ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ သေးခံလောင်တဲ့အခါ

ကလေးကဖျားတာနာတာလည်းမရှိဘဲ မအီမသာဖြစ်နေတယ်။ ဘာကြောင့်မှန်းမသိဘဲ ဂျီကျနေတယ်ဆိုရင် ကလေးမှာထိခိုက်မှုတစ်စုံတရာများရှိနေလား၊ အကောင်ကိုက်ထားတာများရှိနေတာလား။ သေးခံလောင်နေလားဆိုတာကို စစ်ဆေးကြည့်ဖို့လိုပါမယ်။ တကယ်လို့ ကလေးရဲ့ပေါင်ခြံ၊ တင်ပါးတို့မှာ နီမြန်းနေတယ်။ အရေပြားအဖတ်လန်သလိုမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ ကလေးကသေးခံလောင်နေတာပါ။ သေးခံလောင်ခြင်း သေးခံလောင်တယ်ဆိုတာက ကလေးရဲ့ အရေပြား (အထူးသဖြင့်)သေးခံဝတ်ထားတဲ့နေရာမှာ အရေပြားနီမြန်းရောင်ရမ်းနေတာ၊ အရေပြားမှာ အဖုအပိမ့်လေးတွေ ဖြစ်နေတာ၊ အပေါ်ယံအရေပြားအဖတ်လန်နေတာမျိုးတွေတွေ့ရနိုင်ပါတယ်။သေးခံလောင်တာက ကလေးငယ်ငယ်လေးတွေမှာမှ မဟုတ်ဘူး။တောက်တောက်ပြေးနေတဲ့အရွယ်ထိသေးခံဝတ်တဲ့ကလေးတိုင်းမှာသေးခံလောင်တာတွေဖြစ်နိုင်ပါတယ်။ ဒါတွေကြောင့်သေးခံလောင်တာပါ သေးခံလောင်တာက ကလေးငယ်ငယ်လေးတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့အရေပြားပြဿနာတစ်ခုပါ။ မိဘတွေက ဂရုစိုက်မှုနည်းတာကြောင့်ရယ်မဟုတ်ပါဘူး။ နုနယ်လွန်းတဲ့ ကလေးငယ်ရဲ့အရေပြားမှာဖြစ်တတ်တဲ့အရေပြားပြဿနာတစ်ခုပေါ့။ ကလေးက အမြဲလိုလိုသေးစိုနေတာ၊ ဝမ်းတွေနဲ့ထိတွေ့မိတာ၊ အစားအသောက်အသစ်အဆန်းတွေစားသုံးမိတာ ကလေးရဲ့အရေပြား တုံ့ပြန်လွယ်တဲ့အခြေအနေဖြစ်နေတာ၊ ကလေးကိုသေးခံဝတ်ပေးထားတာ အရမ်းတင်းကျပ်နေတာတွေကြောင့် ကလေးလေးတွေမှာသေးခံလောင်တာတွေဖြစ်နိုင်ပါတယ်။ သေးခံလောင်တဲ့အခါ ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ သေးခံလောင်တာကဘေဘီလေးတွေတိုင်း မဖြစ်မနေကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာဆိုပေမယ့်သေးခံလောင်တာကို သက်သာအောင်လုပ်ဆောင်ပေးလို့ရတဲ့ နည်းလမ်းလေးတွေတော့ရှိပါတယ်။ သေးခံလောင်တာကိုကာကွယ်ပေးနိုင်မယ့် အကောင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းတစ်ခုကသေးခံဝတ်တဲ့နေရာကို သန့်ရှင်းခြောက်သွေ့အောင်ထားတာပါ။ ဒီလိုလုပ်တာက ကလေးရဲ့သေးခံလောင်တဲ့ပြဿနာကို ဆိုးမလာအောင်ကာကွယ်ပေးနိုင်ပါတယ်။ ကလေးကိုသေးခံစိုတာနဲ့လဲပေးပါ - ကလေးသေးခံကစိုနေပြီ ညစ်ပေနေပြီဆိုတာနဲ့ ချက်ချင်းလဲပေးလိုက်ပါ။ ဒါက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီ တို့ကို အဝတ်အစားဝတ်ပေးတဲ့အခါ မမေ့သင့်တဲ့ (၆) ချက်

