ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

လက်ဦးဆရာ ပီသပါစေ

ကလေးတစ်ယောက်ရဲ့ လက်ဦးဆရာတွေကဘယ်သူများလဲ.... လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဖ ဆိုတဲ့စကားအတိုင်း ကလေးတစ်ယောက်အတွက် လက်ဦးဆရာတွေက မိဘနှစ်ပါးပါ။ လက်ဦးဆရာဆိုတာက အမည်နာမနဲ့ညီအောင် လက်ဦးဆရာပီသဖို့လည်း လိုပါမယ်။ ဒီလိုလက်ဦးဆရာပီသအောင်လုပ်ဆောင်တဲ့နေရာမှာ ကျန်းမာပျော်ရွှင်စွာကြီးပြင်းစေဖို့ လိုသလို သူတို့လေးတွေရဲ့ ပြင်းပြနေတဲ့ ဖြစ်ချင်တဲ့ဆန္ဒကို အကောင်းဆုံးပျိုးထောင်ပေးတတ်ဖို့လည်း လိုပါမယ်။ လက်ဦးဆရာ ပီသစေဖို့ ကလေးတစ်ယောက်ကို ကိုးလလွယ် ဆယ်လဖွားရုံနဲ့ တာဝန်ကျေတာမဟုတ်ပါဘူး။ အကောင်းဆုံးကြီးပြင်းအရွယ်ရောက်လာအောင် ပျိုးထောင်ပေးဖို့လိုပါမယ်။ ကလေးတစ်ယောက်အကောင်းဆုံး ကြီးပြင်းစေဖို့က အာဟာရပြည့်ဝစေဖို့လိုသလို ကောင်းမွန်တဲ့အလေ့အကျင့်အနေအထိုင်တွေဖြစ်ပေါ်လာအောင် အကောင်းဆုံးပျိုးထောင်ပေးဖို့လိုပါမယ်။ ကလေးဆိုတာမျိုးက ဖယောင်းလေးတွေလိုပါပဲ လိုသလိုပုံသွင်းလို့ရပါတယ်။ ငယ်စဉ်မှာကတည်းက အကောင်းဆုံးပျိုးထောင်ပေးမှ အရွယ်ရောက်လာတဲ့အခါ ထူးချွန်ပြီးအရည်အသွေးပြည့်ဝသူတစ်ယောက်အဖြစ်ကြီးပြင်းလာစေမှာပါ။ ကလေးတစ်ယောက်အကောင်းဆုံး ကြီးပြင်းလာစေဖို့က ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးတွေကို ပြည့်စုံအောင်လုပ်ဆောင်ပေးဖို့လိုပါမယ်။ အာဟာရပြည့်ဝအောင်ကျွေးမယ် ကလေးတစ်ယောက် ရုပ်ပိုင်းဆိုင်ရာရော ဉာဏ်ရည်ဉာဏ်သွေးပါထူးချွန်ထက်မြက်သူအနေနဲ့ ကြီးပြင်းလာစေဖို့ဆိုရင် ဒီအာဟာရဓာတ်တွေကို ပြည့်ဝအောင် ကျွေးမွေးပေးဖို့လိုပါမယ်။ ကလေးကို ငယ်စဉ်ကတည်းက ပရိုတင်း - ကလေးရဲ့ ခန္ဓာကိုယ်ဆဲလ်တွေဖြစ်ပေါ်စေဖို့၊ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ရည် ညှစ်ထုတ်ခြင်းနဲ့ သိမ်းဆည်းခြင်း

ဘယ်အာဟာရတွေ ဘယ်လောက်ပဲအစွမ်းထက်ပါတယ်ပြောပြော ကလေးတွေအတွက်ဆို မိခင်နို့ရည် က တန်ဖိုးအရှိဆုံးပါပဲ။ မိခင်နို့မှာ ကလေးအတွက် ပြီးပြည့်စုံတဲ့အာဟာရတွေပါဝင်ပြီးသားဖြစ်ပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေ၊ ပရိုတင်း၊ အဆီဓါတ်နဲ့ အာဟာရဓါတ်အားလုံးနီးပါးပါဝင်တာပါ။ ဒါ့အပြင် ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကို ခုခံကာကွယ်နိုင်တဲ့ ပဋိပစ္စည်းတွေလည်းပါဝင်လို့ ကလေးတို့အတွက် နတ်ဆေးတစ်ခွက်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် ကလေးနားမှာ အမြဲရှိမနေနိုင်တဲ့မေမေတွေ၊ အလုပ်ပြန်ဆင်းရတဲ့အခါ ဒါမှမဟုတ် အပြင်သွားစရာရှိတဲ့အခါ နို့ဗူးကိုပဲ အားကိုးကြပါတယ်။ အဲဒီအခါကျ သန့်ရှင်းမှု၊ ဘေးကင်းစိတ်ချရမှု၊ အာဟာရဓါတ်ပြည့်ဝမှုဆိုတာတွေမှာ မိခင်နို့ကို ဘယ်မီပါ့မလဲနော်။နောက်တစ်ချက်က မိခင်နို့သောက်သုံးနေကျ ကလေးတွေကို နို့ဗူးတိုက်လိုက်ရင် မိခင်နို့ပြန်တိုက်တဲ့အခါ သိပ်မစို့တော့ပါဘူး။ အမေက အလုပ်ပြန်ဆင်းရမှာမို့ အစတည်းက နို့မှုန့်တိုက်တဲ့ ကလေးတွေဆိုလည်း မိခင်နို့ရဲ့အာဟာရကျေးဇူးကို ခံစားခွင့်မရနိုင်တော့ပါဘူး။ ဒီလိုမျိုးတွေ မဖြစ်အောင် အသုံးဝင်တဲ့နည်းတစ်ခုက မိခင်နို့ကို ညှစ်ထုတ်သိမ်းဆည်းတဲ့နည်းပါ။ မိခင်နို့ကို ညှစ်ထုတ်ကြတဲ့ အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ် Sport Toys တွေရဲ့ သက်ရောက်မှု

ကလေးတစ်ယောက်အတွက် လူကြီးတွေလို လုပ်စရာတာဝန်တွေက များများစားစားမရှိပါဘူး။ များသောအားဖြင့် သူတို့လုပ်တဲ့နေကျအလုပ်တွေက အိပ်မယ်၊ စားမယ်၊ ကစားမယ်ပေါ့။ ကလေးလေးတွေကို လွတ်လွတ်လပ်လပ်ပေးကစားတာက ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုတော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။ ကလေးလေးတွေကို လွတ်လွတ်လပ်လပ်ပေးကစားတာက ကလေးကို လူမှုဆက်ဆံရေး၊ အသိဉာဏ်ပညာဆိုင်ရာ၊ ဘာသာစကားစွမ်းရည်နဲ့ပြဿနာြေဖရှင်းနိုင်စွမ်းတွေကို တိုးတက်စေနိုင်ပါတယ်။ အရုပ်လေးတွေနဲ့ပေးကစားတာက ကလေးရဲ့ ကြွက်သားတွေကို သန်စွမ်းစေနိုင်သလို ကလေးငယ်ကို ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ်စေပါတယ်။ အရုပ်တွေနဲ့ လွတ်လပ်စွာပေးဆော့တာက ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဘောလုံး၊ ဘတ်စကတ်ဘော၊ တင်းနစ်၊ ဘိုးလင်းလိုမျိုး အားကစားပစ္စည်းတွေနဲ့ပေးဆော့တာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာသန်စွမ်းမှုကိုတော်တော်လေးထိရောက်မှုရှိစေပါတယ်။ ဒီကစားစရာတွေက ကလေးရဲ့ သိမြင်မှုစွမ်းရည်ကို တိုးစေနိုင်သလို စိတ်ပိုင်းဆိုင်ရာကို တိုးတက်ကောင်းကောင်းမွန်စေပြီး ဖန်တီးနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ကလေးလေးတွေကို ၃ နှစ်အရွယ်လောက်ကတည်းကဘောလုံးပေးဆော့တာမျိုးလုပ်လို့ရပါတယ်။ ၅နှစ် ကနေ ၁၄ အရွယ်ကလေးလေးတွေကိုတော့ စက်ဘီးစီးတာ၊ ဘတ်စကတ်ဘောကစားတာ၊ဘောလုံးကန်တာ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရဲ့ အသက်အရွယ်အလိုက် ပေးကစားသင့်တဲ့ အရုပ်လေးတွေက

