ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးကို နှာခေါင်းထိပ် ညှစ်ဆွဲပေးရင် နှာခေါင်း ချွန်လာရောလား

မွေးကာစ ကလေးလေး တွေကို ဖယောင်းရုပ်လေးတွေ လို့ ခေါ်ကြတယ်နော်။ လိုသလို ပုံသွင်း လို့ ရတဲ့အရွယ်ပါတဲ့။ ဒီအရွယ်လေးမှာ နှာတံ ပေါ်အောင် ဆွဲပေးရတယ်၊ နှာခေါင်း ထိပ်လေး ညှစ်ဆွဲပေးရတယ် နဲ့ မေမေတို့ အလုပ်ကို ရှုပ်နေပါရောလား။ ဘေဘီလေး ကို ချောစေ၊ လှစေချင်တာကိုး… တကယ်ရော ထိရောက်ရဲ့လား နိုးပါ။ ကလေး ရဲ့ နှာခေါင်းပုံစံက သူ့ရဲ့ မျိုးဗီဇ အရ သတ်မှတ်ထားပြီးသားပါ။ နှာခေါင်းလေးကို ညှစ်တာ၊ ဆွဲတာ၊ နှိပ်နယ်တာတွေ နဲ့ သူ့ရဲ့ပုံစံကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူး။ နှာခေါင်း ကို ညှစ်ဆွဲကာမှ ကလေးမှာ နာကျင်စေတာပဲ အဖတ်တင်မှာပါနော်။ ဘေဘီလေး ရဲ့ နှာခေါင်းဟာ အမေ့ဝမ်းထဲ ပထမဆုံး စတင်ဖြစ်တည်တဲ့ အစိတ်အပိုင်းတွေထဲ ပါဝင်သလို ကိုယ်ဝန် ၇ ပတ် […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးငယ်တွေကို ဖုန်း ပေးသုံးသင့်လား။

တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်ကြီးမှာ လူတိုင်းနီးပါး ဖုန်း တွေကို အသုံးပြုလာကြပါတယ်။ ဖုန်းတွေ၊ ကွန်ပြူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေ၊ အင်တာနက် နဲ့ နည်းပညာတိုးတက်လာမှုတွေကြောင့် ဆက်သွယ်ရလွယ်ကူလာတယ်၊ သိချင်တဲ့အရာတွေကို အလွယ်တကူရှာဖွေ လေ့လာနိုင်တယ် စတဲ့ ကောင်းကျိုးတွေ အများကြီး ဖြစ်လာပေမယ့် လူတွေက ဖုန်းသုံးတာကို စွဲလမ်းလာကြတဲ့အခါ၊ ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ အသုံးမပြုကြတဲ့အခါ တဖြည်းဖြည်း ဘေးအန္တရာယ်တွေ ဖြစ်လာပါတယ်။ နောက်ပိုင်းမှာ တချို့မိဘတွေက ကလေးငယ်လေးတွေနဲ့ ကစားပေး၊ သင်ပေး တာတွေထက် ကလေးကို ဖုန်းတွေနဲ့ အချိန်ကုန်စေလာတာကို တွေ့လာရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကလေးငယ်တွေ ဖုန်းအသုံးပြုတဲ့အခါ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ သုံးသင့်၊ မသုံးသင့်ဆိုတာလေးကို မျှဝေပေးသွားမှာပါ။ ဖုန်း သုံးခြင်းရဲ့ ဆိုးကျိုးများ။ ၁။ အဝလွန်ခြင်း။ လှုပ်ရှားမှုတွေ နည်းလာပြီး အဆီတွေစုလာခြင်း၊ အဝလွန်ခြင်းအပြင် နောက်ဆက်တွဲတွေ ဖြစ်တဲ့ နှလုံး၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အမြွှာလေးတွေ မွေးခဲ့ရင် ဘယ်လိုပြုစု စောင့်ရှောက်ကြမလဲ။

