ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများကို သိထားခြင်းဖြင့် ကျန်းမာသော ကလေးလေးကို မွေးဖွားနိုင်ရန် များစွာ အထောက်အကူပြုမည် ဖြစ်သည်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

စိတ်ဖိစီးမှုတွေ က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သလား၊၊

စိတ်ဖိစီးမှုတွေ က ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားပြီးမှာ ဖြစ်မှာပါ၊၊ ဒါတင်မက စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ သုက်ကောင်တွေနဲ့ သုက်ရည်အပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာပါပြီ၊၊ တစ်နည်းအားဖြင့်တော့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနေပါပြီ၊၊ စိတ်ဖိစီးမှုတွေ နဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်း ၂၀၁၄ခုနှစ်က စိတ်ဖိစီးမှုနဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်၊၊ ဒီလေ့လာချက်မှာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ အသက် ၃၈နဲ့ ၄၉နှစ်ကြား အမျိုးသား ၁၉၃ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်၊၊ ဒီလေ့လာချက်မှာ လုပ်ငန်းခွင် ဖိစီးမှု၊ စိတ်ဖိစီးစရာ အဖြစ်အပျက်တွေနဲ့ ကြုံရတာ၊ စိတ်ဖိစီးမှုကို လက်ခံနိုင်စွမ်း စတာတွေကို ထည့်သွင်းလေ့လာခဲ့ပါတယ်၊၊ တွေ့ရှိချက်ကတော့ တစ်နှစ်မှာ စိတ်ဖိစီးစရာ အဖြစ်အပျက် ၂ခုနဲ့အထက် ခံစားခဲ့ရတဲ့ […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ ကို ရှာဖွေမည်။

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကလေးမယူမီ စီစဉ်သင့်သောအရာများ

သင်သည် ကလေးယူရန် ဆုံးဖြတ်ပြီးပြီလား။ သင်သည် မိခင်တစ်ဦးအဖြစ်ခံယူရန် စိတ်ထဲတွင် အဆင်သင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် သင့်တွင် ရုပ်ပိုင်းဆိုင်ရာအရလည်း အဆင်သင့်ဖြစ်နေရန် လိုအပ်ပါသည်။ ကိုယ်ဝန်မဆောင်မီ လိုအပ်သည်များကို အစီအစဉ်တကျပြုလုပ်ခြင်းသည် ကိုယ်ဝန်ဆောင်မည့်သူတိုင်း ပြုလုပ်သင့်သောအရာများဖြစ်ပါသည်။ အောက်ပါမေးခွန်းများကို လေ့လာကြည့်ပါ။ မည်သည့် သန္ဓေတားဆေးမျိုးကို သင်အသုံးပြု နေသလဲ။ သင်သည် ကိုယ်ဝန်တားရန် သောက်ဆေးသုံးသူဖြစ်ပါက ရာသီသွေးပေါ်ခြင်းသည် ဆေးဖြတ်ပြီး ၂ ပတ်ခန့်အထိနောက်ကျနိုင်ပါသည်။ သေချာအောင် လအနည်းငယ်မျှ ထပ်စောင့်ကြည့်ချင်လျှင် ကွန်ဒုံးသုံးခြင်းဖြင့် အတူနေနိုင်သည်။ သင်သည် Progestrone ထိုးဆေးများ (ကြာရှည် သန္ဓေတားဆေးများ)ထိုးနေလျှင် ဆေးရပ်ပြီး ပုံမှန်ရာသီစက်ဝန်း ပြန်ရောက်ရှိရန် အတော်ကြာပေးလိမ့်မည်။ လေ့လာမှုများအရ အမျိုးသမီးများ၏ ၅၀% သည် ထိုးဆေးရပ်ပြီး ၇ လခန့်ကြာမှသာကိုယ်ဝန်ရကြောင်း တွေ့ရသည်။ ကာကွယ်ဆေးများ အပတ်မီအောင် ထိုးထားရဲ့လား။ ရေကျောက်၊ ဂျိုက်သိုး ကဲ့သို့သောရောဂါများသည် သင့်ဗိုက်ထဲတွင်ရှိသော ကလေးကို အသက်အန္တရာယ်ဖြစ်စေနိုင်သည်။ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကလေးရရှိမှုကို ဘယ်လိုမြှင့်တင်မလဲ

