ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

သားသားမီးမီးတို့အတွက် အသင့်တော်ဆုံးဖြစ်မယ့် ဟင်းချက်ဆီ

ကလေးတစ်ယောက်အတွက် စားသုံးသမျှက ဘေးကင်းပြီး အာဟာရဖြစ်ဖို့ လိုပါမယ်။ ဒါကြောင့်လည်း မေမေတွေက အစားအစာ ရွေးချယ်တဲ့အခါ အိမ်မှာ ကလေးရှိလာရင် ပိုဂရုစိုက်လာ​ကြတာပါ။ ဒီတစ်ခေါက်တော့ ကလေးတွေ အစားစစားချိန်မှာ ဘယ်လို ဟင်းချက်ဆီကို သုံးရမလဲဆိုတာ တွေးရခက်နေတဲ့ မေမေတွေအတွက် ဟင်းချက်ဆီ ရွေးချယ်နည်းလေး ပြောပြပေးချင်ပါတယ်။ ကလေးက ဆီစားသုံးဖို့ လိုသလား ............ ကလေးတွေက ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် အဆီကို လိုအပ်ပါတယ်။ ကလေးက လမ်းစလျှောက်တတ်ပြီဆိုရင် ဦးနှောက်နဲ့ခန္ဓာကိုယ် အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးဖို့အတွက် အဆီကို လိုအပ်ပါမယ်။ ဒီကာလမှာ မေမေဖေဖေတို့အနေနဲ့ ကလေးကို ဝမှာစိုးတယ်ဆိုပြီး အဆီကို လုံးဝမကျွေးတာမျိုး မလုပ်စေချင်ပါဘူး။ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့အချိန်မှာ ကလေးကို လုံလောက်တဲ့ အဆီပမာဏ ဖြည့်ပေးဖို့ လိုပါမယ်။ ဒါမှ ကလေးက ရှိသင့်တဲ့ အရပ်အမြင့်နဲ့ကိုယ်အလေးချိန်ကို ရရှိမှာပါ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အသစ်စက်စက် မေမေဖေဖေတို့ သိထားရမယ့် ဘေဘီလေးကို အနှီးထုတ်နည်း လမ်းညွှန်

ကလေးတစ်ယောက် ပျိုးထောင်ရတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အတွေ့အကြုံ မရှိသေးတဲ့ ဖေဖေမေမေတို့ဆိုရင် ပိုလို့တောင် ခက်ပါဦးမယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ချိန်ကစလို့ မွေးဖွားသည်အထိ ဂရုတစိုက်နေထိုင်ခဲ့ရတဲ့ မေမေတို့ နဲ့ ဘေးကနေ လိုလေသေးမရှိ ဂရုစိုက်ပေးတဲ့ ဖေဖေတို့ရေ ဘေဘီလေးကို မွေးဖွားပြီးတဲ့အခါ ဘယ်လို အနှီးထုတ်ရမလဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်နော်။ ဘေဘီလေးက နုနယ်သေးတဲ့အချိန်မှာ အစစအရာရာ ဂရုစိုက်ဖို့ လိုပါမယ်။ ဒီကာလမှာ အနှီးထုတ်တာကစလို့ ရေချိုး သန့်စင်ပေးတာအထိ အကုန်လုံးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီလိုပြောရတာက မေမေဖေဖေတို့ရဲ့ လုပ်ဆောင်မှု တစ်ချက်ချင်းစီတိုင်းက ဘေဘီလေးအပေါ်မှာ သက်ရောက်မှု ရှိနိုင်တာကြောင့်ပါ။ ဘေဘီလေးကို ဘယ်လို အနှီးထုတ်မလဲ မွေးကင်းစ ဘေဘီလေးတွေကို အနှီးထုတ်တာက ရင်းနှီးကျွမ်းဝင်တဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဘေဘီလေးကို အနှီးထုတ်တာက ရှေးယခင်ကာလတွေကတည်းက လိုက်နာကျင့်သုံးခဲ့တဲ့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးတစ်ယောက်ရဲ့ အသက်အရွယ်အလိုက် သောက်စရာများ

ဘေဘီလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်မှာ မေမေဖေဖေတို့ဘက်က လုပ်ပေးရမှာတွေ၊ ဂရုစိုက်ရမှာတွေက အတော်လေး များသား။ ဒီလို ဂရုစိုက်မှုတွေထဲမှာ ထည့်တွေးရတဲ့ အရာတစ်ခု ရှိပါတယ်။ ဒါကတော့ ကလေးကို ဒါလေးတိုက်လို့ ဖြစ်ပါ့မလား။ ဒီအရွယ်ဆို တိုက်လို့ရပြီလားဆိုတဲ့ ကိစ္စပါ။ ဒီစိတ်ထဲ တွေးပူနေရတဲ့ကိစ္စကို တူတူဆွေးနွေးကြရအောင်လား။ ဘေဘီလေးကို ဘယ်အရွယ်မှာ ဘာတွေ တိုက်မလဲ.............. ဘေဘီလေး တစ်ယောက် အရွယ်ရောက်လာတဲ့အခါ ဘယ်အရွယ်မှာ ဘာတွေများတိုက်ရမလဲဆိုတော့ မွေးစကနေ ၁ နှစ်တာ မွေးစကနေ ၆ လ အထိမှာ ဘေဘီလေးက အခြားသော အစားအစာတွေ၊ ရေတွေကို သောက်စရာ မလိုသေးပါဘူး။ ကလေးက ဒီအရွယ်မှာ မိခင်နို့တစ်မျိုးတည်းကိုသာ သောက်ရမှာပါ။ မေမေက အာဟာရပြည့်ဝအောင် စားပြီး နို့ချို များများတိုက်ပေးရင် လုံလောက်ပြည့်ဝတဲ့ အာဟာရကို ဘေဘီလေး ရမှာပါ။ ၆ လပြည့်ပြီးနောက်ပိုင်းမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို ကလိထိုးသင့်ရဲ့လား............

ဘေဘီလေးကို ချစ်လို့ ခိုးခိုးခစ်ခစ်ရယ်တဲ့ အသံလေးကို ချစ်လိုက်တာဆိုပြီး ကျီးဖြူကျီးမဲ ဆော့ရင်း ကလိထိုးနေမိလား........ မေမေဖေဖေတို့ရေ။ ဒါဆိုရင်တော့ ကလိထိုးတဲ့အခါ ဘေဘီလေး ရယ်တာ ပျော်လို့ရယ်တာလား....... ဘာကြောင့် ရယ်တာလဲ ဆိုတာကို သေသေချာချာသိဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ကလိထိုးတဲ့အခါ ဘေဘီလေးက ရယ်တာ ပျော်လို့လား............. ကလိထိုးတဲ့အခါ ဘေဘီလေး ရယ်တာ ပျော်လို့ မဟုတ်ပါဘူး။ ကလိထိုးလို့ ကသိကအောင့် ဖြစ်နေတာကို ရပ်ပါလို့ ပြောရခက်နေတာကြောင့်ပါ။ ကလိထိုးလို့ ကသိကအောင့် ဖြစ်တယ်ဆိုရင် ကလေးက ဘာလို့ မငိုတာလဲလို့ မေးစရာရှိနေနိုင်ပါတယ်။ ကလိထိုးတဲ့အခါ ရယ်တာက အလိုလျောက်ဖြစ်လာတဲ့ တုံ့ပြန်မှု တစ်ရပ်ပါ။ ကလေးကတော့ ကလိထိုး မရပ်သရွေ့ ရယ်နေမှာပါပဲ။ ဒါကြောင့် ကလေးက ရယ်တယ်ဆိုပြီး တောက်လျောက် ကလိထိုး မနေဖို့ ပြောချင်ပါတယ်။ ကိုယ်တိုင် ကြုံဖူးမယ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလိထိုးတာနဲ့ ပတ်သက်ပြီး ဖေဖေမေမေတို့ သိထားနိုင်တဲ့ Myths များစွာ

