ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးနဲ့ နေကြာစေ့

နေကြာစေ့ တခွပ်ခွပ် ကိုက်ရင်း ရုပ်ရှင်ကြည့်နေတုန်း တူလေး၊ တူမလေးတွေက တီတီ ကျွေး၊ လေးလေး ကျွေး လို့ ပြောလာရင် ကျွေးလိုက်ရမလား၊ တည့်ရော တည့်ရဲ့လားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဇဝေဇဝါဖြစ်နေတာကို ဖြေရှင်းဖို့ ဒီဆောင်းပါးလေးကို ဖတ်ရင်း အဖြေထုတ်ရအောင်နော်။ ဘေဘီလေးကို နေကြာစေ့ ကျွေးလို့ရလား........... ဒီအမေးကို ဟုတ်ရပါတယ်ပဲ ပြောရမှာပေါ့။ တကယ်ကတော့ ဘေဘီလေးကို solid food စတင်မိတ်ဆက်တဲ့ ၆ လမှာကတည်းက နေကြာစေ့ ကျွေးလို့ ရပါတယ်။ ဒါဆို ခွံလို့ရတာပေါ့ဆိုပြီး အားပါးတရတော့ မခွံလိုက်ပါနဲ့နော်။ တီတီ၊ လေးလေးလို့ မပီကလာခေါ်နေတဲ့ ဘေဘီလေးက ၄ နှစ် မပြည့်သေးဘူးဆိုရင်တော့ နေကြာစေ့ကို ကြိတ်ပြီး ကျွေးတာက အကောင်းဆုံးပါ။ ဒီလိုပြောရတာက နေကြာစေ့က ကလေးကို အစာနင်တာ၊ သီးတာ​တွေ […]


ကလေးငယ်ပထမနှစ်

မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

ကလေးတွေဟာ မွေးကင်းစအချိန်ကနေ အသက်တစ်နှစ်ပြည့်တဲ့အချိန်ထိ မိဘတွေအနေနဲ့ သေချာအနီးကပ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လုံခြုံတဲ့ မိခင်ရဲ့ ဝမ်းဗိုက်ထဲကနေ ပြင်ပလောကကို ရောက်ရှိလာပြီး အသက်ရှူဖို့၊ စားသောက်ဖို့၊ အိပ်စက်အနားယူဖို့ အစရှိတဲ့အရာတွေကို စတင်သင်ယူရပါတယ်။ ပြင်ပလောကနဲ့ အသားကျဖို့အတွက် ပြင်ဆင်နေရတဲ့ ဒီပထမတစ်နှစ်ကာလကတော့ ကလေးတွေအတွက် ကျန်းမာရေးပြဿနာများ ထူပြောတဲ့ ကာလမို့ မကြာခင်မှာ မိဘလောင်းဖြစ်တော့မယ့်သူတွေရော၊ အခုမှ ပထမဆုံး သားဦးသမီးဦးမွေးထားတဲ့ မိဘတွေအတွက်ပါ သိထားသင့်တဲ့ ကျန်းမာရေးပြဿနာများကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ၁။ မွေးဖွားစဉ် ထိခိုက်မှုများ တစ်ခါတရံ မီးဖွားနေချိန်မှာ ကလေးကို မိခင်မွေးလမ်းကြောင်းကနေ လျင်မြန်စွာ ထွက်လာစေဖို့ ညှပ်ကိုအသုံးပြုရတာမျိုး ရှိပါတယ်။ ဒီညှပ်ကြောင့် ကလေးအနေနဲ့ ထိခိုက်မှုများ ဖြစ်စေနိုင်ပါတယ်။ ကလေးအများစုကတော့ ထိုထိခိုက်မှုကို တိုတောင်းတဲ့အချိန်အတွင်း ကုသပျောက်ကင်းသွားနိုင်ပါတယ်။ ဒီလိုမွေးဖွားစဉ် ထိခိုက်မှုတွေထဲမှာ ဦးရေပြားတစ်ဝိုက် နီရဲရောင်ရမ်းတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရဲ့ အရေပြားကို ဒုက္ခပေးမယ့် အရာများ

