ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

အကျိုးပြုဘက်တီးရီးယား တွေက ဘေဘီလေးအတွက် ဘာတွေလုပ်ပေးလဲ

ဘေဘီလေးတစ်ယောက် ပျော်ရွှင်ကျန်းမာစွာ နဲ့ အရွယ်ရောက်လာစေဖို့ အရေးပါတဲ့အချက်တစ်ခုက ဘာလို့ထင်လဲ။ သူတို့ ဝမ်းဗိုက်လေး ကျန်းမာနေစေဖို့ပါ။ ကလေးလေးတွေ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာကြီးပြင်းလာစေဖို့လိုအပ်တာက ကျန်းမာတဲ့အစာခြေစနစ်ပိုင်ဆိုင်ဖို့ပါ။ အစာခြေစနစ်ကျန်းမာပြီဆိုတာနဲ့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုက အကောင်းဆုံးဖြစ်လာမှာပါ။ အရပ်အမောင်းကစလို့  ဉာဏ်ရည်ဖွံ့ဖြိုးတာအထိ အကုန်လုံးက မေမေတို့ဆန္ဒရှိတဲ့အတိုင်း အကောင်းဆုံးဖြစ်လာမှာပါ။ အကျိုးပြုဘက်တီးရီးယား ဆိုတာ ဘာလဲ......... ရှေ့က အကျိုးပြုဆိုတဲ့စကားလုံးထက် ဘက်တီးရီးယားဆိုတဲ့ စကားလုံးကို အရင်တွေးမိတယ်ဟုတ်။ ဘက်တီးရီးယားဆိုတာကို အမြဲလိုလို သိထားခဲ့တာက ကူးစက်တတ်တယ်။ ခန္ဓာကိုယ်ကို ထိခိုက်စေတယ်လို့ပေါ့။ ဒီနေရာမှာ ပြောပြပေးချင်တာက ဘက်တီးရီးယားတိုင်း ဆိုးတာမဟုတ်ပါဘူး။ အခုပြောတဲ့ အကျိုးပြုဘက်တီးရီးယား တွေက ဘေဘီလေးတွေရဲ့ ကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးမယ့် ဘက်တီးရီယားလေးတွေပါ။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။ ဘေဘီလေးတွေအတွက် အကျိုးပြုဘက်တီးရီးယား တွေကဘာလုပ်ပေးလဲ.......... အကျိုးပြုဘက်တီးရီးယားလေးတွေက ဘေဘီ​လေးတွေအတွက် အကျိုးဖြစ်တာအများကြီးပါ။ ဘာလုပ်ပေးလဲဆိုတော့ ဘေဘီလေးကျန်းမာစေဖို့ အစစအရာရာတာဝန်ယူပေးပါတယ်။ ဘာတွေများဖြစ်မလဲ […]


ကလေးငယ်အာဟာရ

မေမေတို့မေးချင်နေမယ့် အကျိုးပြုဘက်တီးရီးယား နဲ့ပတ်သက်တဲ့ မေးခွန်းအချို့

ကလေးကို အာဟာရပြည့်စေချင်ရင်၊ ကျန်းကျန်းမာမာကြီးပြင်းလာစေချင်ရင် ဒါတွေကျွေးပေးဖို့လိုမယ်၊ လို့ပြောတဲ့အခါတိုင်း ကျွေးချင်တယ်။ ဒါပေမယ့် ဘာကြောင့်လဲဆိုတဲ့ အကြောင်အရင်းကိုလည်း ပြည့်ပြည့်စုံစုံသိချင်မိတာက မေမေတိုင်းရဲ့ ရင်ထဲကဆန္ဒတစ်ရပ်ပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေး ကျန်းမာစေဖို့ လိုအပ်တဲ့အာဟာရတစ်မျိုးဖြစ်တဲ့ အကျိုးပြုဘက်တီးရီးယား နဲ့ပတ်သက်လို့မေမေတိုင်းသိချင်နေမယ့် မေးခွန်းလေးတွေကို ပြောပြပေးပါရစေလား........ အကျိုးပြုဘက်တီးရီးယား ဆိုတာ ဘာလဲ……… ဘေဘီလေးတွေရဲ့ အစာခြေစနစ် ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်ပါအကောင်းဆုံးထောက်ပံ့ပေးတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။ အကျိုးပြုဘက်တီးရီးယား ဘယ်နှမျိုးရှိလဲ....... Probiotics အမျိုးအစားက တစ်မျိုးမကရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။ Probiotics အမျိုးအစားတွေက - Lactobacillus -ဒါကတွေ့ရအများဆုံး Probiotic ပါ။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်မှာတွေ့ရများပါတယ်။ Probioticsတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပြီးlactose ကို အစာကြေခဲတဲ့သူတွေအတွက်လည်း အစာခြေစနစ်ကို အထောက်အပံ့ပေးပါတယ်။ Bifidobacterium - […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးအတွက် ဖေဖေ့တာဝန် ကျေပွန်ပါစေ

