သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

ကြံ့ခိုင်တဲ့သွားတွေပိုင်ဆိုင်နိုင်စေဖို့ စားပေးသင့်တဲ့ အစားအစာများ

ပြုံးလိုက်တိုင်းလှနေစေဖို့ အဓိကအရေးကြီးဆုံးအစိတ်အပိုင်းက ဘာများဖြစ်မလဲ။ နှုတ်ခမ်းလား၊ သွားလား။ ကြံ့ခိုင်ဖြူဖွေးတဲ့သွားလေးတွေက သင့်ကို ပြုံးလိုက်တိုင်းလှနေစေမှာပါ။ ဖြူဖွေးကြံ့ခိုင်တဲ့သွားတွေပိုင်ဆိုင်နိုင်စေဖို့ အရေးကြီးတဲ့အချက်တွေက သွားတိုက်ဆေးလား၊ ဒါမှမဟုတ် သွားပွတ်တံလား။ သွားဖြူအောင်လုပ်တဲ့နည်းလမ်းတွေများလား။ အရိုးရှင်းဆုံးတွေးကြည့်ရအောင်။ သွားတိုက်တံတွေ၊ သွားတိုက်ဆေးတွေ မပေါ်ခင်ကလည်း ကြံ့ခိုင်ဖြူဖွေးတဲ့ သွားတွေနဲ့ ပြုံးအလှ ပိုင်ရှင်တွေ ရှိခဲ့ဖူးတာပါပဲ။ အဲ့အချိန်တုန်းက သွားတွေကို ဖြူဖွေးကြံ့ခိုင်အောင် ဘာတွေနဲ့များ လုပ်ခဲ့ကြမလဲ။ တော်တော်များများ သတိမထားမိတဲ့အချက်တစ်ခုရှိနေတာပါ။ ဒါကတော့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ သွားတွေကို ကြံ့ခိုင်ကျန်းမာစေတဲ့ အစားအစာတွေပါဝင်နေတယ်ဆိုတာပါ။ ဒီတော့ သွားတွေကျန်းမာကြံ့ခိုင်အောင် ဘာတွေများစားရမလဲလို့ တွေးနေလား။ ဒီဆောင်းပါးလေးထဲမှာ ပြည့်ပြည့်စုံစုံပြောပြပေးမှာမို့ သေချာလေးဖတ်ကြည့်ပါနော်။ သွားတွေကြံ့ခိုင်စေဖို့ စားသုံးပေးရမယ့် အစားအစာများ ရေ ရေသောက်သုံးပေးတာက သွားနဲ့ခံတွင်းကျန်းမာဖို့ တော်တော်လေးအထောက်အကူပြုပေးပါတယ်။ အချိုများတဲ့ အစားအစာတွေစားပြီးတဲ့အခါတိုင်း ရေသောက်ပေးပါ။ သွားတွေမှာ အချိုဓါတ်တွေ ကပ်ကျန်နေတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစားတစ်ခုခုစားပြီးရေသောက်ချလိုက်တာက […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားဖုံးရောဂါတွေကို ဘယ်လိုကာကွယ်ရမလဲ

