သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

သွားပြဿနာများ

သွားကျောက် တည်ခြင်းအကြောင်း သင်ဘယ်လောက်သိလဲ။

ရယ်လိုက်တဲ့ ပေါ်လာတဲ့ သွားကျောက် တွေကြောင့် လွတ်လွတ်လပ်လပ်မရယ်နိုင် ဖြစ်နေပြီလား။ သွားတိုက်လိုက်တိုင်း သွေးထွက်လို့ စိုးရိမ်နေပြီလား။ စကားပြောမယ်ကြံလိုက်တိုင်း ခံတွင်းအနံ့ဆိုးတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဖြစ်နေပြီလား။ ဒါတွေ အားလုံးကို အဖြေရှာလိုက်ရင် သွားကျောက်တည်တာကြောင့်ဆိုတာ တွေ့ရမှာပါ။ သွားချေး၊ သွားချိုးလို့လဲ အလွယ်ပြောကြပါတယ်။ သွားကျောက် ဘာလို့ တည်ရတာလဲ။ မတည်အောင် လုပ်လို့ရလား။ သွားကျောက်ခြစ်တဲ့အကြောင်း စတာတွေကို ပြောပြပေးပါမယ်။ သွားကျောက် ဆိုတာ ဘာလဲ? သွားကျောက်ဆိုတာ စားကြွင်းစားကျန်တွေ၊ တံတွေးမှာပါတဲ့ သတ္တုဓာတ်တွေ အနည်ကျပြီး ဖြစ်လာတာပါ။ သူက သွားမှာ ကပ်တွယ်ပြီး သွားဖုံးအောက်ကို ဖြည်းဖြည်းခြင်း စားသွားပါတယ်။ သွားကျောက်က သွားကို အပေါ်ကနေ ကျောက်နဲ့ တစ်လွှာဖုံးထားသလိုပါပဲ။ ပြီးတော့ ပွယောင်းယောင်းလေးဖြစ်နေတဲ့ အတွက် စားသောက်ထားသမျှ အလွယ်တကူ စွန်းထင်းနိုငါပါတယ်။ သွားကျောက်တွေက […]


သွားပြဿနာများ

ဘာကြောင့် သွားကျဉ် ရတာလဲ။

ရေခဲလေး  ကိုက်မိတာဖြစ်ဖြစ်၊ ဟင်းရည်ပူပူလေး သောက်မိတာ ဖြစ်ဖြစ် သွားထဲမှာ ကျဉ်ခနဲ ခံစားသွားရပါသလား။ ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီလို ပူလွန်း အေးလွန်းတာတွေကို စားလိုက်တိုင်း နာနေပြီဆိုရင် သွားမှာ အပေါက်ရှိနေတာ ဖြစ်နိုင်သလို၊ သွားကျဉ် တာလည်း ဖြစ်နိုင်ပါတယ်။ သွားကျဉ်တာက ခဏပဲ ခံစားရတာဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်သွားနိုင်ပါတယ်။ တစ်ချောင်းတစ်လေပဲ ဖြစ်နိုင်သလို သွားတော်တော်များများ ကျဉ်တာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းတွေ အများကြီးပြီး တော်တော်များများကတော့ ခံတွင်းသန့်ရှင်းရေးကို သေချာ လုပ်ရုံနဲ့ သက်သာသွားတတ်ပါတယ်။ သွားကျဉ် ခြင်းရဲ့ လက္ခဏာများ သွားကျဉ်တဲ့ သူတွေက သူတို့နဲ့ မတည့်တာ တစ်ခုခု စားလိုက်တာနဲ့  သွားနာတာ၊ ကျဉ်တာ ဖြစ်လာပါတယ်။ သွားရဲ့ အခြေကနေကို ကျဉ်လာတာပါ။ ပိုဆိုးစေတဲ့ အချက်တွေကတော့ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွားနဲ့ခံတွင်း သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်ကြမလဲ