ကလေးတစ်ယောက်ရဲ့ဖခင်ဖြစ်လာပြီဆိုရင် အရင်ကထက် အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့တာဝန်ကပိုကြီးလာပြီ။ လူဖြစ်ပြီကွ လို့ပျော်နေရုံနဲ့မပြီးသေးပါဘူး။ အရင်လိုပေါ့ပေါ့ပါးပါးနေတာတွေ၊ အပေါင်းအသင်းတွေနဲ့အသွားအလာများတာတွေလျှော့ပြီး ကိုယ့်ရဲ့မိသားစုကို ပိုဂရုစိုက်ရပါမယ်။ မိသားစုဝင်အသစ်လေးကို ကြိုဆိုရမယ်လေ။ ကိုယ့်ရင်သွေးလေးကို ဇနီးဖြစ်သူက ကိုးလလွယ်ပြီးမွေးပေးခဲ့ပြီဆိုတော့ ဖခင်ဖြစ်တဲ့ကိုယ်ကလည်း ကူညီစောင့်ရှောက်ပေးမှ မိသားစုလေးပျော်စရာကောင်းမှာပါ။ မွေးဖွားလာတဲ့အချိန်ကစပြီး ကြီးပြင်းတဲ့အချိန်အထိ ကလေးရဲ့ဖွံ့ဖြိုးမှု၊အသိဉာဏ်ပညာနဲ့ အရည်အချင်း စတာတွေအတွက်က မိဘနှစ်ဦးစလုံးမှာ တာဝန်ရှိပါတယ်။ ယောကျာ်းကစီးပွားရှာ၊ မိန်းမက အိမ်ထောင့်ကိစ္စ၊ကလေးကိစ္စအကုန်တာဝန်ယူရမယ်ဆိုပြီး တာဝန်ခွဲဝေသတ်မှတ်ထားတဲ့အတွေးအခါ်မျိုးက မိသားစုစိတ်ဓာတ်အပြည့်အဝမပေးနိုင်ပါဘူး။ သူ့တာဝန် ကိုယ့်တာဝန်မခွဲဘဲ ချစ်ခြင်းမေတ္တာနဲ့သာ ကိုယ့်မိသားစုကိုစောင့်ရှောက်မှ လူအများပြောပြောနေကြတဲ့ သီရိဂေဟာလေးဖြစ်လာမှာပါ။ ဒီလိုပြောလို့ အိမ်ထောင်ဦးစီးက အိမ်ကိစ္စတွေအမြဲဝင်လုပ်နေရမှာလို့ ဆိုလိုတာမဟုတ်ဘူးနော်။ အလုပ်အရမ်းရှုပ်နေတဲ့အချိန်တွေကလွဲလို့ မိသားစုကို အချိန်ပေးပြီး နွေးနွေးထွေးထွေးချစ်ခင်စောင့်ရှောက်ပေးဖို့ပဲလိုတာပါ။ ကလေးရဲ့ဝေယျာဝစ္စတွေမှာ ဇနီးကိုဝင်ကူညီပေးတာကလည်း ကလေးနဲ့ ကိုယ်နဲ့ကြားက ရင်းနှီးမှုက အမေဖြစ်သူထက် မလျော့တော့ဘူးပေါ့။ ဥပမာ ဇနီးက အဝတ်လျှော်နေချိန် ကလေးကူထိန်းပေးတာ၊ ချော့မြှူပေးတာမျိုး၊ ကလေးသိပ်ပေးတာမျိုး၊ ကလေးသေးဝတ်လဲပေးတာမျိုးတွေဖြစ်ပါတယ်။ ကလေးရှိတဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင် သိထားသင့်တဲ့ ဆောင်ရန်၊ရှောင်ရန်အချက်တွေ

