ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် ဖြည့်စွက်စာ တွေကို ဘယ်လို ကျွေးကြမလဲနဲ့ အခြားဂရုစိုက်သင့်သော အချက်များ။

မိခင်နို့ဟာ ကလေးငယ်တွေရဲ့ အသက် ၆လ အထိ ပြည့်၀ လုံလောက်တဲ့ အာဟာရဓါတ်ကို ပေးနိုင်တဲ့ တစ်ခုတည်းသောအရာ ဖြစ်တဲ့အတွက် အသက် ၆ လအထိ ကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ ဒါပေမယ့် အသက် ၆ လ ကျော်သွားတဲ့အခါမှာ နို့တစ်မျိုးတည်းနဲ့ မလုံလောက်တော့ဘဲ  ဖြည့်စွက်စာ တွေ ထည့်ကျွေးဖို့ လိုအပ်လာပါတယ်။ ဒီဆောင်ပါးလေးမှာတော့ ကလေးလေးအသက် ၆ လပြည့်ပြီးသွားတဲ့ ကလေးလေးတွေရဲ့ မေမေတွေအနေနဲ့ ကလေးရဲ့ဘယ်အသက်အရွယ်အလိုက် ဘာတွေ၊ ဘယ်လို ဖြည့်စွက် ကျွေးနိုင်တယ် ဆိုတဲ့အကြောင်းလေး မျှဝေပေးသွားချင်ပါတယ်။ ၁။ အသက် ၆လ မှ ၈လ အထိ မိခင်နို့ကိုတော့ ကလေးလေးစို့ချင်သလောက် ပေးစို့နိုင်ပါတယ်။ ဒါ့အပြင် ဖြည့်စွက်စာ အနေနဲ့ မိသားစုစားတဲ့ ထမင်းအိုးထဲက […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေး နို့ကောင်းကောင်း စို့နိုင်ဖို့

ကလေးတွေကို နို့တိုက်တဲ့အခါ မိခင်တွေ တော်တော်များများ အခက်အခဲတွေ့ရတာ တွေ့နေရပါတယ်။ အထူးသဖြင့် သားဦး မိခင်တွေပေါ့။ ကလေးနီတာရဲလေးကို မထိရဲ မကိုင်ရဲနဲ့ နို့လည်း ကောင်းကောင်း မတိုက်တတ်ပါဘူး။ နို့တိုက်တယ်ဆိုတာ မိခင်နို့ ကလေးပါးစပ်ထဲရောက်ရုံနဲ့ မပြီးပါဘူး။ မိခင်ရော သက်တောင့်သက်သာရှိရဲ့လား။ ကလေးရော သက်တောင့်သက်သာ ဖြစ်ရဲ့လား။ ကလေးဆီကိုရော နို့ကောင်းကောင်း ဝင်ရဲ့လား စတဲ့အချက်တွေကိုပါ ထည့်ပြီး စဉ်းစားရမှာပါ။ ဒီဆောင်းပါးလေးမှာတော့ ကလေးကို အနေအထား မှန်မှန် တိုက်နိုင်ဖို့ နည်းလမ်းတွေကို ပြောပြပေးပါမယ်။ ဘယ်လို နို့တိုက်ကြမလဲ။ စစချင်းမှာတော့ ဒီလိုပဲ နေသားကျဦးမှာ မဟုတ်သေးပါဘူး။ မှားလိုက် ပြင်လိုက်နဲ့ အမေရော ကလေးပါ အချိန်ယူပြီး သင်ရမှာပါ။ နို့တိုက်နိုင်တဲ့ပုံစံ အများကြီးရှိပါတယ်။ ထိုင်ပဲ တိုက်တိုက်၊ လှဲပဲ တိုက်တိုက်၊ ကလေးကို ရင်ဘတ်ပေါ်တင်ပြီးပဲ […]


