မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးတွေကို အာဟာရပြည့်အောင် ကျွေးမွေးတာက သူတို့ရဲ့ ကြီးထွားမှု၊ ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သိပ္ပံနည်းကျလေ့လာထားတဲ့ အချက်တွေ၊ နည်းလမ်းကောင်းတွေကို ဒီမှာ လေ့လာကြည့်ရအောင်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အသက် ၁ နှစ် ကနေ ၅ နှစ်အရွယ်ကို အစားအစာကျွေးမွေးရတာက တော်တော်လေး စိန်ခေါ်မှု ဖြစ်စေတဲ့ ကိစ္စရပ် တစ်ခုပါ။ ဒီကာလမှာ ကလေးက များစွာသော ပြောင်းလဲမှုတွေ၊ ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတာကြောင့် အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က အတော်လေး အရေးကြီးပါမယ်။ ဒီကာလမှာ သူတို့က ကြီးထွားမှု စပြီး နှေးသွားပြီ ဖြစ်သလို အစားစားချင်စိတ်လည်း နည်းသွားပါပြီ။ ဒီလို အပြောင်းအလဲတွေကြောင့် အစားစားချိန်မှာ ကျွေးဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဒီကာလမှာ ကလေးကို အာဟာရ ပြည့်အောင် ကျွေးဖို့ လိုသလို အာဟာရမျှတအောင် ကျွေးဖို့လည်း လိုပါမယ်။ ဒီတော့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ အကြောင်းကို အတူတူ […]

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို လူကြီးစာတွေ ကျွေးသင့်မသင့်

အစာမာတွေ စတင်စားဖူးကာစ ကလေးတွေဟာ လူကြီးတွေ ပါးစပ်လှုပ်တာနဲ့ ပါးစပ်လေးလိုက်ဟပေးတတ်ကြပါတယ်။ သူတို့အာဟာရဖြစ်တဲ့ နို့နဲ့ထမင်းတွေက လွဲရင် ကျန်တာ အရသာပိုရှိမယ်ဆိုတာ သိနေတာကိုး။ လူကြီးတွေ ဘာလေးပဲစားစား အကုန်လိုက်စားချင်၊ မြည်းကြည့်ချင်ကြတယ်။ ဒီလိုအချိန်မှာ ကလေးကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်မှုမရှိဘဲ အကုန်ကျွေးမယ်၊ အရာရာအလိုလိုက်မယ်၊ ကိုယ်တိုင်လည်း စားချင်ရာစားပြမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ ငယ်ကတည်းက ကျန်းမာရေးအခြေမခိုင်တဲ့ ချူချာသူလေးတွေအဖြစ် ကြီးပြင်းလာရတော့မှာပေါ့။ တချို့အစားအစာတွေက လူကြီးတွေနဲ့တောင် ကျန်းမာရေးနဲ့မညီတာ၊ ကလေးတွေနဲ့ဘယ်သင့်တော်ပါ့မလဲ။ အရင်ဆုံး ကလေးတွေကို စည်းကမ်းတကျ စားသောက်တတ်အောင် အကျင့်လုပ်ပေးရပါမယ်။ ကလေးဆိုတာ ပါးစပ်ထဲထည့်လို့ရတာမှန်သမျှ လိုက်စားကြည့်မယ် (စားစရာမဟုတ်လည်းကောက်ထည့်တတ်တယ်)၊ အရသာသိပ်မခံတတ်ဘဲ ကိုက်စားပစ်မယ်၊ မျိုချပစ်မယ်(သွားပေါက်ကာစဆိုတော့ ဝါးဖို့ထက် တကိုက်ကိုက်ပြီးမျိုချလိုက်ဖို့ ပိုစိတ်လောပါတယ်)၊ ကိုယ်စားရမယ့် ထမင်းအာဟာရကျတော့ သိပ်မစားချင်တော့ဘူး။ အရသာသစ်တွေကို မက်မောပြီး လူကြီးတွေစားသမျှကို ထိုင်မျှော်နေပါတော့တယ်။ ကလေးကိုကျွေးဖို့ မသင့်တော်တဲ့ အစားအစာ လူကြီးတွေစားနေတဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေအတွက်ပြင်ဆင်ပေးမယ့် အစားအစာတွေကို အမျိုးအစားခွဲကြမယ်

