မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးတွေကို အာဟာရပြည့်အောင် ကျွေးမွေးတာက သူတို့ရဲ့ ကြီးထွားမှု၊ ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သိပ္ပံနည်းကျလေ့လာထားတဲ့ အချက်တွေ၊ နည်းလမ်းကောင်းတွေကို ဒီမှာ လေ့လာကြည့်ရအောင်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အသက် ၁ နှစ် ကနေ ၅ နှစ်အရွယ်ကို အစားအစာကျွေးမွေးရတာက တော်တော်လေး စိန်ခေါ်မှု ဖြစ်စေတဲ့ ကိစ္စရပ် တစ်ခုပါ။ ဒီကာလမှာ ကလေးက များစွာသော ပြောင်းလဲမှုတွေ၊ ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတာကြောင့် အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က အတော်လေး အရေးကြီးပါမယ်။ ဒီကာလမှာ သူတို့က ကြီးထွားမှု စပြီး နှေးသွားပြီ ဖြစ်သလို အစားစားချင်စိတ်လည်း နည်းသွားပါပြီ။ ဒီလို အပြောင်းအလဲတွေကြောင့် အစားစားချိန်မှာ ကျွေးဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဒီကာလမှာ ကလေးကို အာဟာရ ပြည့်အောင် ကျွေးဖို့ လိုသလို အာဟာရမျှတအောင် ကျွေးဖို့လည်း လိုပါမယ်။ ဒီတော့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ အကြောင်းကို အတူတူ […]

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သင့်ကလေး ဟင်းသီးဟင်းရွက်တွေ စားချင်စိတ်ရှိလာအောင် ဘယ်လိုလုပ်ပေးရမလဲ။

အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေ ဆိုတာ ကျန်းမာရေးအတွက် ကောင်းမှန်းလူတိုင်းသိကြပါတယ်။ ဒါပေမယ့် မကြိုက်တဲ့သူတွေကများနေတော့ ခက်သား။ လူကြီးတွေတောင်မှ မကြိုက်ကြတာ ကလေးတွေဆို ပိုဆိုးတာပေါ့။ ထမင်းကိုတောင်မှ မနည်းချော့ကျွေးနေရတဲ့ ကလေးတွေ အသီးအရွက် စားဖို့ဆိုတာ မေမေတို့အတွက်တော့ စိန်ခေါ်မှုကြီးတစ်ရပ်ပါပဲ။ အာဟာရ အုပ်စုကြီး ၃ ခုကလည်း မျှတအောင် အစားအသောက်တွေပြင်ဆင်ပေးရမယ်ဆိုတော့ မေမေတို့ အနေနဲ့ ကိုယ့်ရဲ့ ကလေးတွေကို အသီးအရွက်ကျွေးမှကို ရမှာပါ။ ဒါကြောင့် အစားအသောက်ကြေးများတဲ့ ကလေးတွေ အသီးအရွက်ဆိုစားချင်စိတ်ရှိလာအောင် မေမေတို့အနေနဲ့ ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ဘာကြောင့် ကလေးတွေက ဟင်းသီးဟင်းရွက်တွေ စားဖို့ လိုအပ်တာလဲ။ ။ ကလေးတွေ အနေနဲ့ ကိုယ်ခန္ဓာကြီးထွားစေတဲ့ အစာအစားတွေ၊ အင်အားဖြစ်စေတဲ့ အစားအစာတွေပဲ စားရင်မရဘူးလားလို့ မေးစရာရှိပါတယ်။ ကလေးတစ်ယောက်က ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေတဲ့ အစာအုပ်စုကို အဓိက ထားစားရမှာ မှန်ပေမယ့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကျန်းမာရေးနဲ့မညီတဲ့ သရေစာ ဘယ်လိုရှောင်ရှားစေမလဲ

