သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

လျှာနာ နေလား ဒါလေးတွေစားပေးပါ

ခံတွင်းကျန်းမာရေးလို့ ပြောလိုက်ရင် တော်တော်များများပြေးမြင်တာက သွား နဲ့ သွားဖုံးပါ။ လူတော်တော်များများက လျှာလေးကို မေ့ထားတတ်ကြပါတယ်။ ခံတွင်းကျန်းမာရေးဆိုရင် လျှာလေးကို မေ့မထားဖို့ ပြောပါရစေ။ လျှာက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အစားအစာတွေကို မျိုချတာ၊ အရသာခံတာ နဲ့ စကားပြောတာတွေ အဆင်ပြေပြေလုပ်ဆောင်နိုင်အောင်လုပ်ဆောင်ပေးပါတယ်။ မနက်ခင်းနဲ့ ညအိပ်ရာမဝင်ခင် ခံတွင်းသန့်ရှင်းရေးလုပ်တဲ့အခါ သွားနဲ့ သွားဖုံးပြီးရင် လျှာလေးကိုပါ ထည့်ပြီးသန့်ရှင်းပေးပါ။ လျှာလေးက နာနေလား၊ အရောင်ပြောင်းနေလားဆိုတာကို သေချာဆန်းစစ်ကြည့်ဖို့ ပြောပါရစေ။ ဒီတစ်ခေါက်တော့ လျှာနာ ရင် ဘာစားရမလဲဆိုတာကိုပြောပြပေးဖို့ပြောပါရစေ။ လျှာမှာ အနာတစ်ခုခုဖြစ်တာကြောင့် လျှာနာ နေပြီဆိုရင် လျှာကို ကိုက်မိထားတာကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခုခုထိခိုက်မိထားတာကြောင့် လျှာနာ နေပြီဆိုရင် ဒါလေးတွေကို စားကြည့်ပေးဖို့ပြောပါရစေ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ လျှာနာ တာကို သက်သာစေမယ့် စားစရာတစ်ခုပါ။ နို့နဲ့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

အံဆုံးသွားနှုတ်တာနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

အံဆုံးသွားနဲ့ ပတ်သက်ပြီး လူတွေ အမေးများတဲ့အရာတွေကတော့ ဘယ်အချိန်မှာ နှုတ်သင့်လဲ၊ ဘာကြောင့် နှုတ်သင့်လဲ၊ နှုတ်ဖို့ လိုအပ်လား အစရှိသဖြင့်ပါပဲ။ အံဆုံးသွားဟာ သွားဖုံးရဲ့ နောက်ဆုံးဘက်ခြမ်းမှာ ထွက်လာတတ်ပြီး များသောအားဖြင့် အသက် ၁၇ နှစ်မှ ၂၅ နှစ်အတွင်းမှာ ပေါက်တတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ နှုတ်စရာမလိုပေမယ့် တချို့သော အကြောင်းရင်းတွေကြောင့် သွားဆရာဝန်က နှုတ်ဖို့ အကြံပေးလာနိုင်ပါတယ်။ အံဆုံးသွား နှုတ်သင့်တဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ ၁။ သမားရိုးကျ မပေါက်တဲ့အခါမျိုး (ဥပမာ - မေးရိုး၊ သွားဖုံးကြားထဲမှာ ညှပ်မိနေပြီး အလွန်နာကျင်နေတဲ့အခါ) မှာ နှုတ်သင့်ပါတယ်။ ၂။ အံဆုံးသွားဟာ သွားဖုံးဘေးကနေ ချော်ထွက်ပြီး ပေါက်လာတာ၊ သူ့အရှေ့မှာရှိတဲ့ သွားတွေကို ပွတ်တိုက်နေမိတဲ့အခါမျိုးမှာ နှုတ်ဖို့ လိုအပ်ပါတယ်။ ၃။ ပါးစပ်ကျဉ်းတဲ့သူတွေမှာ မေးရိုးပိုပြီး သေးတဲ့အတွက် သွားထပ်ပေါက်ဖို့ နေရာမရှိတော့တာကြောင့်လည်း […]