လောကမှာ တစ်ခါဆုံးရှုံးလိုက်တာနဲ့ နောက်တစ်ခေါက် အစားပြန်မရနိုင်တော့အရာတွေထဲမှာ ကျွန်မတို့ရဲ့ သွားတွေလည်း ပါဝင်ပါတယ်။ ကျွန်မတို့ရဲ့ တစ်နေ့တာမှာ အစားအစာတွေ ဝါးချေနိုင်ဖို့ ပီပြင်စွာ စကားပြောနိုင်ဖို့ နဲ့ လှပစွာပြုံးရယ်နိုင်ဖို့ သဘာဝတရားကြီးဆီကနေ သွားတွေကို လက်ဆောင်ရထားကြပါတယ်။ ဒီသဘာဝရဲ့ လက်ဆောင်ကို သင့်အနေနဲ့ သေချာ မထိန်းသိမ်းခဲ့ရင် နောက်ပိုင်းမှာ သွားကိုက်ခြင်းဝေဒနာ၊ သွားဖုံးရောင်ခြင်းတွေ ဖြစ်လာပြီး နောက်ဆုံးမှာ သွားတွေကို ဆုံးရှုံးလိုက်ရမှာပါ။ အဲ့ဒီအချိန်ကျမှ သွားတစ်ချောင်းရဲ့ တန်ဖိုးကို သိတာထက် မဆုံးရှုံးရခင် တန်ဖိုးထား ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ သွားနဲ့ခံတွင်း ကျန်းမာသန့်ရှင်းဖို့ ဂရုစိုက်လုပ်ဆောင်ရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ တစ်နေ့ကို ၂ ကြိမ် ပုံမှန် သွားတိုက်ပေးပါ။  မနက်စာစားပြီး ၁ ကြိမ် ၊ ညအိပ်ခါနီး တစ်ကြိမ် သွားတိုက်ပေးပါ။ သွားရဲ့ အရင်း သွားဖုံးနေရာကနေ […]


သွားပြဿနာများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ သွား နဲ့ ခံတွင်း ပြဿနာများ

"အသက်ကို ဥာဏ်စောင့်" ဆိုတဲ့စကားအတိုင်း အခုလိုဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ကြီးမှာ ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေရဖို့ ကိုယ့်ဥာဏ်စွမ်းရှိသမျှ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တယ် ဆိုပြီးပြောနေကြပေမယ့်လဲ ရောဂါဖြစ်မှ မခံမရပ်နိုင် နာကျင်လာမှပဲ ဆေးရုံဆေးခန်းပြေးကြတဲ့ သူတွေမနည်းမနောရှိနေဆဲပါ။ သွားနဲ့ ခံတွင်းရောဂါတွေနဲ့ပတ်သက်လာရင်လည်း ထိုနည်းတူပါပဲ။ မဖြစ်ခင် ဂရုစိုက်ဖို့ သိနေပေမယ့်လည်း အလေးမထား ပေါ့ဆ မိကြတာကြောင့် သွားကိုက်ဝေဒနာခံစားရမှ ဒါမှမဟုတ် မစားနိုင်မသောက်နိုင် ခံတွင်းက နာကျင်လာတော့မှ သွားဆေးခန်းကို ရောက်လာတတ်ကြပါတယ်။ မရှူနိုင်မကယ်နိုင် အချိန်ကျမှ သွားနှုတ်ပြစ်လိုက်ရလို့ တန်ဖိုးရှိတဲ့သွားတွေ ဆုံးရှုံးကြရတယ်။ နောက်ဆုံးအဆင့်ကျတော့မှ ခံတွင်းကင်ဆာ ဆိုတာ သိလိုက်ရတယ် ဆိုတာမျိုးတွေ ကြုံတွေ့ရတာ မနည်းပါဘူး။ သွားကျန်းမာရေးစောင့်ရှောက်ပေးဖို့ သွားဆရာဝန်နဲ့ ပြည်သူ တို့ရဲ့ မျှချေ အချိုးဟာ ၁:၇၅၀၀ ဖြစ်ရမယ်လို့ WHO […]


သွားပြဿနာများ

သွားကျဥ်ခြင်း ဝေဒနာ (tooth sensitivity)