ကိုယ့်မှာ ဘေဘီ လေး ရှိနေပြီလား။ အမိဝမ်းက ကျွတ်ခါစ နုနယ်လွန်းတဲ့လူသေးသေးလေးအတွက် ဝေယျာဝစ္စပေါင်းသောင်းခြောက်ထောင်ထဲမှာ အသေးအဖွဲကအစ အရေးကြီးပါတယ်။ အထူးသဖြင့် သူတို့လေးတွေရဲ့ကျန်းမာရေးအတွက်ပေါ့။ အသစ်စက်စက် ဖေဖေမေမေတို့ဆိုရင် ကလေးရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်လား၊ အစာအာဟာရအတွက်လား အရာရာကို အတွေ့အကြုံရှိသူတွေဆီမေးမြန်းရ၊လေ့လာရနဲ့။ အတွေ့အကြုံသစ်တစ်ခုဖြစ်တာကြောင့် အဘိုးအဘွားတွေအကူအညီကို အားကိုးရပါတယ်။ ဒါပေမယ့် အမြဲတော့ဘယ်ဖြစ်နိုင်ပါ့မလဲ။ အမြဲအနီးကပ်ထိန်းကျောင်းမွေးမြူရမှာက ဖေဖေမေမေရဲ့တာဝန်ပဲလေ။ ကလေးလေးတစ်ယောက်၊ ကိုယ်နှစ်ယောက် တကယ်တမ်းတွေ့ကြပြီဆိုတော့ မွေးကင်းစကလေးသေးသေးလေးကို ချီတောင်မချီတတ်၊ မချီရဲတဲ့ သူတွေဆိုပြဿနာတက်ကြပါလေရော။ ကလေးကို အကိုင်အတွယ်ညင်သာဖို့ အရေးကြီးတယ်ဆိုပေမယ့် ချီတာ၊မတာ၊ နေရာရွှေ့တာ၊ဘာပဲလုပ်လုပ် မိမိရရလက်မြဲဖို့လိုပါတယ်။ ဒါမှ လွတ်မကျမှာလေ။ အရိပ်တကြည့်ကြည့်နဲ့ လုပ်ပေးနေရတဲ့ ကလေးဝေယျာဝစ္စတွေထဲမှာ မကြာခဏလုပ်ပေးဖို့လိုတဲ့ အဝတ်လဲတဲ့ကိစ္စက အရေးကြီးပါတယ်။ နို့စို့လိုက်၊ ရှူးပေါက်လိုက်၊အင်အင်းပါလိုက် ပဲလုပ်နေတဲ့ အရွယ်မဟုတ်လား။ အခု ကလေးကို အဝတ်ဝတ်ပေး၊ ချွတ်ပေးတဲ့အခါ သတိထားသင့်တဲ့အချက်လေးတွေ မေမေတို့ကို ပြောပြချင်လို့ပါ။ (၁) ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ခရီးသွား တဲ့အခါ ကလေးလေးပါရင် ဒါတွေ မမေ့နဲ့နော်

ကိုယ့်ကားနဲ့ကိုယ် မိသားစုလိုက်  ခရီးသွား ကြမယ်ဆိုရင် ဘယ်အချိန်ထသွားသွားရတယ်။ ဒါပေမယ့် ကလေးငယ်ငယ်ရှိနေရင် ဘာမှမပြင်ဆင်ဘဲ သွားလို့မဖြစ်ပါဘူး။ လမ်းခရီးမှာ ကလေးအတွက် ဘာတွေလိုမလဲ၊ဘေးကင်းဖို့၊ သက်တောင့်သက်သာဖြစ်စေဖို့ ထည့်စဉ်းစားရမှာတွေရှိပါတယ်။ မိသားစုဘေးကင်းရေးနဲ့ သာယာပျော်ရွှင်တဲ့ခရီးစဉ်ဖြစ်ဖို့အရေး ဘေဘီလေးရဲ့ဖေဖေမေမေတို့ ဒီအချက်လေးတွေသတိထားသင့်တယ်နော်။ (၁) ကလေးအတွက် car seat ပါရပါမယ် ကလေးအတွက် ဘေးကင်းရေးက ပထမဦးစားပေးဖြစ်သင့်ပါတယ်။ ကလေးရဲ့အသက်နဲ့ခန္ဓါကိုယ်အရွယ်အစားအလိုက်car seat