အမြွှာဆိုတော့ ပိုဆိုးပြီပေါ့။ သေသေချာချာ မစီစဉ်ထားဘူးဆိုရင် သူတို့နှစ်ယောက်ကို ပျိုးထောင်ရ၊ ထိန်းရတာနဲ့ တစ်အိမ်လုံး ကမ္ဘာပျက်သွားနိုင်ပြီး ကလေးတွေလည်း ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ အမြွှာလေး တွေ မွေးထားတဲ့သူတွေအတွက် အကူညီပေးနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးသွားချင်ပါတယ်။ ၁။ လုပ်ရမှာတွေ၊ လုပ်သင့်တာတွေကို ချရေးထားပါ။ အမြွှာမွေးထားတဲ့ မိခင်တွေဟာ ပုံမှန် မိခင်တွေထက် အလုပ်ပိုများ၊ ပိုပင်ပန်းတဲ့ အတွက် ကလေးတွေအတွက် အိပ်ချိန်၊ စားချိန် နဲ့ ဘယ်အချိန်လောက်မှာ ဘာလုပ်မယ် ဆိုတာကို အချိန်ဇယားကြိုဆွဲထားပြီး ဘာတွေ ကြိုတင်ပြင်ဆင်ထားမယ် ဆိုတာကို လည်း ချရေးမှတ်ထားသင့်ပါတယ်။ တခြား အမြွှာမွေးဖူးတဲ့ အသိတွေရှိရင် အကြံဉာဏ်တောင်းကြိုတောင်းပြီး ကိုယ်ဝန်ဆောင်ချိန်ကတည်းက လေ့လာထားသင့်ပါတယ်။ ကြိုတင်ပြင်ဆင် အောင်ပွဲဝင်ဆိုတဲ့ အတိုင်း ကြိုတင်ပြင်ဆင်မှုရှိထားတာက တစ်နေ့တာအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်အောင် […]


ကလေးငယ်ပထမနှစ်

ကလေးများ ဖွံ့ဖြိုးမှု နောက်ကျလျှင်

ကလေးဆိုတာ သူ့အချိန်နဲ့သူ မှောက်ချိန်တန်မှောက်၊ ထိုင်ချိန်တန်ထိုင် တဖြည်းဖြည်း ကြီးထွားလာရမှာပါ။ မေမေတို့အနေနဲ့လည်း ကိုယ့်ကလေးက ဖွံ့ဖြိုးမှု နောက်ကျမှာ သိပ်ကြောက်ကြပါတယ်။ အတူတူမွေးတဲ့ ဟိုဘက်အိမ်က ကလေးက ထိုင်နေပြီ။ ဒီကောင်လေးက ခုထိ ဇက်မခိုင်သေးဘူး။ အကြီးကောင်တုန်းက ဒီချိန်ဆို စကားစပြောနေပြီ ဒီကောင်လေးကျ နောက်ကျလိုက်တာ စသဖြင့် တခြား ကလေးနဲ့နှိုင်းပြီး ကိုယ့်ကလေးကို ဖွံ့ဖြိုးမှုနောက်ကျတယ်လို့ ထင်တတ်ပါတယ်။ တကယ်နောက်ကျတာလည်း ဖြစ်နိုင်သလို မေမေတို့ စိုးရိမ်နေတာလဲည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ ဘယ်အရွယ်မှာ ဘယ်လို ဖွံ့ဖြိုးတယ်၊ ဘယ်အရွယ်ရောက်တာတောင် ဘာမလုပ်တတ်ဘူးဆိုရင် ဆရာဝန်နဲ့ ပြရမယ်ဆိုတာ သိထားရင် ပိုကောင်းတာပေါ့။ ကလေးများရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့် မွေးစကနေ ၄လ ခေါင်းခိုင်ရပါမယ်။ မျက်လုံးက အမေ့မျက်နှာ ဒါမှမဟုတ် ပတ်ဝန်းကျင်က ပစ္စည်းတွေကို လိုက်ကြည့်တတ်ရပါမယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီ ပျော်ရဲ့လား..........