အခြားခံတွင်းရောဂါ ပြဿနာများ

ကျန်းမာရေးနဲ့ သင့်ခံတွင်းရဲ့ဆက်နွှယ်မှု

ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါဆိုတာက သွားနဲ့သွားဖုံးရောဂါအတွက်ပဲ အကျိုးရှိတာမဟုတ်ပါဘူး။ သွားနဲ့ခံတွင်းက တခြားရောဂါတွေနဲ့ အပြန်အလှန်ဆက်နွှယ်မှုရှိနေတာတော့ သိထားသင့်ပါတယ်။ သွားဖုံးရောဂါရှိသူတွေက မရှိသူတွေထက် နှလုံးရောဂါဖြစ်နိုင်တဲ့အန္တရာယ်ပိုများတယ်လို့ သုတေသနတွေ့ရှိချက်တွေရှိနေပါတယ်။ရောဂါဖြစ်စေတဲ့အဓိကအကြောင်းရင်း ဟုတ်မဟုတ်ကို သက်သေမပြနိုင်ပေမယ့် ဆက်နွှယ်မှုရှိနေတာကြောင့် ခံတွင်းကျန်းမာရေးကိုဂရုစိုက်တာက လွန်တယ်တော့မရှိပါဘူး။ သွားဖုံးရောဂါနဲ့ ဆီးချို ဆီးချိုရောဂါက ခန္ဓါကိုယ်ရဲ့ရောဂါခုခံနိုင်စွမ်းကို ကျဆင်းစေပါတယ်။ ဒါ့ကြောင့် သွေးတွင်းသကြားဓါတ်မြင့်တက်လာတဲ့အခါ သွားဖုံးရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ ဒါ့အပြင် သွားဖုံးရောဂါကြောင့်သွေးတွင်းသကြားဓါတ်ကိုထိန်းဖို့ခက်စေနိုင်ပါတယ်။ ဒီလိုအပြန်အလှန်ဆက်နွှယ်မှုရှိတာကြောင့် သွားပုံမှန်တိုက်၊ သွားပွတ်ကြိုးသုံး၊ခံတွင်းသန့်ဆေးရည်နဲ့ပလုတ်ကျင်းပါ။ အာခေါင်ခြောက်၊ လျှာခြောက်တာက သွားပျက်စီးစေနိုင်တယ် တံတွေးက သွားနဲ့သွားဖုံးကို ဘက်တီးရီးယားရန်က ကာကွယ်ပေးပြီး သွားပိုးစားခြင်း၊သွားဖုံးရောင်ခြင်းတွေ ကင်းဝေးစေပါတယ်။ ဒါ့ကြောင့် တံတွေးသိပ်မထွက်တဲ့ အာခေါင်ခြောက်ခြင်းက သွားပျက်စီးခြင်းနဲ့ သွားဖုံးရောဂါတွေ ပိုဖြစ်လွယ်စေပါတယ်။ ဆေးဝါး ဆေးတချို့ရဲ့ဘေးထွက်ဆိုးကျိုးကြောင့် အာခေါင်ခြောက်လာတဲ့အခါ ၊ရေသောက်နည်းတဲ့အခါ ရောဂါပိုးတွေကို မဖယ်ရှားနိုင်ဘဲ သွားပျက်စီးမှုနဲ့ သွားဖုံးရောဂါတွေဖြစ်လာစေနိုင်ပါတယ်။ ဓါတ်မတည့်မှုသက်သာစေတဲ့ဆေးတွေ၊ အအေးမိနှာစေးပျောက်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေး၊ စိတ်ကျရောဂါသောက်ဆေးတွေက အာခေါင်ခြောက်စေတဲ့ဆေးတွေစာရင်းမှာပါဝင်ပါတယ်။ စိတ်ဖိစီးမှုနဲ့ သွားကြိတ်ခြင်း စိတ်ဖိစီးနေတယ်၊ ပူပန်သောကရှိနေတယ်၊ စိတ်ကျနေတယ်ဆိုရင် […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းအနံ့ဆိုး ဘာကြောင့် ဖြစ်ရတာလဲ