သိတတ်ကာစအရွယ် ကလေးတွေအတွက်တော့ အရာရာအသစ်အဆန်းတွေချည်းပဲမို့ ဟိုမုန့်စားချင်၊ဒီမုန့်စားချင်၊ လူကြီးစားသမျှ လိုက်စားချင်တတ်ကြတာပဲ။ အရောင်နဲ့ဒီဇိုင်းအသွင်အပြင် လှရမယ်၊ အရသာချိုမယ်၊မွှေးမယ်ဆို ဘာဖြစ်ဖြစ် လာထား။ ဝယ်ကျွေးဖို့ ပူဆာတော့တာ။ ဒီအရွယ်မှာ သူတို့ကိုယ်တိုင်ပြေးမဝယ်နိုင်သေးတော့ သရေစာမုန့်တွေက ကလေးအတွက် ကျန်းမာရေးနဲ့ညီဖို့က ဝယ်ကျွေးတဲ့ မိဘတာဝန်ဖြစ်ပါတယ်။ သူတို့ကြိုက်တဲ့မုန့်တွေ၊စားစရာတွေချည်း ဝယ်ပေးလို့ကတော့ဆေးလိုက်ကုလို့ကိုဆုံးမှာမဟုတ်ဘူးလေ။ဈေးကွက်မှာက အမှတ်တံဆိပ်အစုံ၊ အရည်အသွေးစုံ၊ အမျိုးအစားစုံတွေပေါများလွန်းပါတယ်။ အခုမှဖွံ့ဖြိုးကာစ ခန္ဓာကိုယ်လေးတွေကို အဆိပ်အတောက်ဖြစ်စေမယ့် အစားအစာတွေတော့ စိတ်ကြိုက်စားခွင့်မပေးထားသင့်ပါဘူး။ သရေစာ ဆိုတာ မကောင်းတဲ့အမူအကျင့်တော့မဟုတ်ပါဘူး။ ရွေးချယ်လိုက်တဲ့ သရေစာက ကျန်းမာရေးအတွက်သင့်တော်ပြီးဘေးကင်းနေဖို့ပဲလိုတာပါ။ ဘာလို့ဆို တစ်ခါတည်းနဲ့ပမာဏအများကြီးမစားနိုင်သေးတဲ့ ကလေးတစ်ယောက်အတွက် သရေစာကနေ အာဟာရဓာတ်တွေဖြည့်စွက်ပေးနိုင်လို့ပါပဲ။ မုန့်တွေပဲစားချင်နေပြီး ထမင်းချိန်ကျ လုံးဝငြင်းဆန်နေတတ်တဲ့ကလေးတွေဆို ဖြည့်စွက်အာဟာရပိုတောင်လိုအပ်နေပါသေးတယ်။ ဒါ့ကြောင့် ထမင်းထက် သရေစာမုန့်ကိုတစွတ်စွတ်စားဖို့ ပိုခုံမင်တတ်တဲ့ ကလေးတွေအတွက် အာဟာရေပးမယ့်သရေစာတွေ စီစဉ်ပေးနိုင်ဖို့အရေးကြီးပါတယ်။ ဒါနဲ့ ဘယ်သရေစာတွေက ကလေးအတွက်မကောင်းတာလဲဆိုတာ အရင်ပြောကြည့်ရအောင်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးစားချင်စိတ်ရှိလာအောင် ဘာတွေလုပ်ပေးရမလဲ

ကလေးတစ်ယောက်က ငယ်တဲ့ အရွယ်မှာဆို အစားထက် အဆော့ကိုသာပိုမက်ကြလို့ မေမေတို့ အနေနဲ့ ထမင်းကျွေးတိုင်း အမြဲခေါင်းခဲရပါတယ်။ စားတယ်ဆိုရင်တောင် ထမင်း၊ အသီးအရွက်တို့ထက် သရေစာကို ကြိုက်တဲ့ ကလေးက ပိုများပါတယ်။ ကလေးတစ်ယောက် အာဟာရမျှတအောင်စားဖြစ်ဖို့ဆိုတာ မေမေတို့နဲ့ အများကြီး သက်ဆိုင်နေပါတယ်။ ဒါကြောင့် ထမင်းကျွေးတိုင်း ကလေးတွေ စားချင်အောင် ဘယ်လို ပြင်ဆင်ရမလဲဆိုတာ ခေါင်းခဲနေတဲ့ မေမေတို့အတွက် ဒီလိုမျိုးလေးတွေ လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ထမင်းကျွေးချိန် သတ်သတ်မှတ်မှတ်ထားပါ။ ။ ကလေးတစ်ယောက်ဟာ တစ်နေ့ကို ထမင်း၃ နပ်၊ သရေစာ ၂ နပ်စားရမယ့် အပြင် ရေများများသောက်ဖို့ လိုအပ်ပါတယ်။ အစားကို အချိန်မှန်စားဖို့ ဆိုတာ သိပ်ကို အရေးကြီးပါတယ်။ အစာအိမ်ရဲ့ သဘာဝကိုက ဒီနေ့ဒီအချိန်စားထားရင် နောက်နေ့ဒီအချိန်ပြန်ရောက်တာနဲ့ ဗိုက်ဆာတတ်တာမျိုးပါ။ ဒါကြောင့် အချိန်မှန်မှန်စားပြီး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေအတွက် ဘယ်လိုဖျော်ရည်တွေက သင့်တော်မလဲ

