ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးကို သင်္ဘောသီး ကျွေးလို့ရလား.......

သင်္ဘောသီးမှာ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေသလို အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သင်္ဘောသီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတော့  ဘေဘီလေး ကျန်းမာအောင် ကျွေးလို့ရမလား ဆိုတာက မေမေတိုင်း သိချင်နေမယ့် မေးခွန်း ဖြစ်မယ်ထင်ပါတယ်။ ဒီမေးခွန်းအတွက် အဖြေကို ဆောင်းပါးလေးထဲမှာ ဖြေပေးသွားပါမယ်။ သင်္ဘောသီးမှာ ဘာတွေပါလဲ……. သင်္ဘောသီးမှာ အဆီ နဲ့ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ဗီတာမင် C ကြွယ်ဝသလို ဘေဘီလေးတို့အတွက် မရှိမဖြစ် လိုအပ်မယ့် ဗီတာမင် A၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B အုပ်စုနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဘေဘီလေးကို သင်္ဘောသီး ကျွေးလို့ ရလား……. သင်္ဘောသီးက ဘေဘီလေးကို ကျွေးသင့်တဲ့ သစ်သီး တစ်မျိုးပါ။ ဒါပေမယ့် ဘေဘီလေးကို […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ငှက်ပျောသီး ကျွေးပေးပါ

ငှက်ပျောသီး ဆိုတာက ဘေဘီလေးတွေ ပထမဆုံး စစားဖူးတဲ့ အသီး တစ်မျိုးပါ။ ငှက်ပျောသီးက အရသာရှိသလို အာဟာရဓာတ်လည်း ကြွယ်ဝပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးကို ဘယ်အချိန်မှာ ငှက်ပျောသီး စကျွေးရမလဲ ဆိုတာနဲ့ ငှက်ပျောသီးက ဘေဘီလေးအတွက် ဘယ်လောက် အကျိုးကျေးဇူးများလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ဘေဘီလေးကို ဘယ်အချိန်မှာ ငှက်ပျောသီး စကျွေးမလဲ....... ဘေဘီလေးကို အသက် ၆ လပြည့်ပြီး solid food စပြီးကျွေးလို့ ရပြီဆိုတာနဲ့ ငှက်ပျောသီးကို စကျွေးလို့ ရပါပြီ။ စကျွေးတဲ့အခါ ငှက်ပျောသီးကို သေချာလေး ညက်နေအောင် ချေဖို့ လိုပါမယ်။ ချေထားတဲ့ ငှက်ပျောသီးကိုလည်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာလောက်ပဲ ကျွေးရပါမယ်။ လတ်ဆတ်တဲ့ ငှက်ပျောသီးကို သေချာလေး ရွေးမိဖို့တော့ လိုပါမယ်။ ငှက်ပျောသီး ကပေးတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး အသံဝင်ခဲ့ရင်

အသံဝင်တာက လူကြီးတွေပဲ ဖြစ်တတ်တယ်လို့ အများက ထင်ထားကြပါတယ်။ တကယ်ကတော့ အသံဝင်တာက ဘေဘီလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်တော့ တီတီတာတာ ပြောတတ်စအရွယ် ဘေဘီလေး အသံဝင်ခဲ့ရင် ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ဘေဘီလေးတွေက လူကြီးတွေလို စကားများများ မပြောတာကြောင့် အသံဝင်တာကို သိဖို့ ခက်ခဲတာမျိုးတော့ ရှိနိုင်ပါတယ်။ သိသာတဲ့ အခြေအနေ တစ်ရပ်ကို ပြောပြရမယ်ဆိုရင်တော့ ဘေဘီလေးရဲ့ အသံမှာ အနည်းငယ် ပြောင်းလဲမှုလေးတွေ ရှိနေတာမျိုးပါ။ ဘေဘီလေး အသံဝင်ခဲ့ရင် ဘေဘီလေး အသံဝင်ခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ဆောင်ပေးရမလဲ ဆိုတာနဲ့ ဘေဘီလေးကို အသံဝင်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ဘာတွေကများ ဘေဘီလေးကို အသံဝင်စေတာလဲ……….. ဘေဘီလေးရဲ့ အသံက ပုံမှန် မဟုတ်ဘဲ အက်တက်တက်ဖြစ်နေတယ်ဆိုရင် သေချာတာက ဘေဘီလေး အသံဝင် နေတာပါ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးက ဂေါ်လီလုံး မျိုချမိတဲ့အခါ