သွားဖုံးရောဂါမှာ ပထမအဆင့်က သွားဖုံးရောင်ခြင်း (Gingivitis ) ဖြစ်ပါတယ်။ Gingivitis ဖြစ်လာပြီဆိုရင် သွားဖုံးတွေက ရဲလာမယ်၊ ရောင်ရမ်းလာမယ်၊ ထိတာနဲ့သွေးထွက်လွယ်တယ်။ ခံတွင်းသန့်ရှင်းမှုမလုံလောက်တဲ့အခါ ဖြစ်လာတတ်တဲ့ သွားဖုံးရောင်ခြင်းက စစချင်းမှာ လက္ခဏာသိပ်မသိသာတဲ့အတွက် အမှုမဲ့အမှတ်မဲ့နေလိုက်ကြတာပဲများပါတယ်။ ဆက်ပြီးသေချာဂရုမစိုက်မိကြပါဘူး။ ဒါပေမယ့် ဂရုစိုက်ထိန်းသိမ်းလို့ရတဲ့အဆင့်ကို လျစ်လျူရှုခဲ့တော့ နောက်ပိုင်းမှာ periodontitis လို့ခေါ်တဲ့ တကယ့်သွားဖုံးရောဂါနဲ့ပက်ပင်းတိုးမှာ သေချာပါတယ်။ Periodontitis (ရေစီးကမ်းပြိုရောဂါ) သွားဖုံးရောင်တဲ့အဆင့်မှာ ဂရုမစိုက်၊ မဆင်ခြင်ခဲ့တဲ့အခါ periodontitis အဆင့်ကိုရောက်လာနိုင်ပါတယ်။ သွားမှာကပ်ငြိနေတဲ့သွားချေးတွေ၊အညစ်အကြေးတွေက သွားဖုံးအစပ်အောက်နားထိပြန့်သွားနိုင်တာကြောင့် အဲဒီမှာပါလာတဲ့ဘက်တီးရီးယားတွေရဲ့အဆိပ်အတောက်တွေက သွားဖုံးကို ဒုက္ခပေးလာတာပေါ့။ ဘက်တီးရီးယားတွေကြောင့် သွားဖုံးတွေကိုတာရှည်ရောင်ရမ်းစေပြီး သွားကိုအထောက်အပံ့ပေးတဲ့ တစ်ရှူးနဲ့အရိုးတွေကို ပျက်စီးစေနိုင်ပါတယ်။ တဖြည်းဖြည်း သွားဖုံးနဲ့သွားရဲ့ကြားထဲမှာ ကွာဟလာပြီး ရောဂါပိုးဝင်လာပါတယ်။ ရောဂါအဆင့်တက်လာတာနဲ့ အဲဒီကွာဟတဲ့နေရာက ပိုနက်ရှိုင်းလာပြီး ပိုပိုပျက်စီးလာပါတယ်။ နောက်ပိုင်းမှာတော့ သွားကျွတ်တာတွေ၊ နှုတ်ပစ်ရတာတွေဖြစ်လာနိုင်ပါတယ်။ သွားဖုံးရောဂါရှိနေတယ်ဆို ဘာလက္ခဏာတွေဖြစ်လာမလဲ ကျန်းမာတဲ့သွားဖုံးတွေက ချပ်ချပ်ရပ်ရပ်နဲ့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းကျန်းမာစေမယ့် အမူအကျင့် ၈ ခု