ကလေးတွေ ကျန်းမာပြီး ကြီးထွားလာနိုင်ဖို့အတွက် နေ့စဉ် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ၊ သတ္တုဓာတ်တွေ စုံလင်စွာ ရရှိဖို့ အလွန်အရေးကြီးပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမဲ့ အစားအစာတွေကို စုံလင်စွာ စားသောက်ဖို့ လိုသလို ကိုယ့်ကလေးနဲ့ သင့်လျော်မယ့် ဖျော်ရည်တွေကိုလည်း ဖြည့်စွက်စာအနေနဲ့ တိုက်ကျွေးလို့ ရပါသေးတယ်။ ကလေးတွေကို ဘယ်အချိန်မှာ ဖျော်ရည်စတိုက်လို့ ရပြီလဲ။ ကလေးတွေကို အသက် ၆လ အရွယ် အထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သေချာတိုက်ကျွေးသင့်ပါတယ်။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကလေးတွေကို ကောင်းစွာ ကြီးထွားစေဖို့ အထောက်အကူပေးနိုင်ပါတယ်။ အသက် ၆လ နောက်ပိုင်းမှာ မိခင်နို့အပြင် ဖြည့်စွက်စာ၊ ရေ၊ အာဟာရဖြည့်နို့တွေ၊ တိရစ္ဆာန်ကရတဲ့ နို့တွေ တိုက်လို့ ကျွေးလို့ရပါပြီ။ ကလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ကျန်းမာစေတဲ့ အစားအစာထက် အသင့်စားသုံးနိုင်တဲ့ Junk Food […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို ဒါတွေမကျွေးပါနဲ့

ကလေးကို အာဟာရြပည့်ဝပြီး ကျန်းမာတဲ့အစားအသောက်တွေကျွေးချင်တဲ့ဆန္ဒ မိဘတိုင်းလိုလိုမှာရှိကြပါတယ်။ တစ်ခါတလေစားကောင်းလို့ ကိုယ်က သူတို့ကိုကျွေးချင်ပေမယ့် ကလေးတွေရဲ့ အစာခြေစနစ်က လူကြီးတွေလိုမျိုး အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။ ဒါပေမယ့် အရာရာတိုင်းက ကိုယ့်အတွက် သင့်တော်တယ်ဆိုရင်တောင် ရင်သွေးလေးနဲ့ သင့်တော်ဖို့က သိပ်မဖြစ်နိုင်ပါဘူး။ ဒီတော့ ကလေးကို ဘာတွေမကျွေးသင့်ဘူးလဲဆိုတာကို ဖတ်ကြည့်လိုက်နော်။ ဒီအစားအစာတွေက ကလေးကို မကျွေးသင့်ပါဘူး အသင့်စား အစားအစာတွေ ဈေးဝယ်စင်တာမှာ အလွယ်တကူဝယ်ယူလို့ရတဲ့ အသင့်စား အစားအစာတွေက အဆီနဲ့အငန်ဓါတ်ကဲပါတယ်။ လူကြီးတွေအတွက်တောင် ကျန်းမာရေးထိုက်စေနိုင်တဲ့ ဒီအစားအစာတွေက ကလေးတွေကို မကျွေးသင့်ဘူးဆိုတာပြောနေစရာတောင်မလိုပါဘူး။ ဒါကြောင့် ကလေးတွေကိုဈေးဝယ်ခေါ်သွားတဲ့အခါ ကလေး လက်ညှိုးထိုးတိုင်း မဝယ်ပေးပါနဲ့။ ပြုပြင်ထားတဲ့အသားတွေ ပြုပြင်ထားတဲ့ အသားတွေမှာ ဆားနဲ့ နိုက်ထရိတ်တွေအများကြီးပါဝင်နေတတ်ပါတယ်။ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ အမဲသားဆီသွတ်ဗူးတွေအလွန်အကျွံစားသုံးမှုက နှလုံးရောဂါ၊ အစာအိမ်နဲ့ အူမကြီးကင်ဆာအပါအဝင် နာတာရှည်ရောဂါတော်တော်များများကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သားသားမီးမီးတွေကိုပြုပြင်ထားတဲ့အသားတွေမကျွေးပါနဲ့။ သကြားလုံးတွေ အချိုတွေအလွန်အကျွံစားသုံးမှုက ကလေးရဲ့ သွားကြွေလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အစားကြေးများတဲ့ ကလေး ဘယ်လိုချော့ကျွေးကြမလဲ

