ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက် ခြင်းအနုပညာ

မိခင်နို့ဟာ မွေးကင်းစကလေးငယ်လေးတွေ အားလုံးအတွက် ပြီးပြည့်စုံတဲ့ အာဟာရ ဖြစ်ပြီး မိခင်ရော၊ ကလေးလေးတွေအတွက်ပါ ကောင်းကျိုးတွေ အများကြီးရစေနိုင်တဲ့ အတွက် ကလေးငယ်လေး အားလုံးကို အသက်၆လထိ မိခင်နို့ တစ်မျိုးထဲကိုသာ တိုက်ကျွေးကြဖို့ တိုက်တွန်းထားပါတယ်။ အဲဒီ ခြောက်လ အတွင်း အခြားဖြည့်စွက်စာ မကျွေးခင်ကာလမှာ မိခင်တွေဟာ ကလေးငယ်လေးတွေကို တစ်နေ့မှာ ခုနှစ်ကြိမ်၊ ရှစ်ကြိမ် ကနေ ဆယ်ကြိမ်လောက်အထိကို နို့တိုက်ကျွေးနေကြရပါတယ်။ တစ်ခါတိုက်ရင်လည်း ၁၅ မိနစ်မှ မိနစ် ၃၀ ပတ်ဝန်းကျင် လောက်ကြာတတ်ပါတယ်။ တစ်ချို့ မိခင်တွေက နို့တိုက် နည်း ပုံစံ မမှန်တဲ့ အခါမှာ ကလေးနို့မဝဘဲ လိုတာထက်ပိုကြာတာမျိုးတွေလည်း ဖြစ်တတ်ကြပါတယ်။ မိခင်နို့ကို နေ့စဉ်နေ့တိုင်း တိုက်ရတာဖြစ်တဲ့အတွက် သက်သက်သာသာ၊ အချိန်တိုတိုနဲ့ ထိရောက်မှုရှိဖို့က အရေးကြီးပါတယ်။ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးကို ဘယ်အချိန်ထိ နို့အာဟာရ တိုက်ကျွေးသင့်လဲ

နို့အာဟာရကလေ မေမေ့နို့ရည်ပဲ ဦးစားပေးရမှာပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ မရနိုင်တဲ့ကလေးတွေအတွက် ဖြည့်စွက်နို့အာဟာရတိုက်ကျွေးရပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးမှာ နို့အာဟာရဆိုတာ နှစ်မျိုးလုံးအပြင် နောက်ပိုင်း ကြီးပြင်းလာတဲ့အရွယ်ထိ သောက်လို့ရတဲ့ ဖြည့်စွက်နို့မှုန့်တွေကိုပါ ရည်ညွှန်းပါတယ်နော်။ ကလေးအတွက် အာဟာရဆိုရင် နို့ချိုတိုက်ကျွေးဖို့ရယ်၊ အစားစစားတတ်ဖို့ရယ်ပဲ မေမေတို့ ဦးစားပေးကြမှာပဲလေ။ အများအားဖြင့် ၆ လအရွယ်ထိ မိခင်နို့တိုက်ကျွေးဖို့ သိကြပေမယ့် ဘယ်အချိန်ထိ နို့တိုက်လို့ရလဲဆိုတာကိုတော့ အငြင်းပွားကြရပါတယ်။ အရပ်စကား အယူအဆမှား ဘယ်အချိန်ထိ နို့တိုက်သင့်လဲ၊ ဘယ်အချိန်မှာ နို့ဖြတ်သင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောကြတဲ့ စကားတွေ၊ အယူအဆတွေက အမျိုးမျိုးပါပဲ။ မေမေတို့ အတွေးများတတ်တဲ့ အချက်လေးတွေ မှန်းပြီးပြောကြည့်မယ်နော်။ ၆ လကျော်ရင် နို့မတိုက်ရတော့ဘူး။ ဖြည့်စွက်စာနဲ့ အစာအမာ စားတတ်ရင် နို့အာဟာရ အရေးမကြီးတော့ဘူး။ နို့ဖြတ်တဲ့အရွယ်နောက်ပိုင်း နို့အာဟာရ မလိုတော့ဘူး။ အစားအစုံစားတတ်ရင် […]


မိခင်နို့တိုက်ကျွေးခြင်း

ကိုယ်ဝန်ဆောင်မေမေ နို့ဆက်တိုက်လို့ ဖြစ်ပါ့မလား..........

