ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာ ပြဿနာကြား ခရီးသွားတဲ့အခါ ဒါတွေ သတိထားပါ

အခုလို COVID-19 ကိုရိုနာ ဗိုင်းရပ်စ်ကို စိုးရိမ်နေရတဲ့ အခြေအနေမျိုး မှာ မဖြစ်မနေ ခရီးသွား ရတော့မယ် ဆိုရင်တော့ ကာကွယ်မှု အတွက် ဒီအချက်တွေကို သိကို သိထားသင့်ပါတယ် - ကျန်းမာရေးဌာန တွေ ရဲ့ ခရီးသွား အကြံပြုချက် ကို လိုက်နာပါ။ ပြည်တွင်း ဖြစ်စေ၊ ပြည်ပ ဖြစ်စေ ခရီးသွားမယ် ဆိုရင် ကျန်းမာရေးဌာန တွေက ထုတ်ပြန် ကြေညာ ပေးထားတဲ့ ရောဂါ ကာကွယ်ရေးလမ်းညွှန်တွေ ကို လေ့လာ ထားသင့်၊ လိုက်နာသင့် ပါတယ်။ ခရီးတစ်လျှောက်မှာ တွေ့တဲ့သူတွေနဲ့ နီးကပ်စွာမနေဖို့၊ ထိတွေ့မှုကို အတတ်နိုင်ဆုံးရှောင်ဖို့ (ဥပမာ လက်ဆွဲနှုတ်ဆက်တာ)၊ လူပြည့်ကျပ်တဲ့ အများသုံးပို့ဆောင်ရေးတွေ မစီးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ပြည်တွင်း ရော၊ ပြည်ပ ပါ […]


ကိုရိုနာဗိုင်းရပ်စ်

WHO က အကြံပေးတဲ့ COVID-19 ကာကွယ်နည်းများ

COVID-19 ကို pandemic အဖြစ် WHOက ထုတ်ပြန်လိုက်တဲ့အခါမှာ တစ်ကမ္ဘာလုံးက စိုးရိမ်စိတ်တွေ မြင့်တက်လာပါတယ်။ ပိုဆိုးတာက အခုထက်ထိ ကုသလို့ရတဲ့ ဆေးရော၊ ကာကွယ်လို့ရတဲ့ ဆေးရော မရှိသေးတာကြောင့် ဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုပြီး အများက စိုးရိမ်နေကြပါတယ်။ ဒါကြောင့် ဒီရောဂါအတွက် လက်ရှိမှာ လုပ်နိုင်တာက ကာကွယ်တာပါပဲ။ ကာကွယ်နည်းနဲ့ ပတ်သတ်ပြီးတော့လည်း တစ်ကြောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ပြောနေကြတာကြောင့် ပြတ်ပြတ်သားသားသိရအောင် WHO က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ WHO က ပြောတဲ့ ကာကွယ်နည်း ၇ ချက် (၁) လက်ဆေးပါ။ ရေနဲ့ ဆပ်ပြာ သုံးပြီးပဲ ဖြစ်ဖြစ်၊ အရက်ပြန်ပါတဲ့ လက်သန့်ဆေးရည် သုံးပြီးပဲ ဖြစ်ဖြစ် စက္ကန့်၂၀ကြာအောင် လက်ဆေးပါ။ ဒါက သင့်လက်မှာ ကပ်နေတဲ့ ပိုးမွှားတွေကို […]


