ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

နည်းစနစ်မှန်မှန် လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ကြရအောင်

အအေးမိဖျားနာမှုကနေ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် အရမ်းထိရောက်တဲ့နည်းလမ်းတစ်ခုရှိပါတယ်။ လူတွေနေ့တိုင်းထိတွေ့နေတဲ့ အလေ့အကျင့်လေးတစ်ခုပါပဲ။ လက်ဆေးဖို့ပါ။ ဖျားနာခြင်းကင်းဝေးပြီး ကျန်းမာနေဖို့အတွက် ဒီရိုးရှင်းတဲ့အလေ့အထလေးက မထင်မှတ်ထားလောက်အောင်ကို အသုံးဝင်ပါတယ်။ လက်ဆေးတာက အအေးမိဖျားနာတာနဲ့ ရောဂါပိုး အမျိုးမျိုးတွေရဲ့ အန္တရာယ်တွေကနေ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ လက်ဆေးတာက ကျန်းမာဖို့အတွက် အထောက်အကူပြုတယ်ဆိုတော့ လက်မှန်မှန်ဆေးမယ်လို့ စဉ်းစားနေပြီမှတ်လား။ ဒီနေရာမှာ သတိထားဖို့တစ်ခုကျန်နေပါသေးတယ်။ လက်ဆေးပေမယ့် လက်ဆေးနည်းမမှန်ပြန်ရင်လည်း မထိရောက်ပါဘူး။ ဒီတော့ ဘယ်လိုမှန်မှန်ကန်ကန်နဲ့ လက်ဆေးမလဲဆိုတာကို သိဖို့အတွက် ဒီဆောင်းပါးလေးက ဖော်ပြပေးထားပါတယ်။ လက်ကို ဘယ်လိုဆေးကြောမလဲ လက်ကိုဘယ်လိုများဆေးရမှာလဲရေနဲ့ ဆပ်ပြာနဲ့ဆေးတာပေါ့လို့များပြောချင်နေပြီလား။ မဟုတ်သေးဘူးနော်။သေချာဆေးမိရဲ့လားမေးချင်တာပါ။ ကဲ နည်းစနစ်မှန်မှန်လက်ဆေးရအောင်လား... အရင်ဆုံးလက်ကိုရေနဲ့ဆေးချလိုက်ပါ။ ပြီးရင် ဆပ်ပြာယူပါမယ်။ ဆပ်ပြာတုံးဖြစ်ဖြစ် ။ လက်ဆေးဆပ်ပြာရည်ဖြစ်ဖြစ် ကြိုက်နှစ်သက်ရာနဲ့ဆေးလို့ရပါတယ်။ ပြီးရင်လက်တစ်ခုလုံးကို နှံ့အောင်ပွတ်တိုက်ပေးပါ။ လက်ဖဝါးရော လက်ဖမိုးကိုရောပေါ့။ လက်ချောင်းတစ်ချောင်းချင်းစီကိုသေချာလေးဆေးကြောပေးပါ။ လက်ချောင်းလေးတွေကြားထဲမှာရောဂါပိုးတွေ ကပ်ကျန်မနေစေဖို့ပါ။ ပြီးရင်တော့ လက်သည်းလေးတွေပေါ့။ လက်သည်းအပေါ်ဘက်ရော […]


