သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

ဘေးကင်းတဲ့ သွားတိုက်ဆေး ရွေးချယ်ဖို့

သွားတိုက်ဆေး ဝယ်မယ်ဆိုရင် တချို့က အမှတ်တံဆိပ်ကိုကြည့်ပြီးဝယ်ကြတယ်၊ တချို့က ကိုယ်နဲ့သင့်တော်မယ့်အာနိသင်အမျိုးအစားကိုရွေးဝယ်တယ်၊ တချို့ကျတော့ အသစ်ထွက်လို့ဝယ်သုံးချင်တာတွေရှိတယ်။ သင်ရော သွားတိုက်ဆေးဝယ်မယ်ဆို ဘာကိုအဓိကထားပြီးရွေးဝယ်သလဲ။ ခုကတော့ကြော်ငြာအားကောင်းတဲ့ခေတ်မို့ လူသိများတဲ့အမှတ်တံဆိပ်တွေကို လိုက်သုံးတတ်ကြပြီးနောက်လည်း ဒီတံဆိပ်တစ်ခုဆိုတစ်ခုပဲ ကြာကြာသုံးတတ်ကြပါတယ်။ ဒီတံဆိပ်ဖြစ်ရင်ပြီးရော အမျိုးအစားခွဲထားတာတွေလည်းသေချာမကြည့်ကြတော့တဲ့သူများပါတယ်။ ကိုယ်ဝယ်သုံးနေတဲ့ သွားတိုက်ဆေးက ဘာတွေပါဝင်နေသလဲ၊ ဘေးကင်းစိတ်ချရရဲ့လားဆိုတာ တစ်ချက်တွေးမိကြရဲ့လား။ သွားတိုက်တယ်ဆိုတာ ခံတွင်းထဲမှာအသုံးပြုရတာဖြစ်ပြီး အစာလမ်းကြောင်းကနေ ဗိုက်ထဲရောက်ရင်ရောက်သွားနိုင်သေးတာနော်။ တချို့သွားတိုက်ဆေးတွေဆို ဘက်တီးရီးယားကင်းရှင်းဖို့နဲ့ ခံတွင်းနံ့မွှေးစေဖို့ သွားတိုက်ဆေးကိုထွေးပြီးရင် ရေနဲ့ပလုပ်မကျင်းရတဲ့အမျိုးအစားတွေရှိပါတယ်။ ဒီလိုမျိုး ကိုယ့်ပါးစပ်ထဲထည့်ရတဲ့ဆေးက အန္တရာယ်ကင်းမကင်းဆိုတာ သိထားဖို့သင့်ပါတယ်။ ဒါ့ကြောင့် သွားတိုက်ဆေးတွေမှာ ပါတတ်တဲ့ အဆိပ်အတောက်ဓာတုပစ္စည်းတွေကိုပြောပြမယ်နော်။ သွားတိုက်ဆေးမှာပါတတ်တဲ့ အဆိပ်အတောက်ဓာတုပစ္စည်းများ (၁) Triclosan Triclosan က သွားဖုံးရောင်ခြင်းကိုကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် ပဋိဇီဝဆေးယဉ်ပါးခြင်းနဲ့ဟော်မုန်းတွေကမောက်ကမဖြစ်ခြင်းတို့လိုပြဿနာတွေနဲ့ပတ်သက်နေပါတယ်။ပြောရရင်ဟော်မုန်းပြဿနာဖြစ်စေတဲ့ဓါတုပစ္စည်းတွေက စိုးရိမ်စရာတော့ကောင်းပါတယ်။ သူတို့ကြောင့် ရင်သား၊ သားအိမ်၊ဝှေးစေ့၊ဆီးကျိတ်ကင်ဆာတွေ၊ လမစေ့၊ပေါင်မပြည့်တဲ့ကလေးတွေမွေးဖွားခြင်း၊ တို့အပါအဝင် ကျန်းမာရေးပြဿနာတွေအများကြီးကိုဖြစ်စေနိုင်တဲ့အကျိုးဆက်ရှိပါတယ်။ (၂) Sodium Lauryl Sulfate (SLS) သွားတိုက်ဆေးတွေမှာပါတတ်တဲ့sodium lauryl […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

