ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ ခြင်ကိုက်ခံရရင်

အရွယ်မရွေး ခြင်ကိုက်ခံရ နိုင်ပါတယ်။ လူကြီးတွေ အတွက်က ခြင်ကိုက်တာ အမှုမဲ့ အမှတ်မဲ့ ဆိုပေမယ့် ဘေဘီလေးတွေ မှာတော့ ခြင်ကိုက်တဲ့အခါ နီနေတာ၊ အရေပြားမှာ အပိမ့်တွေ ထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေကို ဘယ်လိုများ အကောင်းဆုံး ဖြေရှင်းမယ် စိတ်ကူးလဲ မေမေ ..... နည်းလမ်းကောင်းလေး ဝေမျှ ပါရစေ။ ဘေဘီလေးတွေ ခြင်ကိုက်ခံရတဲ့အခါ သက်သာစေဖို့ ခြင်ကိုက်တာက ကာကွယ်လို့ ရတယ် ဆိုပေမယ့် အမြဲ ကာကွယ်ဖို့ကျ မဖြစ်နိုင် ပါဘူး။ ဒီလိုမျိုး တစ်ချိန်လုံး ကာကွယ်ဖို့ မဖြစ်တဲ့ အခြေအနေမှာ ခြင်ကိုက်ခံလာရရင် သက်သာအောင် ဘယ်လို လုပ်ပေးရမလဲ ဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေး ပါရစေ။ ရေခဲကပ်ပါ ရေခဲတုံးလေးတွေကို တဘက်စ သန့်သန့်လေးထဲ ထည့်ပြီး ခြင်ကိုက်ခံရတဲ့ နေရာမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ငယ် ဆံပင် ရိတ်ရမယ် ဆိုတဲ့ အယူအဆမှား

ကလေးလေး တစ်ယောက် မွေးဖွားလာပြီ ဆိုရင် လူကြီးမိဘတွေ၊ စီနီယာမေမေ တွေ ပြောလေ့ရှိကြတဲ့ အယူအဆ တစ်ခုပါ။ မွေးဆံပင်ကို ရိတ်ပစ်ရမယ်တဲ့။ ကလေးဘဝမှာ ဆံပင် ရိတ်မှ ကျန်းမာမယ်၊ ဆံပင်သန်မယ် တဲ့လေ။ ထုံးတမ်းစဉ်လာအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ၊ အရပ်ပြောစကားအရ ကလေးလေးတွေကို ဆံပင် ရိတ်ပေးလေ့ ရှိကြပါတယ်။ ဒီလို ရိတ်ပြီးမှ ဆံပင်သန်လာမယ့် အပြင် ကလေးက အပူအပုပ် ကင်းစင်ပြီး ဖွံ့လာမယ်၊ ကျန်းမာလာမယ် လို့တောင် ယုံကြည်ထားကြပါတယ်။ တကယ် ဆံပင် သန်လာမှာလား နိုးပါ။ ခေါင်းရိတ်ခြင်း မရိတ်ခြင်းက ကလေးရဲ့ ဆံပင်သန်လာ၊ ထူလာဖို့အတွက် ထူးထူးခြားခြား သက်ရောက်မှု မရှိဘူး လို့ ပညာရှင်တွေက ဆိုကြပါတယ်။ အမှန်တကယ်တော့ ဆံပင်ဆိုတာ ဦးရေပြား အောက်က ဆံပင်မွေးညင်းအိတ်လေးတွေကနေ ပေါက်လာတာမို့ ဦးရေပြား […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးက ပိုချစ်လာအောင် ဖေဖေ လုပ်သင့်တဲ့ အချက် (၇) ချက်

“ဖေဖေကြီး…ဖေဖေကြီး ကို ချစ်တယ်” ဆိုတဲ့ သီချင်းလေးက ကြားရတာ သိပ်ချစ်ဖို့ ကောင်းပါတယ်။ တကယ် လည်း ဝမ်းနဲ့ လွယ်ပြီး ရင်ခွင်ပိုက် မွေးလာခဲ့တဲ့ မေမေ့ ထက်တောင် ဖေဖေ နဲ့ ပိုရင်းနှီးတဲ့ ကလေးတွေ အများကြီးရယ်။ ဘေဘီလေးက ဒီလိုချစ်လာဖို့ ဖေဖေတို့က ရင်းရင်းနှီးနှီး ရှိနေပေးသင့်တယ် ဆိုတာတော့ ပြောဖို့ လိုမယ် မထင်ပါဘူး။ ဒါမှ ဘေဘီလေးက အဖေဖြစ်သူကို စိမ်းမနေမှာပေါ့။ ဖေဖေကြီး ကို ချစ်စေချင်ပါသလား။ ဘေဘီလေး ကို ထိန်းရ၊ မြှူရ၊ ဝေယျာဝစ္စ လုပ်ပေးရတဲ့ တာဝန်တွေကို ကိုယ်အားတဲ့ အချိန်လေး မေမေနဲ့ အတူ မျှဝေ ပါဝင်ပေးမယ် ဆိုရင် ဘေဘီလေး နဲ့ ပိုရင်းနှီးမယ်၊ မိသားစုလေး ပိုပျော်ဖို့ ကောင်းမယ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတို့ အိပ်ပျော်စေဖို့

