ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အေးမြတဲ့ဆောင်းတွင်းမှာ ဘေဘီလေးတွေကျန်းမာစေမယ့်နည်းလမ်းများ

အေးအေးချမ်းချမ်းနဲ့ နှစ်တစ်နှစ်ကုန်ဆုံးခါနီးအချိန်မှာ အားလုံးကပျော်နေမှာ အသေအချာပဲပေါ့။ ဒါပေမယ့် အပြည့်အဝမပျော်နိုင်တဲ့သူတွေတော့ရှိနေပါတယ်။ ဒါကတော့ ပူပူနွေးနွေးဘေဘီပိစိကွေးလေးပိုင်ဆိုင်ထားတဲ့ဖေဖေမေမေတွေပေါ့။ အသစ်စက်စက် မိဘဖြစ်သူတွေမှာ ပိုဆိုးမှာအသေအချာပါ။သေးသေးကွေးကွေး ကလေးလေးကိုနွေနွေးထွေးထွေးဖြစ်စေဖု့ိနဲ့ ဖျားနာမှုတွေမဖြစ်စေဖို့အတွက် အရမ်းကို ဂရုတစိုက်လုပ်နေရတဲ့အချိန်ပေါ့။ ကလေးက ငယ်လွန်းတာကြောင့် အရမ်းနုနယ်သေးသလို ပတ်ဝန်းကျင်ကဒဏ်တွေကို ထိခိုက်ခံနိုင်စွမ်းကလည်း အရမ်းကိုနည်းပါတယ်။ ဒါကြောင့်ဆောင်းတွင်းလိုအေးတဲ့ ရာသီဥတုအခြေအနေမှာ ကလေးငယ်လေးတွေကို အသေအချာဂရုစိုက်နိုင်မှတော်ကာကျမှပါ။ ဒီလိုမျိုးအေးလွန်းတဲ့ရာသီမှာ အိမ်ရဲ့ဆည်းလည်းဘေဘီပေါက်စလေးတွေကို ဘယ်လိုဂရုစိုက်ပေးရမှန်းမသိတဲ့ဖေဖေမေမေတွေအတွက် နည်းလမ်းကောင်းလေးတွေပြောပြပေးပါရစေ။ ဆောင်းရာသီမှာ ဘေဘီလေးတွေကို ကျန်းမာစေမယ့်နည်းလမ်းတွေက ကလေးကိုနွေးနွေးထွေးထွေးထားပါ - ကလေးလေးတွေကသေးတစွတ်စွတ်ပေါက်တတ်တဲ့အရွယ်ဖြစ်တာကြောင့် ကလေးကိုသေးစိုနေလား၊ အဝတ်အစားတွေစိုနေလားဆိုတာကို အမြဲမပြတ်ဂရုစိုက်ပြီး စိုနေတာတွေ့တာနဲ့ချက်ချင်းလဲပေးပါ။ ကလေးကို အအေးမခံပါစေနဲ့။နွေးနွေးထွေးထွေးဖြစ်စေမယ့် အဝတ်အစားတွေ ဝတ်ဆင်ပေးပါ။ ကလေးကို အာဟာရမျှတအောင်ကျွေးမွေးပါ - ကလေးက နို့စို့အရွယ်ဆိုရင်တော့ မိခင်က အာဟာရပြည့်ဝအောင်စားသုံးပြီး ကလေးကို နို့ကနေတဆင့် အာဟာရပြည့်ပြည့်ဝဝရရှိအောင်လုပ်ဆောင်ပေးပါ။ ကလေးက အစားစားနိုင်ပြီဆိုရင်တော့ ကလေးကို အစာကြေလွယ်ပြီး အာဟာရပြည့်ဝတဲ့အစားအစာတွေကို ကျွေးမွေးပေးပါ။ […]