ကြာကြာဝါးမယ့်သွား အတွက် ထိန်းသိမ်းစောင့်ရှောက်နည်း (၆) နည်း

ခံတွင်းကျန်းမာရေးလို့ဆိုလိုက်တာနဲ့ သွားတွေဝါလား၊ဖြူလား၊ သွားပိုးစားတာလား ဆိုတာပဲ ဆိုင်တာမဟုတ်ပါဘူး။ သွားဖုံးကိုလည်း မေ့မထားသင့်ပါဘူး။ သွားနဲ့သွားဖုံး အကုန်လုံးအရေးကြီးပါတယ်။ သွားတွေအားလုံးကို ခိုင်မာနေအောင်၊ ညီညာနေအောင် ထိန်းထားပေးတာ သွားဖုံးမို့လို့ပါ။ သွားနဲ့ သွားဖုံးကျန်းမာစေဖို့ မှန်ကန်တဲ့နည်းလမ်းနဲ့ ခံတွင်းကိုဂရုစိုက်တာ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် ဒီအချက်တွေကို လုံးဝမမေ့ပါနဲ့ - (၁) သွားတိုက်ဖို့ မပျင်းပါနဲ့ မနက်အိပ်ရာထ တစ်ကြိမ်၊ ညအိပ်ရာဝင် တစ်ကြိမ် သွားတိုက်ဖို့ မပျင်းပါနဲ့။ တစ်နေ့နှစ်ကြိမ်သွားတိုက်ဖို့ အကြံပြုကြပေမယ့် ညဘက်ကျရင် အိပ်ငိုက်လို့၊ ပျင်းလို့၊ အေးလို့၊ မေ့လို့ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ သွားမတိုက်ဖြစ်တတ်ကြပါဘူး။ တစ်နေ့လုံးစားထား၊ သောက်ထားတဲ့အရာတွေရဲ့အကြွင်းအကျန်တွေကနေ ခံတွင်းမှာ ဘက်တီးရီးယားတွေ မွေးထားသလိုဖြစ်နေပါလိမ့်မယ်နော်။ (၂) သွားတိုက်နည်း မှန်ပါစေ သွားတိုက်တော့တိုက်တာပဲ။ နည်းမှားနေမယ်ဆို သွားကြွေလွှာနဲ့ သွားဖုံးတွေကို ပိုထိခိုက်စေတာပါ အဖတ်တင်သွားနိုင်ပါတယ်။ ညင်ညင်သာသာနဲ့ နှံ့စပ်အောင်တိုက်ပါ၊ စက်ဝိုင်းသဏ္ဍာန်ဝိုက်ပြီးတိုက်ပါ။ ဘေးတိုက်ကန့်လန့် […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ သွားနဲ့ခံတွင်းပြဿနာများအကြောင်း

ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတနည်းလွန်းတဲ့ ကျွန်တော်တို့နိုင်ငံမှာ သွားနဲ့ခံတွင်းနဲ့ပတ်သက်ပြီး ဖြစ်နေတဲ့ ကျန်းမာရေးပြဿနာတွေဆိုတာလည်း ခဏခဏကို တွေ့မြင်နေရတာပါ။ ဝေးဝေးမှာ မရှာပါနဲ့၊ ကိုယ်နဲ့ စကားပြောနေတဲ့ သူတစ်ယောက် ခံတွင်းနံ့ နံလွန်းနေတာ၊ သွားကိုကြည့်လိုက်ရင် ကွမ်းချိုး၊ သွားချေးကျောက်တွေနဲ့ ပြည့်နေတာ၊ သွားပိုးစားနေတာတွေ သတိထားမိတယ်မလား။ တချို့ဆိုရင် ကိုယ်တိုင်က ခံတွင်းနံ့ဆိုးထွက်နေတော့ မလုံမလဲဖြစ်ပြီး စကားပြောရင် ပါးစပ်အုပ်ပြောတာ၊ မပွင့်တပွင့်ပြောတာတွေ သတိထားမိမှာပါ။ ဒီလိုဖြစ်ရတယ်ဆိုတာလည်း တကယ့် သွားနဲ့ ခံတွင်းသန့်ရှင်းရေးနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်တွေကို မသိထားတာ၊ နေထိုင်စားသောက်မှုပုံစံ မှားယွင်းတာတွေကြောင့်လို့ ဆိုရမှာပါ။ ဒါဆို မြန်မာနိုင်ငံမှာ ဘယ်လို သွားနဲ့ခံတွင်းပြဿနာတွေ အဖြစ်များလဲ။ ၁။ သွားချေးကျောက်တက်ခြင်း အစာကို တစ်ဖက်တည်းနဲ့ ဝါးပြီး ကျန်တဲ့တစ်ဖက်ကို လုံးဝမသုံးဘဲ ပစ်ထားတာ၊ သွားကို စနစ်တကျမတိုက်တာ၊ သွားပွတ်ကြိုးမသုံးတာကြောင့် အဓိကဖြစ်ရတာပါ။ သွားရဲ့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းအနံ့ဆိုးမဖြစ်အောင် ကာကွယ်နည်း