ကလေးကို ထမင်းစကျွေးပြီဆိုတာနဲ့ မိဘတွေတိုင်ပတ်တဲ့ဇာတ်လမ်းကစလာပါပြီ။ အရာရာသူ့ဘာသာလုပ်မယ်တကဲကဲနဲ့ ဖွံ့ဖြိုးလာတဲ့ ကလေးကြောင့်ပါ။ ဘာကျွေးကျွေး ခုကြိုက်လိုက်၊တော်ကြာထွေးထုတ်လိုက်၊ သူ့လက်နဲ့ပြန်ကောက်စားလိုက် လုပ်ရင်လုပ်တတ်သေးတယ်။ ဘယ်အစားအစာကိုကြိုက်မလဲ မှန်းဆရလည်းတော်တော်ခက်တဲ့အရွယ်ပါ။ အစားတစ်မျိုးကို ခဏပဲကြိုက်တာကိုး။ ဆော့ရင်းကစားရင်း လိုက်ခွံ့ရတာ၊ ထမင်းပန်းကန်ကိုင်ပြီး ကလေးနဲ့စိန်ပြေးလိုက်တမ်းကစားရတာလည်း အမော။ ဒီလိုကာလတွေမှာအတော်ပင်ပန်းရပေမယ့် ဒါဟာ ကလေးတွေရဲ့ပုံမှန်ဖွံ့ဖြိုးမှုအဆင့်တစ်ခုဖြစ်နေပြန်ပါတယ်။ သိပ်စိတ်ပူနေဖို့တော့ မလိုပါဘူး။ မေမေတို့အနေနဲ့ ဉာဏ်ရှိရှိနဲ့ဖြတ်သန်းနိုင်မယ်ဆိုရင် ကလေးလည်းအာဟာရမလျော့ဘဲ အချိန်နဲ့အမျှ အဆင်ပြေလာမှာပါ။ ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ကလေးအများစုက တစ်ခါတရံ စားစရာကိုငြင်းဆန်နေရင်တောင်မှ မိဘတွေရဲ့ ကြိုးပမ်းမှု(ဉာဏ်ကစားမှု)ကြောင့် စားသင့်သလောက် စားဝင်ကြပါတယ်။ တစ်ခုသတိထားရမှာက ကလေးရဲ့အစာအိမ်ကသေးသေးလေးရယ်။ ဒီလောက်ဝင်မှဖြစ်မယ်ဆိုပြီး တစ်ကြိမ်တည်းမှာ ပုံတိုက်သတ်မှတ်ပြီး အတင်းမကျွေးမိဖို့ပါ။ ထိုက်သင့်သလောက်စားဝင်ပြီးမှ ကလေးက ဆက်မစားချင်တော့ရင် အတင်းအကျပ်ဆက်မကျွေးသင့်ပါဘူး။ ကဲ ဘယ်လိုနည်းလမ်းတွေသုံးပြီး ဇီဇာကြောင်တဲ့ကလေးကို အစားချော့ကျွေးနိုင်မလဲ ကြည့်ရအောင်။ ကိုယ်နဲ့အတူကျွေးကြည့်ပါ လူကြီးတွေစားတဲ့ထမင်းဝိုင်းနားမှာဖြစ်ဖြစ်၊ တစ်ဝိုင်းတည်းထိုင်ခိုင်းတာဖြစ်ဖြစ် တတ်နိုင်သလောက် တူတူထမင်းစားကြည့်ပါ။ အချိန်မရတဲ့သူတွေအတွက် နည်းနည်းတော့ခက်ခဲနိုင်ပေမယ့် ကလေးတစ်ယောက်တည်းကိုထမင်းခွံ့ရင်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအာဟာရမှာ ဗီတာမင်နဲ့သတ္တုဓါတ်တွေပါဝင်ဖို့ဘာကြောင့်လိုအပ်တာလဲ