ကလေးငယ်အာဟာရ

ကလေးဆံသားကျန်းမာစေဖို့ ဘယ်လိုအစားအစာတွေကျွေးဖို့လိုမလဲ

ကလေးငယ်လေးတွေဟာ မမွေးဖွားခင်မိခင်ဝမ်းထဲမှာနေစဉ် ကိုယ်ဝန် ၅ လလောက်မှာကတည်းက ဆံပင်တွေက စထွက်လာနေတာပါ။ ကလေးမွေးဖို့ ၄ ပတ်လောက်အလိုမှာကတည်းက ကလေးဆံသားတွေကတော်တော့်ကိုထူထူထဲထဲဖြစ်နေပါပြီ။ ကလေးကမွေးစကနေ ၆ လအရွယ်လောက်ရောက်လာတဲ့အခါ မှာဆံပင်ကျွတ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကဖြစ်နေကျမို့ စိုးရိမ်စရာမရှိပါဘူး။ ကလေးကအမြဲ အိပ်နေရတာ၊ ပက်လက်အနေအထားနေရတာတွေကြောင့် ဆံပင်ကျွတ်တာက မလွဲမသွေဖြစ်မှာပါပဲ။ ဆံသားကျန်းမာလှပတာက အလှတိုးစေနိုင်တဲ့အရာတစ်ခုဖြစ်တာကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးလေးတွေကို ငယ်စဉ်ကတည်းကသေချာဂရုစိုက်ပေးဖို့လိုပါမယ်။ မီးမီးလေးတွေဆိုရင်တော့ ဆံသားလှပဖို့ ပိုလိုအပ်မှာသေချာပါပဲ။ ကလေးငယ်လေးတွေကို ငယ်စဉ်ကတည်း အစားအသောက်တွေကို မျှတအောင်ကျွေးမယ်ဆိုရင် ကျန်းမာလှပတဲ့ ဆံသားပိုင်ရှင်ဘေဘီလေးတွေအဖြစ်ကြီးပြင်းလာမှာပါ။ ဘယ်လိုအစားအစာတွေကျွေးရင်ဘေဘီလေးတွေရဲ့ ဆံသားကျန်းမာလှပစေမှာလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ ဆံသားလှပဖို့ အရေးကြီးဆုံးက ဘာများလဲ ဆံသားလှပစေဖို့ အရေးအကြီးဆုံးအချက်က အာဟာရပြည့်ဝအောင်ကျွေးမွေးတာပါ။ အာဟာရမျှတအောင်စားသုံးမှုက ခန္ဓါကိုယ်အစိတ်အပိုင်းအားလုံး ကျန်းမာစေဖို့အတွက်တော်တော့်ကိုအရေးပါပါတယ်။ ဒါပေမယ့် လူတော်တော်များများက အာဟာရပြည့်ဝအောင်စားသုံးရမယ်ဆိုတဲ့ အချက်ကိုမေ့နေတတ် ကြပါတယ်။ ကလေးတွေအတွက်အာဟာရပြည့်ဝစေမယ့် အကောင်းဆုံးအစားအသောက်တွေကတော့ အိမ်မှာပြင်ဆင်ချက်ပြုတ်ထားတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေပဲဖြစ်ပါတယ်။ အာဟာရမျှတတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို နည်းစနစ်မှန်မှန်နဲ့ ဘယ်လိုခေါင်းလျှော်ပေးမလဲ