ဘေဘီလေးတွေ အများဆုံး လုပ်လေ့ရှိတဲ့ အလေ့အထ တစ်ခုက ဘာဖြစ်မယ် ထင်လဲ…….. ဘေဘီလေးတွေ အများဆုံး လုပ်တတ်တဲ့ အလေ့အထလေး တစ်ခုက စူးစမ်းတာပါ။ အရာရာတိုင်းက သူတို့လေးတွေအတွက် အသစ်အဆန်း ဖြစ်နေတော့လည်း စူးစမ်းတာက အပြစ်ရယ်လို့ မဆိုသာပါဘူး။ ဒီလို စူးစမ်းတဲ့အခါ သူတို့လေးတွေ အများဆုံး သုံးကြတာက သူတို့ရဲ့ လက်ချောင်းလေးတွေနဲ့ ပါးစပ်ကိုပါ။ ဘေဘီတို့ရဲ့ စူးစမ်းမှု လုပ်ငန်းစဉ်က အသစ်အဆန်း တစ်ခုတွေ့ပြီဆိုရင် အရင်ဆုံး လက်နဲ့ ကောက်ကိုင်မယ် ပြီးရင် နောက်တဆင့် ပါးစပ်ထဲ ထည့်မယ်၊ ဝါးမယ်။ ဝါးရင်း အခန့်မသင့်ရင် မျိုချမိတယ်။ ဒီလိုကနေ ဘေဘီလေးတွေ ကြယ်သီး၊ အရုပ်ပိစိလေးတွေနဲ့ ဓာတ်ခဲ၊ ဂေါ်လီ စတာတွေကို မျိုချမိကြပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေ ဂေါ်လီလုံး မျိုချမိတဲ့အခါ ဘယ်လို ဂရုစိုက်မှုတွေ […]


ကလေးငယ်အာဟာရ

ကလေးအတွက် ဖြည့်စွက်စာ 'အိမ်ချက်လေးလား၊ ဂျုံဆီရီယယ်လား'

၆လကျော်လာပြီဆိုရင် ကလေးကို အမေနို့အပြင် ဖြည့်စွက်စာ ကျွေးဖို့ လိုလာပါပြီ။ ဒီအခါမှာ မေမေအနေနဲ့ ကလေးကို ဘာကျွေးမှာလဲဆိုတာ စစဉ်းစားရပါပြီ။ ကြီးထွားလာတဲ့ ကလေးအတွက် အရင်ကထက် အာဟာရပိုလိုလာတာက အမှန်ပါ။ ဒါကြောင့် ဒီချိန်မှာ မေမေတွေရဲ့ စိုးရိမ်တာက ကိုယ်ကျွေးတာ မှန်ပါ့မလား။ မတည့်တာတွေ ကျွေးနေမိပြီလား။ ကလေးဝမှ ဝပါ့မလား ဆိုတာပါပဲ။ ဒီနေရာမှာ မေမေတို့ အနေနဲ့ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ အိမ်မှာ ချက်ကျွေးမှာလား။ ဖြည့်စွက်စာမှုန့်တွေ ကျွေးမှာလား ဆိုတာပါ။ တစ်ခုချင်းစီမှာ အားသာချက်လေးတွေ ရှိတဲ့အတွက် မေမေတို့ ရွေးချယ်လို့ရအောင် ပြောပြပေးပါမယ်။ ဂျုံဆီရီယယ် ဖြည့်စွက်စာ ဆီရီယယ်တွေထဲမှာ ဆန်မှုန့်၊ ဂျုံမှုန့် တချို့နိုင်ငံတွေမှာ ဘာလီ စသဖြင့် ကလေးစားလို့ အဆင်ပြေအောင် အမျိုးစုံထုတ်ကြပါတယ်။ ဒီထဲကမှ အဆင်ပြေတာကို မေမေတို့ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား အရင် မစဉ်းစားမိဘဲ မနက်က ဖွားဖွားက စေတနာပိုပြီး ဘေဘီလေး အတွက် ပြုတ်ထားတဲ့ စွပ်ပြုတ်ထဲကို ချင်း (ဂျင်း) လေး ဓားပြားရိုက်ပြီး ထည့်လိုက်မိတယ်။ အနံ့လေးတော့ မွှေးနေတာပဲ။ ဒါပေမယ့် တိုက်ခါနီးမှ ကလေးလေးတွေကို ချင်း(ဂျင်း) (ginger) ကျွေးလို့ရရဲ့လား ...ဘေဘီလေးကို တိုက်လို့ ဖြစ်ပါ့မလား ဆိုပြီး စိတ်ပူနေတတ်တဲ့ မေမေ တွေရှိလား။ ချင်း (ဂျင်း) ဆိုတာက အိမ်တိုင်းရဲ့ မီးဖိုခန်းမှာ ရှိတတ်တဲ့အရာလေးဖြစ်သလို ဟင်းလျာတိုင်းမှာပါဝင်လေ့ရှိတဲ့ ဇာတ်လိုက်ပါ။ ကျန်းမာရေးအတွက် ကောင်းတယ်လို့လည်း လူသိများပါတယ်။ ဒီလို ကျန်းမာရေးအကျိုးအာနိသင်ကောင်းတွေ အများကြီးရှိတဲ့အတွက် ကလေးကို ချင်း(ဂျင်း) (ginger) ကျွေးလို့ရရဲ့လား ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးထဲမှာ အတူတူဖတ်ကြည့်ရအောင်နော်။ ဘေဘီလေးကို ချင်း (ဂျင်း) […]