နို့တိုက်မိခင် သိထားသင့်တဲ့ ဆောင်ရန်၊ရှောင်ရန်အချက်တွေ မေမေတို့အမေးများတဲ့မေးခွန်းလေးတွေထဲမှာ မိခင်နို့တိုက်ကျွေးချိန်နဲ့ ပတ်သက်တာတွေ ပါဝင်ပါတယ်။ ကလေးနို့တိုက်နေတဲ့မေမေတွေ ဟိုအသီးစားလို့ရလား၊ ဒီဆေးသောက်လို့ရလား စသည်ဖြင့် စုံလို့ပါပဲ။ တကယ်က မိခင်နို့မှာ ကလေးအတွက် လိုအပ်တဲ့အာဟာရတွေ သဘာဝအတိုင်းပါဝင်ပြီးသားပါ။ ဒါပေမယ့် နို့ရည်မှာ ပါတဲ့ အာဟာရဓာတ်ပမာဏ လုံလောက်ဖို့ကတော့ မေမေစားတဲ့ အစားအသောက်တွေပေါ် အဓိက မူတည်ပါတယ်။ အစားအသောက်တွေက ကျန်းမာရေးနဲ့ညီမှ၊ ရွေးချယ်မှုမှန်ကန်မှ မေမေနို့ရည်အာဟာရပြည့်မှာပါ။ တစ်နေ့ကို ကယ်လိုရီ ၅၀၀ အထိ ပိုစားပါ။ ကလေးနို့တိုက်နေရချိန်မှာ မေမေတို့ အားပြည့်နေဖို့အတွက် တစ်နေ့တာမှာ ပုံမှန်ထက် ကယ်လိုရီ ၄၀၀ ကနေ ၅၀၀ အထိ ပိုစားလို့ရပါတယ်။ စားလိုက်တဲ့ကယ်လိုရီတွေက အာဟာရပြည့်တဲ့ အရင်းအမြစ်တွေဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဒါပေမယ့် နို့တိုက်နေရလို့ဆိုပြီး ကယ်လိုရီအလွန်အကျွံ ပိုမစားမိဖို့ သတိပြုပါနော်။ ပရိုတင်းကြွယ်ဝတာတွေ စားပါ။ အသား၊ ပဲနဲ့ ဥ တို့လို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး အစာနင်တဲ့အခါ

အစာနင်တာ၊ သီးတာက အရွယ်မရွေးဖြစ်နိုင်သလို အသက်အန္တရာယ်အထိခြိမ်းခြောက်နိုင်တဲ့ အခြေအနေတစ်ရပ်ပါ။ လူကြီးတွေမှာတောင် အန္တရာယ်ရှိတယ်ဆိုရင် ငယ်ရွယ်သေးတဲ့ ကလေးတွေမှာဆိုရင် ပိုဆိုးတော့မပေါ့။ ဒီတော့ ဘေဘီလေးတွေ အစာနင်တဲ့အခါ ထိခိုက်မှုမဖြစ်စေဖို့ ဘယ်လိုလုပ်ပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဘေဘီလေးတွေအစာနင်နေတာကို ဘယ်လိုသိနိုင်မလဲ..... ဘေဘီလေးတွေအနေနဲ့ နို့စို့ရင်း နို့သီးနိုင်သလို ရေသောက်ရင်း ရေသီးတာ၊ အစားစားရင်း အစားနင်တာ၊ အရုပ်လေးတွေနဲ့ဆော့ရင်း မတော်တဆပါးစပ်ထဲဝင်ပြီး နင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကလေးမှာ အခုလိုလက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ ကလေးက ပြာနှမ်းလာမယ် အသက်ရှုရခက်နေမယ် (နံရိုးတွေ၊ ရင်ဘတ်တွေ ဖောင်းနေမယ်) သတိလစ်မယ် ချော့မရအောင်ငိုမယ် အသံမထွက်ဘဲဖြစ်နေမယ် အသက်ရှူသံက တရွှီရွှီမြည်နေမယ်။ ဘယ်လိုသက်သာအောင်လုပ်ပေးရမလဲ....... ကလေးက အစာနင်နေချိန်မှာ ချောင်းအရမ်းဆိုးနေမယ်။ အရမ်းကိုငိုနေမယ်ဆိုရင်တော့ ဒီအဆင့်တွေကို မလုပ်ပါနဲ့။ အရမ်းငိုတာ၊ ချောင်းပြင်းပြင်းထန်ထန်ဆိုတာ အသက်ရှူလမ်းကြောင်းမှာ ပိတ်နေတဲ့ အရာတွေကို ထွက်သွားစေနိုင်တာကြောင့်ပါ။ တကယ်လို့ ကလေးက ချောင်းဆိုးနေတာ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးအတွက် အသင့်တော်ဆုံး ခေါင်းလျှော်ရည် ရွေးချယ်မယ်