ကစားစရာ ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့နေရာကနေပါဝင်နေတဲ့ ဇာတ်ကောင်တစ်ခုပေါ့။ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကစားစရာတွေကပေးစွမ်းနိုင်ပါတယ်။ ကလေးလေးတွေရဲ့ အပျော်ရွှင်ဆုံးအချိန်က ကစားစရာ အသစ်လေးတွေရတဲ့အချိန်ပါ။ ကလေးဘဝတုန်းက ကစားစရာအသစ်လေးတွေရဖို့က အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်ခဲ့ကြဖူးတယ်ဟုတ်။ ဒါကြောင့် ကိုယ်တိုင်က မိဘအရာရောက်လာတဲ့အခါ ရင်သွေးလေးကို သူတို့အသက်အရွယ်နဲ့လိုက်ဖက်မယ့် အရုပ်လေးတွေကို ဝယ်ပေးဖို့ မမေ့ပါနဲ့နော်။ အရုပ်တွေက ကလေးကိုပျော်ရွှင်အောင်လုပ်ဆောင်ပေးနိုင်သလို ကလေးရဲ့ အာရုံခံစားမှုနဲ့ ဖန်တီးနိုင်စွမ်းတွေဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးပါတယ်။ ကလေးလေးတွေကောင်းကောင်းမွန်မွန်ကြီးပြင်းလာဖို့ဆိုရင်ကလေးလေးတွေဖွံ့ဖြိုးလာတဲ့အလျောက် လိုက်ဖက်ညီမယ့် အရုပ်လေးတွေကိုရွေးချယ်ပေးဖို့ကလည်း မိဘတွေအနေနဲ့မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပေါ့။ ကဲ ကလေးလေးတွေကို ဘယ်လိုအရုပ်လေးတွေနဲ့ပေးဆော့မှာလဲ။ ကလေးလေးတွေကို အသက်အရွယ်အလိုက် သင့်တော်မယ့်အရုပ်လေးတွေနဲ့ပေးကစားရင် ရရှိလာမှာတွေက ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ အကျိုးသက်ရောက်မှုရှိစေတယ်။ သင်ယူမှုစွမ်းရည်တိုးတက်ကောင်းမွန်လာမယ်။ ကလေးရဲ့ အာရုံစူးစိုက်မှုကိုကောင်းမွန်လာစေမယ်။ အရောင်တွေကိုခွဲခြားသိမြင်လာမယ်။ မျက်လုံးနဲ့လက်လှုပ်ရှားမှုကို ချိတ်ဆက်မိလာမယ်။ ကြွက်သားလှုပ်ရှားမှုတွေကောင်းမွန်လာမယ်။ ပြဿနာဖြေရှင်းနိုင်စွမ်းကောင်းလာမယ်။ အသက်အရွယ်အလိုက်ပေးကစားသင့်တဲ့အရုပ်တွေက ကလေးအသက်အရွယ်အလိုက်ပေးကစားသင့်တဲ့အရုပ်တွေက မွေးကင်းစ ကနေ အသက် ၈ လအထိ ဒီအရွယ်မှာတော့ ကလေးကိုသေးသေးကွေးကွေးလေးတွေပေးဆော့မယ့်အစား […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးနဲ့ လေယာဉ်စီးမယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ

ခရီးသွားဖို့ပြင်ဆင်ရတာက တစ်ကိုယ်တည်းအတွက်ဆိုရင် လွယ်ပါတယ်။ သွားမယ်ဆို ချက်ချင်းထထွက်သွားလည်း ပြင်ဆင်စရာသိပ်မလိုဘူးလေ။ တစ်ယောက်တည်းမဟုတ်ဘဲ ကလေးနဲ့ ၊ မိသားစုနဲ့သွားရတော့မယ်ဆိုရင်တော့ မတူတော့ပါဘူး။ ဘာတွေလိုအပ်နိုင်မလဲ ကြိုပြင်ဆင်ရတာက အနည်းဆုံးတစ်ပတ်လောက်အလိုတည်းက အလုပ်ရှုပ်ပါတော့တယ်။ မိသားစုဆိုတာထက် ကလေးပါပါလာရင် ပိုဂရုစိုက်ရပါတယ်။ သေးသေးဖွဲဖွဲဂရုစိုက်ရတဲ့ ကလေးဝေယျာဝစ္စနဲ့ အသုံးအဆောင်တွေက နည်းမှာမှမဟုတ်ဘဲ။ ကလေးနဲ့ခရီးသွားရပြီဆိုတာ ကိုယ်ကပြည့်စုံအောင်ပြင်ဆင်လာမှ လမ်းခရီးမှာအဆင်ပြေနိုင်မှာပါ။ သေချာမပြင်ဆင်လာတဲ့အခါ ကားနဲ့သွားရင် လမ်းမှာလိုတာဆင်းဝယ်လို့ရရင်ရနိုင်ပေမယ့်လေယာဉ်နဲ့ဆိုဘယ်လိုလုပ်မလဲ။ ဒါ့ကြောင့် လေယာဉ်ခရီးစဉ်မှာ ကလေးနဲ့အတူလိုက်ပါမယ်ဆိုရင် ဒါလေးတွေတော့ပြင်ဆင်သင့်ပါတယ်။ ကလေးနဲ့ အဆင်ပြေနိုင်မယ့် လေယာဉ်ချိန်ကို ရွေးပါ ကလေးရဲ့နေ့စဉ်လုပ်နေကျပုံမှန်အချိန်ဇယားကို မပျက်ရအောင် တတ်နိုင်သလောက်ကြိုးစားတာက အပြောင်းအလဲမှာ စိတ်မကြည်ဘဲ ဂျီကျငိုယိုမယ့်အလားအလာ ပိုနည်းစေပါလိမ့်မယ်။ တချို့ကလေးတွေမှာ မနက်အစောပိုင်းနဲ့ ညပိုင်းလေယာဉ်ချိန်ကိုရှောင်တာ အဆင်ပြေနိုင်ပေမယ့် တချို့ကျတော့ အဲဒီအချိန်ကမှ အဆင်ပြေဆုံးဖြစ်ရင်ဖြစ်နေနိုင်ပါတယ်။ ကလေးရဲ့အိပ်ချိန် ကမောက်ကမဖြစ်ခဲ့ရင် ဂျီကျတာ၊ ငိုယိုနေတာတွေကြောင့် ထိန်းရခက်၊ချော့ရခက်ပြီး ခရီးစဉ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဝတ်အစားအပို၊ သေးခံအပိုတွေပါပါစေ ကလေးကို နွေးထွေးလုံခြုံအောင် ဝတ်စားပေးပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆောင်းအေးအေးမှာ ဘေဘီလေး တွေ နွေးထွေးစေဖို့

ဆောင်းဝင်လာပြီဆိုတာနဲ့ မိခင်တစ်ယောက်ရဲ့အတွေးကဘာဖြစ်မယ်ထင်လဲ။ ငါ့ကလေးလေးမှနွေးနွေးထွေးထွေးရှိရဲ့လား၊ ချမ်းနေမလားမသိဘူးဆိုတဲ့ ပူပန်မှု။ သူချမ်းလာတာနဲ့ ကလေးကို အနွေးထည်တွေအထပ်ထပ် အများကြီးဝတ်ပေးတတ်တဲ့အမေလည်းရှိရဲ့၊ ခံနိုင်ရည်ရှိမှ ကျန်းမာမှာဆိုပြီး အပြင်ကိုတောင် ဒီအတိုင်းခေါ်သွားတတ်တဲ့အမေလည်းရှိတယ်။ ကလေးကို သူ့နည်းနဲ့သူ ဂရုစိုက်ကြတာဆိုပေမယ့် ကျန်းမာရေးရှုထောင့်အရ ပျမ်းမျှဆိုရရင် အအေးဒဏ် အပူဒဏ်တွေကို လူကြီးတွေလောက် ခံနိုင်ရည်မရှိတဲ့ ဘေဘီလေး တွေအတွက်က ပုံမှန်ထက်ပိုဂရုစိုက်သင့်ပါတယ်။ ကလေးမှာလည်း တူတူပဲနေမှာဆိုပြီး ကိုယ်ခံစားရတဲ့အသိနဲ့ တန်းတူမတွေးပါနဲ့။ အေးတဲ့ရာသီမှာ ဂရုစိုက်ရမယ်ဆိုပြီးကလေးငယ်လေးကို စောင်တွေအထပ်ထပ်လည်း ပတ်မထားပါနဲ့နော်။ ကလေးတွေအိပ်နေရင်းရုတ်တရက်သေဆုံးတတ်တဲ့(Sudden Infant Death Syndrome - SIDS)ရောဂါအန္တရာယ်ကိုဖြစ်နိုင်ခြေနည်းစေဖို့ ကလေးကိုသိပ်ရင်ခေါင်းအုံးတွေ၊စောင်တွေ ထည့်သိပ်တာသိပ်မများသင့်ဘူးလို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားပါတယ်။ ကလေးကို ဆောင်းရာသီမှာ ဘေးအန္တရာယ်ကင်းပြီး နွေးနွေးထွေးထွေးဖြစ်စေဖို့ကမေမေတို့အပေါ်မူတည်နေတယ်ဆိုတော့... ဒီအချက်လေးတွေ ဂရုစိုက်ကြည့်ပါဦးလို့။ ဘေဘီလေး ကို အနွေးထည်ဝတ်ပေးပါ အေးနေတဲ့အချိန်မှာ ကလေးကို အနွေးထည်ဝတ်ပေးဖို့မမေ့ပါနဲ့။ သိပ်မအေးနေဘူးဆိုရင်တော့ အနွေးထည်မဟုတ်ဘဲ အင်္ကျီလက်ရှည်တစ်ထည်တော့ ထပ်ဝတ်ပေးသင့်ပါတယ်။ ကိုယ်တိုင်ကအေးတယ်လို့မခံစားရပေမယ့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး ရေချိုးဆပ်ပြာ များနဲ့ ဓာတုအန္တရာယ်

ကိုယ့်ရဲ့သားသားမီးမီးလေးတွေအတွက်ပဲဖြစ်ဖြစ်၊ လက်ဆောင်ပေးဖို့အတွက်ပဲဖြစ်ဖြစ် ကလေး အသုံးအဆောင်ပစ္စည်းတွေ ရွေးချယ်တဲ့အခါ ဘာတွေထည့်ပြီးစဉ်းစားဖြစ်လဲ။ ကျသင့်မယ့်ဈေးနှုန်းလား၊ ဘရန်းဖြစ်မဖြစ်လား၊ လှတပတလေးတွေလား။ ဒါတွေထက်ပိုပြီး အရေးကြီးတဲ့အချက်က နုနယ်တဲ့ကိုယ်ခန္ဓာပိုင်ရှင်ဘေဘီလေးအတွက် ဘေးအန္တရာယ်ကင်းပြီး အဆင်ပြေစေမယ့်အသုံးအဆောင်ပစ္စည်းတွေဖြစ်ဖို့ပါပဲ။ အရေပြားနုနုလေးပေါ်မှာ အသုံးပြုမယ့်ပစ္စည်းတွေဆို သက်ရောက်မှုကပိုသိသာတာပေါ့။ ဓာတ်မတည့်ခြင်းဖြစ်လွယ်တာက ကလေးတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်နေတာကြောင့်လည်း ပါပါတယ်။ ဒါ့ကြောင့် ရေချိုးဆပ်ပြာ အပါအဝင် ကလေးအတွက် မရှိမဖြစ်လိုအပ်တဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကိုဝယ်ယူရာမှာ ဒီအချက်လေးတွေ မေမေတို့ သတိထားဖို့လိုတယ်နော်။ ကလေး ရေချိုးဆပ်ပြာ ဝယ်မယ်ဆိုရင် ဘာတွေ သတိထားသင့်လဲ။ ဘာတွေပါဝင်လဲသိရအောင် Label ကိုသေချာဖတ်ပါ။ ကလေး အသားအရေသုံးပစ္စည်းတွေမှာ အရောင်ဆိုးဆေး၊ ရေမွှေးနံ့နဲ့ ဓာတုပစ္စည်းတွေပါနေခဲ့ရင် ပြဿနာရှိပါတယ်။ phthalate နဲ့ paraben မပါတဲ့ ကုန်ပစ္စည်းတွေကို ရွေးပါ။ အဲဒီဓာတုပစ္စည်းတွေက ကလေးတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ကလေး ရေချိုးဆပ်ပြာက အပျော့စားပဲဖြစ်ပါစေ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေမယ့် ကစားစရာတွေ ရွေးချယ်ပေးမယ်