ကလေးငယ်အာဟာရ

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဘေဘီလေးက ကြက်သွန်နီ စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။ အကြောင်းကတေ့ ဟင်းလျာ အများစုမှာ ကြက်သွန်နီ (Onions)က မပါမဖြစ်လေ။ ဒီတော့ ဟင်းတွေစားတိုင်း ဘေဘီလေးက မေမေ နည်းနည်းဆိုရင် မခွံခင် စဉ်းစားမိတာက ဒီအတွေးဟုတ်။ ဒီအတွေးလေးအတွက် အဖြေကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော် မေမေတို့ရေ......... ဘေဘီလေးက ကြက်သွန်နီ (onions) ဘယ်အချိန်မှာ စစားလို့ရမလဲ ကြက်သွန်နီကို ဘေဘီလေး အသက် ၆ ပြည့်ပြီ၊ solid food စစားပြီဆိုတာနဲ့ စမိတ်ဆက်ပေးလို့ ရပါပြီ။ ကြက်သွန်နီက ဘေဘီလေးကို အခြား အစားအစာတွေလို ဓာတ်မတည့်မှု ဖြစ်စေနိုင်ခြေက အတော်လေးကို နည်းတာပါ။ ဒါပေမယ့် အစာမကြေတာ၊ လေပွတာမျိုးတော့ ဖြစ်စေနိုင်ပါတယ်။ ဘေဘီလေးကို ကြက်သွန်နီ […]


ကလေးငယ်အာဟာရ

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတဲ့ မေးခွန်းက အမေးများလှပါတယ်။ ကြက်သွန်ဖြူ က ကျန်းမာရေးအတွက် အတော်လေး အကျိုးများတယ်ဆိုတာတော့ သိထားပြီး ဖြစ်မှာပါ။ ဒါပေမဲ့ ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား ဆိုရင်တော့ မေမေတွေ နည်းနည်း တွေဝေသွားမယ် ထင်ပါတယ်။ ဒီတော့ ဘေဘီလေးကို ကြက်သွန်ဖြူ ကျွေးရမလား၊ မကျွေးရဘူးလားဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ အအေးမိလည်းစား၊ သွေးတွင်းကိုလက်စထရောကျအောင်ဆိုပြီးလည်း စားတတ်ကြသလို နေ့စဉ် ချက်နေကျ ဟင်းလျာတွေထဲမှာ အနံ့အရသာ ကောင်းစေဖို့ ထည့်လေ့ရှိတဲ့ ကြက်သွန်ဖြူ က ဘက်တီးရီးယားတွေနဲ့ မှိုပိုးကို တိုက်ဖျက်ပေးနိုင်တာကြောင့် ကျန်းမာရေးအတွက် အတော်လေး အကျိုးများတာပါ။ ဘေဘီလေးကို ဘယ်အချိန်မှာ ကြက်သွန်ဖြူကျွေးမလဲ ဘေဘီလေးအနေနဲ့ solid food စစားတတ်ပြီဆိုတဲ့အချိန် အသက် ၆ လကနေ ၈ လအတွင်းမှာစကျွေးလို့ ရပါပြီ။ သတိထားရမှာတစ်ခုက […]


