊ သူတို့တွေက သူတို့ဆယ်ကျော်သက် သားတွေ သမီးတွေကို ခန္တာကိုယ်ရဲ့ အဖို အမ အင်္ဂါအစိတ်အပိုင်းတွေနဲ့ပက်သက်လို့ သင်ပြလမ်းညွှန်ပြောပြပေးသင့်တယ်ဆိုတာ သိဖို့လိုပါတယ်။ ဆယ်ကျော်သက်ကလေးတွေ လိင်ကိစ္စနဲ့ပတ်သတ်ပြီး ဆုံးဖြတ်တာမှာ မိဘတွေရဲ့အခန်းကဏ္ဍကအရေးကြီးပါတယ်။ မိဘတွေနဲ့ သားသမီးတွေကြားက ရင်းနှီးမှုဟာ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရှိနေတာကို ကာယကံရှင် ကိုယ်တိုင်မသိဘူးဆိုတာ ဖြစ်နိုင်လား

"အမျိုးသမီးတယောက်က ကလေးမွေးခါနီးအထိ ကိုယ်ဝန်ရှိနေတာကို မသိဖူး" "ဟိုကောင်မလေးပေါ့ ဗိုက်ထဲက ကလေးကတိုးထွက်လာတော့မှ ကိုယ်ဝန်ရှိမှန်းသိတာ" စသဖြင့်ပြောကြတာကို ကြားဖူးကောင်းကြားဖူးကြပါလိမ့်မယ်။ ဒီလိုကြားမိတဲ့အခါ သင်တွေးပါလိမ့်မယ်။ ကိုယ့်ဗိုက်ထဲမှာ ကလေးတယောက်လုံးရှိနေတာကို မသိဖူးဆိုတာ ဖြစ်နိုင်ပါ့မလားပေါ့။ သင့်မှာကိုယ်ဝန်ရှိနေတာကို သင်ကိုယ်တိုင်မသိတာဖြစ်နိုင်သလား။ ဒါဟာ တကယ်ပဲ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ကိုယ်ဝန်ကို ငြင်းဆန်ခြင်းလို့ ခေါ်ပါတယ်။ ဘယ်လို အနေအထားမျိုးတွေမှာ ဒီကိစ္စမျိုးဖြစ်လာနိုင်သလဲ ဆက်ကြည့်ရအောင်။ သင့်မှာ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေ ရှိနေမယ်။ ကိုယ်ဝန်ရှိလာမှာကို ကြောက်နေတာ၊စိတ်ဖိစီးမှုတွေ အရမ်းများတာမျိုး ဖြစ်နေနိုင်ပါတယ်။ ကလေးရလာမှာ၊အမေတယောက်ဖြစ်ရမှာကို ကြောက်နေမယ်ဆိုရင် သင်ကြောက်နေတဲ့ အရာတွေကို သင့်ခန္ဓါကိုယ်နဲ့ မသိစိတ်က ငြင်းဆန်တာ ဒါသဘာဝပါ။ သင့်ခန္ဓါကိုယ်ရဲ့ ပြောင်းလဲမှုတွေကို လျစ်လျူရှုပြီး ဒါကိုယ်ဝန်မဟုတ်နိုင်ပါဖူးလေ ဆိုပြီး တွေးမိနေပါလိမ့်မယ်။ တချို့အမျိုးသမီးတွေမှာကျတော့ (အိမ်ထောင်မရှိသူတွေ) ကိုယ်ဝန်ရှိလာရင် သူတို့မှာ လိင်မှုကိစ္စရှိနေတာကို လူတွေသိသွားမှာ ဒါမှမဟုတ် လူမှုရေးဖောက်ပြန်တဲ့ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ယူလိုလျှင်ပြင်ဆင်သင့်သော အချက်များ

