ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

အိမ် ထဲမှာပဲ နေပါ လို့ ထပ်ကာတလဲလဲ ဘာကြောင့် သတိပေးနေကြသလဲ

အိမ် မှာပဲ နေဖို့ ၊ အိမ်ကနေ အလုပ်လုပ်ဖို့ ၊ လူများတဲ့ နေရာ မသွားဖို့ ၊ ပွဲလမ်းသဘင် တွေ မလုပ်ဖို့ ဘာကြောင့် တားကြသလဲ။  COVID-19 ဗိုင်းရပ်စ် ကို ထိန်းချုပ်နိုင်ဖို့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လူချင်း မနီးစေဖို့ သီးခြားနေခြင်း (social distancing) နည်းလမ်း ကို အကြံပြု ကျင့်သုံးကြတာပါ။ Social distancing ဆိုတာ ဘာလဲ မလိုအပ်ဘဲ အပြင်မထွက်၊ လူများတဲ့ နေရာလည်း မသွားဘဲ အိမ်ထဲ မှာပဲ နေတဲ့အခါ ကူးစက်ပြန့်ပွားမှုတွေ ကို ကာကွယ်နိုင်ပါတယ်။ social distancing ဆိုတာ အဲဒီ သဘော ပါပဲ။ ကိုရိုနာဗိုင်းရပ်စ် လိုမျိုး ကူးစက်မြန်တဲ့ ရောဂါမျိုး ပြန့်ပွားမှုကို […]


ကိုရိုနာဗိုင်းရပ်စ်

Work from Home ကြောင့် စိတ်မပင်ပန်းစေဖို့ ဆိုရင်

COVID-19 သောင်းကျန်းလာတော့ ရုံးအတော်များများလည်း ပိတ်ကျပါတယ်။ ကျန်းမာရေးဌာနတွေရဲ့ သတိပေးချက်တွေအရရော ရောဂါအခြေအနေတွေကလည်း ထိန်းချုပ်နိုင်စွမ်း နည်းပါးနေသေးတာတွေရောကြောင့် နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ လုပ်ငန်းတစ်ချို့ Work from Home ဆိုတဲ့ စနစ်နဲ့ လုပ်ငန်းတွေ လည်ပတ်နေကြပါတယ်။ ပြည်တွင်းကို COVID-19 ရောဂါ မရောက်ရှိလာသေးပေမယ့် ပြည်တွင်းက ရုံးလုပ်ငန်းတစ်ချို့ဟာလည်း စမ်းသပ်လုပ်ကိုင်ကြည့်တာတွေ၊ ရက်အပိုင်းအခြားတစ်ခုစာလောက် ရုံးပိတ်ပြီး ဝန်ထမ်းတွေကို နေအိမ်ကနေ အလုပ်လုပ်ကိုင်ခွင့်ပြုတာတွေ စတင်လုပ်ဆောင်နေကြပါပြီ။ ခန့်မှန်းလို့မရနိုင်သေးတဲ့ ရောဂါပြန့်ပွားမှုအခြေအနေတွေကြောင့် နေအိမ်ကနေ မခွာပဲ အလုပ်တွေ လုပ်ကိုင်တာဟာ ကုမ္ပဏီတွေအတွက် တန်ဖိုးရှိတဲ့ ဝန်ထမ်းအရင်းအမြစ်တွေ ထိပါးပွန်းပဲမှုမရှိအောင် ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် နေအိမ်ကနေ အလုပ်လုပ်တာဟာ အကောင်းတွေ ချည်းပဲတော့မဟုတ်ပါဘူး။ အဆင်မပြေမှုတွေလည်း ကြုံရပါတယ်။ မိသားစုတွေနဲ့မို့ အလုပ်မတွင်ကျယ်တာ၊ အလုပ်နဲ့ လိုအပ်တာထက်ပိုပြီး ဆက်သွယ်ပြောဆိုနေရတာမို့ အလုပ်မတွင်ကျယ်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒီအခြေအတွေဟာ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 သံသယလူနာ ၊ စောင့်ကြည့်လူနာ ဆိုတာဘာလဲ။