သွားကျဥ်ခြင်း ဝေဒနာ(tooth sensitivity)ကို လူတော်တော်များများ တွေ့ကြုံခံစားဖူးကြမှာပါ။ နာတဲ့ ကိုက်တဲ့ ခံစားချက်မျိုးနဲ့မတူပဲ တော်တော်လေး ကသိကအောက်နိုင်တဲ့ ဝေဒနာမျိုးပါ။ သွားကျဥ်ဖူးတဲ့သူတိုင်း သွားကျဥ်တဲ့အချိန်မှာ ဘယ်လောက်ထိခံစားရခက်လဲဆိုတာ သိကြမှာပါ။ တစ်ခါတရံ မှာ ဘယ်နေရာ၊ ဘယ်သွားက ကျဥ်နေပါတယ်ဆိုပြီး အတိအကျပြောနိုင်ပေမယ့် တချို့သူတွေကျတော့ ဘယ်နေရာ၊ ဘယ်သွား ကျဥ်မှန်း မသိ ဖြစ်တတ်ပါတယ်. ဘယ်အရာက သွားကျဥ်စေတာလဲ၊ သွားကျဥ်ပျောက်အောင် ဘယ်လိုလုပ်ကြမလဲ.. ၁။ ကြွေလွှာပါးပြီး ခံစားမှုများသောသွား - ကြမ်းတမ်းစွာ သွားတိုက်ခြင်း၊ ချိုသောအစားအစာများ၊ အချဥ်ဓာတ်ပါတဲ့ အချိုရည်များ ကို အလွန်အကျွံသောက်သုံးခြင်းတို့ကြောင့် သွားရဲ့ ကြွေလွှာတွေ ပါးပြီး ခံစားမှုပိုများလာတတ်ပါတယ်။ ခံစားမှုများသော သွား (sensitive teeth)တွေဟာ ပုံမှန်သွားတွေထက် အပူအအေးဒဏ်ကို မခံ နိုင်ကြပါဘူး။ ရေခဲရေ၊ အအေး၊ ရေခဲမုန့်၊ ရေခဲချောင်း […]


အခြားခံတွင်းရောဂါ ပြဿနာများ

လူကြီးဖြစ်တဲ့အထိ လက်မစုပ်တဲ့အကျင့် မပျောက်သေးဘူးလား

လက်မ သို့မဟုတ် လက်ချောင်းလေးတွေ စုပ်တယ်ဆိုတာ ပုံမှန် အသက် မွေးကင်းစ နို့စို့တဲ့ ကလေးအရွယ်ကနေ ၅ နှစ်လောက်ထိ သူ့အလိုလို ဖြစ်တတ်တဲ့ အကျင့်ပါ။ ၅ နှစ်နောက်ပိုင်း ကျောင်းစတက်တဲ့အခါ ဒီအကျင့်က ပျောက်သွားတတ်သလို မပျောက်ဘဲ ကြီးတဲ့အထိ လက်မစုပ်နေတတ်တဲ့ သူတွေလည်း ရှိပါတယ်။ လူကြီးဖြစ်တဲ့အထိ လက်မစုပ်တဲ့ အကျင့်က ဘာလို့ မပျောက်သွားတာလဲ။ လက်မစုပ်ရတဲ့ အကြောင်းရင်းကို အခုချိန်ထိ တိတိကျကျ ရှာဖွေဖော်ထုတ်နိုင်ခြင်းတော့ မရှိသေးပေမဲ့ လူကြီးတွေမှာ ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ စိုးရိမ်ပူပန်ခြင်း လျော့ကျစေပြီး စိတ်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ ကူညီပေးနိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။ ကလေးအရွယ်မှာ များသောအားဖြင့် အကြောင်းရင်းမရှိဘဲ ပါးစပ်ထဲ လက်မထည့် စုပ်နေတတ်ပြီး နို့ဆာတဲ့ အခါမျိုး၊ ကိုယ့်ဦးနှောက် အသိဉာဏ်ထဲမှာ ရင်းနှီးနေတဲ့ […]


