မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးတွေကို အာဟာရပြည့်အောင် ကျွေးမွေးတာက သူတို့ရဲ့ ကြီးထွားမှု၊ ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သိပ္ပံနည်းကျလေ့လာထားတဲ့ အချက်တွေ၊ နည်းလမ်းကောင်းတွေကို ဒီမှာ လေ့လာကြည့်ရအောင်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အသက် ၁ နှစ် ကနေ ၅ နှစ်အရွယ်ကို အစားအစာကျွေးမွေးရတာက တော်တော်လေး စိန်ခေါ်မှု ဖြစ်စေတဲ့ ကိစ္စရပ် တစ်ခုပါ။ ဒီကာလမှာ ကလေးက များစွာသော ပြောင်းလဲမှုတွေ၊ ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတာကြောင့် အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က အတော်လေး အရေးကြီးပါမယ်။ ဒီကာလမှာ သူတို့က ကြီးထွားမှု စပြီး နှေးသွားပြီ ဖြစ်သလို အစားစားချင်စိတ်လည်း နည်းသွားပါပြီ။ ဒီလို အပြောင်းအလဲတွေကြောင့် အစားစားချိန်မှာ ကျွေးဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဒီကာလမှာ ကလေးကို အာဟာရ ပြည့်အောင် ကျွေးဖို့ လိုသလို အာဟာရမျှတအောင် ကျွေးဖို့လည်း လိုပါမယ်။ ဒီတော့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ အကြောင်းကို အတူတူ […]

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေ နို့သောက်တာများလွန်းရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်များ

ကယ်လ်ဆီယမ်ကြွယ်ဝစွာ ပါဝင်မှုနဲ့ အမျိုးမျိုးသော အာဟာရမျိုးကွဲတွေဖြစ်တဲ့ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အဆီနဲ့ ဗီတာမင်တွေ ပါဝင်မှုအတွက် ကမ္ဘာပေါ်မှာ နို့ဟာအကောင်းဆုံးလို့ ဆိုရင်တောင် အငြင်းပွားဖွယ်ရာ မရှိပါဘူး။ ဒီလိုဆိုထားတယ်ဆိုရင် နို့ကို အများကြီးသောက်လိုက်မယ်ဆိုရင် ဘယ်လို အန္တရာယ်မျိုးတွေ ကြုံလာရနိုင်တာပါလိမ့်။ လမ်းလျှောက်တတ်ကာစ ကလေးတွေကို နို့ပိုတိုက်ချင်းအတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်များ ဒီမှာတော့ နို့ကို အလွန်အကျွံသောက်ခြင်းဟာ အလွန် နည်းပါးစွာ သောက်သုံးခြင်းလိုပဲ ဘာကြောင့်ဆိုးတာလဲဆိုတဲ့ အကြောင်းပြချက် (၄)မျိုးကို ဖော်ပြပေးထားပါတယ်။ - အဝလွန်ခြင်းနဲ့ အလေးချိန်များလွန်းခြင်း။ ကျောင်းမှာအရွယ်ရလာတဲ့ကလေးတွေကို သုံးနှစ်တာ လေ့လာချက်တွေအရ နေ့စဉ် နို့ ၃ခွက်နဲ့အထက်သောက်တဲ့ကလေးတွေဟာ နည်းနည်းပဲသောက်တဲ့ ကလေးတွေနဲ့ယှဉ်ရင် အများကြီးအလေးချိန်ပိုနေတာကို တွေ့ရမှာပါ။ ဒီလေ့လာမှုက နို့သောက်သုံးမှု များလာခြင်းဟာ (အဆီလျှော့သည်ဖြစ်စေ၊ အဆီပြည့်နို့ဖြစ်စေ) အလေးချိန်ထိန်းညှိဖို့နဲ့ မဆက်စပ်နေပေမယ့် ကလေးဘဝမှာ အဝလွန်ခြင်းတွေနဲ့တောင် ဆက်စပ်နေနိုင်တာကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကိုယ်ခံအားကောင်းစေဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်များ

ကျန်းမာပျော်ရွှင်တဲ့ ကလေးငယ်တစ်ယောက်အနေနဲ့ ကြီးပြင်းလာဖို့ဆိုရင် မိဘတွေအနေနဲ့ ကလေးငယ်ကို ကိုယ်ခံအားကောင်းမွန်စေမယ့် အာဟာရဓါတ်တွေ အပြည့်အဝရရှိအောင် ကျွေးမွေးစောင့်ရှောက်ဖို့က လိုအပ်ပါတယ်။ ကလေးငယ်လေးတွေမှာလည်း အစားအသောက်ရွေးတဲ့ ကလေးငယ်တွေရှိသလို သရေစာကိုမှကြိုက်နှစ်သက်တဲ့ ကလေးငယ်တွေလည်းရှိကြပါတယ်။ ကလေးငယ်တွေစားသုံးတဲ့ အစားအသောက်တွေထဲမှာ အာဟာရဓါတ်တွေပြည့်စုံပြီး ပမာဏလုံလုံလောက်လောက်ပါဝင်မှသာ ကလေးငယ်ရဲ့ ဦးနှောက်ကိုရော ခန္ဓါကိုယ်ကိုပါ ကျန်းကျန်းမာမာကြီးထွားဖွံ့ဖြိုးစေမှာဖြစ်ပါတယ်။ ကလေးငယ်ကို ကျွေးမွေးမယ့် အစားအသောက်တွေထဲမှာ အဆီနည်းတဲ့ ပရိုတင်းဓါတ်တွေ၊ အစေ့အဆန်တွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီအနည်းငယ်ပါဝင်နေတဲ့ အာဟာရမျှတတဲ့ အစားအသောက်ဖြစ်ဖို့ကအရေးကြီးပါတယ်။ ညီညွတ်မျှတတဲ့ အစားအသောက်တွေက ကလေးငယ်မှာ လိုအပ်တဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးမှာဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေမယ့် အာဟာရဓါတ်တွေကို သိရှိနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။ ပရိုတင်း ကြွက်သားတွေနဲ့ ကလေးငယ်တွေရဲ့ ခန္ဓါကိုယ်မှာရှိတဲ့ တစ်ရှုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင်ကို ကိုယ်ခံအားစနစ်ကိုလည်း တိုးမြှင့်ပေးပါသေးတယ်။ အသက် ၂ နှစ် ကနေ ၈ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ထမင်းစားချိန် ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းများ