မိဘတိုင်းကတော့ သားသမီးတိုင်းကို ပျော်ရွှင်စေချင်မှာပါ။ ဒါဆိုရင် ကလေးတွေ တောင့်တတဲ့ ပျော်ရွှင်မှုက ဘာလဲဆိုတာကိုရော သတိထားမိရဲ့လား............ ကလေးတွေက ပျော်ရွှင်ဖို့ လိုအပ်တယ်ဆိုတာကတော့ တကယ့်ကို မှန်ပါတယ်။ ဒါပေမယ့် သူတို့လေးတွေက အချိန်တိုင်းတော့ မပျော်ရွှင်နေနိုင်ပါဘူး။ လူကြီးတွေလိုပဲ သူတို့မှာလည်း စိတ်ဖိစီးတာ၊ စိတ်ညစ်စရာလေးတွေရှိနိုင်ပါတယ်။ လူတိုင်းမှာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသဖြစ်ခြင်း၊ အထီးကျန်ခြင်း စတဲ့ ခံစားချက်အထွေထွေက ငယ်စဉ်ကာလကတည်းက ခံစားတတ်ခဲ့တဲ့ အရာတွေပါ။ ဒီတော့ ကလေးကို ပျော်ရွှင်အောင် ဘယ်လိုထားမယ် စိတ်ကူးလဲ မေမေဖေဖေတို့ရေ။ ကလေးကို အချိန်တိုင်းပျော်အောင် ထားလို့ရတယ်လို့ စိတ်ကူးနေတယ် ကြီုးစားနေတယ်ဆိုရင်တော့ ဒီကြိုးပမ်းမှုက ရေရှည်မှာ စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်။ ဒီတော့ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ကလေးကို ပျော်ရွှင်အောင် ဘယ်လိုလုပ်ပေးလို့ရမလဲဆိုတာကို ပြောပြပါမယ်။ ဘေဘီလေး စိတ်ညစ်နေတာလား............. ကလေးဆိုတာက အချိန်တိုင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေမေ့ ချစ်မေတ္တာကပေးတဲ့ ဘေဘီလေးတို့ ကျန်းမာရေး

မိခင် နဲ့ ဘေဘီလေးတို့ကြားက ချစ်ခြင်းမေတ္တာမှာ မျက်စိနဲ့မြင်လို့ မရတဲ့ စွမ်းအားတွေ အများကြီးရှိနေပါတယ်။ မိခင်ရဲ့ ချစ်ခြင်းမေတ္တာက ဘေဘီလေးတို့အတွက် အကောင်းဆုံးတွေပဲ ပေးစွမ်းမယ်ဆိုတာကတော့ ထွေထွေထူးထူးပြောနေစရာ မလိုအောင်ပါ။ သိပ္ပံနည်းကျ လေ့လာမှုတွေအရရော အများရဲ့ ယုံကြည်လက်ခံမှုတွေအရပါ မိခင်မေတ္တာက ဘေဘီလေးတို့အတွက် အဖိုးဖြတ်လို့ မရတဲ့ အရာပါ။ မေမေ့ရဲ့ ချစ်ခြင်းမေတ္တာက ဘေဘီလေးကို ဘယ်လို အကျိုးကျေးဇူးတွေ ပေးစွမ်းသလဲ............. ငယ်စဉ်ကာလမှာ မေမေရဲ့ ချစ်ခြင်းမေတ္တာကို ပြည့်ပြည့်ဝဝ ရရှိတဲ့ ဘေဘီလေးတွေက ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းတယ် ငယ်ငယ်မှာ မေမေ့ဆီက ချစ်ခင် ဂရုစိုက်မှုရတဲ့ ကလေးလေးတွေဟာ ဦးနှောက် အကောင်းဆုံး ဖွံ့ဖြိုးကြသူတွေပါ။ သူတို့လေးတွေဟာ သင်ယူနိုင်စွမ်း ကောင်းသလို၊ တီထွင်ကြံဆမှုလည်းကောင်းကြတယ်။ ဘဝစိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ကြပြီး ပြဿနာတွေကိုလည်း အကောင်းဆုံး ဖြေရှင်းနိုင်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကျန်းမာစွာနဲ့ ဉာဏ်ရည်ထက်မြက်တဲ့ […]