သွားတိုက်မယ်၊ သွားပွတ်ကြိုးအသုံးပြုမယ်၊ ပလုတ်ကျင်းမယ်ဆိုတာတွေက မဖြစ်မနေလုပ်ကိုလုပ်ရမယ့် အခြေခံအကျဆုံးသွားနဲ့ခံတွင်းထိန်းသိမ်းမှုနည်းလမ်းတွေပေါ့။တစ်နေ့တာလုံးလူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာအရေးပါတဲ့ ခံတွင်းကျန်းမာဖို့က အရေးကြီးပါတယ်။ ခံတွင်းကျန်းမာနေမှ ခံတွင်းနံ့ဆိုးကင်းစင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးသလို ပတ်ဝန်းကျင်ကသူတွေအတွက်လည်း စိတ်အနှောင့်အယှက်ကင်းမှာပါ။ သွားနဲ့ခံတွင်းကျန်းမာရေးအတွက်နောက်ထပ်ဂရုပြုရမယ့်အချက်ကတော့ သွားနဲ့ခံတွင်းကိုထိခိုက်စေမယ့် အမူအကျင့်တွြေဖစ်တဲ့ဆေးလိပ်သောက်တာ အချိုတွအများကြီးစားတာ၊သွားနဲ့ခံတွင်းကို သန့်ရှင်းရေးမလုပ်တာမျိုးကိုရှောင်ရှားဖို့ပါ။ ဒီတော့ သွားနဲ့ခံတွင်းကျန်းမာစေဖို့မွေးမြူသင့်တဲ့ အကျင့်တွေရှိနေပါတယ်။ ဒီနေရာမှာမေးစရာရှိနေတာက သွားနဲ့ခံတွင်းကျန်းမာဖို့အတွက် သီးသန့်ဂရုစိုက်မွေးမြူရမယ့် အကျင့်တွေရှိနေတာလားပေါ့။ သွားနဲ့ခံတွင်းကျန်းမာစေမယ့် အမူအကျင့်တွေကရှိနေပါတယ်။ သွားနဲ့ခံတွင်းကျန်းမာစေမယ့် အမူအကျင့်တွေက သွားနဲ့ခံတွင်းကျန်းမာစေဖို့မွေးမြူရမယ့် အမူအကျင့်တွေက အရမ်းကြီးမခက်လှပါဘူး။ ပုံမှန်လုပ်နေကျအမူအကျင့်တွေကို နည်းနည်းသတိထားပေးလိုက်ရင်ကိုရပါပြီ။ (၁) သွားနဲ့ခံတွင်းကိုကျန်းမာစေနိုင်တဲ့ အစားအစာတွေစားသုံးပေးပါ -နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အချိုများတဲ့အစားအစာတွေနဲ့သွားမှာကပ်နိုင်တဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပေးပါ။ ပထမဆုံးလုပ်ရမှာက အချိုများတဲ့ စားစရာသောက်စရာတွေကို နည်းနည်းချင်းလျှော့စားသွားပါ။ အရင်ကတည်းက အချိုများတဲ့ အစားအစာတွေကို မကြိုက်တာဆိုရင်တော့ အိုကေပေါ့။ သွားနဲ့ခံတွင်းအတွက် အထောက်အပံ့ပေးနိုင်မယ့် ကယ်လ်ဆီယမ်၊ ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် C၊ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားပွတ်တံထိန်းသိမ်းနည်း လမ်းညွှန်

သွားတိုက်တာက လူတစ်ယောက်ရဲ့ နေ့စဉ်တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် မဖြစ်မနေလုပ်ဆောင်နေရတဲ့ အရာတစ်ခုပေါ့။ တစ်နေ့တာလုံး စိတ်လက်ပေါ့ပါးစွာနဲ့ပြောဆိုနိုင်ဖို့က ခံတွင်းသန့်ရှင်းရေးကို ချန်ထားလို့မဖြစ်ဘူးလေနော်။ သွားနဲ့ခံတွင်း သန့်ရှင်းကျန်းမာနေစေဖို့အတွက် မဖြစ်မနေလိုက်နာရမယ့် အချက်တွေရှိနေပါတယ်။ ဒီအချက်တွေကတော့ ကိုယ့်သွားအနေအထားနဲ့ ကိုက်ညီမယ့် သွားပွတ်တံကိုရွေးချယ်ဖို့နဲ့သွားပွတ်တံကိုသေချာထိန်းသိမ်းဖို့ပါ။ ဒီနေရာမှာ ပြောပြချင်တာတစ်ခုက သွားပွတ်တံကို လုံးဝဖွာစုတ်သွားတာမျိုး မဖြစ်မချင်း ကျိုးသွားတာမျိုးမဖြစ်မချင်း အသုံးမပြုသင့်ဘူးဆိုတာပါ။ သွားပွတ်တံကို အကြာဆုံးအနေနဲ့ဆိုရင်တောင် ၄ လတစ်ကြိမ်ပဲသုံးသင့်ပါတယ်။ ဖြစ်နိုင်ရင် ၃ လပြည့်တိုင်း မမေ့မလျော့သွားပွတ်တံလဲပေးပါ။ သွားပွတ်တံမကောင်းတဲ့အခါ သွားတိုက်ပေမယ့် ကောင်းဖို့ဆိုတာထက် သွားနဲ့ခံတွင်းမှာ ထိခိုက်မှုတွေပိုဖြစ်လာနိုင်ပါတယ်။ နောက်တစ်ချက်က သွားပွတ်တံကို အသုံးပြုနေစဉ်ကာလအတွင်း သေချာထိန်းသိမ်းဖို့လိုမယ်ဆိုတဲ့အချက်ပါ။ သွားပွတ်တံကို ဒီနည်းတွေအတိုင်း ထိန်းသိမ်းပေးပါ နေ့စဉ် တကိုယ်ရည်သန့်ရှင်းမှုအတွက်အရေးပါတဲ့ သွားပွတ်တံကို သေသေချာချာထိန်းသိမ်းဖို့လိုအပ်မှာပါ။ သွားပွတ်တံကို သေချာထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေပြောပြပေးမှာဆိုတော့ ခံတွင်းနဲ့သွားကျန်းမာစေဖို့ လိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ သွားတိုက်ပြီးတိုင်း သွားပွတ်တံကို သန့်စင်ဆေးကြောပေးပါ - […]


