သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

သွားနှင့် ခံတွင်း သန့်ရှင်းရေး

ခံတွင်းအနံ့ဆိုး တာကို သက်သာစေမယ့် သကြားလုံး

ခံတွင်းအနံ့ဆိုး လို့ လူအများကြားမှာ စကားမပြောရဲတာမျိုး၊ စကားပြောရင်း အခြားသူက နှာခေါင်းကို ပွတ်လိုက်တဲ့အခါဖြစ်ဖြစ်၊ မျက်နှာ နည်းနည်းမဲ့သွားရင်တောင် ကိုယ့်ခံတွင်းက အနံ့ဆိုးထွက်နေလို့လားဆိုပြီး စိတ်မလုံခြုံသလို ခံစားနေရတာမျိုးရှိလား...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ခံတွင်းနံ့ဆိုးတာကို သက်သာစေမယ့် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတွေကို ပြောပြပေးထားပါတယ်။ ခံတွင်းအနံ့ဆိုး ဆိုတာဘာလဲ.... ခံတွင်းနံ့ဆိုး ဆိုတာက ပါးစပ်ကနေ အနံ့ဆိုးတစ်ခုခုထွက်နေတာပါ။ မနက်ခင်း အိပ်ရာထချိန်မှာတော့ တစ်ညလုံးအိပ်စက်နေချိန်မှာ ခံတွင်းထဲမှာ တံထွေးထွက်ရှိမှု နည်းတာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားတာကနေတဆင့် ခံတွင်းအနံ့ဆိုးဖြစ်နိုင်ပါတယ်။ မနက်ခင်း သွားမတိုက်ရသေးခင် မဟုတ်ဘူး၊ အနံ့ပြင်းတဲ့အစားအစာ တစ်ခုခု စားပြီးချိန်မဟုတ်ဘူး။ ဒါပေမယ့် ခံတွင်းအနံ့မကောင်းဘူးဆိုရင် သေချာတာက သင့်မှာ ခံတွင်းအနံ့ဆိုးရှိနေပါပြီ။ ဘာတွေကများ ခံတွင်းအနံ့ဆိုးစေတာလဲ...... ခံတွင်းအနံ့ဆိုးစေတဲ့ အချက်တွေကတော့ အများကြီးပါပဲ။ အစားအစာကြောင့် စားသောက်မှုပုံစံကြောင့် ခံတွင်းသန့်ရှင်းမှု အားနည်းလို့ သွား နဲ့ သွားဖုံးကျန်းမာရေး […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ခံတွင်းအနံ့ဆိုး စေသော အစားအစာ ၁၀မျိုး

တစ်နေ့တစ်နေ့ သွားလာလှုပ်ရှား အလုပ်လုပ်နေသူတွေအတွက် ခံတွင်းအနံ့ဆိုး တာက စိတ်ရှုပ်စရာပါ။ ကိုယ်တိုင်လည်း စိတ်ညစ်ရသလို သူများကိုလည်း အားနာရပါတယ်။ ခံတွင်းအနံ့ဆိုး တာက ခံတွင်းထဲမှာရှိတဲ့ စားကြွင်းစားကျန်တွေကို ဘက်တီးရီးယားတွေက ဖြိုခွဲလိုက်တဲ့အခါ အနံ့ဆိုးတွေ ထွက်လာလို့ပါ။ ဒါက ပုံမှန်ဖြစ်စဉ်ပါ။ တချို့သောအစားအစာတွေကတော့ ခံတွင်းနံ့ကို ပိုဆိုးစေပါတယ်။ သူတို့ကို ချေဖျက်ပြီးတဲ့အခါ ဓာတ်တွေက သွေးထဲကိုရောက်သွားပါတယ်။ အဲဒီကနေတဆင့် အဆုတ်ကိုရောက်ပြီး အသက်ရှူထုတ်လိုက်တဲ့အခါ အနံ့ပြန်ထွက်လာပါတယ်။ ဒါဆို ခံတွင်းနံ့ဆိုးထွက်စေတဲ့ ထိပ်တန်းအစားအစာ ၁၀ မျိုးကို ပြောပြပေးပါမယ်။ (၁) ကြက်သွန်ဖြူ ပါးစပ်နံစေတဲ့ အစားအစာကို ပြောပါဆိုရင် ပရိတ်သတ်အယောက် ၁၀၀ရဲ့အဖြေက ကြက်သွန်ဖြူပါပဲ။ ကြက်သွန်ဖြူ မှာပါတဲ့ ဆာလ်ဖာဓာတ်က ခံတွင်းအနံ့ဆိုးကို ဖြစ်စေပါတယ်။ (၂) ကြက်သွန်နီ နောက်တစ်ခုကတော့ ကြက်သွန်နီပါ။ ကြက်သွန်နီကလည်း ကြက်သွန်ဖြူလိုပဲ ဆာလ်ဖာပါတဲ့အတွက် ခံတွင်းအနံ့ကို ဆိုးစေပါတယ်။ […]