နေ့စဉ်ပြောဆိုဆက်ဆံနေရသူတွေအတွက် အရေးပါတဲ့ ဂရုစိုက်ရမယ့် တစ်ကိုယ်ရေသန့်ရှင်းရေးတစ်ခုက ခံတွင်းနံ့ဆိုးမရှိစေဖို့ပါ။ ပါးစပ်က အနံ့ဆိုးတွေ ထွက်နေမယ်ဆိုရင် ကိုယ်တိုင်မှာရော ပတ်ဝန်းကျင်က သူတွေကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။ ခံတွင်းအနံ့ဆိုးကြောင့် လူကြားထဲမှာ စကားမပြောရဲတာမျိုးမဖြစ်စေဖို့ အတွက် ခံတွင်းနံ့ဆိုးကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်း အချို့ မျှဝေပေးပါရစေ။ ခံတွင်းနံ့ဆိုးကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေက ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကြောင့် ခံတွင်းနံ့ဆိုးတွေဖြစ်ရတာပါ။ သွားနဲ့ခံတွင်းပြဿနာရှိရင်လည်း ခံတွင်းနံ့ဆိုးတတ် ပါတယ်။ ဒါ့အပြင် ဒီအချက်တွေကြောင့်လည်း ခံတွင်းနံ့ဆိုးဖြစ်ရတာပါ။ ခံတွင်းခြောက်တာ -ရေသောက်နည်းတာကြောင့် ခံတွင်းခြောက်ပြီး ခံတွင်းနံ့ဆိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်ရေလုံလောက်အောင်သောက်သုံးပေးပါ။ ခံတွင်းသန့်ရှင်းရေးအားနည်းတာ - ခံတွင်း သန့်ရှင်းရေးက မဖြစ်မနေလုပ်ဆောင်သင့်တဲ့ အချက်တစ်ခုပါ။ တစ်နေ့ကို မနက်တစ်ကြိမ် ညအိပ်ရာဝင်ခါနီးတစ်ကြိမ် သွားတိုက်ပေးဖို့မမေ့ပါနဲ့။ ခံတွင်းသန့်ရှင်းမှု အားနည်းတဲ့အခါ သွားနဲ့ သွားဖုံးမှာ ပိုးဝင်ကူးစက်ပြီးရောဂါတွေဖြစ်နိုင်ပါတယ်။ ရောဂါတွေဖြစ်လာတဲ့အခါ ခံတွင်းနံ့ဆိုးပါတယ်။ အနံ့ပြင်းတဲ့ အစားအစာတွေ - စားသုံးတဲ့ အစားအစာတွေထဲမှာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ဆောင်းရာသီမှာ နှုတ်ခမ်းမကွဲအောင် ကာကွယ်ကြမယ်