တစ်ခါတလေမဟုတ်ဘဲ အမြဲတမ်းလိုလို ညစာထမင်းဝိုင်းမှာ အစားအသောက်တွေစားဖို့ မိဘတွေနဲ့ကလေးတွေအကြား အားပြိုင်ရတဲ့အခါ ညစာ ထမင်းဝိုင်းလေးကပျော်စရာမကောင်းတော့ပါဘူး။ ထမင်းစားဝိုင်းမှာ ကလေးကို ပန်းဂေါ်ဖီစိမ်းလေးတစ်ကိုက်လောက်စားလိုက်ပါလို့ တောင်းပန်တာကနေစလို့ ထမင်းတစ်ပန်းကန်လုံးကုန်အောင်စားရမယ်ကြိမ်းမောင်းတာအထိ အနုနည်း အကြမ်းနည်းမျိုးစုံသုံးရင်း ညစာစားပြီးချိန်မှာကလေးကလည်းငို၊ လူကြီးလည်းပင်ပန်းတာမျိုးအထိ အခက်အခဲအမျိုးမျိုးနဲ့တွေ့ကြုံခံစားရနိုင်ပါတယ်။ ဒီလိုအနေအထားမျိုးက ကလေးကိုနောက်တစ်ကြိမ် ထမင်းမစားဝိုင်းကိုမလာချင်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။ ကလေးကိုတုတ်ပြပြီး ထမင်းကျွေးတာမျိုးက ကလေးကိုစိတ်ဖိစီးတာမျိုးဖြစ်စေနိုင်ပါတယ်။ အစားအသောက်စားသုံးတာကပျော်ရွှင်စရာကောင်းတဲ့ တစ်နေ့တာလုပ်ငန်းတစ်ရပ်ဖြစ်သင့်တာပါ။ တစ်နေ့ကို သုံးကြိမ်လောက်စားသုံးနေရတဲ့ အစားအသောက်စားသုံးချိန်လေးက မိသားစုတွေအတွက်ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးပဲဖြစ်သင့်ပါတယ်။ စိတ်ဖိစီးမငကင်းတဲ့ ညစာဖြစ်ဖို့ဆိုရင် မိဘတွေအနေနဲ့ ကလေးကို သူနှစ်သက်တတ်တဲ့အစားအစာတွေပြင်ဆင်ပေးတာမျိုးလုပ်ဆောင်ပေးဖို့လိုအပ်သလို ကလေးတွေကို သူတို့မကြိုက်တဲ့အစားအစာတွေကို အတင်းအကျပ်စားစေတာမျိုးမလုပ်ဆောင်ဖို့ကအရေးကြီးလှပါတယ်။ ကလေးတွေကို ထမင်းစားချိန်တိုင်းမှာပျော်ရွှင်နေအောင်လုပ်ဆောင်ပေးမယ့် နည်းလမ်းအချို့ကို လမ်းညွှန်ပေးလိုက်ပါတယ်။ အစားအစာတွေကို အမည်ပေးပါ။ ပန်းဂေါ်ဖီစိမ်းကို ပန်းဂေါ်ဖီစိမ်းလို့ခေါ်မယ့် အစားရယ်ရတဲ့ နာမည်တစ်ခုခုပြောင်းပေးတာမျိုးလုပ်ပေးပါ။ အစားအသောက်တွေကို ကလေးတွေကြိုက်နှစ်သက်လောက်တဲ့ ရယ်စရာကောင်းတဲ့နာမည်လေးတွေပေးပေးတာက၊ အစားအစာတွေမှာပါတဲ့ စကားလုံးတွေနဲ့ဆက်စပ်ပြီး ပုံပြင်လေးတွေဖန်တီးပေးတာက ကလေးတွေကိုအစားစာချင်စိတ်ပိုမိုဖြစ်စေမယ့်အပြင် အစားစားတဲ့အချိန်တွေမှာပျော်ရွှင်မှုရရှိစေမှာဖြစ်ပါတယ်။ ထမင်းစားခန်းကို ပြင်ဆင်သူဖြစ်ခွင့်ပေးလိုက်ပါ။ ကလေးက စားဖိုမှူးတစ်ဦးဖြစ်ဖို့အရမ်းငယ်သေးတာကြောင့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့အာဟာရဓါတ်များ