သွားနှင့်မေးရိုးခွဲစိတ်ကုသမှုများ

အံဆုံးသွားက နှုတ်ကိုနှုတ်မှ ဖြစ်မှာလား

အံဆုံးသွားဆိုတာ ဆယ်ကျော်သက်အရွယ် ကျွန်တော်တို့အံသွားတွေရဲ့ နောက်ဆုံးဘက်မှာ ပေါက်တဲ့ သွားကိုခေါ်တာပဲဖြစ်ပါတယ်။ အပေါ်နဲ့ အောက်၊ ဘယ်နဲ့ ညာ စုစုပေါင်း အံဆုံးသွား ၄ချောင်းပေါက်နိုင်ပြီး အခြေအနေပေါ် မူတည်၍ နှုတ်ရတာလည်းရှိသလို နှုတ်ဖို့မလိုတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုအခြေအနေမှာ အံဆုံးသွားက ပြဿနာဖြစ်တာလဲ။ အံဆုံးသွားပေါက်ကာစတော့ အနည်းနဲ့အများနာတတ်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ အံသွားအနောက်သွားဖုံးအတွင်းကနေ ဖောက်ပြီး အပြင်ကိုထွက်လာတာကြောင့် ဖြစ်ပါတယ်။ မေးရိုးက အံဆုံးသွား ထွက်လာနိုင်တဲ့အထိ မကြီးတဲ့အခါ ပုံမှန်အတည့်အတိုင်းထွက်မလာဘဲ အရှေ့မှာရှိနေတဲ့ အံသွားတွေနဲ့ တိုက်မိတာ၊ ဘေးကနေ ဖောက်ထွက်တာ၊ သွားဖုံးပေါက်နေတဲ့နေရာမှာ ဘက်တီးရီးယားပိုးဝင်ပြီး ကိုက်ခဲတာ၊ အလွန်အမင်းနာကျင်တာမျိုး ဖြစ်စေပါတယ်။ သွားဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ အံဆုံးသွားပေါက်နေတဲ့အနေအထားက ပုံမှန်မဟုတ်ဘူးဆိုတာ သိရတဲ့အချိန် အံဆုံးသွားဖယ်ရှားဖို့ကို အကြံပေးမှာဖြစ်ပါတယ်။ အံဆုံးသွား မနှုတ်ရင်ရော ရလား။ အံဆုံးသွားက ပုံမှန်လမ်းကြောင်းအတိုင်း ပေါက်နေတာမျိုး၊ အပြီးအစီးပေါက်ပြီးသွားလို့ နာကျင်တာ၊ သွေးထွက်တာမျိုး […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ဆားငန်ရည်နဲ့ ခံတွင်းကျန်းမာရေး အကျိုးပြုပုံ