ဆောင်းမနက်ခင်းတွေက နှင်းတွေနဲ့ လှပေမယ့် ဆောင်းလေအေးကတော့ လှပမှုနဲ့အတူ ခြောက်သွေ့မှုတွေကိုပါ ယူဆောင်လာတတ်ပါတယ်။ ဆောင်းရာသီမှာ အသားအရေတွေ ခြောက်သွေ့တာ၊ လက်တွေခြေတွေ ခြောက်သွေ့တာနဲ့ နှုတ်ခမ်းခြောက်သွေ့တာတွေက တော်တော်လေး စိတ်ပျက်စရာကောင်းပါတယ်။ ဒီလိုခြောက်သွေ့မှုတွေကို ပျောက်ကင်းအောင် လုပ်ဆောင်လို့ရသလို မဖြစ်အောင်ကြိုကာကွယ်လို့လည်းရပါတယ်။ ကဲဆောင်းလေအေးကြောင့် နှုတ်ခမ်းကွဲတတ်တဲ့သူတွ ဒီဆောင်းပါးကို ဖတ်ကြည့်လိုက်နော်။ နှုတ်ခမ်းကွဲတဲ့အခါနေရထိုင်ရ အဆင်မပြေ၊ အစားအသောက်တွေစားတဲ့အခါမှာလည်း ပါးစပ်တောင်ကျယ်ကျယ်မဟရဲအောင်ဖြစ်ရတယ်။ နှုတ်ခမ်းမကွဲအောင် ဘယ်လိုကာကွယ်ကြရင်ကောင်းမလဲ။ နှုတ်ခမ်းကွဲရတာက ဆောင်းရာသီရဲ့ခြောက်သွေ့အေးမြမှုက နှုတ်ခမ်းခြောက်သွေ့ကွဲအက်မှုကိုဖြစ်စေနိုင်ပါတယ်။ တစ်နှစ်ပတ်လုံးမှာ နှုတ်ခမ်းခြောက်သွေ့ကွဲအက်တာဖြစ်နိုင်ပေမယ့် ဆောင်းရာသီမှာတော့ ဖြစ်နိုင်ခြေက တော်တော်လေးကိုများပါတယ်။ နှုတ်ခမ်းကွဲရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ ရာသီဥတုအခြေအနေတွေ၊ အရည်အသွေးမမီတဲ့ နှုတ်ခမ်းသုံးအလှကုန်တွေကြောင့် နှုတ်ခမ်းသားလေးတွေခြောက်သွေ့ပျက်စီးတာပါ။ နှုတ်ခမ်းက ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလို အဆီဂလင်းမရှိတာကြောင့်ခြောက်သွေ့လွယ်ပါတယ်။ ဒါကြောင့်နှုတ်ခမ်းကို ပတ်ဝန်းကျင်အခြေအနေတွေနဲ့ အခြားသောအကြောင်းအရာတွေကြောင့် ထိခိုက်မှုမရှိအောင် သတိထားကာကွယ်သင့်ပါတယ်။ နှုတ်ခမ်းခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်အောင်ကာကွယ်မယ် ပြင်းထန်တဲ့ ရာသီဥတုအခြေအနေအတွက် ကြိုတင်ပြင်ဆင်ပါ -ရာသီဥတုအခြေအနေအရမ်းအေးနေတဲ့အခါမျိုးမှာ နှုတ်ခမ်းကို အဆီတစ်ခုခုလူးပြီးမှအပြင်ထွက်တာမျိုးလုပ်ပေးပါ။ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

