သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

မြန်မာနိုင်ငံမှာ အတွေ့ရ အများဆုံး သွားနှင့်ခံတွင်းရောဂါများ

မြန်မာနိုင်ငံက ခုချိန်တွင် ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု အဖြစ်ရပ်တည်နေတဲ့ နိုင်ငံတစ်ခု။ အဖက်ဖက်ကနေ နိုင်ငံတိုးတက်ရေး အတွက် ဆောင်ရွက်နေရတဲ့ အချိန်။ စီးပွားရေး၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး တွေ ဘယ်လောက်ပဲ ကောင်းအောင် ဆောင်ရွက် နေနေ ကျန်းမာရေးသာ နောက်ကျကျန်ခဲ့ရင် ဘက်ပေါင်းစုံကနေ တိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်မလာနိုင်ဘူးလေ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးမဟုတ်လား။ လူတစ်ယောက်ကျန်းမာဖို့ဆိုရင် ခေါင်းအစ ခြေအဆုံးဘာဝေဒနာမှမရှိမှသာ ကျန်းမာတယ်လို့ ပြောလို့ရတယ်။ ကိုယ်ခန္ဓါကျန်းမာခြင်းလို့ ဆိုလိုက်လျှင် ခံတွင်းကျန်းမာရေးကိုလည်း မေ့ထား၍မရပါ။ ခုပြောပြပေးမှာကတော့ မြန်မာနိုင်ငံမှာ အများဆုံးတွေ့ရတဲ့ခံတွင်းရောဂါများနဲ့ ကာကွယ်ဖို့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ အချိုစားများ၍ သွားပိုးစားခြင်း။ မြန်မာ့ အစားအစာနဲ့ အချိုဆိုတာ ခွဲထားမရပါဘူး။ အချိုစားတာများလေ သွားထဲက ဘက်တီးရီးယားတွေပိုပျော်လေ သွားပိုးစားလေပဲ ဖြစ်ပါတယ်။ စားချင်တာတွေစားပြီး သွားပြန်မတိုက်ဘူးဆိုရင် သွားနဲ့ခံတွင်းရောဂါတွေ ပိုပိုဖြစ်လာမှာပဲ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ဆေးလိပ်သောက်ခြင်းနှင့် ခံတွင်းကျန်းမာရေး။

ဆေးလိပ်ကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးများ ဆိုလိုက်တာနဲ့ ပြေးမြင်မိတာက အဆုတ်ကင်ဆာ၊ နှလုံးေသွးကြောကျဉ်းရောဂါ ၊ ခြေလက်သွေးမလျှောက်၍ ပုပ်သွားခြင်းရောဂါ တွေပဲဖြစ်တယ်။ လူတော်တော်များများက ဆေးလိပ်သည် ခံတွင်းကျန်းမာရေးကိုလည်းထိခိုက်စေတတ်တာကို မေ့နေကြတယ်။ သေချာစဉ်းစားကြည့်လိုက်ရင်တော့ ဆေးလိပ်သောက်တာနဲ့ ဆေးလိပ်ငွေ့ ပထမဆုံးထိတွေ့သော နေရာက ခံတွင်းဖြစ်တယ်ဆိုတာ တွေးမိကြမှာပါ။ ဆေးလိပ်ငွေ့တွေ တိုက်ရိုက်မထိတွေ့တဲ့ အဆုတ်တို့ နှလုံးတို့ကိုတောင် ဒီလောက် ဒုက္ခပေးနေတာ သောက်လိုက်တာနဲ့ အငွေ့နဲ့ တန်းထိတဲ့ ခံတွင်းဆို ဘယ်လောက်တောက်ထိခိုက်မလဲဆိုတာ စဉ်းစားသာကြည့်။ ဒါကြောင့် ဆေးလိပ်သောက်လိုက်တာနဲ့ ခံတွင်းကျန်းမာရေး ဘာတွေထိခိုက်သွားလဲဆိုတာ ကြည့်ရအောင်။ သွားများတဖြည်းဖြည်း အရောင်ညစ်လာခြင်း။ ဆေးလိပ်မှာ နီကိုတင်း နှင့် ဆေးရွက်ကြီးပါတယ်လေ။ သောက်လိုက်တာနဲ့ ပါးစပ်ထဲကို ဝင်သွားတဲ့ အငွေ့တွေက ခံတွင်းမှာရှိတဲ့ သွားကို အရင်ဆုံးထိတာမလား၊ အဲ့တော့ ဖြူနေတဲ့ သွားလေးတွေ အစပိုင်းမှာတော့ ဝါလာမယ်။ နောက်ပိုင်းသောက်တာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သင့် သွားဖုံးများအား သေချာ ဂရုစိုက်ပါ

ခံတွင်းကျန်းမာရေးလို့ ဆိုလိုက်တာနဲ့ သွားသန့်ရှင်းမှုကိုပဲ ပြေးမြင်တတ်ကြသည်။ အပြုံးလှလှ လေး တစ်ခု ပိုင်ဆိုင်ဖို့ သွားဖြူဖြူလေးများက အရေးကြီးရုံသာမက ပန်းသွေးရောင် သွားဖုံးလေးများကလည်း အရေးကြီးသည်။ သင့်တွင် ပိုးပေါက်ကင်းပြီး ဖြူဖွေးသော သွားများရှိနေရုံဖြင့် သွားဖုံးကျန်းမာရေး ကောင်းနေမည် အာမခံ၍မရ။ သွားဖုံးရောဂါများ၏ အစောပိုင်းအဆင့်သည် မနာသဖြင့် သတိမထားမိကြသည်က များသည်။ မကုဘဲ ကြာကြာထားလျှင် ဆိုးရွားစွာ သွားဖုံးအားထိခိုက်နိုင်သောကြောင့် သွားဖုံးကျန်းမာရေးကိုလည်း ဂရုစိုက် ထိန်းသိမ်းသင့်သည်။ သွားဖုံးရောဂါဆိုတာဘာလဲ။ သွားဖုံးရောဂါတွေသည် စားကြွင်းစားကျန်များနှင့် ဘက်တီးရီးယားများ ဖြင့် ပြည့်နေသော သွားချေးများ သွားဖုံးအောက်တွင် ကပ်နေရာမှ ကြာလျှင်ပိုးဝင်ပြီး သွားဖုံးရောင်ခြင်းမှ စသည်။ သွားဖုံးရောဂါများသည် အစပိုင်းတွင် မနာသော်လည်း ကြာလာသောအခါ သွားဖုံးများ ကြွနေသည်ဟု ခံစားရခြင်း နီမြန်းခြင်း ဖောင်းနေခြင်း လျှာနှင့်ထိရုံနှင့်ပင် နာနေခြင်း နှင့် သွားဖုံးသွေးထွက်လွယ်ခြင်းတို့ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွားအပြင် ဂရုစိုက်ဖို့လိုအပ်မယ့် ခံတွင်းအစိတ်အပိုင်းများ

ကိုယ့်ရဲ့ ပါးစပ်ထဲမှာ ဘာတွေရှိနေလဲဆိုပြီး စဉ်းစားကြည့်ဖူးလား။ ပြီးတော့ ခံတွင်း ကျန်းမာချင်ရင် သွားတိုက်လိုက်ရုံနဲ့ လုံလောက်ပါ့မလား။ တကယ်တော့ ပါးစပ်ထဲမှာ သွားနဲ့ သွားဖုံးအပြင် အခြားသော အစိတ်အပိုင်းတွေ ရှိနေပါသေးတယ်။ ပြီးတော့ စကားပြောရင်ဖြစ်ဖြစ်၊ အစာတွေကို