ဘေဘီလေးတွေ ညညဆို ကောင်းကောင်း မအိပ်လို့ စိတ်ညစ်နေတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ညဘက်မှာ ဘေဘီလေးတွေကို ကောင်းကောင်း အိပ်ပျော်စေမယ့် နည်းလမ်းလေးတွေ မျှဝေပေးပါရစေ။ ဘေဘီလေးတွေ ကောင်းကောင်း အိပ်ပျော်စေဖို့ အိမ်ရဲ့ ဆည်းလည်းလေးတွေ ကောင်းကောင်း အိပ်ပျော်စေဖို့ အိပ်ရာဝင် အလေ့အထလေး လုပ်ပေးပါ ညဘက်ကို အချိန်မှန် အိပ်ရာဝင်စေတာ၊ အိပ်ရာဝင်ရမယ့်အချိန် မိနစ် ၂၀ အလိုလောက်မှာ ဘေဘီလေးကို ခြေလက်သန့်စင်ပေးတာ အိပ်ရာဝင် ပုံပြင်ဖတ်ပြတာ အိပ်ရာဝင်တေး ဆိုပြတာ ခပ်ဖွဖွလေး နှိပ်ပေးတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို အိပ်ရာဝင်ချိန် မှန်စေပြီး ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေမှာပါ။ ခပ်ဖွဖွလေး နှိပ်ပေးပါ ဘေဘီလေးကို မအိပ်ခင်မှာ အုန်းဆီ ဒါမှမဟုတ် မုန်ညှင်းဆီကို လိမ်းပေးပြီး လက်ချောင်းထိပ်လေးတွေ သုံးလို့ ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။ ဒီလို နှိပ်နယ်ပေးတာက မေမေနဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့ စီမံပေးပါဦးနော်

ကလေးတွေ တော်တော်များများ ဖေဖေထက်စာရင် မေမေနဲ့ ပိုရင်းနှီးကြတာအမှန်ပါပဲ။ ဒါကလည်း မေမေ အများစုက အိမ်မှာနေပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ကြပေမယ့် ဖေဖေတို့က တစ်နေ့ကုန် အလုပ်သွားပြီး ပြန်လာတဲ့ချိန်ခဏလေးတွင်းမှာပဲ ကလေးတွေကို အချိန်ပေးနိုင်ကြလို့ပါ။ ဒါကြောင့် မေမေတို့အနေနဲ့ ကိုယ့်ကလေးတွေကို အဖေနဲ့ ရင်းနှီးအောင် ဘေးကနေ အားပေးသင့်ပါတယ်။ ကလေးတာဝန်တွေလည်း  ဝေခွဲပေးနိုင်တဲ့အတွက် မေမေတို့ရဲ့ ကလေးထိန်းကျောင်းတဲ့ ဝန်ထုပ်ဝန်ပိုးကို လျော့စေပါတယ်။ ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့ စီမံပေးပါဦးနော် ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့ အနေနဲ့ ကလေးကိစ္စဆို ဖေဖေ့ကိုပါ ပါဝင်ခိုင်းပါ။ ကလေးနဲ့ပတ်သက်တဲ့ ဝေယျာဝစ္စတွေကို ဖေဖေ့ကိုလည်း အတူပါဝင်လုပ်ခိုင်းပါ။ ကျောင်းစာကူလုပ်ပေးတာ၊ အဝတ်အစားဝတ်ပေးတာ၊ သွန်သင်ဆုံးမတာတွေ ကစလို့ ကလေးကိစ္စတွေမှာ ပါဝင်နေမှ ရင်းနှီးမှုပိုရှိလာမှာပါ။ အလုပ်အရမ်းရှုပ်နေတဲ့အချိန်တွေကလွဲလို့ မိသားစုကို အချိန်ပေးပြီး နွေးနွေးထွေးထွေး ချစ်ခင်စောင့်ရှောက်ပေးပါ။ ကလေးတွေက […]