ကိုရိုနာဗိုင်းရပ်စ်

ကျန်းမာနေစေဖို့အတွက် သက်တော်စောင့်တစ်ယောက်

Nasal spray (နှာခေါင်းဖြန်းဆေး) က သင့်ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရှိသလဲ အအေးမိလို့ နှာစေးနှာပိတ်ြဖစ်နေပြီလား။မြန်မြန်သက်သာစေမယ့်နည်းလမ်းရှိပါတယ်။ ဒီနည်းက လူသိနည်းပါသေးတယ်။ ဒါကတော့ အအေးမိဖျားနာတာနဲ့ နှာစေးနှာပိတ်တာကို အမြန်သက်သာစေတဲ့ Nasal Sprayကိုအသုံးပြုဖို့ပေါ့။ ဒီဆောင်းပါးလေးထဲမှာ Nasal sprayလေးရဲ့ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရှိလဲဆိုတာကို ပြောပြပေးမယ်နော်။ Nasal Spray ရဲ့ အသုံးဝင်ပုံက nasal sprayတွေက အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကိုချေမှုန်းပေးသလို နှာစေးနှာပိတ်တာတွေကို သက်သာစေနိုင်ပါတယ်။ နှာခေါင်းက အသက်ရှုမဝလောက်အောင်ပိတ်နေပြီဆိုရင်လည်း nasal spray သုံးပေးလို့ရပါတယ်။ နှာခေါင်းတွင်းမှာ အစိုဓါတ်ထိန်းပေးပြီး နှာခေါင်းထဲမှာ ပိတ်နေတဲ့ ချွဲတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ အသက်ရှုရအဆင်ပြေစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ Nasal Spray အမျိုးအစားတွေက Nasal spray အမျိုးမျိုးရှိပါတယ်။ Decongestants -ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရပါတယ်။ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။ အအေးမိဖျားနာတာနဲ့ ဓါတ်မတည့်မှုေကြာင့်ဖြစ်တဲ့ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။ Salt-water solutions -ဒီ […]


ကူးစက်ရောဂါများ

အိမ်မှာနေရင်း အလုပ်လုပ်သူတွေအတွက် ကျန်းမာစွာနေထိုင်နည်း

အိမ်မှာနေရင်း အလုပ်လုပ်သူတွေ ဘယ်လိုကျန်းမာအောင်နေထိုင်မလဲ အိမ်ကနေပဲ အလုပ်လုပ်သူတွေ၊ freelancer အလုပ်လုပ်သူတွေဟာ ကျန်းမာရေးအတွက် တွေးရပြီဆိုရင် များပြားလှတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ မီးဖိုချောင်ထဲက စားချင့်စရာသရေစာမုန့်တွေပေါနေတာရယ်၊လူမှုရေးမှာတက်တက်ကြွကြွမရှိတော့တာရယ်၊ အိပ်ရာထဲမှာ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်လုပ်တာလိုမျိုး လုပ်ငန်းခွင်စွမ်းရည်မြှင့်တင်ရေးရှုထောင့်အရ မသင့်လျော်တဲ့အနေအထားနဲ့ အလုပ်လုပ်တာတွေဟာ ကျန်းမာရေးအတွက်လည်း ထိခိုက်မှုရှိစေနိုင်ပါတယ်။ အိမ်ကနေပဲ အလုပ်လုပ်မယ်ဆိုတဲ့သူတွေဟာ အရင်ဆုံး - (၁) အလုပ်လုပ်မယ့်သီးသန့်နေရာတစ်ခုခုဖန်တီးပါ အိမ်ထဲမှာ အလုပ်လုပ်ဖို့သီးသန့်နေရာလွတ်တစ်ခုကိုဖန်တီးပါ။ အိပ်ရာဆိုတာ အိပ်ဖို့အတွက်ပဲဖြစ်သင့်ပါတယ်။ အလုပ်တွေကို အိပ်ရာထသြယ်လာတာဟာ ကိုယ့်ရဲ့အနားယူမှုကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အခန်းကျဉ်းလေးတစ်ခုထဲမှာနေထိုင်သူဖြစ်ရင်တောင် စားပွဲ တစ်လုံး၊ခုံတစ်လုံးချပြီး နေရာသတ်မှတ်ကာ အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲခြားထားလို့ရပါတယ်။ (၂) တစ်နာရီကြာတိုင်း တစ်ခါထ၊ ဟိုဟိုဒီဒီလှုပ်ရှားပေးပါ နေရာလေးကျနေပြီ။ ထိုင်လို့ကောင်းနေပြီဆိုရင် ထိုင်ခုံမှာကျောက်ချပြီးထိုင်နေဖို့လွယ်ပါတယ်။ တစ်နာရီကြာတိုင်းသတိပေးပြီး အကြောထဆန့်နိုင်ဖို့ နှိုးစက်ပေးထားပါ သို့မဟုတ် အပလီကေးရှင်းသုံးပါ။ အပြင်ခဏထွက်တာ၊ အိမ်နားတဝိုက် လမ်းပတ်လျှောက်တာ၊နေရောင်ခည်ခံပြီးလေကောင်းလေသန့်ရှူတာတွေလုပ်ပေးပါ။ (၃) အချိန်ဇယားဆွဲပြီး လုပ်ပါ အိမ်မှာပဲဆိုတော့ မနက်ကိုနောက်ကျမှအိပ်ရာထပြီး ကို့လို့ကန့်လန့်အချိန်မှာ အလုပ်စလုပ်တာမျိုးဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်တကယ် […]