တစ်ခုဝယ်ထားဖို့အရေးကြီးပါတယ်။နောက်တစ်ချက်ကcar seat ကို ကားထဲမှာ မှန်ကန်စွာတပ်ဆင်ဖို့လည်း လိုပါတယ်။car seat ကို ကားနောက်ခန်းမှာတပ်သင့်တယ်၊ဖြစ်နိုင်ရင် ထိုင်ခုံအလယ်မှာပေါ့။ အသုံးပြုနည်းလမ်းညွှန်ကိုသေချာကြည့်ပြီး တပ်ထားတာမှန်ရဲ့လား ထပ်ကာထပ်ကာစစ်ဆေးပါ။ ကြိုးနဲ့ချိတ်တွေ ခိုင်ရဲ့လားစစ်ပါ။ (၂) ပြတင်းပေါက်မှာ နေကာတပ်ပါ ကလေးကိုပြတင်းပေါက်ကနေ တိုက်ရိုက်နေပူနေမှာကိုဖြစ်စေချင်မှာမဟုတ်လောက်ပါဘူး။ ဒါ့ကြောင့် ကလေးရဲ့မျက်လုံးနဲ့မျက်နှာကို နေမထိုးစေဖို့ ကားပြတင်းပေါက်မှာsun shade တပ်ထားပါ။ (၃) လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေအပြည့်အစုံယူခဲ့ပါ Diaperသေးခံတွေနဲ့ wipesတွေ များများယူခဲ့သင့်ပါတယ်။ ကိုယ်လိုမယ်ထင်တာထက် အမြဲပိုယူတာကောင်းပါလိမ့်မယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာဖြစ်တတ်တဲ့ အစာခြေစနစ်ပြဿနာတွေ

ဘေဘီလေးတွေမွေးဖွားပြီးတဲ့အခါ အချိန်တိုင်းကသူတို့အတွက်ဖြစ်သွားပါပြီ။ သူတို့လေးတွေရဲ့ လှုပ်ရှားမှုအပြုအမူတိုင်းကို မျက်ခြေမပြတ်စောင့်ကြည့်နေမိပါတယ်။ အပြုအမူကိုကြည့်ပြီး သူတို့လေးတွေ ဘာဖြစ်နေလဲဆိုတာကို ဆုံးဖြတ်ရတာကိုး။ သူတို့လေးတွေငိုနေတဲ့ အခါ၊ မအီမသာနဲ့ဂျီကျနေတဲ့အခါတော်တော်လေးစိတ်ညစ်ရပါတယ်။ သားဦးမိဘတွေမှာဆိုပိုဆိုးမှာပါ။ ဒီလိုစိတ်ညစ်ရတာက တစ်ယောက်တည်းမဟုတ်ပါဘူး ကလေးလေးတွေမွေးဖွားထားတဲ့ မိဘတိုင်း မဖြစ်မနေကြုံရမယ့်ပြဿနာပါ။ ကိုယ်ပေါ်မှာဖြစ်တဲ့အနာလိုမျိုး၊ ဖျားတာလိုမျိုးကပြင်ပမှာလက္ခဏာတွေကိုမြင်တွေ့နိုင်တာမို့ဖြစ်နေတဲ့အနေအထားကိုသိရှိနိုင်တယ်ဆိုပေမယ့် ကလေးရဲ့ ဝမ်းဗိုက်( အစာခြေစနစ်) မှာဖြစ်နေတဲ့ပြဿနာမျိုးကတော့ ဆုံးဖြတ်နားလည်ဖို့ခက်မှာပါ။ ကလေးကလည်း မပြောနိုင်သေးတဲ့အရွယ် ကိုယ်ကလည်း တစ်ခုခုကို ဆုံးဖြတ်သိမြင်နိုင်သူမဟုတ်တော့ ဒီလိုအနေအထားကတော်တော်လေး အခက်တွေ့စေမှာ အသေအချာပါ။ ဘေဘီလေးတွေမှာ ခံစားရနိုင်တဲ့ အစာခြေစနစ်ပြဿနာတွေက စားချဉ့်ရည်ပြန်တက်ခြင်း အသက် ၄ လသားကနေ ၁၂ လသားအရွယ်ကလေးငယ်တွေမှာ စားချဉ့်ရည်ပြန်တက်တဲ့ပြဿနာအဖြစ်များပါတယ်။သောက်လိုက်တဲ့ မိခင်နို့ရည်က ကလေးရဲ့အစာအိမ်ထဲမှာ အချိန်ကြာမြင့်စွာရှိနေပြီး အစာမကြေဖြစ်တာကြောင့် အစာရေမြိုတစ်လျှောက်ပြန်ဆန်တက်လာတဲ့အခြေအနေပါ။ အော့အန်ခြင်း ကလေးငယ်လေးတွေမှာအော့အန်တာက အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာတစ်ခုပါ။ ကလေးတွေမှာအော့အန်မှုကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းက အစာအိမ်အူလမ်းကြောင်းတစ်လျှောက်မှာ ဗိုင်းရပ်စ်ကူးစက်တာကြောင့်ပါ။ ကလေးငယ်လေးတွေဖျားနာတဲ့အခါမျိုးမှာလည်းအော့အန်နိုင်ပါတယ်။ ဝမ်းလျှောတာကလည်း ကလေးတွေကိုအော့အန်စေရတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဝမ်းချုပ်ခြင်း ကလေးကနို့သောက်နေရာကနေ အစားစစားတဲ့အခါမျိုး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအငိုတိတ်စေနိုင်မယ့် နည်းလမ်း ၁၈ သွယ်

ကလေးတွေကငယ်သေးတဲ့အချိန်မှာ စကားမပြောနိုင်တာကြောင့်သူတို့ရဲ့ဆန္ဒကိုဖော်ပြဖို့သုံးနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ငိုတာပါ။ မအီမသာဖြစ်တဲ့အခါမျိုးမှာလည်း ကလေးတွေက ငိုတတ်ကြပါသေးတယ်။ ဒါပေမယ့် ကလေးတွေငိုတဲ့အခါ မိဘတွေကဘာဖြစ်လို့ဖြစ်မှန်းမသိဘဲ ထူပူစိုးရိမ်နေတတ်ကြပါတယ်။ ဒီတစ်ခါတော့ဘေဘီလေးတွေက ဘာကြောင့်ငိုတတ်လဲဆိုတာနဲ့ ကလေးတွေငိုရင် အငိုတိတ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ ကလေးတွေဘာကြောင့်ငိုတာလဲ ကလေးငယ်တွေငိုရတဲ့အကြောင်းတွေအများကြီးရှိပါတယ်။ ငိုတာက ကလေးတွေရဲ့တစ်ခုတည်းသော လူမှုဆက်ဆံရေးနည်းလမ်းပါ။ ဒီနည်းနဲ့ လူကြီးတွေရဲ့ အာရုံစိုက်မှုကိုရယူတာဖြစ်သလို သူတို့ရဲ့လိုအပ်ချက်ကိုတောင်းဆိုတာလည်းဖြစ်ပါတယ်။ ကလေးငယ်လေးတွေမှာ ငိုပုံငိုနည်းကအမျိုးမျိုးကွာခြားပါတယ်။ အစပိုင်းမှာတော့ ကလေးတွေရဲ့ ငိုသံကို နားလည်နိုင်ဖို့တော်တော်လေးခက်ပါလိမ့်မယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကလေးငယ်တွေရဲ့ ငိုသံတစ်ခုချင်းစီကိုနားလည်လာပါလိမ့်မယ်။ ကလေးတွေက စိတ်ကျဉ်းကျပ်တဲ့အခါမျိုးနဲ့ စိတ်ရှုပ်ထွေးတဲ့အခါမျိုးတွေမှာလည်း ငိုတတ်ကြပါသေးတယ်။ ကလေးငယ်တွေငိုရတဲ့ အကြောင်းအရင်းတွေ ဗိုက်ဆာတဲ့အခါ ပင်ပန်းတဲ့အခါ ပူလွန်း အေးလွန်းတဲ့အခါ သေးခံက စိုနေတာ၊ ညစ်ပေနေတာကြောင့် လဲပေးစေချင်တဲ့အခါ လေထုတ်ပေးဖို့လိုတဲ့အခါ ချီစေချင်တဲ့အခါ ဗိုက်ထဲမှာလေပွနေတဲ့အခါ နို့ဆာတဲ့အခါမျိုး သူ့ကိုယ်သူ မလုံခြုံဘူးလို့ထင်တဲ့အခါမျိုး အလင်းရောင် အရမ်းစူးတာ ဒါမှမဟုတ် အသံတွေအရမ်းဆူတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်လေးတွေကို ဆီအသုံးပြုပြီး နှိပ်နယ်ပေးခြင်းက ရရှိနိုင်တဲ့ကောင်းကျိုးများ