ခုလတ်တလောမှာ ကြားကြားနေရတာက COVID-19ပါပဲ။ နောက်ပြီး သတင်းကြေညာချက်တွေမှာလဲ  သံသယလူနာ ၊ စောင့်ကြည့်လူနာ ၊ ပိုးမတွေ့သေးပါ စသဖြင့် ပြောနေတာ ကြားနေရပါတယ်။ နောက်ပြီး စောင့်ကြည့်နေတယ်တွေရော၊ သီးသန့်ခွဲထုတ်ထားတယ်တွေရော ဒါတွေက ဘာကိုဆိုလိုတာလဲ။ ဆေးပညာအသိုင်းအဝိုင်းကလူတွေကတော့ ဒါကို သိပေမယ့် အပြင်လူတွေအနေနဲ့ကတော့ နားရှုပ်နေမှာပါ။ COVID-19က လူတိုင်းနဲ့ သက်ဆိုင်တာကြောင့် ဒါတွေဟာ ဘာကို ပြောချင်တာလဲဆိုတာ သိဖို့လိုပါတယ်။ နောက်ပြီး ခုလက်ရှိမှာ သံသယလူနာ၊ စောင့်ကြည့်လူနာတွေကို ဘာတွေလုပ်ပေးနေလဲ။ ဒါတွေကို ပြောပြပေးသွားပါမယ်။ သံသယလူနာ ဆိုတာ ဘာလဲ။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သံသယလူနာဆိုတာက (ဒါက version 3ပါ။ အချိန်နဲ့ အမျှ ပြောင်းလဲနိုင်ပါတယ်။) (၁)-လူနာတစ်ယောက်ဟာ အသက်ရှူလမ်းကြောင်း လက္ခဏာတွေရှိတယ်။ (ဖျားတယ်။ အသက်ရှူလမ်းကြောင်းလက္ခဏာတွေရှိတယ်။ ဥပမာ ချောင်းဆိုးတာ၊ မောတာ) -ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်မယ့် နည်းလမ်း။

ဖေ့ဘွတ်ပေါ်မှာ ဆရာဝန်တစ်ယောက် ပြောထားတဲ့ စကားတစ်ခွန်း ရှိတယ်။ “ သင်နဲ့သင့်မိသားစုအတွက် ကျွန်တော်တို့အလုပ်လုပ်နေတယ်။ ကျွန်တော်တို့အတွက် သင်တို့အိမ်မှာနေပေးပါတဲ့။” Covid-19 ဟာ ပြန့်ပွား နှုန်းမြန် ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့အတွက် ပွဲလမ်းသဘင်တွေ၊ လူစုလူဝေးများတဲ့ နေရာတွေကနေ လူအများကြီးကို ကူးစက်ပြန့်ပွားနေပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ စစချင်းမှာ Covid-19 ပြန့်ပွားတာကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကူးစက်ခံနေရတဲ့ လူတစ်ယောက်ဟာ လူထောင်သောင်းချီတက်ရောက်လေ့ရှိတဲ့ ဘာသာရေးပွဲတော်တစ်ခုကို သွားလိုက်တဲ့အခါ တောင်ကိုရီးယားနိုင်ငံရဲ့ ကူးစက်ခံရသူတွေဟာ ချက်ချင်းဆိုသလို မြင့်တက်သွားခဲ့တယ်။ ယခုချိန်မှာတော့ အခြအနေကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်တယ်။ အီတလီနိုင်ငံဟာ ကမ္ဘာပေါ်မှာ ခရီးသွားအများဆုံး နိုင်ငံဖြစ်တယ်လို့ပြောလို့ရတယ်။ Covid-19 ပြန့်ပွားနေချိန်မှာ ပွဲလမ်းသဘင်တွေကို ထိန်းချုပ်ဖို့ အားလျော့ခဲ့တယ်။ ယခုချိန်မှာ နေ့စဉ် ရာချီတဲ့ ကူးစက်ခံရတဲ့သူ၊ သေဆုံးသူတွေရှိနေတယ်။ Covid-19 ရဲ့ အစဖြစ်တဲ့ တရုတ်နိုင်ငံဟာ အခုချိန်မှာ အခြေအနေတည်ငြိမ်သွားသလောက်ဖြစ်ပြီး ရောဂါကို […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကို ကုသနိုင်တဲ့ဆေး ရှာတွေ့ပြီလား