ခံတွင်းကနေ အနံ့ဆိုးထွက်တဲ့ ပြဿနာဟာ ကိုယ့်အတွက်ကိုရော ဘေးပတ်ဝန်းကျင်က လူတွေကိုပါ စိတ်ကသိကအောက် ဖြစ်စေနိုင်လောက်တဲ့ ကိစ္စပါ။ အချိန်ကြာလာတာနဲ့အမျှ ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း နည်းလာနိုင်ပါတယ်။ ဘာကြောင့် ခံတွင်းအနံ့ဆိုး ထွက်လာတာလဲ။ ဘယ်လိုဖြေရှင်းမလဲ။ တချို့သော အစားအစာတွေ၊ ကျန်းမာရေးပြဿနာနဲ့ နေထိုင်ပုံအမူအကျင့်တွေ၊ ခံတွင်းသန့်ရှင်းရေး သေချာမလုပ်တဲ့သူတွေမှာ ခံတွင်းအနံ့ဆိုး ထွက်လာနိုင်ပါတယ်။ ခံတွင်းသန့်စင်ဆေးရည်တွေ၊ ပူရှိန်းပါတဲ့ သကြားလုံးတွေဟာ ခံတွင်းအနံ့ဆိုးတွေကို ခေတ္တခဏ ပျောက်စေနိုင်ပေမဲ့ ရေရှည် ခံတွင်းကျန်းမာရေးအတွက်တော့ အဆင်မပြေပါဘူး။ ခံတွင်းအနံ့ဆိုး ထွက်လာရတဲ့ အကြောင်းရင်းနဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုတာကိုပြောပြပေးမယ်နော်။ ၁။ အစားအစာ အစားအစာတွေ စားပြီးတဲ့အခါမှာ သွားကြားထဲ အကြွင်းအကျန်တွေ ကပ်ငြိနေနိုင်ပါတယ်။ ခံတွင်းသန့်ရှင်းမှု မရှိတဲ့ သူတွေဆိုရင် အချိန်ကြာလာရင် သွားကြားထဲ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာပြီး ခံတွင်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သွားပွတ်ကြိုးကို အသုံးပြုပြီး […]


အခြားခံတွင်းရောဂါ ပြဿနာများ

ပါးစပ်မှာ အနာတွေ မကြာခဏ ပေါက်လာပြီဆိုရင်

ပါးစပ်မှာ အဖြူရောင်အကွက်လို အနာလေးတွေ ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဒီလိုအနာတွေဟာ စိုးရိမ်ရလောက်တဲ့ ကျန်းမာရေးပြဿနာမျိုး မဟုတ်ပေမဲ့ ထမင်းစားချိန်၊ ရေသောက်ချိန်လိုမျိုးမှာ နာကျင်ပြီး နေရထိုင်ရခက်စေပါတယ်။ များသောအားဖြင့် သွားဖုံးနဲ့ ပါးစောင်တွေမှာ ပေါက်တတ်ပြီး လျှာ၊ အာသီးပတ်လည်မှာလည်း ပေါက်နိုင်ပါတယ်။ ပါးစပ်နာ (Mouth ulcers/ canker sores) တွေဟာ ကူးစက်နိုင်လား။ အထိအတွေ့ကြောင့်ဖြစ်စေ၊ ပွေ့ဖက်နမ်းရှုပ်လို့ဖြစ်စေ ကူးစက်တာမျိုး မဖြစ်စေပါဘူး။ ပုံမှန်အားဖြင့် ပါးစပ်နာတွေဟာ တစ်ပတ်ကနေ ၂ပတ်အတွင်း သူ့အလိုလိုပျောက်ကင်းသွားနိုင်ပြီး အမာရွတ်ကျန်ခဲ့တာမျိုးလည်း မဖြစ်ပါဘူး။ ဘာကြောင့် ပါးစပ်နာတွေ ဖြစ်လာတာလဲ။ ၁။ သွားတိုက်တဲ့အခါ၊ အစာစားရင်း ကိုက်မိတဲ့အခါဖြစ်စေ၊ အားကစားလုပ်ရင်း၊ သွားနှုတ်နေရင်းနဲ့ ထိခိုက်မိတဲ့အခါဖြစ်စေ ဒဏ်ရာဖြစ်ရင်းကနေ ပါးစပ်နာ အဖြူကွက်တွေ ဖြစ်နိုင်ပါတယ်။ ၂။ အာဟာရမပြည့်ဝသူတွေ၊ ဗီတာမင် B 12, ဇင့်ဓါတ်၊ ဖောလစ်အက်ဆစ်နဲ့ သံဓာတ်ချို့တဲ့သူတွေမှာလည်း ပါးစပ်နာတွေ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ရေဘယ်လောက်သောက်သောက် အာခေါင်ခြောက်နေရတဲ့ ဒုက္ခ