ကိုရိုနာဗိုင်းရပ်စ်

Mers-Cov (ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အရှေ့အလယ်ပိုင်းတွင်စတွေ့ရသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစု )

အဓိပ္ပါယ်ဖွင့်ဆိုချက်Mers-Cov (ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အရှေ့အလယ်ပိုင်းတွင်စတွေ့ရသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစု ) ကဘာလဲ။ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အရှေ့အလယ်ပိုင်းတွင်စတွေ့ရသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစု (MERS) ဆိုသည် မှာ အဆုတ်အတွင်းသို့ ကိုရိုနာ အမည်ရှိဗိုင်းရပ်စ်ပိုး ကူးစက်ဝင်ရောက်ခြင်းဖြစ်ပါသည်။ MERS ရောဂါသည် ၂၀၁၅ ခုနှစ်တွင် ကိုရီးယားနိုင်ငံတွင်ဖြစ်ပွားခဲ့ပြီး ကူးစက်သူ ၁၈၀ အနက် ၃၅ ဦးသေဆုံးခဲ့ရသည်။ ၎င်းရောဂါသည် ကူးစက်ခံရသူများအနက် ၃၆%ကိုသေစေသော်လည်း စိုးရိမ်ကြောက်လန့်စရာမလိုကြောင်း သိပ္ပ္ပံပညာရှင်များက ပြောပါသည်။ အကြောင်းမှာ ထို MERS ရောဂါသည် ရောဂါပိုးရှိသူနှင့် အနီးကပ်နေထိုင်မှ ကူးစက်သောကြောင့်ဖြစ်သည်။ Mers-Cov (ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အရှေ့အလယ်ပိုင်းတွင်စတွေ့ရသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစု ) က ဘယ်လောက်အဖြစ်များသလဲ MERS ရောဂါသည် အလွန် အဖြစ်များသောရောဂါဖြစ်ပြီး အသက် ၁ နှစ်မှ […]


ကိုရိုနာဗိုင်းရပ်စ်

Sars (Severe Acute Respiratory Syndrome) (ဆားစ် ပြင်းထန်အဆုတ်ရောင်ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Sars (Severe Acute Respiratory Syndrome) (ဆားစ် ပြင်းထန်အဆုတ်ရောင်ရောဂါ ) ကဘာလဲ။ SARS သည် နမိုးနီယား ပုံစံတစ်မျိုးဖြစ်သော ပြင်းထန်သောအဆုတ်ရောင်ရောဂါလက္ခဏာစု ဖြစ်သည်။ ထိုရောဂါသည် ၂၀၀၂ ခုနှစ်တွင် တရုတ်နိုင်ငံတွင် ပထမဆုံးစတင်ဖြစ်ပွားခဲ့သည်။ လအနည်းငယ်အတွင်းတွင် ကမ္ဘာလှည့် ခရီးသွားများ နှင့် အခြားနိုင်ငံများသို့ သွားရောက်သော တရုတ်လူမျိုးများကြောင့် တစ်ကမ္ဘာလုံးတွင် ၂၉ နိုင်ငံအထိ ထိုရောဂါပျံ့နှံ့သွားခဲ့သည်။ ရောဂါဖြစ်သူ ၁၀ ယောက်တွင် ၉ ယောက် သည် ပြန်လည်ကောင်းလာနိုင်သော်လည်း မကုသပါက အသက်သေဆုံးနိုင်ပါသည်။ ထို့ကြောင့် အာဏာပိုင်များမှ ရောဂါပျံ့ပွားခြင်းကို ကာကွယ်ရန် စစ်ဆေးခြင်း၊ ကာကွယ်ခြင်း၊ ရောဂါလက္ခဏာများခွဲခြားခြင်း၊ ရောဂါကို အမည်တပ်နိုင်မည့်နည်းလမ်းများရှာဖွေခြင်း၊ လူနာများအား သီးသန့်ထားခြင်း တို့ကို လျင်မြန်စွာပြုလုပ်ရသည်။ ၂၀၀၃ ခုနှစ် ဇူလိုင်လတွင် ရောဂါပျံ့နှံ့ ကူးစက်ခြင်းရပ်တန့်သွားပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း