ကလေးတွေဟာကျောင်းသွားလိုက်သင်ယူလိုက် အိမ်ပြန်လာလိုက်ဆိုတဲ့အလုပ်တွေကို အလျင်အမြန် လုပ်ဆောင်နေသလိုမျိုးပ ဲသူတို့လေးတွေရဲ့ ဦးနှောက်ကလည်း လျင်လျင်မြန်မြန်ကြီးထွားဖွံ့ဖြိုးလာနေပြီး ပြောင်းလဲမှုတွေဖြစ်ပေါ်လာနေပါတယ်။ အောက်ဖော်ပြပါအစားအသောက်ဆယ်မျိုးက ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်စားသုံးပေးသင့်တဲ့ အစားအသောက်တွေဖြစ်ပါတယ်။ ကလေးတွေရဲ့ငယ်ရွယ်စဉ်အရွယ်မှာ စားသောက်မှုပုံစံက ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သိမြင်မှုစွမ်းရည်တွေတိုးတက်စေဖို့အတွက် အရမ်းကိုအရေးပါ ပါတယ်။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကတော့ အောက်မှာ ကြည့်လိုက်ရအောင်။ (၁) ဘယ်ရီသီးများ စတော်ဘယ်ရီ၊ချယ်ရီ၊ဘလူးဘယ်ရီနဲ့ဘလက်ဘယ်ရီသီးတွေမှာ အာဟာရဓါတ်တွေများစွာပါဝင်နေပြီး ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့ ဗီတာမင် စီ လိုမျိုးဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေတိုးပွားအောင်လည်း လုပ်ဆောင်ပေးပါ တယ်။ လေ့လာမှုတွေအရ ဘလူးဘယ်ရီနဲ့စတော်ဘယ်ရီတွေက မှတ်ဉာဏ်စွမ်းရည်ကိုတိုးတက်ကောင်းမွန်စေပြီး အာဟာရဓါတ်တွေလည်းများစွာပါဝင်တဲ့အပြင် ဘယ်ရီသီးတွေရဲ့အစေ့တွေထဲမှာအိုမီဂါ- သရီးဖက်တီးအက်ဆစ် တွေလည်းကြွယ်ဝစွာပါဝင်နေပါတယ်။ (၂) ပဲအမျိုးမျိုး ပဲတွေမှာ ပရိုတင်းဓါတ်တွေ၊အမျှင်ဓါတ်၊ဗီတာမင်နဲ့သတ္တုဓါတ်များစွာပါဝင်တာကြောင့် ကိုယ်ခန္ဓါအတွက် စွမ်းအင်ရရှိစေနိုင်ပါတယ်။ ကလေးငယ်တွေရဲ့နေ့လည်စာထဲမှာပဲအမျိုးမျိုးကိုထည့်သွင်းစားသုံးပေးတာက နေ့လယ်ပိုင်းအချိန်မှာ ကလေးငယ်တွေရဲ့ စွမ်းရည်နဲ့တွေးတောနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဗိုလ်စားပဲနဲ့ pinto ပဲတွေမှာ အခြားပဲတွေထက် အိုမီဂါ သရီးဖက်တီးအက်ဆစ်ဓါတ်ကြွယ်ဝစွာပါဝင်တယ်။ အိုမီဂါ-သရီးဖက်တီးအက်ဆစ်က ဦးနှောက်ဖွံ့ဖြိုးကြီးထွားမှုနဲ့ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေအတွက်အရေးပါ ပါတယ်။ (၃) […]


မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

သင့်ကလေးကို အစာစားချင်စိတ်တိုးလာစေမယ့် နည်းလမ်း (၅)ခု

သင့်ကလေးက အစားစားရာမှာ အခုတစ်မျိုးကြိုက်လိုက်၊တော်ကြာအကြိုက်ပြောင်းလိုက်၊ ဘယ်အရာကိုမှ များများစားစား မစားတဲ့သူလား။ ဒါမှမဟုတ် အစားစားဖို့ထက် ကစားဖို့ဆော့ဖို့ကိုပဲပိုအာရုံစိုက်နေသလား။ အစားရွေးတဲ့ကလေး၊ အစားနည်းတဲ့ကလေးတွေရဲ့ မိဘတွေအနေနဲ့ ကလေးကို အစားအစာမျိုးစုံကို ကြိုးစားကျွေးကြည့်သင့်ပါတယ်။ မိဘအတော်များများက ကိုယ့်ကလေးအစားကောင်းကောင်းမစားတဲ့အပေါ် စိတ်ပူတတ်ကြပါတယ်။ ကလေးကို အစားပိုဝင်အောင် နည်းပေါင်းစုံနဲ့ကြိုးစားတတ်ကြပေမယ့် ကလေးတွေရဲ့တစ်ပတ်အတွင်းစားသောက်မှုအာဟာရမှာ လိုအပ်တဲ့အာဟာရဓါတ်တွေ ပါရှိဖို့လည်းလိုအပ်ပါတယ်။ ကလေးရဲ့အစားစားချင်စိတ်ကိုမြှင့်တင်နိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့နေရာမှာ ဒီအချက်လေးတွေက အဓိကကျပါတယ်။ ၁ ။ ဘာလို့အစာသိပ်မစားချင်တာလဲဆိုတာ အကြောင်းရင်းကိုသိအောင်လုပ်ပါ ကလေးက စားချင်စိတ်ကိုရှိပုံမရတာ၊ အစားကိုငြင်းနေတာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းတွေအများကြီးရှိနိုင်ပါတယ်။ လည်ချောင်းနာနေတာ၊ ဖျားနေတာ၊ ဝမ်းပျက်နေတာ၊ ဝမ်းချုပ်နေတာ၊ သန်ထနေတာ စတဲ့အကြောင်းရင်းခံတွေရှိနိုင်ပါတယ်။ ဒါမှမဟုတ် စားဖို့ကို စိတ်မဝင်စားတာလည်းဖြစ်နိုင်ပါတယ်။ အဆော့မက်ပြီး အစားကိုစိတ်မဝင်စားတာလားဆိုတာလည်း သတိထားကြည့်ပါ။ ၂။ ကလေးမစားချင်တဲ့အချိန်မှာ အတင်းမကျွေးပါနဲ့ ကလေးကသိပ်မဆာသေးတဲ့အချိန်မှာ ထမင်း သို့မဟုတ် သရေစာတွေ အတင်းအကျပ်မကျွေးပါနဲ့။ ဒါ့အပြင် တချို့စားစရာတွေ အတင်းစားခိုင်းတာမျိုး၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် အာဟာရပြည့်ဝတဲ့ နေ့လည်စာထမင်းဘူး ပြင်ဆင်မယ်

