ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးကို ငုံးဥ ကျွေးလို့ရလား..............

ဘေဘီလေးက အသက် ၆ လရောက်လာပြီဆိုရင် အစားစကျွေးလို့ရပြီ။ ဒီအချိန်မှာ မေမေ့ခေါင်းထဲ ဝင်လာတာက စားစရာတစ်ခုခုကို ကိုင်လိုက်တိုင်း၊ တွေးမိလိုက်တိုင်း ဘေဘီလေး စားလို့ရလား မသိဘူးဆိုတာပါ။ အခုတစ်ခေါက်တော့ ငုံးဥပြုတ်စားတဲ့အခါ ဘေဘီလေးကို ခွံလို့ရမလား တွေးနေတဲ့ မေမေတွေအတွက် အဖြေထုတ်ပေးမယ့် ဆောင်းပါးလေးပါ။ ဘေဘီလေးကို ငုံးဥပြုတ်ကျွေးလို့ရလား.............. ဘေဘီလေးကို ကြက်ဥကျွေးလို့ရတယ်တော့ ပြောတယ်။ ငုံးဥရော ကျွေးလို့မရဘူးလားဆိုတော့ ရပါတယ်။ ဘေဘီလေး အသက် ၉ လလောက်ရောက်ပြီဆိုရင် ဘေဘီလေးကို ငုံးဥ စကျွေးလို့ ရပါပြီ။ ငုံဥကျွေးတဲ့အခါ ဘေဘီလေးကို အကာစကျွေးပေးပါ။ နည်းနည်းချင်းစီ စကျွေးပြီး ဘေဘီလေးနဲ့ တည့်တယ်၊ ဓာတ်မတည့်တဲ့ လက္ခဏာလည်း မပြဘူးဆိုရင် အနှစ်ရော အကာပါ စိတ်ချလက်ချ ကျွေးလို့ရပါပြီ။ ငုံးဥက ဘေဘီလေးအတွက် အာဟာရဖြစ်ရဲ့လား........... ငုံးဥက ဘေဘီလေးအတွက် အာဟာရ ဖြစ်ရဲ့လားဆိုတော့ သိပ်ဖြစ်တာပေါ့။ ငုံးဥမှာ […]


ကလေးငယ်အာဟာရ

ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဗီတာမင် C ကို ကိုယ်ခံအား ဗီတာမင်လို့ အသိများကြမယ်ထင်ပါတယ်။ အအေးမိတာ၊ ဖျားနာတာ ကင်းဖို့ဆိုရင် ဗီတာမင် C များများကျွေးပေးလေဆိုတာကကြားနေကျ စကားလေး တစ်ခွန်းပါ။ ဘာလို့ ကလေးကျန်းမာဖို့ ဗီတာမင် C များမျာကျွေးလို့ ပြောရတာလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ဗီတာမင် C ဆိုတာ ဘာလဲ......... ဗီတာမင် C က ascorbic acid ပါ။ ချဉ်တဲ့ အသီးအနှံတွေ၊ ပန်းသီး၊ ဘယ်ရီသီး၊ အာလူး၊ ငရုတ်ပွ စတာတွေမှာ ပါဝင်နေတဲ့ ဗီတာမင် တစ်မျိုးပေါ့။ ဗီတာမင် C က ဘေဘီလေးအတွက် ဘာတွေလုပ်ပေးလဲ........... ဗီတာမင် C က ဘေဘီလေးကို သွေး​ကြောတွေ ကျန်းမာစေတယ်။ အရိုးနုတွေ ကျန်းမာစေတယ်။ ကြွက်သားတွေ သန်မာစေတယ်။ တွယ်ဆက်တစ်ရှူးတွေ၊ အရေပြား တစ်ရှူးတွေကို […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို လက်ဖက်သုပ်ကျွေးလို့ရလား................