အာခေါင်ခြောက်တဲ့ပြဿနာကတော်တော်လေးပင်ပန်းရပါတယ်။ရေခဏခဏသောက်နေလည်း အာခေါင်ကခြောက်မြဲခြောက်ဆဲပါပဲ။ ဘာလို့ဖြစ်ရတာလဲဆိုတော့ တံတွေးနည်းလို့၊ တံတွေးမထွက်လို့ပါ။ တံတွေးက အရသာခံနိုင်စွမ်းကို ကူညီထောက်ပံ့ပေးပြီး အစားအသောက်တွေကိုချေဖျက်ရာမှာလည်း ကူညီပေးပါတယ်။ သွားမှာ အစားအစာအကျန်တွေမကပ်ကျန်အောင် ကူညီပေးပြီး သွားမပျက်စီးစေဖို့ အက်စစ်တွေကိုလျော့နည်းစေပါတယ်။ တံတွေးခန်းခြောက်တဲ့အခါ နှုတ်ခမ်းသားနဲ့တဝိုက်မှာခြောက်သွေ့၊ တင်းနေစေပါလိမ့်မယ်။ ဒါဆို နှုတ်ခမ်းတွေကွဲလာမယ်၊ နှုတ်ခမ်းထောင့်တွေမှာ အနာဖုလေးတွေဖြစ်လာမယ်။ လျှာကလည်း ကြမ်းလာ၊ခြောက်သွေ့လာမယ်၊ စားသောက်တဲ့အခါ မျိုချရခက်၊စကားပြောရခက်လာနိုင်တယ်။ တံတွေးတွေက အစားအစာအကြွင်းအကျန်တွေကို ပုံမှန်မဖယ်ရှားပေးနိုင်တဲ့အတွက် အာခေါင်ခြောက်တဲ့သူတွေမှာ ခံတွင်းနံ့ဆိုးတြာဖစ်ပါတယ်။ လည်ချောင်းထဲ ကလိကလိယားနေတာ၊ အသံပြာ၊ အသံအက်ကွဲတာတွေကလည်း အာခေါင်ခြောက်ခြင်းရဲ့အကျိုးဆက်တွေဖြစ်နိုင်ပါတယ်။ ဘာတွေကြောင့် အာခေါင်ခြောက်တာလဲ ဆေးတွေကြောင့်လား ဆရာဝန်ညွှန်းစာမလိုတဲ့ဆေးဝါးတွေနဲ့ အအေးမိသက်သာဆေးတွေအပါအဝင်ဆေးဝါးအမျိုးပေါင်း ၄၀၀ကျော်မှာအာခေါင်ခြောက်စေနိုင်တယ်ဆိုတဲ့ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ သွေးတိုးကျဆေး၊ သည်းခြေဆေး၊နဲ့ စိတ်ကျန်းမာရေးဆေးဝါးတွေကြောင့်လည်း ဒီလက္ခဏာဖြစ်စေနိုင်ပါတယ်။ ဓါတ်ရောင်ခြည်တွေကြောင့်လည်း တံတွေးဂလင်းကိုထိခိုက်နိုင်ပြီး ဓါတုကုထုံးတွေက တံတွေးကိုပျစ်စေလို့ အာခေါင်ခြောက်စေနိုင်ပါတယ်။ ခေါင်းထဲကပြဿနာ ဦးခေါင်း ဒါမှမဟုတ် လည်ပင်းထိခိုက်မှုတစ်ခုခုကနေဖြစ်လာတဲ့ အာရုံကြောထိခိုက်မှုကြောင့် အာခေါင်ခြောက်ခြင်းဖြစ်လာနိုင်ပါတယ်။ အာရုံကြောတချို့က ဦးနှောက်နဲ့တံတွေးဂလင်းတွေကြားမှာ သတင်းပေးပို့တဲ့လုပ်ဆောင်ချက်ရှိပါတယ်။ အဲဒီအာရုံကြောတွေထိခိုက်ထားတယ်ဆိုရင် […]