ကလေးကိုငယ်စဉ်အရွယ်ကစလို့ အာဟာရတွေကိုသင့်တင့်မျှတအောင်ကျွေးမွေးပေးဖို့လိုပါမယ်။ ဒါမှကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းနိုင်မှာဖြစ်ပါတယ်။ ကလေးကိုယ်တိုင်အနေနဲ့လည်း ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်စေဖို့ ငယ်စဉ်ကတည်းကမေမေဖေဖေတို့က အစားအစာတွေကို အမျိုးအစားအလိုက်သေချာကျွေးမွေးပေးဖို့လိုပါမယ်။ ကလေးကို ငယ်ရွယ်စဉ်ကာလမှာ အစားအစာတွေနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေကိုပြောပြပေးပြီး ကျန်းမာတဲ့စားသောက်မှုအလေ့အထကို ပျိုးထောင်ပေးဖို့ကလည်းမေ့မထားသင့်တဲ့အကြောင်းအရင်းတစ်ခုပေါ့။ ကလေးတွေဟာမွေးစကနေစပြီး စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တဖြည်းဖြည်းချင်းဖွံ့ဖြိုးလာတာပါ။ ဒီလိုဖွံ့ဖြိုးမှုကို မိဘတွေအနေနဲ့ ဘေးကနေ ဖြည်းဖြည်းချင်း ပံ့ပိုးပေးပြီး ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အမှီအခိုကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်တဲ့ကလေးတစ်ယောက်အဖြစ်ပျိုးထောင်ပေးရမှာပါ။ ဒီအချိန်မှာ ကလေးက သူ့ဘဝအတွက်လိုအပ်မယ့် ဘာသာစကားစွမ်းရည်၊ လူမှုဆက်ဆံမှုပုံစံနဲ့ သင်ယူနိုင်စွမ်းတွေကို စတင်ပြီးလေ့လာရယူနေပါပြီ။ ဒါကြောင့် ဒီလိုစတင်သင်ယူချိန်မှာ ကလေးကို သူ့ဘဝတစ်သက်စာမှာ အသုံးဝင်မယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံကိုမွေးမြူပေးရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အစားအစာအုပ်စုများ အစားအစာတွေကိုစားသုံးတဲ့အခါ အဓိကကျတဲ့ အစားအစာအုပ်စု ၅ ခုစလုံးပါဝင်မှ အာဟာရပြည့်ဝတဲ့စားသောက်မှုပုံစံဖြစ်မှာပါ။ ကလေးတွေကို အစားအသောက်ပြင်ဆင်ကျွေးမွေးတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်စေဖို့ အခုပြောပြမယ့်အစားအစာတွေကို သင့်တင့်မျှတအောင်ပြင်ဆင်ပေးဖို့လိုပါမယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို မကျွေးသင့်ဆုံး အစားအစာ (၁၀) မျိုး

သွားပေါက်လာတဲ့အရွယ် ရောက်လာတာနဲ့ပဲ နို့နဲ့ထမင်းအပြင် တခြားအစာတွေ ဘာမဆိုမိတ်ဆက်ကျွေးကြည့်ဖို့ မစဉ်းစားလိုက်ပါနဲ့။ နုနယ်တဲ့ ကလေးတွေရဲ့ခန္ဓါကိုယ်ထဲကိုရောက်မယ့် အစားအသောက်တွေကဘေးအန္တရာယ်ကင်းရှင်းနေသင့်ပါတယ်။ အထူးသဖြင့် ကလေးကို ဒီအရာတွေ မကျွေးပါနဲ့။ (၁) ပြုပြင်စီမံထားတဲ့အစားအစာ- ပြုပြင်စီမံထားတဲ့အစားအစာတွေမှန်သမျှဟာဓါတုပစ္စည်းနဲ့မကင်းကြပါဘူး။တာရှည်ခံစေဖို့၊အရောင်အဆင်းမပျက်ဖို့၊အနံ့ကောင်းဖို့သုံးတဲ့ဓါတုပစ္စည်းတွေပါဝင်နေတတ်သလိုအငန်ဓါတ်ပါဝင်မှုများတတ်ပါတယ်။ဒါတွေကကလေးရဲ့နောက်ပိုင်းအသက်အရွယ်တွေမှာအဝလွန်တာ၊နှလုံးသွေးကြောကျဉ်း၊ဆီးချိုသွေးချို၊လေဖြတ်ခြင်း၊ကင်ဆာရောဂါတွေလိုဆိုးရွားတဲ့နောက်ဆက်တွဲရောဂါတွေဖြစ်လာစေပါလိမ့်မယ်။ကလေးရဲ့အစာအာဟာရထဲမှာလတ်ဆတ်ပြီးအာဟာရပြည့်တဲ့အစားအစာတွေသာပါဝင်ပါစေ။ (၂) အသင့်စားခေါက်ဆွဲ-  ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲပြုတ်နဲ့ တ နေအောင်လို့ကလေးကိုအစမလုပ်ပါနဲ့။မစားရမနေနိုင်အောင်အနံ့လေးမွှေးကြိုင်နေတတ်တဲ့အသင့်စားခေါက်ဆွဲတွေဟာဖွံ့ဖြိုးကာစကလေးတွေရဲ့ခန္ဓါကိုယ်ထဲရောက်သွားတဲ့အခါဘာဖြစ်လာမယ်ထင်ပါသလဲ။သူတို့တွေမှာဗီတာမင်ေတွ၊အာဟာရတွေဘာမှမပါတဲ့အပြင် - အသွင်ပြောင်းဆီ(transfats) တွေ၊ ဖယောင်း(ကလေးတွေပုံမှန်စားသုံးမိရင်အသည်းထိခိုက်နိုင်တယ်)၊ Propylene glycol ( ခေါက်ဆွဲသားကိုအစိုဓါတ်ထိန်းနိုင်ဖို့သုံးတဲ့ဓါတုပစ္စည်း၊ဒါပေမယ့် နှလုံး၊အသည်း၊နဲ့ ကျောက်ကပ်တို့မှာ မြန်မြန်ဆန်ဆန်စုလာပြီးထိခိုက်ပျက်စီးစေနိုင်တဲ့အတွက် အန္တရာယ်ကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်) အချိုမှုန့်( MSGလို့ခေါ်တဲ့အချိုမှုန့်တွေအများကြီးပါတတ်လို့ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်သက်ရောက်မှုကြီးမားပါတယ်)၊ အငန်ဓါတ် တခြားအန္တရာယ်ရှိဓါတုပစ္စည်းတွေ (ခေါက်ဆွဲထုပ်ပိုးတဲ့ပလတ်စတစ်၊ဘူးတွေမှာDioxinနဲ့တခြားဓါတုပစ္စည်းတွေပါရှိတတ်လို့အပူနဲ့ထိတွေ့တဲ့အခါဒီဓါတ်တွေထွက်လာပြီးအရေးကြီးကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်စေပါတယ်။ကင်ဆာရောဂါအထိဖြစ်စေနိုင်လို့သိရပါတယ်) တွေပါဝင်လို့ထိခိုက်နစ်နာမှုများပါလိမ့်မယ်။ (၃)အသီးဖျော်ရည် -အသီးလတ်လတ်ဆတ်ဆတ်တွေပဲအာဟာရဖြစ်တယ်ဆိုပြီးစွတ်မကျွေးပါနဲ့။လိုအပ်တဲ့ဗီတာမင်ဓါတ်တွေပေးနိုင်တယ်ဆိုပေမယ့်ကလေးကိုအသီးဖော်ျရည်တစ်နေ့ကို လေးအောင်စထက် ကျော်ပြီးမတိုက်သင့်ဘူးလို့ဆရာဝန်တွေအကြံပေးလေ့ရှိပါတယ်။သကြားသာထည့်ရင်အချိုစားသုံးမှုများစေပြီးအသီးချည်းဖျော်မယ်ဆိုလည်းပုံမှန်သစ်သီးစားတာထက်ပမာဏပိုများနိုင်တာကြေင့်မသင့်တော်ပါဘူး။တန်ဆေးလွန်ဘေးဆိုသလိုသစ်သီးဖျော်ရည်သောက်တာများရင်ဝမ်းပျက်စေနိုင်တယ်၊အချိုများရင်အဝလွန်စေနိုင်တယ်။တစ်ခါတလေပဲတော်သင့်ရုံတိုက်ပါ။သစ်သီးတွေကိုပဲအချိုပွဲအဖြစ်တစ်နေ့နည်းနည်းပြင်ဆင်ကျွေးပါ။ (၄)အချဉ်ထုပ်နဲ့ယို- အချဉ်ထုပ်၊ဆီးထုပ်တွေနဲ့ယိုတွေသိပ်မစားပါစေနဲ့။အရောင်ဆိုးဆေးတွေ၊ ဆေးသကြားတွေ၊အရသာအတုတွေကနုနယ်တဲ့ကလေးတွေအတွက်လုံးဝမသင့်တော်တဲ့အရာတွေပါ။သကြားနဲ့သန့်သန့်ထိုးထားတဲ့ယိုတွေဆိုရင်တောင်မှအချိုစားတာများရင်သွားပိုးစားမယ်၊အဝလွန်မယ်၊ဆီးချိုသွေးချိုစိုးရိမ်ရမယ်ဆိုတော့ချင့်ချိန်ကျွေးပါ။ကလေးကပူဆာတိုင်း ကျေနပ်အောင်ဝယ်မကျွေးကြဖို့ပါ။ (၅)အသက်ရှူလမ်းကြောင်းပိတ်ဆို့နိုင်လောက်တဲ့စားစရာ- ကလေးဆိုတော့သွားပေါက်ကာစအရွယ်မှာ ဘာပဲစားစားတကိုက်ပဲကိုက်ချလိုက်မှာ၊မဝါးနိုင်ရင်မျိုချပစ်မှာစိုးရပါတယ်။ ဒါ့ကြောင့်အသက်ရှူလမ်းကြောင်းမှာပိတ်ဆို့စေနိုင်လောက်တဲ့အစားအစာ၊အရွယ်အစား တွေကိုမကျွေးပါနဲ့။ဥပမာသကြားလုံးကိုအလုံးလိုက်မစားပါစေနဲ့၊ကိုက်ခွဲပြီးမှကျွေးပါ။အစေ့အဆန်ေတွ၊ပီကေ၊ဂျယ်လီအမာလေးတွေကိုလည်းမကျွေးပါနဲ့ဦး။ (၆) ကော်ဖီနဲ့လက်ဖက်ရည်- ကလေးအတွက်ကကဖင်းပါတဲ့ဘယ်သောက်စရာကမှမသင့်တော်ပါဘူး။လူကြီးတွေ ကော်ဖီသောက်ချိန်မှာလာတောင်းလို့နည်းနည်းခွဲတိုက်တာမျိုးလည်းအကျင့်မလုပ်ပါနဲ့။လက်ဖက်ရည်မှာပါတဲ့ tanninဓါတ်ကအစားအစာတွေထဲကနေသံဓါတ်စုပ်ယူနိုင်စွမ်းကိုဟန့်တားနိုင်ပါတယ်။ကဖင်းဓါတ်ရဲ့သက်ရောက်မှုတွေကကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုတွေအတွက်မကောင်းတာကြောင့်အားဖြည့်အချိုရည်အပါအဝင်၊ ကော်ဖီ၊လက်ဖက်ရည်တွေမတိုက်ကျွေးသင့်တာဖြစ်ပါတယ်။ မဖြစ်မနေစိတ်ကျေနပ်အောင်လုပ်ပေးချင်တယ်ဆိုရင်ကလေးရဲ့ဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်စေမယ့် နို့မှုန့်တွေကို ရွေးချယ်နိုင်ပါတယ်။ (၇)အသင့်အမြန်စားအစားအစာ- ဘာဂါ၊ပီဇာ၊ဆီကြော်အစားအစာတွေကအငန်ဓါတ်၊အချိုဓါတ်တွေများတဲ့အပြင် ပြည့်ဝဆီတွေများမယ်ဆိုတာလည်း ပြောစရာလိုမယ်မထင်။ကလေးတွေအတွက်ဘယ်လိုသင့်တော်ပါ့မလဲ။ဒါတွေကျွေးချင်တယ်ဆိုကျန်းမာရေးနဲ့ပိုညီစေမယ့်ပုံစံနဲ့အိမ်မှာကိုယ်တိုင်လုပ်ကျွေးပါ။ပါဝင်ပစ္စည်းတွေ၊ ပမာဏတွေအတိုးအလျှော့လုပ်လို့ရတယ်လေ။ (၈)မုန့်အချို -အချိုစားတာများလွန်းရင်ကလေးတွေရဲ့သွားကြွေလွှာကိုပျက်စီးစေတယ်။သကြားလုံးတွေကလည်ချောင်းမှာတစ်ဆို့နိုင်တဲ့ အန္တရာယ်ရှိတဲ့အပြင်တခြားကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။စတော်ဘယ်ရီ၊ဖရဲသီးစတဲ့အသီးအနှံတွေနဲ့ ရေခဲမုန့်လုပ်ကျွေးတာ၊မုန့်လုပ်ကျွေးတာမျိုးနဲ့အချိုတွေဝယ်မစားအောင်အစားထိုးပါ။ (၉)အချိုရည် -အချိုရည်တွေမှာပါတဲ့အက်စစ်ဓါတ်ကကလေးရဲ့သွားတွေကိုထိခိုက်စေတယ်၊အချိုပါဝင်မှု၊ဓါတုပစ္စည်း၊ဂက်စ်ပါဝင်မှုများတဲ့အတွက်ကလေးရဲ့ခန္ဓါကိုယ်ထဲရောက်တဲ့အခါဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်။ကလေးတွေ နှစ်နှ်စ်ခြိုက်ခြိုက်မအိပ်တာ၊ဂနာမငြိမ်နိုင်တာ၊ခဏခဏစိတ်မကြည်တာတွေလည်းဒီအချက်ကြောင့်ပါတာပေါ့။အသေချာဆုံးကတော့ဒီအချိုရည်တွေထဲမှာကလေးအတွေက်လိုအပ်တဲ့အာဟာရဓါတ်တွေတစ်ခုမှမပါပါဘူး။ (၁၀)အတု-အရသာတု၊သကြားအတု၊အရောင်အတု(ဆိုးဆေး) တွေကဘာအတွက် ကောင်းကျိုးရှိမယ်ထင်ပါသလဲ။ ဆေးသကြားပါတဲ့၊ဆိုးဆေးပါတဲ့အစားအသောက်မှန်သမျှကိုကလေးရဲ့ဗိုက်ထဲမရောက်စေဖို့စောင့်ကြည့်ဖယ်ရှားပေးပါ။ Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးများအတွက် အကျိုးပြု အိုမီဂါ

Omega 3 နဲ့ Omega 6 fatty acidsတွေက လူ့ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအဆီဓါတ်တွေဖြစ်ပါတယ်။သူတို့နှစ်မျိုးလုံးဟာ polyunsaturated fatty acid (ပိုလီမပြည့်ဝဆီ) တွေဖြစ်ပြီး ကိုလက်စထရော ပမာဏ လျော့နည်းစေတယ်၊ ရောင်ရမ်းခြင်းတွေ လျော့ကျစေတယ်၊ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။ အဆီလျှော့စားပါ၊ အဆီရှောင်ပါဆိုလို့ အဆီဓါတ်အားလုံးကိုရှောင်လို့လည်းမဖြစ်ဘူးနော်။ ဒီလိုအကျိုးပြုအဆီတွေကို ဖယ်ထားမယ်ဆိုရင် ပိုမကျန်းမာလာတဲ့အပြင် လိုအပ်တဲ့အာဟာရတွေမပြည့်စုံဘဲနေပါလိမ့်မယ်။ အခုမှ စတင်ဖွံ့ဖြိုးကာစ ကလေးတွေဆို ပိုပြီးလိုအပ်နေပါတယ်။ ကလေးတွေအတွက် အကျိုးပြု fatty acidတွေ ဘာကြောင့်လိုအပ်တာလဲဆိုတာ ဆက်ပြီး ဖတ်ကြည့်နော်။ Omega 3 နဲ့ 6 Fatty Acidsတွေက ဘာအကျိုးကျေးဇူးတွေရှိတာလဲ Omega 3 နဲ့ 6 fatty acidတွေက ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ အရေးပါတဲ့နေရာက ပါဝင်နေပါတယ်။Omega […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များ

ကိုယ့်ရဲ့ ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့၊ ဉာဏ်ရည်ထက်မြက်စေဖို့ နေ့စဉ် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များ လုံလောက်စွာ ရရှိဖို့ မိဘတွေအနေနဲ့ သိထားသင့်ပါတယ်။ ကလေးတွေအတွက် တစ်နေ့တာ မျှတတဲ့ အစာအာဟာရကို ချက်ပြုတ်ကျွေးမွေးဖို့၊ ဖျားနာတဲ့အခါ ပြုစုစောင့်ရှောက်ဖို့၊ ကိုယ့်ရဲ့ ကလေးကျန်းမာရေးကို အမြဲသတိရှိနေဖို့ဆိုတာ မိဘတိုင်းရဲ့ တာဝန်ဝတ္တရားတစ်ခုပါပဲ။ တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်တွေကို ဘယ်ကနေ ရနိုင်မလဲ။ ဖြည့်စွက်အားဆေးတွေထက်စာရင် ကလေးတွေအတွက် နေ့စဉ် လိုအပ်တဲ့ အာဟာရ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သေချာ ချက်ပြုတ်ပြင်ဆင်ထားတဲ့ အစားအစာတွေကနေ ရနိုင်ပါတယ်။ ငယ်စဉ်ကတည်းက ကိုယ့်ရဲ့ ကလေး စားသောက်နေထိုင်မှုပုံစံ မှန်ကန်စေဖို့နဲ့ အာဟာရဓာတ်တွေ လုံလောက်စွာ ရရှိဖို့ မိဘတွေအနေနဲ့ အကျင့်လုပ်ထားပေးဖို့ လိုပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များ က ဘာတွေလဲ။ ကလေးတွေ၊ ဆယ်ကျော်သက်လူငယ်တွေရဲ့ ကိုယ်ခန္ဓာအတွက် အဓိက လိုအပ်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးရဲ့ ကိုယ်ခံအားပေါ်မှာ အာဟာရဓါတ်တွေကဒီလိုသက်ရောက်နေပါတယ်