ကလေးတွေအတွက် ထမင်းဘူးပြင်ဆင်ပေးတဲ့အခါမှာ အရေးအကြီးဆုံးအချက်တစ်ခုက ကလေးတွေအတွက် တစ်နေ့တာလိုအပ်မယ့်အာဟာရဓာတ်ပြည့်ပြည့်ဝဝပါဝင်ဖို့ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေ့လယ်စာဖြစ်ဖို့က အသီးအရွက်၊ သစ်သီး၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ် မာဏတွေကို သင့်တင့်မျှတစွာပါဝင်ပြီး ဆားနဲ့သကြားပါဝင်မှု မများဖို့ဘဲ ဖြစ်ပါတယ်။ အာဟာရမျှတတဲ့နေ့လည်စာက ကလေးကိုနေ့လယ်နေ့ခင်းမှာပင်ပန်းနွမ်းနယ်မှု မခံစားရအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ကလေးတွေအတွက် အာဟာရပြည့်ဝတဲ့နေ့လယ်စာကို ဘယ်လိုပြင်ဆင်ပေးရမှန်းမသိဘဲ အခက်တွေ့နေရတဲ့မေမေတွေအတွက် အာဟာရပြည့်ဝတဲ့နေ့လယ်စာပြင်ဆင်ပုံလေးကိုဖော်ပြပေးလိုက်ပါတယ်။ ကလေးတွေကို အစားအသောက်ပြင်ဆင်ပေးတဲ့နေရာမှာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊အမျှင်ဓာတ်နဲ့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံအောင် ပြင်ဆင်ပေးတာက ကလေးတွေကို အဝလွန်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးရာရောက်ပါတယ်။ ကလေးတွေအတွက် နေ့လယ်စာ ပြင်ဆင်ပေးတဲ့အခါ ကစီဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်တဲ့ အစေ့အဆန်တွေ ထည့်သွင်းပြင်ဆင်ပေးတာက တစ်နေ့တာလုံးအင်အားပြည့်ဝနေစေမှာဖြစ်ပါတယ်။ အစေ့အဆန်တွေ၊ ပေါင်မုန့်နဲ့ ပတ်စတာတွေမှာ ကစီဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ကလေးတွေကို အရိုးတွေ ကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်နှစ်မျိုးဖြစ်တဲ့ ပရိုတင်းနဲ့ ကယ်လ်ဆီယမ်တွေရရှိနိုင်တဲ့ အရင်းအမြစ်ဖြစ်တဲ့ နို့ထွက်ပစ္စည်းတွေက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သင့်ကလေးအတွက် အမျှင်ဓါတ်ပိုရအောင် ဘယ်လိုလုပ်မလဲ