သွားပြဿနာများ

ငယ်ငယ်ရွယ်ရွယ်နဲ့ သွား မကျိုးချင်ရင် ဒါတွေရှောင်ပါ

သွား လေးတွေ လှပချင်တာတော့ လူတိုင်းပါပဲ။ သွားကျန်းမာချင်၊ သွားလှချင်ရင် သွားမှန်မှန်တိုက်ရုံနဲ့ မလုံလောက်ပါဘူး။ သွားထိခိုက်ပျက်စီးစေမယ့် အမူအကျင့်တွေကို ရှောင်သင့်ပါတယ်။ သွားတွေကို ထိခိုက်စေတဲ့ အရာ ကိုယ် ဘာတွေ လုပ်မိနေလဲ ဆက်ပြီး ဖတ်ကြည့်ပါနော်။ (၁) လက်သည်း ကိုက်ခြင်း တချို့က စိတ်လှုပ်ရှားနေတဲ့အချိန် လက်သည်းကိုက်တတ်တယ်ဆိုပေမယ့် တချို့ကျတော့ လက်သည်းညှပ်နဲ့ ညှပ်ရမှာ ပျင်းလို့ သွားနဲ့ကိုက်ပြီး တိပစ်ကြတာပါ။ လက်သည်း ကိုက်ခြင်းက လက်သည်းတိုသွားဖို့ အလွယ်ဆုံးနည်းလမ်း ဖြစ်နိုင်ပေမယ့် တကယ်တမ်း သင်မသိတာက သွားကို ထိခိုက်စေတယ် ဆိုတဲ့ အချက်ပါပဲ။ လက်သည်း ကိုက်တာက တကိုယ်ရည်သန့်ရှင်းမှုအတွက် မကောင်းတဲ့ အပြင် သွားအပေါ်ယံကြွေလွှာ ကိုပါ ထိခိုက်စေနိုင်ပါတယ်။ လက်သည်း မကိုက်မိအောင် သတိထားဖို့ အတွက် လက်သည်း အတုတပ်ခြင်း၊ အရသာခါးတဲ့ လက်သည်းဆိုးဆေး […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ပြုံးအလှပိုင်ရှင်လေးတွေ ဖြစ်ဖို့ဆိုရင်

‘သူ့ အပြုံးလေးက လှလိုက်တာ’ လို့ ချီးမွမ်းခံရရင် လူတိုင်းနီးပါး ကြေနပ်ပီတိဖြာနေတတ်ကြတယ်မဟုတ်လား။ လှပတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်ချင်စိတ်ဟာ လူတိုင်းရဲ့ အတွင်းစိတ်သန္နန်ထဲမှာ ရှိနေတတ်တဲ့ မျှော်လင့်ချက်လေးတစ်ခုလို့ဆိုပါတယ်။ အပြုံးလှလှလေးတွေ ပိုင်ဆိုင်ဖို့ဆိုတဲ့ ကိစ္စဟာ ရုပ်ရည်ချောမောလှပခြင်း၊ မလှပခြင်းနဲ့ တိုက်ရိုက်ကြီး မဆိုင်ပါဘူး။ ကြည်လင်သန့်စင်ပြီး နှစ်လိုဖွယ်ရှိတဲ့ အပြုံးမျိုးပိုင်ဆိုင်ဖို့ဆိုတာက ပြုပြင်လုပ်ယူလို့ရတဲ့ ကိစ္စတစ်ခုပါ။ လှပတဲ့အပြုံးတစ်ခုပိုင်ဆိုင်နိုင်ဖို့ဆိုရင် အဓိက အချက် ၂ ချက်ရှိပါတယ်။ ဒါတွေကတော့ စိတ်ထဲကနေ နှစ်နှစ်ခြိုက်ခြိုက် စိတ်ပါလက်ပါပြုံးဖို့နဲ့ ဖြူဖွေးညီညာ လှပတဲ့သွားလေးတွေ ပိုင်ဆိုင်ထားဖို့ပါပဲ။ ဒီအချက် နှစ်ချက်ဟာ အရေးအပါဆုံး အချက်တွေဖြစ်ပါတယ်နော်။ လှပတဲ့ နှစ်လိုဖွယ် အပြုံးလေးတွေဖန်တီးနိုင်ဖို့ စိတ်ပါလက်ပါပြုံးပြရတာက သိပ်ခက်ခဲလှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ညီညာပြီး ဖြူဖွေးလှပတဲ့ သွားလေးတွေပိုင်ဆိုင်ဖို့ကတော့ အချိန်ယူရတတ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ နည်းလမ်း ၆ သွယ်ကတော့ […]