ဈေးကွက်မှာ ရနိုင်တဲ့ဘေဘီရှန်ပူတွေက အများကြီးရယ်။ ကိုယ့်ဘေဘီအတွက် ဘာလေးနဲ့ကောင်းမလဲ စဉ်းစားရတာမေမေတွေမှာခေါင်းကိုခြောက်ရော။ ကိုယ်သုံးနေတဲ့ခေါင်းလျှော်ရည်တွေ၊ဆပ်ပြာတွေလည်း ကလေးကို သုံးပေးလို့မရတော့ သူ့အတွက် သီးသန့်ဝယ်ရမှာပေါ့။ ဒီတော့ ကလေးအတွက် အသင့်တော်ဆုံး ခေါင်းလျှော်ရည် ကို ဘယ်လိုရွေးချယ်ကြမလဲ။ ဘယ်လိုကောင်းကြောင်း၊ ဘာအတွက်ကောင်းကြောင်း တီဗီကြော်ငြာ၊ အွန်လိုင်းကြော်ငြာတွေရဲ့ အာမခံချက်တွေကို မျက်စိစံမှိတ် ယုံကြည်လိုက်တော့မှာလား၊ ဒါမှမဟုတ် အမှတ်တံဆိပ်များစွာထဲကမှ ကိုယ်တိုင်သေချာရွေးဝယ်မလား ဆိုတာက ကိုယ့်ရွေးချယ်မှုပါပဲ။ အမှန်တော့ ကလေးငယ်တွေအတွက် အသုံးအဆောင်ပစ္စည်းမှန်သမျှဟာ ကလေးရဲ့လိုအပ်ချက်ကို မူတည်ပြီးရွေးချယ်တာ အကောင်းဆုံးပါပဲ။ တချို့ကလေးတွေဆိုရင် ဆပ်ပြာတွေနဲ့ဓါတ်မတည့်ဖြစ်တတ်တယ်။ တစ်ခါတရံ အရေပြားမှာ အနီကွက်တွေဖြစ်တတ်တယ်။ ဒါ့ကြောင့် ကလေးအတွက် အသားအရေထိန်းသိမ်းရေးအသုံးအဆောင်တွေဝယ်ရင် ဒီလိုအချက်လေးတွေ ထည့်စဉ်းစားကြရပါတယ်။ အဆိပ်သင့် ဓာတုပစ္စည်း ပထမဆုံး ကလေးခေါင်းလျှော်ရည်ဟာ အဆိပ်အတောက်ဖြစ်စေမယ့် ဓာတုပစ္စည်းတွေမပါရှိတာ သေချာပါစေ။ Sulfates၊ phthalates နဲ့ parabens တွေက ကလေးခေါင်းလျှော်ရည်နဲ့လိုးရှင်းတွေမှာ တာရှည်ခံဓါတုပစ္စည်းအဖြစ်နဲ့ပါတတ်ပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အတွက် မေမေဖေဖေတို့ဘာလုပ်ပေးမလဲ

ဘေဘီလေး တွေရဲ့ ဦးနှောက်ဟာ မွေးစကနေ ၃ နှစ်တာအတွင်းမှာ အလျင်မြန်ဆုံးဖွံ့ဖြိုးတာပါ။ ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု က ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်​ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ အများကြီးသက်ရောက်နေပါတယ်။ ကလေးတစ်ယောက်ဟာ မွေးစကနေ ၃ နှစ်အတွင်းမှာ အဓိကဖွံ့ဖြိုးမှု ၄ ရပ်ရှိနေဖို့လိုပါမယ်။ ဒါကတော့ လှုပ်ရှားသွားလာနိုင်မှု (ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု)၊ ဘာသာစကားစွမ်းရည်၊ လူမှုဆက်ဆံရေး နဲ့ စိတ်ခံစားမှု၊ သိမြင်မှုစွမ်းရည်ပိုင်းတွေမှာ တိုးတက်မှုတွေရှိနေဖို့လိုပါမယ်။ သိမြင်မှုစွမ်းရည်ဆိုတဲ့အထဲမှာ ဘေဘီလေး ရဲ့ တွေးခေါ်နိုင်စွမ်း၊ သင်ယူနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေပါဝင်နေပါတယ်။ ဘေဘီလေး ကို ထူးချွန်ထက်မြက်ချင်တယ်ဆိုရင်တော့ ဦးနှောက်ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်နေတဲ့မွေးစက နေ ၃ နှစ်အတွင်းမှာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပေးမယ့် လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။ ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အတွက် အကောင်းဆုံးသောနည်းလမ်းတွေက ဘာတွေဖြစ်မလဲ........ ဘေဘီလေး ကို ဦးနှောက်ဖွံ့ဖြိုးစေဖို့ ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး ရဲ့ အရေပြားပြဿနာတွေ ဘယ်လိုဖြေရှင်းပေးရမလဲ