ကလေးငယ်လေးကို ဆီတစ်မျိုးမျိုးသုံးပြီး နှိပ်နယ်ပေးတာက ကလေးကို သက်တောင့်သက်သာဖြစ်စေသလို မိခင်နဲ့ရင်သွေးကြားမှာ ရင်းနှီးချစ်ခင်မှု ပိုမိုရရှိစေနိုင်ပါတယ်။ ကလေးကို အဆီတစ်မျိုးမျိုးသုံးပြီး နှိပ်နယ်ပေးတာက ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကအများကြီးရှိပါတယ်။ ကလေးကို သက်တောင့်သက်သာဖြစ်စေမယ် ကလေးကို အဆီတစ်ခုခုသုံးပြီးနှိပ်နယ်ပေးတာက ခန္ဓါကိုယ်က အကြောတွေကိုပြေလျော့စေနိုင်သလိုကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။နောက်တစ်ချက်က ကလေးလေနြာဖစ်တာကို သက်သာစေပြီး ဝမ်းမှန်ေစနိုင်ပါတယ်။ ကလေးကို စိတ်ဖိစီးမှုကင်းဝေးစေပြီး ကြွက်သားတွေနာကျင်တာ၊ သွားကြိတ်တာတွေကို ကင်းဝေးစေမှာပါ။ ကလေးရဲ့ ခန္ဓါကိုယ်ဖြစ်စဉ်တွေကိုကောင်းမွန်စေနိုင်တယ် ကလေးကို နှိပ်နယ်ပေးတာက ကလေးရဲ့သွေးလည်ပတ်မှုစနစ်၊ အစာခြေစနစ်၊ ကိုယ်တွင်းဟော်မုန်းတွေနဲ့ ကိုယ်ခံအားစနစ်၊ ကလေးရဲ့ ကြွက်သားဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှုတွေကိုကောင်းမွန်စေနိုင်ပါတယ်။ ဒါတွေတင်မဟုတ်ဘဲ ကလေးရဲ့ သင်ယူနိုင်မှုစွမ်းရည်နဲ့ အာရုံစူးစိုက်နိုင်စွမ်းကိုကောင်းမွန်စေနိုင်ပါသေးတယ်။ ချစ်ခြင်းမေတ္တာတိုးစေပြီး ယုံကြည်မှုတိုးလာစေတယ် ကလေးကို နှိပ်နယ်ပေးတာက ကလေးနဲ့ မိဘကြားမှာ ချစ်ခင်ရင်းနှီးမှု ပိုတိုးလာစေနိုင်သလို ကလေးရဲ့မိဘအပေါ်မှာ ယုံကြည်မှုတိုးလာစေနိုင်ပါတယ်။ ကလေးနဲ့ စကားပြောဆိုဆက်သွယ်မှုမလုပ်နိုင်သေးပေမယ့် ဒီလိုလေးထိတွေ့မှုက ရင်သွေးလေးနဲ့ ကိုယ်နဲ့ကြား မမြင်နိုင်တဲ့ ချစ်ခြင်းမေတ္တာနဲ့ နားလည်နိုင်မှုတွေ တိုးပွားလာစေမှာပါ။ ကလေးကိုနှိပ်ပေးမယ်ဆိုရင် ကလေးကိုနှိပ်ပေးတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အိန်ဂျယ်လ်ပိစိကွေးလေးတွေနဲ့ ခရီးသွားတော့မယ်ဆိုရင်