ကလေးရရှိမှုကို ဘယ်လိုမြှင့်တင်မလဲ။ မျိုးဆက်ပွားခြင်းဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ သတ္တဝါအားလုံးရဲ့ သဘာဝအကျဆုံးအပြုအမူ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းရင်းအတော်များများကြောင့် စုံတွဲတစ်တွဲဟာ ကလေးရဖို့ ခက်ခဲတတ်ပါတယ်။ သားဥကြွေချိန်အနီးမှာ လိင်မကြာခဏ ဆက်ဆံခြင်းအပြင် ကိုယ်ဝန်ဆောင်နှုန်းကို မြင့်မားစေတဲ့ အခြားနည်းတွေလည်း ရှိပါတယ်။   ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ မှန်ကန်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းဟာ ကလေးရရှိမှုနှုန်းကို မြင့်တက်စေပါတယ်။ အမျိုးသမီး အတော်များများဟာ ကလေးရရှိမှုနဲ့ ပတ်သက်ရင် ကိုယ်အလေးချိန်ကို မေ့လျော့နေတတ်ပါတယ်။ သိပ္ပံပညာရှင်တွေက ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းဟာ ကိုယ်ဝန်ရရှိမှုကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီး ၂၁၁၂ ယောက်ကို လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခု ရှိပါတယ်။ ကိုယ်ဝန်မဆောင်ခင် BMI ၂၅-၃၉ ရှိသူတွေကို အဝလွန်တယ်လို့ သတ်မှတ်ထားပါတယ်။ ဒီလို အမျိုးသမီးတွေအတွက် ကိုယ်ဝန်ရရှိုဖို့ နှစ်ဆပိုမို ကြာမြင့်ပါတယ်။ ကိုယ်အလေးချိန်နည်းတဲ့ အမျိုးသမီးဟာလည်း ကိုယ်ဝန်ရနှုန်းနည်းပါးပါတယ်။   သုက်ပိုးတွေကို စိတ်ချရအောင် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

အသက် ၃၀ကျော်အရွယ်မှာ ကိုယ်ဝန်ဆောင်နိုင်ခြေ မြင့်မားစေဖို့

အသက် ၃၀ကျော်အရွယ်မှာ ကိုယ်ဝန်ဆောင်နိုင်ခြေ မြင့်မားအောင် ဘယ်လိုလုပ်မလဲ။ အခုခေတ် အမျိုးသမီးအများစုအတွက် ကတော့ အသက် ၃၀ ကျော်အရွယ်ဟာ ငွေရေးကြေးရေးပိုင်း တည်ငြိမ်ပြီး မိသားစုဘဝတည်ဆောက်ဖို့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့ အချိန်ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ဒါပေမယ့် ကိုယ်ဝန်ရှိနှုန်းဟာ သင်အသက် ၂၀ ကလောက် မများတော့ပါဘူး။ အထူးသဖြင့် အသက် ၃၅ နှစ်လောက် ရောက်ပြီဆိုရင် တစ်နှစ်အတွင်း ကိုယ်ဝန်ရှိနှုန်းဟာ ၇၅%ကနေ ၆၅% လောက်အထိ ကျဆင်းသွားတတ်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ အသက် ၃၀ကျော် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နိုင်ခြေ မြင့်မားဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ၁။ သင့်ကိုယ်သင် စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာအောင်နေပါ။ သင့်လူမှုဘဝနေထိုင်ပုံဟာ ကိုယ်ဝန်ရှိနိုင်ခြေကို တိုးမြှင့်ပေးရာမှာ အရေးပါပါတယ်။ သင်ဟာ မကောင်းတဲ့ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