ကိုရိုနာဗိုင်းရပ်စ်

ရောဂါဘယ ကင်းဝေးအောင် မျက်နှာကို လက်နဲ့ မထိအောင်ရှောင်

လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ ကိုယ့်မျက်နှာကို တစ်နာရီအတွင်း အနည်းဆုံး ၁၆ ကြိမ်ခန့် ထိတွေ့ပွတ်သပ်နေတယ်ဆိုတာ သင် သတိထားမိပါသလား။ ဒါကတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသန်းပေါင်းများစွာမှာ တွေ့ရတတ်တဲ့ အကျင့်တစ်ခုပါ။ ကိုယ့်မျက်နှာကို ထိတာပဲ၊ ဘာမှ ပြဿနာ ကြီးကြီးမားမား ရှိလာစရာ အကြောင်းမှ မရှိတာလို့ လူတော်တော်များများက ထင်တတ်ကြပေမယ့် တကယ်တမ်းက နောက်ဆက်တွဲ အန္တရာယ်တွေ အများကြီးရှိပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် လူတွေ ထိတွေ့ကိုင်တွယ်မှု အများဆုံး မျက်နှာပေါ်က အစိတ်အပိုင်းကို ပြောပါဆိုရင် မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ပါပဲ။ ကိုယ့်ရဲ့ လက်ချောင်းတွေနဲ့ လက်သည်းတွေကြားမှာ အမြဲတမ်း ရောဂါပိုးပေါင်းစုံ ကပ်ငြိနေတတ်ပါတယ်။ ဒီလို မသန့်ရှင်းတဲ့ လက်တွေကို မဆေးကြောဘဲ မျက်နှာအစိတ်အပိုင်းတွေကို သွားထိရာကနေ ကိုယ်ခန္ဓာထဲ ဝင်လာပြီး ရောဂါပိုးတွေ […]


ကိုရိုနာဗိုင်းရပ်စ်

Coronavirus ကူးစက်ခံရတဲ့အခါ အဆုတ်မှာ ဘယ်လိုတွေ ခံစားရနိုင်လဲ………..

ဖြစ်ရတဲ့အကြောင်းအရင်းကို သေချာမသိသေးတဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း နဲ့ ၂၀၂၀ ခုနှစ် အစောပိုင်းမှာ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်ကနေစတင်ခဲ့တဲ့ Covid-19 ကိုရိုနာဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေက အဆုတ်ရောင်ရောဂါ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင် ခံစားရနိုင်ပါတယ်။ Covid-19 လို့ခေါ်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုးဖြစ်တဲ့ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ခံစားရတဲ့အခါ လက္ခဏာတွေက တုပ်ကွေးနဲ့ခပ်ဆင်ဆင်တူနေသလို အဆုတ်ရောင်ရောဂါ နဲ့လည်း ခပ်ဆင်ဆင်တူနေပါတယ်။ တကယ်ကတော့ အဆုတ်ရောင် ရောဂါတစ်မျိုးလို့ပဲ ဆိုရမှာပါ။ ပြင်းထန်တဲ့ အခြေအနေမျိုးနဲ့ ကူးစက်ခံရတဲ့ အဆုတ်ရောင်ပါ။ ယခုလက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထုတ်ပြန်ထားတဲ့ Covid-19 ကူးစက်မှုကို လူတော်တော်များများ ခံထားရပြီး လူအများစုမှာ မပြင်းထန်တဲ့ အခြေအနေမျိုး၊ သာမန်ဖျားနာမှု အခြေအနေမျိုးတွေ အနေနဲ့ ခံစားနေရကြပါတယ်။ Covid-19 ခံစားရသူတွေထဲက ၈၀ ရာခိုင်နှုန်းလောက်ဟာ အထူးကြပ်မတ်ကုသမှုကို ခံယူစရာမလိုဘဲ […]


ကိုရိုနာဗိုင်းရပ်စ်

ဆရာဝန်တစ်ယောက်အနေနဲ့ ကုသမှုတွေပေးနေရတယ်။ မိသားစုဆီကို ကိုယ့်ကြောင့် Coronavirus မကူးစက်ရလေအောင် ဘာတွေ လုပ်မလဲ………….