တစ်ခါတလေကျရင် ဘေဘီလေးတွေမှာ အကြောင်းအရင်းမသိရဘဲ အရေပြားတွေ ယားယံနေတာ၊ နီရဲနေတာမျိုး မြင်တွေ့ရတတ်ပါတယ်။ နူးညံ့လှတဲ့ ကလေးအရေပြားလေး ယားယံနေတဲအခါ သူတို့အတွေ ခံစားရခက်သလို ဘာကြောင့်ဆိုတာကိုလည်း ပြောပြနိုင်စွမ်းမရှိသေးတော့ အတော်လေး အကျပ်ရိုက်စရာ အခြေအနေဖြစ်ပါတယ်။ ခုလိုမျိုး ရင်သွေးလေးတွေ အရေပြားယားယံမှုဖြစ်စေတဲ့အကြောင်းအရင်း အမြောက်အများရှိပြီးတော့ အဓိက အကျဆုံး အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ Sunscreen - Sunscreen တွေဟာ အသားအရေကို နေလောင်မှုဒဏ်ကနေ ကင်းဝေးစေဖို့ ရည်ရွယ် ဖန်တီးထားတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ Sensitive skin မျိုးရှိတဲ့ကလေးမျိုးတွေအတွက် Sunscreen နဲ့ မတည့်တာမျိုးဖြစ်တတ်ပါတယ်။ ရင်သွေးအတွက် Sunscreen ဝယ်ယူမယ်ဆိုရင် Para-aminobenzoic acid (PABA) မပါတာကိုရွေးချယ်ဝယ်ယူပါ။ ဒီဓာတ်က ကလေးအရေပြားကို ယားယံစေတာဖြစ်ပါတယ်။ Antibacterial Soap - […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေကို ဘယ်လိုသိပ်ကြမလဲ

မနက်သုံးနာရီကလည်းထိုးပြီ၊ မိမိရဲ့ဘေဘီလေးကလည်းမအိပ်သေးဘူး။ မေမေကတော့ အရမ်းအိပ်ချင်နေပြီပေါ့။ ဘေဘီလေးတို့အိပ်စက်ဖို့ရန်အတွက် မေမေတို့တွေ ဘယ်လိုနည်းလမ်းတွေ သုံးရမှာပါလိမ့်။ (၁) ‘S’ ငါးလုံးနည်းလမ်း Swaddling ဆိုတာ မြန်မာလိုဆိုရင် တင်းကြပ်စွာထုပ်ပိုးထားသည်လို့ အဓိပ္ပာယ်ရပါတယ်။ ကလေးတွေဟာ မေမေတို့ရဲ့ဗိုက်ထဲမှာ သန္ဓေသားဘဝအနေနဲ့ ကိုးလခန့်ရှိနေခဲ့တာပါ။ ထိုအချိန်က မေမေတို့ရဲ့သားအိမ်ဟာ သန္ဓေသားလေးတွေကို နွေးထွေးစွာထုပ်ပိုးထားခဲ့ပါတယ်။ ဒါကြောင့်အပြင်ရောက်လာသည့်တိုင် ဒီလိုခံစားမှုမျိုးကို ကြိုက်နေတတ်ကြပါတယ်။ ဘေဘီလေးတွေကိုချော့သိပ်ဖို့ဆိုရင် နွေးထွေးစွာထုပ်ပိုးယုယထားခြင်း နည်းလမ်းဟာလည်း အသုံးဝင်ပါတယ်။ တခြားအချိန်တွေမှာတော့လွတ်လပ်စွာဆော့ကစားပါစေနော်။ Side - ဘေးတစ်စောင်းအနေအထားနဲ့ သိပ်ကြည့်ပါ။ ဘေးစောင်းအနေအထားဟာ ဘေဘီလေးကို အိပ်မက်ကမ္ဘာထဲရောက်အောင် တဖြည်းဖြည်းနဲ့ခေါ်ဆောင်သွားနိုင်ပါတယ်။ အိပ်ပျော်သွားရင်တော့ ပက်လက်အနေအထားပြန်ပြောင်းပေးနိုင်ပါတယ်။ Shushing ဆိုတဲ့အဓိပ္ပာယ်ကတော့တိုးတိတ်ညင်သာတဲ့ ရှူးဆိုတဲ့အသံကို စည်းချက်ကျကျ ကလေးရဲ့နားအနီးမှာသီဆိုပေးပါ။ ဤအသံဟာ သားအိမ်ထဲမှာရှိနေစဉ် ကာလမှာ ကြားခဲ့ရတဲ့အသံနဲ့ ပုံစံတူတယ်လို့ဆိုထားကြပါတယ်။ Swing - ဒီနည်းလမ်းကိုတော့ လူတိုင်းသိပြီးသားပါ။ ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ် လို့ရလား