ဆားငန်ရည်ဆိုတာ ခံတွင်းကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်တဲ့ အိမ်တွင်းဆေးဝါးတစ်လက်ပါပဲ။ သွား၊ လျှာ၊ သွားဖုံး၊ လည်ချောင်းကိုလည်း သန့်ရှင်းပေးတယ်။ သွားကိုက်၊ သွားနာ၊ အနာပေါက်တာ၊ ခံတွင်းအနံ့ဆိုးဖြစ်တာ၊ လည်ချောင်းနာတာ၊ သွားနှုတ်ပြီးချိန်မှာ သွားဖုံးထဲ ပိုးမဝင်စေဖို့နဲ့ အနာကျက်မြန်စေဖို့ ဆားငန်ရည်နဲ့ ပလုတ်ကျင်းတတ်ကြပါတယ်။ ဆားငန်ရည်နဲ့ ပလုတ်ကျင်းဖို့ သွားနဲ့ခံတွင်းဆရာဝန်တိုင်း ဘာလို့အကြံပြုတာလဲ။ အလွယ်ကူဆုံးနဲ့ ဘေးထွက်ဆိုးကျိုးမရှိသလောက် နည်းသလို အိမ်တိုင်းမှာလည်း ဆားတွေ အလွယ်တကူဆောင်ထားတတ်ကြတာဆိုတော့ သုံးဖို့လည်း အဆင်ပြေစေပါတယ်။ ကုန်ကျစရိတ်လည်း နည်းတယ်။ လုပ်ဖို့အတွက် အချိန်စက္ကန့်ပိုင်းလောက်ပဲ ပေးရတာကြောင့် ဆားငန်ရည်နဲ့ အမြဲပလုတ်ကျင်းဖို့ အကြံပြုရခြင်း ဖြစ်ပါတယ်။ ဆားငန်ရည်ဟာ ခံတွင်းကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုပေးနိုင်လဲ။ ၁။ ပါးစပ်ထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သန့်စင်ပေးတယ်။ သွားတိုက်တံနဲ့ အလွယ်တကူ မရောက်နိုင်တဲ့ သွားကြားထဲက ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးနိုင်တယ်။ ၂။ သွားသေချာမတိုက်ခြင်းကြောင့် အပေါ်ယံသွားကြွေလွှာပေါ် အကျိအချွဲတက်ခြင်းကို […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ရေခဲဝါးစားတတ်တာ အကျင့်ဖြစ်နေပြီလား။ သွားပျက်စီးမယ် သတိထား

ကလေး၊ လူငယ်၊ လူကြီးမရွေး တော်တော်များများမှာ ရှိနေတတ်တဲ့ အမူအကျင့်တစ်ခုပါ။ အအေးခွက်လေး သောက်နေရင်း ကုန်သွားတဲ့အခါ ခွက်အောက်မှာ ကျန်နေတဲ့ ရေခဲတုံးလေးတွေကို ပါးစပ်ထဲကောက်ထည့်ပြီး ဝါးစားပစ်လိုက်ရင် အရမ်းအရသာရှိတာပေါ့။ အဲ့လို ရေခဲလေး ဝါးစားလိုက်လို့ ကိုယ့်အတွက် ဘာအန္တရာယ်မှ မရှိလောက်ဘူးလို့ ထင်ရင်တော့ မှားသွားလိမ့်မယ်ဗျ။ ရေခဲဝါးစားခြင်း နောက်ကွယ်က ကြောက်စရာကောင်းတဲ့ အရာတွေ ၁။ ရေခဲတစ်တုံးရဲ့ အပြင်ထုထည်သည် အရမ်းမာလွန်းပါတယ်။ အဲ့လိုမာလွန်းတဲ့အရာတွေကို သွားနဲ့ မကြာခဏ ကိုက်ပြီးဝါးတဲ့အခါ သွားရဲ့ အပေါ်ယံကြွေလွှာကို ပျက်စီးစေသလို အသက်ငယ်ငယ်နဲ့ သွားတွေပွန်းပဲ့တာ၊ သွားကျိုးလွယ်တာ၊ သွားမကောင်းတာတွေ ဖြစ်တတ်ပါတယ်။ ၂။ ရေခဲကိုမှ တမ်းတမ်းစွဲ ဝါးမစားရမနေနိုင်ဖြစ်ခြင်းဟာ စားသောက်ပုံစံမမှန်တဲ့ စိတ်ရောဂါ (Eating Disorder) တွေထဲမှာ ပါဝင်ပါတယ်။ သူ့ကို Pagophagia သို့မဟုတ် Pica လို့လည်း […]