ရောဂါပိုး အသစ်တိုင်းက ကြောက်စရာကောင်းပါတယ်။ ကာကွယ်နည်းရော ကုသနည်းကိုပါ ရှာဖွေဖို့က အချိန်နှစ်နဲ့ချီပြိး ပေးရနိုင်ပါတယ်။ ဒါပေမယ့် ကြောက်နေမှုတွေ ထိတ်လန့်စိုးရိမ်မှုတွေက ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ ရောဂါတွေ ကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းကတော့ စမ်းသပ်လေလာ့မှု အထောက်အထားခိုင်လုံစွာနဲ့ လုပ်ဆောင်ထားတဲ့ ဆေးဝါးတွေကို သောက်သုံးတာ၊ ကာကွယ်မှုနည်းလမ်းတွေကို လိုက်နာ ကျင့်သုံးတာပါပဲ။ အခုလက်ရှိ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ Coronavirus ကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းက လူထူတဲ့နေရာတွေကို မသွားတာပါပဲ။ ဒါမှ ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ Coronavirus အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။ ဒီလိုလုပ်ချင်ပေမယ့် ကိုယ်က ဆရာဝန်တစ်ယောက်ဖြစ်နေမယ် ဒီလိုအချိန်မှာ မဖြစ်မနေ လူနာတွေကို ကုသပေးဖို့ လိုအပ်နေမယ်။ လူထူတဲ့နေရာတွေကို ရှောင်ချင်ပေမယ့် မဖြစ်မနေဆေးရုံမှာ ကုသမှုပေးဖို့ လိုအပ်နေမယ်ဆိုရင်တော့ ကိုယ်ကြောင့် မိသားစုကို ရောဂါပိုး […]


ကိုရိုနာဗိုင်းရပ်စ်

သိထားသင့်တဲ့ Coronavirus (COVID-19) ရဲ့ လက္ခဏာတွေက ဘာလဲ.......

Coronavirus ကူးစက်ခံရမှုကလည်း အခြား ကျန်းမာရေး ပြဿနာတွေနည်းတူ အဆင့်လိုက် ကွာခြားမှုတွေရှိနိုင်ပါတယ်။ ဘယ်လိုများ ကွာခြားနေလဲ သိချင်ရင် ဒီဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါ။ Coronavirus ကူးစက်ခံရမှု အဆင့်တွေက ဘာတွေများလဲ.............. မပြင်းထန် အဆင့် အတန်အသင့် အဆင့် ပြင်းထန် အဆင့် အပြင်းထန်ဆုံး အဆင့် ရောဂါခံစားရသူတွေမှာ တစ်ယောက် နဲ့တစ်ယောက်က ရောဂါခံစားရမှု အဆင့်တွေချင်း မတူကြပါဘူး။ သိပ်မပြင်းထန်တဲ့ အဆင့်လောက်ကနေစပြီး အပြင်းထန်ဆုံးသော အဆင့်တွေအထိ အမျိုးမျိုးခံစားရနိုင်ပါတယ်။ လူတော်တော်များများက COVID-19 ကို ခံစားနေရပေမယ့် တစ်ယောက်နဲ့တစ်ယောက်မှာ အဆင့်တွေမတူကြပါဘူး အချို့ဆို ရောဂါလက္ခဏာတွေက သိပ်မပြင်းထန်တာကြောင့် ရောဂါကူးစက် ခံစားရနေမှန်းတောင် မသိပါဘူး။ မြင်သာတဲ့ လက္ခဏာတွေအနေနဲ့က တုပ်ကွေးသိပ်မပြင်းထန်တဲ့ လက္ခဏာမျိုးကနေ တုပ်ကွေးအပြင်းထန်ဆုံး လက္ခဏာတွေအထိ တွေ့ရနိုင်ပါတယ်။ အခုလက်ရှိမှာ COVID-19 ကို ကမ္ဘာ့ကပ်ရောဂါအသွင်နဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကို ကာကွယ်ဖို့ အထိရောက်ဆုံး နည်းလမ်း (၂)ခု။