အမျှင်ဓါတ်ဟာ ကလေးတွေကိုပုံမှန်ဝမ်းသွားစေပါတယ်။ ဒါပေမယ့် အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေဟာ ကလေးအတော်များများလိုအပ်သလောက် မရနိုင်တာမို့ အကောင်းဆုံး အစားအသောက်တွေတော့ မဟုတ်ပါဘူး။ မိဘတွေက ကလေးတွေရဲ့ အစားအသောက်မှာ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ထည့်ပေးနိုင်ပါတယ်။ ဒီဆောင်းပါးမှာ အသေးစိတ်ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။       အကြံပြုချက်များ သင့်ကလေးလိုအပ်တဲ့ အမျှင်ဓါတ်ပမာဏဟာ ကလေးရဲ့ အသက်ပေါ်မူတည်ပါတယ်။ အသက် ၁ နှစ်ကနေ ၃ နှစ်ကြားကလေးတွေဟာ တစ်နေ့ကို ၁၉ ဂရမ် လိုအပ်ပါတယ်။ ၄ နှစ်ကနေ ၈ နှစ်ကြား ကလေးတွေကတော့ ၂၅ ဂရမ်လိုအပ်ပါတယ်။ အသက် ၉ နှစ်ကနေ ၁၃ နှစ်ကြား မိန်းကလေးတွေက ၂၆ ဂရမ်လိုအပ်ပြီး ယောက်ျားလေးတွေက ၃၁ ဂရမ် လိုအပ်ပါတယ်။ ကလေးတွေဟာ သူတို့မှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ရော၊ မပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါ ရရှိဖို့အတွက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အိမ်ချက်ကလေးအစားအစာအတွက် လုံခြုံစိတ်ချရမှုဆိုတာဘာလဲ

မိဘတိုင်းက ကလေးကိုဖြည့်စွက်စာကျွေးချိန်မှာ ကလေးတွေအာဟာရဖြစ်ဖို့ ဂရုစိုက်ပြီး ကျွေးလေ့ရှိပါတယ်။ ဒါပေမယ့် မိဘတော်တော်များများ တခြားအရေးကြီးတဲ့အရာတစ်ခုကို မေ့တတ်ကြတယ်။ ဒါကတော့ အစားအစာလုံခြုံစိတ်ချရမှုပါ။ ကလေးတွေအတွက် အစားအစာပြင်ဆင်ပေးတဲ့အခါမှာ ကျန်းမာသန့်ရှင်းပြီး အကောင်းဆုံးအစားအစာအဖြစ် စိတ်ချရအောင် ဘာလုပ်သင့်ပါသလဲ။ ပါဝင်ပစ္စည်းများကို သေချာရွေးချယ်ပါ။ ဟင်းတစ်ပွဲရဲ့အရည်အသွေးဟာ ပါဝင်ပစ္စည်းအပေါ် အများကြီးမူတည်ပါတယ်။ ဒါ့ကြောင့် ကလေးကို ကျန်းကျန်းမာမာနဲ့ ဘေးကင်းလုံခြုံဖို့အတွက် တတ်နိုင်သလောက် ပါဝင်ပစ္စည်းတွေကို သေချာရွေးချယ်ဖို့ အလွန်အရေးကြီးပါတယ်။ လွယ်ကူတဲ့နည်းလမ်းအချို့ရှိပါတယ်။ ပတ်ဝန်းကျင်က ရာသီပေါ်အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်ပါ။ သူတို့မှာ အာဟာရဓါတ်မြင့်မားစွာပါဝင်ပြီး ပိုလတ်ဆတ်သလို လွယ်လွယ်ကူကူနဲ့ရနိုင်ပါတယ်။ ကိုယ်တိုင်စိုက်ပျိုးတာက အကောင်းဆုံးပါပဲ။ ခရမ်းချဉ်ပင်၊ နံနံပင်၊ ပဲပင်ပေါက်စတာတွေက အချိန်နည်းနည်းနဲ့ လွယ်လွယ်ကူကူစိုက်ပျိုးနိုင် ခူးဆွတ်နိုင်ပါတယ်။ အသီးအနှံတွေ ကွဲနေတာ၊ အနာအဆာပါတာ ဒါမှမဟုတ် ပျက်စီးနေတာမျိုးတွေ ရှောင်ပါ။ ဝယ်မယ့်ပစ္စည်းတွေရဲ့ သက်တမ်းကုန်ဆုံးရက်၊ ဘယ်ကလာတယ်၊ ဘယ်မှာစိုက်ပျိုးတယ်ဆိုတာ သိအောင်လုပ်ပါ။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