အခြားခံတွင်းရောဂါ ပြဿနာများ

ယုံကြည်မှုရှိရှိနဲ့ အလှဆုံးပြုံးပြလိုက်ပါ

တစ်ကိုယ်ရေ သန့်ရှင်းရေးလို့ ဆိုလိုက်တာနဲ့ သွားကျန်းမာရေးကိုလည်း မေ့ထားလို့ မရပါဘူး။ မျက်နှာရဲ့ အကြည်ဓါတ်ဆိုရာမှာ အပြုံးက အဓိက အရေးအပါဆုံးပါ။ အလှဆုံးပြုံးနိုင်ဖို့ သန့်ရှင်းနေတဲ့သွားနဲ့ ၊ ဖော်ရွေတဲ့ စကားတွေဆိုနိုင်ဖို့ အနံ့ ဆိုးကင်းစင်တဲ့ ခံတွင်းသန့်ရှင်းရေးက အရေးကြီးပါတယ် ။ ခံတွင်းနံ့ဆိုးရွားစေတဲ့ အချက်တွေထဲမှာ သွားပိုးပေါက် တွေ၊ သွားဖုံး၊ မသန့်ရှင် းတဲ့ သွားချိုးနဲ့ ကျောက် (bacterial plaque;calculus) တွေ ကြောင့်ဆိုတာ အဓိက အချက် တွေပါပဲ။ အဲ့ဒီ သွားပိုးပေါက်တွေထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကနေ အနံ့ဆိုး(Gas) တွေကို ဖြစ်ပေါ်စေတာပါ။ သွားပိုးစားတာကို ဆေးဘက် ဆိုင် ရာ အ ခေါ် အ ဝေါ်အရ တော့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားများကို သဘာဝအတိုင်း ဖြူဖွေးစေနိုင်သည့် နည်းလမ်း (၆) မျိုး

လူတော်တော်များများက သူတို့ရဲ့သွားအရောင်က အဝါရောင်ပေါက်နေတဲ့ အတွက်ကြောင့် ဓါတ်ပုံရိုက်တဲ့အခါမှာ သွားကို ဖုံးထားကြလေ့ရှိပါတယ်။ လှပတဲ့ သွားတွေဟာ ဒီနေ့ခေတ်လို အလှအပရေးရာကို ဦးစားပေးလာကြတဲ့ ခေတ်ကြီးမှာ မရှိမဖြစ်အရာတစ်ခု ဖြစ်တဲ့အပြင် မိမိကိုယ်ကို ယုံကြည်ချက်ကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် လူတော်တော်များများက သူတို့ရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးကို ပိုမိုစောင့်ရှောက်လာကြတာကိုတွေ့ရပါတယ်။ သွားတွေဟာ လူတွေနဲ့တွေ့တဲ့အခါမှာ ပထမဆုံး သတိပြုမိခံရတဲ့ အရာတစ်ခုဖြစ်တဲ့အပြင် ကျန်းမာရေးနဲ့ မိမိကိုယ်ကို ယုံကြည်ချက်အတွက် ပြယုဂ်တစ်ခုလည်း ဖြစ်ပါသေးတယ်။ ဒါ့ကြောင့် ဘယ်အသက်အရွယ်ပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက်သာမက အသွင်အပြင်အတွက်ပါ အရေးကြီးတဲ့ သွားတွေကို စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ သွားတွေဟာ အသက်ကြီးလာတာနဲ့ အမျှ ပိုဝါလာနိုင်ဆိုပေမဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးကို သေချာဂရုစိုက်မယ်ဆိုရင် ဒီလို သွားဝါခြင်းကို အပြည့်အဝတားဆီးနိုင်ပါတယ်။ ဒီနေ့ခေတ်ကြီးမှာ သွားဖြူစေနိုင်တဲ့ ဆေးဝါးတွေကို ဆေးဆိုင်တွေမှာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် နေ့စဉ်တိုက်နေတဲ့ သွားတိုက်တံအကြောင်း