သွားပြဿနာများ

သွားအရောင် ပြောင်းစေနိုင်တဲ့ အစားအသောက်တွေ

တချို့တွေရှိတယ်၊ သွားပုံမှန်တိုက်တယ်၊ ခံတွင်းသန့်ရှင်းရေးကို သိပ်ဂရုစိုက်ပေမယ့်လည်း သွားလေးတွေ မဖြူလာဘူး။ သွားအရောင် ဝါတာတာလေးက ရှိနေတုန်းပဲ။ မသိရင် သွားပုံမှန်မတိုက်သလိုမျိုး အထင်ခံရပါသေးတယ်။ ကိုယ်သောက်သုံးနေရတဲ့ဆေးကြောင့် သွားတွေဝါတတ်တယ်ဆိုပေမယ့် အစားအသောက်တွေကြောင့်ရော မဖြစ်နိုင်ဘူးလား။ ဖြူစင်လှပမှုကို နှောင့်ယှက်နေတဲ့ အစားအသောက်တွေက - (၁) လက်ဖက်ရည် လက်ဖက်ရည်ချိုး ဆိုတဲ့စကားလုံး ကြားဖူးတယ်မဟုတ်လား။ လက်ဖက်ရည်ပန်းကန်လုံး၊ ရေနွေးအိုးတို့မှာဆို ချိုးတွေကပ်လာတတ်တယ်လေ။ သွားမှာလည်း ဒီလိုပါပဲ။ သောက်ပါများလာရင် လက်ဖက်ရည်က ကော်ဖီထက် အရောင်စွန်းထင်းမှုပိုများပါတယ်။ (၂) ဆော့စ် ဆော့စ်လေး နဲ့ တို့စားရတာ ပိုအရသာရှိပေမယ့် သူ့မှာ အရောင်ပါဝင်နေတဲ့ ပဲပိစပ်၊ ခရမ်းချဉ်သီး၊ အနှစ်တွေကြောင့် အရောင်စွန်းထင်းစေပါတယ်။ သိပ်မသိသာပေမယ့် ငရုတ်ဆီအချဉ်ရည်နဲ့ ဆော့စ်တွေ မကြာခဏစားတတ်၊ များများစားတတ်သူတွေမှာ ကြာရင် အရောင်ရှိလာမှာပါပဲ။ (၃) အချိုရည် အက်စစ်ဓာတ်ပါဝင်မှုများတဲ့ အချိုရည်တွေက သွားကိုထိခိုက်စေနိုင်ပါတယ်။ အရောင်ဆိုးဆေးပါတဲ့ အားဖြည့်အချိုရည်တွေဆို သွားကြွေလွှာကို ပျက်စီးစေပြီး […]


သွားပြဿနာများ

သွားဝါလာလို့ စိတ်ညစ်နေတဲ့ ကော်ဖီချစ်သူတို့အတွက် အကြံကောင်း (၅) ခု

မနက်မိုးလင်းလာရင် ကော်ဖီလေးသောက်လိုက်မှ လန်းဆန်းသွားတယ်။ နေ့လယ်အိပ်ငိုက်တဲ့အချိန် ကော်ဖီ သောက်ပြီး ခဏနားမယ်။ ညနေ ကော်ဖီဆိုင်မှာ စကားဝိုင်းစုမယ်။ ကော်ဖီကြိုက်တဲ့သူတွေ ကတော့ ဘာလုပ်လုပ်ကို သောက်မှာပဲ။ ကော်ဖီသောက်ရရင် ခရီးထွက်လိုက်ရသလိုကို အပန်းပြေလန်းဆန်းတာပါတဲ့။ ကဲ အခုတော့ သူတို့ စိတ်ညစ်နေရပြီ… ကိုယ့်လောက်သွားတိုက်တာ၊ အသန့်ကြိုက်တာ ကိုယ်ပဲရှိတယ်ဆိုပေမယ့် ဖြူစင်လှပတဲ့သွားတွေ ဖြစ်မလာတာ ရှိနိုင်ပါတယ်နော်။ အစားအသောက်ကြောင့်၊ ခံတွင်းသန့်ရှင်းရေးကြောင့်၊ ရောဂါကြောင့်၊ သောက်နေရတဲ့ဆေးဝါးတွေကြောင့် စတဲ့ သွားဝါစေတဲ့အကြောင်းရင်းတွေထဲမှာ ကော်ဖီကြောင့် ဆိုတဲ့အချက်လည်း ပါဝင်နေပါတယ်။ ဘာလို့ သွားဝါရတာလဲ ကော်ဖီ မှာပါဝင်တဲ့ tannins ဓာတ်ကြောင့် သွားမှာ ဒါမှမဟုတ် အဝတ်အစားတွေမှာ အရောင်ဒြပ်ပေါင်းတွေ ကပ်ငြိစေတတ်လို့ စွန်းထင်းတာတွေဖြစ်စေတာပါ။ သူတို့တွေ ကပ်ငြိတဲ့အခါ ဒါမှမဟုတ် သွားချေးတွေ၊ ဘက်တီးရီးယားတွေနဲ့ပါ ပေါင်းလိုက်တဲ့အခါ သွားကိုဝါစေတာပေါ့။ တစ်နေ့ကို ကော်ဖီတစ်ခွက်သောက်ရင်ပဲ သွားကိုအရောင်စွန်းထင်းစေနိုင်ပါတယ်။ ဘယ်လို […]