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်ဆိုတဲ့ စာဆိုလေးအတိုင်း အရွက်တွေထဲမှာ လက်ဖက်က တော်တော်လေး အရသာရှိတယ်နော်။ နေ့ခင်းနေ့လယ် အဆာပြေ အနေနဲ့ သုပ်စားစား၊ ထမင်းပူပူလေးနဲ့ပဲ တွဲစားစား စားလို့ကောင်းပြီး ခံတွင်းမြိန်စေတဲ့ လက်ဖက်က  ဘေဘီလေးတွေကိုရော ကျွေးလို့ ရမလား။ ဘေဘီလေးတွေက လက်ဖက်စားတဲ့အခါ နည်းနည်းဆိုပြီး လာတောင်းလို့ ခွံ့ချင်တယ်ဆိုရင် မခွံ့ခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်နော်။ ဘေဘီလေးကို လက်ဖက်သုပ်ကျွေးလို့ ရမလား............ ဘေဘီလေးက တစ်နှစ်ကျော်ပြီ အစားလေးလည်း တော်တော်များများ စားတတ်ပြီ။ တီတီတွေ၊ ဖွားဖွားတွေ လက်ဖက်စားတဲ့အခါ အနားရောက်လာပြီး နည်းနည်းဆိုပြီး ပါးစပ်လေးဟတဲ့အခါ ခွံ့မိချင်မှာပါ။ ချစ်တာကိုး။ ဒါပေမယ့် ဘေဘီလေးကို လက်ဖက် မခွံ့ဖို့ ပြောပါရစေ။ လက်ဖက်က စားကောင်းတာ မှန်ပေမယ့် နုနယ်သေးတဲ့ ဘေဘီလေးတွေအတွက်တော့ မသင့်တော်ပါဘူး။ ဘေဘီလေးကို လက်ဖက်ကျွေးချင်တယ်ဆိုရင် […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

မိဘတိုင်းက ဘေဘီလေးကို solid food စကျွေးတဲ့အချိန်မှာ အတော်လေး ဂရုစိုက်ကြပါတယ်။ ဖွံ့ဖြိုးဆဲ ဘေဘီလေးရဲ့ အစာခြေစနစ်ကို ထိခိုက်မှာ စိုးကြသလို ဘေဘီလေးနဲ့ တည့်ပါ့မလားဆိုတဲ့ ကိစ္စကိုပေါ့။ ဒီလို စိုးရိမ်မှုတွေနဲ့ မကျွေးဖြစ်တဲ့ အစားအစာတွေလည်း ရှိကြပါတယ်။ အများဆုံး စိုးရိမ်တာကတော့ ဓာတ်မတည့်မှု ဖြစ်စေမှာကိုပေါ့။ ဓာတ်မတည့်မှု ဖြစ်မှာစိုးပြီး ဘေဘီလေးကို အများဆုံး မိတ်မဆက်ပေးမိတဲ့ အစာကတော့ အစေ့အဆန်ပေါ့။ တကယ်ကတော့ အစေ့အဆန်တွေက အာဟာရကြွယ်ဝပြီး ဘေဘီလေးတွေကို ကျွေးပေးသင့်တဲ့ အစာအစားပါ။ အစေ့အဆန်တွေက ဓာတ်မတည့်မှု ဖြစ်စေနိုင်တယ်ဆိုပေမယ့် ဘေဘီလေးတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်က ဓာတ်မတည့်မှုကို မခံစားရပါဘူး။ ဒါကြောင့် ဘေဘီလေးက ၁၂ လလောက်ရောက်ပြီဆိုရင် အစေ့အဆန်တွေကို ကြေညက်အောင် ကြိတ်ပြီး နည်းနည်း စကျွေးကြည့်ပါ။ တည့်တယ်ဆိုရင် ပုံမှန်လေး ကျွေးပေးဖို့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးတဲ့အခါ

သီဟိုဠ်စေ့လို့ ပြောလိုက်ရင် အဆီများမယ်။ ဝိတ်တက်စေလိမ့်မယ်။ ကျန်းမာရေးကိုလည်း အထောက်အကူပြုမှာ မဟုတ်ပါဘူးလို့ ယူဆလိုက်ကြတာ များပါတယ်။ တကယ်ကတော့ သီဟိုဠ်စေ့က အယ်လ်မွန်စေ့၊ မြေပဲ၊ သစ်ကြားသီးတို့ထက် အဆီပါဝင်မှု နည်းပြီး အကျိုးပြု အဆီပါဝင်မှုတော့ များပါတယ်။ သီဟိုဠ်စေ့မှာပါဝင်တဲ့ အဆီရဲ့ ၄၇ ရာခိုင်နှုန်းက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး သီဟိုဠ်စေ့မှာ အရိုးနဲ့သွေးကြောတွေကို ကျန်းမာစေတဲ့ copper၊ မဂ္ဂနီဆီယမ်လိုမျိုး အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒီလို အာဟာရဓာတ် ကြွယ်ဝတဲ့ သီဟိုဠ်စေ့ကို ဘေဘီလေးကို ကျွေးလို့ ရမလားဆိုတော့......... ဒီဆောင်းပါးလးမှာ ပြောပြပေးမယ်နော်။ ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးလို့ရလား.......... ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးလို့ရပါတယ်။ ဘေဘီလေးက အသက် ၁၂ လပြည့်ပြီဆိုရင် သီဟိုဠ်စေ့ကို သေချာ ညက်အောင် […]