ခံတွင်းကျန်းမာရေးက လူတိုင်းအတွက်တော်တော်လေး အရေးပါတဲ့အရာပါ။ ခံတွင်းကျန်းမာရေးဆိုတဲ့နေရာမှာ သွားနဲ့သွားဖုံးကျန်းမာအောင် ဂရုစိုက်ရသလို လူတိုင်းနဲ့ပြောဆိုဆက်ဆံရာမှာအသုံးပြုနေတဲ့ ခံတွင်းကနေ အနံ့ဆိုးတွေ မထွက်ဖို့ ဂရုစိုက်ရမှာကိုလည်းမေ့လို့ မဖြစ်ပြန်ပါဘူး။ သွားနဲ့ ခံတွင်းကို ဂရုစိုက်တာက အပြုံးလေးကို လှပစေမှာဖြစ်သလို လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာလည်း အဆင်ပြေမှာပါ။ သွားနဲ့ခံတွင်းဂရုစိုက်မှုရဲ့ ဇာတ်လိုက်တွေက သွားတိုက်ဆေးနဲ့သွားပွတ်တံတို့ပါ။ အခုဆောင်းပါးလေးထဲမှာတော့ ဒီဇာတ်လိုက်တွေထဲက သွားပွတ်တံအကြောင်းပြောပြမယ်နော်။ သွားနဲ့ခံတွင်း ကျန်းမာဖို့ မဖြစ်မနေသိထားသင့်တာတွေက သွားကို တစ်နေ့ နှစ်ကြိမ်တိုက်ပါ။ သွားပွတ်တံကို အချိန်မှန်လဲပေးပါ။ သွာပွတ်တံကိုခြောက်သွေ့အောင်ထားပေးပါ။ သွားတိုက်ဆေးကို သတိထားရွေးချယ်ပါ။ သွားပုံစံနဲ့ သင့်တော်မယ့် သွားပွတ်တံမျိုးကိုရွေးချယ်ပါ။ ဘယ်လိုသွားပွတ်တံမျိုးကိုရွေးချယ်သင့်လဲ သွားပွတ်တံတွေကတော့ရွေးချယ်စရာအများကြီးပါ။ တံဆိပ်အမျိုးမျိုးရှိသလို အရွယ်အစား၊ ပုံစံကွာခြားမှုတွေအမျိုးမျိုးပါပဲ။ ဒီထဲက မှအသင့်တော်ဆုံးဖြစ်မှာကိုရွေးချယ်ဖို့က ကိုယ့်မှာ တာဝန်အရှိဆုံးပါ။ သွားပွတ်တံ အသစ်ဝယ်ခါနီးတိုင်း ချိတုံချတုံ ဘာရွေးရမှန်းမသိတဲ့ HelloSayarwon ပရိသတ်တွေအတွက် သွားတိုက်တံရွေးနည်းလေးပြောပြပေးမယ်နော်။ (၁) ပထမဆုံးအချက်က သွားတိုက်တံရွေးတဲ့အခါ သွားပွတ်တံမှာပါတဲ့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