လူကြီးတွေအတွက်တော့ ခေါင်းအုံးဆိုတာ အိစက်ညက်ညောပြီး ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်အောင် အထောက်အကူပေးတယ်ဆိုပေမယ့် ငယ်သေးတဲ့ ကလေးတွေအတွက်တော့ အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အရွယ်ငယ်သေးတဲ့ ကလေးတွေမှာ ခေါင်းအုံးနဲ့ ပေးအိပ် ကျင့်မရှိတာကြောင့်ရယ်၊ အသက်အရွယ်ကြောင့် ခေါင်းအုံးနဲ့ အိပ်တဲ့အခါ မတော်တဆ ဖိမိပြီး မွန်းသလို ခံစားရတာ၊ အသက်ရှူကျပ်တာ၊ အသက်ရှူမဝတာတွေ ဖြစ်နိုင်ပါတယ်။ ဘယ်အရွယ်မှ ခေါင်းအုံးနဲ့ ပေးအိပ် လို့ ရမှာလဲ။ အနည်းဆုံး ကလေးအသက် တစ်နှစ်ခွဲ (၁၈ လ) အရွယ်မှသာ ခေါင်းအုံးနဲ့ သိပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ အဲဒီထက်ငယ်တဲ့ ကလေးတွေ၊ အထူးသဖြင့် အသက် တစ်နှစ်အောက် ကလေးတွေဆိုရင်တော့ ခေါင်းအုံးနဲ့ ပေးအိပ်ပ်သင့်ပါဘူး။ အသက် တစ်နှစ်အောက် ကလေးတွေမှာ ရုတ်တရက်သေဆုံးခြင်းလက္ခဏာ (SIDS) ကို ဖြစ်စေတဲ့ တရားခံအကြောင်းရင်းတွေထဲမှာ […]


ကလေးငယ်အာဟာရ

ဘေဘီလေး သွေးအားမနည်းစေဖို့ ဘာတွေ ပြင်ဆင်ကျွေးမွေးမလဲ။

သွေးအားနည်းတာက လူကြီးတွေမှာမှ မဟုတ်ပါဘူး။ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ သွေးအားနည်းရတဲ့ အဓိက အကြောင်းအရင်းကတော့ စားသုံးတဲ့ အစားအစာတွေမှာ သံဓာတ် ပါဝင်မှု နည်းနေလို့ပါ။ သံဓတ် အားနည်းတာက သွေးအားနည်းရောဂါကို ဖြစ်စေပြီး ဘေဘီလေးကို အာရုံစူးစိုက်နိုင်စွမ်း ကျစေနိုင်သလို သင်ယူနိုင်မှုကိုလည်း အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးမှာ သံဓာတ် အားနည်းပြီး သွေးအားနည်းရောဂါ မဖြစ်စေဖို့ ဒီဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။ ဘေဘီလေး သွေးအားနည်းရောဂါ ကင်းစေဖို့ ဘေဘီလေးမှာ သွေးအားနည်းရောဂါ ကင်းစေဖို့ ဒါတွေ ပြင်ဆင်ပေးဖို့ မမေ့ပါနဲ့။ Oatmeal Oatmealက ကလေးတိုင်း နှစ်သက်သလို ဘေဘီလေးတို့အတွက် လိုအပ်တဲ့ အာဟာရလည်း ပြည့်ဝစွာ ပါဝင်နေပါတယ်။ အမျှင်ဓာတ်လည်း ပါဝင်တာကြောင့် အစာခြေစနစ်ရော အစာအိမ်ကိုပါ ကျန်းမာစေမှာပါ။ ဘေဘီလေး သွေးအားနည်းရောဂါ ကင်းစေဖို့လည်း သံဓာတ် ဖြည့်ပေးမှာပါ။ အနီရောင် အသား အနီရောင် အသားတွေက […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ဘယ်အချိန်မှာ ချိစ် စကျွေးမလဲ။