ချေဖျက်တဲ့အခါမှာဖြစ်ဖြစ် ဒီအစိတ်အပိုင်းတွေကပါ တာဝန်တွေကို ဝိုင်းဝန်းဆောင်ရွက်ပေးနေတာပါ။ ဒီတော့ သွားနဲ့ ခံတွင်း အပြင် ပါးစပ်ရဲ့အခြားသော အစိတ်အပိုင်းတွေက ဘယ်လိုအရေးပါလဲဆိုတာနဲ့ ဒီအစိတ်အပိုင်းလေးတွေ တစ်ခုချင်းစီကျန်းမာနေအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို မသိချင်ဘူးလား။ အမှန်တော့ ခံတွင်းကျန်းမာချင်တယ်ဆိုရင် သွားကို သေချာဂရုစိုက်ပေးရင် ရပြီလို့ ထင်နေတာ အဆန်းတော့မဟုတ်ပါဘူး။ တော်တော်များများက ပြုံးလိုက်ရင်ဖြစ်ဖြစ်၊ စကားပြောရင်ဖြစ်ဖြစ် အရင်ဆုံးသတိထားမိတဲ့အစိတ်အပိုင်းက သွားတွေလေ။ ဒါပေမယ့် ခံတွင်းနံ့ဆိုးကင်းပြီး စကားပြောလိုက်တိုင်းရော ပြုံးလိုက်တိုင်းမှာ လှပနေစေဖို့အတွက် ဂရုစိုက်ရမယ့် အစိတ်အပိုင်းလေးတွေရှိနေပါသေးတယ်။ သွားအပြင် ဂရုစိုက်ဖို့လိုအပ်မယ့် ခံတွင်းအစိတ်အပိုင်းများ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သင့်သွားတိုက်နည်း မှန်ကန်ရဲ့လား

သွားတိုက်ကြတယ်ဆိုတာ သွားတွေဖြူဖွေးစေဖို့နဲ့ ခံတွင်းနံ့ကောင်းဖို့အတွက်ပဲ မဟုတ်ပါဘူး။ သွားနဲ့ခံတွင်းထဲက အညစ်အကြေးတွေကိုဖယ်ရှားနိုင်မှ သွားပိုးပေါက်ဖြစ်တာ၊ သွားဖုံးရောဂါနဲ့တခြားဆိုးရွားတဲ့ရောဂါတွေကို ကာကွယ်နိုင်မှာပါ။ ဒီလိုအရေးကြီးမှန်းသိလို့ သွားမှန်မှန်တော့တိုက်ပါရဲ့။ သွားတိုက်နည်းကမှားနေပြီး တိုက်ချင်သလိုတိုက်နေရင် ကောင်းလာဖို့ထက် ပျက်စီးတဲ့ဘက်ကိုတောင် ရောက်သွားနိုင်တာလေး သတိထားဖို့လိုပါတယ်။ ဒါ့ကြောင့်မို့ သွားတိုက်တဲ့အခါ ကိုယ်ရဲ့လုပ်ပုံမှန်ကန်ရဲ့လားသိနိုင်ဖို့ အချက်တချို့ကို အကြံပြုပါရစေ။ သွားပွတ်တံကို ကောင်းတာပဲသုံးပါ ဘရက်ရှ်မွေးနုပြီး အရည်အသွေးကောင်းတဲ့ သွားပွတ်တံကိုပဲရွေးချယ်ပါ။ တွေ့ရာ၊ ကြုံရာ သွားပွတ်တံကို အလွယ်မသုံးပါနဲ့။ သွားကြားတွေအထိ အညစ်အကြေး၊အကြွင်းအကျန်တွေနဲ့ သွားချေးတွေကို ထိရောက်စွာဖယ်ရှားနိုင်ရမယ်၊ သွားဖုံးတွေကိုမထိခိုက်စေရဘူး၊ သွားကြွေလွှာေတွပျက်စီးစေနိုင်တဲ့ဘရက်ရှ်မွေးတွေမဖြစ်ရဘူး၊ ကိုင်ရတာအဆင်ပြေတဲ့ သွားပွတ်တံလက်ကိုင်ဖြစ်ရမယ်၊ သွားပွတ်တံထိပ်က သွားတွေအားလုံးအထိ လွယ်လွယ်ကူကူသန့်စင်နိုင်လောက်တဲ့ ပုံသဏ္ဍာန်အရွယ်အစားဖြစ်ရမယ်။ သွားတိုက်ဆေးနည်းနည်းပဲသုံးပါ သွားတစ်ခါတိုက်ရင် သွားတိုက်ဆေးကို မန်ကျည်းစေ့လောက်ပဲထည့်ပါ။ သွားတိုက်ဆေးများလွန်းရင် ဖလူအိုရိုက်ပါတဲ့သွားတိုက်ဆေးတွေ ဗိုက်ထဲပိုရောက်သွားနိုင်တော့ ကျန်းမာရေးအတွက်မကောင်းပါဘူး။ သွားပွတ်တံဘရက်ရှ်တွေကို သွားမှာ ၄၅ ဒီဂရီစောင်းပြီးတိုက်ပါ သွားပွတ်တံကို ခပ်စောင်းစောင်းလေးထားပြီး ညင်ညင်သာသာ စက်ဝိုင်းပုံဝိုက်ပြီးတိုက်ပါ။ သွားကြားထဲက အညစ်အကြေးတွေပိုသန့်စင်ပါလိမ့်မယ်။ သွားတွေကို […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ခံတွင်းကျန်းမာရေး အတွက် သိသင့်သော အချက် ၁၀ ချက်

ခံတွင်းသန့်ရှင်းမှုသည် လူတစ်ယောက်တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိမရှိကို ထင်ထင်သာသာဖော်ပြတဲ့ နေရာဖြစ်တယ်။ သန့်ရှင်းတဲ့ ခံတွင်းတစ်ခုရဖို့ မနက်တစ်ကြိမ် ညတစ်ကြိမ်သွားတိုက်ရုံနဲ့ သန့်ရှင်းကျန်းမာသော ခံတွင်း တစ်ခုရနိုင်မည်ဟု အာမ မခံ။ စကားပြောလိုက်တိုင်း သွားလေးတွေဖြူစင်ပြီး ခံတွင်းနံ့ လေးမွှေးမွှေးနှင့် ဆွဲဆောင်မှုရှိချင်သည်မှာ လူတိုင်းဖြစ်သည်။ မမွှေးရင်တောင် ခံတွင်းဆိုးခြင်းကိုတော့ မလိုချင်ကြပေ။ ဒါ့ကြောင့် ပြုံးလိုက်တိုင်းဖွေး ပြောလိုက်တိုင်းမွှေးနေမည့် ခံတွင်းတစ်ခုပိုင်ဆိုင်ဖို့ ဘယ်လိုအချက်တွေကို လိုက်နာရမလဲ။ ၁ ။ သွားတိုက်တိုင်းမှန်ကန်တဲ့ သွားတိုက်နည်းနဲ့ တိုက်သင့်တယ်။ သွားတိုက်ရာတွင် တိုက်တယ်ဆိုရုံ အဖြစ်လောက် သွားတိုက်ရင် သွားကြားထဲ ကျန်နေတဲ့ အစာတွေ မထွက်တဲ့ အပြင် ပိုတောင် ညပ်နေနိုင်သေးတယ်နော်။ ကြာလာတော့ အစာတွေနဲ့ ဘက်တီးရီးယားတွေ ဓါတ်ပြု အက်စစ်ထွက် သွားပိုးစားတာတွေဖြစ်ရော။ သွားကို အဖြစ်ပဲတိုက်တော့ သွားဖြူလာမှာလည်းမဟုတ်ဘဲ သွားဝါတာတွေက ဆက်ဖြစ်နေဦးမှာပဲ။ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းကျန်းမာရေးမှာ ပြဿနာရှိနေတယ်ဆိုတဲ့ လက္ခဏာ (၇) ခု

