ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးစကလေး တွေ နေ့နဲ့ ညမှားနေရင်

ခုမှ ကလေးမွေးထားတဲ့မေမေတို့ စိတ်ညစ်ရတဲ့ထဲမှာ မွေးစကလေး လေးက နေ့နဲ့ ညနဲ့ မှားနေတာလည်း ပါပါတယ်။ နေ့ဆို အိပ်နေပြီ။ ညဆို အိပ်ရေးဝတော့ သူကဆော့၊ ကိုယ်က အိပ်ချင်၊ ပြီးတော့ ခဏလေး အိပ်လိုက်၊ ထလိုက်နဲ့ မိုးက ဘယ်လို လင်းသွားမှန်းတောင် မသိလိုက်ဘူးဆိုတဲ့ မေမေတွေ ရှိကြလား။ ကြာလာတော့ မေမေတွေ မျက်လုံးဟောက်ပက်နဲ့ပေါ့။ ဒီလို မေမေတွေ ရှိတယ်ဆိုရင်တော့ ကလေးတွေ နေ့နဲ့ ညနဲ့ မှားတာကို ဖြေရှင်းဖို့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ မွေးစကလေးတွေ ဘာလို့ နေ့နဲ့ ညနဲ့ မှားတာ ကလေးလေးတွေက မေမေ့ဗိုက်ထဲမှာ နေတုန်းက မေမေနေတဲ့ ပုံစံကို ခံစားပြီး အိပ်ကြတာပါ။ မေမေလှုပ်နေရင် သူတို့ကို ချော့သိပ်သလိုပဲမို့လို့ မေမေတို့ အလုပ်လုပ်ချိန်မှာ အိပ်ပျော်နေကြပါတယ်။ မေမေတို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးစကလေးကို မေမေတို့ ဘယ်လို စောင့်ရှောက်မလဲ။

ဟေး မေမေတို့ မွေးကင်းစ ဘေဘီပေါက်စလေးကို ကောင်းကောင်းစောင့်ရှောက်တတ်ရဲ့လား။ အမေ့ဗိုက်ထဲက ထွက်လာတဲ့ ကလေးလေးကလေ မွေးကတည်းက အသားလည်းဝါဘူး။ လလည်းစေ့ ပေါင်လည်း ပြည့်တယ်။ ချို့ယွင်းချက်တွေလည်း မပါဘူး။ ရောဂါတွေလည်း မပါလာဘူးဆိုရင် မေမေတို့အတွက် ကံကောင်းခြင်းပါပဲ။ ခုကလေးက ကျန်းကျန်းမာမာလေး မွေးလာပြီဆိုရင်တော့ ဆက်ပြီး ထိန်းကျောင်းရမှာ မေမေ ဖေဖေတို့ တာဝန်ပါပဲ။ ဆေးရုံမှာတုန်းက အဆင်ပြေပေမယ့် အိမ်ပြန်ရောက်တဲ့အခါ ဒီနီတာရဲ့လေးကို မထိရဲ မကိုင်ရဲနဲ့ ဘာလုပ်ပေးရမလဲမသိ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီသေးသေးလေးတွေကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။ မွေးကင်းစကလေးကို ကောင်းကောင်းဂရုစိုက်နိုင်ဖို့ အရင်ဆုံး မေမေတို့ လုပ်ရမှာကို မပြောခင် ဆေးရုံက လုပ်ပေးလိုက်တာတွေကို ပြောပြပါမယ်။ ဆေးရုံမှာမွေးတယ် ဒါမှမဟုတ် အိမ်မှာ သားဖွားဆရာမနဲ့ မွေးတယ်ဆိုရင် ကလေးကို မွေးပြီးပြီးချင်း လိုအပ်တဲ့ ကာကွယ်ဆေးတွေ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင် အာဟာရချို့တဲ့မှုကို ဘယ်လို ဖြေရှင်းကြမလဲ