ချိစ်က နို့ထွက်ပစ္စည်း တစ်မျိုးဖြစ်ပြီး ကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါတယ်။ ဒါဆို ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးတွေကို ချိစ်ကျွေးလို့ရလားလို့ မေမေတိုင်း သိချင်နေမယ် ထင်ပါတယ်။ ဒီလို သိချင်နေတဲ့ ကိစ္စလေးကို ဒီ ဆောင်းပါးလေးကနေ အဖြေပေးသွားမှာမို့ အတူတူ ဖတ်ကြည့်ရအောင်လား မေမေတို့ရေ............ ဘေဘီလေးက ဘယ်အရွယ်မှာ ချိစ် စစားလို့ရလဲ............... မိဘ တော်တော်များများက ဘေဘီလေးက ဖြည့်စွက်စာ စစားပြီဆိုတဲ့ ၆ လ အရွယ်ကစလို့ ချိစ်ကို စကျွေးချင်ကြပါတယ်။ တကယ်ကတော့ မသင့်တော်သေးပါဘူး။ ၆ လမှာ ကလေးက မိခင်နို့အပြင် ဖြည့်စွက်စာကို စစားပြီဆိုတာ မှန်ပေမယ့် ချိစ်ကျွေးရလောက်တဲ့အထိ အပြည့်အဝ ဖွံ့ဖြိုးပြီလားဆိုတာ အတိအကျ ပြောဖို့ ခက်ပါမယ်။ ဒီလိုပြောရတာက ချိစ်က နို့ထွက်ပစ္စည်း တစ်ခု ဖြစ်နေတာကြောင့်လည်း […]


မိခင်နို့တိုက်ကျွေးခြင်း

မေမေတို့ ရင်သွေး ကို နို့ချို တိုက်ကျွေးပြီး ဆီးချိုရောဂါကို ကာကွယ်ပါ

မေမေတို့ ရဲ့ နို့ရည်ဆိုတာ ရင်သွေး အတွက် အကောင်းဆုံးနဲ့ အပြည့်စုံဆုံး အာဟာရပါ။ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို သရုပ်ဖော်ပြနေတဲ့ နို့ချို တိုက်ကျွေးခြင်းဟာ ဘေဘီလေးတွေရဲ့ ကျန်းမာဖွံ့ဖြိုးမှုကို အလွန်ပဲအထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် နို့ချိုတိုက်ကျွေးခြင်းဟာ ရင်သွေးတွေကိုပဲ အကျိုးဖြစ်ထွန်းစေတာမဟုတ်ပါဘူး။ မိခင်ဖြစ်သူကိုလည်း အကျိုးဖြစ်ထွန်းစေတာပါ။ ဥပမာအားဖြင့်ပြောရရင် နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေဟာ ကယ်လိုရီတွေ လောင်ကျွမ်းမှုအားကောင်းပြီး ကိုယ်အလေးချိန် ကျစ်လျစ်စေတာ၊ သွေးအားနည်းရောဂါဖြစ်နိုင်ခြေ နည်းပါးတာ၊ ဆီးလမ်းကြောင်းပိုးဝင်မှုကို တားဆီးနိုင်တာ၊ စိတ်ဖိစီးမှု လျော့ကျစေတာ၊ သွေးတိုးဖြစ်နိုင်ခြေကို လျှော့ချပေးတာ၊ ရင်သားကင်ဆာအပါအဝင် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတာ၊ နှလုံးရောဂါဖြစ်နိုင်ခြေနည်းပါးသွားတာတွေပါပဲ။ ဒါတွေတင်မကပါဘူး။ ပုံမှန်နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေဟာ ကမ္ဘာပေါ်က လူပေါင်း ၄၂၂ သန်းကို ဘေးဒုက္ခပေးနေတဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေလည်း နည်းပါးသွားမှာဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ ဖြစ်ပွားမှုများသလို လူ့အသက်တွေကို နှုတ်ယူနှုန်းလည်းမြင့်မားပါတယ်။ ဆီးချိုရောဂါကြောင့် တစ်နှစ်ကို လူ ၁ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးစကလေး တွေနဲ့ ပတ်သက်ပြီး မေမေတို့ မထင်ထားတဲ့ အလွဲများ