ပထမ မွေးထားတဲ့ သားသားမီးမီးလေးတွေက ၂ နှစ် မပြည့်ခင်မှာ မေမေက နောက်ထပ် ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရပြီဆိုရင် မေမေတိုင်း သိချင်နေမယ့် မေးခွန်းလေးတစ်ခု ရှိနိုင်ပါတယ်။ ဒါကတော့ ၂ နှစ်မပြည့်ခင်အထိ မိခင်နို့တိုက်ပါဆိုတော့ ပထမ ကလေးကို မိခင်နို့ချို ဆက်တိုက်လို့ ရမလားဆိုတဲ့ ကိစ္စပါ။ ဒီ ကိစ္စကို ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ။ ကိုယ်ဝန်ရှိနေချိန်မှာ နို့ဆက်တိုက်လို့ ဖြစ်ပါ့မလား.............. ကိုယ်ဝန်ဆောင်နေရချိန်မှာ ကလေးက နို့ဖြတ်ဖို့ အဆင်မပြေသေးတဲ့ အရွယ်ဖြစ်နေမယ်ဆိုရင် နို့ဆက်တိုက်ပါ၊လို့ ပြောပါရစေ။ ဒါက မေမေ့ကိုရော ဘေဘီလေးကိုပါ ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒိလိုနို့တိုက်တာ​ကြောင့် ဗိုက်ထဲက ဘေဘီလေးဆီကို အာဟာရ ပြည့်ဝလုံလောက်စွာ မရမှာကိုလည်း စိုးရိမ်နေနိုင်ပါတယ်။ တကယ်ကတော့ ဒီလိုမဖြစ်ပါဘူး။ မေမေကသာ အာဟာရပြည့်ဝအောင် စားမယ်ဆိုရင် ဗိုက်ထဲက ဘေဘီလေးလည်း အာဟာရ […]


မိခင်နို့တိုက်ကျွေးခြင်း

မေမေတွေ ဘာလို့ ကလေးကို ရေတိုက် ချင်ရတာလဲ။

ခုထက်ထိ မေမေတွေမှာ ရှိတဲ့ ပြဿနာကတော့ ကလေးကို ရေတိုက်တာပါပဲ။ ဘယ်လောက်ပဲ ပညာတွေ ပေးနေပေမယ့်လည်း ကလေးကို ရေတိုက် နေတုန်းပါပဲ။ နောက်ပြီး တကယ်သိ တကယ်နားလည်တဲ့ မေမေတွေကျတော့လည်း မိဘဆွေမျိုးတွေကို မလွန်ဆန်နိုင်တာနဲ့ပဲ တိုက်ရပြန်ရော။ တစ်ခါ ကိုယ့်ကလေးကို အပ်ပြီး အလုပ်ထွက်လုပ်ပြန်တော့လည်း အလစ်မှာ ရေခိုးတိုက်ကြပြန်ရော။ ဆိုတော့ ဒီလောက် အကြိမ်ကြိမ်အခါခါ ပြောနေပါလျက်နဲ့ ဘာကြောင့် ဒီရေကိုချည်း အတင်းတိုက်ဖို့ ကြိုးစားနေကြတာလဲ။ သူတို့မှာ ဘာအခက်အခဲတွေ ရှိနေလို့လဲ။ ဆက်ကြည့်ရအောင်။ မေမေတွေ ဘာလို့ ကလေးကို ရေတိုက် ချင်ရတာလဲ။ (၁) "နင်တောင် ရေသောက်သေးတာ၊ ကလေး က ရေဆာမှာပေါ့။" မွေးစ ကလေးက ရေတွေ ဘာတွေ မသိပါဘူး။ ဒီအချိန်မှာ သူ့အတွက် အကောင်းဆုံးက မိခင်နို့ပါ။ ကလေးအတွက် […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ.........