တော်တော်များများ လက်ခံထားကြတာက ကလိထိုးတာဟာ ကလေးကို တုံ့ပြန်မှု ကောင်းစေပြီး ဖွံ့ဖြိုးမှု မြန်ဆန်စေတယ် ဆိုတာပါ။ ဒီလိုထင်ရတာက ကလေးကို ကလိထိုးတဲ့အခါ ကလေးက ရယ်တယ်။ ငိုတယ်၊ အသံအမျိုးမျိုးနဲ့ အော်တယ် စတဲ့ တုံ့ပြန်မှုတွေ ကြောင့်ပါ။ ဒီလိုဆိုတာနဲ့ ကလေးရဲ့ နေ့စဉ် လှုပ်ရှားမှုတွေထဲမှာ ကလိထိုးတာကို ထည့်လိုက်လို့ မဖြစ်ပါဘူး။ ကလိထိုးတာက ကောင်းကျိုးထက် ဘေဘီလေးတွေအတွက် ဆိုးကျိုးပိုများနိုင်လို့ပါ။ ဒါကြောင့် ဘေဘီလေးကို ကလိထိုးတာမျိုး မလုပ်ခင် ကိုယ် သိထားတာတွေ မှန်ရဲ့လားဆိုတာကို သိနိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ရင်း ဆန်းစစ်ကြည့်စေချင်ပါတယ်။ ဘေဘီလေးကို ကလိထိုးတာနဲ့ ပတ်သက်ပြီး သိထားနိုင်တဲ့ အလွဲများ တဆင့်စကားတဆင့်နားနဲ့ ဘေဘီလေးကို ကလိထိုးတာနဲ့ ပတ်သက်လို့ သိထားမိနိုင်တဲ့ အကြောင်းအရာလေးတွေကတော့ Myth (1) - ကလိထိုးတာက ကလေးကို စကားပြောအောင် […]


ကလေးငယ်အာဟာရ

အလုပ်များတဲ့ မေမေတွေ ကလေးကို အစာကျွေးမွေးရာမှာ အထောက်အကူဖြစ်စေမယ့် အကြံပြုချက်များ

ဒီကနေ့ခေတ်မှာက လင်ရယ် မယားရယ် ဒိုးတူဘောင်ဘက် ရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ မိသားစုတွေများလာပါတယ်။ ဒီတော့ နေ့စဉ်လုပ် လုပ်ငန်းခွင်အလုပ်တွေ၊ အိမ်မှုကိစ္စတွေနဲ့ အလုပ်များနေတဲ့ မိန်းမသားတွေကလည်း တစ်နေ့တခြား ပိုပိုများပြားလာပါတယ်။ အိမ်ထောင့်ဝင်ငွေအတွက် မိမိတတ်သိထားတဲ့ ပညာနဲ့ တစ်ဖက်တစ်လမ်းက ဝင်ငွေရှာဖွေနေတဲ့ လေဒီတွေအတွက် နေ့စဉ်နဲ့အမျှ အားလပ်ချိန်ရယ်လို့ သိပ်တောင်မရှိလှပါဘူး။ တကယ်လို့ ကိုယ့်မှာ အိမ်ရဲ့ ဆည်းလည်း သားသားမီးမီးကလည်း ရှိနေမယ်ဆိုရင်တော့ အလုပ်မအားလပ်မှုတွေကြားကနေ ကလေးကို နေ့စဉ် ကျွေးဖို့မွေးဖို့၊ နို့ချိုတိုက်ကျွေးဖို့ ကိစ္စတွေကို စီမံရတာက မိခင်တွေရဲ့ ဝတ္တရားတစ်ခုဖြစ်လာပါတော့တယ်။ ကလေး အသက် ၆ လထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့သင့်ပါတယ်။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရတွေက ကလေးတွေ ကောင်းကောင်းကြီးထွားဖွံ့ဖြိုးနိုင်ဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ တကယ်လို့ ကိုယ့်ကလေးအသက် ၆ လ ပြည့်ပြီးပြီ ဆိုရင်တော့ ဖြည့်စွက်စာတွေ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ဘယ်အချိန်မှာ ချောကလက် စကျွေးမလဲ။

