ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

COVID-19နဲ့ စိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုများ

ခုဆိုရင် တစ်ကမ္ဘာလုံးမှာ COVID-19 ကြောင့် သေတဲ့သူတွေလည်း သေ၊ ပြန်လာမယ်ပြောပြီး မလာနိုင်တော့တဲ့ သူတွေလည်း အများကြီး၊ မိသားစုနဲ့ ရက်ရှည်လများ ခွဲခွာနေရတဲ့ သူတွေ၊ အိမ်ထဲမှာပဲ ခြေချုပ်မိနေတဲ့သူတွေ၊ စီးပွားရေး ထိခိုက်ပြီး လုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့ သူတွေ၊ အလုပ်မဆင်းနိုင်တော့လို့ ငွေကြေးပြတ်တောက်သွားတဲ့ သူတွေ၊ ပြောရရင် နက်ဖြန်ဘာဖြစ်လာမယ်မှန်းတောင် မမှန်းရဲတော့ပါဘူး။ နိုင်ငံတကာကလည်း ဒီရောဂါက နှစ်ပေါက်ဦးမယ် ပြောထားတယ်။ ခုထိ ကာကွယ်ဆေးရော၊ ကုသဖို့ ဆေးရော မတွေ့သေးဘူး။ ကုန်ကုန်ပြောရရင် ဒီရောဂါနဲ့ ပတ်သတ်ပြီး လူတွေ မောပန်းနေကြပါပြီ။ စိတ် ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောပေါ့။ မြန်မြန်ပြီးစေချင်ကြပါပြီ။ အားလုံးက ရောဂါနဲ့ ပတ်သတ်ပြီး ကာကွယ်ကုသနေတဲ့ အချိန်မှာ သူတို့ရဲ့ အတွင်းစိတ်မှာ ဒီရောဂါကြောင့် အမာရွတ်တွေ မကျန်စေချင်ပါဘူး။ ဒါကြောင့် […]


ကိုရိုနာဗိုင်းရပ်စ်

ဒီရောဂါအခံတွေ ကိုယ့်မှာရှိနေရင် COVID-19 ကိုသတိထားပါ

COVID-19 ဟာ ကူးစက်နှုန်းမြန်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် သေဆုံးနှုန်းနဲ့ ထိခိုက်မှုနှုန်းကတော့ ထင်မှတ်ထားသလောက် မမြင့်မားပါဘူး။ တိကျခိုင်မာတဲ့ ကုထုံးမပေါ်သေးပေမယ့် ကိုယ်ခံအားစနစ်ဟာ ဒီရောဂါကို ကောင်းကောင်းတွန်းလှန်နိုင်ပါတယ်။ လက်ရှိမှာ ကူးစက်ခံခဲ့ရသူ ၄၂၁၄၁၃ ဦး (ကမ္ဘာ့လူဦးရေရဲ့ ၀ ဒဿမ ၀၀၅၄%)၊ သေဆုံးသူ ၁၈၈၁၀ ဦး (၀ ဒဿမ ၀၀၀၂၄%/ ရောဂါကူးစက်ခံရသူအရေအတွက်ရဲ့ ၄.၅%) နဲ့ အပြည့်အဝ ပြန်လည်သက်သာလာသူ ၁၀၈၃၈၈ (ရောဂါကူးစက်ခံရသူအရေအတွက်ရဲ့ ၂၆%) တို့ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် လက်ကျန် လူနာအရေအတွက်က ၂၉၄၂၁၅ ဦးဖြစ်ပြီးတော့ အခြေအနေပြင်းထန်ခြင်းမရှိသူက ၂၈၀၉၄၆ ဦး (လက်ကျန်လူနာအရေအတွက်ရဲ့ ၉၅%) နဲ့ ပြင်းထန်စွာ ဝေဒနာခံစားနေရသူအရေအတွက်က ၁၃၂၆၉ ဦး (လက်ကျန်လူနာအရေအတွက်ရဲ့ ၅%) ရှိပါတယ်။ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ဒီရောဂါရဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

