ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေမေ ဖြစ်ခြင်း အနုပညာ

မေမေ ဆိုတဲ့ အသံလေးကို ကလေးဆီက ပထမဆုံးကြားရတဲ့ ပျော်ရွှင်မှုကလေ လက်ရှိအချိန်ထိ မေမေတို့ ပင်ပန်းခဲ့ရသမျှကို အကုန်လွင့်ပျောက်သွားစေတယ် မဟုတ်လား။ ကလေးတို့ရဲ့ မေမေဖြစ်ရတာ ပျော်လား လို့မေးရင် ဘယ်လိုဖြေကြမှာလဲ။ ခဏလောက် တွေဝေပြီးရင် ကိုယ့်ရဲ့ နောက်ဆုံးအဖြေက ပျော်တာပေါ့ ဆိုတာပဲ ဖြစ်ကြမှာပါ။ မေမေဘဝမှာ ပင်ပန်းလိုက်၊ ဝမ်းသာလိုက်၊ ဝန်ပိပြီး စိတ်ဓာတ်ကျလိုက်၊ ပျော်ရွှင်လိုက်၊ တက်ကြွလိုက်နဲ့ ရသတွေ စုံခဲ့ရတာကိုး။ ဒါပေမယ့် သားသားမီးမီးတို့ မျက်နှာကို မြင်လိုက်ရတဲ့ မေမေတို့ရဲ့ ပီတိအပျော်က ပင်ပန်းခဲ့ရသမျှ အရာအားလုံးကို ချေဖျက်ပစ်လိုက်နိုင်ပါတယ်။ မေမေ့မေတ္တာ သီတာရေစင် မိခင် တစ်ယောက် ဖြစ်ရတာ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ မေမေ့ရင်တွင်းက ပျော်ရွှင်မှုက အတိုင်းမသိ များနေတာ သေချာပါတယ်။ ကလေးတွေ ဘယ်လောက် ကဲကဲ၊ ဝေယျာဝစ္စ အလုပ်ဘယ်လောက် များများ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစကလေးတွေ ဝမ်းအစိမ်း သွားတာ စိုးရိမ်ရသလား

မေမေတို့အနေနှင့် သားသားမီးမီးလေးတွေကို ဒိုင်ပါလဲရချိန်တိုင်းမှာ ဝမ်းအရောင်ကို သေချာကြည့်ရှုဖို့ အရေးကြီးပါတယ်။ မွေးကင်းစကလေးငယ်လေးတွေရဲ့ ဝမ်းအရောင်နဲ့ အပျစ်အကျဲကို နေ့စဉ်စစ်ဆေးခြင်းဖြင့် ကျန်းမာရေးအခြေအနေကို သိရှိနိုင်ပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ ဝမ်းအစိမ်း တွေ သွားရခြင်းအကြောင်းရင်းတွေကတော့ (၁) အစာက အူတစ်လျှောက် ခပ်မြန်မြန် ဖြတ်သန်းသွားခြင်းကြောင့် အစာနဲ့ ရောနှောနေတဲ့ အစာချေရည်အစိမ်းတွေကို ကိုယ်ခန္ဓာက စုပ်ယူချိန်မရလိုက်ခြင်းကြောင့် ဝမ်းအစိမ်းရောင်တွေ သွားတတ်ပါတယ်။ (၂) မွေးခါစတွင် အသားဝါခြင်းကြောင့် Phototherapy ဖြင့် မီးပြခြင်းခံခဲ့ရသော ကလေးတွေမှာလည်း အစာချေရည် များစွာထွက်သောကြောင့် ဝမ်းစိမ်းသွားတတ်ပါတယ်။ (၃) Rotavirusကဲ့သို့ အစာအိမ်တွင်း ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်လည်း ဝမ်းပျက်ခြင်း၊ ဝမ်းအစိမ်း သွားခြင်းဖြစ်နိုင်ပါတယ်။ (၄) မိခင်နို့တိုက်သော ကလေးတွေမှာ မေမေစားလိုက်တဲ့ အစားအစာနဲ့ ဓာတ်မတည့်ပါကလည်း ဝမ်းအစိမ်းသွားနိုင်ပါတယ်။ (၅) ဝမ်းစိမ်းသွားခြင်းဟာ မိခင်နို့စို့သောကလေးငယ်များကော နို့မှုန့်သောက်သောကလေးငယ်များတွင်ပါ ဖြစ်ပေါ်နိုင်ပါတယ်။ (၆) မေမေက အစိမ်းရင့်ရောင်အရွက်တွေ အစားများတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး နဲ့ ချိုလိမ်