ကလေးငယ်လေးတွေကို ခေါင်းလျှော်ပေးရတာက လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ဘူးဆိုတာကိုဘေဘီလေးတွေရဲ့ မိဘတိုင်းသိကြမှာပါ။ ကလေးတွေက ခေါင်းလျှော်တဲ့အခါခေါင်းပေါ်ကနေရေလောင်းချတာကြောင့် မျက်လုံးဖွင့်မရတဲ့ ခံစားချက်နဲ့ ရေမွန်းတာကိုတော်တော်လေးကြောက်ကြပါတယ်။ အချို့ကလေးလေးတွေဆိုခေါင်းလျှော်ပေးရင် အော်ငိုတာ၊လျှောက်ပတ်ပြေးနေတာမျိုးတွေတောင်ရှိတတ်ပါသေးတယ်။ ဒါကြောင့် ခေါင်းလျှော်ရခက်တဲ့ဘေဘီလေးတွေကိုခေါင်းဘယ်လိုလျှော်ပေးရမလဲဆိုတဲ့ နည်းလေးလမ်းညွှန်ပေးချင်ပါတယ်။ အချို့ကလေးလေးတွေက မွေးကင်းစအရွယ်မှာကတည်းက ဆံပင်ပါလာတတ်ပေမယ့် အချို့ကလေးငယ်လေးတွေကတော့ ဆံပင်မပါဘဲမွေးဖွားလာတာမျိုးရှိကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကလေးကို ခေါင်းကတော့လျှော်ပေးရမှာပါပဲ။ ဆံပင်ရှိရင် ဆံပင်ကိုလျှော်ပေးရမှာဖြစ်ပြီး ဆံပင်မရှိရင် ဦးရေပြားကိုလျှော်ပေးရမှာဖြစ်ပါတယ်။ ကလေးကို ခေါင်းဘယ်လိုလျှော်ပေးရမလဲဆိုတာကို အသေးစိတ်လေးဆက်ကြည့်လိုက်ရအောင်ပါ။ ကလေးကို ဘယ်လိုခေါင်းလျှော်ပေးမယ် ၁) ကလေးကို နေ့တိုင်းခေါင်းလျှော်ပေးဖို့မလိုပါဘူး ကလေးရဲ့ ဆံပင်ကိုနေ့တိုင်းလျှော်ပေးဖို့ မလိုဘူးဆိုတာကိုတော့သိထားဖို့လိုပါမယ်။ ကလေးငယ်လေးတွေက လေ့ကျင့်ခန်းမလုပ်ကြသလို လူကြီးတွေလိုမျိုး ညစ်ပေတာမျိုးလည်းမရှိဘူးဆိုတာကို သိထားဖို့လိုပါလိမ့်မယ်။ ကလေးငယ်လေးတွေရဲ့ ဆံပင်က သာမန်အားဖြင့်တော့ လူကြီးတွေထက်သန့်ရှင်းပါတယ်။ ကလေးဆံပင်က အရမ်းညစ်ပတ်နေရင်တော့ လျှော်ပေးရပါမယ်။ ၂) ကလေးအတွက် အပျော့စားခေါင်းလျှော်ရည်ကို ရွေးချယ်ဝယ်ယူပေးပါ ကလေးငယ်လေးတွေရဲ့ အရေပြားက လူကြီးတွေရဲ့အသားအရေထက် ပိုပြီး ဓာတ်ပြုတုံ့ပြန်လွယ်တာကြောင့် အရမ်းပြင်းထန်တဲ့ခေါင်းလျှော်ရည်တွေကို အသုံးမပြုသင့်ပါဘူး။ […]