Social distancing လုပ်ရမယ်ဆို မေးချင်လောက်မယ့် မေးခွန်းများ

၂၀၂၀ ကိုရိုနာဗိုင်းရပ်စ် (Covid- 19) ပြန့်ပွားမှုကို တားဆီးနိုင်ဖို့ ကမ္ဘာအနှံ့မှာရှိတဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေက Social distancing (လူချင်းမနီးဘဲ သီးခြားနေထိုင်ခြင်း) နည်းလမ်းကို ကျင့်သုံးကြဖို့ အကြံပြုနေကြပါတယ်။ Social distancing ဆိုတာ social distancing ဆိုတာက တစ်နည်းအားဖြင့် လူတွေကြားထဲမသွားဘဲ၊ ဘယ်သူနဲ့မှ သွားမတွေ့ဘဲ  အိမ်မှာ နေဖို့ တိုက်တွန်းတာပါပဲ။ လူစုလူဝေးကိုရှောင်မယ်၊ လူတစ်ယောက်နဲ့တစ်ယောက် နီးကပ်ခြင်း၊ ထိတွေ့ခြင်းကနေ ရှောင်မယ်။ ဒီလိုနေရတာက အထီးကျန်ဆန်သွားနိုင်တယ်၊ ကသိကအောက်ဖြစ်မယ်၊ စိုးရိမ်ထိတ်လန့်စိတ် ဖြစ်နိုင်တယ် ဆိုပေမယ့်လည်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်တယ်လို့ နယူးယောက်တက္ကသိုလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး တွဲဘက်ပါမောက္ခ Danielle Ompad ကပြောပါတယ်။ “နေရတာ အဆင်တော့မပြေဘူးပေါ့။ ဒါပေမယ့် နိုင်ငံသားကောင်းတွေ ဖြစ်ဖို့တော့ လိုတယ်လေ။ ကိုယ်တစ်ဦးတည်း၊ တစ်ယောက်တည်းနဲ့စာရင် လူအများအတွက် စဉ်းစားတတ်ဖို့ အသိရှိမှဖြစ်မယ်” […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကို ရင်ဆိုင်ဖို့ ဒီအချက်တွေကို လိုက်နာပါ

ပြည်တွင်းမှာ COVID-19 ရောဂါကူးစက်ခံထားရတဲ့ လူနာတွေ တစ်နေ့တခြားများလာတာဖြစ်တဲ့အတွက် ဒေသခံလူထုအနေနဲ့ အရင်ကထက်ပိုပြီး မိမိနဲ့ မိမိပတ်ဝန်းကျင်ကို အလေးထား စောင့်ရှောက်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုပိုင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်မှုပိုင်းတွေမှာ ပိုမိုအလေးအနက်ထားဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပြီးတော့ ဖြစ်နိုင်ရင် Social Distancing နည်းလမ်းကိုအသုံးပြုပြီး ရောဂါကူးစက်မှုဘေးကို ကာကွယ်နိုင်ပါတယ်။ တရုတ်၊ အီတလီ၊ အီရန်၊ စပိန်၊ တောင်ကိုရီးယားစတဲ့ တိုင်းပြည်တွေမှာ ရောဂါကူးစက်ပြန့်နှံ့မှု လျင်မြန်ခဲ့တာမို့ ဝေဒနာရှင်အရေအတွက် အရှိန်အဟုန်နဲ့ တိုးမြင့်သွားခဲ့ပြီး သေဆုံးမှုနှုန်းလည်း မြင့်မားခဲ့ပါတယ်။ ဒါပေမယ့် တကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တော့ သေဆုံးနှုန်းဟာ ၄.၄% သာရှိတာမို့ တခြားရောဂါကပ်ဘေးကြီးတွေနဲ့ နှိုင်းယှဉ်ရင် အတော်နည်းပါးတဲ့ ပမာဏဖြစ်ပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံတချို့မှာ ရောဂါကူးစက်နှုန်းမြန်နေတာ၊ မိမိတို့တိုင်းပြည်က အများပြည်သူသုံး တက္ကဆီ၊ ကယ်ရီ၊ YBS စတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေကလည်း ကူးစက်နိုင်ချေမြင့်မားနေတာတွေကြောင့် သတိကြီးကြီးထားပြီးနေထိုင်ဖို့ […]