သွားပြဿနာများ

Tooth and nail syndrome (သွားနှင့်ခြေသည်းလက်သည်းရောဂါအစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်သွားနှင့်ခြေသည်းလက်သည်းရောဂါအစု ဆိုတာဘာလဲ။ သွားနှင့်ခြေသည်းလက်သည်းရောဂါအစု (TNS) ဆိုတာ ခန္ဓါကိုယ်အပေါ်လွှာကင်ဆာဖြစ်ချင်ခြင်းရောဂါအစုထဲက ရှားပါးတဲ့မျိုးရိုးဗီဇရောဂါတစ်မျိုးဖြစ်ပါတယ်။ ထိုအစုမှာ စင်ဒရုန်းပေါင်း ၁၀၀ကျော်ပါဝင်ပါတယ်။ ခန္ဓါကိုယ်အပေါ်ယံလွှာအကြိုကင်ဆာဖြစ်မယ်ဆိုရင် သွား၊ ခြေသည်းလက်သည်း၊ အမွှေးများနဲ့ အရေပြားတို့ကို ထိခိုက်မှာပါ။ သွားနှင့်ခြေသည်းလက်သည်းရောဂါအစုမှာ ငယ်သွားနှင့်ကြီးသွားတို့မရှိခြင်း/ပုံသဏ္ဍန်မမှန်ခြင်းက ခြေသည်းလက်သည်းများ အထူးသဖြင့် ခြေသည်း ပုံမှန်ဖွံ့ဖြိုးမှုမရှိခြင်းနဲ့ တွဲနေပါတယ်။ သွားနှင့်ခြေသည်းလက်သည်းရောဂါအစုဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ သွားနှင့်ခြေသည်းလက်သည်းရောဂါအစုဟာ မိန်းမနဲ့ယောက်ျားအချိုးတူသက်ရောက်ပါတယ်။ 1965 (C.J. Witkop) မှာ စတင်ဖော်ပြခဲ့ပြီး မိသားစုတော်တော်များများမှာ တော်တော်များများဖြစ်ပွားနေခဲ့ကာ ၃၀ကျော်လောက်ရှိနေပါပြီ (kindreds)။ ဆေးပညာစာအုပ်တွေကတော့ လူတစ်သောင်းမှာ တစ်ယောက်/နှစ်ယောက်နှုန်းဖြင့် ဖြစ်ပွားတယ်လို့ ပြောပါတယ်။ ကနေဒါရှိ ဒတ်(ခ်ျ) မန်နိုနိုက်တို့ကြားမှာ ပြန့်ပွားလျက်ရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများသွားနှင့်ခြေသည်းလက်သည်းရောဂါအစုရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ သွားနှင့်ခြေသည်းလက်သည်းရောဂါအစုရှိတဲ့ကလေးသူငယ်အချို့ရဲ့ ငယ်သွားတွေဟာ ကတော့ပုံစံရှိနိုင်သလို၊ လုံးဝမပါတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် ကလေးကြီးအချို့မှာ ကြီးသွားတွေ မပါတာလည်းရှိသလို၊ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားပေါင်းကူးစိုက်ခြင်း (သွားအသေစိုက်ခြင်း)

၁။ သွားပေါင်းကူးစိုက်ခြင်း (အသေစိုက်ခြင်း) ဆိုတာဘာလဲ သွားပေါင်းကူးစိုက်ခြင်းဆိုတာ လစ်ဟာနေတဲ့ သွားတစ်ချောင်း၊ နှစ်ချောင်းနေရာမှာ ပေါင်းကူးတပ်ဆင်ပြီး ဖြည့်တင်းပေးခြင်း ဖြစ်ပါတယ်။ သွားပေါင်းကူးကို လွတ်နေတဲ့သွားရဲ့ တဖက်တချက်ဆီမှာ သွားအစွပ်၂ခု၃ခုတပ်ဆင်ပြီး ပြုလုပ်ပါတယ်။ အခုလိုသွားတွေကို ပိုမိုခိုင်မြဲစွာလုပ်ခြင်းကို သွားအကူစိုက်ခြင်းလို့ ခေါ်ပါတယ်။ သွားအတုတွေကတော့ အလယ်တည့်တည့်မှာ ရှိပါတယ်။ သွားတုတွေကို pontics လို့ ခေါ်ပြီး ရွှေ၊ အလွိုင်း၊ ပေါ်ဆီလင်၊ ဒါမှမဟုတ် အဲဒီပစ္စည်းတွေပေါင်းစပ်ခြင်းဖြင့် ပြုလုပ်ထားပါတယ်။ သွားပေါင်းကူးကို ရိုးရိုးသွား ဒါမှမဟုတ် စိုက်ထားတဲ့သွားတွေနဲ့ အားကူထိန်းထားပါတယ်။ ၂။ သွားပေါင်းကူးစိုက်ခြင်းရဲ့ ရည်ရွယ်ချက်ဘာလဲ လစ်ဟာသွားတဲ့ သွားတွေနေရာမှာ ဖြည့်တင်းပေးဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပါးစပ်ရဲ့ပုံစံနဲ့ လုပ်ငန်းတာဝန်ကို တိုးတက်စေပါတယ်။ လူနာတွေအနေနဲ့ အရင်လိုပဲ ကောင်းကောင်းစားပြီး စကားလည်း ကောင်းကောင်းပြောနိုင်ပါတယ်။   ကုသမှုခံယူမည့်သူများ ၁။ ဘယ်အချိန်မှာ သွာပေါင်းကူးစိုက်မလဲ သွားတချောင်းချောင်း မရှိတော့ရင်၊ […]