ဘေဘီလေးကို အငိုတိတ်စေဖို့ ချော့မြူဖို့ ဆိုပြီး ချိုလိမ်လေးတွေကို မေမေဖေဖေတို့ တော်တော်များများ အသုံးပြုလေ့ ရှိကြပါတယ်။ ဒီ ချိုလိမ် အသုံးပြုတာက လူတိုင်း သုံးလို့သာ သုံးလိုက်တယ်။ ကောင်းလား ဆိုးလားလည်း မသိပါဘူး။ ကလေးကိုရော ထိခိုက်စေမလား ဆိုပြီး စိုးရိမ်နေတဲ့ မေမေတွေအတွက် ဒီဆောင်းပါးလေး ကနေ ပြောပြပေးပါရစေ။ ဘေဘီလေးအတွက် ချိုလိမ်ရဲ့ ကောင်းကျိုး ဘေဘီလေးတွေအတွက် ချိုလိမ် ပေးသုံးတာက ကလေးကို အငိုတိတ်စေတယ် - ဘေဘီလေးတွေဟာ ချိုလိမ် ဒါမှမဟုတ် မေမေ့နို့၊ နို့ဘူးတွေကို စို့ရချိန်က သူတို့ရဲ့ အပျော်ဆုံး အချိန်ပါ။ ကလေးကို အာရုံပြောင်း ပေးနိုင်တယ် - ကလေးကို ကာကွယ်ဆေး ထိုးတာ၊ သွေးဖောက် စစ်ဆေးတဲ့အခါ နာကျင်မှုကို အာရုံ မရောက်စေဖို့ ချိုလိမ်လေးကို အသုံးပြုပေးလို့ ရပါတယ်။ ကလေးကို အိပ်ပျော်စေတယ် - […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ ရည်မှာ ဘာတွေပါနေလို့ ကလေးအတွက် အကောင်းဆုံးဖြစ်ရတာလဲ။

ကလေးမွေးပြီးလို့ ဆရာမတွေက ကလေးအသက် ၆လပြည့်တဲ့အထိ မိခင်နို့ ပဲတိုက်နော်။ မိခင်နို့က အကောင်းဆုံးပဲနော်လို့ ပြောလိုက်ရင် အင်းလို့သာ ခေါင်းညိတ်လိုက်ရတာ တကယ်က ဘာလို့ ကောင်းမှန်းလဲ မသိပါဘူး။ လူကြီးတွေ သောက်တဲ့ နို့လိုပဲ မဟုတ်ဘူးလားလို့ ထင်မှာပါ။ အိမ်ရောက်လို့ လူကြီးတွေက နင့်ကလေးကို နို့ပဲတိုက်တာလား။ တခြား ဘာမှ မတိုက်ဘူးလားလို့ မေးရင်လည်း မတိုက်ဘူး၊ မိခင်နို့က အကောင်းဆုံးပဲလို့ ပြောတယ်။ ကဲ ဘာကောင်းလို့လဲလို့ မေးရင် ကလေးဗိုက်ပြည့်တယ်လောက်ပဲ ပြောတတ်မှာပေါ့နော်။ တကယ်က မိခင်နို့က တော်တော်ဆန်းကျယ်တဲ့အရာပါ။ ကလေးတွေအတွက် လိုလေသေးမရှိအောင် အာဟာရတွေရော တခြား ကောင်းကျိုးတွေရော အများကြီး ရှိနေတဲ့အရာပါ။ ဒါတွေက ဘာတွေလဲဆိုတာ မေမေတို့ကို ပြောပြပေးပါ့မယ်။ ဒါမှ မေမေတို့ သံသယကင်းကင်းနဲ့ မိခင်နို့က အကောင်းဆုံးဆိုတာ […]