ဆော့ရင်း ကစားရင်းနဲ့ သင်ယူလေ့လာဖြစ်ဖို့က ကလေးတစ်ယောက်ရဲ့ဖွံ့ဖြိုးမှုမှာ အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ သူတို့လေးတွေက မွေးစအရွယ်တည်းကကိုဘေးပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရင်း၊ ကိုယ်တိုင် ပါဝင်လှုပ်ရှားလာရင်း အရာရာသင်ယူတတ်ပါတယ်။ ကစားဖို့၊ စားဖို့နဲ့ အိပ်ဖို့ပဲသိသေးတာဖြစ်ပေမယ့် သူတို့လုပ်နေကျ အဲဒီသုံးမျိုးကနေပဲ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးလာအောင် အစတည်းက လမ်းဖွင့်ပေးလို့ရပါတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးစေမယ့် ကစားစရာတွေရွေးချယ်ပေးတဲ့အခါ ကလေးတွေမှာ လုပ်နိုင်စွမ်း၊ သိနိုင်စွမ်းအရည်အချင်းလေးတွေ တိုးတက်လာပါလိမ့်မယ်။ ပြဿနာဖြေရှင်းဖို့နဲ့ အကျိုးအကြောင်းနားလည်နိုင်စွမ်း လေ့လာမှတ်သားနိုင်စွမ်း ကိုယ့်ကိုယ်ကိုယ်အားကိုး ကိုယ်တိုင်လုပ်ဆောင်ချင်စိတ် တီထွင်ဆန်းသစ်နိုင်စွမ်း ထိန်းချုပ်မှုမလိုဘဲ သွက်လက်တဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်း စတာတွေကို ငယ်စဉ်တည်းက အလေ့အကျင့်မွေးမြူပေးသလိုဖြစ်စေမှာပါ။ ကလေးတွေကမွေးကင်းစအရွယ်တည်းကလေ့လာမှတ်သားတတ်တာကြောင့် ကလေးတွန်းလှည်းတွေမှာ နှိပ်ရင်မတူညီတဲ့အသံတွေမြည်တဲ့ အရုပ်လေးတွေထည့်သွင်းတတ်ကြတာဖြစ်ပါတယ်။ ကလေးရဲ့ဉာဏ်ရည်ကိုအသုံးပြုရတဲ့ ကစားစရာတွေက အသက်အပိုင်းအခြားအလိုက် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးမှုကိုအားပေးတဲ့ အကောင်းဆုံးအကူအညီဖြစ်ပါတယ်။ ဘယ်လိုမျိုးလေးတွေပေးကစားမလဲ ဂီတတူရိယာလေးတွေ ကလေးတွေဟာ သီချင်းနားထောင်ရတာထက်အော်ဂင်၊ စန္ဒရားအသေးလေးတွေ၊ ခလုတ်ပါတဲ့ဂီတာလေးတွေလို ကစားစရာလေးတွေနဲ့ ကိုယ်တိုင်သီချင်းသံဖန်တီးရတာပိုနှစ်သက်ကြပါတယ်။ ဒီလိုမျိုးတွေနဲ့ကစားတဲ့ကလေးတွေက ကိုယ်အလိုရှိတာအမူအရာနဲ့ဆက်သွယ်ပြောဆိုနိုင်စွမ်းပိုကောင်းပြီး အရွယ်ရောက်တဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ အရေပြားအတွက်သင့်တော်တဲ့ ပိတ်စအမျိုးအစားများ

အိမ်မှာ အိမ်သားအသစ်စက်စက် ပိစိကွေးလေးတိုးလာတဲ့အခါ ဂရုစိုက်လုပ်ဆောင်ရတာတွေများလာပါမယ်။ သူတို့လေးတွေဘေးကင်းစေဖို့ အစားအစာကစလို့ အသုံးအဆောင်တွေအထိသေချာဂရုစိုက်ရပါမယ်။ ဒီလိုဂရုစိုက်တဲ့အထဲမှာ မဖြစ်မနေအရေးတကြီးလုပ်ပေးသင့်တာက ကလေးကို ဝတ်ပေးမယ့် အဝတ်အစားတွေပါ။ အဝတ်အစားရွေးချယ်တဲ့အခါ အမြင်လှဖို့ထက် ကလေးအတွက် သက်သောင့်သက်သာဖြစ်စေပြီး ကလေးအသားအရေကို ထိခိုက်မှုမရှိနိုင်တဲ့ အဝတ်အထည်မျိုးကို အဓိကထားရွေးချယ်ဖို့ လိုပါမယ်။ ဘေဘီလေးအသားအရေနဲ့ သင့်တော်မယ့် ပိတ်စတွေက ဘာတွေများဖြစ်မလဲ ကလေးအတွက် သင့်တော်မယ့် အဝတ်အထည်တွေနဲ့ ပိတ်စလေးတွေကိုသေသေချာချာရွေးကြည့်ရအောင်နော်။ ချည်သား ချည်သားကတော့ ဘေဘီလေးတွေနဲ့ အသင့်တော်ဆုံးဖြစ်မှာပါ။ ချည်သားက နူးညံ့ပြီးအေးမြနေသလို ချွေးစုပ်ယူမှုအားလည်းကောင်းတာကြောင့် ထိခိုက်လွယ်တဲ့ဘေဘီလေးတွေ အသားအရေနဲ့ ကွက်တိပါ။ အသားအရေကို ထိခိုက်ပွန်းပဲ့မှုကင်းစေပြီး အပူအအေးမျှတနေစေမှာပါ။ ဒါပေမယ့် ဘေဘီလေးကို ချည်သားဝတ်ဆင်ပေးမယ်ဆိုရင် အရင်ဆုံးလျှော်ဖွတ်ပြီးမှ ဝတ်ဆင်ပေးဖို့ မမေ့ပါနဲ့။ ချည်သားနဲ့ Polyesterရောစပ်ထားတဲ့ အထည် ဒီပိတ်စအမျိုးအစားကခြောက်သွေ့မြန်သလို၊ တွန့်ကြေခဲပါတယ်။ နောက်ထပ် အားသာချက်တစ်ခုက ကလေးတွေ အဝတ်အထည်အတွက် အသုံးများတဲ့ ချည်သားစစ်စစ်လောက်လည်း စရိတ်စကမကြီးပါဘူး။ အလုပ်များတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေ အဝတ်အစားတွေထဲက သတိပြုစရာဓါတုပစ္စည်းတွေအကြောင်း

မွေးကင်းစကလေးငယ်လေး တွေရဲ့ အရေပြားက တုံ့ပြန်ထိခိုက်လွယ်ကြပါတယ်။ မွေးကင်းစကလေးတွေ ကို အသားအရေအတွက် အသုံးပြုပေးတဲ့ ပစ္စည်းတွေကစလို့ အဝတ်အစားတွေ အထိသေချာရွေးချယ်ပေးဖို့လိုပါမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ကလေးမှာ မလိုလားဘဲ အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ဖေဖေမေမေတို့ သတိထားလို့ရအောင် ကလေးတွေအဝတ်အစားတွေမှာပါတတ်တဲ့ ဓါတုပစ္စည်းတွေအကြောင်းကိုပြောပြပေးမယ်နော်။ အဝတ်အထည်တွေမှာ ဓါတုပစ္စည်းတွေပါတတ်လား ပုံမှန်အတိုင်းဆိုရင်တော့ အဝတ်အထည်တွေမှာ ဓါတုပစ္စည်းတွေပါဝင်နေမယ်လို့ ထင်စရာမရှိပါဘူး။ ဒါပေမယ့် အဝတ်အထည်တစ်ခုဖြစ်လာဖို့ ကုန်ကြမ်းတွေကတည်းကစလို့နောက်ဆုံး အချောထည်ထွက်လာတဲ့ အထိအဆင့်ဆင့်မှာ ဓါတုပစ္စည်းမျိုးစုံကို အသုံးပြုကြရပါတယ်။ ဒီလိုမျိုး ဓါတုပစ္စည်းတွေ အမျိုးမျိုးအသုံးပြုထားရတဲ့ အထည်တွေက ကလေးငယ်လေးတွေရဲ့ အရေပြားနဲ့သင့်တော်ပါ့မလား။ဘေဘီနဲ့ မသင့်တော်တဲ့ဓါတုပစ္စည်းတွေက ဘာတွေများဖြစ်မလဲ။ အထည်တွေမှာ ဘယ်လိုဓါတု ပစ္စည်းတွေပါဝင်နေလဲ နေ့စဉ်ဝတ်ဆင်နေတဲ့ အဝတ်အစားတွေကို ချုပ်လုပ်ထားတဲ့ အထည်တွေမှာဓါတုပစ္စည်းတွေ အများအပြားပါဝင်နေပါတယ်။ အထည်ကိုဆိုးထားတဲ့ အရောင်၊ အဆင်ဖော်ထားတဲ့ဆေးတွေ၊ အထည်ကို ပိုးကိုက်တာမျိုးမဖြစ်အောင်သုံးထားတဲ့ ပိုးသတ်ဆေးလိုမျိုး ဓါတုဆေးတွေပါဝင်နေပါတယ်။ အထည်တွေမှာ ပါဝင်နေတဲ့ဓါတုဆေးတွေက - အမိုးနီးယား […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း