ကလေးငယ်အာဟာရ

ရင်သွေးလေးနဲ့အတူ အစားအစာပြင်ဆင်ခြင်း

ဘေဘီလေးအရွယ်ရောက်လာတဲ့အခါမေမေဖွားဖွားတို့နဲ့အတူ မီးဖိုခန်းထဲဝင်ပြီးပြင်ဆင်ချက်ပြုတ်တာက အဆန်းတကြယ်တော့မဟုတ်လှပါဘူး။ ဒီလိုချက်ပြုတ်မှုကပဲ မိသားစုရဲ့ ဟင်းချက်မှုပုံစံ၊ သုံးစွဲတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို မျိုးဆက်တစ်ဆက်စီကနေ တစ်ဆက်စီကို လက်ဆင့်ကမ်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါက ဒီလောက်နဲ့တင်ပြီးသွားတာလားဆိုတော့ မဟုတ်သေးပါဘူး။ဘေဘီလေးကို ကိုယ်နဲ့အတူ ဟင်းလျာတွေပြင်ဆင်တာကဘေဘီလေးကို အစားကောင်းကောင်းစားစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဘေဘီလေးနဲ့အတူ အစားအသောက်တွေပြင်ဆင်တော့မယ်ဆိုရင် ဘေဘီလေးနဲ့အတူ အစားအသောက်တွေကိုပြင်ဆင်တော့မယ်ဆိုရင် ဒီအချက်တွေက အသုံးတည့်မှာပါ။ ဘာတွေချက်မလဲပြင်ဆင်ပါ ဘေဘီလေးကို ချက်ပြုတ်ဖို့အတွက် ဟင်းလျာတွေ စီစဉ်တဲ့အခါ ပါဝင်ဆွေးနွေးခိုင်းပါ။ ဒီလိုလုပ်တာက ကလေးကို ကျန်းမာတဲ့အစားအစာတွေစားသုံးတတ်သူဖြစ်လာအောင် ပျိုးထောင်ပေးရာလည်းရောက်ပါတယ်။ ဒါကြောင့် ကလေးကို တစ်ပတ်ကို တစ်ကြိမ်လောက်တော့ အနည်းဆုံး ဟင်းလျာစီစဉ်သူဖြစ်ခွင့်ပေးလိုက်ပါ။ အတူတူဈေးဝယ်ထွက်ပါ ကလေးကို ကိုယ်နဲ့အတူဈေးဝယ်ခေါ်သွားပါ။ ဒီလိုလုပ်ပေးတာက ကလေးကို မိသားစုတွေအတွက် ဟင်းလျာပြင်ဆင်ရာမှာ အကောင်းဆုံးကူညီပေးနိုင်သူအဖြစ် သူ့ကိုယ်သူမြင်လာစေပြီး သူ့ကိုယ်သူအရေးပါတဲ့သူအဖြစ် အသိအမှတ်ပြုလာစေပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက ကလေးကို ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ကလေးနဲ့အတူတူဈေးဝယ်ထွက်တဲ့အခါ ကလေးကို အထုတ်တွေစစ်ခိုင်းတာ ဝယ်ရမယ့်ပစ္စည်းတွစုံရဲ့လား စစ်ခိုင်းတာမျိုးလုပ်ပေးပါ။ ဘေးကင်းလုံခြုံရေးအတွက် ဂရုစိုက်သင့်တာတွေကို […]


ကလေးငယ်အာဟာရ

ဘေဘီလေးရဲ့ ဦးနှောက်နဲ့ခန္ဓါကိုယ် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အစားအစာ (၅) မျိုး

ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်ဖြစ်လာစေဖို့ ငယ်စဉ်အရွယ်ကတည်းက အစားအစာကိုသေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ ဒီလိုဂရုစိုက်ပေးမှုက ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာပျော်ရွှင်သူတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာစေမှာပါ။ ဒီတော့ဘေဘီလေးကို စိတ်ရောကိုယ်ပါကျန်းမာသူဖြစ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မယ့် အစားအစာတွေနဲ့ မိတ်ဆက်ပေးလိုက်ရအောင်လား........... ဘေဘီလေးရဲ့ ဦးနှောက်နဲ့ခန္ဓါကိုယ် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အစားအစာ (၅) မျိုးကဘာလဲ (၁) နို့ အရိုးတွေကိုသန်မာစေနိုငိတဲ့ ကယ်လ်ဆီယမ်နဲ့ဗီတာမင် D တို့ဝင်နေသလိုဖော့စဖရိတ်၊ ဗီတာမင် B12၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့ပါဝင်ပါတယ်။ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးဖို့အတွက်ရော ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်စေဖို့အတွက်ပါ အရေးပါပါတယ်။ ဒါကြောင့် ကလေးကိုနေ့စဉ်နို့တိုက်ပေးသင့်ပါတယ်။ တကယ်လို့ ကလေးက နို့ကို မကြိုက်ဘူးဆိုရင်တောင်မှ နို့မှာပါတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေတဲ့ အာဟာရပြည့်သောက်စရာတစ်မျိုးမျိုးကိုလည်း တိုက်ပေးလို့ရပါတယ်။ (၂) ဥအမျိုးမျိုး ဥအမျိုးမျိုးမှာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေဖြစ်တဲ့ ပရိုတင်း၊ ဗီတာမင် D၊ ဗီတာမင် […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ကို စနစ်တကျ အပြင်မှာ ဘယ်လိုသိမ်းကြမလဲ ။ ။