ဘေဘီလေးတွေအတွက် အသက် ၆လ အထိ မေမေ့နို့စို့တယ်။ ၆ လပြည့်ရင် မေမေ့နို့အပြင် ဘေဘီလေးက အစား စစားပြီ။ အစာစစားတယ် ဆိုပေမယ့် အစားအစားတိုင်းကို မဟုတ်ပါဘူး။ ထမင်း ခပ်ပျော့ပျော့၊ နူးအိအောင် ပြုတ်ထားတဲ့ အသား၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်းတို့ကို နူးအောင်ပြုတ် ကြိတ်ခြေလို့ ကျွေးရတာပါ။ ကလေးကို ၆ လ မပြည့်ခင်မှာ အစာမာ မကျွေးသင့်သလို ရေလည်း မတိုက်သင့်သေးပါဘူး။ ကလေးကို အရွယ်မတိုင်ခင်မှာ အစာမာ ကျွေးတာက မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်လို့ပါ။ ကလေးကို ၆ လမှာ အစာမာ စကျွေးလို့ရပြီ ဆိုပေမယ့် အစားတိုင်းတော့ မဟုတ်ဘူးပေါ့။ ဒီတော့ ကလေးကို လူတိုင်းကြိုက်တဲ့ ချောကလက်ကို ဘယ်အချိန်ဆို စကျွေးလို့ ရမလဲဆိုတာကိုရော သိထားပြီးပြီလား […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးများ နို့အန် တဲ့အခါ

ကလေးတွေ ခုပဲ နို့တိုက်တယ် ခုပဲ ပြန်အန်ထွက်တာမျိုး ကြုံဖူးပါသလား။ ဒါကို Possetingလို့ ခေါ်ပါတယ်။ မသိတဲ့မေမေတွေဆို ကလေးက နို့တွေပြန်အန်တယ်၊ ဗိုက်များမကောင်းဘူးလား မသိဘူးဆိုပြီး စိုးရိမ်တတ်ပါတယ်။ နို့အန် တယ်လို့ ပြောပေမယ့် တကယ်တော့ အန်တာ မဟုတ်ပါဘူး။ အန်တာနဲ့ ဘာကွာသလဲ။ တကယ်ပဲ စိုးရိမ်စရာ မရှိဘူးလားဆိုတာ ကြည့်ကြည့်ရအောင်။ နို့အန် တာ (Posseting)နဲ့ အန်တာ (Vomiting) ဘာကွာသလဲ။ Possetingက အန်တာနဲ့ မတူဘဲ တစ်ခုခုကို စားပြီး ထွေးထုတ်လိုက်တာနဲ့ တူပါတယ်။ ကလေးက သက်သောင့်သက်သာပါပဲ။ ငိုလည်း မငိုပါဘူး။ နို့တိုက်ပြီးတာနဲ့ တန်းဖြစ်ပါတယ်။  Vomitingက ကျတော့ အစာအိမ်ကြွက်သားတွေက အစာအိမ်ထဲက အစာတွေကို အပြင်ကို ညှစ်ထုတ်လိုက်တာ ဖြစ်တဲ့အတွက် အားပါပါတယ်။ နို့တိုက်ပြီးပြီးချင်း မဖြစ်ပါဘူး။ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ချိုတိုက်ကျွေးခြင်း ရပ်တန့်ထားရာမှ ပြန်လည်တိုက်ကျွေးခြင်း