ကိုရိုနာဗိုင်းရပ်စ်

Corona နဲ့ myths များစွာ

အခုလက်ရှိမှာ SARS-CoV-2 လို့ အများကသိထားကြတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဗိုင်းရပ်စ်က အခုဆိုရင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတာကြောင့် ကမ္ဘာ့ကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး အများက စိုးရိမ်ထိတ်လန့်နေတာတွေရှိနေပါတယ်။ ဒါ့အပြင် ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး မှားယွင်း သိထားတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီတေ့ COVID-19နဲ့ ပတ်သက်ပြီး ကိုယ်သိထားတာတွေက တကယ်လား၊ မှားနေလားဆိုတာကို ဒီဆောင်းပါးလေးဖတ်ရင်း ဆန်းစစ်ကြည့်ရအောင်လား………….. Myth 1. ..အရေပြားပေါ်မှာ ကလိုရင်း ဒါမှမဟုတ် အယ်လ်ကိုဟောဖြန်းပေးတာက ကိုယ်တွင်းထဲက ဗိုင်းရပ်စ်တွေကို သေစေနိုင်တယ် ဒီလိုလုပ်တာက အန္တရာယ်များပါတယ်။ အယ်လ်ကိုဟော ဒါမှမဟုတ် ကလိုရင်းဆေးရည်တွေက မျက်လုံးထဲ၊ ပါးစပ်ဝင်သွားတဲ့အခါ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါတွေက အရာဝတ္ထုတွေ၊ မျက်နှာပြင်တွေပေါ်က ပိုးတွေကို သုတ်သင်ပေးနိုင်ပေမယ့် အရေပြားပေါ်မှာ အသုံးပြုဖို့ မသင့်တော်ပါဘူး။ ဒီပစ္စည်းတွေက ကိုယ်တွင်းက ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်စွမ်းမရှိပါဘူး။ Myth 2…. ဒီရောဂါပိုးက […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ကပ်ရောဂါက ပေးတဲ့ အဆိုးထဲက အကောင်းတွေ

Covid-19 ကပ်ရောဂါကြီးဟာ လူတိုင်းရဲ့ လွတ်လပ်မှုတွေ၊ ပျော်ရွှင်ကျန်းမာမှုတွေကို ပိတ်ပင်နေတာ ၃ လနီးပါးကြာခဲ့ပြီဖြစ်ပါတယ်။ ကိုယ်လည်း ဘာမှကူညီလို့မရနိုင်တဲ့ အဆက်မပြတ် ကူးစက်မှုတွေ၊ သေဆုံးမှုတွေအကြောင်း ကြားနေရ မြင်နေရတဲ့အတွက် စိတ်ထဲမှာ မွန်းကျပ်ပိတ်လှောင်မှုဒဏ်တွေကိုလည်း လူတိုင်းခံစားနေရမှာပါ။ အကောင်းမြင်စိတ်မွေးဖို့ခက်ခဲတဲ့ ဒီလိုအခြေအနေမျိုးမှာ Covid-19 ရဲ့ အဆိုးထဲက အကောင်းလေးတွေက ဘာတွေဖြစ်မလဲ။ ကြည့်လိုက်ကြရအောင်။ ၁။ လေထုညစ်ညမ်းမှုကို လျော့ချနိုင်ခဲ့ပြီ။ တရုတ်နိုင်ငံ၊ အီတလီနိုင်ငံတို့လို လူဦးရေထူထပ်ပြီး ခရီးသွားများတဲ့နေရာနှစ်ခုကို ပိတ်လိုက်ပြီးတဲ့နောက်မှာ လေထုရဲ့ အရည်အသွေးဟာ သိသိသာသာတိုးတက်လာပါတယ်တဲ့။ ကိုယ်ရှူတဲ့လေတွေဟာ သန့်စင်လာပြီဆိုတာ သိရတာ ဘယ်လောက်ကောင်းလိုက်သလဲနော်။ အီတလီ ဗင်းနစ်မြို့ရဲ့ ရေမြောင်းလေးတွေဟာလည်း ညှီနံ့ထွက် ညစ်ပတ်နေခဲ့ရာကနေပြီး ပြန်လည်သန့်စင်လာပါပြီ။ ၂။ လူသားချင်းစာနာတတ်လာမယ်။ ရောဂါကို ရှေ့တန်းကနေ တိုက်ပွဲဝင်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ပြည်ဝင်ပေါက်တွေဖြစ်တဲ့ လေယာဉ်ကွင်း၊ ကားဂိတ်စတဲ့နေရာတွေမှာ အလုပ်လုပ်နေရတဲ့သူတွေ၊ သူများအိမ်မှာ နားနေရချိန်မနားရတဲ့ မုန့်ပို့သမားလေးတွေ၊ […]