အခြားခံတွင်းရောဂါ ပြဿနာများ

ချောင်းဆိုးပျောက် ပူရှိန်းငုံဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ

ချောင်းဆိုးတယ်ဆိုတာက အချိန်မရွေး ရာသီမရွေး ဖြစ်နိုင်တဲ့ ရောဂါတစ်မျိုးပါ။ အအေးမိတုပ်ကွေးလို ရောဂါတွေကြောင့်ဖြစ်နိုင်သလို သာမန်ဖျားပြီးချိန်တွေမှာလည်း ချောင်းဆိုးဆက်မပြတ်ပဲ ကျန်ခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေများဆို လည်ချောင်းလေးတောင် နာပြီး ကျန်ချင်ကျန်ခဲ့တတ်ပါသေးတယ်။ များသောအားဖြင့်တော့ ခံရခက်တဲ့လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာကို သက်သာစေဖို့ Menthol ပါဝင်တဲ့ ချောင်းဆိုးပျောက် ပူရှိန်းဆေးပြားလေးတွေ (Menthol Lozenges ဒါမှမဟုတ် Sore Throat Lozenges) ငုံကြလေ့ရှိပါတယ်။ ပူပူရှိန်းရှိန်း၊ အနံ့ကလည်းမွှေးတေးတေး၊ အရသာလေးကလည်း စုံစုံနဲ့မို့ လူကြိုက်လည်းများလှပါတယ်။ ဒီဆေးပြားလေးတွေက ချောင်းဆိုးပျောက်ရုံတင်မက ခံတွင်းလည်း ရှင်းတာမို့ တစ်ချို့ ကြိုက်တတ်သူတွေက ဒီအတိုင်းဆောင်ထားပြီး ငုံတာမျိုးတောင် လုပ်တတ်ကြပါသေးတယ်။ ဒါပေမယ့်လည်း ဘယ်နေရာမှာမဆို တန်ဆေး လွန်ဘေးဆိုတဲ့ သတိပေးချက်ကလည်း ရှိနေတာကို သတိထားသင့်ပါတယ်။ ပူရှိန်းဆေးပြားတွေဟာ ရောဂါပျောက်ကင်းသက်သာစေဖို့ ထုတ်လုပ်ထားတာဖြစ်ပေမယ့် လိုအပ်တဲ့ ပမာဏထက် ပိုမိုလွန်ကဲစွာ အသုံးပြုမိမယ်ဆိုရင်တော့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းနံ့ဆိုးတာဘာလို့လဲ

ကျွန်တော်တို့တွေတစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်လုပ်ရင် စကားပြောဆိုပြီးဆက်သွယ်ကြတာပဲမဟုတ်ပါလား။ စကားပြောဖို့ပါးစပ်ဟလိုက်တိုင်း ခံတွင်းနံ့ဆိုးဆိုးကြီးထွက်နေရင် ဘယ်အဆင်ပြေမလဲနော်။ ဒါကြောင့် ဒီတစ်ခေါက် Hello Sayarwon ပရိတ်သတ်တွေကို ခံတွင်းနံ့ဆိုးစေတဲ့အကြောင်းတွေကိုရော ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာကိုပါ ပြောပြပေးချင်ပါတယ်။ ပါးစပ်ခံတွင်းနံ့ဆိုးရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ကိုယ်စားတဲ့အစားအသောက်နဲ့ဆိုင်သလို သွားနဲ့ခံတွင်းသန့်ရှင်းရေးအပေါ်လည်း မူတည်ပါတယ်။ ကျွန်တော်တို့စားသောက်လိုက်တဲ့အစားအစာတိုင်းကို ပါးစပ်ထဲမှာသွားတွေနဲ့ကြိတ်ဝါးပြီးဖြိုခွဲပါတယ်။ ကိုယ်က ကြက်သွန်လို အနံ့ပြင်းတဲ့အစားအစာတစ်ခုခုစားလိုက်မိရင် အဲ့ဒီအနံ့တွေက စားပြီးရင်တောင်ပါးစပ်ထဲမှာ စွဲပြီးကျန်နေမှာပါ။ ဘယ်လောက်ကောင်းတဲ့သွားတိုက်ဆေးသုံးသုံး၊ ပါးစပ်ဆေးရည်တွေနဲ့ ပလုတ်ကျင်းကျင်းအနံ့ပျောက်ဖို့မလွယ်ပါဘူး။ အစားအစာတွေကိုယ်ထဲကနေ လုံးဝထွက်သွားတဲ့အချိန်မှပဲ အနံ့သက်သာသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပွဲလမ်းသဘင်တစ်ခုခုသွားစရာရှိတယ်၊ အရေးကြီးအစည်းအဝေး တစ်ခုခုတက်စရာရှိတယ်ဆိုရင် ဒီလိုအနံ့ပြင်းတဲ့အစားအစာတွေ မစားမိဖို့ ဂရုစိုက်စေချင်ပါတယ်။ ကိုယ်စကားပြောတာနားထောင်ရလို့ တဖက်လူအနှောင့်အယှက်ဖြစ်သွားရင် ကိုယ့်အပေါ်လည်းအထင်သေးသွားနိုင်တယ်မဟုတ်လား။ နောက်ထပ်အဖြစ်များတဲ့အကြောင်းကတော့ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်တာပါ။ လူတိုင်းမနက်တစ်ခေါက်၊ ညနေတစ်ခေါက်သွားတိုက်သင့်တာ သိပေမဲ့ တကယ်ရောအဲ့ဒီအတိုင်းလိုက်နာကျင့်သုံးကြပါရဲ့လား။ သွားတိုက်တယ်ဆိုရင်လည်း အဖြစ်သဘောမျိုးတိုက်တာမဟုတ်ဘဲ သေချာစနစ်တကျနည်းလမ်းမှန်မှန်တိုက်ပါရဲ့လား။ သွားလည်းမှန်မှန်မတိုက်၊ တိုက်ပြန်တော့လည်း အဖြစ်လောက်ပဲတိုက်တဲ့သူဆို သွားကြားထဲမှာ စားကြွင်းစားကျန်တွေ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ကျန်းမာလှပတဲ့ သွား တွေ ပိုင်ဆိုင်နိုင်မယ့် နည်းလမ်း (၈) ခု