ဘေဘီလေး တွေမှာ ဖြစ်တတ်တဲ့အရေပြားပြဿနာတွေဟာ အန္တရာယ်မရှိတာများပါတယ်။ ကလေးရဲ့အသားအရေကိုဂရုစိုက်ပေးရတာက မလွယ်ဘူးဆိုပေမယ့် ဒီအချက်သုံးချက်ကိုပဲအရင်ဆုံးကြည့်ဖို့လိုတာပါ။ အိမ်မှာကုသဂရုစိုက်ပေးလို့ရနိုင်မယ့်အမျိုးအစားလား ဆေးခန်းပြဖို့လိုသလား ဘယ်လိုဂရုစိုက်ပေးရမလဲ အရေပြားပြဿနာဆိုတာ အဖုလေးတွေဖြစ်တာ၊ အနီကွက်ဖြစ်တာ၊ အင်ပျဉ်တွေထွက်တာ၊အရေခွံကွာတာ စတာတွေ အမျိုးမျိုးဖြစ်နိုင်ပါတယ်။မွေးကင်းစကလေးတွေမှာ နုနယ်လွန်းတဲ့အရေပြားက ပတ်ဝန်းကျင်အသစ်ကိုထိတွေ့ရကာစအချိန်ဖြစ်တာကြောင့် ဒီလိုအသေးစားအရေပြားပြဿနာလေးတွေကရှိတတ်တာ သဘာဝပါပဲ။ လက္ခဏာအများစုကတော့သူ့အလိုလိုပျောက်ကင်းသွားလေ့ရှိပါတယ်။ ဘေဘီလေး တွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာများနဲ့ ကုသစောင့်ရှောက်နည်း သေးခံလောင်ခြင်း(ဒိုင်ပါဝတ်တဲ့နေရာတဝိုက်လောင်ခြင်း) ကလေးငယ်တွေမှာအဖြစ်များဆုံးပြဿနာကသေးခံလောင်ခြင်းဖြစ်ပါတယ်။သေးခံလောင်တယ်ဆိုတာ စွတ်စိုထိုင်းမှိုင်းခြင်း၊ဆီးနဲ့ဝမ်းတွေကြောင့် အရေပြားမှာလောင်တာပါ။ ဒိုင်ပါဝတ်တဲ့ကလေးအတော်များများမှာ ဒီလက္ခဏာဖြစ်တတ်ပါတယ်။ သေးခံလောင်တာဖြစ်လာရင် အဲဒီနေရာတဝိုက်ကိုခြောက်သွေ့အောင်ထားပါ။ ဒိုင်ပါတွေ စိုတာနဲ့ တတ်နိုင်သလောက်မြန်မြန်လဲပေးပါ။ ကလေးရဲ့အရေပြားကိုလေသလပ်ပြီးခြောက်သွေ့အောင်လုပ်ပါ။ မပွတ်သုတ်ရပါ။ ကလေးကိုသန့်ရှင်းရေးလုပ်ပေးတဲ့အခါ အယ်ကိုဟောပါတဲ့ wipesတွေမသုံးမိဖို့သတိထားပါ။ အဆီနဲ့ခရင်မ်တွေက ပွတ်တိုက်မိတာ၊ ပွန်းတာတွေကိုသက်သာစေပြီး ကလေးအရေပြားနီမြန်းရောင်ရမ်းခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ မိတ် သို့မဟုတ် အပူဖု ချွေးဂလင်းတွေရဲ့ချွေးပေါက်ပိတ်ဆို့မှုကြောင့်ဖြစ်လာတာပါ။ မိတ်ပျောက်ဖို့ပေါင်ဒါလေးတွေလူးပေးကြပေမယ့် ကလေးရဲ့အသက်ရှူလမ်းကြောင်းကိုပေါင်ဒါမှုန့်တွေမဝင်ရောက်စေဖို့သတိထားပါ။ အဆီတွေ၊ ခရင်မ်တွေမလိမ်းပေးရပါဘူးနော်။ အသားကိုပူစေပြီးချွေးပေါက်တွေပိတ်စေနိုင်ပါတယ်။ ကလေးဝက်ခြံ ကလေးရဲ့မျက်နှာမှာ အလယ်မှာအဖြူဆံလေးနဲ့အနီဖုလေးတွေတွေ့ရတတ်ပါတယ်။ ကလေးအသက် ၂ ပတ်နဲ့ ၄ ပတ်ကြားမှာ ဝက်ခြံအဖြစ်များဖြစ်ပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးရဲ့ချက်ကို ဘယ်လိုသန့်စင်ပေးမလဲ

ဘေဘီလေး တစ်ယောက် မွေးဖွားလာရင် သေးသေးကွေးကွေးလေးတွေကို ဘယ်လောက်ပဲ အသည်းယားတယ်ပြောပြော ကိုယ်တိုင် ကိုးလလွယ် ဆယ်လဖွားထားတဲ့အတွက် ပြုစုစောင့်ရှောက်ပေးမှုကို ကိုယ်တိုင်ပဲလုပ်မိဖို့ကများပါတယ်။ ဖွားဖွားတွေရှိတယ်ဆိုရင်တောင် အနည်းဆုံးတော့ ကိုယ်ကဘေးကနေ အမြဲလိုကူညီပေးနေရမှာ အသေအချာပါ။ ဒီလိုလုပ်ဆောင်ပေးရတဲ့အထဲမှာ ဘေဘီပိစိလေးရဲ့ ချက်ကြိုးနဲ့ ချက် ကို သန့်ရှင်းပေးရတာကလည်း မပါမဖြစ်ပါပဲ။ ဒီတစ်ခေါက်တော့ မေမေတို့အတွက် အသုံးတည့်စေမယ့် ဘေဘီလေးရဲ့ချက်ကို ဘယ်လိုသန့်စင်ပေးရမလဲဆိုတာလေးနဲ့ ပတ်သက်ပြီး ပြောပြမယ်နော်။ ချက်ကြိုးနဲ့ ချက်ကို နေ့တိုင်းသန့်စင်ဖို့လိုမလား................. အရင်တုန်းကတော့ ကျွမ်းကျင်သူတွေက ကလေးကို သေးခံလဲပေးတဲ့အခါတိုင်း ချက်ကြိုးနဲ့ ချက်နေရာကို ဂွမ်းစလေးမှာ အရက်ပြန်ဆွတ်ပြီး သန့်စင်ပေးပါ။ပြီးရင် ခြောက်သွေ့အောင်သုတ်ပါလို့ပြောခဲ့ဖူးကြပါတယ်။ တကယ်တော့သေးခံလဲတိုင်းလုပ်စရာမလိုပါဘူး။ တစ်နေ့ကို နှစ်ကြိမ်လောက် သန့်စင်ပေးရင်ကို လုံလောက်ပါပြီ။ ဘေဘီလေးရဲ့သေး ဒါမှမဟုတ်ရေစိုသွားတဲ့အခါမှာတော့ ချက်ကြိုးကိုသေချာလေး သုတ်ပေးဖို့လိုပါမယ်။ ဘေဘီလေးရဲ့ချက်ကို ဘယ်လိုသန့်စင်မလဲ.......... ဘေဘီလေးရဲ့ ချက်ကို သန့်စင်ပေးတော့မယ်ဆိုရင် ဒီအချက်တွေအတိုင်းလိုက်လုပ်ကြည့်ဖို့လိုပါမယ်။ လိုအပ်တာတွေကိုပြင်ဆင်ပါ ဘေဘီလေးကို ချက်မသန့်စင်ပေးခင်မှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေမေပေးတဲ့ သဘာဝခြုံလွှာ