မီးဖွားခွင့် ကုန်သွားလို့ ကလေး နို့စို့အရွယ်လေးမှာတင် အလုပ်ခွင်ပြန်ဝင်ရတာ ဖြစ်ဖြစ်၊ အပြင်သွားစရာရှိလို့ ကလေးနို့ဆာတဲ့အချိန်တိုင်း နို့မတိုက်နိုင်တာ ဖြစ်ဖြစ် နို့ကို ညှစ်ထုတ်ပြီး အပြင်မှာ သိမ်းခဲ့ကြတယ်မလား။ တချို့ အပြင်မှာ သိမ်းခဲ့တာကို သဘောကျပေမယ့်လည်း တချို့ လတ်လတ်ဆတ်ဆတ် ကလေးကို နို့တိုက်လိုက်ရမှ ကျေနပ်တဲ့သူတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ မိခင်နို့ တိုက်ကျွေးတာက ပြဿနာ မဟုတ်ပေမယ့် နို့ကို ညှစ်ထုတ်ပြီး အပြင်မှာ သိမ်းထားရင်တော့ သိထားဖို့လိုမယ့် ကိစ္စလေးတွေ ရှိလာပြီလေ။ ဘယ်လိုစနစ်တကျသိမ်းရမလဲ၊ ညှစ်ပြီးသား မိခင်နို့က အပြင်မှာ ဘယ်လောက်ခံမလဲ စတဲ့ မေးခွန်းတွေ မေမေတို့ခေါင်းထဲ တန်းစီနေမှာပေါ့ အရေးအကြီးဆုံးဖြစ်တဲ့ညှစ်ပြီးသား မိခင်နို့တွေကို ဘာနဲ့သိမ်းကြမလဲ။ ညှစ်ပြီးသားမိခင်နို့ကို ဘာနဲ့ထည့်သိမ်းကြမလဲဆိုတာ အရေးအကြီးဆုံး အချက်တစ်ခုပါ။ ထည့်လို့ရတဲ့ တွေ့ရာ ပစ္စည်းတစ်ခုခုနဲ့ သိမ်းလို့မရတဲ့အတွက် မိခင်နို့သိမ်းဖို့ ဆိုပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေ အိပ်ပါစေ…

ကလေးတွေအတွက် အိပ်စက်ခြင်းဟာ အစားအစာ နှင့် လုံခြုံစွာနေထိုင်ရမှုထက်မနည်း အရေးကြီးပါတယ်။ အကြောင်းကတော့ အိပ်စက်ခြင်းဟာ ဉာဏ်ရည်ဖွံ့ဖြိုးမှုအပေါ်မှာသာမက ကိုယ်ကာယဖွံ့ဖြိုးမှုအပေါ်မှာပါ ကြီးမားတဲ့ သက်ရောက်မှု ရှိနေလို့ပါပဲ။ ဒါပေမယ့် အိပ်ချိန်တစ်ခုပဲ အရေးကြီးတာတော့ မဟုတ်ပါဘူး။ အိပ်စက်တဲ့အချိန်အတွင်းမှာလည်း အနှောင့်အယှက်ကင်းကင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ဖို့နဲ့ နေ့လည်နေ့ခင်းလိုအချိန်တွေမှာ တစ်မှေးအိပ်စက်ခြင်းတွေဟာဆိုရင်လည်း အရေးကြီးပါတယ်။ ယေဘုယျအားဖြင့် မွေးကင်းစအရွယ်မှ ၃ လ ကလေးငယ်များဟာ တစ်နေ့ကို စုစုပေါင်း ၁၀.၅ နာရီ မှ ၁၈ နာရီကြာအောင် အိပ်တတ်ကြပြီး တစ်ဆက်တည်း အိပ်တာမျိုးမဟုတ်ဘဲ ကြားထဲမှာ (၁ နာရီ မှ ၃နာရီ‌လောက်အထိ) နိုးထနေမှုများလည်း ရှိတတ်ပါတယ်။ အသက် ၄ လ မှ ၁၁လ ကလေးငယ်များဟာ ညအိပ်ချိန်ကို ၉နာရီမှ ၁၂နာရီခန့် ယူလေ့ရှိကြပြီး မိနစ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