အီတလီနိုင်ငံမှာ တစ်ရက်အတွင်း လူနာ ၅၀၀ နီးပါး သေဆုံးခဲ့ရတဲ့နောက်မှာ COVID-19 ကြောင့် သေဆုံးခဲ့တဲ့ လူနာအရေအတွက်ဟာ ၈၉၅၃ ဦးအထိ ရောက်ရှိလာခဲ့ပြီး သေဆုံးနှုန်းကလည်း Close Case စုစုပေါင်းရဲ့ ၆% ကနေ ၁၀ % အထိ ခုန်တက်လာခဲ့ပါတယ်။ ကူးစက်ခံရသူအရေအတွက်ဟာလည်း ၂၁၉၀၁၇ အထိရှိလာပြီဖြစ်ပြီးတော့ ရောဂါကူးစက်ခံရပြီးမှ ပြန်လည်သက်သာလာသူအရေအတွက်ကတော့ ၈၅၀၀၀ နီးပါးရှိနေပါပြီ။ ဒီလိုမျိုး ကမ္ဘာနဲ့ အဝှမ်းမှာ လျှင်လျှင်မြန်မြန်ကူးစက်နေပြီး လူတိုင်း ထိတ်လန့်စိုးရိမ်နေရတဲ့ ဒီရောဂါကပ်ဘေးကြီးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက သတင်းကောင်းတစ်ခု ယူဆောင်လာခဲ့ပါတယ်။ အဲဒီသတင်းကောင်းကတော့ လူနာတွေကို ထိထိရောက်ရောက်ကုသနိုင်မယ့် ဆေးဝါးတစ်မျိုးအကြောင်း သတင်းစကားပါပဲ။ တရုတ်နိုင်ငံဟာ COVID-19 ရောဂါ စတင်ဖြစ်ပွားရာ တိုင်းပြည်ဖြစ်ပြီး ကူးစက်မှုအများဆုံးနဲ့ သေဆုံးမှုအများဆုံး ရင်ဆိုင်ထားရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ မတ်လဆန်းကနေစတင်ပြီး ရောဂါအခြေအနေကို […]


ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာထိန်းချုပ်ခံ ဒေသတွေက မိသားစုဝင်တွေရဲ့ နေ့စဉ်ဘဝ

၂၀၁၉ ဒီဇင်ဘာလကနေ စတင်ဖြစ်လာခဲ့တဲ့ ကိုရိုနာ အဆုတ်ရောင်ရောဂါဟာ ယခုဆိုရင် နိုင်ငံပေါင်း ၁၀၀ ကျော်၊ လူပေါင်း သိန်းချီပြီး ပျံ့နှံ့တဲ့အထိ ဆိုးရွားလာခဲ့ပါပြီ။ ကျွန်တော်တို့ နိုင်ငံမှာတော့ ကံကောင်းစွာနဲ့ပဲ ပိုးကူးစက်ခံရသူ ဝေဒနာရှင် မတွေ့သေးဘူးဆိုပေမယ့် လုံးဝ ပေါ့လျော့နေလို့တော့ မဖြစ်တော့ပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ နိုင်ငံတွေမှာ ဘယ်လိုအခြေအနေတွေ ဖြစ်နေလဲ။ ပိုးကူးစက်ခံရပြီးသား နိုင်ငံတွေမှာ ယခုဆိုရင် ပြည်ပထွက်ခွင့်တွေ တားမြစ်ထားတာ၊ တချို့သော နိုင်ငံတွေမှာ ခရီးသွားတွေကို ပြည်ဝင်ခွင့် ပိတ်ပင်တာ၊ ကြပ်မတ်တာ၊ စားနပ်ရိက္ခာ ပြတ်လတ်တာ၊ ရုံး၊ ကျောင်း အားလုံးပိတ်ထားပြီး အိမ်ထဲမှာ မိသားစုဝင်အားလုံး နေနေရတာ၊ ခရီးသွားမယ့် အစီအစဉ်တွေ ပြတ်လတ်တာ၊ ကမ္ဘာ့စီးပွားရေး၊ ငွေကြေး ကျဆင်းတာတွေထိပါ ဖြစ်နေပါပြီ။ နိုင်ငံအများစုမှာလည်း ရောဂါပိုး ပြန့်ပွားမှုကို နည်းနိုင်သလောက် […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ဟာ သွေးအမျိုးအစားပေါ်မူတည်ပြီး ကူးစက်နိုင်သလား