ကလေးငယ်ပထမနှစ်

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

ဘေဘီလေး ဆိုတဲ့ စကားလုံးကို ချစ်ခင်ရတဲ့အခါ သုံးကြပေမယ့် ဘေဘီလေးဆိုတဲ့ စကားလုံးထဲမှာ အကျုံးဝင်တာက မွေးစကနေ အသက် ၁ နှစ်သားလေးတွေပါ။ အသက် တစ်နှစ်ကျော်လာပြီဆိုရင် ဘေဘီလေးဆိုတာထက် လမ်းလျှောက်တတ်စဆိုတဲ့စကားနဲ့ ပိုကိုက်ညီပါမယ်။ ဒီတစ်ခေါက်တော့ မေမေတို့ချစ်မဝတဲ့ ဘေဘီလေး တွေ ဘယ်လိုကြီးပြင်းအရွယ်ရောက်လာသလဲဆိုတဲ့ အကြောင်းကို ပြောပြပေးသွားပါမယ်။ အလျင်မြန်ဆုံး ကြီးထွားတဲ့အရွယ် ဘေဘီလေးလို့ ခေါ်ကြတဲ့ မွေးစကနေ အသက် တစ်နှစ်အတွင်းမှာ ဘေဘီလေးတွေက အလျင်မြန်ဆုံး ဖွံ့ဖြိုးတာပါ။ မေမေတို့ချစ်မဝတဲ့ ဘေဘီလေး ​တွေဟာ ပက်လက်အနေအထားလေးကနေ သူတို့ရဲ့ ခြေလက်လေးတွေကို လှုပ်ရှားလာနိုင်ကြသလို လိုချင်တဲ့ ပစ္စည်းလေးတွေဆီရောက်အောင် လှမ်းတတ်လာကြပါတယ်။ အသံလေးတွေကို လုပ်တတ်လာသလို အသံတွေကိုလည်း တုံ့ပြန်လာတတ်ကြပါတယ်။ ဘေဘီလေးတွေဟာ အသက် တစ်နှစ်သားအရွယ်မှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာပါတယ်။  ဘေဘီလေးတွေက သူတို့ရဲ့ ပထမနှစ်မှာ တွေးခေါ်မှု […]


ကလေးငယ်အာဟာရ

ဘေဘီလေးတွေမှာ သံဓာတ် လွန်ကဲနေပြီလား

ဘေဘီလေးတစ်ယောက်အတွက် သံဓာတ်က လိုအပ်တယ်ဆိုပေမယ့် လိုတာထက်ပိုတဲ့အခါ ဘေဘီလေးကို ထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ ဒီတော့ ဘေဘီလေးတစ်ယောက်အနေနဲ့ အသက်အရွယ်အလိုက် လိုအပ်မယ့် သံဓာတ် ပမာဏအတိုင်း ဖြည့်ပေးတာက အကောင်းဆုံး နည်းလမ်းပါ။ သံဓာတ်ဆိုတာက ဘေဘီလေးတွေမှာ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဘေဘီလေးတိုင်းအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပေါ့။ ဘေဘီလေးတွေအနေနဲ့ သံဓာတ်ကို မေမေ့နို့ချိုကနေ ရရှိနိုင်သလို သံဓာတ်ဖြည့်စွက်ထားတဲ့ ဘေဘီလေးတွေအတွက် ထုတ်လုပ်ထားတဲ့ ဖြည့်စွက်အာဟာရတွေကနေလည်း ရရှိနိုင်ပါတယ်။ သံဓာတ်က ဘေဘီလေးရဲ့ သွေးနီဥဆဲလ် ပမာဏကို တိုးစေနိုင်သလို လျင်မြန်စွာ ကြီးထွားလာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ သံဓာတ်နည်းလွန်းတာက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သလို သွေးအားနည်းရောဂါ ဖြစ်စေပြီး ဘေဘီလေးရဲ့ အစားစားချင်စိတ်နဲ့ အာရုံစူးစိုက်မှုတွေအပေါ်မှာပါ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဘေဘီလေးကြီးထွားဖို့အတွက် သံဓာတ်ပြည့်ဝဖို့ လိုသလို သံဓာတ် လိုတာထက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း