ကိုရိုနာဗိုင်းရပ်စ်

Social Distancing နဲ့ ဘာကိုရှောင်လို့ ဘာကိုဆောင်ကြမယ်

COVID-19 လို့ခေါ်တဲ့ ကူးစက်မြန် အဆုတ်ရောင် ရောဂါ ဖြစ်ပွားလာတာဟာ ၆ လကျော်ကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့တစ်ဝှမ်းမှာ ရောဂါကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရသလို ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းကိုလည်း ထိထိရောက်ရောက်တားဆီးနိုင်စွမ်း အားနည်းနေသေးပါတယ်။ ဒါကြောင့်လည်း ခုချိန်မှာ နိုင်ငံတိုင်းက အစိုးရတွေအနေနဲ့ လူထုအကြား ရောဂါကူးစက်မှုနှုန်း အရှိန်ကို လျှော့ချနိုင်စေဖို့ ရောဂါအခြေအနေဆိုးရွားတဲ့ ဒေသတွေကို Lock-down ချတာတွေ၊ Quarantine Zone အဖြစ် သတ်မှတ်တာတွေအပြင် နိုင်ငံတစ်ဝှမ်းက ဒေသတွေမှာ Social Distancing (သီးခြားနေထိုင်ခြင်း) ဆိုတဲ့ နည်းလမ်းကို အသုံးပြုပြီး ရောဂါပျံ့နှံ့မှုကို တားဆီးဖို့ ကြိုးစားလာနေကြပါတယ်။ Social Distancing ဆိုတာဘာလဲ Social Distancing ဆိုတာက COVID-19 pandemic ကာလမှာ လူတွေ သတိထားမိလာတဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။ Social Distancing […]


ကိုရိုနာဗိုင်းရပ်စ်

ကိုယ့်ကြောင့် မိသားစုကို ရောဂါမကူးစေဖို့ ဒါလေးတွေ လိုက်နာပါ

အခုလတ်တလောမှာ ကမ္ဘာ့ကပ်ရောဂါလို့ ထုတ်ပြန်လိုက်တဲ့ COVID-19 ကြောင့် အများကြားမှာ ထိတ်လန့်စိုးထိတ်မှု တွေဖြစ်နေကြပါတယ်။ အခုဆိုရင် လူတော်တော်များများက နေအိမ်တွေကနေ အလုပ်လုပ်နေကြတာရှိသလို မဖြစ်မနေလုပ်ငန်းခွင်ကို သွားနေရသူတွေလည်း ရှိမှာပါ။ ဒီတော့ ကိုယ့်ကြောင့် ကိုယ်မိသားစုဝင်တွေ ချစ်ခင်ရသူတွေမှာ ရောဂါပိုး ကူးစက်တာတွေ မဖြစ်စေဖို့ ဘယ်လိုလုပ်မလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ တူတူကြည့်ရအောင်လား………. မိမိကြောင့် မိသားစုဝင်တွေကို ရောဂါမကူးစက်စေဖို့ ဘာတွေလုပ်ဆောင်ရမလဲ…… ကိုယ်ကြောင့် မိသားစုဝင်တွေကို ရောဂါမကူးစက်စေဖို့ဆိုရင် အပြင်က ပြန်လာတိုင်း ဘာကိုမှ မထိပါနဲ့ - အိမ်ကိုပြန်ရောက်ရောက်ချင်းမှာ ဘာကိုမှ မထိမိစေဖို့ သတိထားပါ။ အကြောင်းက လက်အပါအဝင် တစ်ကိုယ်လုံးမှာ ရောဂါပိုးတွေ ကပ်ပါလာနိုင်တာကြောင့်ပါ။ လက်ကို အရင်ဆေးဖို့ လုပ်ပါ။ ဖိနပ်ကို အိမ်အပြင်ဘက်မှာ ချွတ်ပါ - ဖိနပ်က နေရာအနှံ့ကို နင်းထားတာကြောင့် COVID_19 အပါအဝင် အမျိုးမျိုးသော ရောဂါတွေ […]