မိသားစုအတွက် အကောင်းဆုံးသွားတိုက်ဆေးရွေးချယ်မယ်

သွားကောင်းမှာ အာဟာရပြည့်စွာ စားသုံးနိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ သွားက ခန္ဓာကိုယ်အတွက်အာဟာရဖြည့်တင်းပေးတဲ့ တပ်ဖွဲ့ရဲ့ ရှေ့တန်း တိုက်စစ်ပါ။ သူကနေကြိတ်ခြေဝါးလိုက်ပြီးမှ အာဟာရစုပ်ယူတာကို နောက်တန်းတပ်ဖွဲ့တွေဖြစ်တဲ့ အစာအိမ် နဲ့ အူတွေကတာဝန်ယူပါတယ်။ ဒီတော့ စားချင်တာကို အားရပါးရစားဖို့ဆိုရင် သွားကောင်းဖို့က မဖြစ်မနေလိုအပ်မှာပါ။ သွားကောင်းဖို့ ဘာတွေလုပ်ရမလဲ........ သွားကောင်းဖို့အတွက်က လိုရင်းတိုရှင်းပြောရရင် သွားကျန်းမာရေးဂရုစိုက်ပါလို့ပြောရမှာပေါ့။ သွားနဲ့ခံတွင်းကျန်းမာရေး ဂရုစိုက်တယ်ဆိုတဲ့နေရာမှာလည်း သွားကျန်းမာရေးအတွက် တစ်နေ့နှစ်ကြိမ်သွားတိုက်တာ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေစားတာ ဖလိုရွိုက်ပါတဲ့ သွားတိုက်ဆေးနဲ့တိုက်တာတွေပါဝင်နေပါတယ်။  နောက်ထပ်သတိထားရမှာ သွားကျန်းမာရေးကို ၆ လတစ်ကြိမ် ပုံမှန်စစ်ဆေးပြီးလိုအပ်တဲ့ ကုသမှုကို ခံယူဖို့ပါ။ သွားကျန်းမာရေးအတွက် အရေးအပါဆုံးသောအချက်တစ်ခုက ဘာဖြစ်မလဲ............. သွားကျန်းမာရေးအတွက် အရေးအပါဆုံးအချက်တစ်ခုက မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ် သွားနဲ့ခံတွင်းသန့်ရှင်းရေးလုပ်ရာမှာ အရေးပါတဲ့အရာဖြစ်တဲ့ သွားတိုက်ဆေးကို ဂရုစိုက်ဖို့ပါ။ သွားတိုက်ဆေးဆိုတိုင်း တိုက်လိုက်လို့ အဆင်မပြေပါဘူး။ သွားတိုက်ဆေးက ကောင်းမှလည်း သွားနဲ့ခံတွင်းကို ထိခိုက်မှုကနေ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ခံတွင်းကျန်းမာရေးက သင်ထင်တာထက် ကိုယ်ခံအားစနစ်အပေါ် သက်ရောက်မှုရှိပါတယ်

ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါလို့ပြောလိုက်တိုင်း သွားမပျက်စီးဖို့အတွက်ပဲလို့ ထင်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကို အစာတွေ၊ ရေတွေ ဝင်ရောက်နိုင်မယ့်တံခါးပေါက်ဟာ ရောဂါပိုးတွေအတွက် အဓိကလမ်းကြောင်းတစ်ခုလည်းဖြစ်နေနိုင်တယ်ဆိုတာ မေ့လျော့နေကြလေရဲ့။ မယုံရင် တစ်ပတ်လောက် သွားမတိုက်ဘဲ၊ ခံတွင်းသန့်ရှင်းရေးမလုပ်ဘဲ ညစ်တီးညစ်ပတ်နေကြည့်ပါ။ သွားကိုက်တာဘာညာထက် ဝမ်းပျက်တာ၊ ဗိုက်အောင့်တာ အပါအဝင် တခြားအစိတ်အပိုင်းတွေမှာပြဿနာတက်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သန့်ရှင်းမှုမရှိလို့ပေါက်ဖွားလာတဲ့ ဘက်တီးရီးယားတွေက ခံတွင်းကနေ လည်ချောင်း၊ လည်ချောင်းကနေ အစာလမ်းကြောင်းနဲ့ အတွင်းကလီစာအစိတ်အပိုင်းတွေဆီ ခြေဆန့်သွားနိုင်လို့ပါပဲ။ ခံတွင်းနံ့ဆိုးတာကိုပဲကြည့်လေ၊ ထိန်းမနိုင်တော့တဲ့ ဘက်တီးရီးယားတွေရဲ့အကျိုးဆက်ပဲပေါ့။ ကဲ...ခံတွင်းကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေး ဘယ်လိုဆက်နွှယ်နေတယ်ဆိုတာ ဆက်ပြီးကြည့်ရအောင်ပါ။ ကိုယ်ခံအားစနစ်နဲ့ ဘယ်လိုပတ်သက်နေလဲ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေလိုပဲ ခံတွင်းမှာလည်း ဘက်တီးရီးယားတွေအများကြီးရှိပေမယ့် အများစုက ဘေးမရှိပါဘူး။ ဒါပေမယ့် အစာလမ်းကြောင်းနဲ့ အသက်ရှုလမ်းကြောင်းဆီကို အဓိကဝင်ပေါက်ဖြစ်နေတာကြောင့် ဘက်တီးရီးယားတွေ ပုံမှန်ထက်လွန်ကဲလာတဲ့အခါ ရောဂါဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်ရဲ့ခုခံမှုနဲ့ ခံတွင်းကျန်းမာရေးဂရုစိုက်မှုတွေကြောင့် ဒီဘက်တီးရီးယားတွေကို ညီမျှအောင်ထိန်းချုပ်ထားတာပါ။ ကိုယ်က သန့်ရှင်းမှုကိုဂရုမစိုက်တဲ့အခါ ဘက်တီးရီးယားတွေကြောင့် […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွားကျန်းမာရေးကို အများဆုံးထိခိုက်စေသော အစားအစာ ၈ မျိုး