အပြုံးလေးများ ပိုလှပလာနိုင်စေဖို့

စစ်တမ်းများအရ ဓါတ်ပုံရိုက်တဲ့အခါ လူ ၁၈ ရာခိုင်နှုန်းခန့်ဟာ သူတို့သွားတွေ မလှမပ ဖြစ်နေတာကြောင့် အမြဲတမ်း ပါးစပ်ပိတ်ထားလေ့ရှိတယ်လို့ ဆိုပါတယ်။ သွားများ ဖြူဖွေးလှပနေခြင်းဟာ ပေါင်းသင်းဆက်ဆံရေးမှာ မိမိကိုယ်ကို ယုံကြည်မှု တိုးစေနိုင်တဲ့ အရာတစ်ခု ဖြစ်တာကြောင့် ဒီနေ့ခေတ်မှာ လူတော်တော်များများက သွားဖြူစင်လှပဖို့ အတွက် နည်းမျိုးစုံနဲ့ ပြုလုပ်ပြင်ဆင်နေကြတာကို တွေ့ရပါတယ်။ သင်ပြုံးလိုက်ရင် ပထမဆုံး ပေါ်လာမယ့် အရာတွေဟာ သွားများဖြစ်ပြီး လူအများစု ပထမဆုံး မြင်တဲ့အရာလည်း ဖြစ်ပါတယ်။ သွားများဟာ ကျန်းမာရေးအတွက် အရေးပါရုံသာမက မိမိကိုယ်ကို ယုံကြည်မှု အတွက်လည်း အရမ်းအရေးပါတာကြောင့် ပေါင်းသင်းဆက်ဆံရေးအတွက် အရမ်းအရေးကြီးတဲ့ အင်္ဂါတွေ ဖြစ်ပါတယ်။ လူတော်တော်များများကလည်း သူတို့ရဲ့ မျက်နှာသွင်ပြင်၊ အပြုံး စတာတွေအတွက် အများဆုံး စိုးရိမ်ကြလေ့ရှိကြပါတယ်။ အခု ကျွန်တော် […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကိုက်ဝေဒနာ သက်သာစေမယ့်နည်းလမ်း (၅) ခု

ဘာမှစားလို့မရအောင် သွားတွေကိုက်နေတာလား။ အရမ်းနာကျင်ရတာမဟုတ်ဘူးဆိုရင်တောင်မြန်မြန်သက်သာချင်ကြမှာပဲ။ အစားစားလည်းနာ၊ငြိမ်နေလည်းနာကျင်နေရမှာကိုး။ သိပ်ဆိုးလာရင်တော့ ဆရာဝန်ပြရမယ်ဆိုပေမယ့် စစချင်းမှာ သွားကိုက်ဝေဒနာကို သက်သာအောင် ကိုယ့်ဘာသာကြိုးစားကြည့်လို့ရပါသေးတယ်။ သွားကိုက်ေနတဲ့အချိန်မှာဝေဒနာသက်သာလျော့ပါးစေမယ့် နည်းလမ်း (၅) ခုကိုဖော်ပြလိုက်ပါတယ်။ (၁) နာနေတဲ့သွားကို သိပ်မသုံးပါနဲ့ နာကျင်မှုကို သက်သာအောင် ထိန်းနေရတဲ့အချိန်မှာ ကိုက်နေတဲ့သွားကို သိပ်အားမစိုက်တာ၊ အသုံးမပြုတာကောင်းပါတယ်။ သိပ်ဝါးရတဲ့ အစားအစာတွေကိုရှောင်ပါ။ ဖြစ်နိုင်ရင် အစာပျော့ပျော့စားသင့်တာပါ။ (၂) ဆားရည်ငုံပါ၊ ပလုပ်ကျင်းပါ နာကျင်မှုကိုသက်သာစေပြီး ဘက်တီးရီးယားတွေသေစေနိုင်တဲ့နည်းလမ်းက ဆားရည်နဲ့ပလုပ်ကျင်းပါ။ဝေဒနာလုံးဝပျောက်ကင်းစေနိုင်တဲ့ ကုသနည်းမဟုတ်ပေမယ့် ပိုးတွေသေစေပြီး သွားဖုံးရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။ ရေနွေးထဲ ဆား သင့်ရုံထည့်ပြီး ခပ်နွေးနွေးအနေအထားမှာ ပလုပ်ကျင်းပါ။ ဆားရည်ကို မိနစ် ၃၀လောက်ငုံပြီးမှ ပလုပ်ကျင်းပါ။ (၃) အကိုက်အခဲပျောက်ဆေးေသာက်ပါ သွားကိုက်ဝေဒနာကို လတ်တလောသက်သာစေဖို့က အကိုက်အခဲပျောက်ဆေးတွေက မြန်ဆန်တဲ့ထိရောက်မှုရှိပါတယ်။ဆရာဝန်က လိုအပ်တဲ့ဆေးဝါးကုသမှုပေးထားချိန်မှာ အနာသက်သာနေမှပျောက်ကင်းမှုပိုမြန်မှာဖြစ်လို့ အကိုက်အခဲပျောက်ဆေးကလိုအပ်ပါတယ်။ တချို့ဆိုရင် သွားကိုက်ဝေဒနာကြောင့်သွေးတိုး တက်လာတာတွေရှိနိုင်တဲ့အတွက်လည်း ပါပါတယ်။ (၄)ရေအေးဝတ် ကပ်ပေးပါ ရေခဲတုံးကို ပတ်ထားတဲ့ သို့မဟုတ်ရေအေးဆွတ်ထားတဲ့အဝတ်လေးနဲ့ ကိုက်နေတဲ့သွားဘေးကပါးတစ်ခြမ်းကို […]