ဘေဘီလေးကို ဉာဏ်ကောင်းစေချင်တဲ့ဆန္ဒ မိဘတိုင်းမှာ ရှိမယ်ထင်ပါတယ်။ ဒီတော့ ဘေဘီလေး ဉာဏ်ကောင်းအောင် ဘာတွေကျွေးရမလဲ သိချင်နေတဲ့ မေမေတွေများ ရှိလား...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။ ဘေဘီလေး ဉာဏ်ကောင်းစေဖို့ ဒါတွေကျွေးပါ ဘေဘီလေးကို ဉာဏ်ကောင်းစေဖို့ဆိုရင် အခွံမာသီးတွေ ပရိုတင်း၊ fatty acids၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် စိတ်ခံစားမှုကိုကောင်းစေပြီး ဦးနှောက် နဲ့ အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မြေပဲနဲ့ မြေပဲထောပတ်တွေမှာဆိုရင် အာရုံကြောရဲ့ အပေါ်ယံအမြှေးပါးကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တစ်မျိုးဖြစ်တဲ့ ဗီတာမင် E ကြွယ်ဝ စွာ ပါဝင်နေပါတယ်။ သီရာမင်း ကလည်း ဦးနှောက် နဲ့ အာရုံကြော စနစ်ကို ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဥအမျိုးမျိုး ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ အစားအစာတစ်မျိုးပါ။ ဥအမျိုးမျိုးမှာပါတဲ့ ပရိုတင်း […]


မိခင်နို့တိုက်ကျွေးခြင်း

အသက် (၂) နှစ်နဲ့အထက် ကလေးတွေကို မိခင်နို့ ဆက်တိုက်ရဦးမလား

ပုံမှန်အားဖြင့်တော့ ကလေး မွေးကင်းစမှ အသက် ၆လ ပြည့်တဲ့အချိန်ထိကို မိခင်နို့ တစ်မျိုးတည်းသာ မဖြစ်မနေ တိုက်ရမှာပါ။ မိခင်နို့မှာ ကလေး ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ အကုန်ပါဝင်သလို ကလေးကိုလည်း ကျန်းမာစေနိုင်တယ်။ ၆လ မပြည့်သေးသ၍ မိခင်နို့ကလွဲပြီး ဘယ်လို အရာမှ ကျွေးလို့၊ တိုက်လို့ မရပါဘူး။ ရိုးရိုး ရေသန့်တောင် တိုက်လို့ မရပါဘူး။ ရေက မသန့်ရှင်းရင် ကလေးအတွက် ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ နေမကောင်းတာတွေ ဖြစ်စေနိုင်လို့ပါ။ မိခင်နို့ တိုက်ခြင်းရဲ့ ကောင်းကျိုးတွေက ဘာဖြစ်မလဲ။ ၁။ ကလေးအတွက် တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ် အကုန်လုံးကို မိခင်နို့ရည်ကနေ ရရှိနိုင်တယ်။ ၂။ ကလေးကို ဉာဏ်ကောင်း ထူးချွန်စေမယ့် DHA ဓာတ်တွေ၊ အရိုးနဲ့ သွား ကြံ့ခိုင်စေဖို့ ကယ်လ်စီယမ်ဓာတ်တွေ၊ […]