သင်သည်ကိုယ်အလေးချိန်လျော့ကျနေပါက ဘယ်လိုကိုယ်ဝန်ရအောင်လုပ်မလဲ

ကလေးတစ်ယောက်ရနိုင်ရန်လမ်းတွင် အချက်အလက်များစွာ ရှိပါသည်။ ကိုယ်အလေးချိန် မပြည့်ခြင်းသည် ထိုထဲမှ တစ်ခုပင်ဖြစ်သည်။ သင်သည် ကိုယ်အလေးချိန်မပြည့်ပဲ ကိုယ်ဝန်ဆောင်နိုင်ဖို့ ခက်ခဲနေသည်ဆိုပါက အောက်ပါတို့ကို တစ်ချက်ဖတ်ကြည့်ပါ။   သင်ကိုယ်အလေးချိန်ပြည့်မပြည့် ဘယ်လိုသိနိုင်မလဲ။ The Advanced Fertility Center of Chicago မှ ခန္ဓါကိုယ်အလေးချိန်ညွှန်းကိန်း(BMI) နည်းသော အမျိုးသမီးများသည် ကိုယ်ဝန်ရရန် ခက်ခဲနိုင်ကြောင်း ပြောထား၏။ BMI ၁၈.၅ အောက် နည်းပါက မျိုးပွားနိုင်စွမ်းကို ထိခိုက်ကြောင်း ယုံကြည်ထားကြသည်။ သင်၏ ကိုယ်အလေးချိန်မပြည့်ခြင်းပြဿနာသည် အပြင်းအထန်ကြီးမဟုတ်တောင်မှပင် ကလေးရနိုင်ချေကို နှောက်ယှက်နေနိုင်ပါသေးသည်။   ကိုယ်အလေးချိန်မပြည့်ခြင်းက သားဥကြွေခြင်းကို ဘယ်လိုထိခိုက်သလဲ။ ပုံမှန်သားဥကြွေနိုင်ရန် အမျိုးသမီးတစ်ဦးသည် အနည်းဆုံး ခန္ဓါကိုယ်အဆီ၏ ၁၇ ရာခိုင်နှုန်းကို လိုအပ်ပါသည်။ သားဥကြွေခြင်းဖြစ်စဉ်သည် သင့်သားဥအိမ်မှ သားအိမ်ထဲသို့ သားဥကိုလွှတ်ထုတ်လိုက်ပြီး သားအိမ်ထဲတွင် သုက်ပိုးဖြင့် သန္ဓေအောင်ခြင်းဖြစ်ရန် စောင့်နေစေပါသည်။ သင့်ခန္ဓါကိုယ်၌ အဆီနည်းပါက ဦးနှောက်မှ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရှိမရှိ ဘယ်လောက်မြန်မြန် သိနိုင်မလဲ

ရာသီမလာတော့ဘူးလား။ သင့်ကိုယ်သင် ကိုယ်ဝန်ရှိနေပြီဟု သံသယဝင်နေပြီး ဘယ်လောက်မြန်မြန် အတည်ပြုနိုင်မလဲဟု သင်သိချင်နေပါလိမ့်မည်။ ကိုယ်ဝန်ဆောင်ခြင်း၏ အစောပိုင်းလက္ခဏာများကို သင်သတိထားကြည့်နိုင်သလို အိမ် သို့မဟုတ် ဆေးရုံး၌ ကိုယ်ဝန်စစ်ဆေးမှုလဲ ပြုလုပ်နိုင်ပါသည်။   ကိုယ်ဝန်ဆောင်ခြင်း၏ အစောပိုင်းလက္ခဏာများ ရာသီတစ်ကြိမ်မလာပြီးနောက် စစ်ဆေးမှုကို ပြုလုပ်နိုင်သော်လည်း သင်ကိုယ်ဝန်ရှိမရှိသိနိုင်သော အစောပိုင်းလက္ခဏာများကိုလဲ သတိထားကြည့်နိုင်ပါသည်။ မောပန်းလွယ်ခြင်း သင် အလွန်အမင်း ပင်ပန်းနေသလို ခံစားရနိုင်သည်။ စွမ်းအား ကုန်ခမ်းသလို ခံစားရမည်။ ဘာမှလုပ်ချင် ကိုင်ချင်စိတ် ရှိမည်မဟုတ်ပါ။ အိပ်ဖို့အချိန် ပိုလိုပါလိမ့်မည်။ ရင်သားများအာခြင်း သင့်ရင်သားများ အရင်ကထက်ပိုပြီး ပြည့်နသလိုလို လေးနေသလိုလို ခံစားရပါလိမ့်မည်။ သင့်သားမြတ်ခေါင်းအနီးတစ်ဝိုက်၏ ဧရိယ ပိုကြီးနေပါလိမ့်မည်။ ပရိုဂျက်စတီရုမ်းဟော်မုန်း သွေးထဲ၌ များလာခြင်းကြောင့် ထိုလက္ခဏာများ ပေါ်လာခြင်းဖြစ်သည်။ မနက်ခင်းပျို့အန်ခြင်း သင်သည် ပျို့ခြင်း အန်ခြင်းတို့ကို ခံစားရနိုင်သည်။ ပရိုတင်းဓါတ်များသော အစားအစာများနှင့် ကိုယ်ဝန်ဆောင်များအတွက် ရေနွေးကြမ်းတို့သည် အထောက်အကူပြုနိုင်ပါသည်။ အနံ့ခံအာရုံကောင်းခြင်း ကားစီးရသောအနံ့၊ ရေမွှေးနှင့် တစ်ချို့သော အစားစာအနံ့များသည် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဆေးလိပ်သောက်ခြင်းက မျိုးပွားနိုင်စွမ်းကို ဘယ်လိုထိခိုက်နိုင်သလဲ