လူတိုင်းဟာမွေးကတည်းက ကိုယ်ခံအားစနစ်နဲ့အတူမွေးဖွားလာကြတာပါ။ ကိုယ်ခံအားစနစ်တစ်ခုကိုတော့ ဆဲလ်တွေ၊ပရိုတင်းတွေ၊တစ်ရှုးတွေ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းထားပါတယ်။ ဒီစနစ်ကဖျားနာမှုတွေကိုရောဂါပိုးမွှားတွေနဲ့ ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ ခန္ဓါကိုယ်တွင်းကို ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ရောဂါပိုးမွှားနဲ့ပြင်ပကအရာတစ်ခုခုဝင်ရောက်လာတဲ့အခါ ကိုယ်ခံအားစနစ်က တိုက်ထုတ်ပေးပါတယ်။ ကလေးတွေကမွေးကာစမှာ ကိုယ်ခံအားကအပြည့်အဝတော့မဖွံ့ဖြိုးသေးပါဘူး။ ကံကောင်းတာတစ်ခုက လူတွေမှာတော့ သန္ဓေသားက မိခင်နဲ့ဆက်ထားတဲ့အချင်းကနေတဆင့် ပဋိဇီဝပစ္စည်းတွေကို လက်ခံရယူပြီးရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ပေးထားတာပါ။နောက်ပိုင်းကာလမှာတော့အရွယ်ရောက်လာတာနဲ့အမျှ ကိုယ်ခံအားစနစ်က ဦးနှောက် နဲ့ ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေနည်းတူဖြည်းဖြည်းချင်းကြီးထွားဖွံ့ဖြိုးလာပါတယ်။ ကိုယ်ခံအားစနစ်ကောင်းကောင်းဖွံ့ဖြိုးဖို့ ဒီအချက်တွေလိုအပ်ပါတယ် ကိုယ်ခံအားစနစ်တစ်ရပ်ကောင်းမွန်ပြည့်စုံစွာဖွံ့ဖြိုးဖို့ဆိုရင် ဒီအချက်တွေလိုအပ်မှာပါ။ အာဟာရြပည့်ဝအောင်စားသုံးဖို့ ကောင်းကောင်းအိပ်စက်ဖို့ သင့်တော်တဲ့ကိုယ်လက်လှုပ်ရှားမှု တစ်ကိုယ်ရေသန့်ရှင်းမှု ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ ပတ်ဝန်းကျင်အနေအထား ကိုယ်ခံအားအပေါ်မှာ အစာအာဟာရတွေက ဒီလိုသက်ရောက်နေပါတယ် ကောင်းမွန်တဲ့ကိုယ်ခံအားစနစ်တစ်ရပ်ဖြစ်ဖို့အတွက် အရေးအပါဆုံးတွေထဲကတစ်ခု က ကျန်းမာပြည့်ဝတဲ့အစာအာဟာရပါ။ ကလေးငယ်ကို မိခင်နို့တိုက်ကျွေးနေချိန်မှာတော့ မိခင်စားသုံးလိုက်တဲ့အာဟာရတွေက နို့ရည်ကနေတဆင့် ကလေးဆီရောက်ရှိသွားနိုင်ပါတယ်။ ကလေးကနို့သောက်တဲ့အရွယ်ကနေကျော်လွန်ပြီး အစားစစားနိုင်ပြီဆိုရင်တော့ အာဟာရပြည့်ဝမျှတအောင်စားမိစေဖို့ မိဘတွေကသေချာပြင်ဆင်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကလေးကအစားစစားနိုင်ပြီဆိုရင် ကိုယ်ခံအားကို အထောက်အပံ့ဖြစ်စေမယ့် အာဟာရပြည့်ဝမျှတတဲ့အစားအသောက်တွေကိုသေချာရွေးချယ်ကျွေးမွေးဖို့လိုအပ်မှာပါ။ ဒါကြောင့်ကလေးကို ပဲအမျိုးမျိုး၊ကြက်ဥ၊ဘဲဥ၊ နွားနို့၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေအတွက် အကောင်းဆုံးအသီးအနှံများ

ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေဟာ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးနိုင်ပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အတွက် အသက်အရွယ်မရွေး စားသုံးပေးသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ သစ်သီးဝလံတွေဟာ ဟင်းသီးဟင်းရွက်တွေထက်စာရင် အရသာပိုရှိတာကြောင့် ကလေးတော်တော်များများက သဘောကျတတ်ကြပါတယ်။ ကလေးများနဲ့ သစ်သီးဝလံ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့နေရာမှာ အသီးအနှံတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အသီးအနှံတွေမှာ ဗီတာမင်တွေ အများအပြားပါဝင်ပြီး ကလေးတွေကို ကျန်းမာစေတယ်။ ကိုယ်ခံအားေကာင်းစေတယ်။ ရောဂါတွေကို အလွယ်တကူ ဝင်မလာနိုင်အောင် ကာကွယ်ပေးနိုင်တယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အဝလွန်ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးတွေကို ငယ်စဉ်ကတည်းက အသီးအနှံတွေကို ပုံမှန်စားတဲ့ အလေ့အကျင့်လုပ်ထားပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေအနေနဲ့ ဘယ်အသီးအနှံတွေကို စားပေးသင့်လဲ။ ဘယ်ရီသီးများ - စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ချယ်ရီသီး အစရှိတဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေအတွက် အကောင်းဆုံးအာဟာရများ

ကလေးတွေကို ကျွေးတဲ့ အစားအသောက်တွေမှာ အကောင်းဆုံးအာဟာရများ ပါရမယ်ဆိုတာ မိဘတိုင်းသိပြီးသားဖြစ်မှာပါ။ ၂ နှစ်ကျော်တဲ့ ကလေးတစ်ယောက်က လူကြီးတွေစားသလို လိုက်စားနိုင်တယ်ဆိုပေမယ့် ကလေးနဲ့ လူကြီး လိုအပ်တဲ့အာဟာရတွေကမတူပါဘူး။ ဒါကြောင့် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ကလေးအတွက် သက်သက်စီစဉ်ပေးဖို့ အရေးကြီးပါတယ်။ အာဟာရ အာဟာရဆိုပြီး ကြားဖူးနေကြဖြစ်ပေမယ့် ပြည့်ဝမျှတတဲ့အာဟာရ ရအောင် အစားအသောက်ကိုတွေ ဘယ်လို ပြင်ဆင်ကျွေးရမလဲဆိုတာ မေမေတို့ မသိဖြစ်နေတတ်ပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်နဲ့ပက်သက်ပြီး ခေါင်းခဲနေတဲ့ မေမေတို့အတွက် ခုပြောပြမယ့် အကြောင်းအရာတွေက အထောက်အကူပြုလိမ့်မယ်လို့ထင်ပါတယ်။ ဘာကြောင့် အကောင်းဆုံးအာဟာရများ ကို ကလေးတွေ ရဖို့လိုအပ်တာလဲ။  အစားအသောက်ဆိုတာ ကလေးတွေ ကြီးထွားဖို့၊ မှတ်ဉာဏ်ရင့်သန်စေဖို့၊ သင်ယူနိုင်စွမ်းမြင့်တက်စေဖို့ အတွက် အဓိကကျတဲ့ အခန်းကနေပါဝင်နေပါတယ်။ မျှတတဲ့ အာဟာရ ရဖို့အတွက် အစာအုပ်စုကြီး၃ ခုက ပင်မ ကျောရိုးကြီးပါ။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အစားအသောက်ပြင်ဆင် ပေးမယ့် ဖေဖေမေမေတို့ သိထားသင့်တဲ့အချက်များ