ခရီးသွားမယ် မိသားစုလိုက်ပေါ့။ ဘာတွေများလိုမှာလဲ။ အဝတ်အစားနည်းနည်းပါးပါးပဲယူသွားမယ်လို့တွေးနေလား။ လူကြီးတွေပဲဆိုရင်တော့ ခရီးသွားရင် အများကြီးသယ်သွားစရာမလိုဘူးပေါ့။ ကလေးလေးတစ်ယောက်လောက်ကို ခရီးသွားလို့ခေါ်သွားမယ်ဆိုရင်တော့ စဉ်းစားစရာတွေများလာပြီပေါ့။ ကလေးသေးသေးလေးမို့ဆိုပြီး အထင်မသေးလိုက်နဲ့နော်။ဘေဘီလေးတွေခရီးသွားရင် ထည့်သွားရမယ့် ပစ္စည်းတွေကတော်တော်လေးများပါတယ်။ဘေဘီလေးတွေနဲ့ခရီးသွားတဲ့အခါ ထည့်သွားစရာတွေက များသလို အသက်အရွယ်လိုက်ပြီး ထည့်သွားရမယ့် ပစ္စည်းတွေကွာခြားနိုင်ပါတယ်။ ကလေးတွေနဲ့ ခရီးသွားမယ်ဆိုရင် အမြဲမမေ့သင့်တဲ့စကားတစ်ရပ်က ကြိုတင်ပြင်ဆင်ပါ။ လိုအပ်တာအကုန်ယူသွားပါ။ ဆိုတာပါ။ ကလေးလေးတွေနဲ့ခရီးသွားတဲ့အခါ ဘာတွေယူသွားမလဲ ကလေးဆပ်ပြာ - ကလေးငယ်လေးတွေရဲ့ အသားအရည်က ထိခိုက်လွယ်တာမို့ လူကြီးတွေသုံးတဲ့ ဆပ်ပြာနဲ့မတိုက်ပေးမိပါစေနဲ့။ ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာရည်ကို သတိထားယူသွားပေးပါ။ ဘေဘီရှန်ပူ - ခရီးသွားရင်ဘေဘီလေးတွေကို ခေါင်းလျှော်ပေးဖို့လိုလာတဲ့အခါလျှော်ပေးလို့ရစေဖို့အတွက် ခရီးသွားတိုင်း Baby Shampooလေးဆောင်သွားပေးနော်။ သွားတိုက်ဆေး - ကလေးတွေရဲ့ ထွက်သစ်စ သွားလေးတွေ ကြံ့ခိုင်စေဖို့နဲ့ ခံတွင်းပြဿနာတွေကင်းစေဖို့နေ့စဉ် အသုံးပြုနေကျ သွားတိုက်ဆေးလေးကို ခရီးသွားတဲ့အခါ တစ်ပါတည်းယူသွားပါ။ သွားပွတ်တံ - တစ်နေ့နှစ်ကြိမ်လုပ်ရမယ့် ခံတွင်းသန့်ရှင်းရေးအတွက်လိုအပ်မယ့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရဲ့ အန္တရာယ်ကင်းတဲ့ ကမ်းခြေခရီးစဉ်အတွက် ဘာတွေပြင်ဆင်ဖို့ လိုအပ်မလဲ

ဘေဘီလေးတွေ နဲ့ခရီးသွားတာက စွန့်စားခန်းကြီးတစ်ခုနော်။ ခရီးသွားတဲ့အခါ ခရီးတိုပဲသွာသွား ရက်ရှည်ခရီးပဲထွက်ထွက် အိတ်ထဲမှာ အရင်ဆုံးမပါမဖြစ်ထည့်မိတာက ကလေးအတွက်လိုအပ်မယ့် ပစ္စည်းတွေပါ။ ပျော်ချင်လို့ ခရီးသွားပါတယ်ဆိုမှာဘေဘီလေးမှာနေထိုင်မကောင်းတာတွေဖြစ်မယ်၊ အရေပြားပြဿနာတွေဖြစ်မယ်ဆိုရင် ခရီးစဉ်ကပျော်စရာမကောင်းတော့ဘဲဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ အပန်းပြေစေဖို့ ကမ်းခြေခရီးသွားရင် စိတ်ဖိစီးမှုကင်းကင်းနဲ့ ပျော်ရွှင်စရာ ကမ်းခြေခရီးစဉ်ဖြစ်စေဖို့ဘေဘီလေးအတွက်ဘာတွေယူသွားဖို့လိုမလဲဆိုတာကိုပြောပြပေးမယ်နော်။ ဘေဘီလေးနဲ့ ကမ်းခြေခရီးစဉ်အတွက်လိုအပ်မှာတွေက ကလေးနဲ့ ခရီးသွားတော့မယ်ဆိုရင် ပုံမှန်ထည့်သွားနေကျ ပစ္စည်းတွေအတိုင်းယူသွားဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဘေဘီအတွက် လိုအပ်သမျှတွေပါမှဖြစ်မှာပါ။ ဒီတော့ဘေဘီလေးနဲ့ ကမ်းခြေခရီးသွားတော့မယ်ဆိုရင် - ကလေးသုတ်တဘက် - ကမ်းခြေသွားမယ်ဆိုတော့ ရေစိုမှာကတော့ အသေအချာပဲလေ။ ဒီတော့ရေသုတ်ဖို့ တဘက်ကို မဖြစ်မနေယူသွားဖို့လိုမှာပေါ့။ ကလေးအသားအရေက နူးညံ့ထိခိုက်လွယ်တာကြောင့် တွေ့ကရာတဘက်နဲ့ မသုတ်ဖို့ပြောပါရစေ။ UV ကာကွယ်ပေးတဲ့ ထီးယူသွားပေးပါ - ကမ်းခြေသွားတဲ့အခါ မဖြစ်မနေနေရောင်ကတော့ထိမှာပဲလေ။ နေရောင်ခြည်ကြောင့်ဘေဘီလေးရဲ့ အသားအရေကို မပျက်စီးစေချင်ဘူးဆိုရင်တော့ UV ကာကွယ်ပေးတဲ့ထီးလေးကို ယူသွားမှဖြစ်မှာပါ။ ကိုယ်တိုင်အတွက်မလိုရင်တောင်မှ ဘေဘီအတွက်တော့ယူသွားလိုက်ပါ။ စောင်ပါးပါးလေးတစ်ထည် - ကလေးကိုခရီးသွားတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆောင်းရာသီ မှာကလေးငယ်လေးတွေရဲ့ အသားအရေကို မှန်ကန်စွာ ထိန်းသိမ်းစောင့်ရှောက်ကြမယ်

ဆောင်းရာသီ မှာ ရာသီဥတုအေးအေးလေးနဲ့ ပါးနီနီလေးဆိုတော့ လှတယ်နော်။ အနီရောင်လေးဖြန်းနေတဲ့ ပါးအို့နီနီလေးနဲ့ဘေဘီလေးကကိုယ်တွေအမြင်မှာလှပြီး ချစ်ဖို့ကောင်းနေပေမယ့် သူ့ခမျာတော်တော်လေးနေရခက်နေမှာပါ။ ဒါကတော့ဆောင်းရာသီအအေးဒဏ်ကြောင့် အရေပြားခြောက်သွေ့မှုလက္ခဏာတစ်ရပ်ပါ။ဆောင်းရာသီမှာ အရေပြားခြောက်သွေ့မှုက ခန္ဓါကိုယ်အစိတ်အပိုင်းတိုင်းမှာဖြစ်နိုင်ပါတယ်။ လူကြီးတွေမှာလည်းဖြစ်နိုင်သလို ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးတွေရဲ့ အရေပြားကပတ်ဝန်းကျင်အခြေအနေကို ခံနိုင်ရည်နည်းလွန်းတာကြောင့်ဆောင်းရာသီအအေးဒဏ်ကြောင့် အရေပြားခြောက်သွေ့မှုရဲ့နောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင် မိဘတွေကသေချာဂရုစိုက်ပေးဖို့လိုပါမယ်။ ဆောင်းရာသီမှာ အရေပြားကခြောက်သွေ့တာကြောင့် နီမြန်းတာ၊ ယားယံတာ၊ အရေပြားအဖတ်လန်တာမျိုးတွေဖြစ်နိုင်သလို အရေပြားခြောက်သွေ့မှုကြောင့် နှင်းခူဖြစ်တာလိုမျိုး အရေပြားပြဿနာတွေလည်းဖြစ်နိုင်ပါသေးတယ်။ ဒီလိုမျိုး ဘေဘီတွေရော မေမေတွေကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရေပြားပြဿနာကနေ ဘယ်လိုကာကွယ်မလဲဆိုတဲ့မေးစရာရှိလာပါတယ်။ ဆောင်းရာသီမှာဘေဘီလေးတွေရဲ့ အသားအရေကို