ကူးစက်မြန် အဆုတ်ရောင်ရောဂါ COVID-19 ဟာ နိုင်ငံပေါင်း ၁၆၀ ကျော်မှာ ကူးစက်ပျံ့နှံ့နေပြီး ရောဂါစတင်ပေါက်ပွားရာ တရုတ်နိုင်ငံ တစ်နိုင်ငံကလွဲပြီး နိုင်ငံအများစုမှာ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ရုံးကန်နေကြရဆဲဖြစ်ပါတယ်။ လျှင်မြန်တဲ့ ကူးစက်မှုနှုန်းကြောင့်လည်း နိုင်ငံတကာမှာ လူအများ စိုးရိမ်ထိတ်လန့်နေကြတဲ့ ရောဂါကပ်ဘေးတစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ ရောဂါပိုးကူးစက်ခံခဲ့ရတဲ့ လူနာအရေအတွက် ၁၉၈၃၉၄ ဦးအထိရှိခဲ့ပြီဖြစ်သလို သေဆုံးသူအရေအတွက် ၇၉၈၁ ဦးနဲ့ ပြန်လည်သက်သာလာသူ ၈၂၇၆၃ ဦးရှိနေပြီဖြစ်ပါတယ်။ ဒီရောဂါပိုးဟာ လူလူချင်းကူးစက်နိုင်သလို ထိတွေ့ကိုင်တွယ်ထားတဲ့ အရာဝတ္တုတွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့်လည်း လက်ကိုသန့်ရှင်းစင်ကြယ်စွာဆေးကြောဖို့ တိုက်တွန်းမှုတွေ မပြတ်ပြုလုပ်နေကြတာဖြစ်ပါတယ်။ COVID-19 ဟာ သွေးအမျိုးအစားအလိုက် ရောဂါကူးစက်မှု မတူညီဘူးလား ဒီရောဂါဆိုးကို ကုသဖို့အတွက် ပြင်ဆင်ကြိုးပမ်းနေကြမှုတွေ၊ ရောဂါနဲ့ ပတ်သက်တဲ့ လက္ခဏာသစ်တွေ၊ ကူးစက်မှုနဲ့ ပတ်သက်တဲ့ ပုံပန်းသဏ္ဍာန်တွေကိုလည်း နေ့စဉ် ရှာဖွေတွေ့ရှိနေကြပါတယ်။ ယမန်နေ့တုန်းက တရုတ်သိပ္ပံပညာရှင်တွေရဲ့ ကြေညာချက်အရဆိုရင်လည်း COVID-19 […]


ကိုရိုနာဗိုင်းရပ်စ်

အိမ်လုပ် လက်သန့်ဆေးရည် တွေက ထိရောက်ရဲ့လား

နိုင်ငံတကာ မှာ စိုးရိမ်နေရတဲ့ COVID-19 ဗိုင်းရပ်စ် ကြောင့် နှာခေါင်းစည်း နဲ့ လက်သန့်ဆေးရည် တွေ ကြောက်လန့်တကြား ဝယ်လိုက်ကြတာ ပစ္စည်းပြတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလိုအချိန် ခေတ်စားလာတာက အိမ်မှာ လက်သန့်ဆေးရည် တွေ ကိုယ်တိုင် လုပ်လို့ ရတဲ့နည်းတွေပါပဲ။ အပြင်မှာ ဝယ်မရရင် ကိုယ်တိုင် ပြုလုပ်လို့ရတဲ့ အကြောင်း ၊ အလွယ်ပြုလုပ်နည်းတွေ မျှဝေလာခဲ့ကြပါတယ်။ လုပ်နည်းက လွယ်သားပဲ၊ အရက်ပြန်၊ Gel တစ်မျိုးမျိုး နဲ့ အဆီတစ်မျိုး ပါရင် ရပြီလို့ ထင်ကြမှာပေါ့။ ဒါပေမယ့် ဒီလိုလွယ်ကူတဲ့နည်း တွေနဲ့ ပြုလုပ်ထားတဲ့ လက်သန့်ဆေးရည် တွေက အရာဝတ္ထု မျက်နှာပြင်တွေကို သန့်စင်ဖို့ အတွက် ပိုသင့်တော်ပြီး လူ့အရေပြားမှာ သုံးဖို့ မသင့်တော်ပါဘူး လို့ ပညာရှင်တွေက သတိပေးပါတယ်။ အယ်ကိုဟော […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ဗိုင်းရပ်စ် ပြဿနာကြား ခရီးသွား သင့်သလား