ဗီတာမင်ဆိုတာလူ့ခန္ဓါကိုယ်အတွက်မရှိမဖြစ်အရေးပါတဲ့အရာတွေပါ။ ဗီတာမင်နဲ့သတ္တုဓါတ်တွေက ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေကောင်းမွန်ကျန်းမာစေဖို့ အဓိကအထောက်အကူပြုသလို ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့၊အမြင်အာရုံဖွံ့ဖြိုးဖို့၊အရိုးသန်မာစေဖို့၊ အရေပြားနဲ့ကိုယ်တွင်းအင်္ဂါကျန်းမာစေဖို့၊ရောဂါပိုးတွေကိုခုခံနိုင်ဖို့အတွက် ကူညီပေးပါတယ်။ ဒါ့ကြောင့် ဗီတာမင်နဲ့သတ္တုဓါတ်တချို့ကို ချို့တဲ့တဲ့အခါ ကျန်းမာရေးထိခိုက်မှုကြီးမားတဲ့အထိဖြစ်စေနိုင်ပါတယ်။ ဖွံ့ဖြိုးကာစ ကလေးတွေအတွက်ဆို ပိုလို့တောင်အရေးကြီးပါသေးတယ်။ ကိုယ်ခန္ဓါဖွံ့ဖြိုးကြီးထွားဖို့နဲ့ ကျန်းမာသွက်လက်ဖို့ကအစ ဉာဏ်ရည်ထက်မြက်မှုအထိ မရှိမဖြစ်လိုအပ်နေတဲ့ ဗီတာမင်ဓါတ်နဲ့သတ္တုဓါတ်တွေကို ဘယ်ကရရှိနိုင်မလဲ။ အာဟာရဓါတ်တွေညီညွတ်မျှတအောင် အစုံမစားနိုင်သေးတဲ့အရွယ်ဖြစ်တာကြောင့် သူတို့ကိုကျွေးမယ့်အာဟာရထဲ ဗီတာမင်ဓါတ်ပြည့်ဝနေမှဖြစ်မှာပါ။ မိခင်နို့မှာ အာဟာရပြည့်ဝတယ်ဆိုပေမယ့် မိခင်နို့အပြည့်အဝမရနိုင်တဲ့ကလေးတွေ ဗီတာမင်နဲ့သတ္တုဓါတ်အချိုးမျှတစွာသောက်သုံးနိုင်ဖို့ အာဟာရဓါတ်တွေအပြည့်အဝပါဝင်နေတဲ့ကလေးနို့မှုန့်၊အာဟာရမှုန့်ကိုရွေးချယ်သင့်ပါတယ်။ သူတို့လေးတွေစားမယ့် ကလေးအာဟာရထဲမှာ ဗီတာမင်ဓါတ်တွေဘာလို့ပါဝင်သင့်သလဲဆိုတာတော့အောက်မှာအသေးစိတ်ဖော်ပြလိုက်ပါတယ်။ Iron သံဓါတ်က သွေးတွင်းမှာရှိတဲ့ hemoglobin နဲ့ ကြွက်သားအတွင်းအောက်ဆီဂျင်ထိန်းသိမ်းပေးတဲ့myoglobinဖြစ်ပေါ်မှုအတွက် အရေးပါပြီးသွေးအားကောင်းစေပါတယ်။ Calcium ကယ်လ်စီယမ်က အရိုးနဲ့သွားကို ကြံ့ခိုင်စေတယ်၊ အာရုံကြောအားကောင်းစေတယ်၊ ကြွက်သားသန်မာစေတယ်၊သွေးလည်ပတ်မှုကောင်းစေတယ်၊ ခန္ဓါကိုယ်ကို အစားအစာကနေ ခွန်အားအဖြစ်ပြောင်းလဲနိုင်စွမ်းပိုကောင်းစေပါတယ်။ Essential fatty acids(EFAs) မရှိမဖြစ်လိုအပ်တဲ့fatty acidsတွေက ဆဲလ်တွေနဲ့ အာရုံကြောစနစ်ကို ကျန်းမာအောင် ထိန်းညှိပေးတယ်၊ နှလုံးသွေးကြောစနစ်ကိုကောင်းမွန်စေတယ်၊ကိုယ်ခံအားကောင်းစေတယ်၊ အာဟာရဓါတ်စုပ်ယူနိုင်စွမ်းကောင်းစေတယ်။ ဦးနှောက်လုပ်ဆောင်ချက်နဲ့ အမြင်အာရုံအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ Magnesium မဂ္ဂနီဆီယမ်က […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