ဒီနည်းအတိုင်းကာကွယ်ပါ ကလေးကို လုံခြုံနွေးထွေးအောင်ဝတ်ဆင်ပေးပါ -  ရာသီဥတုကအေးတာကြောင့်ရော အသားအရေကိုထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ဖို့အတွက်ပါဆောင်းရာသီ မှာ ကလေးကို လုံခြုံနွေးထွေးအောင်ဝတ်ဆင်ပေးဖို့လိုပါတယ်။ ဒီလိုဝတ်ဆင်ပေးရာမှာလည်း အရမ်းထူထဲတဲ့ အဝတ်အစားတွေမဝတ်ပေးမိဖို့ သတိပြုပါ။ အရမ်းထူလွန်းတဲ့ အဝတ်အစားတွေက ကလေးကိုချွေးထွက်စေပြီး နူးညံ့တဲ့ အသားအရေကို ထိခိုက်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် ကလေးငယ်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆောင်းရာသီမှာ ဘေဘီလေးတွေကျန်းမာနေစေဖို့

ဆောင်းရာသီက ကဗျာသမား၊ စာသမားတွေအတွက် စိတ်ကူးယဉ်စရာ လွမ်းမောဖွယ်ရာ ရာသီဆိုပေမယ့် ဖေဖေမေမေတို့အတွက်တော့ စိတ်ပူစရာကောင်းတဲ့ရာသီပေါ့။ အကြောင်းကတော့ ဆောင်းရာသီမှာ ဘေဘီလေးတွေ အလွယ်တကူဖျားနာ နိုင်တာကြောင့်ပါ။ စိတ်ကူးယဉ်ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဆောင်းရာသီအေးအေးလေးကို အပူအပင်ကင်းကင်းနဲ့ ဖြတ်သန်းကုန်ဆုံးချင်တဲ့ ဖေဖေမေမေတို့အတွက် ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းလေးပါးပါရစေ။ ဗီတာမင်တွေက အအေးမိဖျားနာတာကို ကာကွယ်ပေးနိုင်လား ဆောင်းရာသီလိုမျိုး အလွယ်တကူဖျားနာနိုင်တဲ့ ရာသီမှာဘေဘီလေးတွေကို ကျန်းမာစေချင်တယ်ဆိုရင်နေ့စဉ်စားသုံးတဲ့ အစားအစာတွေကို အာဟာရမျှတအောင်စားသုံးဖို့လိုပါမယ်။ ဒီနေရာမှာမေးစရာတစ်ခုရှိလာပါပြီ အာဟာရြပည့်ဝအောင်စားရုံနဲ့ အအေးမိဖျားနာတာတွေကို ကာကွယ်နိုင်မှာလားဆိုတာပါ။နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ အာဟာရတွေပြည့်ဝအောင်စားသုံးမယ်ဆိုရင်ရောဂါပိုးတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် D၊ဗီတာမင် E၊ Omega - 3၊ဖောလစ်အက်ဆစ်၊ သံဓါတ်နဲ့ အခြားသောအာဟာရနဲ့ဗီတာမင်တွေပါဝင်ဖို့လိုအပ်မှာပါ။ ဗီတာမင်တွေကို တကူးတကပြင်ဆင်ပေးဖို့မလိုပါဘူး။နေ့စဉ်စားသုံးတဲ့အစာအစာလေးတွေထဲမှာ ထည့်သွင်းပြီးပြင်ဆင်ပေးရုံနဲ့ဘေဘီလေးတွေကိုဆောင်းရာသီမှာ အအေးဒဏ်ကြောင့် နာမကျန်းမှုဖြစ်မှုတွေကနေ ကာကွယ်ပေးနိုင်မှာပါ။ ဆောင်းအအေးဒဏ်ကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း