ကလေးငယ်အာဟာရ

ကလေးရဲ့ ရက်တစ်ထောင်ဖွံ့ဖြိုးမှု ခရီးရှည် ဘယ်လိုအားဖြည့်ပေးမလဲ

မေမေ့ဗိုက်ထဲမှာတည်းက အစပြုခဲ့တဲ့ ကလေး ရဲ့ ဖွံ့ဖြိုးမှု လမ်းခရီးဟာ ရက် ၁၀၀၀ အတွင်း အရေးကြီးဆုံး ဆိုတာ သိပြီးကြပြီလား။ ဒီရက်တစ်ထောင်ဟာ ကိုယ့်ရဲ့ကလေး ဘယ်လိုဖွံ့ဖြိုးလာမလဲ၊ ဉာဏ်ရည်ဘယ်လောက်ထိရှိလာမလဲ၊ ဘယ်လောက်ထိ ကျန်းမာကြံ့ခိုင်မလဲဆိုတာကို အဆုံးအဖြတ်ပေးနိုင်တဲ့ အရေးကြီးတဲ့ကာလလို့ ဆိုနိုင်ပါတယ်။ အရေးကြီးတဲ့ ဒီကာလ အတွင်းမှာ မှန်ကန်တဲ့ အာဟာရ ထောက်ပံ့မှုတွေ ရနိုင်မှ ကလေးက ထွားမယ်၊ ဉာဏ်ရည် ဖွံ့ဖြိုးမယ်၊ သင်ယူ လေ့လာနိုင်မယ်၊ မေမေတို့ ဖြစ်စေချင်တဲ့ ဖွံ့ဖြိုးမှုတွေ အကုန် ရနိုင်မယ်လေ။ ဒီရွှေအိုရောင်အခွင့်အရေးကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် ကိုယ်မျှော်မှန်းထားသလောက်မဖြစ်လာနိုင်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဘာလို့ အရေးကြီးတာလဲ ကလေး ပြုစုစောင့်ရှောက်တဲ့ နေရာမှာ ပြုမူဆက်ဆံပုံတွေ၊ ထိန်းကျောင်းနည်းတွေ၊ စိတ်ပိုင်းဆိုင်ရာ အားပေး ပျိုးထောင်တာတွေ လည်း အရေးပါပေမယ့် ဒီလို ကလေးရဲ့ပထမဆုံး ရက် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

တစ်နှစ်အောက် ကလေး ရုတ်တရက်သေဆုံး ခြင်း

ဒါကို ဆေးပညာအရ Sudden infant death syndrome (SIDS) လို့ ခေါ်ပါတယ်။ တစ်နှစ်အောက် ကလေးတစ်ယောက် အကောင်းကြီးကနေ ရုတ်တရက် (အထူးသဖြင့် အိပ်နေချိန် အတွင်းမှာ) သေဆုံးသွားလို့ရှိရင် ဒီလိုခေါ်ပါတယ်။ ပုခက်တွင်း ရုတ်တရက်သေဆုံး ခြင်းလို့လဲ ခေါ်ပါတယ်။ အကြောင်းက တော်တော်များများကို ပုခက်ထဲမှာ သေလျက် အနေအထားနဲ့ တွေ့ရလို့ပါ။ သေရတဲ့ အကြောင်းရင်းကို မသိပေမယ့် ယူဆကြတာက ကလေးရဲ့ ဦးနှောက်မှာ အသက်ရှူတာနဲ့ ပြန်နိုးထတဲ့ အပိုင်းက မွေးရာပါ ချို့ယွင်းချက်ရှိနေလို့ပါတဲ့။ ဒီလို အခြေအနေမှာ တချို့သော အပြုအမူတွေက ကလေးကို အန္တရာယ်ဖြစ်စေပါတယ်။ ဒါတွေက ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။ ဘာလို့ ကလေးတွေ ရုတ်တရက်သေဆုံး ရတာလဲ။ ကလေးမှာရှိတဲ့ နဂိုရောဂါအခံ ရှိလို့ပဲဖြစ်ဖြစ်၊ အိပ်တဲ့ ပုံစံမမှန်လို့ပဲဖြစ်ဖြစ် ရုတ်တရက်သေဆုံး နိုင်ချေ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကိုယ့်နေအိမ်ထဲမှာ ရင်သွေးလေးတွေကို ထိခိုက်စေနိုင်တဲ့နေရာ အမြောက်အများရှိနေတာ သိကြရဲ့လား