နို့တိုက်မိခင်တွေအနေနဲ့ အာဟာရကို စဉ်းစားတဲ့အခါမှာ နှစ်ယောက်စာ စဉ်းစားရပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်စားသမျှက မိခင်နို့ရည်ကနေတတဆင့် ကလေးဆီကို ရောက်သွားလို့ပါပဲ။ ဒါကြောင့် ဒီလိုအချိန်မှာ ကိုယ်စားချင်တာ၊ အရသာရှိတာတွေအပြင် ဘာလေး စားလိုက်ရင်တော့ နို့ပိုများများထွက်မှာ၊ ငါ့ကလေး ဘယ်လိုအားရှိမှာ၊ ဘာလေးစားလိုက်ရင်တော့ ကလေးက ခုခံအားတွေ တက်လာမှာ စသည်ဖြင့် စဉ်းစားပြီး စားပေးဖို့ပါ အရေးကြီးပါတယ်။ နောက်တစ်ခုက နို့တိုက်မေမေတို့ အစားရှောင်တဲ့အခါ ကလေးကို ထိခိုက်နိုင်ပါတယ်။ မေမေတို့က လူကြီးဆိုတော့ သိပ်မသိသာပေမယ့် ကလေးလေးတွေက ခုမှ ဖွံ့ဖြိုးခါစဆိုတော့ သူ့အတွက် အာဟာရချို့တဲ့လို့ မဖြစ်ပါဘူး။ ဒါကြောင့် နို့တိုက်မေမေတွေမှာ ဖြစ်တတ်တဲ့ အာဟာရချို့တဲ့မှုတွေက ဘာလဲ။ ဒီလို မချို့တဲ့အောင် ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ပြောပြပေးပါမယ်။ နို့တိုက်မေမေတွေ ဘာလို့ အာဟာရချို့တဲ့တာလဲ။ နို့တိုက်မေမေတွေက မွေးပြီးခါစမှာ အားအင်ကုန်ပြီး ဟော်မုန်း […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးတွေကို ပေးကလိုက်ပါ

လမ်းလျှောက်တတ်စ သားသားမီးမီးလေးတွေ သီချင်းသံ ကြားတဲ့အခါ လှုပ်စိလှုပ်စိ လိုက်ကတာလေးက တော်တော်လေး ချစ်ဖို့ ကောင်းပါတယ်။ ဒီလို ကနေတဲ့အခါ ဖေဖေမေမေတို့က ဟန့်တာ၊ လှောင်တာမျိုး မလုပ်ဘဲ လက်ခုပ်လေးတီးလို့ အားပေးလိုက်ပါ။ ကတာက ဘေဘီလေးရဲ့ ရုပ်ပိုင်း ဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်လို့ပါ။ ဘေဘီလေးတွေကို ပေးကပါလို့ ပြောရတဲ့ အကြောင်းအရင်း သီချင်းသံ မြူးမြူးလေးနဲ့ ဘေဘီလေးက လိုက်ကတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေတယ် ကလေးအရွယ်ကတည်းက ယုံကြည်မှုရှိအောင် လုပ်ပေးမှ အသက်ကြီးလာတဲ့အခါ ရဲရင့်ပြီး ယုံကြည်မှု ပြည့်ဝတဲ့သူအဖြစ် ကြီးပြင်းလာမှာပါ။ ဒီနေ့ခေတ်မျာ အောင်မြင်ဖို့ဆိုရင် ဘေဘီလေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ လိုပါမယ်။ ဒါကြောင့် ဘေဘီလေးကို ယုံကြည်မှု ပြည့်ဝစေဖို့ ပေးကလိုက်ပါ။ ဒီလို လွတ်လွတ်လပ်လပ် ပေးကတာက တစ်နေ့ထက်တစ်နေ့ ဘေဘီလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးလေးတွေကို နွေးနွေးထွေးထွေး ပွေ့ဖက် ပေးပါ

ပွေ့ဖက် ပေးပါ။ ကိုယ့်ရဲ့ အချစ်ရဆုံးသော သားသားမီးမီးလေးတွေကို မကြာခဏ ပွေ့ဖက်ပေးလိုက်ပါ။ ကလေးလေးက ပျော်နေတဲ့ အချိန်ရော၊ ဝမ်းနည်းနေတဲ့ အချိန်၊ ထိတ်လန့်နေတဲ့ အချိန် တွေမှာ မိဘတွေရဲ့ နွေးထွေးမှုကို လိုအပ်ပါတယ်။ ပွေ့ဖက်ခြင်းဟာ မိသားစုရဲ့ ချစ်ခင်နွေးထွေးမှုကို ဖော်ပြတဲ့ ချစ်စရာအကောင်းဆုံး အပြုအမူတစ်ခု ပါပဲ။ ဒါတင်မကဘဲ ကလေးပြုစုစောင့်ရှောက်တဲ့နေရာမှာ ပွေ့ဖက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက အံ့ဩစရာကောင်းလှပါတယ်။ ကလေးလေးတွေကို နွေးနွေးထွေးထွေး ပွေ့ဖက် ပေးပါ ပွေ့ဖက်ကြင်နာပေးခြင်းက ကလေးကို ဉာဏ်ရည်ထက်မြက်စေနိုင်တယ် ဆိုတဲ့ လေ့လာတွေ့ရှိချက်မျိုး က ချစ်ခင်နွေးထွေးတတ်တဲ့ မိသားစုတွေအတွက် တကယ်အားတက်စရာ ပါနော်။ အချစ်ရဆုံး သားသားမီးမီးလေးတွေအတွက် နောက်ထပ် ဘယ်လို ကောင်းကျိုးတွေ ရှိနိုင်ဦးမလဲ ဆက်ပြီး ကြည့်လိုက်ရအောင် - ပွေ့ဖက်ခြင်းက ကလေးတွေကို (၁) ဉာဏ်ရည် ထက်မြက်စေတယ် ကလေးဘဝမှာ အသားချင်း ထိတွေ့မှုက […]