သွားပြဿနာများ

မထင်မှတ်ပဲ သင့်ရဲ့သွားလှလှလေးတွေကို ပျက်စီးစေမယ့် အရာ ၆ ခု

လူတိုင်းနီးပါးဟာ ဖြူဖွေးလှပတဲ့ သွားလေးတွေနဲ့ ယုံကြည်ချက်ရှိရှိလှပနေတဲ့ အပြုံးမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒီအပြုံးနဲ့ ဒီသွားတွေဟာ ဆက်စပ်နေတယ်ဆိုတာကိုတော့ လူတိုင်း သိကြမှာပါ။ ဒီလို သွားလှလှလေးတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားကြရင်း တစ်ခါတစ်ရံမှာ ကိုယ်မထင်မှတ်ထားတဲ့ အစားအစာတွေနဲ့ သွားကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းတစ်ချို့က ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို တားဆီးနေတယ်ဆိုတာကို သိပါရဲ့လား။ တစ်ချို့သော အစားအစာတွေနဲ့ သွားတိုက်ဆေးတွေဟာ သင့်ရဲ့ သွားလေးတွေ လှလှပပဖြစ်မလာအောင်၊ ဖျက်ဆီးနိုင်စွမ်းရှိနေပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတာ သိထားရင် သတိထားပြီး ရှောင်ကျဉ်လို့ရနိုင်မှာမို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။ သံပုရာရေနွေး ရေနွေးထဲကို သံပရာတစ်ခြမ်းလောက် ထည့်ပြီး သောက်ပေးတာက ခန္တာကိုယ်ရဲ့ Immune System ကို အလွန်အကျိုးရှိစေနိုင်သလို ခန္တာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်၊ ဝိတ်ကျတယ်လို့လည်း ယုံကြည်ကြပါတယ်။ လူသုံးများတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျ လေ့လာချက်တွေအရ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ဆေးလိပ်သောက်တတ်ပါသလား။ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ခံတွင်းနံ့ဆိုးမဖြစ်အောင် ဒီလိုလုပ်ပါ

တကယ်လို့ ကိုယ်က ဆေးလိပ်သောက်တတ်သူတစ်ယောက်ဆိုပါစို့။ ခံတွင်းကနေ ရနံ့ဆိုးတွေ ထွက်ဖို့ လုံးဝ သေချာနေပါပြီ။ ခံတွင်းနံ့ဆိုးတာဟာ ဖြစ်နေကြပြဿနာတစ်မျိုးဖြစ်ပေမယ့် နည်းနည်းတော့ စိတ်ညစ်စရာကိစ္စလို့ ဆိုရပါမယ်။ ဟုတ်တယ်လေ၊ ပုံပြင်တွေထဲကလို ကြာညိုနံ့လေးသင်းနေတဲ့ ခံတွင်းရနံ့မျိုးလေးပဲ ဘယ်သူမဆို လိုချင်ကြမှာပေါ့။ တကယ်လို့ သင့်ခံတွင်းကနေ အနံ့ဆိုးတွေ ထွက်နေပြီဆိုရင် ပတ်ဝန်းကျင်က လူတွေဆီကနေ မသိမသာနဲ့ ရှောင်ဖယ်လိုတဲ့ လက္ခဏာတချို့ စမြင်လာရပါလိမ့်မယ်။ ကိုယ်နဲ့ စကားမပြောချင်တာလိုမျိုး၊ စကားခဏတဖြုတ်ပြောပြီး စကားစပြတ်သွားတာလိုမျိုးပေါ့။ ကိုယ်က သူတို့ကို နှုတ်ဆက်တဲ့ အနေနဲ့ နမ်းရှုံ့မိမယ်ဆိုရင်တော့ သူတို့ မချိပြုံး ပြုံးသွားတာမျိုး၊ ခပ်တွန့်တွန့်ဖြစ်သွားတာမျိုးကိုပါ မြင်ရပါလိမ့်မယ်။ တကယ်လို့များ ကိုယ့်ခံတွင်းက အနံ့ဆိုးထွက်နေပြီလားလို့ သံသယဝင်မိလာရင် ဘယ်လို သိနိုင်မလဲ... ကိုယ့်ရဲ့လက်ကောက်ဝတ်ကို ပါးစပ်နားကပ်ပြီး “ဟား” ခနဲ ခံတွင်းနံ့ နည်းနည်းမှုတ်ထုတ်ပေးလိုက်ပါ။ ပြီးရင်း နမ်းကြည့်၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း