လမ်းလျှောက်တတ်ကာစကလေးကို မိခင်နို့တိုက်ခြင်း

လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေကို မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးငယ်ငယ်လေးတွေကို တိုက်ကျွေးခြင်းနဲ့ ကွာခြားမှုရှိပါတယ်။ တစ်နှစ်ပြည့် မွေးနေ့မှာ ကလေးငယ်ဟာ အစာအမာတွေကနေ လိုအပ်တဲ့ အာဟာရတွေကို ရရှိနိုင်ပြီ ဖြစ်ပါတယ်။ အတော်များများဟာ နွားနို့ကိုတောင် သောက်နေနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် လမ်းလျှောက်တတ်ကာစ ကလေးတစ်ယောက်ကို ဘယ်နှစ်ကြိမ် မိခင်နို့တိုက်ကျွေးသင့်တယ်ဆိုတဲ့ သတ်မှတ်ချက်မရှိပါဘူး။ လမ်းလျှောက်တတ်ကာစ ကလေးကိုနို့တိုက်ခြင်း -အသစ်အဆန်း မဟုတ်ပါဘူး။ လမ်းလျှောက်တတ်ကာစ ကလေးတွေကို နို့တိုက်ခြင်းဟာ အသစ်အဆန်းမဟုတ်ပါဘူး။ တကယ်တော့ ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုမှာ ပုံမှန်ဖြစ်ပြီး သဘာဝကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ WHO က ပထမ ခြောက်လမှာ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးသင့်ပြီး နို့ချိုတိုက်ကျွေးခြင်းကို ကလေးအသက် နှစ်နှစ်အထိ ဆန္ဒရှိရင် တိုက်ကျွေးနိုင်တယ်လို့ ဆိုပါတယ်။ ဆက်လက်မိခင်နို့ချိုတိုက်ကျွေးခြင်းဟာ အစားချေးများတဲ့ လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေကို အစာစားချင်စိတ် ဖြစ်စေပါတယ်။ တကယ်တော့ မိခင်နို့ပြောင်းလဲမှုတွေဟာ ကလေးငယ်ရဲ့ အာဟာရဆိုင်ရာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖျော်ရည်များ

ကလေးတွေကို ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကျွေးဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိကြပါတယ်။ ဒါပေမယ့် သူတို့ကို ကျန်းမာရေးနဲ့ညီတဲ့ဖျော်ရည်တွေ တိုက်ဖို့ကရော- ကလေးတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်စရာတွေများပါတယ်။ ဥပမာ - အသီးဖျော်ရည်၊ Smoothies တွေကနေစလို့ နွားနို့တွေ၊ ပဲနို့တွေ အထိပေါ့။ ဒီအဖျော်ရည်တွေဟာ အရိုးကြီးထွားမှုအတွက် ကယ်လ်ဆီယမ်တွေ၊ စွမ်းအင်တွေနဲ့ ကလေးတွေရဲ့ခုခံအားစနစ်အတွက် ဗီတာမင်နဲ့ သတ္တုဓါတ်တွေကိုပေးစွမ်းပြီး ကလေးရဲ့ကြီးထွားမှုနှုန်းကို သိသိသာသာဖွံ့ဖြိုးလာအောင် ထောက်ပံ့ပေးပါတယ်။ ရေ ရေကိုတော့ ဘယ်အရာကမှအစားထိုးလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ရေက ခန္ဓါကိုယ်ရဲ့ အပူချိန်တွေ၊ အစိုဓါတ်တွေကို ထိန်းညှိပေးပြီး ဝမ်းချုပ်ခြင်းတွေနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွေကို ကယ်လိုရီတွေ သကြားတွေမပါဘဲ အလိုလို ကာကွယ်ပေးပါတယ်။ ရေဟာ ကလေးတွေရဲ့သွားတွေအတွက် အထူးအရေးကြီးတဲ့ ဖလိုရိုက် ရင်းမြစ်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေဟာ ကလေးတွေ ရေပိုသောက်အောင် တိုက်တွန်းတာမျိုးလုပ်သင့်ပါတယ်။ နွားနို့ နွားနို့ဟာ ကယ်လ်ဆီယမ်၊ ဗီတာမင် ဒီ၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း