သွားကိုဖြူဖွေးစေဖို့ ဆေးခန်းမှာ သွားချေးချွတ်တာ၊ ချေးချွတ်သွားတိုက်ဆေးစတဲ့ ရွေးချယ်စရာနည်းလမ်းတွေက အများကြီးရှိပေမယ့် အမြဲတမ်းအတွက်တော့ အဆင်မပြေနိုင်ပါဘူး။ ခဏခဏချေးချွတ်တာက သွားကျန်းမာရေးအတွက် မကောင်းလို့ပါ။ သွားဆိုတာ အသက်ရှင်နေသမျှ စားရေးသောက်ရေးအတွက် အမြဲတမ်းသုံးနေရတဲ့အစိတ်အပိုင်းတစ်ခုမို့ မကြာခဏလည်း ဖြူစင်လှပမှုတွေ လျော့ပါးလာမှာပဲ။ ဒါ့ကြောင့် ဒီလိုတွေမကြာခဏသွားလုပ်နေစရာမလိုဘဲ သွားကျန်းမာရေးကို ပုံမှန်ဂရုစိုက်နိုင်ဖို့ ဘာတွေလိုမလဲ။ သွားနဲ့ခံတွင်းကို အမြဲဂရုစိုက်ရပါမယ်။ ကျန်းမာလှပတဲ့ သွားလေးတွေပိုင်ဆိုင်နိုင်မယ့် နည်းလမ်း (၈) ခုကို ဆက်ကြည့်လိုက်ပါဦး။ (၁) တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။ ခံတွင်းသန့်ရှင်းရေးက သွားကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒါ့ကြောင့် ထမင်းစားပြီးတိုင်း သို့မဟုတ် တစ်နေ့နှစ်ကြိမ် သွားတိုက်သင့်ပါတယ်။ တိုက်တဲ့အခါလည်း နှစ်မိနစ်အထိပဲကြာသင့်သလို သွားတိုက်တံကိုအနည်းငယ်စောင်းပြီး circular motion (စက်ဝိုင်းပုံသဏ္ဍာန် ဝိုက်ပြီး) သွားတိုက်သင့်ပါတယ်။ (၂) သွားတိုက်တံရွေးချယ်ပါ။ တွေ့ရာသွားတိုက်တံကို ဝယ်မသုံးပါနဲ့။ နူးညံ့တဲ့သွားတိုက်တံကိုရွေးချယ်ပါ။ သွားတိုက်တံက မာနေရင် သွားကြွေလွှာနဲ့သွားဖုံးတွေကို ထိခိုက်ပွန်းပဲ့စေနိုင်ပါတယ်။ (၃) သွားတိုက်တံကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း