လမ်းသွားတတ်ကာစအရွယ် ကလေးငယ်များတွင် သောက်သုံးသင့်သည့် အရည်များနှင့် ကန့်သတ်ပြီး သောက်သုံးစေခြင်း

လမ်းသွားတတ်ကာစအရွယ် ကလေးငယ်များသည် တနေ့လျှင် ရေ ၄ ခွက်မှ ၆ခွက်အထိ သောက်တတ်ကြောင်းယူဆရသည်။ သို့သော် ကလေးများ၏ ကြီးထွားမှုအတွက် ရေသာမက အာဟာရဓါတ်များနှင့် အဆီဓါတ်များလည်း လိုအပ်ပါသည်။ သင့်ကလေးသည် လမ်းသွားကာစအရွယ်တွင် အစားကောင်းကောင်းမစားခြင်းသည် ရေအသောက်များပြီး ဗိုက်ပြည့်နေသောကြောင့် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ထိုသို့မဖြစ်အောင် အစားစားပြီးမှ ရေသောက်စေသော အလေ့အကျင့်ပြုလုပ်ပေးသင့်သည်။ ထို့ပြင် အောက်ပါနည်းလမ်းများကလည်း သင့်ကလေးအတွက် အထောက်အကူဖြစ်ပါလိမ့်မည်။ ရေခွက်နှင့် ပြောင်းသောက်စေပါ။ ထိုသို့ပြုလုပ်ခြင်းသည် နို့ဘူးသောက်သော ကလေးများတွင် ပိုလုပ်ရလွယ်ပါသည်။ မိခင်အနေဖြင့် သင့်ကလေးသည် နို့ဘူးကို မကြာခဏစို့နေတတ်သော ကလေးဖြစ်ကြောင်း သတိပြုမိလျှင် ထိုကာလသည် အရည်ကို ခွက်ဖြင့် သောက်ရန်ပြောင်းလဲရလွယ်သော ကာလဖြစ်ပါသည်။ ခွက်ထဲတွင် နို့ရည်နည်းနည်း၊ ရေ သို့မဟုတ် ရေဖြင့်ဖျော်ထားသော အသီးဖျော်ရည်များကို ထည့်ပြီး စသောက်ခိုင်းပါ။ ထို့နောက် အစာများ၊ သရေစာများကို နို့၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