ကလေးငယ်အာဟာရ

ကလေးကို ဘယ်အချိန်မှာ ဆားစကျွေးမှာလဲ။

အားလုံးသိကြတာက ဆား က ဟင်းတွေကို အရသာရှိအောင် လုပ်ပေးတဲ့ ဟင်းခတ်အမွှေးအကြိုင်ဆိုတာပါပဲ။ ဒါကြောင့် ဟင်းချက်တိုင်းမှာ ဆားက မပါမဖြစ်ပေါ့။ ဒါပေမယ့် ဒီဆားက အသက်တစ်နှစ်အောက် ကလေးတွေမှာတော့ စားဖို့ မသင့်တော်ဘူးဆိုတာ သိပါရဲ့လား။ မေမေတွေက တစ်ခါတစ်လေ သတိမထားမိဘဲ ကလေးစားမယ့် အစားအစာထဲကို ဆားထည့်ကျွေးမိတတ်ပါတယ်။ ဒါဟာ ကလေးအတွက် အန္တရာယ်များပါတယ်။ ဒီနေ့ ဒီအကြောင်းလေးကို အသေးစိတ်ဆွေးနွေးကြည့်ရအောင်။ ကလေးကို ဘယ်အချိန်မှာ ဆားစကျွေးမှာလဲ။ ဘယ်အချိန်မှာ စကျွေးမှာလဲ ဆိုတာထက် ဘယ်အရွယ်မှာ မကျွေးရဘူးလဲလို့ ဖြေတာ ပိုရှင်းပါတယ်။ အသက်တစ်နှစ်အောက် ကလေးတွေကို ပြင်ပက ဆားတွေ လုံးဝမကျွေးပါနဲ့လို့ အကြံပေးချင်ပါတယ်။ ဒီလိုပြောရင် ကလေးက ဆားဓာတ်မလိုဘူးလားလို့ မေမေတွေက ပြန်မေးမှာပေါ့။ လိုတာပေါ့။ တစ်နှစ်အောက် ကလေးတွေလည်း ဆားဓာတ်လိုပါတယ်။ သူတို့လေးတွေက တစ်နေ့တာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

လေဒီပိစိလေးတွေကို ခြေသည်းနီ မဆိုးပေးပါနဲ့

မေမေတွေ လက်သည်းနီဆိုးနေတဲ့အခါ၊ တီတီတွေ လက်သည်းနီဆိုးချင်တဲ့အခါ မီးမီးလည်း ဆိုးချင်တယ်ဆိုပြီး လာကပ်ချွဲတဲ့ လေဒီပိစိလေးကို လက်သည်းနီ ခြေသည်းနီတွေ ဆိုးပေးဖြစ်လား။ လေဒီပိစိလေးတွေရဲ့ ပြည့်ဖောင်းနေတဲ့ လက်လေးတွေ ခြေထောက်လေးတွေက လက်သည်းနီ၊ခြေသည်းနီတွေနဲ့ လိုက်တယ်ဆိုပေမယ့် မဆိုးပေးဖို့ ပြောပါရစေ။ မိဘ တော်တော်များများက ဘေဘီလေးတွေရဲ့ ခြေသည်းလက်သည်းလေးတွေမှာ လက်သည်းနီဆိုးပေးတာက ပျော်စရာကောင်းတဲ့ ကိစ္စတစ်ခုသာဖြစ်ပြီး အန္တရာယ်ရှိစေမယ်လို့ ထင်မထားကြပါဘူး။ အချို့ဆို ဘေဘီလေးနဲ့ လိုက်အောင်ဆိုပြီး အရောင်တောက်တောက်လေးတွေတောင် ဝယ်ပေးတတ်ပါသေးတယ်။ တကယ်ကတော့ လက်သည်းနီဆိုးတာက လေဒီပိစိလေးတွေအတွက် တော်တော်လေး အန္တရာယ်များတဲ့ ကိစ္စပါ။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ လေဒီပိစိကို လက်သည်းနီ မဆိုးပေးသင့်တဲ့ အကြောင်းအရင်း လက်သည်းနီက လူကြီးတွေမှာတောင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နုနယ်သေးတဲ့ ကလေးငယ်လေးတွေမှာ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။ လက်သည်းနီ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ ခြေစွယ်ငုပ်တဲ့အခါ

ကလေးရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ခြေသည်းလေးတွေကို ပုံမှန် ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဘေဘီလေးတွေအရွယ်က ဘာဖြစ်နေတယ်ဆိုတာကို ပြောဖို့ နေနေသာသာ အမူအရာနဲ့တောင် ဖော်ပြနိုင်သေးတာ မဟုတ်တာကြောင့် မေမေဖေဖေတို့က သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဘေဘီလေးတွေက ခြေသည်းတွေ အရှည်မြန်ကြတာကြောင့် ခြေသည်းလေးတွေကို သေချာဂရုစိုက်ပေးတာက ဘေဘီလေးတွေကို နာကျင်တဲ့ ခြေစွယ်ငုပ်တဲ့ ပြဿနာကနေ ကာကွယ်ရော ရောက်ပါတယ်။ ဘေဘီလေးက ခြေစွယ်ငုပ်နေတာလား.......... ဘေဘီလေးတွေက လှုပ်ရှားမှု မရှိသေးပေမယ့် ခြေမခြေသည်းမှာ ခြေစွယ်ငုပ်တာကို ခံစားရနိုင်ပါတယ်။ ခြေစွယ်ငုပ်တယ်ဆိုတာ ခြေသည်းအစွန်းလေးတွေက အသားထဲကို နစ်ဝင်နေတာမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာ ဘေဘီလေးရဲ့ ခြေမတစ်ဝိုက်က နီရဲနေမယ် ရောင်ရမ်းနေမယ် ပြည်လိုအရည်တွေထွက်နေမယ် ထိလိုက်တိုင်း ကလေးက ငိုမယ် ဆိုရင် ဘေဘီလေးက ခြေစွယ်ငုပ်နေတာပါ။ ဘာတွေကများ ဘေဘီလေးကို ခြေစွယ်ငုပ်စေတာလဲ............ ဘေဘီလေးတွေမှာ ခြေစွယ်ငုပ်စေတဲ့ အကြောင်းအရင်းက […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား...........

ကလေးက အစားစစား တတ်ပြီ။ ဒါဆို အသီးတွေလည်း ကျွေးလို့ရပြီပေါ့။ ဒါဆိုရင် တော်တော်များများ ကြိုက်ကြတဲ့ ဒူးရင်းသီး ရော ကလေးကို ကျွေးလို့ပြီလား၊ လို့ မေးစရာ ရှိနိုင်ပါတယ်။ ဒီအဖြေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား........... ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား........... ဆိုတော့ ကျွေးလို့ရပါတယ်။ အရမ်း အများကြီးတော့ ကျွေးလို့ မရပါဘူး။ ဒီလီုပြောရတာက ဒူးရင်းသီးက အာဟာရပါဝင်မှုများသလို သကြားဓာတ် ပါဝင်မှုကလည်း တော်တော်လေး မြင့်ပါတယ်။ ဒူးရင်းသီးမှာ ပရိုတင်း၊ ဗီတာမင်တွေ၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ phosphorus နဲ့ သံဓာတ်တို့ ပါဝင် နေပါတယ်။ ဒူးရင်းသီးက ပုံမှန်အားဖြင့်တော့ အာဟာရ ကြွယ်ဝပြီး ကျန်းမာရေးကို အထောက်အကူပြုပေးတဲ့ အသီးတစ်မျိုးပါ။ ကလေးကို ဒူးရင်းသီး အများကြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ငယ် ရှိတဲ့အိမ်မှာ မိဘတွေ မျက်ခြေမပြတ်သင့်တဲ့ ပစ္စည်းတချို့