ကိုရိုနာဗိုင်းရပ်စ်

Corona နဲ့ မေးခွန်းများစွာ

လက်ရှိမှာဖြစ်ပွားနေတဲ့ novel အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးမှာ စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီကပ်ရောဂါကို ရပ်တန့်နိုင်မယ့် နည်းလမ်းကို ရှာဖွေနေပေမယ့် ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ရှာမတွေ့သေးခင်မှာတင် ရောဂါက မြန်မြန်ဆန်ဆန် ကူးစက်နေပြီး ရောဂါကြောင့် အသက်ဆုံးရှုံးမှုတွေကလည်း တော်တော်လေးများလာနေပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃၁ ရက်က တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဒီရောဂါဟာ နိုင်ငံပြင်ပ ထိကူးစက်ပျံ့နှံ့ရင်း အာရှနိုင်ငံတွေမှာရော ဥရောပနိုင်ငံတွေမှာပါ ဖြစ်ပွားနေပါတယ်။ ဒီအခြေအနေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို COVID_19 ကို ကမ္ဘာ့ကပ်ရောဂါအသွင်နဲ့ ကြေညာချက်ထုတ်ပြန်စေခဲ့တဲ့ အနေအထားကိုရောက် ရှိစေခဲ့တာပါ။ အခုလက်ရှိအနေအထားမှာ အဆိုပါ novel coronavirus ကို ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ coronavirus 2 (SARS-CoV-2) လို့ခေါ်ဆိုနေကြပါတယ်။ ကမ္ဘာတလွှားမှာ ဒီရောဂါပိုး ကူးစက်ခံထားရသူ […]


ကူးစက်ရောဂါများ

Corona မကူးစက်စေဖို့ နေအိမ်လေးကို သန့်ရှင်းစို့

လက်ရှိမှာ လူတိုင်းစိုးရိမ်နေကြတဲ့ ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေဖို့ ကာကွယ်ရေးကို စတင်ရမယ့်သူက ကိုယ်တိုင်ပါ။ ကိုယ်တိုင်မှာရော မိသားစုဝင်တွေကိုပါ ရောဂါမကူးစက်စေဖို့ဆိုရင် နေအိမ်လေးကို သေချာ သန့်ရှင်းဖို့လိုပါမယ်။ အခုကာလ အလုပ်တော်တော်များများက အိမ်ကနေလုပ်နေကြတဲ့အခြေအနေ (Work from Home)ဆိုတော့ နေအိမ်လေးကို သေချာ သန့်ရှင်းရင်ကို ရောဂါပိုးတွေကို ကာကွယ်နိုင်မှာပါ။ ဒီတော့ ဘယ်လိုတွေများ သန့်ရှင်းကြမလဲ….. နေအိမ်လေးကို အခုလို ပိုးသတ်သန့်စင်ပါ နေအိမ်လေးမှာ ကိုရိုနာအပါအဝင် ရောဂါပိုးတွေကင်းစေဖို့ဆိုရင် သန့်ရှင်းပါ နေအိမ်ကို နေ့တိုင်း သန့်ရှင်းရေးလုပ်ပါ။ အရင်က ရေသန့်သန့် တဘက်စသန့်သန့်လေးသုံးတယ်ဆိုရင်တောင် အခုလိုအချိန်မှာ လိုအပ်ရင် ပိုးသေစေနိုင်တဲ့ Dettol လိုအမျိုး ပိုးသတ်ဆေးကို သုံးပြီး သန့်စင်ပေးပါ။ ဆပ်ပြာရည်ကို သုံးပေးလို့လည်း ရပါတယ်။ သန်ရှင်းတဲ့အခါတိုင်း လက်အိတ်ဝတ်ပြီးလုပ်ပေးပါ။ ဒါမှ လက်ကို ရောဂါပိုးတွေ မကပ်တွယ်တော့မှာပါ။ ဘယ်နေရာတွေကို သန့်ရှင်းရမလဲ…. နေအိမ်ရဲ့ ကြမ်းပြင်၊ တံခါး၊ တံခါးလက်ကိုင်၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း