ကိုယ့်ရဲ့ ရင်သွေးလေးကို အိမ်မှာ ပြုစုစောင့်ရှောက်ကြပြီဆိုတဲ့အခါမျိုးမှာ ဘေဘီလေး ဘေးအန္တရာယ်ကင်းကင်း၊ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာအောင် ထားရှိနိုင်ဖို့က မိဘတိုင်းရဲ့ မျှော္လင့်ချက်ဖြစ်ပါတယ်။ ရင်သွေးလေးတွေဆိုတာလည်း အရာရာကို ပြည့်ပြည့်ဝဝနားမလည်နိုင်သေးကြသူတွေမို့ ပစ္စည်းတွေ ဆွဲချတာမျိုး၊ တွေ့ကရာကောက်ဝါးမိတာမျိုးတွေ မကြာခနပြုမူတတ်ကြတယ်လေ။ တစ်ခါတစ်ရံမှာ ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့် ဘေဘီလေးတွေ တစ်စုံတစ်ရာ ထိခိုက်မိရင် အရင်ဆုံး ရင်ပူရ၊ စိတ်သောက ရောက်ရတာက မိဘတွေကိုယ်တိုင်၊ ကိုကို မမ၊ ဘိုးဘိုး ဘွားဘွားတွေ ကိုယ်တိုင်ပါပဲ။ မိမိရဲ့ နေအိမ်ထံမှာ ဘေဘီလေးတွေကို ထိခိုက်စေနိုင်တဲ့ နေရာတွေ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ နေရာတွေ ရှိနေတာကို ကြိုတင်သတိပြမိထားမယ်ဆိုရင် ဒီပြဿနာကို အတော်များများ ဖြေရှင်းလို့ရနိုင်မှာဖြစ်သလို ရင်သွေးလေးကိုလည်း ကောင်းကောင်းကာကွယ်နိုင်မှာပါ။ ဒီတော့ ဘေဘီလေးတွေကို ဘေးအန္တရာယ်ဖြစ်စေနိုင်မယ့် နေရာတွေကို ကြိုတင်သိထားအောင် ပြောပြပေးချင်ပါတယ်။ ရင်သွေးလေးတွေကို ထိခိုက်စေနိုင်တဲ့ မိမိ အိမ်တွင်းက […]


ကလေးငယ်အာဟာရ

ဘေဘီလေး နဲ့ ကယ်လ်ဆီယမ်

ဘေဘီလေးတစ်ယောက် ကောင်းမွန်ကြီးပြင်းစွာ အရွယ်ရောက်လာ စေဖို့ဆိုရင် ငယ်စဉ်ကတည်းက လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝဖို့ လိုမှာပါ။ ဒီလိုပြည့်ဝဖို့ လိုအပ်တဲ့ အာဟာရတွေထဲကမှ အရိုးနဲ့ သွားတွေကို အကောင်းဆုံး သန်မာစေတယ်လို့ သိထားကြတဲ့ ကယ်လ်ဆီယမ် အကြောင်းလေး ပြောပြပေး ပါရစေနော်။ ဘေဘီလေး နဲ့ ကယ်လ်ဆီယမ် မွေးစမှာ ဘေဘီလေးတွေက လိုအပ်တဲ့  အာဟာရတွေကို မေမေ့နို့ကနေ အကုန်လုံး ရယူရပါတယ်။ ဒီလိုကနေ အရွယ်ရောက် လာတဲ့အခါ နေ့စဉ် စားသုံးမှုကနေတဆင့် ကယ်လ်ဆီယမ်ကို ရယူကြပါတယ်။ ဒီလို ရယူတဲ့အခါ ဖွံ့ဖြိုးဆဲ အချိန်မှာ အပြည့်အဝ ရရှိဖို့ လိုပါမယ်။ ဒီလိုမှမဟုတ်ရင် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ ထိခိုက်တာ၊ အရွယ်ရောက်လာတဲ့အခါ ကြီးထွားဖွံ့ဖြိုးမှု အားနည်းတာ၊ အသက်အရွယ်ရလာတဲ့အခါ အရိုးပွတာ၊ အရိုးပါးတာလိုမျိုး ပြဿနာတွေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း