အိမ်မှာ ကလေးငယ်ငယ် လေးတွေ ရှိလား။ တွေ့ကရာ ပါးစပ်ထဲ ကောက်ထည့်တတ်တဲ့ အရွယ်တွေ၊ တစ်အိမ်လုံး မျောက်ရှုံးအောင် ဆော့ကစားတတ်တဲ့ အရွယ်တွေ၊ စူးစမ်းတတ်တဲ့ အရွယ်တွေကို တအားလွှတ်မထားပါနဲ့နော်။ ကလေး သဘာဝ လွတ်လွတ်လပ်လပ် ဆော့ခွင့်ပေးထားတာ ကောင်းပေမယ့် မိဘက ဘေးကနေ စောင့်ကြည့်နေသင့်ပါတယ်။ ကလေးတွေနဲ့ဆို သတိထား စောင့်ကြည့်သင့်တဲ့ အိမ်က ပစ္စည်းတွေ အကြောင်း သတိပေးလိုက်ချင်ပါတယ်။ ကလေးငယ်ငယ် ရှိတဲ့အိမ်မှာ သတိထားသင့်တဲ့ ပစ္စည်းများ (၁) ဓာတ်ခဲ အသေးစား အီလက်ထရောနစ်ပစ္စည်းတွေမှာ ပါတဲ့ ဓာတ်ခဲသေးသေးလေးတွေ (ဥပမာ -နာရီဓာတ်ခဲအပြားလေးတွေ) ကို ကလေးငယ်တွေ မျိုချမိနိုင်ပါတယ်။ Nine-volt ဓာတ်ခဲတွေဟာလည်း ပါကင်ဖောက်ပြီး ပြင်ပမှာ စက္ကူညှပ်တွေ၊ အိုးတိုက် စတီးမျှင်ထွေး တွေလို သံသတ္တ္တုတွေနဲ့ ထိတွေ့မိရင် အပူရှိန်မြင့်ပြီး မီးထလောင်နိုင်ပါတယ်။ (၂) Flat တီဗီ ဘယ်သူမဆို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

နုနုငယ်ငယ် ကလေးငယ်ကို ဒီလို အပြုအမူတွေ မလုပ်မိပါစေနဲ့

အသစ်စက်စက် မေမေဖေဖေတို့အတွက် မွေးကင်းစ ဘေဘီလေးရလာတာက အရုပ်ကလေးတစ်ရုပ်ရလိုက်သလို ချထားစရာမရှိအောင် ချစ်ကြတာနော်။ အမျိုးမျိုး ချော့မြူဆော့ကစားမိကြတယ်နော်။ မွေးကင်းစ ကလေး တစ်ယောက် ကို ဘယ်လောက်ချစ်ချစ် ဒီလို အပြုအမူတွေ မလုပ်မိပါဖို့ သတိထားစေချင်ပါတယ်။ ဒီလိုပြောရတာက နုနယ်တဲ့ကလေးတွေက ထိခိုက်နိုင်ခြေ မြင့်လို့ပါ။ အရမ်းနုနယ်သေးတဲ့အရွယ်မှာ သေချာလေး ဂရုစိုက်ပေးမှ ကလေးက ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းမှာပါ။ ဒါကြောင့် နုနယ်လွန်းတဲ့ ဘေဘီလေးကို ထိခိုက်မှု မရှိဘဲ ကြီးပြင်းစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်စေချင်ပါတယ်။ နုနုငယ်ငယ် ကလေးငယ်ကို ဒီလို အပြုအမူတွေ မလုပ်မိပါစေနဲ့ မွေးကင်းစ ဘေဘီ ထိခိုက်မှု ကင်းစေဖို့ နုနုငယ်ငယ် ကလေးငယ်ကို ဒီလို အပြုအမူတွေ မလုပ်မိပါစေနဲ့ ကိုယ်က ချစ်လို့ဆိုပြီး လုပ်လိုက်ပေမယ့် နုနယ်တဲ့ ကလေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသစ်စက်စက် မေမေဖဖေတို့အနေနဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း