ဆေးလိပ်သောက်ခြင်းကြောင့် အသက်ဆုံးရှုံးနိုင်ပါသည်။ ယနေ့အခါတွင် ထိုစာတမ်းအား သင်ခဏခဏ တွေ့မြင်ဖူးမည်ဖြစ်ပြီး ၎င်း၏ မူကွဲများအဖြစ် “ဆေးလိပ်မသောက်ပါနှင့်၊ ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်သောက်ခွင့်မပြုပါ၊ ဆေးလိပ်သောက်ခြင်းက ဆိုးဝါး၏၊ ကလေးများရှိသောကြောင့် ဆေးလိပ်မသောက်ရ…” စသည်တို့အား နေရာအနှံ့တွင် တွေ့နိုင်၏။ ကျွန်ုပ်တို့အားလုံးသည် ဆေးလိပ်က မိမိခန္ဓာကိုယ်နှင့် မိမိဘေးမှလူတို့အား ဘာတွေဖြစ်စေတတ်ကြောင်း သိထားပြီးသားပင်။ လွန်ခဲ့သည့် ရက်အနည်းငယ်က အဆုတ်ကင်ဆာဖြစ်နေသော လူတစ်ယောက်အကြောင်း ကြားခဲ့ရသည်။ သူကိုယ်တိုင် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သွားရသည်မဟုတ်ဘဲ ဆေးလိပ်သောက်သူများနှင့် ပြည့်နေသော အင်တာနက်ဂိမ်းဆိုင်တွင် သွားဆော့ရာမှ ဖြစ်သွားခြင်းပင်။ ဒါသည် သူကိုယ်တိုင် မသောက်သည့်တိုင် ဘေးလူများက သူ့အား ရောဂါပေးသွားခြင်းပင်။ ထို့ကြောင့် ဆေးလိပ်သည် အသက်ဆုံးရှုံးနိုင်ပါသည်။ ဘဝ၏အစပိုင်း အစောပိုင်းအဆင့် ကိုယ်ဝန်ဆောင်စဉ်အချိန်မှာတောင်မှ သန္ဓေသားအသက်အန္တရာယ်ကို ထိခိုက်နိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းက မျိုးပွားနိုင်စွမ်းကို ဘယ်လိုထိခိုက်နိုင်သလဲ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူမိခြင်းသည် အထက်ပါဥပမာလို ကိစ္စမျိုးကို ဆိုလိုပါသည်။ သင်ကိုယ်တိုင် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

သဘာ၀ ဆေးမြစ်စုံတွေက ကိုယ်ဝန်ရနိုင်ဖို့ ကူညီပေးနိုင်မှာလား

ခေတ်မီဆေးပညာတွေ မပေါ်ပေါက်ခင်ကတည်းက တရုတ်တွေဟာ သဘာဝဆေးမြစ်စုံတွေကို ဆေးအဖြစ် ထူးချွန်ပြောင်မြောက်စွာအသုံးပြုကြတဲ့ နေရာမှာ ကျော်ကြားလှပါတယ်။ တရုတ်နိုင်ငံဟာ လူဦးရေအများဆုံး နိုင်ငံတစ်ခုဖြစ်နေတာလည်း ကြာခဲ့ပါပြီ။ တစ်ဦးတစ်ယောက်ချင်းစီဆီမှာ မြုံတာမျိုး ဖြစ်နိုင်ချေကို စာရင်းစ်တဲ့အခါမှာ တရုတ်လူမျိုးတွေကတော့ နှစ်ထောင်ပေါင်းများစွာကတည်းက မျိုးမအောင်ခြင်း၊ မြုံခြင်းတွေကို ကုသနိုင်ခဲ့တာကို တွေ့ရပြီး ဒါဟာ အောင်မြင်နေတဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သက်သေတွေလည်း ပြခဲ့ပါပြီ။ ဒါဆိုရင် သဘာဝဆေးမြစ်စုံဖြည့်စွက်စာတွေက သင်ကိုယ်ဝန်ရနိုင်ဖို့ ကြိုးစားတဲ့နေရာမှာ တကယ်ပဲ အထောက်အကူဖြစ်နိုင်မှာလား။ ကျန်းမာရေးနဲ့သင့်လျော်တဲ့ ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲလိုက်တာနဲ့ အာဟာရဓါတ်ပြည့်တဲ့ ဖြည့်စွက်စာတွေ မှီဝှဲတာအပြင်ကို ဆေးမြစ်စုံတွေနဲ့ ကုသခြင်းကလည်း အခြားသောနည်းလမ်းတစ်ခုပါ။ သူကတော့ ဟော်မုန်းညီမျှဖို့အတွက် အဓိကထားပြီး မျိုးဥထွက်ခြင်းကိုလည်း အားပေးပါတယ။် ဒါကြောင့် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒါ့အပြင် ဆေးပင်တွေက သဘာဝအတိုင်းရှိနေတာပါ။ သူတို့ဟာ ခန္ဓါကိုယ်ရဲ့ သဘာဝလုပ်ငန်းဆောင်တာတွေကိုလည်း ထောက်ပံ့ပေးပြီး ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့လည်း အားပေးပါတယ်။ ဒါပေမဲ့ သင်က ဆေးမြစ်တွေစပြီးသုံးတော့မယ်ဆိုရင် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကျန်းမာတဲ့ အစားအစာတွေက ကိုယ်ဝန်ရနိုင်အောင် ဘယ်လို အကူအညီပေးနိုင်သလဲ

စုံတွဲတွေအတွက် တချို့ ကိုယ်ဝန်တွေက အံ့သြမှုတစ်ခုအနေနဲ့ လာတတ်ကြပေမယ့် တချို့စုံတွဲတွေမှာ အားထုတ်မှုနဲ့အတူ အချိန်အတော်ကြာ ယူရတတ်ပါတယ်။ တကယ်လို့ သင်ဟာ ကိုယ်ဝန်ရဖို့ အခက်အခဲ ရှိနေပြီး အဲ့ကိစ္စနဲ့ ဆေးရုံဆေးခန်း မသွားချင်ပါက အစားအသောက်ပုံစံ ပြောင်းဖို့ စဉ်းစားသင့်ပါပြီ။ ကျန်းမာတဲ့ အစားအသောက်ပုံစံက သင့်ကိုယ်ဝန်ရချေ မြင့်တက်စေမှာပါ။ သင်ကိုယ်ဝန်ရရှိဖို့ တိုက်ရိုက်သက်ရောက်မှုရှိတဲ့ မဟော်မုန်းကို သင့်ရဲ့ မျိုးဥအိမ်နဲ့ အဆီဆဲလ်တွေက စနစ်တကျဖြစ်စေပါတယ်။ အရမ်းပိန်နေတဲ့အချိန်မှာ လုံလောက်တဲ့ မဟော်မုန်းပမာဏကို ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ အဝလွန်ပြန်ရင်လဲ အဆင်ပြေမှာ မဟုတ်ပါဘူး။ သင့်မျိုးဆက်ပွားစနစ်ကို ကောင်းမွန်လိုတယ်ဆိုရင် သင့်ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာက အကောင်းဆုံးပါ။ Body Mass Index (BMI) အဆင့် ၁၉ ကနေ ၂၄ အတွင်းရှိရပါမယ်။ တကယ်လို့ သင်ဟာ ကောင်းမွန်သင့်တော်တဲ့ ကိုယ်အလေးချိန် ရှိပြီးသားဆိုရင် အစားအသောက်ပုံစံကို […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်ခြင်း၏ ကျန်းမာရေးဆိုးကျိုးများ