ကလေးလေးတွေရဲ့ အရေပြားလေးတွေဟာ နှင်းဆီပွင့်ဖတ်လေးလို သိပ်ကိုနူးညံ့တယ်။ တိမ်မျှင်စလေးလို ဖြူစင်လွန်းတယ်။ မိဘတွေအဖို့ ချစ်ခင်နှစ်လိုဖွယ်အပြည့်။ မထိရက်ထိရက်စရာ ‌မွှေးပျံ့နူးညံ့လွန်းတဲ့ အလွှာလေး။ အသက်တစ်နှစ်အောက်ကလေးငယ်လေးတွေမှာ အပေါ်ယံအရေပြားက လူကြီးတွေထက် ၃၀% လောက် ပိုပါးလွှာတာမို့ သတိထားစရာအချက်တွေ များလှပါတယ်။ သိပ်နူးညံ့တာကြောင့် အရေပြားပြဿနာတွေ အလွယ်တကူဖြစ်နိုင်တာမို့ ဂရုတစိုက်ရှိဖို့လိုပါတယ်။ မိဘတွေအဖို့ ဒီနူးညံလွန်းတဲ့ အသားအရေလေးအတွက် ဘာတွေသတိထားရမယ် ဘာတွေရှောင်ကျဉ်ရမယ်ဆိုတာ သေချာမသိထားရင် စိတ်ဖိစီးပြီး မလိုအပ်ဘဲစိတ်ပူပန်တတ်ကြရတာမို့ ကလေးအ‌ရေပြားနဲ့ပတ်သက်လို့ ဗဟုသုတလေးတွေ မျှဝေပေးချင်ပါတယ်။ ပထမဆုံး ကလေးငယ်တွေရဲ့အရေပြားလေး ဘာအလုပ်တွေ လုပ်ကြရတယ်ဆိုတာ ပြောပြချင်ပါတယ်။ ၁။ အကာအကွယ်ပေးတဲ့တံတိုင်းလေး ခန္ဓာကိုယ်ထဲကို မလိုလားအပ်တဲ့အရာတွေ မဝင်အောင် ကာကွယ်ရတဲ့အလွှာလေးဖြစ်ပါတယ်။ မွေးပြီးပထမသုံးလအတွင်း ကလေးရဲ့အရေပြားမှာ အက်စစ်ဓာတ်ကဲနေ‌အောင် သဘာဝက ဖန်တီးပေးထားလို့ ရောဂါပိုးမွှားတွေနဲ့ Allergen လို့ခေါ်တဲ့ ဓာတ်မတည့်မှုကိုဖြစ်စေတဲ့ ပစ္စည်းတွေ၊ Irritant လို့ခေါ်တဲ့ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း