ကလေးငယ်ပထမနှစ်

မွေးကတည်း က သွားပေါက်နေတဲ့ ကလေး ရှိလား။

ရှိတာပေါ့။ မွေးကတည်း က သွားပေါက် နေတဲ့ ကလေး ရှိပါတယ်။ ကလေးတော်တော်များများက ၆လလောက်ဆို သွားငုတ်တုတ်၊ လူငုတ်တုတ် ဖြစ်နေပါပြီ။ အတိုးအလျော့နဲ့ ပြောရင် ၄လနဲ့ ၇လကြားပေါ့။ ဒါပေမယ့် တချို့ကလေးက အမေဝမ်းက ကျွတ်ကတည်းက သွားလေးနဲ့။ တချို့ကျတော့လည်း မွေးပြီး တစ်လလောက်နေတော့ သွားပေါက်လာရော။ ဒါတွေဟာ ဘာကြောင့်လဲ။ ဘယ်လိုလုပ်ကြမလဲဆိုတာ ကြည့်ကြရအောင်။ ဘာလို့ မွေးကတည်း က သွားပေါက်နေရတာလဲ။ ကလေး ၂၀၀၀မှာ ၁ယောက်လောက်က မွေးကတည်းက သွားပါလာပါတယ်။ ထူးဆန်းတယ်လို့ ထင်ရပေမယ့် တချို့သော အကြောင်းတွေက ကလေးကို မွေးကတည်းက သွားပေါက်စေပါတယ်။ သွားဖုံးမှာ ပေါက်တာလည်း ရှိသလို နှုတ်ခမ်းနားမှာ၊ အာခေါင်မှာ ပေါက်တာလည်း ရှိပါတယ်။ များသောအားဖြင့်တော့ မွေးကတည်းက သွားပေါက်တဲ့ကလေးတွေက အောက်က ရောဂါစုတွေနဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ရည်ကို သိုလှောင်သိမ်းဆည်းခြင်း

မိခင်နို့ရည်ကို သိုလှောင်သိမ်းဆည်းတယ်ဆိုတာ နို့ရည်ကို မိခင်ရဲ့ရင်သားကနေ လိုအပ်သလောက် ညှစ်ယူပြီး စနစ်တကျသိမ်းဆည်းထားခြင်းကို ဆိုလိုတာပါ။ ဘာလို့ ဒီလို သိမ်းဆည်းရမလဲ။ မိခင်နဲ့ဝေးကွာနေလို့ပါ။ (ဥပမာ မိခင်က ကလေးကို အကြောင်းအမျိုးမျိုးကြောင့် အိမ်မှာထားခဲ့ရတဲ့အချိန်တွေအတွက်ပါ။ အထူးသဖြင့် အလုပ်တစ်ဖက်နဲ့ နို့တိုက်မိခင်တွေပါ။ ဒါဆိုရင်တော့ မိခင်က အလုပ်မှာရှိနေစဉ်မှာ ကလေးနို့ဆာတဲ့အခါ အဆင်သင့်တိုက်ကျွေး နိုင်မှာပါ။) မိခင်ရဲ့ ရင်သားဟာ နို့ရည်တွေနဲ့ ပြည့်လျှံပြီး ကြီးမားတင်းရင်းလာတဲ့အခါ ကလေးဟာမိခင်နို့ကို စုပ်ယူဖို့ အားမရှိတဲ့အခါ မိခင်ဟာ မိမိရဲ့ နို့ရည်ပြုဂလင်းက နို့ချိုထွက်တဲ့နှုန်းကို မြင့်တက်စေချင်တဲ့အခါ ဖခင်တစ်ယောက်အနေနဲ့လည်း ကိုယ်တိုင်ကိုယ်ကျ ကလေးကိုယုယုယယ နို့ထွက်တိုက်ချင်တဲ့ အခါမျိုးမှာ မိခင်နို့ကို သိမ်းဆည်းထားနိုင်ပါတယ်။ ဘယ်လိုညှစ်ယူသင့်သလဲ။ မိခင်ရဲ့ရင်သားက နို့ရည်ကို လက်နဲ့ဖြစ်စေ၊ နို့ညှစ်ကိရိယာ (Breast pump)နဲ့ဖြစ်စေ ညှစ်ယူ နိုင်ပါတယ်။ ပမာဏကိုတော့ လိုအပ်သလို ချင့်ချိန်နိုင်ပါတယ်။ အစပိုင်းမှာတော့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစ ကလေးငယ်လေးတွေမှာ ဖြစ်နိုင်တဲ့ အရေးပေါ်အခြေအနေများ။