ကလေးငယ်အာဟာရ

ဖြည့်စွက်စာ ကျွေးနည်း လမ်းညွှန်

မေမေတို့ ကလေး အသက်၆လ ကျော်ပြီဆိုတာနဲ့ ဘာကျွေးရင်ကောင်းမလဲဆိုပြီး ခေါင်းခဲတတ်ကြပါတယ်။ အရင်ကတော့ မိခင်နို့ပဲတိုက်တာဆိုတော့ လွယ်တယ်လေ။ ကရိကထလည်း မများဘူး။ ခုကလေးကို ဖြည့်စွက်စာ ကျွေးရတော့မယ်ဆိုတော့ ဘာတွေများ ကျွေးရမလဲ။ လူကြီးစားသလိုပဲ ကျွေးရမှာလား။ ကလေးနဲ့ မတည့်ရင် ဘယ်လို လုပ်မလဲ။ ဗိုက်ရောပြည့်ပါ့မလား စသဖြင့် တွေးစရာတွေ ရှိလာပါပြီ။ ဒီလိုမဖြစ်ရအောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ မိခင် ကလေး ကျန်းမာမှတ်တမ်းစာအုပ်ထဲက လွယ်ကူတဲ့ ဖြည့်စွက်စာ ကျွေးနည်းလမ်းညွှန် အကြောင်း ပြောပြပေးပါ့မယ်။ မိခင်နို့ ဆက်တိုက်ပါ။ ကလေးအသက် ၆လအထိ မိခင်နို့ တစ်မျိုးတိုက်ရပါတယ်။ ၆လကျော်သွားလည်း ဖြည့်စွက်စာတွေနဲ့အတူ မိခင်နို့ ဆက်တိုက်လို့ ရပါတယ်။ ကလေး အသက် ၂နှစ် ဒါမှမဟုတ် ၂နှစ်ကျော်တဲ့အထိ တိုက်လို့ရပါတယ်။ ဖြည့်စွက်စာ ကျွေးပါ။ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင် နို့တိုက် ကျွေးခြင်း လမ်းညွှန်

မေမေတွေအနေနဲ့ ကိုယ့်ကလေး ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့အတွက် ဘာကျွေးရမလဲဆိုတာ တကယ်ခေါင်းခဲစရာပါ။ ဒါလေးနဲ့ တည့်ပါ့မလား။ ဟိုဟာလေး ကျွေးရင်ရောနဲ့ ဗျာများတတ်ပါတယ်။ အထူးသဖြင့် မိခင်နို့ပဲ တိုက်ရမယ့် အချိန်မှာပေါ့။ ကိုယ်တိုင်သေချာ မသိတဲ့ အခါကျတော့ အရပ်ပြော စကားတွေနဲ့ ကလေးကို ကျွေးမိတတ်ပါတယ်။ မှန်တာလဲ ရှိသလို လွဲတာလည်း ရှိမှာပေါ့။ ဒီလို မဖြစ်ရအောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ဝေထားတဲ့ မိခင်ကလေး ကျန်းမာ စာအုပ်မှာ ပါဝင်တဲ့ မိခင် နို့တိုက် ကျွေးခြင်းနဲ့ ဖြည့်စွက်စာကျွေးနည်း လမ်းညွှန်ကို ပြောပြပေးချင်ပါတယ်။ ဒါကို သိထားရင် ကိုယ့်အားကိုယ်ကိုးပြီး ကလေးကို စောင့်ရှောက်နိုင်မှာပါ။ နည်းလမ်း အမှားတွေကိုလည်း မသုံးမိတော့ဘူးပေါ့။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက် မိခင်များ အတွက် အရင်ဆုံးမှာချင်တာက ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ […]