ကလေးငယ်အာဟာရ

ဘေဘီလေးနဲ့ ဆန်ပြုတ်

ဘေဘီလေးက ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သောက်သုံးသင့်ပါတယ်။ ၆ လ ပြည့်ပြီးတဲ့အခါ ဘေဘီလေး ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရ လိုအပ်ချက်ပြည့်မီစေဖို့ မိခင်နို့အပြင် ဖြည့်စွက်စာလေးတွေ ကျွေးလာရပါတယ်။ ဒီလို ကျွေးတဲ့အခါ ဘေဘီလေးကို အာဟာရ ပြည့်စေဖို့ မြန်မာနိုင်ငံရဲ့ အဓိက အစားအစာ ဖြစ်တဲ့ ထမင်းကို ပိတ်ပါးစလေးနဲ့ တိုက်ပြီး ကျွေးတာ ရှိသလို ဆန်မှုန့်ကို ကျိုကျွေးတာမျိုးလည်း ရှိပါတယ်။ နောက်တစ်နည်းကတော့ ဆန်ပြုတ် ကျွေးတာပါ။ ဆန်ကို ဆန်စေ့ပျောက်အောင် ပြုတ်ထားတဲ့ ဆန်ပြုတ်က solid food စစားမယ့် ဘေဘီလေးအတွက် အထူးသင့်တော်ပါတယ်။ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဆန်ပြုတ်မှာပါတဲ့ အာဟာရ ဆန်ပြုတ် တစ်ခွက်မှာ ပရိုတင်း  အဆီ ကယ်လ်ဆီယမ် သံဓာတ် မဂ္ဂနီဆီယမ် […]


ကလေးငယ်အာဟာရ

ဗီတာမင် C နဲ့ ဘေဘီလေး ကျန်းမာရေး

ဘေဘီလေးတွေ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ လိုအပ်တယ်ဆိုတာကို မေမေဖေဖေတိုင်း သိထားပြီး ဖြစ်မှာပါ။ ငယ်စဉ်ကတည်းက ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပြည့်ဝအောင် ဖြည့်ပေးနိုင်မှ ဘေဘီလေးက အကောင်းဆုံး ကြီးထွားနိုင်မှာပါ။ ဒီလို ပြည့်စုံအောင် ဖြည့်ပေးရမယ့် ဗီတာမင်တွေထဲမှာမှ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ဗီတာမင် C ပြည့်ဝဖို့ လိုမယ်ဆိုတာကို မေမေတိုင်း သိထားပြီး ဖြစ်မှာပါ။ ဗီတာမင် C က ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးရဲ့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် C က ဘေဘီလေးကို ကိုယ်ခံအားတင် ကောင်းစေတာမဟုတ်ဘဲ အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ပေးစွမ်းပါသေးတယ်။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဗီတာမင် C နဲ့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးနဲ့ ဗီတာမင် C

ဘေဘီလေး တစ်ယောက် ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အာဟာရဓာတ်တွေ ပြည့်ဝနေဖို့ လိုပါမယ်။ ဒီ အာဟာရဓာတ်ဆိုတဲ့နေရာမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ အချိုးကျ ပါဝင်နေတာကို ဆိုလိုတာပါ။ ဗီတာမင်တွေထဲမှာ ကလေးကို ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် မဖြစ်မနေ ဖြည့်ဆည်းပေးဖို့ လိုမယ့် ဗီတာမင်က ကိုယ်ခံအား ဗီတာမင်လို့ သိထားကြတဲ့ ဗီတာမင် C ပါ။ ဖျားနေတယ်ဆိုရင် မြန်မြန်နေကောင်းအောင်ဆိုပြီး ဖြစ်ဖြစ် ဖျားချင်သလိုလို ဖြစ်နေတယ်ဆိုရင် ကိုယ်ခံအားကောင်းအောင်ဆိုပြီး စားသုံးတတ်ကြတဲ့ ဗီတာမင် C က ဘေဘီလေးတွေ ကိုယ်ခံအားကောင်းစေဖို့အတွက်လည်း လိုအပ်ပါတယ်။ ကျန်းမာရေး အကျိုးကျေးဇူး များပြီး ကလေးကို ကျန်းမာ ဖွံ့ဖြိုးစေဖို့ထောက်ပံ့ပေးတဲ့နေရာမှာ ဗီတာမင် C က အတော်လေး အရေးပါပါတယ်။ ဒီတော့ ဘေဘီလေးကို ဗီတာမင် C လုံလောက်စေဖို့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးအတွက် အကောင်းဆုံးသော ဗီတာမင် C ပေးစွမ်းမယ့် အစားအစာလေးတွေ