အမျိုးသမီးတစ်ယောက်ရဲ့ကိုယ်ဝန်ဆောင်ချိန်မှာ အန္တရာယ် ပိုတိုးလာနိုင်စေတဲ့ အချက်တွေထဲမှာ အသက်အရွယ်ကလည်း အရေးကြီးဆုံးအချက်တွေထဲက တစ်ခုပါ။ အသက်ငယ်ရွယ်စဉ်မှာ ကိုယ်ဝန်ဆောင်ခြင်းဟာ ဘဝမှာ စိန်ခေါ်မှုတွေမြောက်များစွာကို ကြုံတွေ့နိုင်ရပြီး ဒါဟာ မရည်ရွယ်ဘဲ ဖြစ်လာနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒီအဖြစ်ဟာလည်း သူတို့ရဲ့ ဘဝလမ်းကြောင်းကို အများကြီးပြောင်းလဲသွားစေနိုင်တာပေါ့။ ပညာရေး၊ စီးပွားရေးတွေမှာ အခက်အခဲတွေ ရှိလာနိုင်တာအပြင် ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ဆောင်ခြင်းဟာ မိခင်အတွက်ရော ကလေးအတွက်ပါ ပိုပြီးပြင်းထန် အန္တရာယ်များတဲ့ ကျန်းမာရေးအခြေအနေတွေကိုလည်း ကြုံတွေ့ရစေနိုင်ပါတယ်။ ဆယ်ကျော်သက်မိခင်တွေက မွေးဖွားခဲ့တဲ့ကလေးတွေဟာ ဒါမျိုးတွေဖြစ်နိုင်ချေပိုများပါတယ်။   ပေါင်မပြည့်ခြင်း ဆယ်ကျော်သက်မိခင်တွေဟာ ပေါင်မပြည့်တဲ့ကလေးငယ်တွေမွေးဖွားနိုင်ချေ မြင့်မားလှပါတယ်။ ပေါင်မပြည့်တဲ့ကလေးငယ်တွေဟာ သူတို့ရဲ့ နှလုံး၊ အဆုတ်နဲ့ ဦးနှောက်ကို ထိခိုက်နိုင်တဲ့ ပြဿနာတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ ဒါဟာ ပေါ့ပေါ့ထားလို့ရတာမျိုးမဟုတ်သလို ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းအတွက် အရေးအကြီးဆုံး အန္တရာယ်တစ်ခုပါပဲ။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာပြဿနာ (mental retardation)၊ cerebral palsy၊ အမြင်အာရုံဆုံးရှုံးခြင်းနဲ့ အကြားအာရုံဆုံးရှုံးခြင်း […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရှိနေကြောင်းသိနိုင်တဲ့ ရှေ့ပြေးလက္ခဏာများ

ကိုယ်ဝန်ရှိနေကြောင်းသိနိုင်တဲ့ ရှေ့ပြေးလက္ခဏာများ အကယ်၍ သင့်မှာ ရင်သွေးလေး လွယ်နေရလားဆိုတာ သိချင်ရင်တော့ pregnancy test လုပ်ကြည့်ခြင်းက သေချာတဲ့ တစ်ခုတည်းသော နည်းလမ်းပါ။ ဒါပေမယ့် စမ်းသပ်မှုမလုပ်ခင်မှာတည်းက သင့်ကို ကြိုတင်အသိပေးနေတဲ့ သင်္ကေတတွေ ရှိပါသေးတယ်။   သွေးဆင်းခြင်း၊ ဝမ်းဗိုက်ပိုင်း နာကျင်ခြင်း အကယ်၍ သင်ဟာ အောင်အောင်မြင်မြင် ကိုယ်ဝန်လွယ်နိုင်သွားတဲ့ဆိုရင် မျိုးအောင်သွားတဲ့ မျိုးဥလေးဟာ သားအိမ်ထဲမှာ တွယ်ငြိသွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့်မှာ implantation bleeding လို့ခေါ်တဲ့ သွေးနည်းနည်းဆင်းတာ၊ နာကျင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ယောနိနံရံတွေ ထူလာတာကြောင့် ဖြစ်တဲ့ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းမှုတွေကို သတိထားမိတတ်ပါတယ်။ ဒါဟာ သင့်ကို မသက်မသာဖြစ်စေတာ၊ အနံ့အရမ်းဆိုးတာတွေ မဖြစ်မချင်း အန္တရာယ်မရှိပါဘူး။ ဖြစ်ခဲ့ရင်တော့ ရောဂါပိုးကူးဆက်မှုအတွက် စစ်ဆေးဖို့ လို့အပ်ပါလိမ့်မယ်။   ရင်သားများ နာကျင်ခြင်း ကိုယ်ဝန်ရှိခြင်းက ဟော်မုန်းပမာဏ အတက်အကျကို ဖြစ်စေပါတယ်။ ဒါက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း