ကလေးငယ်အာဟာရ

ကလေးတို့အတွက် ဖော်မြူလာနို့မှုန့် (Infant milk formula) ရဲ့ ကောင်းကျိုး ၁၀ ချက်

ကလေးတွေ ကျန်းမာစေဖို့ဆိုရင် အာဟာရဓာတ်တွေ ပြည့်ဝစုံလင်စွာ မှီဝဲပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဖို့ လိုအပ်ပါတယ်။ ကိုယ်ကလည်း ကျန်းမာ၊ စိတ်ကလည်းချမ်းသာနေမယ်ဆိုရင် ကလေးတွေဟာ ခန္ဓာကိုယ်ရော ဦးနှောက်ပါ ဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းလာမှာပါ။ ဒီလို ကျန်းမာသန်စွမ်းဖို့ဆိုရင် မိခင်နို့ကို အဓိကတိုက်ကျွေးဖို့ လိုအပ်ပါတယ်။ မိခင်တိုင်းဟာ မွေးကင်းစကလေးတွေကို အသက် ၆ လအရွယ်ရောက်တဲ့အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်သင့်ပါတယ်။ မိခင်နို့မှာ အစားမထိုးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတာကြောင့် ၆လ ကျော်လွန်သွားချိန်မှာလည်း ဖြည့်စွက်စာနဲ့အတူ ဆက်လက်တိုက်ကျွေးနိုင်ပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မိခင်နို့ဆက်မတိုက်နိုင်တော့ရင် မိခင်နို့နဲ့အတူ တွဲဖက်တိုက်ကျွေးဖို့ နို့မှုန့် (Infant milk formula) တွေကို အသုံးပြုနိုင်ပါတယ်။ Infant milk formula တွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးကြီးထွားမှုနဲ့ ကျန်းမာသန်စွမ်းမှုတွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ Infant milk formula […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ သက်သာစေဖို့

ဘေဘီလေးတွေ ဆော့ကစားရင်းဖြစ်ဖြစ် မြက်ခင်းလို နေရာမျိုးတွေပေါ်မှာ လမ်းလျှောက်ရင်းက ဖြစ်ဖြစ် မတော်တဆ ပုရွက်ဆိတ် ကိုက်ခံရတာမျိုး ဖြစ်နိုင် ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဘေဘီလေးကို ဘယ်လို သက်သာအောင် လုပ်ပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ ဖေဖေမေမေတို့ရေ.... ဘေဘီလေးတွေ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ သက်သာစေဖို့ ဘေဘီလေးတွေ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ နောက်ဆက်တွဲ ထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် ရှားစောင်းလက်ပပ် ပုရွက်ဆိတ် ကိုက်ခံရတဲ့နေရာကို ရှားစောင်းလက်ပပ် အတွင်းသားနဲ့ ပွတ်ပေးလိုက်ပါ။ အရေပြား ယားယံတာ နဲ့ နီမြန်းတာတွေကို သက်သာစေမှာပါ။ ရေခဲဝတ် ကပ်ပါ ပုရွက်ဆိတ် ကိုက်ခံရတယ်ဆိုတာကို သိသိချင်း ရေခဲတုံးတွေကို တဘက်စသန့်သန့်ထဲထည့်ပြီး ကပ်ပေးပါ။ ဒီလို ကပ်ပေးတာက ပုရွက်ဆိတ်ကိုက်တာ​ကြောင့် အရေပြား ယားယံတာနဲ့ ရောင်ရမ်းနီမြန်းတာကို သက်သာစေနိုင်မှာပါ။ ပျားရည် ပုရွက်ဆိတ်ကိုက်တဲ့နေရာကို ပျားရည်ခပ်ပါးပါးလေးလိမ်းပေးလို့ ၁၀ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး တို့ အသားလှဖို့ ဆောင်ရန်၊ ရှောင်ရန် တချို့