အခြားခံတွင်းရောဂါ ပြဿနာများ

အရွတ်စုတ်ပြဲခြင်းပြဿနာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

အရွတ်ဆိုတာ ခန္ဓါကိုယ်က ကြွက်သားတွေကို အရိုးနဲ့တွယ်ဆက်ပေးထားတဲ့ တောင့်တင်းတဲ့ တစ်ရှူးအဖွဲ့အစည်းဖြစ်ပြီး ကြွက်သားတွေကို အားစိုက်အသုံးပြုရာမှာ အကူအညီပေးပါတယ်။ များသောအားဖြင့် ရုတ်တရက် ပြင်းပြင်းထန်ထန် လှုပ်ရှားရတဲ့ အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ဒါမှမဟုတ် အရွတ်ကို အဆမတန်အသုံးပြုရတဲ့ အားကစားနည်းတွေ (ဥပမာ ပြေး၊ခုန်၊ပစ်) ပြုလုပ်ရတဲ့အခါ အရွတ် ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ နေ့စဉ်နဲ့အမျှ ထပ်တလဲလဲပြုလုပ်ရတဲ့ လှုပ်ရှားမှုတွေ (ဥပမာ ကွန်ပျူတာ ကီးဘုတ်၊ မောက်စ် အသုံးပြုခြင်း) ကြောင့်လည်း အရွတ်စုတ်ပြဲတဲ့ပြဿနာ ဖြစ်လာနိုင်ပါတယ်။ အရွတ်စုတ်ပြဲစေသည့် အကြောင်းရင်းများ ယေဘုယျအားဖြင့် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ အရွတ်ပြဲနိုင်ချေ ပိုများပြီး ငယ်ရွယ်စဉ်အချိန်မှာတော့ အရွတ်မပြဲခင် အရွတ်နဲ့တွယ်ဆက်ထားတဲ့ ကြွက်သားတွေအရင် ပြဲထွက်နိုင်ပါတယ်။ အရွတ်ပြဲခြင်းကို အသက်အရွယ်ကြီးသူတွေနဲ့ ဂေါက်ရောဂါကဲ့သို့ ရောဂါအခံတစ်ခုခု ရှိသူတွေမှာ ပိုအတွေ့ရများပါတယ်။ အရွတ်ပြဲခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့ ထိခိုက်ဒဏ်ရာရခြင်း အသက်အရွယ်ကြီးခြင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း