ကလေးငယ်ပထမနှစ်

သင့်ကလေးက စကားပြောနောက်ကျ နေပြီလား။

မေမေတွေကတော့ ကလေးတွေကို ဗိုက်ထဲမှာကတည်းက တစ်နေ့ တစ်မျိုး မရိုးရအောင် စိုးမ်နေရတာပါပဲ။ မွေးလာတော့လည်း ကလေးနို့မှ ဝပါ့မလား။ ငါ့ကလေးက ညှက်နေတာလား။ ကလေးက ထိုင်လည်း မထိုင်သေးဘူး။ စကားလည်း မပြောသေးဘူး စသဖြင့် စိုးရိမ်တတ်ကြပါတယ်။ ဒီထဲမှာ complaintအတက်ဆုံးကတော့ ကလေးက စကားပြောနောက်ကျ တာပါပဲ။ စကားပြောနောက်ကျပြီဆိုရင် မေမေတွေ ကလေးကို စကားပြောအောင်ဆိုပြီး ဓလေ့အရ ကြက်ဖင်ဆီဘူးတွေကျွေးကြ သိသမျှ မှတ်သမျှလေးတွေ လုပ်ကြနဲ့ အလုပ်ရှုပ်ကြပါတော့တယ်။ ဒီမှာ ပြောချင်တာက ကိုယ့်ကလေးက တကယ်ပဲ စကားပြောနောက်ကျတာလားဆိုတာ သိအောင်လုပ်ပါ။ ဘာလို့လည်း ဆိုတော့ ကလေးတွေမှာ developmental milesonesလို့ ခေါ်တဲ့ အသက်အရွယ်အလိုက်ဖွံ့ဖြိုးမှု ဖြစ်စဉ်တွေ ရှိပါတယ်။ ဒီmilestonesပေါ်မူတည်ပြီး ကလေးက မှောက်တာ၊ ထိုင်တာ၊ စကားပြောတာ၊ လမ်းလျှောက်တာတွေ  ဖြစ်တာပါ။ အသက်အရွယ်အလိုက်ဖွံ့ဖြိုးတယ်ဆိုပေမယ့် ကလေး […]


ကလေးငယ်ပထမနှစ်

သင့်ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေးမလဲ

ကလေး စကားပြောတယ်ဆိုတာ သူ့ရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်တွေထဲက တစ်ခုပါပဲ။ ကလေးရဲ့ ဦးနှောက်က မွေးစကနေ ၃နှစ်အတွင်းမှာ ခပ်မြန်မြန်ပဲ ဖွံ့ဖြိုးလာပါတယ်။ ဒါကြောင့် ကလေးက ၂နှစ်လောက်ဆို စကားစပြောနိုင်နေပါပြီ။ တကယ်တော့ ကလေးက မွေးစကတည်းက သူ့နည်းသူ့ဟန်နဲ့ မိဘတွေနဲ့ ဆက်သွယ်ပြောဆိုနေတာပါ။ သူဗိုက်ဆာတာ၊ အိပ်ချင်တာကို သူ့နည်းသူ့ဟန်နဲ့ ဖေဖေ၊ မေမေတို့ သိအောင် ပြောပြပေးနိုင်ပါတယ်။ ကလေးစကားပြောတာက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဆိုင်တယ်ဆိုပေမယ့် မေမေဖေဖေတို့ဘက်ကလည်း ကလေးကို ဂရုစိုက်ပေးရပါတယ်။ ခုမှ လူ့လောကထဲကို စရောက်တဲ့ကလေးတွေ ဘာသာစကားတစ်ခုကို ပြောဖို့ဆိုတာ တစ်ယောက်ယောက်ပြောတာ သူကြားမှ လိုက်တုပြီး ပြောနိုင်မှာပါ။ ဆိုလိုတာက ဖေဖေ မေမေက ကလေးနဲ့ စကားပြောပေးရပါမယ်။ မြှူပေးရပါမယ်။ ကလေးက စကားပြောတတ်တဲ့အရွယ်မရောက်သေးသည့်တိုင် ဖေဖေ မေမေတို့က ကလေးကို စကားပြောပေးရမှာပါ။ ကလေးက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးမှာဖြစ်တဲ့ အင်ပျဉ် သက်သာစေဖို့