COVID-19 ဗိုင်းရပ်စ် ကူးစက်မှုတွေ ကမ္ဘာတလွှား ပျံ့နှံ့လာခဲ့ပြီးနောက် အခုဆိုရင် နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ပြန့်ပွားနေပြီဖြစ်ပါတယ်။ ကူးစက်ပျံ့နှံ့မှု မြန်ဆန်တဲ့ ဒီဗိုင်းရပ်စ်ကြောင့် နိုင်ငံတကာက ပြည်သူတွေရဲ့ ဘဝနေထိုင်မှုတွေ၊ အသက်အန္တရာယ်တွေ၊ စီးပွားရေးတွေ ကို အမျိုးမျိုး ရှုပ်ထွေးလာစေခဲ့ပါတယ်။ ဒီလို အခြေအနေမှာ ခရီးသွား ဖို့ ပေါ်လာတဲ့အခါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ခေါင်းထဲ တန်းစီနေကြမှာပါပဲ။ ဥပမာ - (၁) ခရီးသွား ဖို့ စီစဉ်ထားတာ ဖျက်လိုက်ရမှာလား။ ပြည်ပခရီး သွားရောက်ဖို့ကိုတော့ သတိပေးချက်၊ အကြံပြုချက်ပေါင်း တသီတတန်းနဲ့ ကျန်းမာရေးအဖွဲ့အစည်းကြီးတွေက ထုတ်ပြန်ထားကြပါတယ်။ ကမ္ဘာအနှံ့နေရာ အတော်များများမှာ ရောဂါကူးစက်မှုတွေ ရှိနေတဲ့အတွက် ပြည်ပခရီး ထွက်တဲ့အခါ ခရီးသည်ရဲ့ သွားလာခွင့် ရမယ့်နေရာတွေ အကန့်အသတ်ရှိနိုင်တယ်၊ ကျန်းမာရေး အထူး စောင့်ကြည့်တဲ့ quarantine […]


ကိုရိုနာဗိုင်းရပ်စ်

သင်္ကြန်နဲ့ COVID-19

သိပ်မကြာခင်မှာ မဟာသင်္ကြန်ကို ရောက်တော့မှာပါ။ အရင်နှစ်ကတော့ ပျော်ပျော်ပါးပါး ဆော့ခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ရောဂါဆိုးကြီးရှိနေပါတယ်။ WHOက COVID-19ကို ကပ်ရောဂါအဖြစ် ကြေညာလိုက်တာက အားလုံးကို တပ်လှန့်လိုက်သလိုပါပဲ။ ရောဂါကူးစက်မှု လျော့နည်းအောင် လူစုလူဝေးကို ရှောင်ဖို့လည်း သတိပေးထားပါတယ်။ မြန်မာနိုင်ငံမှာလည်း ရောဂါဖြစ်ပွားသူ မရှိသေးပေမယ့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လူအများစုဝေးနိုင်တဲ့ ပွဲတော်တွေကို တတ်နိုင်သမျှ ရှောင်ဖို့ ပြောထားပါတယ်။ မကြာသေးခင်ကလည်း ဒီနှစ်သင်္ကြန်ကို အစိုးရအဆင့်အနေနဲ့ မလုပ်ဖို့ စာထုတ်ထားပါတယ်။ ဒါကြောင့် ဒီနှစ်မှာ အရင်လို အစိုးရမဏ္ဍပ်တွေ၊ စီးပွားရေးမဏ္ဍပ်တွေနဲ့ စည်ကားနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရပ်ကွက်ထဲမှာ အုန်းလက်မဏ္ဍပ်လေးတွေ၊ ရပ်ကွက်ထဲမှာ မုန့်လုပ်စားတာတွေကတော့ ရှိဦးမှာပါ။ ဘာပဲဖြစ်ဖြစ် ဒါကလည်း လူစုလူဝေးပဲ မို့လို့ COVID-19 မကူးစက်အောင် ကာကွယ်လို့ရမယ့် နည်းလမ်းတွေ၊ သတိထားရမယ့် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း