သွားနဲ့ခံတွင်းဆိုတာ တကယ်လိုဂရုစိုက်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ခံတွင်းကျန်းမာမှ အနံ့ဆိုးခြင်း၊ သွားပျက်စီးခြင်းနဲ့သွားဖုံးရောဂါတွေဖြစ်မလာအောင် တားဆီးနိုင်မှာဖြစ်ပြီး အသက်ကြီးတဲ့အထိ သွားကျန်းမာမှာဖြစ်ပါတယ်။ သွားနဲ့ခံတွင်းကျန်းမာရေးကို ဘာလို့ဂရုစိုက်သင့်တာလဲဆိုတာလည်း အရေးပါတဲ့အကြောင်းရင်းရှိပါတယ်။ ခံတွင်းမကျန်းမာရင် သို့မဟုတ်သွားဖုံးရောဂါရှိနေရင် နှလုံးရောဂါ၊လေဖြတ်ခြင်း၊ ဆီးချိုမထိန်းနိုင်ခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်းတို့ိလိုပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ ခန္ဓါကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေလိုပဲ ခံတွင်းမှာက ဘက်တီးရီးယားတွေအများကြီးရှိပါတယ်။ အများစုကတော့ အန္တရာယ်မပေးပါဘူး။ ပုံမှန်အားဖြင့်နေ့တိုင်းသွားတိုက်တာ၊ သွားပွတ်ကြိုးသုံးတာ လိုမျိုး ခံတွင်းသန့်ရှင်းရေးဂရုစိုက်မှုတွေနဲ့ ခန္ဓါကိုယ်ရဲ့ခုခံမှုစနစ်ကြောင့် ဒီဘက်တီးရီးယားတွေကို ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် ခံတွင်းသန့်ရှင်းရေးဂရုမစိုက်မိတာနဲ့ ဘက်တီးရီးယားတွေကရောဂါပိုးဝင်တာတွေဖြစ်စေနိုင်တဲ့အဆင့်ထိရောက်ရှိလာနိုင်ပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘယ်လိုလက္ခဏာတွေသိသာလာလဲ သတိထားမိကြရဲ့လား။ လက္ခဏာတစ်ခုခုဖြစ်လာရင် ဆေးသောက်လိုက်ဖို့ပဲ အာရုံစိုက်ကြပြီး တကယ့်အကြောင်းရင်းခံဖြစ်တဲ့ ခံတွင်းသန့်ရှင်းရေးကိုမေ့နေကြတတ်ပါတယ်။ ဒီလက္ခဏာမျိုးတွေဖြစ်လာရင်တော့ သွားနဲ့ခံတွင်းမှာပြဿနာရှိနေပြီလို့ သိလိုက်ပါတော့ - (၁) သွားကိုက်ခြင်း သွားကိုက်တာက အဖြစ်များကြတဲ့ပြဿနာတစ်ခုပါ။ သွားကိုက်ပြီဆို ပါးတွေရောင်၊ သွားဖုံးတွေရောင်ပြီး အစားမစားနိုင်၊ ဆန်ပြုတ်သောက်ရတာပါပဲ။ သွားပိုးစားခြင်းကြောင့်ဖြစ်တတ်ပေမယ့် သွားဖုံးရောဂါရှိနေတဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ (၂) သွားကျဉ်ခြင်း အပူ ၊ အအေး ဘာပဲသောက်သောက် သွားကျဉ်ရတယ်ဆိုရင် […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားနှင့် ခံတွင်းကျန်းမာရေးအတွက် အရေးအကြီးဆုံး သွားပွတ်တံ

လူတစ်ယောက်၏ တစ်ကိုယ်ရည်သန့်ရှင်းမှုအား တိုင်းတာခြင်းကိစ္စတွင် ခံတွင်းသန့်ရှင်းမှုကိုလည်း မေ့ထား၍မရ။ စားချင်တိုင်းစားနေသော လူတို့၏ခံတွင်းအား သန့်ရှင်းအောင်ထားရန် အရေးကြီး၏။ ခံတွင်း ကျန်းမာရေးအား ဂရုစိုက်ခြင်းကိစ္စသည် ရှေးခေတ်များထဲက ရှိခဲ့သည့် အလေ့အထ ဖြစ်သည်။ ရှေး အခါများက ခုခေတ်လို သွားပွတ်တံများ မရှိသေးသည့် အတွက်ကြောင့် နည်းမျိုးစုံနဲ့ ခံတွင်းသန့်ရှင်းေအာင်လုပ်ခဲ့ကြတယ်။ နာမည်ကြီး နည်းတစ်ချို့ကတော့ ဆားနဲ့ သွားတိုက်တာ၊ မီးသွေးနဲ့သွားတိုက်တာ၊ ဆီနဲ့ပလုတ်ကျင်းတာတွေပါ။ အဲ့နည်းတွေက ကောင်းတာလည်းရှိသလို ဆားဖြင့် သွားတိုက်ခြင်းဖြင့် ဆားများမျိုချမိတတ်၍ သွေးတိုးခြင်း၊ မီးသွေးဖြင့် သွားတိုက်ခြင်းကြောင့် သွားကြွေလွှာ ပျက်စီးခြင်း၊ ဆီနဲ့ ပလုတ်ကျင်းရင်လည်း အဝင်ဆိုးတဲ့ဆိုးကျိုးတွေရှိခြင်းကြောင့် နောက်ပိုင်းလူတွေက အများကြီး သုံးရအဆင်ပြေမယ့် သွားပွတ်တံကို စတင်တီထွင်ခဲ့တယ်။ သုံးရလည်း အဆင်ပြေပြီး သန့်ရှင်းတဲ့အတွက်ကြောင့် နောက်ပိုင်းတွင် သွားပွတ်တံသုံးသူများပြားလာခဲ့တယ်။ ခေတ်မီအဆင်ပြေလှတဲ့ သွားပွတ်တံတွေရဲ့ အရင်းအမြစ်က […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားနဲ့သွားဖုံးကျန်းမာရေးအတွက် သွားပွတ်တံ

သွားနဲ့ခံတွင်းဟာ လူ့ခန္ဓါကိုယ်တစ်ခုလုံးရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာ လက်ခံကြတယ်ဟုတ်။ ခံတွင်းကျန်းမာရေးမကောင်းရင် တခြားအပိုင်းတွေမှာပါ ထိခိုက်စေတယ်လေ။ ဥပမာ သွားကိုက်ေနတယ်ဆို ဘာမှမစားနိုင်လို့ ဆန်ပြုတ်လေးသောက်ရင်း သူများစားတာသွားရည်ယိုနေရတာမျိုး။ လိုအပ်တဲ့အာဟာရတွေလည်းမစားရ၊ ဝေဒနာကလည်းအတော်ခံရတာ။ သွားအရမ်းကိုက်လို့ သွေးတိုးလာတာ၊ အားမပြည့်လို့ တခြားရောဂါတွေဝင်လာတာ နောက်ဆက်တွဲပြဿနာတွေပေါ့။ သွားနဲ့သွားဖုံးကိုဂရုစိုက်ဖို့ဆိုတာ အချိန်ရော ငွေရော အများကြီးအကုန်ကျခံစရာမလိုပါဘူး။ အချိုသိပ်မစားဖို့နဲ့ သွားမှန်မှန်တိုက်ဖို့၊ အရည်အသွေးကောင်းတဲ့ သွားပွတ်တံနဲ့သွားတိုက်ဆေးသုံးဖို့က အခြေခံအချက်ပါ။ ပြီးတော့ ရေများများသောက်ဖို့၊ သွားကို ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့လိုအပ်ပါတယ်။ သွားတိုက်တဲ့အခါ မှန်ကန်တဲ့သွားတိုက်နည်းဖြစ်ဖို့လည်းအရေးကြီးပါတယ်။ မဟုတ်ရင် ကောင်းကျိုးထက်ဆိုးကျိုးပိုများပြီး သွားပိုပျက်စီးစေနိုင်လို့ပါ။ နူးညံ့တဲ့သွားတိုက်တံကိုသုံးပါ။ သွားပွတ်တံအမွေးတွေကြမ်းရင် ကြွေလွှာကိုပျက်စီးစေနိုင်လို့ နူးညံ့တဲ့အမျိုးအစားကိုရွေးပါ။ သွားပွတ်တံကို