ဘေဘီလေးတွေရဲ့ နုနယ်တဲ့ အရေပြားက ထိခိုက်လွယ်ပါတယ်။ ဒီလို ထိခိုက်လွယ်တဲ့ အရေပြားလေးမှာ အင်ပျဉ် ဖြစ်တဲ့အခါ သက်သာစေဖို့ ဘာလုပ်ပေးရမလဲ ဆိုပြီး အကြံအိုက်နေတဲ့ မေမေတွေ ရှိလား........... ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက ဘေဘီလေးမှာ ဖြစ်တဲ့ အင်ပျဉ်ကို သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဘေဘီလေးမှာ ဖြစ်တဲ့ အင်ပျဉ် သက်သာစေဖို့ အင်ပျဉ် ဖြစ်တဲ့အခါ ဘေဘီလေးမှာ ယားယံတာနဲ့ နာကျင်တာကို ခံစားရစေနိုင်ပါ။ ဒီ အရေပြား ပြဿနာကို သက်သာစေဖို့ဆိုရင် ရေအေးဝတ် ကပ်ပေးပါ အင်ပျဉ်ကို သက်သာစေဖို့ အလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံး နည်းလမ်းက ရေအေးဝတ် ဒါမှမဟုတ် ရေခဲကပ်တာပါ။ ရေအေးဝတ် ကပ်တာက ရောင်ရမ်းမှုကိုရော ယားယံမှုကိုပါ သက်သာစေမှာပါ။ ဒါကြောင့် တဘက်စ သန့်သန့်လေးထဲမှာ ရေခဲတုံးလေးတွေ ထည့်ပြီး ကပ်ပေးပါ။ […]


မိခင်နို့တိုက်ကျွေးခြင်း

ကိုယ်တိုင် နို့ချိုတိုက်ကျွေးတဲ့ မေမေ တွေပဲ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

ကလေးတွေကို ၆ လအရွယ်အထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးဖို့ သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေက ဘာကြောင့် အကြံပြုကြသလဲ။ မိခင်နို့တိုက်ကျွေးခြင်းက ကလေးအတွက်ရော၊ မေမေ တို့အတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများလှတာကို သင်သိပါသလား။ မေမေ တို့အတွက် ဆုလာဘ်တချို့ မေမေ့ နို့ရည်ဟာ ဘေဘီလေးအတွက်က ဘေးအန္တရာယ်နဲ့ ဆိုးကျိုးသက်ရောက်မှု ကင်းတဲ့ အကောင်းဆုံး အာဟာရပါ။ မွေးကင်းစအရွယ် ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်တင်းနိုင်ဖို့ မိခင်နို့ကို အစားထိုးနိုင်မယ့် တခြားအာဟာရ မရှိပါဘူး။ တစ်ဖက်မှာလည်း မေမေတို့အတွက် မိခင်နို့တိုက်ကျွေးရင်း အလိုအလျောက် ရရှိနိုင်မယ့် ဆုလာဘ်တချို့ ရှိနေပါတယ်။ ဒီလို ကျန်းမာရေးအကျိုးကျေးဇူးတွေကို နို့ချို တိုက်ကျွေးတဲ့ မေမေတွေပဲ ရနိုင်မှာပါနော် - ကင်ဆာ ကာကွယ်နိုင်တယ် လေ့လာတွေ့ရှိထားတဲ့ အချက်အလက်တွေအရ ကလေးကို မိခင်နို့ ၆လနဲ့ ၆လအထက် တိုက်ကျွေးခြင်းကြောင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့

ဘေဘီလေးက ဆီးသွားတိုင်း ငိုနေတယ်။ ဆီးကလည်း သိပ်မသွားဘူး။ အနံ့ကလည်း ပြင်းတယ်။ ဘာဖြစ်တာလဲ မသိဘူး ဆိုတဲ့ မေမေတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး အတူတူ အဖြေထုတ်လိုက်ရအောင်လား......... ဘေဘီလေး ဆီးသွားတိုင်း ငိုနေရတာက ဆီးလမ်းကြောင်း ပိုးဝင်နေတာ ဖြစ်နိုင်ပါတယ်။ သေချာစေဖို့ ဒီအချက်လေးတွေနဲ့ ဆန်းစစ်ကြည့်ပါ။ ဘေဘီလေးက ဆီးလမ်းကြောင်းပိုးဝင်နေတာလား............. ဘေဘီလေးက ကိုယ်ပူနေမယ် ဆီးခဏခဏသွားမယ် ဆီးနံ့ပြင်းမယ် ဆီးက ပန်းရောင် ဒါမှမဟုတ် အရောင် နောက်ကျိကျိ ဖြစ်နေမယ် အန်မယ် အီနေမယ် ဆီးသွားတိုင်း ငိုနေမယ် ဆိုရင် ဘေဘီလေးက ဆီးလမ်းကြောင်း ပိုးဝင်နေတာပါ။ ဘေဘီလေး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့ အိမ်တွင်းကုထုံးများ ဘေဘီလေး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့ဆိုရင် နို့များများ တိုက်ပေးပါ ဘေဘီလေး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့ မိခင်နို့ များများ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း