ကလေးသွားကျန်းမာ​ရေး

ကလေးတွေရဲ့ သွားကို ပျက်စီးစေတဲ့ အစားအစာ ၈ မျိုး

လူအများစု သတိမထားမိတတ်ကြတဲ့ အရာတွေထဲမှာ သွားကျန်းမာရေးဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အသက် ၆လမှ ၁၂လအတွင်း ပထမဆုံးသွား စတင်ပေါက်လာတဲ့ အချိန်ကနေ အသက်ကြီးလာတဲ့အချိန်ထိ ကိုယ့်ရဲ့ သွားကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ သွားကို ဂရုစိုက်ပေးခြင်းဟာ ခံတွင်းကျန်းမာရေးအတွက်သာမက ကိုယ်ခန္ဓါကျန်းမာရေးအတွက်ပါ အလွန်အရေးကြီးပါတယ်။ ကလေးတွေရဲ့ သွားကို ပျက်စီးစေတဲ့ အစားအစာ ၈ မျိုး သွားကို တစ်နေ့ ၂ကြိမ် မှန်မှန်တိုက်ဖို့ ကလေးဘဝထဲက သေချာအလေ့အကျင့် လုပ်ထားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ့်ကလေးရဲ့ နေ့စဉ်စားသောက်တဲ့ အစားအစာတွေဟာ ခံတွင်းနဲ့ သွားကျန်းမာရေးကို ပါ သက်ရောက်မှုရှိနေတာကို သတိထားရပါမယ်။ ဒါဆိုရင် ဘယ်လိုအစားအစာတွေက ကိုယ့်ကလေးရဲ့ သွားကျန်းမာရေးကို ဒုက္ခပေးနိုင်လဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။ ကလေးတွေရဲ့ သွားကို ပျက်စီးစေတဲ့ အစားအစာတွေကတော့ ၁။ အအေး၊ ဖျော်ရည် ဖျော်ရည်တွေမှာ ပါဝင်တဲ့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ကိုယ့်နှုတ်ခမ်းလေးကိုစိတ်တိုင်းမကျလို့ Lip Filler ထိုးချင်နေပြီလား။

တစ်ကိုယ်လုံးမှာ အပြစ်ပြောစရာ မရှိလှပဖို့ ဆိုတာ မိန်းကလေးတိုင်းရဲ့ တောင်းဆုတစ်ခုပါ။ ခုခေတ်ကြီးမှ ာ ေးမွးဖွားလာတဲ့ မိန်းကလေးတွေဆို ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ ခေတ်ကြီးကိုက ပန်းပု တစ်ခုထုသလို ပန်းချီတစ်ချပ်ဆွဲသလို ကိုယ်လိုချင်တဲ့ အတိုင်း ပြုပြင်လို့ ရတဲ့ခေတ်ကိုး။ မျက်နှာမှာ စိတ်တိုင်းမကျတဲ့အပိုင်းတွေ ရှိနေရင် ပလတ်စတစ်ဆာဂျီတွေလုပ်လို့ရတယ်။ နှာခေါင်းဆိုလည်း နှာခေါင်းအလျောက်၊ နှုတ်ခမ်း၊ မျက်လုံး အစုံပါပဲ။ ခုနောက်ပိုင်းမှာ ခွဲစိတ်ရမှာကြောက်တဲ့ သူတွေ အတွက် Filler collagen ထိုးတာတွေ ခေတ်စားလာတယ်။ ဆေးလေးထိုးပြီး မျက်နှာက စိတ်တိုင်းမကျတဲ့ အပိုင်းလေးတွေကို ပြုပြင်လို့ရတယ်။ Filler တွေထဲကမှ Lip filler နှုတ်ခမ်း Filler လေးက ပိုလူသိများတယ်။ ဒါကြောင့် lip filler လေးအကြောင့်းပြေြာ့ပချင်ပါတယ်။ Filler ဆိုတာဘာလဲ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း