COVID-19 ဟာ သေချာသတိထားမယ်ဆိုရင် အကြောက်လွန်နေစရာမလိုဘဲ ကာကွယ်နိုင်ပါတယ်။ ကာကွယ်လို့ရတဲ့ ရောဂါဖြစ်ပါတယ်။ COVID-19 ဟာ လူလူချင်း ကူးစက်တဲ့အခါ နည်းလမ်း (၂)မျိုးနဲ့ ကူးစက်နိုင်တယ်။ ၁။ ရောဂါပိုးရှိနေသူက ချောင်းဆိုး၊ နှာချေလိုက်တဲ့အချိန်မှာ တစ်ရှူးနဲ့ ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ အကာအကွယ် မလုပ်ထားဘူးဆိုရင် ရောဂါပိုးပါဝင်တဲ့ အမှုန်အမွှားတွေက ၆ ပေ ပတ်လည်က လူတွေကို ကူးစက်နိုင်တယ်။ ၂။ ရောဂါပိုးရှိနေသူက ချောင်းဆိုးနှာချေတာမျိုးလုပ်ပြီး ကျသွား၊ ပေသွားတဲ့ ရောဂါပိုးပါဝင်တဲ့ အမှုန်အမွှားတွေကို နောက်တစ်ယောက်က ကိုင်မိ ထိမိပြီး မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ထိကိုင်ခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်း ဝင်ရောက်နိုင်တယ်။ ဒုတိယနည်းလမ်းနဲ့ ကူးစက်မှုက အများစုဖြစ်ပါတယ်။ နေ့တိုင်း လူအများကြီး ထိမိကိုင်တွယ်မိနေတဲ့အရာတွေမှာ ရောဂါပိုးမွှားတွေ ကပ်ညိနေနိုင်တယ်။ ဥပမာ စက်လှေကားလက်ရမ်းတွေ၊ ဓာတ်လှေကားခလုတ်တွေ၊ ဘတ်စ်ကား လက်ကိုင်ကွင်းတွေ၊ […]


ကိုရိုနာဗိုင်းရပ်စ်

ကလေးတွေ မှာဘာလို့ COVID-19 အဖြစ်နည်းတာလဲ

ခုဆိုရင် COVID-19ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်ပါပြီ။ လက်ရှိအချိန်အထိ လူပေါင်း ၁၃၀၀၀၀ကျော် ကူးစက်ခံရပြီး ၄၉၀၀ကျော် သေဆုံးသွားပါပြီ။ ဒီထဲမှာ အများစုကတော့ သက်ကြီးရွယ်အိုတွေ၊ နဂို ရောဂါအခံရှိသူတွေ အများဆုံးပါဝင်ပါတယ်။ ထူးဆန်းတာက ပုံမှန်ကူးစက်ရောဂါတွေဆိုရင် အသက်ကြီးတဲ့ သူတွေ၊ ကိုယ်ခံအားနည်းတဲ့ သူတွေ၊ ကလေးတွေ ၊ ကိုယ်ဝန်ဆောင်တွေ အများဆုံး ထိခိုက်တာပါ။ ဒီတစ်ခေါက်မှာတော့ ကလေးနဲ့ ပတ်သတ်ပြီး အသံ သိပ်မကြားရပါဘူး။ ဘာကြောင့်လဲ ဆိုတာ ဆက်ကြည့်ရအောင်။ ကလေးတွေ မှာဘာလို့ သိပ်မတွေ့ရတာလဲ။ ခုထက်ထိ ကလေးတွေမှာ COVID-19 တွေ့တယ်ဆိုတဲ့ သတင်း သိပ်မကြားရသေးပါဘူး။ တရုတ်မှာ လူပေါင်း ၄၄၀၀၀ ကူးစက်ခံရတဲ့ အချိန်မှာ အသက် ၉နှစ်အောက်ကလေး ကူးခံရတာ ၄၁၆ယောက်ပဲ ရှိပါတယ်။ ဒါဟာ ဖြစ်တဲ့သူ စုစုပေါင်းရဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ရောဂါပိုးကို ပျံ့နှံ့စေနိုင်တဲ့ အရာဝတ္တုနဲ့ နေရာများ