လမ်းသွားတတ်ကာစအရွယ် ကလေးငယ်များအတွက် စိတ်မချရသော အစားအသောက်များ

သင့်ကလေးသည် ကြီးထွားလာသည်နှင့်အမျှ သူစားသော အစားအစာများသည်လည်း ပိုမိုများပြားလာပါသည်။ သို့သော ်အချို့သောအစားအစာများသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် သင့်ကလေးစားသော အစားအစာများကို ဂရုစိုက်သင့်ပါသည်။ အောက်ပါတို့သည် သင့်ကလေးကို ထိခိုက်စေသော အချို့သော အစားအစာများဖြစ်ပါသည်။ သကြား ကလေးများသည် သဘာဝအားဖြင့် အချိုကြိုက်တတ်ကြသည်။ သကြားလုံးများ၊ ဂျယ်လီများ၊ ဘီစကစ်နှင့် ကိတ်မုန့်များသည် ကလေးများအကြိုက်ဖြစ်ပြီး ထိုအစားအစာများကို စားခြင်းဖြင့် အခြားသော ကျန်းမာစေသည့် အစားအစာများကို နေရာမပေးချင်ဘဲဖြစ်တတ်ကြသည်။ ထို့ကြောင့် ထိုအချိုများသော အစားအစာများကို ကလေးအသက်၂ နှစ်အရွယ်လောက်ထိ တတ်နိုင်သမျှ လျှော့စားစေခြင်းဖြင့် သွားပိုးစားခြင်းနှင့် သွားများပျက်စီးခြင်းကို ကယကွယ်နိုင်ပေလိမ့်မည်။ ပန်းသီးဖျော်ရည် အခြေခံအားဖြင့် အသီးဖျော်ရည်များသည် ကျန်းမာရေးအတွက်ကောင်းမွန်သော်လည်း ပန်းသီးဖျော်ရည်သည် သကြားဓါတ်အများအပြားပါဝင်ကြောင်းတွေ့ရသည်။ မိဘများသည် ပန်းသီးဖျော်ရည်က လိမ္မော်ရည် ၊ မက်မွန်ရည်နှင့် စပျစ်ဖျော်ရည်များထက် ပိုပြီး ကျန်းမာစေမည်ဟု မှားယွင်းယူဆနေကြသည်။ ၁၀၀ % […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေရဲ့ အကျင့်ဆိုးတွေအပေါ် အသင့်စားစရာတွေရဲ့ လွှမ်းမိုးမှု

ပင်ပန်းခြင်း၊ ငြီးငွေ့ခြင်း ဒါမှမဟုတ် ဒေါသတွေဟာ အမူအကျင့်ဆိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ကလေးတွေ ဘာစားသလဲဆိုတာကလည်း သူတို့ရဲ့ အမူအကျင့်တွေနဲ့ သွယ်ဝိုက်သောနည်းအားဖြင့် ဆက်စပ်နေပါတယ်။ အသင့်စား အစားအသောက်တွေဟာ အဓိက တရားခံတွေဖြစ်ပြီး ကလေးတွေရဲ့ စားသောက်မှုပုံစံထဲက အသင့်စား အစားအစာတွေကိုထုတ်ထားခြင်းဟာ အချို့သော အမူအကျင့်ဆိုးတွေကို ဖျောက်ဖျက်ပစ်နိုင်တဲ့ နည်းတစ်နည်းပါပဲ။ အသင့်စားအစားအသောက်တွေကို အမှိုက်သဖွယ် အသုံးမကျဖြစ်အောင်လုပ်နိုင်တဲ့ ပါဝင်ပစ္စည်းများ အသင့်စား အစားအသောက်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် စားချင်စရာလေးတွေ ဖြစ်နေတတ်ပါတယ်။ စိတ်ကျေနပ်မှုတွေ၊ ဈေးနှုန်းတွေနဲ့ အရသာတွေပါ အပါအဝင်ပေါ့။ ကလေးတွေအတွက်ဆိုရင်တော့ သူတို့တွေဟာ သူတို့စားလိုက်တဲ့အစာတွေကြောင့် နေမကောင်းဖြစ်နိုင်တယ်ဆိုတာ မသိသေးတဲ့အပြင် အသင့်စားအစားအစာတွေကလည်း စားချင်စိတ်ကို ပိုဖြစ်စေပါတယ။် အချိုဓါတ်များတဲ့စားစရာတွေဟာ ကလေးတွေရဲ့ အမူအကျင့်ဆိုင်ရာ ပြဿနာတွေအတွက် မကြာခဏဆိုသလို အဓိက ရင်းမြစ်ဖြစ်နေတတ်ပြီး အခြားသော ကျန်းမာရေးနဲ့မညီတဲ့ စားစရာတွေမှာလည်း တာဝန်ရှိပါတယ်။ ဆိုးဆေးတွေနဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း