ဘေဘီလေးကို ကိုယ်ခံအားကောင်းအောင် ဗီတာမင် C ပြည့်ဝစေချင်တယ်။ ဒါပေမယ့် ဆေးတွေဘာတွေလည်း မတိုက်ချင်ဘူး။ အစားကနေတဆင့်ပဲ လိုအပ်တဲ့ ဗီတာမင် C ကို ပြည့်ဝအောင် ဖြည့်ပေးချင်တယ်ဆိုတဲ့ မေမေဖေဖေတွေ ရှိကြလား။ ဒါဆိုရင်တော့ ဘေဘီလေးကို ဆေးတိုက်စရာ မလိုဘဲ ဗီတာမင် C ပြည့်ဝအောင် ဘာတွေ ပြင်ဆင်ကျွေးမွေးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်စေချင်ပါတယ်။ ဘေဘီလေးကို ဗီတာမင် C ဖြည့်ပေးမယ့် စားစရာလေးတွေက ဘာတွေများလဲ........... ဘေဘီလေးကို ဗီတာမင် C ပြည့်ဝပြီး ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် စတော်ဘယ်ရီ စတော်ဘယ်ရီက ဘေဘီလေး အများစု ကြိုက်ကြတဲ့ အသီးလေးပေါ့။ ကမ္ဘာမြေပေါ်က ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဘယ်ရီသီးလေးပါ။ စတော်ဘယ်ရီ တစ်ပန်းကန်စာက ဘေဘီလေးတစ်ယောက် တစ်နေ့တာ လိုအပ်မယ့် ဗီတာမင် C ပမာဏရဲ့ တစ်ဝက်လောက်ကို ဖြည့်ပေးနိုင်ပါတယ်။ နောက်တစ်ခုက စတော်ဘယ်ရီက […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ရေညှိ ထမင်းလိပ်တယ်။ ဘေဘီလေးက နည်းနည်းဆိုပြီး ပါးစပ်ဟတယ်။ ရေညှိကြော်လေး စားလည်း မေမေ သားသားဆိုပြီး ပါးစပ်ဟတယ်။ ဟယ် စားလို့ တည့်ပါ့မလား။ မကျွေးရင်လည်း ငိုနေပြီဆိုတော့ ဘယ်လို လုပ်ရမလဲဆိုပြီး အကြံအိုက်နေတဲ့ မေမေတွေ ရှိလား.......... ဘေဘီလေးကို ရေညှိကျွေးလို့ ရလား..... မေမေတိုင်း သိချင်နေမယ့် ဒီမေးခွန်းလေးကို ဖြေပေးရမယ်ဆိုရင်တော့ ဟုတ်ကဲ့ ကျွေးလို့ ရပါတယ်ပေါ့။ ဒါပေမယ့် သတိထားရမယ့်အချက်လေးတွေတော့ ရှိတယ်နော်။ ဘေဘီလေးကို ရေညှိကျွေးတဲ့အခါ အရသာတွေ ဖြည့်စွက်ထားတာမျိုး မဖြစ်ဖို့တော့ လိုပါမယ်။ ဆားတောင် နည်းနည်းပဲ စားရမယ့် ဘေဘီလေးကို အချိုမှုန့်၊ အရသာမှုန့်တွေပါနေတဲ့ ရေညှိကျွေးတာကတော့ ကောင်းကျိုးထက် ဆိုးကျိုး ပိုနေမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ ဘယ်အရွယ်မှာ ရေညှိ စကျွေးရပါ့......... ကျွေးလို့ ရတာကတော့ ဟုတ်ပါပြီ။ ဘယ်အရွယ်မှာ ရေညှိ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း