COVID-19 ရောဂါဆိုးရဲ့ ပျံ့နှံ့မှုနှုန်းဟာ တရုတ်နိုင်ငံမှာ ကျဆင်းသွားပေမယ့် နိုင်ငံတကာမှာတော့ သိသိသာသာလျင်မြန်နေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း  သံသယလူနာအများအပြားရှိနေပြီး ကြပ်မတ်စောင့်ကြည့်မှု ခံနေကြရပါတယ်။ ရောဂါပြန့်နှံ့မှုနှုန်း မလျော့ကျသွားသေးတာကြောင့် လူထုအတွင်းမှာ စိုးရိမ်မှုတွေ မြင့်မားနေသလို ဘယ်လို အကြောင်းအချင်းအရာတွေကြောင့်၊ ဘယ်လိုကြားခံပစ္စည်းတွေကြောင့် ရောဂါပိုး ကူးစက်လာနိုင်သလဲဆိုတာကိုလည်း သိလိုစိတ်မြင့်မားနေကြပါတယ်။ လက်ရှိအချိန်အထိ စမ်းသပ်လေ့လာချက်တွေအရ COVID-19 ရောဂါဟာ အရာဝတ္တုပစ္စည်းတွေထံမှာ ကပ်ငြိတွယ်နေနိုင်စွမ်းရှိပြီးတော့ ပျမ်းမျှ ၂၄ နာရီအထိ ရှင်သန်နိုင်ပါတယ်။ အထူးသဖြင့် မာကျောတဲ့ အရာဝတ္တုတွေအပေါ်မှာဖြစ်ပါတယ်။ ရောဂါပိုးရဲ့ ရှင်သန်နိုင်စွမ်းဟာ အရာဝတ္တုရဲ့ အပူချိန်နဲ့ စိုထိုင်းစပေါ်မှာ မူတည်မှာဖြစ်ပါတယ်။ COVID-19 ရောဂါပိုး တွယ်ငြိနေနိုင်တဲ့ အရာဝတ္တုတွေနဲ့ နေရာတွေကတော့ တံခါးလက်ကိုင်ဘု - တံခါးလက်ကိုင်ဘုဟာ လူအများအပြား ထိတွေ့နိုင်တဲ့ အရာဖြစ်ပြီး ပျံ့နှံ့နိုင်ခြေအများဆုံး ပစ္စည်းတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ဓာတ်လှေကား ခလုတ် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာ၊ တုပ်ကွေးနဲ့ အအေးမိ ဘယ်လိုခွဲခြားမလဲ။

COVID-19 ပြန့်နေတာက ထိန်းမနိုင်အောင်ဖြစ်နေတဲ့အချိန် လူတွေကြားထဲမှာလည်း အကြောက်တရားတွေ ပိုပြီးစိုးမိုးလာတယ်။ နှာစေး ချောင်းဆိုးတာ ဖျားတာဖြစ်တာနဲ့ကို သို့လောသို့လောတွေ ဖြစ်ကုန်ကြတယ်။ နှာစေးချောင်းဆိုးပြီး ဖျားတိုင်း ကိုရိုနာမဟုတ်နိုင်ဘူး။ သူ့ထက်အဖြစ်များတဲ့ အအေးမိနဲ့ တုပ်ကွေးရောဂါတွေ ဖြစ်နိုင်နေသေးတယ်။ ဒီတော့ ကိုရိုနာ၊ တုပ်ကွေးနဲ့ အအေးမိတာတွေကို ယေဘုယျအားဖြင့် ခွဲခြားလို့ရနိုင်မယ့်အချက်တွေ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကနေ COVID-19 ရှိနေတဲ့ လူနာပေါင်း ၅၅၀၀၀ ကို စမ်းသပ်စစ်ဆေးပြီးတဲ့နောက် အဖြစ်အများဆုံး ရောဂါလက္ခဏာတွေနဲ့ ဘယ်လောက်ပမာဏမှာ ဒီလက္ခဏာတွေရှိလဲဆိုတာကို ထုတ်ပြန်ပေးထားပါတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ၁။ အဖျားရှိခြင်း (၈၈ ရာခိုင်နှုန်း) ၂။ ချောင်းခြောက်ဆိုးခြင်း (၆၈ ရာခိုင်နှုန်း) ၃။ နုံးချိခြင်း (၃၈ ရာခိုင်နှုန်း) ၄။ ချွဲသလိပ်များထွက်ခြင်း (၃၃ ရာခိုင်နှုန်း) ၅။ အသက်ရှူမဝခြင်း (၁၉ ရာခိုင်နှုန်း) ၆။ အရိုးအဆစ်များနာကျင်ခြင်း (၁၅ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း