မွေးစကလေး ကို စောင့်ရှောက်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာ။ ဒီသေးသေးလေးတွေကို ဘယ်နည်းနဲ့မှ အမှားမခံနိုင်ဘူးဟုတ်။ ဒါပေမယ့် ကိုယ်က ခုမှ သားဦး ဖြစ်တယ်ဆိုရင် ဘေးပတ်ဝန်းကျင်ရဲ့ အကူအညီကိုလည်း ယူရတာပဲ မလား။ ဒီအခါမှာ မှန်တာတွေရော မမှန်တာတွေရော ပါလာနိုင်ပါတယ်။ ဘယ်လိုအရာတွေက မေမေတို့ သိထားတဲ့ အလွဲလေးတွေလဲဆိုတာ ပြောပြပေးပါ့မယ်။ မွေးစကလေး နဲ့ မေမေတို့ရဲ့ အလွဲလေးများ ကလေးကို နေ့တိုင်းရေချိုးပေးရမယ်။ ကလေးကို နေ့တိုင်းချိုးပေးစရာ မလိုပါဘူး။ အထူးသဖြင့် မွေးကင်းစမှာပါ။ ကလေးရဲ့ အရေပြားမှာ မွေးစဆိုရင် အဖြူဖတ်လေးတွေ ကပ်နေတတ်ပါတယ်။ အဲ့ဒါကို အတင်းမခွာပစ်ရပါဘူးနော်။ အဲ့ဒါ ကလေးအရေပြားကနေတဆင့် ရောဂါပိုး မဝင်အောင် သဘာဝက ကာကွယ်ပေးထားတာပါ။ ကလေးကို တစ်နှစ်ပြည့်တဲ့အထိ တစ်ပတ်ကို ၂ခေါက် ၃ခေါက်လောက် ရေချိုးပေးရင် လုံလောက်ပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစကလေး တွေကို မေမေတို့ ဒါတွေ မလုပ်ရဘူးနော်

မွေးကင်းစကလေး ကို ပြုစုစောင့်ရှောက်တဲ့နေရာမှာ မေမေတို့အနေနဲ့ ဆောင်ရန် ရှောင်ရန်တွေ အများကြီးပါပဲ။ အထူးသဖြင့် မေမေတို့က ကောင်းစေချင်လို့ လုပ်လိုက်ပေမယ့် ကလေးအတွက် ဆိုးကျိုးဖြစ်သွားတာလေးတွေ ရှိပါတယ်။ နောက် ဘာမှမဖြစ်လောက်ဘူးလို့ ထင်ထားပေမယ့် ကြီးကြီးမားမားထိခိုက်သွားနိုင်တာလေးတွေပေါ့။ အောက်မှာ ဆက်ပြောမှာကတော့ မေမေတို့ ကလေးလေးတွေကို မလုပ်သင့်တဲ့ အရာလေးတွေပါ။ မွေးကင်းစကလေး တွေကို မေမေတို့ ဒါတွေ မလုပ်ရဘူးနော် ခေါင်းရိတ်တာ မေမေတို့ရေ ကလေးလေးက ခေါင်းရိတ်မှ ဆံပင်သန်မယ်ဆိုတာ မဟုတ်ပါဘူးနော်။ သိပ်ရိတ်ပေးချင်ရင်လည်း နောက်မှရိတ်ပါ၊ ခုတော့ မရိတ်ပါနဲ့ဦး။ ဆံပင်တွေက ကလေးရဲ့ ခေါင်းအတွက် အကာအကွယ်ပါ။ ခေါင်းမအေးအောင် ကာပေးထားတာပါ။ မေမေတို့ ရိတ်လိုက်ရင် ကလေးက ကတုံးပြောင်ပြောင်နဲ့ အေးနေမှာပေါ့။ ပြီးတော့ မတော်တဆများ ဓားရှမိရင် ဒဏ်ရာကနေတဆင့် ဦးနှောက်ထဲကို ပိုးဝင်တတ်တယ်နော် မေမေတို့။ ကလေးငိုတာကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း