နုနယ်တဲ့ ကလေးတို့ရဲ့ အရေပြားပေါ်က ပွေး

မွေးကင်းစအရွယ်ကလေးငယ်တွေနဲ့ အသက် ၁၀ နှစ်အရွယ်လောက်အထိကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ နို့ပွေးက မှိုပိုးကူးစက်မှုတစ်ခုပါပဲ။ ဒီမှိုပိုးက အရေပြားပွန်းပဲ့ရာတွေကနေတဆင့် ခန္ဓာကိုယ်အတွင်းပိုင်းကိုရောက်ရှိသွားပြီး အရေပြားပေါ်မှာဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်မှာ ကုတ်ရာခြစ်ရာသေးသေးလေးပဲရှိတယ်ဆိုရင်တောင်မှ ကူးစက်ခံရနိုင်ပါတယ်။ နို့ပွေးဆိုတာ ကလေးအရေပြားပေါ်က ပန်းရောင် (သို့) အနီရောင် ခပ်ဝိုင်းဝိုင်းသဏ္ဍန် အကွက်လေးတွေပါ။ နို့စို့ထားလို့ ပေနေတတ်တဲ့ ပါးစပ်တဝိုက်မှာဖြစ်တာမို့ နို့ပွေးလို့ ခေါ်ကြတာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအရေပြားပြဿနာက မျက်နှာတစ်ခုတည်းမှာ မဟုတ်ဘဲ ဦးရေပြား၊ လက်နဲ့ ခြေထောက်တွေအပြင် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုကူးစက်နိုင်လဲ မေမေတို့လက်ကနေ သို့မဟုတ် မှိုပိုးရှိနေတဲ့ ဘယ်အရာနဲ့မဆို ထိတွေ့မှုတွေကနေတဆင့် ကူးစက်တာ ဖြစ်ပါတယ်။ အရုပ်တွေ၊ တဘက်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေ ၊ အခင်းပြားတွေ၊ အဝတ်အစားတွေ နဲ့ ဦးထုပ်တွေလို ကလေးအသုံးအဆောင်တွေကတဆင့် ကူးစက်နိုင်ပါတယ်။ အများကူးတဲ့ရေကူးကန်တွေနဲ့ အခြားလူအများနဲ့မျှသုံးရတဲ့နေရာတွေ ကနေလည်း ကလေးတွေကို မှိုပိုးကူးစက်စေနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေရှိတတ်လဲ နို့ပွေးက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးရဲ့ ပေါင်ကြားမှာ အရေပြားလောင်ခြင်း

မွေးကင်းစအရွယ် ကလေးငယ်တွေရဲ့အသားအရေက သိပ်နုနယ်ပါတယ်။ တံတောင်ဆစ်ကြားလေးတွေ၊ လည်ပင်းလေးတွေမှာ ပွန်းပြီး နီရဲနေတတ်တာပဲကြည့်။ ဒါတွေကတော့ ပိတ်လှောင်ပြီး ချွေးထွက်တာ ဒါမှမဟုတ် အသားခြောက်သွေ့တာကြောင့် ဖြစ်တတ်ပေမယ့် ပိုဆိုးတာ ပေါင်ခြံ၊ ပေါင်ကြားအရေပြားလေးတွေမှာ လောင်တာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သေးခံ(Diaper) ဝတ်ပေးလေ့ရှိကြလို့ သေးခံလောင်တယ်လို့လည်း ခေါ်ကြတယ်။ ဒါပေမယ့် အနှီးပတ်ပေး၊ ဘောင်းဘီဝတ်ပေးထားတဲ့ ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဘာလို့ဆို ဘေဘီလေးရဲ့ ဆီးနဲ့ ဝမ်းကြောင့် စိုစွတ်ပြီး ဘက်တီးရီးယားပျော်တဲ့အနေအထား ဖြစ်သွားနိုင်ပါတယ်။ ကလေးမှာ သေးခံလောင်ရတဲ့အကြောင်းရင်းက – ဆီး ၊ ဝမ်း သွားပြီးတိုင်း ပေါင်ကြားကို သေချာမသန့်စင်ပေးတာ သေးခံအစိုကြီးကို ဒါမှမဟုတ် ပေကျံနေတဲ့သေးခံကို မလဲပေးမိတာ အချိန်ကြာသွားတာ သေးခံ နဲ့ ပွတ်တိုက်မိလို့ ပွန်းတာ မှိုပိုးဝင်တာ ဘက်တီးရီးယားပိုးဝင်တာ သေးခံနဲ့ ဓါတ်မတည့်တာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးကို ကောင်းမွန်ပျော်ရွှင်စွာ​ကြီးပြင်းစေဖို့