မေမေတို့ရဲ့ ဘေဘီလေး တွေကို အသားဖြူစေချင်၊ အသားလှစေချင်လွန်းလို့ သိပ်ဂရုစိုက်ပေးကြတယ် မဟုတ်လား။ ပင်ကိုယ် ကိုက နုနယ်၊ နူးညံ့လွန်းတဲ့ အရွယ်လေးတွေဆိုတော့ လူကြီးတွေလို အသားအရေထိန်း ပေးလို့လည်း မရဘူးလေ။ တကယ်လို့ ဂရုစိုက်ပုံ မှားနေခဲ့ရင် ကလေးအသားအရေ၊ ကလေးအရေပြားမှာ ထိခိုက်ရနိုင်ခြေ များပါတယ်။ ဒါ့ကြောင့်ပဲ ဘေဘီလေး တို့ရဲ့ အသားအရေ ကျန်းမာစေဖို့ ဒီအချက်တွေ မေမေတို့ သတိထားပေးပါနော်။ ဘေဘီလေး တွေကို ရေချိုးဖို့ မလောပါနဲ့။ လူကြီးတွေရဲ့ အရေပြားထက် အဆပေါင်းများစွာ ပိုနုတဲ့အပြင် သူတို့လေးတွေရဲ့ အသားအရေ ခြောက်သွေ့သွားရင် ဓာတ်မတည့်မှုတွေ၊ အရေပြားပြဿနာတွေလို အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ရေချိုးတဲ့ ကလေးအရေပြားမှာ ရှိနေတဲ့ သဘာဝအဆီလေးတွေ အကုန်ပါသွားနိုင်လို့ပေါ့။ ဒါ့ကြောင့်‌ နေ့တိုင်း ရေမချိုးပေးပါနဲ့။ တစ်ပတ်သုံးကြိမ်လောက်ပဲချိုးပေးပါ။ သန့်စင်ပေးတဲ့အခါ ဂရုစိုက်ပါ။ တစ်လဝန်းကျင် ဘေဘီလေးကို တစ်ပတ်နှစ်ကြိမ်၊ […]


ကလေးငယ်အာဟာရ

ဘေဘီလေးတို့ ကိုယ်ခံအားတိုးစေမယ့် စားစရာလေးများ

နုနယ် ငယ်ရွယ်လွန်းတဲ့ ဘေဘီလေးတွေကို ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ရပါမယ်။ ဒီလို ဂရုစိုက်တဲ့အခါ အရေးကြီးဆုံးက အာဟာရဖြစ်အောင် ပြင်ဆင်ပေးဖို့ပါ။ အာဟာရဖြစ်အောင် ပြင်ဆင်ပေးပြီးရင်လည်း ကလေးက စားမှ အာဟာရပြည့်ဝမှာပါ။ ဒီတော့ ဘေဘီလေးတွေလည်း ခံတွင်းလည်းတွေ့ ကိုယ်ခံအားလည်း ပြည့်စေမယ့် စားစရာလေးတွေအကြောင်း မေမေတို့ သိအောင် ဝေမျှပေးမယ်နော်။ ဘေဘီလေးတို့ ခံတွင်းတွေ့စေမယ့် ကိုယ်ခံအားဖြည့် စားစရာလေးတွေက ဘာတွေများလဲ................ ဘေဘီလေးက ကိုယ်ခံအားကောင်းတဲ့  ကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘေဘီလေးကို ဒီ အစားအစာလေးတွေနဲ့ မိတ်ဆက်ပေးဖို့ လိုပါမယ်။ ဒိန်ချဉ် - ဒိန်ချဉ်မှာ ဘေဘီလေးတို့ရဲ့ အစာခြေစနစ်ကို စောင့်ရှောက်ပေးမယ့် အကျိုးပြုဘက်တီးရီးယား (probiotics) တွေပါနေလို့ပါ။ ဒီသက်ရှိဘက်တီးရီးယားလေးတွေက အူနံရံတွေကို ကျန်းမာစေပြီး အာဟာရ စုပ်ယူမှုကိုကောင်းစေသလို ဝမ်းဗိုက်နဲ့ အစာခြေစနစ် ပြဿနာ ကင်းစေနိုင်ပါတယ်။ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးကို မိခင်နို့ တဖက်တည်း နဲ့ တိုက်ရင် ဘာတွေ ဖြစ်နိုင်လဲ။