ကလေးရရှိခြင်းဟာ ဘဝရဲ့ပျော်ရွင် စိတ်လှုပ်ရှားစရာ အစိတ်အပိုင်းဖြစ်ပါသည်။ ဒါပေမယ့် ကလေးမယူခင် ပြင်ဆင်သင့်သည်များကို ပြင်ဆင် ထားမှ မိခင်ရော ကလေးပါ ကျန်းမာမည်ဖြစ်သည်။ ကိုယ်ဝန်ယူရန် ဆရာဝန်နှင့်ဆွေးနွေးပါ။ ကိုယ်ဝန်မဆောင်ခင် ကျန်းမာရေး စစ်ဆေးချက်များကြိုတင်လုပ်ဆောင်သင့်ပါသည်။ တစ်နှစ်ခန့်ကြိုတင် စစ်ဆေးနိုင်ပါသည်။ ကျန်းမာရေးအနေအထား၊ နေထိုင်မှုပုံစံတို့က ကိုယ်ဝန်ရရှိခြင်းကို ဟန့်တားစေပါသည်။ ဒါကြောင့် ဆရာဝန် ညွန်ကြားသည့်အတိုင်းလိုက်နာ ရန်လိုအပ်ပါသည်။ အရက်၊ ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ။ ဆေးလိပ်သောင်ခြင်းဟာ ကလေးကို ဆိုးဝါးစွာထိခိုက်စေပါသည်။ သားပျက်သားလျှောခြင်း။ လမစေ့၊ ပေါင်မပြည့်ဘဲ မွေးခြင်း ဖြစ်စေနိုင်ပါသည်။ အချို့သော ဆေးဝါးများမှာ လည်းသွေးထဲတွင် အချိန်အတော်ကြာကျန်ရှိနိုင်သည်မို့ လိုအပ်ပါက ကြိုတင်ရပ်ထားသင့်ပါသည်။ အရက်သောက်ခြင်းဟာ ပုံမှန်ပမာဏ ဖြစ်ပါက ( တစ်ရက်တခွက်) ဘေးမဖြစ်နိုင်သော်လည်း ပမာဏများပါက အန ္တရာယ်ရှိစေပါသည်။ လတ်ဆတ်သော အစားအစာများရွေးချယ်စားပါ။ ကျန်းမာသော အစားအစာကို […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

အသင့်စား အစာတွေfast food တွေက သင့်ကို ကလေးမရတာ ဖြစ်စေနိုင်သလား

ကလေးမရနိုင်တာဟာ အိမ်ထောင်သည်အများစုအတွက် အရေးကြီးတဲ့ ပြဿနာ တခုပါ။ သင့်ဘေးနားပတ်ဝန်းကျင်မှာ ကလေးမရနိုင်တဲ့ စုံတွဲတွေကို သင်တွေ့မိမှာပါ။ လွန်ခဲ့တဲ့ နှစ်ကာလတွေတုန်းက ကလေးမရနိုင်ဖူးဆိုတာ အင်မတန်ရှားပေမယ့် လက်ရှိအချိန်မှာတော့ စုံတွဲငါးတွဲမှာ တတွဲဟာ ဒီပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆောင်းပါးမှာ သဘာဝအတိုင်း ကိုယ်ဝန်ရနိုင်ဖို့အတွက် သိထားဖို့လိုတဲ့ သတင်းလေးတွေ နဲ့ နည်းလမ်းလေးတွေကို သင်ရှာဖွေ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးမှာ အခုကျွန်တော်တို့ ဆွေးနွေးချင်တာက လက်ရှိခေတ်ရဲ့ ကံအကောင်းဆုံးလို့ ပြောလို့ရသလို ကံအဆိုးဆုံးလို့လည်း ပြောလို့ရတဲ့ အချက်ကိုပါ။ အသင့်စား အစာတွေ (ကြက်ကြော်၊ဟမ်ဘာဂါ၊အာလူးကြော် စတာတွေပေါ့)ဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အပြင် ဈေးလည်း ပေါလှတယ်ရယ် မဟုတ်တဲ့အတွက် မစားကြပါနဲ့လို့ ပြောတာတွေကို သင်မကြာခဏ ကြားကောင်းကြားမိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အတော်များများဟာ ကြက်ကြော်တို့၊ဘာဂါတို့ကို အပြစ်မမြင်ဘဲ အချစ်တွေသာတဖွားဖွားဝင်ပြီး […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ

ရင်သွေးလေးရဖို့ ကြိုးစားနေတဲ့ကာလမှာ သင့်အနေနဲ့ စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရပါသလား။ သင့်အဖြေက ဟုတ်တယ်ဆိုရင် သင့်ကို ကလေးမရစေတဲ့ အဓိက တရားခံတွေက အဲဒီ စိတ်ဖိစီးမှုတွေပဲ ဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။ ဆိုတော့ ဒီ စိတ်ဖိစီးမှုတွေကို ဘယ်လိုလျှော့ချမလဲ။ ဒီဆောင်းပါးလေးက သင့်ကို အကြံဉာဏ်လေးတွေ ပေးနိုင်မှာပါ။ ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာ ဆက်ကြည့်လိုက်စို့နော်။ ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတော့ (၁) ရင်ဖွင့်ဖို့ ဒိုင်ယာရီရေးပါ။ ဒိုင်ယာရီရေးတာ ကလေးကလားဆန်ပြီး ခေတ်လည်းနောက်ကျနေပြီလို့ သင်ထင်ကောင်းထင်နေမှာပါ။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ သုတေသနပြုချက် အများအပြားအရ ဒိုင်ယာရီရေးတာဟာ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့နဲ့ သင့်ရင်ထဲရှိတာတွေ ဖွင့်ထုတ်လိုက်ဖို့အတွက် အင်မတန်မှ အကျိုးရှိတဲ့ နည်းလမ်းတခု ဖြစ်တယ်လို့ သိရပါတယ်။ ဒိုင်ယာရီကို […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ လုပ်လေ့ရှိသော အမှား ၁၀ မျိုး

လူတွေဟာ ကလေးရဖို့ ကြိုးစားစဉ်မှာ အမှားတော်တော်များများကို လုပ်လေ့ရှိပါတယ်။ ဒါကြောင့် ကလေးရဖို့အတွက် ပိုပြီးစိတ်ဖိစီးကာ ခက်ခဲနေနိုင်ပါတယ်။ ၁ ။ သားဥကြွေသော အချိန်ကို မသိရှိခြင်း။ ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက်ဟာ ဓမ္မတာ စက်ဝန်းကာလ ၂၈ရက် ရှိတယ်လို့ လိင်မှုဆိုင်ရာ ပညာပေးအချို့က ဖော်ပြလေ့ရှိပါတယ်။ သို့သော် အချို့ အမျိုးသမီးများမှာတော့ ဒီစက်ဝန်းဟာ ပိုပြီး ရှည်နိုင်သလို ပိုပြီးလည်း တိုနိုင်ပါတယ်။ ဒီလိုရာသီစက်ဝန်း အချိန်တွေဟာ သင့်အတွက် လိုအပ်လို့လားလို့ မတွေးပါနဲ့။ တကယ်လို့သင်ဟာ သားဥကြွေတဲ့ ရက်အတိအကျကို သိချင်တယ်ဆိုရင် သင့်ရဲ့ ဓမ္မတာ စလာတဲ့ ရက်မှ အနောက်ကို ၁၄ ရက် နောက်ပြန်ဆုတ်ပြီး ရေတွက်လိုက်ပါ။ ၎င်းရက်ဟာ သားဥကြွေတဲ့ ရက် ဖြစ်ပါတယ်။ ၂။ အထူးကုဆရာဝန်ဆီသို့ စောစောသွားပါ။ တကယ်လို့ သင်ဟာ အသက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း