ရင်သွေးလေးကို ကောင်းကောင်းမွန်မွန်အရွယ်ရောက် ကြီးပြင်းစေချင်တဲ့ဆန္ဒက မိဘတိုင်းမှာရှိတတ်တဲ့ ဆန္ဒတစ်ခုပါ။ ဒီဆန္ဒက ဆုတောင်းနေရုံနဲ့တော့ပြည့်လာမှာမဟုတ်ပါဘူး။ ကိုယ့်ဘက်ကလည်း တတ်နိုင်သမျှစွမ်းဆောင်ပေးဖို့လိုပါမယ်။ ဒီလိုစွမ်းဆောင်ပေးတဲ့နေရာမှာ အလေ့အထကောင်းလေးတွေနဲ့ ပြည့်ဝတဲ့ အာဟာရကို အချိုးကျကျပေါင်းစပ်မိဖို့လိုပါမယ်။ ဘေဘီလေးပျော်ရွှင်ထက်မြက်စွာနဲ့ကြီးပြင်းလာစေဖို့ ဘာတွေများကျွေးရမလဲ ဘေဘီလေးတစ်ယောက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါအကောင်းဆုံးဖွံ့ဖြိုးစေဖို့အတွက် နေ့စဉ်စားသုံးတဲ့ အာဟာရတွေထဲမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်နေဖို့လိုပါမယ်။ ဒီတော့ လိုအပ်တဲ့ အာဟာရတွေပြည့်ဝအောင် ဘာတွေများကျွေးရမလလဲလို့များ စဉ်းစားနေပြီလား မေမေ.... ပြော​ပြပေးမှာမို့ တူတူဆက်ကြည့်ရအောင်နော်။ ငယ်တုန်းကတော့ မေမေကအာဟာရပြည့်ဝအောင်စားပြီး နို့ချိုတိုက်ကျွေးရင်ရပြီဆိုပေမယ့် တဖြည်းဖြည်းအရွယ်ရောက်လာချိန်မှာတော့ အာဟာရပြည့်ဝအောင် စီစဉ်ကျွေးမွေးဖို့က မေမေ့တာဝန်ဖြစ်လာပြီလေ။ ဒီတာဝန်ကိုကျေပွန်စေဖို့ဆိုရင်တော့ ပရိုတင်း- အရိုးနဲ့ကြွက်သားတွေ အကောင်းဆုံးသန်စွမ်းစေဖို့ အရေးပါပါတယ်။ ပရိုတင်းကြွယ်ဝစေဖို့ အဆီမပါတဲ့အနီရောင်အသား၊ ကြက်သား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့တို့ကနေရရှိနိုင်ပါတယ်။ ကစီဓာတ် - ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက်၊ ကိုယ်ခံအားကောင်းစေဖို့အတွက် အရေးပါတဲ့ဓာတ်တစ်မျိုးပါ။ ထမင်း ကန်စွန်းဥ၊ အာလူး၊ ပဲအမျိုးမျိုးတို့ကနေ ရရှိနိုင်ပါတယ်။ ရေဓာတ် - ခန္ဓာကိုယ်က […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း