မိခင်နို့ တိုက်ခြင်းဟာ ကလေးလေးရော၊ မိခင်အတွက်ပါ ကောင်းကျိုးတွေ အများကြီးရစေနိုင်တဲ့ အပြင် ကလေးလေးနဲ့ မေမေကြား သံယောဇဉ်လည်း တိုးစေနိုင်တဲ့ ထူးခြားတဲ့ အချိန်လေးတစ်ခုပဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ မိခင်တွေဟာ ကလေးလေးကို နို့ နှစ်ဖက်လုံးနဲ့ တစ်လှည့်စီ တိုက်ကျွေးကြပါတယ်။ ဒါပေမယ့် တချိုု့သော မိခင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် (ဥပမာ- မိခင် (သို့) ကလေးက တစ်ဖက်ဖက်ကို ပိုအားသန်တာကြောင့် ဖြစ်စေ၊ နို့တစ်ဖက်ဖက်က အထွက်နည်းတာ (သို့) နို့မထွက်တာမျိုးကြောင့် ဖြစ်စေ၊ နို့တိုက်တဲ့ ပုံစံ မမှန်တာကြောင့် ဖြစ်စေ၊ အမေရဲ့ နို့တစ်ဖက်ဖက်က နာတာ၊ရောင်တာ တစ်ခုခုကြောင့်ဖြစ်စေ) နို့တစ်ဖက်တည်းနဲ့ တိုက်ရတာမျိုးတွေ ရှိတတ်ကြပါတယ်။ အဲဒီလို မိခင်တွေအတွက် ဘာတွေဖြစ်နိုင်လဲ ဘယ်လိုလုပ်သင့်တယ်ဆိုတာလေးကို ဒီဆောင်းပါးလေးမှာ ပြောပြပေးမှာပါ။ ၁။ ကလေးလေးအတွက် နို့မဝခြင်း။ ပထမဦးဆုံး […]


မိခင်နို့တိုက်ကျွေးခြင်း

အလုပ်များတဲ့ မေမေတွေ မိခင်နို့ကို စနစ်တကျ ဘယ်လိုပြင်ဆင်ပေးထားခဲ့မလဲ။

မိခင်နို့ ဟာ မွေးကင်းစ ကလေးလေးတွေအတွက် ပြီးပြည့်စုံတဲ့ အာဟာရဓာတ်ပေးနိုင်တဲ့ တစ်ခုတည်းသော အဖော်မွန်လေးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကလေးလေးတွေရဲ့ အကောင်းဆုံး ကျန်းမာရေးကို ပေးစွမ်းနိုင်ဖို့ အတွက် အသက်၆လအထိ မိခင်နို့ တစ်မျိုးတည်းကိုပဲ တိုက်ကျွေးသင့်တယ်လို့ ကျန်းမာရေးအသိပညာပေးကြတာတွေ တွေ့ဖူးကြမှာပါ။ တကယ်လည်း မိခင်နို့တိုက်ကျွေးခြင်းက ကလေးလေးကိုရော မေမေကိုပါ ကောင်းကျိုးတွေ များကြီးဖြစ်စေပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီနေ့ခေတ်ကြီးမှာ မိခင်တော်တော်များများက ကိုယ်ပိုင်အလုပ်တွေ လုပ်ပြီး စီးပွားရှာနေကြရတဲ့သူတွေ ဖြစ်နေကြတဲ့အတွက် တရားဝင်မီးဖွားခွင့် ပြည့်သွားတဲ့အခါ အလုပ်ပြန်ဆင်းရပြီး ကလေးလေးကို ခြောက်လ ပြည့်တဲ့အထိ အနီးကပ် နို့မတိုက်နိုင်ကြတာမျိုးတွေ ရှိကြပါတယ်။ အဲဒီလိုဆိုရင် အလုပ်လုပ်နေတုန်း ကလေးကို နို့လာတိုက်ဖို့က အဆင်မပြေတာမျိုး၊  ဒီလိုမှ မဟုတ်ဘဲ အကြောင်းကိစ္စတစ်ခုခုကြောင့် ခဏတာ ကလေးနဲ့ မရှိနိုင်တာမျိုးမှာ ကလေးအတွက် မိခင်နို့ကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း