အစားအစာတွေထဲ အနံ့ရော အရသာပါပြောင်းလဲထူးခြားတာမျိုးမဖြစ်စေဘဲ ဘက်တီးရီးယားတွေ ပေါက်ဖွားရှင်သန်နေနိုင်တယ်ဆိုတာကို သိပါရဲ့လား။ အနံ့ပြောင်းနေရင်ဖြစ်ဖြစ် အရသာပြောင်းနေရင်ဖြစ်ဖြစ် မစားသင့်ဘူးဆိုတာကို အလွယ်တကူသိနိုင်ပါတယ်။ အစားအစာက ခန္ဓာကိုယ်အတွက် မဖြစ်မနေမှီဝဲအားထားရတဲ့အရာပါ။ ဒီတော့ အစားအစာဘေးကင်းမှ ကျန်းမာဖွံ့ဖြိုးမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါပဲ။ ဒီလိုအရေးကြီးတဲ့ အစာအာဟာရကိုဘေးကင်းအောင်ပြင်ဆင်ဖို့က မဖြစ်မနေသတိထားသင့်တဲ့အချက်ပါ။ ဒီတော့ သားသားမီးမီးလေးတွေကို အစားအသောက်ပြင်ဆင် ကျွေးမွေးမယ့် မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေကို ကျန်းမာဖွံ့ဖြိုးမှုမထိခိုက်စေဖို့ ဒီအချက်လေးတွေကို သတိထားပေးပါနော်။ အစားအစာတွေကို ဘေးကင်းကင်းနဲ့ အာဟာရပြည့်ဝစေဖို့ ပြင်ဆင်မယ် အစားအစာတွေ မသန့်ရှင်းတာကြောင့် ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ အခြေခံအကျဆုံးဖြစ်တဲ့ သန့်ရှင်းရေးကို ဂရုစိုက်တာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကစလို့ ပြင်ဆင်အသုံးပြုတဲ့ ပစ္စည်းတွေအဆုံး အကုန်လုံးကို သန့်ရှင်းသပ်ရပ်အောင် ဂရုစိုက်ရပါမယ်။ အစားအသောက်ပြင်ဆင် မယ့်သူတွေ လိုက်နာရမယ့် အခြေခံအချက်များ သားသားမီးမီးလေးတွေ အပါအဝင် တစ်မိသားစုကျန်းမာပြီး အာဟာရပြည့်တဲ့အစားအစာတွေ စားသုံးခွင့်ရစေဖို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အသီးအရွက်ဆို ကြေးများကြတဲ့ ကလေးတို့အတွက် မေမေတို့ ဒီလိုကြိုတင်ပြင်ဆင်သင့်ပါတယ်။ ။

ကလေးတွေ အသက်၂ နှစ်ကျော်ပြီဆိုတာနဲ့ အစားအသောက်တွေကို အာဟာရ မျှတအောင် ကျွေးဖို့ဆိုတာမေမေတို့ တတ်ထားသင့်တဲ့ ပညာတစ်ခုပါ။ အသီးအရွက်ဆိုကြေးများတတ်တဲ့ ကိုယ့်ကလေး မစားစားချင်အောင် ပြင်ဆင်ဖို့ဆိုတာ အရမ်းအရေးကြီးတဲ့အရာပါ။ ဒီတော့ ကလေးတွေ အသက်၂ နှစ်ကျော်လာပြီဆိုတာနဲ့ အသီးအရွက်ဆို ကြေးမထူရအောင် မေမေတို့ အနေနဲ့ ဒီလိုမျိုးလေးတွေ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ၁။ ငယ်စဉ်ကတည်းက အသီးအနှံတွေ အကြောင်း သင်ပေးပါ။ ။ အသီးအနှံတွေပါတဲ့ ဓာတ်ပုံတွေကို ထမင်းစားခန်းထဲ ချိတ်ထားပြီး ထမင်းကျွေးတိုင်း ကလေးကို အသီးတွေနဲ့ စတင်မိတ်ဆက်ပေးပါ။ အသီးတွေ အကြောင်း ကလေးနဲ့ အမေးအဖြေလုပ်တမ်း ကစားပါ။ဒါကဘာသီးလေးလဲလို့မေးပြီး ကလေးက ပြန်ဖြေနိုင်ရင် တော်လိုက်တာဆိုပြီး ချီးကျူးပေးပါ။ ၂။ ပုံတွေ ဆွဲခိုင်းပါ။ ကလေးတွေဆိုတာ ပုံဆွဲတာကို အင်မတန်မှ ကြိုက်နှစ်သက်သူတွေပါ။ ဒါကြောင့် ကိုယ့်ကလေး အသက် ၂ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း