သင့်ကျန်းမာရေးဟာ သင်စားနေတဲ့အရာတွေပေါ် မူတည်တယ်လို့ အဆိုရှိပါတယ်။ သင့်ရဲ့သွားကျန်းမာရေးအတွက်ဆိုလည်း အလားတူပါပဲ။ သင်စားသုံးလိုက်တဲ့ အရာတွေဟာ သင့်သွားနဲ့ခံတွင်း ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိပါတယ်။ အချို့သော အစားအသောက်များဟာ သွားကျောက်တည်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ သွားကျောက်များမှာ ဘက်တီးရီးယားတွေလည်း ကပ်ငြိနေနိုင်ပြီး သွားဖုံးရောဂါများနဲ့ သွားပျက်စီးခြင်းကို ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် အချိုဓာတ်ကဲတဲ့ အစားအသောက်တွေဟာ ဘက်တီးရီးယားတွေဆီကနေ အက်ဆစ်များထွက်လာစေပြီး သွားများရဲ့ အပေါ်ယံကြွေလွှာကို ပျက်စီးစေပါတယ်။ သွားပိုးစားခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ သွားပိုးပေါက်များဟာ သွားကိုက်စေခြင်း၊ ကြိတ်ဝါးရခက်ခြင်း၊ သွားဖုံးပြည်တည်ခြင်း စတဲ့နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ ပုံမှန် သွားတိုက်ခြင်း၊ သွားပွတ်ကြိုးသုံးခြင်း မရှိတဲ့အခါ သွားကျောက်တည်ခြင်း ပိုမိုဆိုးရွားလာပြီး ရေစီးကမ်းပြိုပြဿနာတွေပါ ဖြစ်လာစေနိုင်ပါတယ်။ အဆိုပါပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ အစားအစာတွေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ သွားကျန်းမာရေးကို အများဆုံးဒုက္ခပေးတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ၁။ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွားနှင့်ခံတွင်းကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းများ

သွားများပေါ်အောင် ပြုံးရယ်ဖူးပါသလား။ သင့်သွားအလှဟာ လူမှုရေးအတွက် အရေးပါတဲ့ အပြုံးကို ထောက်ပံ့ကူညီပါတယ်။ တခုတော့ ရှိပါတယ်။ သင့်ရဲ့ သွားနဲ့ခံတွင်း ကျန်းမာရေးဟာ ကောင်းမွန်နေဖို့တော့ လိုပါတယ်။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် ဘယ်လိုအချက်တွေကို သတိပြုရမလဲ ဆိုတာပါပဲ။ အောက်ပါအချက်အလက်များကို ကျင့်သုံးခြင်းဖြင့် သင့်ရဲ့သွားနဲ့ခံတွင်း ကျန်းမာရေးကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ၁။ ညအိပ်ရာမဝင်မီ သွားတိုက်ပါ။ တနေ့ကို သွားနှစ်ကြိမ်တိုက်ဖို့ဆိုတာ ရိုးရှင်းတဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် အတော်များများက လျစ်လျူရှုနေကြပါတယ်။ အထူးသဖြင့် ညဖက်သွားတိုက်ဖို့ မေ့လျော့နေကြပါတယ်။ တနေ့တာ စားသောက်ခဲ့တဲ့ အစားအသောက်တွေဟာ သွားနဲ့သွားဖုံးဝန်းကျင်မှာ ပိုးမွှားတွေပေါက်ပွားခြင်း၊ ကျောက်တည်ခြင်းမဖြစ်အောင် အိပ်ရာမဝင်ခင် သွားတိုက်သင့်ပါတယ်။ ၂။ သွားတိုက်ပုံမှန်အောင် ဂရုပြုပါ။ သွားတိုက်ပုံတိုက်နည်းပုံမကျရင် မတိုက်ဘဲနေခြင်းနဲ့ သိပ်မထူးလှပါဘူး။ စနစ်ကျတဲ့ သွားတိုက်ခြင်းဆိုတာ သွားတွေကို အပေါ်အောက်တလှည့်၊ ဘေးတိုက်တလှည့် နေရာစုံအောင် တိုက်ပေးခြင်းပါပဲ။ ချောင်ကြိုချောင်ကြားမကျန် […]


သွားပြဿနာများ

သွားနှုတ်ပြီးရင် လိုက်နာသင့်တဲ့ အချက် (၁၀) ချက်

သွားနှုတ်တယ်ဆိုတာ လူတော်တော်များများလုပ်ကြတဲ့ သွားကျန်းမာရေးကိစ္စတစ်ခုဆိုပေမယ့် ခွဲစိတ်မှုတစ်မျိုးပါပဲ။ သွားနှုတ်ပြီး ၂၄ နာရီအတွင်း တံထွေးမထွေးဖို့၊ ပလုတ်မကျင်းဖို့စတဲ့ ကြိုတင်သတိပေးချက် တချို့ကိုလိုက်နာမယ်ဆိုရင်တော့ သွားနှုတ်ပြီးနောက်ပိုင်း ဆေးခန်းပြန်ပြေးဖို့ ဗျာများမနေရတော့ဘူးပေါ့။ ဒီအချက်လေးတွေကလွယ်ကူပေမယ့် နေရခက်တာတွေ သက်သာစေပြီး၊ အနာမြန်မြန်ကျက်စေမယ်၊ သွားနှုတ်ပြီးနောက်ပိုင်း ရောဂါပိုးမဝင်အောင် ကာကွယ်ပေးနိုင်မယ်လေ။ ၁) ဂွမ်းစလေးကို ကိုက်ထားပါ သွားနှုတ်ပြီးတဲ့အခါ အနာပေါ်မှာဂွမ်းစကိုဖိကိုက်ထားပါ။ အနာကသွေးတိတ်စေဖို့ဖြစ်ပါတယ်။ ဂွမ်းမှာသွေးတွေ များနေရင် နောက်တစ်ခုလဲပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ သွားနှုတ်ပြီး ၂၄ နာရီအတွင်းမှာ သွေးတိတ်လေ့ရှိ ပါတယ်။ ဒီထက်ကျော်ပြီးသွေးထွက်နေရင် ဆရာဝန်ပြန်ပြပါ။ ၂) ပထမဆုံးနှစ်ရက်မှာ ရေခဲကပ်ပေးပါ အရောင်ကျစေဖို့အတွက် ပါးအပြင်ကနေ ရေခဲအိတ် သို့မဟုတ် ရေအေးဝတ်နဲ့ ကပ်ပေးပါ။ သွားနှုတ်ပြီး ပထမဆုံး၂၄နာရီအတွင်း ၁၅ မိနစ်-မိနစ်၂၀လောက်ကြာအောင် ကပ်ပေးရမှာဖြစ်ပါတယ်။ သည်ကာလကျော်လွန် သွားရင်တော့ ရေခဲအိတ်ထက် အနွေးဓာတ်ပေးတာကအရောင်ပိုကျစေနိုင်ပါလိမ့်မယ်။ နောက် ၂ ရက်-၃ ရက်ကြာရင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း