မွေးကင်းစ ကလေးငယ်လေးတွေဟာ ဂရုမစိုက်မိရင် အချိန်မရွေး အသက်အန္တရာယ်ရှိနိုင်တဲ့ နုနုနယ်နယ် အရွယ်လေးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို အိမ်မှာပြုစုစောင့်ရှောက်တဲ့အခါမှာ ဘယ်လိုလက္ခဏာတွေက ပြသနာရှိနိုင်တယ်၊ ကလေးအတွက် အရေးကြီးတယ်ဆိုတာလေးကို သေသေချာချာ သိထားဖို့ လိုအပ်ပါတယ်။ အိမ်မှာ ကလေးငယ်ကို ကြည့်ရှုစောင့်ရှောက်နေရတဲ့ သူတိုင်း အောက်ပါ အချက်တွေကို သတိထားပေးရပါမယ်။ ၁။ ကလေးတွင် အသက်ရှုရခက်ခဲနေတဲ့ ရောဂါလက္ခဏာများ တွေ့ရခြင်း။ အသက်ရှုမြန်နေခြင်း (သို့) အသက်ရှုတာ ပုံမမှန်ဖြစ်နေခြင်း။ မျက်နှာ၊ နှုတ်ခမ်းတွေ ပြာနှမ်းလာခြင်း။ အသက်ရှုတဲ့ အခါမှာ အခက်အခဲဖြစ်နေတယ်လို့ ထင်ရခြင်း။ အသက်ရှုတဲ့အခါ ရင်ဘတ်ကြွက်သားများ၊ နံရိုးကြား ကြွက်သားများ ချိုင့်ဝင်သွားခြင်း။ အဆက်မပြတ် ချောင်းဆိုးခြင်း၊ တရွှီရွှီ အသံကြားရခြင်း။ စတဲ့ လက္ခဏာတွေ ဖြစ်လာမယ်ဆိုရင် ဆေးရုံကို အမြန်ဆုံးသွားဖို့ လိုအပ်ပါတယ်။ ၂။ ကိုယ်အပူချိန် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစကလေးငယ်များ အသားဝါ ခြင်းနဲ့ ပတ်သတ်တဲ့သိကောင်းစရာများ။

မွေးကင်းစကလေးငယ်တွေ အတော်များများဟာ မွေးပြီးရက်အနည်းငယ်အတွင်းမှာ အသားဝါ တဲ့ ပြသနာကို ကြုံတွေ့နေကြရပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ အသားဝါခြင်းဟာ တစ်ခါတစ်လေမှ သူ့ဘာသာ ပျောက်သွားနိုင်ပေမယ့် တစ်ခါတစ်လေမှာ အဝါဓာတ်က ဦးနှောက်ထဲထိရောက်သွားတဲ့အခါ မသန်မစွမ်းဖြစ်ခြင်း ၊ဉာဏ်ရည်ချို့တဲ့ ခြင်း တွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် မိမိကလေးမှာ အသားဝါလာတယ်၊ မျက်သားအဖြူနေရာမှာ ဝါလာတယ် ဆိုရင်တော့ မပေါ့လျော့ဘဲ ကလေးဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဘာ့ကြောင့် အသားဝါ ရသလဲ။ မွေးကင်းစကလေးငယ် အသားဝါခြင်းဟာ ကလေးငယ်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ အဝါဓာတ်ကို ဖြစ်စေတဲ့ billirubin လို့ခေါ်တဲ့ ပစ္စည်းတွေများလာတာကြောင့်ပါ။ မွေးကင်းစအရွယ် အသားဝါခြင်းကို ၁။ ဇီဝကမ္မ ဖြစ်စဉ်အရ အသားဝါခြင်း( physiological jaundice)နဲ့ ၂။ရောဂါ တစ်ခုခုကြောင့် ဖြစ်ရတဲ့ အသားဝါခြင်း (Pathological jaundice) ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ ၁။ ဇီဝကမ္မ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း