အတည့်လိုက်သုံးတာထက် ၄၅ ဒီဂရီ ခပ်စောင်းစောင်းလေးထားပြီးတိုက်သင့်ပါတယ်။ သွားတိုက်ပုံမှန်ကန်ပါစေ။ အပေါ်နဲ့အောက် ကိုနည်းနည်းပဲတိုက်ပြီး စက်ဝိုင်းပုံသဏ္ဍာန်သွားတိုက်ပေးရင် သွားမျက်နှာပြင်အကုန်လုံးကို သန့်စင်ပေးနိုင်ပါတယ်။ ဘေးတိုက် သွားတိုက်နည်းကိုရှောင်ပါ။ သွားအပေါ်ယံလွှာထိခိုက်ပျက်စီးမှုကိုကာကွယ်နိုင်ဖို့ သွားပွတ်တံ၊ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားပွတ်တံရွေးချယ်တဲ့အခါ ဘာတွေကိုသိထားရမလဲ

အစားကောင်းကောင်းစားဖို့ သွားေကာင်းကောင်းလိုမှာပေါ့နော်။ အသက်ကြီးလာတာနဲ့အမျှ အရိုးတွေ ၊ သွားတွေက အားနည်းလာပါတယ်။ သွားတွေကလည်း လူတစ်ယောက်မှာ မရှိမဖြစ်လိုအပ်တဲ့အရာပါ။ သွားကောင်းမှပဲ စားရသောက်ရတဲ့အခါအဆင်ပြေတာပါ။ သွားမရှိတာကို မပြောနဲ့ဦး သွားကိုက်တဲ့အခါ သွားနာတဲ့အခါမျိုးမှာဆိုရင်တောင် တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်ရတယ်နော်။ ဒီအခြေအနေမျိုးကိုတော့ လူတိုင်းလိုလိုကြုံဖူးကြမှာပါ။ ဒါကြောင့် သွားတွေကို ဂရုစိုက်ဖို့ကို မေ့မထားဖို့သတိပေးပါရစေ။ သွားနဲ့ခံတွင်းကျန်းမာရေးက အရေးပါတယ်။ သွားနဲ့ခံတွင်းကျန်းမာအောင်ထားပေးတာက နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေတွေကို ကာကွယ်ရာရောက်ပါတယ်။ သွားဖုံးရောဂါက ဆီးချိုရောဂါနဲ့ နှလုံးရောဂါလိုမျိုး နာတာရှည်ကျန်းမာရေးပြဿနာတွေကိုဖြစ်ပေါ်စေနိုင်တဲ့ အဓိကအကြောင်းရင်းခံတစ်ခုဆိုတာကို သိပါရဲ့လား။ ဒီတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကို နာတာရှည်ရောဂါတွေကြောင့်ထိခိုက်တာမျိုးမဖြစ်စေဖို့ သွားနဲ့ခံတွင်းကို သန့်ရှင်းကျန်းမာအောင်ဂရုစိုက်ဖို့လိုပါမယ်။ သွား နဲ့ ခံတွင်းကျန်းမာရေးအတွက် အရေးအပါဆုံးအရာတစ်ခုကတော့ သွားပွတ်တံပါ။ သွားပွတ်တံကောင်းကောင်းရွေးချယ်ခြင်းက သင့်ရဲ့ သွားနဲ့ခံတွင်းရေရှည်ကျန်းမာရေးအတွက် အဓိကနေရာကပါဝင်တယ်။ သွားပွတ်တံရဲ့ အသုံးဝင်ပုံအချို့ သွားနဲ့ခံတွင်းသန့်ရှင်းရေးအတွက် တာဝန်ယူထားတဲ့ သွားပွတ်တံက ဒီလိုလေးအသုံးဝင်ပါတယ်။ သွားမှာကပ်ညှိနေတဲ့ အရာတွေကိုဖယ်ရှားပေးတယ် သွားဖုံးရောဂါကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း