ကလေးငယ်ပထမနှစ်

ဦးခေါင်းသေး သေး ကလေးလေး

မွေးကတည်းက ခေါင်းသေးသေးနဲ့ ကလေးတွေကို မြင်ဖူးပါသလား။ ဒါမှမဟုတ် ကိုယ့်ကလေးခေါင်းက ရွယ်တူ ကလေးတွေရဲ့ ခေါင်းနဲ့ ယှဉ်ရင် သေးတယ်လို့ ထင်ပါသလား။ ကလေးတွေမှာ မွေးရာပါချို့ယွင်းချက်အနေနဲ့ ဦးခေါင်းသေး တတ်ပါတယ်။ ဒီလိုကလေးတွေက တခြားကလေးတွေလို ပုံမှန်ဖွံ့ဖြိုးမှုရှိမှာမဟုတ်ပါဘူး။ ဒီကလေးတွေအကြောင်း လေ့လာကြည့်ရအောင်။ ကလေးလေးတွေ ဘာလို့ ဦးခေါင်းသေး တာလဲ။ ကလေးတွေမှာ အသက်အလိုက် ရှိရမယ့် ဦးခေါင်းအတိုင်းအတာဆိုတာ ရှိပါတယ်။ Head circumference လို့ခေါ်ပါတယ်။ ဦးခေါင်းပတ်ချာလည်ကို တိုင်းတာပါ။  အမေ့ဗိုက်ထဲမှာတုန်းက ကလေးလေးရဲ့ ဦးနှောက်ကြီးထွားလာတာနဲ့အမျှ ဦးခေါင်းလည်း ကြီးလာပါတယ်။ ဦးခေါင်းသေးတယ်ဆိုတာက အမေ့ဗိုက်ထဲမှာ ဦးနှောက်ကောင်းကောင်း မဖွံ့ဖြိုးလို့ ဒါမှမဟုတ် မွေးပြီးတဲ့အချိန်မှာ ဦးနှောက်ဖွံ့ဖြိုးမှု မရှိတော့လို့ ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ တခြား ဘာချို့ယွင်းချက်မရှိဘဲ ဦးခေါင်းသေးတာသက်သက်ပဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တခြားချို့ယွင်းချက်တွေနဲ့ ပေါင်းပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

တုပ်ကွေးကွေး တဲ့ ကလေးလေး မြန်မြန်သက်သာရေး

တုပ်ကွေးကွေး တာ၊ အအေးမိတာတွေက အဖြစ်များကြတဲ့ ပြဿနာတွေ ဆိုပေမယ့် ဖြစ်လာပြီဆို အသက် ၅ နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပန်းနာရင်ကျပ် ရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေက တုပ်ကွေးဒဏ်ကို ပိုခံစားရလေ့ ရှိတတ်ပါတယ်။ ကလေးလေးတွေ တုပ်ကွေးဖြစ်တဲ့အခါ အရင်ဆုံး ဆရာဝန်ပြဖို့ အရေးကြီးပါတယ်။ အိမ်မှာ ပြုစုရတဲ့ ကျန်တစ်ပိုင်းကတော့ မိဘတွေရဲ့ တာဝန်ပါ။ ဆရာဝန်က ညွှန်ကြားချက်နဲ့ ဆေးညွှန်းပေးလိုက်ရုံ ဆိုပေမယ့် ကလေး မြန်မြန် သက်သာမလား၊ တာရှည်မလား ဆိုတာ အိမ်မှာ ဖေဖေမေမေတို့ရဲ့ အသေးစိတ်ပြုစုမှုက အရေးပါပါတယ်။  ဒါဆို ဒီအချက်လေးတွေ သိထားဖို့သင့်ပါတယ်။ တုပ်ကွေးကွေး တဲ့ ကလေးလေး မြန်မြန်သက်သာစေဖို့ ဆေးပတ်လည်အောင် တိုက်ပါ။ တုပ်ကွေး နဲ့ အအေးမိခြင်း အတွက် သီးသန့်ကုသဆေး မရှိပေမယ့် အဖျားကျစေပြီး ကိုက်ခဲမှု […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို ခေါင်းရိတ်ပေးရင် ဆံပင် သန်သတဲ့လား။