နို့တိုက်မိခင်တစ်ယောက်ဟာ အခြေအနေတစ်ခုခုကြောင့် ရက်ပေါင်းများစွာ၊ ရက်သတ္တပတ်၊ လနဲ့နှစ်တွေ အတော်ကြာ မိမိရဲ့ရင်သွေးကို နို့ချိုတိုက်ကျွေးခြင်းကို ရပ်တန့်ထားလိုက်ပါတယ်။ ဒီလို ရပ်ထားရာကနေ နို့ပြန်တိုက်ခြင်းကို ဆိုလိုတာပါ။ ဘာကြောင့် ဒီလိုလုပ်ရသလဲ။ အောက်ပါအချက်တွေကြောင့်ပါ။ မိခင်ဖျားနာနေခြင်း မိမိကလေးနဲ့ ဝေးကွာနေခြင်း နို့ဖြတ်လိုက်ပြီးမှ စိတ်ပြောင်းကာ ပြန်တိုက်ချင်လာခြင်း ကလေးတစ်ယောက်ကို မွေးစားလိုက်ပြီးတဲ့အချိန်မှာ နို့ထွက်အောင် ပြန်လည်ပြုလုပ်ပြီး နို့တိုက်ခြင်း (မိမိမှာ နို့စို့ကလေးရှိခဲ့ဖူးသူ) စတာတွေပဲ ဖြစ်ကြပါတယ်။ နို့ချိုပြန်လည်တိုက်ကျွေးခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ။ နို့မှုန့်/နို့ဘူးတွေက မပေးနိုင်တဲ့ အကျိုးကျေးဇူးများစွာကို မိခင်နို့ရည်က ပေးနိုင်ပါတယ်။ ကလေးဟာ မိခင်နို့ရည်ကို သောက်သုံးခြင်းကြောင့် ကိုယ်ခံအားစနစ် ကောင်းစွာ ဖွံ့ဖြိုးပြီး ရောဂါပိုး အလွယ်တကူ ဝင်ရောက်ခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။ မိခင်နို့ရည်ကို အချိန်အတော်ကြာ ဖြတ်ထားရာမှ ပြန်လည်ကြိုးစား မတိုက်ကျွေးဘဲ နေရင်တော့ ဒီလိုအကျိုးကျေးဇူးတွေ ခံစားရမှာ မဟုတ်ပါဘူးနော်။ နို့ချိုပြန်လည်တိုက်ကျွေးနေစဉ်မှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး ခြေထောက်ခွင် နေတာ ပြင်ပေးလို့ရလား

ကလေး ခြေထောက်ခွင် နေရင် အသားလေးနှိပ်နယ်ပြီး ဆန့်ပေးရတယ်တဲ့။ အများစု ပြောလေ့ရှိကြ၊ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ပေးရင် ခွင်နေတဲ့ ခြေထောက်လေး တကယ်ရော ပြန်ဆန့်သွားရဲ့လား။ ခြေထောက်ခွင် တယ် ဆိုတာ ကလေးတွေမှာ ခြေထောက်ခွင်တာဟာ အမေ့ဝမ်းထဲမှာတုန်းက နေရာကျဉ်းလေးထဲ ဖွံ့ဖြိုးလာရတဲ့အတွက် အရိုးဖွံ့ဖြိုးမှုပုံစံ ကြောင့် ကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါကို ကလေးဖွံ့ဖြိုးမှုမှာ ပုံမှန်အဆင့် လို့ ခေါ်ပါတယ်။ ကလေး လမ်းစလျှောက်တဲ့အချိန်မှာ ခြေထောက်ခွင်တာ သိသာလာမှာ ဖြစ်ပေမယ့် အများအားဖြင့် အရွယ်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းသက်သာသွားမှာပါ။ လမ်းစလျှောက်တာ စောတဲ့ ကလေးတွေမှာတော့ ပိုသိသာတတ်ပါတယ်။ ဒါ့ကြောင့် လမ်းစောစောလျှောက်ခိုင်းလို့ ခြေထောက်ခွင်တာလို့တောင် လူကြီးတွေ ပြောလေ့ရှိကြပါတယ်။ ဘာကြောင့် ခြေထောက်ခွင် သလဲ ကလေးအများစု ကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပဲ မွေးစတည်းက သဘာဝအလျောက် ဖြစ်လာတာ ဆိုပေမယ့် ဖြစ်ခဲတဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း