ကလေးက မွေးဆံပင်တွေနဲ့ မထားကောင်းဘူး ရိတ်ပစ်ရမယ်။ ကလေးက ဆံပင်ပါး နေပါလား။ ခေါင်းမရိတ် ဘူးလား။ ရိတ်ပေးလေ၊ ဒါမှ ဆံပင်သန်မှာပေါ့ ဆိုတဲ့ စကားကို အရပ်ထဲမှာ တော်တော်လေး ကြားနေရတယ်နော်။ ဒီ အယူအဆက တကယ်ရော မှန်ရဲ့လား။ ကလေးကို မဖြစ်မနေ မွေးဆံပင် ရိတ်ပေးရလား။ ကလေးကို မွေးဆံပင် ရိတ်ပေးရမယ် ဆိုတဲ့ အယူအဆက အများက လက်ခံထားတဲ့ အယူအဆ တစ်ရပ်သာ ဖြစ်ပြီး ကျန်းမာရေး အတွက် လိုအပ်တဲ့ အချက်တစ်ခုတော့ မဟုတ်ပါဘူး။ ဆံပင်ရိတ်တာက ကလေးကို ဆံပင် သန်စေမယ် ဆိုတဲ့ အယူအဆနဲ့ လုပ်ကြတာ များပါတယ်။ တကယ်ကတော့ ကလေးကို ဆံပင်ရိတ်ဖို့က မေမေဖေဖေတို့ရဲ့ ဆန္ဒ အပေါ်မှာပဲ မူတည် ပါတယ်။ ကလေးကို ခေါင်းမရိတ်ပေးရင် ဆံပင်ပါးမှာလား။ ဆံပင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

Shaken baby syndrome (ကလေး ဦးနှောက်ဒဏ်ရာရခြင်း)

Shaken baby syndrome ဆိုတာ ကလေးငယ် အထူးသဖြင့် လသားကလေးကို ပြင်းပြင်းထန်ထန် လှုပ်ရမ်းလိုက်တဲ့အတွက် ဦးနှောက်ထိခိုက်သွားတာပဲ ဖြစ်ပါတယ်။ ဒီရောဂါစုက လူက လုပ်လို့ ဖြစ်တာပါ။ Traumatic ထိခိုက်ဒဏ်ရာလို့ ပြောလို့ရပါတယ်။ အခန့်မသင့်ရင် ကလေး အသက်ရှူရပ်ပြီး နေရာမှာတင် သေသွားနိုင်ပါတယ်။ အသက်ရှင်ခဲ့ရင်တောင် ဒုက္ခိတလေး ဖြစ်သွားနိုင်ပါတယ်။ လုံးဝမဖြစ်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ သိပ်မရင်းနှီးတဲ့ စကားလုံးဖြစ်တာကြောင့် သေချာ ရှင်းပြပေးပါမယ်။ Shaken baby syndrome ဆိုတာဘာလဲ။ ခုနကပြောခဲ့သလိုပဲ ကလေးကို အားနဲ့ လှုပ်ရမ်းလိုက်လို့ ဦးနှောက်ဒဏ်ရာရသွားတာပါ။ စသလို နောက်သလိုနဲ့ လှုပ်ရမ်းလိုက်တာ ဖြစ်နိုင်သလို ဒေါသထွက်ပြီး အားနဲ့ လှုပ်ရမ်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ကလေးကို ၅စက္ကန့်လောက် ပြင်းပြင်းထန်ထန် လှုပ်ရမ်းလိုက်ရုံနဲ့ Shaken baby […]


ကလေးငယ်ပထမနှစ်

ကလေးလေးတွေ ဘာကြောင့် ငို တာလဲ

ကလေးတစ်ယောက်ရဲ့ အူဝဲ အူဝဲဆိုတာ အမေ့ဝမ်းက ကျွတ်ကျွတ်ခြင်းမှာပဲ နားထောင်လို့ ကောင်းတာပါ။ နောက်ပိုင်းအချိန်တွေဆိုရင်တော့ မေမေတို့ ဖေဖေတို့ မျက်ခုံးလှုပ်လာပါပြီ။ ငို တယ်ဆိုတာ ကလေးတွေရဲ့ ဘာသာစကားပါပဲ။ သူတို့လိုချင်တာ ဖြစ်ချင်တာကို ငို ပြီး ဖော်ပြတတ်ပါတယ်။ ဒါကို ဖေဖေတို့ မေမေတို့ နားလည်ထားဖို့ လိုပါတယ်။ ဥပမာ ပြောရရင် ဗိုက်ဆာရင် ငိုတဲ့အသံက တအိအိနဲ့ ငိုတာပါ။ အကောင် တစ်ကောင်ကောင် ကိုက်လိုက်လို့၊ နေမကောင်းလို့ ဆိုရင်တော့ ရုတ်တရက် စူးခနဲ အော်ငိုတတ်ပါတယ်။ နောက်ပိုင်း ထိန်းရင်းနဲ့ ကိုယ့်ကလေးရဲ့ အထာကို သိလာမှာပါ။ အစပိုင်းမှာတော့ ကလေးငိုရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေဦးမှာပါပဲ။ ကလေးငိုတာကို တုံ့ပြန်တဲ့ မိဘ နှစ်မျိုး ရှိပါတယ်။ တစ်ယောက်က ကလေးက အင့်ခနဲဆိုတာနဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း